← Chapters

အခန်း (၄၃၁-၄၃၅)

Vol. 29 Ch. 431-435

အခန်း (၄၃၁-၄၃၅)

Vol. 29 Ch. 431-435

Chapter 431

ယွင်ဝူသည် သာမန်မိသားစုတစ်စုမှ မွေးဖွားလာခြင်းပင်။ သူမ၏မိဘများသည် ပိုင်အာမြို့အတွင်း၌ စီးပွားရေးလုပ်ငန်းငယ်တစ်ခုကိုလုပ်ဆောင်သည်။

သူတို့သည် အလွန်စိတ်သဘောထားကောင်းသောလူများ ဖြစ်ပေ၏။ ရီဖုန်းတို့လူစုသည် ယွင်ဝူ၏မိတ်ဆွေများဖြစ်သည်ကို သိရှိသွားချိန်တွင် သူမ၏မိဘနှစ်ပါးသည် သူတို့အားအလွန်ယဉ်ကျေးသိမ်မွေ့စွာ ဆီးကြိုနှုတ်ဆက်ကြသည်။

"မင်းတို့တွေ ဒီနေရာမှာ ခဏထိုင်ကြဦး... ငါ မင်းတို့အတွက် စားစရာသွားပြင်ပေးမယ်"

ယွင်ဝူ၏မိခင်က အပြုံးနှင့်ပြောဆိုကာ ချက်ပြုတ်ရန်အတွက် သူမ၏လုပ်လက်စကိစ္စများကို ရပ်တန့်လိုက်သည်။

"ဒေါ်လေး...ကျေးဇူးပြုပြီးတော့ အရမ်းကြီး အထူးတလည်လုပ်နေစရာမလိုပါဘူး"

ရီဖုန်းက အလျှင်အမြန်မတ်တတ်ထရပ်ကာ ပြောဆိုသည်။

"ဒေါ်လေး...တကယ်လို့ အကူအညီလိုတယ်ဆိုရင် ကျွန်တော်ကိုပြောပါ....ကျွန်တော်က ဒေါ်လေးကို ကူညီပေးမယ်"

"အိုး...ချစ်ဖို့ကောင်းလိုက်တာ...ဘာလို့ ဒီလောက်ထိယဥ်ကျေးနေတာလဲ...ငါက ဘယ်လိုလုပ်ပြီးတော့ မင်းကို လုပ်ခွင့်ပြုနိုင်မှာလဲ"

ယွင်ဝူ၏မိခင်က ရယ်မောလိုက်၏။

"ဒါက ပြဿနာမရှိပါဘူး...ကျွန်တော်က ဒေါ်လေးအတွက် ဟင်းရွက်တွေဆေးပေးမယ်"

ရီဖုန်းက ရှေ့သို့တိုးကာ ကူညီပေးရန် ဟန်ပြင်လိုက်သည်။

ဤကဲ့သို့ သဟဇာတဖြစ်သောစုဝေးမှုကြောင့် သူ အမှန်တကယ်ကို ပျော်ရွှင်နေမိသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် စားရုံသက်သက်မဟုတ်ဘဲ ပါဝင်ကူညီပေးသင့်သည်မဟုတ်လော။

"ဒီဆရာကြီးက တကယ့်ကို ရိုးရှင်းမှုသို့ပြန်လည်ရောက်ရှိခြင်းနယ်ပယ်ကို ရောက်နေတာပဲ"

"ဒီလိုစိတ်အခြေအနေမျိုးကို ငါတို့ရဲ့ဘဝတသက်တာလုံးမှာ ဘယ်တော့မှမရောက်နိုင်မှာကို ငါ စိုးရိမ်မိတယ်"

ဤမြင်ကွင်းကိုကြည့်ပြီး ယဲ့နန်က သူ့၏သမီးယဲ့ရီကို ပြောဆိုသည်။

"ဒါကအမှန်ပဲ....အဲ့ဒီနေရာမှာ ဟင်းရွက်ဆေးနေတဲ့လူက...ခြေတစ်ဖက်ဆောင့်နင်းရုံနဲ့ မြောက်ပင်လယ်ကုန်းမြေကို လှုပ်ခတ်သွားစေနိုင်တဲ့ စွမ်းအားမျိုးရှိတယ်ဆိုမှာ ဘယ်သူက သိနိုင်မှာလဲ"

"သူ့ရဲ့အဆင့်အတန်းနဲ့...သူ့ကိုယ်သူ နှိမ့်ချပြီး​တော့ အရာရာကို သူကိုယ်တိုင်လုပ်နေတယ်...သူ့ကိုသိကျွမ်းခွင့်ရတာကလည်း အရင်အတိတ်ဘဝတွေက ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေက ကောင်းချီးပေးတာပဲဖြစ်မယ်"

ယဲ့ရီက စိတ်အားထက်သန်သောမျက်လုံးအကြည့်များဖြင့် ကြည့်လိုက်၏။

"မင်းတို့ ဘာတွေစောင့်နေကြတာလဲ....မြန်မြန်သွားပြီးတော့ ကူညီကြရအောင်"

ယဲ့နန်က အော်ဟစ်လိုက်သည်။

ထို့နောက် သားအဖနှစ်ယောက်သည် အလုပ်တချို့ရှာဖွေ၍ လုပ်ကိုင်ရန် ချက်ချင်းသွားလိုက်တော့သည်။

ဝူချန်အန်းကမူ ရီဖုန်း ဟင်းရွက်ဆေးနေချိန်တွင် သူက မီးမွှေးလိုက်၏။

ယွင်ဝူမိခင်၏ရယ်မောသံများအောက်တွင် ခြံဝန်းငယ်လေးအတွင်းတွင် လူတိုင်း ပျော်ပျော်ပါးပါးအလုပ်ရှုပ်နေကြကာ ပျော်ရွှင်မြူးတူးဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။

"လူအိုကြီးယဲ့...ဒီဟင်းပွဲကို မွှေကြော်ဖို့အတွက် ဒေါ်လေးဆီကို ယူသွားပေးပါအုံး"

"ငါ သိပြီ"

"ဆရာကြီး....ဒါက ငါဆေးထားတဲ့ ဟင်းနုနယ်ရွက်တွေပါ"

"အဲ့ဒါတွေကိုလည်း ဒေါ်လေးဆီယူသွားလိုက်ပါ"

"အော် ဒါနဲ့...လူအိုကြီးယဲ့....အကိုဝူတာအိုကို ကူညီပြီးတော့ ထင်းတချို့သယ်ပေးလိုက်ပါအုံး"

"ငါ အခုသွားပြီ"

အချိန်အတော်ကြာ အလုပ်ရှုပ်နေကြပြီးနောက် မွှေးရနံ့များနှင့်အတူ အရသာရှိသောဟင်းပွဲများက စားပွဲပေါ်သို့ ရောက်ရှိနေလေပြီ။

ယဲ့နန်နှင့်ယဲ့ရီတို့သည် သူတို့၏နဖူးမှချွေးများကိုသုတ်ကာ စိတ်ကျေနပ်မှုအပြည့်ရနေပြီး သူတို့က ပြောဆိုလိုက်၏။

"ဒီခံစားချက်မျိုးက အရမ်းကောင်းတာပဲ"

"အမှန်ပဲ...ဒီလိုခံစားချက်မျိုးကို ငါ့ရဲ့ဘဝမှာ အရင်က တစ်ခါမှမကြုံတွေ့ဖူးဘူး"

"ငါ့ရဲ့စိတ်အခြေအနေ မြင့်တက်သွားတာကို ငါခံစားမိတယ်"

"ငါလည်း အတူတူပဲ...ငါ့ရဲ့ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးတော့ ဥာဏ်အလင်းပွင့်မှုတချို့ကိုရခဲ့တယ်...ဒီလိုတိုးတက်မှုမျိုးက ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအား မြင့်တက်လာတာထက်တောင် ပိုပြီးအရေးကြီးတယ်"

"ဟုတ်တယ်...ဒီလိုအတွေ့အကြုံကိုရပြီးတဲ့နောက်မှာ...နောင်အနာဂတ်ကျရင် ငါတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေ တက်လှမ်းတဲ့နေရာမှာ ချောမွေ့နေမှာပဲ"

သူတို့အားလုံး စားပွဲ၌ထိုင်လိုက်ကြသည်။

စားချင့်စဖွယ်ဟင်းပွဲများကိုကြည့်ပြီး ရီဖုန်းက မမေးမြန်းဘဲမနေနိုင်တော့ချေ။

"ဒေါ်လေး...ဝိုင်အရက်လေးဘာလေး မရှိဘူးလား"

"ငါတို့က အိမ်မှာ ဝိုင်အရက်ကို သိမ်းထားလေ့မရှိဘူး....ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငါ တောင်းပန်ပါတယ်"

ယွင်ဝူ၏မိခင်က တောင်းပန်စကားပြောဆိုသည်။

သို့ရာတွင် နံဘေးတွင်ရှိနေသော ယဲ့နန်သည် စိတ်အားထက်သန်စွာဖြင့် သူ့၏လက်ကိုမြှောက်ကာ ပြောဆိုသည်။

"ဘာမှမစိုးရိမ်ကြနဲ့...ငါ ဝိုင်အရက်သွားဝယ်လိုက်မယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် သူ့၏လက်အတွင်းရှိတူကိုချကာ တံခါးမှနေ၍ အပြေးထွက်သွားတော့သည်။

သူ့အတွက် ဤနေရာ၌ ကြုံတွေ့ခဲ့ရသော အရာရာတိုင်းသည် သူ့၏စိတ်အခြေအနေကို တိုးတက်စေခဲ့သည်။

မိုးကောင်းကင်ယံအတွင်း၌...

လူရိပ်လေးရိပ်က ပိုင်အာမြို့တစ်မြို့လုံးကိုစူးစမ်းစစ်ဆေးနေသည်။

"ဒီလောက်ထိလူတွေအများကြီးကြားမှာ စီနီယာရဲ့တည်နေရာနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုတလေမှ ငါတို့ဆီမှာ မရှိဘူး...ငါတို့ကဘယ်လိုလုပ်ပြီးတော့ သူ့ကို ရှာနိုင်မှာလဲ"

လျှူကူရီ၏မျက်နှာရှုံမဲ့နေကာ သူမက စိုးရိမ်ပူပန်တကြီးပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင်...

တခြားလူများသည်လည်း လေးလံစွာဖြင့် သက်ပြင်းရှိုက်လိုက်ကြ၏။

သို့ရာတွင် ထိုအချိန်မှာပင် ကျန်းဟန်ထျန်းက အံ့အားတသင့် အော်ဟစ်လေသည်။

"မြန်မြန်ကြည့်လိုက်ကြစမ်း...သူက ဘယ်သူလဲဆိုတာ...."

လူတိုင်းသည် ထိုနေရာသို့ကြည့်ကာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက ကြောင်တောင်တောင်အဖိုးကြီး ယဲ့နန်မဟုတ်လား"

"သူက ဘာလုပ်နေတာလဲ"

သူတို့၏မျက်လုံးအကြည့်လေးစုံအောက်တွင် ယဲ့နန်သည် စားသောက်ဆိုင်တစ်ဆိုင်မှနေ၍ ဝိုင်အရက်အိုးများကို ဝယ်ယူနေခဲ့သည်။ ထို့နောက် သူသည် ထိုဝိုင်အရက်အိုးများကို ပွေ့ပိုက်ကာ သုတ်သုတ်ပျာပျာပြန်ထွက်သွားတော့သည်။

ဤမြင်ကွင်းကြောင့်....

လျှူကူရီနှင့်တခြားလူသုံးယောက်လုံး ကြက်သေသေသွားသည်။

လူသားအင်မော်တယ်နယ်ပယ်သို့ပင် ရောက်ရှိနေသော ဒဿမဘဝသိုင်းအင်ပါယာတစ်ယောက်ဖြစ်သည့် ယဲ့နန်သည် ဝိုင်အရက်တချို့ဝယ်ယူရန် သေမျိုးစားသောက်ဆိုင်တစ်ဆိုင်သို့အပြေးရောက်လာခဲ့သလော....

အထူးသဖြင့် သူ၏သုတ်သုတ်ပျာပျာဖြစ်နေသောပုံပန်းသွင်ပြင်သည် ကုန်စိမ်းရောင်းသူတစ်ယောက်နှင့်တူညီနေကာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါမျိုးအနည်းငယ်မျှရှိမနေချေ။

"အဲ့ဒီကောင်ကိုကြည့်ရတာ ပုံမှန်မဟုတ်ဘူး"

'အမှန်ပဲ...သူ ဘာတွေ ပေါက်ကရလုပ်နေတာလဲ"

"သွားကြစို့...အဲ့ဒီကောင် ဘာတွေ အရူးထနေလဲဆိုတာ သွားမေးကြရအောင်"

သူတို့လေးယောက်သည် ပျံသန်းသွားကာ မြေပြင်ပေါ်သို့ဆင်းသက်ပြီးနောက် ယဲ့နန်၏လမ်းကြောင်းကို ပိတ်ဆို့ဟန်တားလိုက်ကြ၏။

"သခင်ကြီးယဲ့ မတွေ့ရတာကြာပြီနော်"

သူတို့လေးယောက်က အဓိပ္ပါယ်အပြည့်ပါသောအပြုံးဖြင့် ပြောဆိုသည်။

"မင်းတို့လေးယောက်လား"

ယဲ့နန်သည် သူတို့ကို မျက်စောင်းထိုးကြည့်ပြီး ဝိုင်အရက်အိုးများကိုပွေ့ပိုက်ကာ သူတို့အားမောင်းထုတ်လေသည်။

"ငါ့မှာ မင်းတို့နဲ့စကားပြောဖို့ အချိန်မရှိဘူး... ဆရာကြီးက ငါ့ကို စောင့်နေတုန်းပဲ"

"ဆရာကြီးလား..."

ယဲ့နန်ပြောဆိုလိုက်သောစကားတစ်ခွန်းသည် လူလေးယောက်၏မျက်လုံးများကို ချက်ချင်းပြူးကျယ်သွားစေကာ သူတို့က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

"ဒါက စီနီယာများ ဖြစ်နေမလား"

ယဲ့နန်သည် သူ စကားမှားသွားသည်ကို နားလည်သဘောပေါက်သွားသဖြင့် သူ့၏ပါးစပ်ကိုဖုံးအုပ်လိုက်၏။ ထို့နောက် သူ၏လက်ကို အလျှင်အမြန်ဝှေ့ယမ်းကာ စိတ်မရှည်စွာပြောဆိုသည်။

"မင်းတို့ကိစ္စတခုမှမပါဘူး...မင်းတို့ ထင်ချင်သလိုသာထင်ကြတော့"

ထိုသို့ပြောဆိုပြီးနောက် ယဲ့နန်သည် သူတို့ကို လုံးလုံးလျားလျား လျစ်လျှူရှုကာ အဝေးသို့ သုတ်သုတ်ပျာပျာပြေးသွားတော့သည်။

"သူတောင်းစားအိုကြီး...သူက ဘာမှမသိချင်ယောင်ဆောင်နေတယ်...သူက အဲ့ဒီစီနီယာနဲ့အတူတူရှိနေတာပဲဖြစ်မယ်"

"အမှန်ပဲ...မဟုတ်ရင် အခုလက်ရှိ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ ဘယ်သူက သူ့ကို ဝိုင်အရက်ဝယ်ခိုင်းရဲမှာလဲ...ပြီးတော့ သူ့လိုလူမျိုးကတစ်ယောက်ယောက်ကို ဆရာကြီးလို့ ခေါ်ဆိုသုံးနှုန်းနေတာ ထူးဆန်းနေတယ်"

"ဒါဆိုရင် ငါတို့ ဘာလုပ်ကြမလဲ"

"အဲ့ဒီခွေးသူတောင်းစားအိုကြီးယဲ့နန်က စီနီယာကို သူတစ်ယောက်တည်း ပြောဆိုဆက်ဆံနေပြီးတော့ ငါတို့ကိုကျတော့ ရှာခွင့်မပြုဘူး...ယဲ့နန်ကို သေချာစောင့်ကြည့်ကြစို့...အဲ့ဒီနည်းလမ်းနဲ့ ငါတို့က စီနီယာရဲ့သရုပ်မှန်ကို ရှင်းရှင်းလင်းလင်းရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်"

"ဒါက အကြံကောင်းပဲ"

သူတို့လေးယောက်သည် စိတ်လှုပ်ရှားစွာဖြင့်သဘောတူညီလိုက်ကြကာ ဖုံးကွယ်နည်းစနစ်များကိုအသုံးပြု၍ လေဟာနယ်အတွင်း၌ပုန်းအောင်းပြီး ယဲ့နန်၏လှုပ်ရှားမှုများကို စူးစမ်းလေ့လာလိုက်ကြသည်။

Chapter 432

"သူက ဆိုင်ငယ်လေးတစ်ဆိုင်ထဲကို ဝင်သွားတယ်"

"ဖြစ်နိုင်တာတော့ စီနီယာက အဲ့ဒီဆိုင်ထဲမှာ ရှိနေတာများလား"

"ဘာမှစိတ်မရှည်မဖြစ်ကြနဲ့...စောင့်ကြည့်ကြရအောင်"

"အမှန်ပဲ...စိတ်အေးအေးကြစို့....ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မြေခွေးအိုကြီးယဲ့နန်ကို မျက်စိဒေါက်ထောက်ကြည့်ထားရင် အမှန်တရားက အနှေးနဲ့အမြန် ထွက်ပေါ်လာမှာပဲ"

သူတို့လေးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ တိတ်တဆိတ် စောင့်ကြည့်လိုက်ကြ၏။

ခြံပြင်၌ ထိုလူလေးယောက်ရှိနေသည်ကိုကြည့်ပြီး ယဲ့နန်၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားသည်။ ထို့နောက် သူသည် လွတ်လပ်ပေါ့ပါးနေသောရီဖုန်းကို စောင်းငဲ့၍ကြည့်လေသည်။

"ဆရာကြီးက ဒီလူလေးယောက်ကို နည်းနည်းလေးတောင် ဂရုစိုက်ပုံမရဘူး"

"ဆရာကြီးက ဂရုမစိုက်မှတော့...ငါက ဒီကိစ္စကို ငါ့လက်နဲ့ကိုယ်တိုင်ဆောင်ရွက်စရာမလိုဘူး"

ထိုအတွေးနှင့်အတူ သူသည် ဝိုင်အရက်အိုးများကိုပွေ့ပိုက်ကာ ထိုင်ချလိုက်၏။

"ဆရာကြီး...ဝိုင်အရက်တွေရပါပြီ"

"အင်း....ကြည့်ရတာတော့ ကောင်းမယ့်ပုံပဲ"

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။

ရီဖုန်း၏ချီးမွမ်းစကားကိုကြားချိန်၌ ယဲ့နန် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

ထို့နောက် သူတို့လူစု ပျော်ရွှင်စွာဖြင့် စတင်၍စားသောက်ကြတော့သည်။

ဤရိုးရှင်းသောထမင်းတစ်နပ်သည် သာမာန်ဆန်ပေ၏။ သူတို့သည် နာရီဝက်အတွင်းမှာပင် ဟင်းလျာများနှင့်ဝိုင်အရက်များကို စားသောက်၍ပြီးစီးသွားလေပြီ။

"အမေ....ရီဖုန်းက ကျွန်မနဲ့ဂိုဏ်းတူမောင်နှမဖြစ်ရုံတင်မကဘူး....သူက ကျွန်မရဲ့ဆရာတစ်ဝက်ပဲ"

ယွင်ဝူက စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

သူက စာအရေးအသားနဲ့ပန်းချီဆွဲတာတွေအပြင် ပန်းပုထုတာကိုလည်း ကျွန်မကိုသင်ပေးခဲ့တယ်"

"တကယ်လား"

ယွင်ဝူ၏မိခင်က အပြုံးနှင့်ပြောဆိုလိုက်၏။

"မြန်မြန်လေး..နင် ရေးထားတာတွေနဲ့ပန်းချီဆွဲထားတာတွေ ငါ့ကိုပြပါအုံး"

"ဟုတ်ကဲ့...ကျွန်မ အဲ့ဒါတွေကို ရှာလိုက်အုံးမယ်"

ယွင်ဝူက ပျော်ရွှင်စွာပြောဆိုကာ သူမ၏အိတ်အတွင်း၌ စတင်၍မွှေနှောက်ရှာဖွေလိုက်သည်။

ထိုသားအမိနှစ်ယောက်၏စကားပြောဆိုနေမှုကိုကြားချိန်တွင် ယဲ့နန်က သူ့၏တံတောင်ဖြင့် ယဲ့ရီကို ညင်သာစွာတွက်လိုက်သည်။

"အဲ့ဒီကောင်မလေးက ကျင့်ကြံခြင်းမှာရော အနုပညာပညာရပ်တွေမှာပါ ပါရမီရှိတယ်လို့ ငါ ပြောခဲ့တယ်...သူက ဆရာကြီးနဲ့ ဘယ်လိုလုပ်ပြီးတော့ နီးစပ်နေတာလဲလို့ ငါ တွေးနေခဲ့တာ...အခုကြည့်ကြည့်တော့မှ သူက ဆရာကြီးရဲ့မျက်နှာသာပေးမှုကို ရထားတာပါလား"

"မှတ်ထားစမ်း....ငါတို့က အဲ့ဒီကောင်မလေးနဲ့ ဆက်ဆံရေးကောင်းရအောင် တည်ဆောက်ရမယ်"

ယဲ့နန်က လေသံတိုးတိုးဖြင့် ညွှန်ကြားသည်။

"နားလည်ပါပြီ"

ယဲ့ရီက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြကာ သူမ၏မျက်လုံးအတွင်း၌ ပြင်းထန်သောမနာလိုအားကျမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဒါပေမယ့် အဲ့ဒီကောင်မလေးကို ဘယ်လိုပဲကြည့်ကြည့် ဘာထူးခြားချက်မျိုးမှ ရှိပုံမရဘူး...သူ့ရဲ့ပါရမီအရည်အချင်းကလည်း သာမာန်ပဲ...ဘယ်လိုလုပ်ပြီးတော့ သူက ဆရာကြီးရဲ့မျက်နှာသာပေးမှုကို ရသွားတာလဲ"

"ရှူး...."

"အဲ့ဒီလိုမပြောရဘူး...မင်း နားလည်ထားရမှာက ဆရာကြီးရဲ့မျက်နှာသာပေးမှုကိုရတဲ့ ဘယ်သူမဆို သူတို့မှာ အကြောင်းအရင်းတွေရှိနေလို့ပဲ...အဲ့ဒီကောင်မလေးက မင်းကို သဘောကျနေမှတော့...မင်း သူနဲ့ ရင်းနှီးအောင်လုပ်ရမယ်"

ယဲ့နန်က တည်ကြည်လေးနက်စွာ ညွှန်ကြားလေသည်။

"ကျွန်မ နားလည်ပါပြီ အဖေ"

ယဲ့ရီက သူမ၏ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်၏။

အချိန်တခဏရှာဖွေပြီးနောက် ယွင်ဝူသည်သစ်သားပန်းပုရုပ်တစ်ခုနှင့် ပန်းချီကားတချပ်တို့ကို စားပွဲပေါ်သို့တင်လိုက်သည်။

"အမေ ကြည့်ပါအုံး...ဒါက ရီဖုန်းရဲ့လမ်းညွှန်မှုအောက်မှာ ကျွန်မ ထွင်းထုထားတဲ့ပန်းပုရုပ်ထုနဲ့ ကျွန်မ ရေးဆွဲထားတဲ့ပန်းချီကားပဲ"

ယွင်ဝူက စိတ်လှုပ်ရှားစွာပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် ယွင်ဝူ၏မိခင်နှင့် ယဲ့နန်တို့သားအဖနှစ်ယောက်သည် အလျှင်အမြန်စောင်းငဲ့၍ကြည့်လိုက်ကြ၏။

"အမ်...."

ထိုပန်းပုရုပ်ထုနှင့်ပန်းချီကားချပ်တို့သည် ယဲ့နန်တို့သားအဖကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ထ၍ခုန်ပေါက်လုမတတ် ဖြစ်သွားစေသည်။

"မဟာတာအိုရဲ့စွမ်းအား...ဒီပန်းချီကားထဲမှာ တကယ့်ကို မဟာတာအိုရဲ့စွမ်းအား ပါဝင်နေပါလား"

ယဲ့နန်သည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် စူးစိုက်ကြည့်ကာ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ သူက ထိတ်လန့်တုန်လှုပ်နေသောအသံဖြင့် ယဲ့ရီထံသို့ အသံပေးပို့လိုက်၏။

"ပြီးတော့ အဲဒီပန်းပုရုပ်...ငါက အဲ့ဒီအရာထဲမှာရှိတဲ့ ကြီးမားတဲ့ဖိအားအရှိန်အဝါနဲ့သန့်စင်တဲ့စွမ်းအားကို ခံစားမိတယ်...တကယ်လို့ အဲ့ဒီစွမ်းအားကိုသာ ဖြန့်ကျက်လိုက်မယ်ဆိုရင် ဘယ်လိုမျိုး ကြီးမားတဲ့စွမ်းအားမျိုးတွေ ထွက်ပေါ်လာမလဲဆိုတာ မှန်းဆလို့တောင်မရနိုင်ဘူး"

"တကယ့်ကို တွေးကြည့်လို့မရဘူး...ဒီလိုပြိုင်ဘက်ကင်းရတနာမျိုးက သိုင်းပညာရှင်နယ်ပယ် တတိယအဆင့် မိန်းကလေးတစ်ယောက်ဆီကနေ ထွက်ပေါ်လာခဲ့တယ်"

"သူက တကယ့်ကို စီနီယာရဲ့တပည့်အဖြစ် ရှင်သန်နေတာပဲ"

ယဲ့ရီ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် ယွင်ဝူ၏မိခင်သည် ထိုပန်းချီကားနှင့်ပန်းပုရုပ်ထုအတွင်းမှ စွမ်းအားများကို အနည်းငယ်မျှအာရုံမခံမိချေ။ သူမက ထိုအရာများသည် လှပပြီးအသက်ဝင်သည်ကိုသာ ခံစားမိလေ၏။ သူမသည် ထိုအရာများကို စူးစမ်းကြည့်ပြီးနောက် သူမက မပြုံးဘဲမနေနိုင်တော့ချေ။

"တော်လိုက်တာ...အရမ်းတော်တာပဲ...ငါ့ရဲ့သမီးလေးက တကယ့်ကို အရည်အချင်းရှိတယ်"

ယွင်ဝူ၏မိခင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။

"ဟီး ဟီး...ဒါတွေအားလုံးက အကိုရီဖုန်းရဲ့သင်ပြပေးမှုကို ကျေးဇူးတင်ရမယ်"

ယွင်ဝူက ပြုံးဖြဲဖြဲနှင့် ပြောဆိုလိုက်၏။

"သခင်လေးရီ....ငါက တကယ့်ကို ကျေးဇူးတင်ပါတယ်"

ယွင်ဝူ၏မိခင်က မတ်တတ်ထရပ်ကာ ယဥ်ကျေးသိမ်မွေ့စွာဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြသည်။

"ဒေါ်လေးက အရမ်းကြင်နာလွန်းနေပြီ...ဒါတွေအားလုံးက ယွင်ဝူမှာ အရည်အချင်းရှိနေတာကြောင့်ပါ...ကျွန်တော်က တစ်ခုနှစ်ခုလောက် ထောက်ပြရုံပါပဲ"

ရီဖုန်းက မတ်တတ်ထရပ်ကာ ယွင်ဝူ၏မိခင်ကိုတွဲထူပြီး နှိမ့်ချရိုကျိုးစွာ ပြောဆိုသည်။

"အမေ...ကျွန်မက ဒီပန်းပုရုပ်ထုနဲ့ပန်းချီကား အမေ့ကို ပေးခဲ့မယ်....အမေ သမီးကိုလွမ်းတဲ့အချိန်ကျရင် ဒီပစ္စည်းတွေကိုကြည့်လို့ရတယ်"

ယွင်ဝူက ပြောဆိုလေ၏။

"ဟုတ်တာပေါ့...ဟုတ်တာပေါ့"

"ငါက ဒီပန်းချီကားကိုဘောင်သွင်းပြီးတော့ နံရံမှာချိတ်ထားမယ်...ငါ့ရဲ့အရည်အချင်းရှိတဲ့သမီးလေးလက်ရာကို လူတိုင်း ချီးမွမ်းအောင်လို့ ဒီရုပ်ထုကို ထင်ရှားတဲ့နေရာမှာ ပြသထားရမယ်"

ယွင်ဝူ၏မိခင်သည် သူမ၏သမီးပြုလုပ်ထားသော လက်ရာများကိုကြည့်ပြီး အလွန်အမင်းဂုဏ်ယူဝင့်ကြွားနေကာ ပန်းချီကားနှင့်ပန်းပုရုပ်ထုကို သိမ်းဆည်းလိုက်သည်။

ရိုးရှင်းသော ပျော်ရွှင်ကြည်နူးဖွယ် အချိန်ကာလတစ်ခု ကုန်ဆုံးသွားပြီးနောက် ထွက်ခွာရန်အတွက် အချိန်ကျလာလေပြီ။

ယဲ့နန်သည် အရင်ဆုံး ဆိုင်အတွင်းမှနေ၍ ပြင်ပသို့ထွက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ပြင်ပမှချောင်းမြောင်းနေသော ဂိုဏ်းချုပ်လေးယောက် လှုပ်လှုပ်ရွရွဖြစ်သွားသည်။

"သူ ထွက်လာပြီ"

သူတို့လေးယောက်လုံး သတိကြီးစွာ ထားလိုက်ကြသည်။

Chapter 433

"ယဲ့နန်ကို စူးစိုက်ပြီးကြည့်မနေကြနဲ့...သူနဲ့ထွက်လာတဲ့လူတွေကို ကြည့်ကြစမ်း"

"သူ့ရဲ့နောက်မှာ ဘယ်လိုလူမျိုးတွေရှိနေလဲဆိုတာ ကြည့်ကြစို့...ဒါက အရေးအကြီးဆုံးပဲ"

"ဟုတ်တယ်...ဟုတ်တယ်....သူ့ရဲ့နောက်မှာ ဘယ်သူရှိလဲဆိုတာကြည့်ဖို့က ပိုအရေးကြီးတယ်"

သူတို့လေးယောက်သည် စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုကာ ခြံဝန်း၏တံခါးငယ်လေးကို စူးစိုက်၍ကြည့်နေကြပြီး သူတို့သည် မျက်တောင်ပင်မခတ်ဝံ့ကြချေ။

ထိုအချိန်မှာပင် ရီဖုန်း ထွက်လာလေ၏။

ထိုအခြင်းအရာကိုကြည့်ပြီးနောက် မဟာဂိုဏ်းချုပ်လေးယောက်၏မျက်လုံးအိမ်များ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားကာ သူတို့၏မျက်လုံးအကြည့်များကို ရီဖုန်းထံသို့ စူးစိုက်လိုက်ကြသည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် ယွင်ဝူ၏မိဘနှစ်ပါးကို နှုတ်ဆက်နေချိန်ဖြစ်သဖြင့် ထိုလူလေးယောက်သည် ရီဖုန်း၏ပုံပန်းသွင်ပြင်ကို တွေ့မြင်နိုင်ခြင်းမရှိဘဲသူ့၏နောက်ကျောပြင်ကိုသာ တွေ့မြင်နေရသည်။

သို့ရာတွင် ဤနောက်ကျောပြင်သက်သက်သည်ပင် သူတို့အတွက် လုံလောက်နေလေပြီ။

"ဒါက သူဘဲ"

သူတို့လေးယောက်သည် တပြိုင်နက်တည်းနီးပါး ပြောဆိုလိုက်ကြ၏။

"ဟုတ်တယ်...ဟုတ်တယ်....ဒါက သူဘဲ...ဒါက ငါတို့ ယီရှင်းတောင်ကြားမှာ တွေ့မြင်ခဲ့တဲ့စီနီယာရဲ့နောက်ကျောပြင်နဲ့ အတူတူပဲ"

"အင်း...ငါတို့က ယီရှင်းတောင်ကြားထဲမှာ သူ့ရဲ့အစစ်အမှန်ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရပေမယ့် ဒီနောက်ကျောပြင်ကိုတော့ ပြာဖြစ်သွားရင်တောင် ငါ မှတ်မိတယ်"

"ကောင်းကင်ဘုံက လုံ့လဝီရိယရှိတဲ့သူတွေကို မျက်နှာသာပေးတယ်...ငါတို့က နောက်ဆုံးတော့ သူ့ကိုရှာတွေ့ပြီ"

"ဒီတစ်ကြိမ်တော့ ငါတို့က အဲ့ဒီစီနီယာရဲ့ပုံစံကို ရှင်းရှင်းလင်းလင်း မြင်နိုင်တော့မယ်"

"ဟုတ်တယ်...ဟုတ်တယ်...ငါတို့ သူ့ကို သေသေချာချာ မြင်ရတော့မယ်"

သူတို့လေးယောက်သည် သူတို့၏စိတ်လှုပ်ရှားမှုများကိုထိန်းချုပ်ကာ ရီဖုန်း လှည့်ထွက်လာမည့်အချိန်ကို စောင့်ကြည့်လိုက်ကြသည်။

"ဦးလေး ဒေါ်လေး...ကျွန်တော်တို့ကို သွားခွင့်ပြုပါအုံး"

ရီဖုန်းသည် သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြုံးလိုက်၏။

"ဒီနေ့ ဦးလေးနဲ့ဒေါ်လေးတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်"

ယွင်ဝူ၏ဖခင်သည် စကားပြောဆိုခဲသော ရိုးသားသည့်လူတစ်ယောက်ဖြစ်ကာ သူတို့အားခေါင်းညိတ်ပြပြီး အပြုံးနှင့်နှုတ်ဆက်သည်။ ဤသည်မှာ သူသည် ရီဖုန်းတို့လူစုကို မနှစ်သက်ခြင်းကြောင့်မဟုတ်ဘဲ သူ့၏အကျင့်စရိုက်သည်လူမှုရေးနည်းပါးရုံသက်သက်ပင်။

"ကောင်းပြီ....ကောင်းပြီလေ...မင်းတို့ အချိန်ရရင် နောက်တစ်ခေါက်ပြန်လာခဲ့ကြဦး"

ယွင်ဝူ၏မိခင်က အပြုံးများပြည့်နှက်နေသောမျက်နှာနှင့် ပြောဆိုသည်။

"ဒေါ်လေးကို ကျေးဇူးတင်ပါတယ်"

ရီဖုန်းက ပေါ့ပေါ့ပါးပါးပြုံးလိုက်၏။

ထိုသို့ပြောဆိုပြီးနောက် သူသည် နောက်သို့လှည့်ကာထွက်ခွာခဲ့တော့သည်။

ရီဖုန်း နောက်သို့လှည့်လိုက်ချိန်၌ တိတ်ဆိတ်ငြိမ်သက်စွာစောင့်ကြည့်နေကြသော ဂိုဏ်းချုပ်လေးယောက်တို့သည် နောက်ဆုံး၌ သူ့၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရတော့သည်။

"ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်လို့ မပြောရဘူး...အရမ်းချောမောခန့်ညားတာပဲ"

လျှူကူရီ၏မျက်လုံးများ တောက်ပနေကာ သူမက တီးတိုးရေရွတ်လိုက်သည်။

"တကယ့်ကိုပဲ သူ့ရဲ့ပုံပန်းသင်ပြင်က နွေဦးလေ​ပြည်ညှင်းကို ရှူရှိုက်ရတာနဲ့တူပြီးတော့... အေးစက်စက်လေတွေကြားက ထွက်လာတဲ့ ပူနွေးတဲ့နေရောင်ခြည်လေးလိုပဲ...သူ့ရဲ့အနားက လူတွေကို စိတ်အေးချမ်းမှုရစေနိုင်တယ်"

ယွင်ထန်းလုံသည် ချီးမွမ်းစကားမပြောဆိုဘဲ မနေနိုင်တော့ချေ။

အတိုချုပ်ပြောရလျှင်...

ဤအချိန်အခိုက်အတန့်တွင် သူတို့လေးယောက်သည် အလွန်အမင်းစိတ်လှုပ်ရှားနေကြကာ စိတ်အားထက်သန်မှုများက သူတို့၏မျက်နှာများပေါ်၌ ထင်ဟပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ အချိန်အတော်ကြာ​ စုံစမ်းစစ်ဆေးကာ ခြေရာခံလိုက်ပြီးနောက် သူတို့သည် နောက်ဆုံး၌ စီနီယာ၏ပုံပန်းသွင်ပြင်ကိုသိရှိရလေပြီ။

ယခုချိန်၌ သူတို့သည် သူ့၏ပုံပန်းသွင်ပြင်ကို သိရှိပြီးဖြစ်သောကြောင့် အခွင့်အရေးရရှိရန် မည်ကဲ့သို့ရှာဖွေရမည်ကိုသာ သူတို့တွေးတောရပေမည်။

"ဒီစီနီယာကိုကြည့်ရတာ နည်းနည်းရင်းနှီးကျွမ်းဝင်တဲ့ လူတစ်ယောက်နဲ့ တူနေသလိုမျိုး ငါ ခံစားနေရတယ်"

ထိုအချိန်မှာပင် လီချန်းဟိုင်က ရုတ်တရက်ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် သူသည် တခြားလူသုံးယောက်ကို စောင်းငဲ့၍ကြည့်လိုက်၏။

ထိုစကားကိုကြားချိန်တွင်....

သူတို့သုံးယောက်လုံး သူတို့၏မျက်ခုံးများကိုပင့်လိုက်ကြသည်။

"ခုဏက နင် ပြောသွားခဲ့သလိုပဲ...သူ့ကိုကြည့်ရတာ နည်းနည်းတော့ ရင်းနှီးနေသလိုပဲ"

လျှူကူရီက ဂရုတစိုက်စဉ်းစား​တွေးတောပြီးနောက် ပြောဆိုသည်။

"အမှန်ပဲ...သူ့ကိုကြည့်ရတာ ရင်းနှီးနေတယ်လို့ ငါလည်း ခံစားမိတယ်"

ကျန်းဟန်ထျန်းက သူ့၏မေးစေ့ကိုပွတ်သပ်ကာ ပြောဆိုလိုက်၏။

"သူ့ကိုကြည့်ရတာ တကယ့်ကိုအရမ်းရင်းနှီးနေတယ်...ငါတို့ သူ့ကို အရင်က တစ်နေရာရာမှာတွေ့ခဲ့ဖူးသလိုမျိုးတောင် ငါ ခံစားနေရတယ်"

ယွင်ထန်းလုံသည်လည်း သူတို့၏စကားများကို ထောက်ခံလိုက်သည်။

သို့ရာတွင် သူတို့သည် သူ့အား မည်သည့်နေရာ၌ မြင်တွေ့ဖူးခြင်းဖြစ်သနည်း။

သူတို့လေးယောက်သည် သူတို့၏မှတ်ဉာဏ်များအတွင်း၌ရှာဖွေကာ ထိုကိစ္စကိုမှတ်မိရန် ပင်ပင်ပန်းပန်းကြိုးစားနေကြသည်။ သို့ရာတွင် သူတို့သည် ဤအချိန်အခိုက်အတန့်အတွင်း၌ စဉ်းစားတွေးတောနိုင်ခြင်းမရှိချေ။

"ဂတ်..."

ရုတ်တရက် သူတို့၏နံဘေးရှိ ကျန်းဟန်ထျန်းထံမှနေ၍ ဘဲအော်သံကဲ့သို့အသံတစ်သံထွက်ပေါ်လာသည်။

သူသည် အဝေးတစ်နေရာရှိရီဖုန်းကိုလက်ညှိုးညွှန်ပြကာ သူ့၏မျက်လုံးများပြူးကျယ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီနေသည်။

"ငါ...ငါ...ငါ...."

"ငါ သိပြီ...သူ...သူက ဘယ်သူလဲဆိုတာ ငါ...သိ...သိ...သိသွားပြီ...ငါ အရင်က သူ့ကို ဘယ်နေရာမှာ တွေ့ခဲ့ဖူးတယ်ဆိုတာကိုလည်း သိ...သိ...သိသွားပြီ"

ကျန်းဟန်ထျန်းသည် အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောဆိုကာ ဤအချိန်အခိုက်အတန့်တွင် သူ့၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။

တခြားလူသုံးယောက် ပို၍ပင်အံ့အားသင့်သွားသည်မှာ ကျန်းဟန်ထျန်းသည် အော်ဟစ်ပြီးနောက် သူ့ကိုယ်သူ အဆက်မပြတ် ပါးဖြတ်ရိုက်နေခြင်းပင်။

"မင်း သူ့ကို အရင်က ဘယ်နေရာမှာ တွေ့ဖူးတာလဲ"

"မြန်မြန် ပြောစမ်းပါဦး"

"ပြီးတော့ မင်း ဒီလိုမျိုး လုပ်နေစရာ မလိုဘူးလေ...ဘာအကြောင်းရှိလို့လဲ"

"ဒါက အမှန်ပဲ....မင်းက ဂိုဏ်းချုပ်တစ်ယောက်လေ...မင်းရဲ့အပြုအမူတွေကို ထိန်းသိမ်းရမယ်မဟုတ်လား...ငါတို့က သူ့ကို ရှာနေခဲ့တာ အချိန်အတော်ကြာနေပြီ...တကယ်လို့ ငါတို့က အရင်က သူ့ကိုမြင်တွေ့ဖူးပြီးတော့ မမှတ်မိဘူးဆိုရင်တောင် ဒါက နားလည်ပေးနိုင်တဲ့ကိစ္စမဟုတ်လား"

ကျန်းဟန်ထျန်း၏မူမမှန်သောအပြုအမူကို မြင်တွေ့ချိန်၌ တခြားလူသုံး​ယောက်သည် သူ့အားစိုးရိမ်ပူပန်တကြီးကြည့်ကာ မေးမြန်းလိုက်ကြ၏။

"ဝူး...ဝူး...ဝူး...ကွမ်ထန်း...ကွမ်ထန်းမြို့..."

ကျန်းဟန်ထျန်းသည် ငိုရှိုက်နေကာ မျက်ရည်များအကြားမှ ပြောဆိုသည်။

"အရင်က ကွမ်ထန်းမြို့ထဲမှာ ငါတို့ တပည့်သစ်တွေ ခေါ်ယူနေတဲ့အချိန်တုန်းက...ဗဟိုကွင်းပြင်မှာ ငါတို့အားလုံး သူ့ကို မြင်တွေ့ခဲ့ရတယ်"

ထိုစကားကိုကြားချိန်တွင်....

တခြားလူသုံးယောက်၏မျက်နှာအမူအယာများ ချက်ချင်းတောင့်တင်းသွားသည်။

ဤသတင်းအချက်အလက်သည် သူတို့၏စိတ်များအတွင်းသို့ မိုးကြိုးတစ်စင်းရိုက်ခတ်လိုက်သည့်အလားပင်။

လေညှင်းတစ်ချက် တိုက်ခတ်သွားခြင်းနှင့်အတူ...

ကြက်သေသေနေသောလူတချို့ကြောင့် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေထုပင် ကျစ်လစ်သိပ်သည်းသွားပုံရကာ ထူးဆန်းသောအငွေ့အသက်များနှင့် ပြည်နှက်သွားတော့သည်။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် သူတို့သည် ကျန်းဟန်ထျန်းပြောဆိုသည့်ကိစ္စကို ချက်ချင်းအမှတ်ရသွားပေ၏။

ဤသည်မှာ ထိုနေ့တုန်းက ကွမ်ထန်းမြို့၏ ဗဟိုကွင်းပြင်အတွင်းတွင် သူတို့၏အဓိကဂိုဏ်းလေးဂိုဏ်းအတွင်းသို့ဝင်ရောက်လိုသည့် သာမန်သေမျိုးမဟုတ်လော...

ဟူး.....

သူတို့သည် သူ့အား ယခင်က မြင်တွေ့ဖူးရုံတင်မကချေ။

သူတို့သည် သူနှင့် နက်နက်ရှိုင်းရှိုင်းပြောဆိုဆက်ဆံခဲ့ဖူးသည်။

‌ဖြောင်း...

ဖြောင်း....

ဖြောင်း....

ရုတ်ချည်းဆိုသလိုပင် တခြားလူသုံးယောက်သည်လည်း သူတို့၏ပါးများကို သူတို့ကိုယ်တိုင် ပြန်ရိုက်လိုက်ကြသည်။

ဤအသံများသည် ပဲ့တင်ထပ်နေပြီး ကျယ်လောင်လှပေ၏။

သူတို့ ဤကိစ္စကို မုန်းတီးမိသည်။

သူတို့ကိုယ်သူတို့ မုန်းတီးနေမိသဖြင့် သူတို့၏မျက်လုံးများ နီမြန်းနေသည်။

ကျန်းဟန်ထျန်းသည် အသက်ရှူမွန်းကျပ်လာသည်သာမက သူတို့သုံးယောက်သည်လည်း အသက်ရှူမွန်းကျပ်လာသည်။

ယခုကြည့်ကြည့်တော့မှ ဤထိပ်သီးအစွမ်းထက်ကျင့်ကြံသူသည် သူတို့အားအခွင့်အရေးတစ်ခုပေးရန် ပြင်ဆင်ထားသည်မှာအချိန်အတော်ကြာမြင့်နေလေပြီ။ သူသည် သူတို့၏ဂိုဏ်းများအတွင်းသို့ ဝင်ရောက်လိုခဲ့သော်လည်း သူတို့သည် မဆင်မခြင်ဖြင့် သူ့အားသာမန်သေမျိုးတစ်ယောက်ဟု သတ်မှတ်ကာ မောင်းထုတ်ခဲ့ကြသည်။

ဖြောင်း...

ဖြောင်း...

ဖြောင်း...

ဖြောင်း...

သူတို့သည် စိုးရိမ်သောကများနှင့် သူတို့၏ပါးများကို သူတို့ကိုယ်တိုင် ထပ်မံ၍ ဖြတ်ရိုက်လိုက်တော့သည်။

Chapter 434

မဟာဂိုဏ်းချုပ်လေးယောက်သည် အချိန်အတော်ကြာသည်အထိ လေးလံစွာသက်ပြင်းရှိုက်နေကြသည်။

သူတို့သည် သူတို့၏ဂိုဏ်းများ မြင့်တက်သွားစေနိုင်သည့် ကြီးမားသောအခွင့်အရေးကြီး သူတို့၏မျက်လုံးများရှေ့သို့ ရောက်ရှိလာခဲ့သည်ကို ပြန်လည်အမှတ်ရနေခဲ့သည်။ သို့ရာတွင် ကသူတို့လေးယောက်သည် ထိုကိစ္စကို လွဲချော်ခဲ့ကြပြီး ခွေးသူတောင်းစားအိုကြီးယဲ့နန်ကို မေတ္တာလက်ဆောင်အဖြစ် ပေးအပ်လိုက်သည်အလားပင်။

စူးရှရှနာကျင်မှုတစ်ခုက သူတို့၏စိတ်နှလုံးသားများအတွင်း၌ ရှိနေသည်။

သူတို့သည် နောင်တကြီးစွာရနေသဖြင့် သူတို့၏အူများပင် အစိမ်းရောင်သို့ပြောင်းလဲနေလေပြီ။

"မေ့လိုက်ကြတော့...ပြီးခဲ့တဲ့ကိစ္စတွေက ပြီးသွားခဲ့ပြီ....ငါတို့က အမြင်ကျဥ်းပြီးတော့ စီနီယာကို မသိခဲ့တာက ငါတို့ရဲ့ကံဆိုးမှုပဲ..စီနီယာက ဒီကိစ္စကိုစိတ်ထဲမထည့်ဘဲနဲ့ လျစ်လျှူရှုထားခဲ့တာကပဲ ငါတို့အတွက် ဝမ်းသာစရာကိစ္စတစ်ခုဖြစ်နေပြီ...ငါတို့ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကိုပဲ ပြောကြစို့"

လျှူကူရီသည် စိတ်အနည်းငယ်တည်ငြိမ်သွားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့်ပြောဆိုသည်

"အမှန်ပဲ...တခုခုစဉ်းစားကြရအောင်...ငါတို့က စီနီယာနဲ့နီးစပ်အောင် ဘယ်လိုလုပ်ကြမလဲ"

လီချန်းဟိုင်က မေးမြန်းသည်။

"ဒါက အလျင်လိုစရာမလိုဘူးလို့ ငါ ထင်တယ်"

ယွင်ထန်းလုံက လေးလေးနက်နက် စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။

"အခုချိန်မှာ ငါတို့က အဲ့ဒီစီနီယာရဲ့သရုပ်မှန်ကိုသိပြီးသွားပြီ....ဒါကြောင့် နောင်အနာဂတ်မှာအခွင့်အရေးတွေ အများကြီးရှိလာလိမ့်မယ်...ငါတို့က သူ့ရဲ့အနားကို အလျင်စလိုချဉ်းကပ်စရာမလိုဘူး"

"ပြောတာ ကောင်းတယ်"

ကျန်းဟန်ထျန်းက ခေါင်းညိတ်ပြလေသည်။

"ပြောရမယ်ဆိုရင် အခုချိန်မှာ အဲ့ဒီခွေးသူတောင်းစားအိုကြီးယဲ့နန်က စီနီယာရဲ့နားမှာရှိနေတယ်...တကယ်လို့ ငါတို့က စီနီယာနားကိုသွားမယ်ဆိုရင် သူက ဖျက်လိုဖျက်ဆီးလုပ်မှာသေချာတယ်"

"အမှန်ပဲ....ငါတို့က သူတို့အားလုံး ထွက်သွားတဲ့အချိန်ထိ စောင့်ရမယ်...ပြီးတော့မှ ဘာဆက်လုပ်မယ်ဆိုတာကို မဆုံးဖြတ်ခင် အဲဒီဆိုင်ကိုသွားပြီးတော့ မေးမြန်းစုံစမ်းကြရအောင်"

လျှူကူရီက ပြောဆိုသည်။

တခြားလူများသည်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

သူတို့လေးယောက်လုံး သူတို့၏ကျင့်ကြံဆင့်များကို ထပ်မံ၍ဖုံးကွယ်လိုက်ကြသည်။

ရီဖုန်းတို့လူစုထွက်သွားပြီးနောက် သူတို့လေးယောက်သည် နေရာမှနေ၍ အလျှင်အမြန်ပြေးထွက်ကာ ဆိုင်၏အဝင်ဝသို့ရောက်ရှိသွားသည်။

"ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေလား"

သူတို့သည် သူတို့၏အရှိန်အဝါများကို ထိန်းချုပ်ကာ ဆိုင်တံခါး၏ပြင်ပ၌ မတ်တပ်ရပ်လိုက်သည်။

"လေးစားရတဲ့ဧည့်သည်တော်တို့....နင်တို့က ဘာဝယ်ချင်လို့လဲ"

ယွင်ဝူ၏မိခင်က အပြုံးနှင့် ပြင်ပသို့ထွက်လာသည်။

"အဟမ်း..ငါတို့က ဒီနေရာကိုလာတာ မင်းကိုမေးစရာတစ်ခုရှိလို့ပဲ"

ကျန်းဟန်ထျန်းက အေးစက်စက်ချောင်းတစ်ချက်ဟန့်ကာ စုံစမ်းစစ်ဆေးမှုကိုစတင်၍ ပြင်းပြင်းထန်ပြုလုပ်လိုက်တော့သည်။

"အခုချိန်ကစပြီး မင်းသိထားသမျှ အရာရာတိုင်းငါတို့ကိုပြောစမ်း"

ကျန်းဟန်ထျန်း၏ ရက်စက်ကြမ်းကြုတ်သောပုံပန်းသွင်ပြင်ကိုကြည့်ပြီး ယွင်ဝူ၏မိခင်သည်ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ခြေလှမ်းနှစ်လှမ်းခန့်နောက်ဆုတ်ကာ စိုးရိမ်ပူပန်တကြီးမေးမြန်းသည်။

"နင်တို့က ဘာလိုချင်တာလဲ"

လျှူကူရီသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင်ချက်ချင်းဆိုသလိုပင် ကျန်းဟန်ထျန်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။ သူမက ယွင်ဝူ၏မိခင်အနီးသို့ အပြုံးနှင့်လျှောက်လှမ်းသွားကာ နူးညံ့ညင်သာစွာမေးမြန်းလိုက်၏။

"ဆိုင်ရှင်အမကြီး...သူ့ကို စိတ်ထဲမထားပါနဲ့..ငါတို့က လူလာရှာတာပါ"

"နင်တို့ ဘယ်သူ့ကို လာရှာလဲဆိုတာ ငါ မသိဘူး"

ယွင်ဝူ၏မိခင်က လျှူကူရီကိုကြည့်ကာ မေးမြန်းသည်။

"ငါတို့က ယဲ့နန်လို့ခေါ်တဲ့လူတစ်ယောက်နဲ့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ လူငယ်လေးတစ်ယောက်ကို လာရှာတာပါ...ငါတို့က သူတို့ရဲ့မိတ်ဆွေတွေပါ..သူတို့က နင့်ရဲ့ဆိုင်မှာရှိနေတယ်လို့ တခြားသူတွေပြောတာ ငါတို့ကြားမိလို့ ဒီနေရာကိုလာခဲ့တာပါ...ဟုတ်တယ်မလား"

လျှူကူရီက ပေါ့ပေါ့ပါးပါးလေသံဖြင့်မေးမြန်းသည်။

"ဒါဆိုရင် နင်တို့က ယဲ့နန်နဲ့ဆရာကြီးရီတို့ရဲ့မိတ်ဆွေတွေလား"

ယွင်ဝူမိခင်၏မျက်လုံးများ တောက်ပသွားကာသူမက အလျှင်အမြန် ရယ်မောလိုက်သည်။

"နင်တို့က သတင်းတချို့လာပြီးတော့စုံစမ်းတယ်လို့ ငါထင်နေခဲ့တာ...နင်တို့က ငါ့ကို ခြောက်လှန့်နေတာဘဲ....နင်တို့က သူတို့ရဲ့မိတ်ဆွေတွေဖြစ်နေမှတော့ ကျေးဇူးပြုပြီး ထိုင်ကြပါ...ကျေးဇူးပြုပြီး ထိုင်ကြပါအုံး"

သူတို့လေးယောက် ကြမ်းပြင်ပေါ်တွင်ထိုင်ပြီးနောက် ယွင်ဝူ၏မိခင်က အပြုံးနှင့်ပြောဆိုသည်။

"ငါ မင်းတို့ကို ဘာမှကွယ်ဝှက်ထားတာမရှိပါဘူး....ဆရာကြီးရီနဲ့ယဲ့နန်တို့က ခုဏက ဒီနေရာမှာ စားသောက်နေကြတာ...သူတို့ ထွက်သွားတာ သိပ်မကြာသေးဘူး"

"နင်က သူတို့နဲ့အရမ်းရင်းနှီးတာလား"

လျှူကူရီ၏မျက်လုံးအကြည့်သည် အနည်းငယ်ကဏာမငြိမ်ဖြစ်သွားကာ သူမက မေးမြန်းသည်။

"သူတို့နဲ့နင်က...ဘယ်လိုပတ်သက်တာလဲ"

"ငါတို့က အရမ်းရင်းနှီးတယ်လို့တော့ ပြောလို့မရဘူး....ဆရာကြီးရီနဲ့ငါ့ရဲ့သမီးက ဂိုဏ်းတူမောင်နှမတွေဖြစ်နေတာလေးသက်သက်ပဲ"

ယွင်ဝူ၏မိခင်က အပြုံးနှင့်ပြောဆိုသည်။

"ဂိုဏ်းတူမောင်နှမတွေလား"

မဟာဂိုဏ်းချုပ်လေးယောက်၏မျက်လုံးအိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။

ဤမိန်းမကြီး၏သမီးဖြစ်သူသည် ထိုစီနီယာနှင့်အမှန်တကယ်ကိုပင် ဂိုဏ်းတူမောင်နှမဖြစ်နေသလော....

"နင့်ရဲ့သမီးက ဘယ်ဂိုဏ်းကလဲဆိုတာ ငါမေးလို့ရမလား"

လျှူကူရီက ထပ်မံ၍မေးမြန်းသည်။

"အော်...သူက ပိုင်အာမြို့ရဲ့အပြင်မှာရှိတဲ့ ချင်းနျူဂိုဏ်းကလေ"

ယွင်ဝူ၏မိခင်က နူးညံ့သိမ်မွေ့စွာပြောဆိုသည်။

"ချင်းနျူဂိုဏ်းကလား"

သူတို့လေးယောက်၏မျက်လုံးများ ထပ်မံ၍ပြူးကျယ်သွားသည်။ လီချန်းဟိုင်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

"မင်းရဲ့သမီးနဲ့ ဆရာကြီရီတို့ နှစ်ယောက်လုံးက ချင်းနျူဂိုဏ်းကလို့ မင်း ပြောချင်တာလား"

"ဒါကအမှန်ပဲ ...ငါ့ရဲ့သမီးဆီကနေ ငါကြားထားတာကတော့ ဆရာကြီးရီက ချင်းနျူဂိုဏ်းကို ဝင်လာတာ မကြာသေးဘူး...ရက်နည်းနည်းပဲ ရှိသေးတယ်"

ထိုအတည်ပြုချက်ကိုကြားချိန်တွင် ဂိုဏ်းချုပ်လေးယောက်သည် လေလျော့သွားသောဘောလုံးများအလား စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။

သူတို့၏ရင်ဘတ်များအတွင်း၌ စူးရှသောနာကျင်မှုတစ်ခု ရှိနေသည်။

မူလက ဤစီနီယာသည် သူတို့၏ဂိုဏ်းလေးဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် ရောက်လာခဲ့ပေ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် ပြိုလဲလုဆဲဆဲဖြစ်နေသော ချင်းနျူဂိုဏ်းအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

သောက်ချေးပဲ....

ယွင်ဝူ၏မိခင်သည် ထိုလူလေးယောက်၏တုံ့ပြန်မှုများကို သတိမပြုမိချေ။

အသိပညာဗဟုသုတကြွယ်ဝပြီး လိမ္မာယဉ်ကျေးသော ရီဖုန်းကိုတွေးတောမိချိန်၌ သူမက ဖြည့်စွက်၍ပြောဆိုလိုက်သည်။

"အဲ့ဒီဆရာကြီးရီက တကယ့်ကို လူကောင်းတစ်ယောက်ပဲ...သူက ချင်းနျူဂိုဏ်းထဲကိုဝင်တာ မကြာသေးပေမယ့် ငါ့သမီးရဲ့ဆရာတစ်ပိုင်းဖြစ်နေပြီ"

"အော်..မင်းက ဘာကိုပြောချင်တာလဲ"

တခြားသူလေးယောက်သည် အလျင်အမြန်မေးမြန်းလိုက်ကြ၏။

"အဲ့ဒီနေရာကို ကြည့်လိုက်ကြအုံး"

ယွင်ဝူ၏မိခင်သည် နံရံပေါ်ရှိ အသေးစိတ်ဘောင်သွင်းထားသောပန်းချီကားတချပ်နှင့် ပန်းပုရုပ်ထုတစ်ခုကို လက်ညှိုးညွှန်ပြကာ အလွန်ဂုဏ်ယူဝံ့ကြွားသောလေသံဖြင့် သူမကပြောဆိုသည်။

"ဆရာကြီးရီက ငါ့ရဲ့သမီးကို ပန်းချီဆွဲတာနဲ့ပန်းပုထုတဲ့ပညာရပ်တွေ သင်ပေးခဲ့တယ်လေ"

ထိုစကားကိုကြားချိန်၌ သူတို့လေးယောက်၏ခြေဖဝါးများ ကြမ်းပြင်ပေါ်၌ တောင့်တင်းသွားသည်ကို ခံစားမိလေ၏။

သူတို့၏မျက်လုံးအကြည့်များသည် ထိုပန်းချီကားနှင့်ပန်းပုရုပ်ထုပေါ်သို့ ကျရောက်သွားချိန်တွင် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကာ ထိုအရာများကိုစူးစိုက်ကြည့်ရင်း သေဆုံးသွားသည့်အလား တောင့်တင်းနေကြသည်။ သူတို့၏မျက်လုံးများအတွင်း၌ ပထမဆုံးတုံ့ပြန်မှုအနေဖြင့် လိုချင်တပ်မက်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူတို့၏ခန္ဓာကိုယ်များရှိ ကျင့်ကြံဆင့်စွမ်းအားများ အထိန်းအကွပ်မဲ့စွာ တလိမ့်လိမ့်ထလာသည်။

အခြေအနေတင်းမာလာလာစဥ်မှာပင် လျှူကူရီ၏အေးစက်စက်အသံပေးပို့မှုက သူတို့၏နားများများအတွင်းသို့ ကျရောက်လာသည်။

"နင်တို့ တစ်ခုခုမလုပ်ခင် အကျိုးဆက်တွေကို အရင်ဆုံးစဉ်းစားရမယ်...ငါ နင်တို့ကို သတိပေးပြီးပြီနော်...တခြားအတွေးတွေကို ဖယ်ရှားလိုက်တာက အကောင်းဆုံးပဲ"

ထိုစကားလုံးများသည် သူတို့၏ခန္ဓာကိုယ်များပေါ်သို့ ရေအေးတစ်ပုံးဖြင့်လောင်းချလိုက်သည်နှင့်တူညီကာ သူတို့၏၏အတွေးများ ချက်ချင်းပျက်ပြယ်သွားတော့သည်။

"ထားလိုက်တော့....ငါ ရင်ဘတ်နာနေတယ်...မင်းတို့ပဲ ဆက်မေးလိုက်တော့....ငါအပြင်ကိုသွားပြီးတော့ ခဏလောက် ငြိမ်ငြိမ်လေးနေအုံးမယ်"

လီချန်းဟိုင်က တံခါး၏ပြင်ပသို့ထွက်သွားကာ သူ၏မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေသည်။

"ငါရဲ့ရင်ဘတ်လည်း နာနေတယ်...ငါက အပြင်ကိုသွားပြီးတော့ လေအေးနည်းနည်းရှူလိုက်အုံးမယ်"

ယွင်ထန်းလုံသည်လည်း ထပ်တူထပ်မျှစိတ်မကြည်မသာဖြစ်နေကာ သူ့၏မျက်နှာရှုံမဲ့နေလေ၏။

"ငါလည်း ရင်ဘတ်အောင့်နေတယ်"

ကျန်းဟန်ထျန်းသည် သူ့၏ရင်ဘတ်ကိုဆုပ်ကိုင်ကာ နောင်တအပြည့်ဖြင့် လေးလံသောသက်ပြင်းတချက်ရှိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

လျှူကူရီ၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးများဖြင့် ပြည့်နှက်နေသည်။

သူမ၏ရင်ဘတ်လည်း နာကျင်ခြင်းမရှိဟု မည်သူက ပြောသနည်း....

ဤပန်းချီကားနဲ့ပန်းပုရုပ်ထုတို့သည် သူမတို့၏မဟာဂိုဏ်းကြီးလေးဂိုဏ်းအတွင်း၌ ရှိသင့်သည်မဟုတ်သော.....

ယခုချိန်၌ ထိုအရာများကို ဤသေမျိုးလောကဆိုင်ငယ်လေးတဆိုင်အတွင်း၌ ခင်းကျင်းပြသထားသည်။ သူတို့သည် ထိုအရာများကို ထိကိုင်ဝံ့ခြင်းပင်မရှိချေ။ သူတို့ မည်ကဲ့သို့ခံစားနေရမည်ကို မည်သူသိနိုင်မည်နည်း။

ယွင်ဝူ၏မိခင်ကို မေးခွန်းအနည်းငယ်ခန့် ထပ်မံ၍မေးမြန်းပြီးနောက် သူတို့လေးယောက်သည် ဆိုင်အတွင်းမှာထွက်ခွာကာ တစ်ဖန်ပြန်၍စုဝေးလိုက်ကြ၏။

"အဓိကအချက် သုံးချက်ရှိတယ်"

လျှူကူရီက တည်ကြည်လေးနက်စွာပြောဆိုသည်။

"ငါတို့မဟာဂိုဏ်းကြီးလေးဂိုဏ်းလုံးက အဲဒီဆိုင်ရယ် ဆိုင်ရှင်မိန်းမကြီးရဲ့သမီးရယ်နဲ့ ဆက်ဆံရေးကောင်းတွေရအောင် လုပ်ရမယ်....အထူးပြောရရင် အဲ့ဒီမိန်းကလေးက နောင်အနာဂတ်မှာ မြောက်ပင်လယ်ကုန်းမြေရဲ့ နာမည်ကျော်ကြားတဲ့တည်ရှိမှုကြီးတစ်ခု ဖြစ်လာနိုင်တယ်"

တခြားလူသုံးယောက်သည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

ဤအချိန်၌ သူတို့ထံတွင် သဘောထားကွဲလွဲမှုများ မရှိတော့ချေ။ အရူးတစ်ယောက်ပင်လျှင် ဤကဲ့သို့ဖြစ်လာမည်ကို ကောင်းစွာသိရှိပေမည်။

"ပြီးတော့ ချင်းနျူဂိုဏ်း...."

"ဒီစကားတွေကိုပြောရတာ ငါ့အတွက်နာကျင်ရတယ်ဆိုပေမယ့်...ချင်းနျူဂိုဏ်းက နောင်အနာဂတ်ကျရင် မြောက်ပင်လယ်ကုန်းမြေမှာ အဆင့်အတန်းမြင့်တက်လာပြီးတော့ ငါတို့မဟာဂိုဏ်းကြီးလေးဂိုဏ်းထက်တောင် သာလွန်သွားနိုင်တယ်လို့ ငါ ဝန်ခံရမယ်"

လျှူကူရီက တည်ကြည်လေးနက်စွာဖြင့် ဆက်လက်၍ပြောဆိုသည်။

တခြားလူသုံးယောက်၏ မျက်နှာများပေါ်တွင်ခါးသည်းသောအပြုံးများ ထင်ဟပ်လာသည်။

သူတို့သည် အလွန်အမင်းမလိုလားသော်လည်း သူတို့ထံ၌ တခြားရွေးချယ်စရာမရှိတော့သဖြင့် ဤကိစ္စကို ဝန်ခံရပေမည်။

ယခင်က သူတို့ကိုမဆင်မခြင်ပြုလုပ်ရန်မည်သူက ပြောဆိုခဲ့သနည်း။ အရာအားလုံးသည် သူတို့၏အပြစ်များသာ ဖြစ်ပေ၏။

"နောက်ဆုံးနဲ့အရေးအကြီးဆုံးကိစ္စကတော့ ငါတို့မဟာဂိုဏ်းလေးဂိုဏ်းလုံးက တပည့်တွေအားလုံးကို စနစ်တကျထိန်းသိမ်းထားဖို့ သတိပေးရမယ်...တကယ်လို့ သူတို့က စီနီယာနဲ့တွေ့ပြီးတော့ ကံကြမ္မာကောင်းကြီးတစ်ခုရမယ်ဆိုရင် သူတို့ကနေတစ်ဆင့် ငါတို့အတွက် အခွင့်အရေးတွေရလာနိုင်တယ်"

လျှူကူရီက ဖြည့်စွက်၍ပြောဆိုသည်။

"ကောင်းတယ်...လူအိုကြီးယွင်က စီနီယာရဲ့ပုံသူကိုရေးဆွဲလိုက်ပါ....ငါက ကွေ့ရီခန်းမရဲ့တာဝန်ခံကို ချက်ချင်းခေါ်ပြီးတော့ စီနီယာရဲ့ပုံတူကို ငါတို့မဟာဂိုဏ်းကြီးလေးဂိုဏ်းထဲမှာဖြန့်ဝေဖို့ အကြောင်းကြားလိုက်မယ်"

လီချန်းဟိုင်က ပြောဆိုလိုက်သည်။

ထိုသို့ပြောဆိုပြီးနောက် လီချန်းဟိုင်သည်အသံပေးပို့ခြင်းကျောက်စိမ်းပြားကို ထုတ်ယူကာ ကွေ့ရီခန်းမ၏တာဝန်ခံကို ချက်ချင်းလာရောက်ရန် အကြောင်းကြားလိုက်၏။

အလွန်လျင်မြန်စွာဖြင့် တာဝန်ခံသည် ဤနေရာသို့ ပျံသန်းလာခဲ့သည်။

"မဟာဂိုဏ်းချုပ်လေးယောက်ကို အရိုအသေပြုပါတယ်....ဒီနိမ့်ကျတဲ့ငယ်သားက ဘာကိုကူညီပေးရမလဲဆိုတာ မေးလို့ရမလား"

ကွေ့ရီခန်းမ၏တာဝန်ခံက သူတို့လေးယောက်၏ရှေ့တွင် မတ်တတ်ရပ်ကာ ရိုသေလေးစားစွာပြောဆိုသည်။

"ဒါက ပုံတူတစ်ခုပဲ....မင်း သေသေချာချာကြည့်ထားစမ်း"

ယွင်ထန်းလုံသည် အစောပိုင်းက သူရေးဆွဲထားသော ရီဖုန်း၏ပုံတူကိုထုတ်ယူကာ ကွေ့ရီခန်းမတာဝန်ခံထံသို့ လက်ကမ်းပေးလိုက်သည်။

ကွေ့ရီခန်းမတာဝန်ခံသည် ထိုပုံတူကိုလက်ခံပြီးနောက် အလေးနက်ထားကာ လေ့လာဆန်းစစ်လိုက်၏။ ထို့နောက် သူ့၏ခေါင်းကိုမော့ကာ မေးမြန်းသည်။

"ကျွန်တော်က ဒီလူကို အရင်ကမြင်ဖူးတယ်.... ဂိုဏ်းချုပ်တို့က သူ့ရဲ့ပုံတူကို ဘာလို့ဆွဲထားတာလဲဆိုတာ ကျွန်တော် မေးလို့ရမလား"

"ဘာ..."

"မင်း အရင်က သူ့ကိုမြင်ဖူးတာလား"

သူတို့လေးယောက်၏မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏မျက်လုံးအကြည့်များသည် ကွေ့ရီခန်းမတာဝန်ခံထံသို့ တညီတညွတ်တည်း ကျရောက်သွားသည်။

Chapter 435

"မင်း သူ့ကို ဘယ်နေရာမှာ တွေ့ဖူးတာလဲ"

မဟာဂိုဏ်းချုပ်လေးယောက်လုံး တပြိုင်နက်တည်း မေးမြန်းလိုက်ကြသည်။

"ဒါက ကွေ့ရီခန်းမမှာပဲလေ"

တာဝန်ခံက အံ့အားတသင့်ပြောဆိုသည်။

"ဂိုဏ်းချုပ်လေးယောက် ဒီလူက ဘာမှားနေလို့လဲ....ပြဿနာတစ်ခုခုရှိနေတာလား"

"ကွေ့ရီခန်းမမှာလား"

သူတို့လေးယောက်သည် တာဝန်ခံထံသို့ ချက်ချင်းချဥ်းကပ်လိုက်ကြ၏။ လီချန်းဟိုင်က ထိုတာဝန်ခံ၏အင်္ကျီဂုတ်ကိုဆုပ်ကိုင်ကာ စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။

"သူက ဘယ်အချိန်တုန်းက ငါတို့ရဲ့ကွေ့ရီခန်းမကို ရောက်လာခဲ့တာလဲ"

"ဒါက...ဒါက...လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကလေ....သူက ကျွန်တော်တို့ရဲ့ကွေ့ရီခန်းမကိုဝင်ဖို့ ခေါင်းမာနေပြီးတော့...အရှက်မဲ့တဲ့သေမျိုးမဟုတ်လား"

တာဝန်ခံက ပျာပျာသလဲ ပြောဆိုသည်။

"အဲ့ဒီနေ့တုန်းက ကွေ့ရီခန်းမကိုရောက်လာတဲ့သေမျိုးက သူလို့ မင်း ဆိုလိုချင်တာလား"

မဟာဂိုဏ်းချုပ်လေးယောက်က တာဝန်ခံကို စူးစူးဝါးဝါးစိုက်ကြည့်ကာ မေးမြန်းသည်။

"အမှန်ပဲ...အဲ့ဒါက သူပဲ...ကျွန်တော်က သူ့ကို သေချာမှတ်မိတယ်...ဘယ်လိုမှ မမှားနိုင်ဘူး"

တာဝန်ခံက ပျာပျာသလဲခေါင်းညိတ်ပြကာ ပြောဆိုသည်။

"အဲ့ဒီအချိန်တုန်းက ဂိုဏ်းချုပ်လေးယောက်လည်း အဲ့ဒီနေရာမှာရှိနေတာပဲလေ...ကျွန်တော်က ဂိုဏ်းချုပ်တို့ဆီက သဘောထားတောင်းခံတဲ့အချိန်မှာ သူ့ကို မောင်းထုတ်ဖို့ ပြောခဲ့တာလေ...ဒါကြောင့် ဂိုဏ်းချုပ်တို့ရဲ့ညွှန်ကြားချက်နဲ့ ကျွန်တော်က သူ့ကို မောင်းထုတ်လိုက်တယ်"

ထိုစကားကိုကြားချိန်တွင်....

သူတို့လေးယောက်လုံး ကြက်သေသေသွားသည်။

ယခုကြည့်ကြည့်တော့မှ...

ဤစီနီယာသည် သူတို့ကို အခွင့်အရေးတစ်ကြိမ်တည်း ပေးခဲ့သည်မဟုတ်ချေ။

ကျန်းဟန်ထျန်းသည် ဘုန်းခနဲအသံနှင့်အတူ မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားတော့သည်။

ထိုအချိန်တုန်းက သူသည် ထိုသေမျိုးကို အသေရိုက်သတ်မည်ဟုပင် အသံကောင်းဟစ်ခဲ့သည်။

"ဖူး ..."

တခြားလူသုံးယောက်သည်လည်း နေရာမှာပင် သူတို့၏ပါးစပ်များအတွင်းမှ သွေးတစ်လုတ်စီ အန်ထုတ်လိုက်ကြသည်။

ထို့နောက် သူတို့၏ပါးများကို သူတို့ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်တော့သည်။

ဤမြင်ကွင်းကြောင့်....

တာဝန်ခံသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံသွားကာ စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။

"ဂိုဏ်းချုပ်တို့က ဘာမှားနေတာလဲ...ဘာလို့ မင်းတို့ကိုယ်မင်းတို့ ဒီလိုမျိုး ပါးရိုက်နေကြတာလဲ"

"ထွက်သွားစမ်း"

သူ့ထံရောက်ရှိလာသည်မှာ မဟာဂိုဏ်းချုပ်လေးယောက်၏ပေါင်းစည်းထားသောဒေါသများပင်။

တာဝန်ခံသည် ထိတ်လန့်ကြောက်ရွံသွားကာ မြေပြင်ပေါ်၌ဒူးထောက်ပြီး သူ့၏ခန္ဓာကိုယ် တုန်ရီနေသည်။

သူတို့လေးယောက်သည် အနည်းငယ်စိတ်တည်ငြိမ်သွားပြီးနောက် တာဝန်ခံသည် အကြောင်းအကျိုးကိုဆင်ခြင်မိကာ ထိတ်လန့်ကြောက်ရွံမှုကြောင့် နေရာမှာပင် တောင့်တင်းသွားလေ၏။

ထိုအချိန်တုန်းက...

ထိုသေမျိုးကို ကိုယ်တိုင်ကိုယ်ကျမောင်းထုတ်ခဲ့သူမှာ သူဖြစ်နေသည်မဟုတ်လော....

ပုံတူစာရွက်ကိုင်ပြီးနောက် သူသည် ဤကိစ္စနှင့်ပတ်သတ်ပြီး လူတိုင်းကို အကြောင်းကြားရန်အတွက် ကွေ့ရီခန်းမသို့ ထိတ်လန့်တကြားအပြေးပြန်ခဲ့တော့သည်။

"ငါ့မှာ လုပ်စရာ တခြားကိစ္စတစ်ခုရှိနေတယ်...ငါက ထန်းလုံတောင်ကြားကို ပြန်တော့မယ်"

ယွင်ထန်းလုံ၏မျက်နှာ ပြာနှမ်းနေကာ သူက စကားဆုံးသည်နှင့် အဝေးသို့ပျံသန်းသွားတော့သည်။

"ငါလည်း သွားတော့မယ်"

ကျန်းဟန်ထျန်းသည်လည်း ပျံသန်းသွားလေ၏။

လျှူကူရီနှင့်လီချန်းဟိုင်တို့သည်လည်း နောက်ကျမခံဘဲ သူတို့၏ဂိုဏ်းများထံသို့ အလျှင်အမြန် ပြန်သွားကြတော့သည်။

သို့ရာတွင်....

သူတို့လေးယောက်သည် ထွက်ခွာပြီးသည်နှင့် လိမ္မာပါးနပ်စွာဖြင့် သူတို့၏သတင်းပို့ကျောက်စိမ်းပြားများကိုထုတ်ယူကာ သူတို့၏သက်ဆိုင်ရာဂိုဏ်းများထံသို့ သတင်းစကားများ ပေးပို့လိုက်ကြ၏။

"အခုချက်ချင်း ဂိုဏ်းထဲမှာရှိတဲ့ သူတော်စင်အဆင့်နဲ့အင်ပါယာအဆင့်ဆေးလုံးတွေကို ပြင်ဆင်ပြီးတော့ ချင်းနျူဂိုဏ်းကိုပို့လိုက်စမ်း"

"ငါ့ရဲ့ဂိုဏ်းက ဓားပျံတွေ မှော်ရတနာတွေနဲ့ ကျင့်ကြံနည်းစနစ်စာအုပ်တွေကို ချင်းနျူဂိုဏ်းဆီ ချက်ချင်းပို့လိုက်ကြစမ်း"

"ငါရဲ့ လက်ရင်းတပည့်တွေကို အကြောင်းကြားလိုက်စမ်း...ချင်းနျူဂိုဏ်းက တပည့်မတွေကိုရဖို့ အစွမ်းကုန်ကြိုးစားရမယ်...ဘယ်လိုကိစ္စမျိုးပဲရှိနေနေ သူတို့ကို တာအိုလက်တွဲဖော်တွေအဖြစ် ရအောင်ယူနိုင်ရမယ်"

"ငါ့ရဲ့ထိုက်ရီတောင်ကြားက ချင်းနျူဂိုဏ်းနဲ့ပူးပေါင်းချင်တယ်လို့ စာတစ်စောင်ကို ချင်းနျူဂိုဏ်းဆီ ချက်ချင်းပေးပို့ရမယ်...နောင်အနာဂတ်မှာ ဘာတွေပဲဖြစ်နေနေ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းအတူတူရပ်တည်သွားရမယ်....ပြီးတော့ ငါ့ရဲ့ရိုးသားမှုကိုပြဖို့အတွက် လက်ဆောင်ကြီးတစ်ခုကိုလည်းပြင်ဆင်ပေးရမယ်"

ဤအစီအစဉ်များကိုပြုလုပ်ပြီးနောက် ဂိုဏ်းအသီးသီးထံသို့ ဦးတည်၍ပြန်သွားကြသော ဂိုဏ်းချုပ်လေးယောက်သည် နေရာတစ်နေရာထံသို့ အမှန်တကယ်ကို ရွှေ့ပြောင်း၍ ပျံသန်းသွားကြသည်။

"သူတို့ ငါ့ကို ကျော်တက်သွားဖို့ ငါ ခွင့်မပြုနိုင်ဘူး"

သူတို့၏စိတ်များအတွင်း၌ တူညီသောအတွေးတစ်ခုရှိနေကာ ဂိုဏ်းချုပ်လေးယောက်သည် လေဟာနယ်အတွင်း၌ခြေချ၍ တူညီသောနေရာတစ်နေရာသို့ဦးတည်၍ ပျံသန်းသွားလေ၏။

နေ့ရက်များ.....

ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြတ်ကျော်နိုင်ခဲ့သည်။

ရီဖုန်းသည် လက်နောက်​ပစ်၍ မတ်တပ်ရပ်နေကာ အဝေးရှိတောင်တန်းများကိုကြည့်လိုက်သည်။

"နောက်ထပ် လဝက်လောက်ဆိုရင်....ငါကဂိုဏ်းရဲ့တပည့်တံဆိပ်ပြားကိုရပြီ"

ထိုအကြောင်းကိုတွေးတောရင်း သူသည် ကြိုးစားကြည့်ရန်အတွက် အလွန်စိတ်အားထက်သန်နေသည်။

တပည့်တံဆိပ်ပြားကိုရရှိပြီးနောက် သူသည် ချင်းနျူဂိုဏ်းမှထွက်ခွာကာ ပင်ကျင်းမြို့သို့ပြန်၍ သူ့၏ကိုယ်ပိုင်ဂိုဏ်းကိုစတင်တည်ထောင်ရပေမည်။

ထို့နောက် သူသည် တပည့်အယောက်တစ်ရာကိုခေါ်ယူရပေလိမ့်မည်။

သူသည် စနစ်၏တာဝန်ကိုပြီးမြောက်ကာ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် ချောမွေ့စွာ စတင်လျှောက်လှမ်းနိုင်ပေတော့မည်။

တပည့်အယောက်တစ်ရာအကြောင်းကို ပြောရမည်ဆိုပါက....

သူ၏မျက်လုံးအကြည့်သည် သူ့နံဘေးရှိ ယွင်ဝူနှင့်ဝူတာအိုတို့ပေါ်သို့ ကျရောက်သွားသည်။

အမှန်အတိုင်းပြောဆိုရလျှင် သူ့ထံတွင် ဤလူနှစ်ယောက်နှင့်ပတ်သက်သည့် အတွေးများရှိနေလေ၏။ သူသည် သူတို့အား ​ပင်ကျင်းမြို့ကိုချော့ခေါ်သွားရန် သူ ဆုံးဖြတ်ထားသည်။

အကြောင်းအရင်းမှာ ယွင်ဝူသည် ကျင့်ကြံခြင်း၌ အလွန်စိတ်ဝင်စားခြင်းမရှိကြောင်း သူ တွေ့မြင်မိသည်။ ထိုအစား သူမသည် သူသင်ကြားပေးသည့် ပန်းပုထုခြင်းနှင့်ပန်းချီပညာရပ်တို့ကို ပို၍စိတ်ဝင်စားသည်။ ထို့ကြောင့်သူမအား ချော့ခေါ်သွားရန်မှာ အခက်အခဲရှိမည်မဟုတ်ချေ။

ဝူတာအိုကမူ...

ဤကောင်သည် အလွန်ရိုးသားသဖြင့် သူ့အားခေါ်ဆောင်သွားရန်မှာလည်း အလွန်လွယ်ကူပေမည်။

ဤနည်းလမ်းဖြင့်....

ဤလူနှစ်ယောက်နှင့်အတူ တပည့်အယောက်တစ်ရာကိစ္စကို ဖြေရှင်းနိုင်ရန် သူ့အတွက်အခွင့်အရေး ပို၍များပြားသွားပေမည်။

မည်မျှထိ ကောင်းမွန်သနည်း။

ရီဖုန်းသည် ချင်းနျူဂိုဏ်းအတွင်း၌ ငြိမ်းချမ်းသာယာသောဘဝဖြင့် နေထိုင်နေစဉ် အင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံး ကသောင်းကနင်းဖြစ်နေခဲ့သည်။

ရှေးဦးစွာ ချင်ဟွမ်ရှင်းဟုခေါ်သည့် လူအိုကြီးတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

သူသည် တင်းမာသောစိတ်သဘောထားရှိပြီး ထိပ်သီးအင်အားစုများအကြား၌ ပြဿနာများရှာဖွေခဲ့သည်။

သူ ပြောဆိုလေ့ရှိသော စကားများမှာ...

"မင်းရဲ့ဂိုဏ်းမှာ ကောင်းကင်ဘုံတာအိုစာအုပ်တစ်အုပ်ရှိတယ်လို့ ငါ ကြားထားတယ်"

"တကယ်လို့ မင်းတို့ဆီမှာ တကယ်ရှိနေရင် ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်...အဲ့ဒီစာအုပ်ကို မြန်မြန်ထုတ်ပေးစမ်း"

သူသည် လူအများ၏ရတနာများကိုပြောင်ပြောင်တင်းတင်းလုယက်သည့်အပြင် သူတို့အား အခွင့်အရေးတစ်ခုပေးသည်ဟု ပြောဆိုခဲ့သဖြင့် ဤကဲ့သို့ အရှက်မဲ့သည်လူမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။

ဤကဲ့သို့ မောက်မာထောင်လွှားမှုသည် ထိပ်သီးအင်အားစုများ၏ဒေါသများကို မြင့်တက်သွားစေခဲ့သည်။

ထို့ကြောင့် ထိပ်သီးအင်အားစုများမှ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများစုဝေးကာ ချင်ဟွမ်ရှင်းကို လိုက်လံ၍ဖမ်းဆီးခဲ့ကြသည်။

သို့ရာတွင် ချင်ဟွမ်ရှင်းသည် ရိုက်ချက်တစ်ချက်တည်းဖြင့် ထိုလူများအားလုံးကို မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။

သို့သော်....

အင်မော်တယ်မြစ်ကုန်းမြေအတွင်းရှိ ထိပ်သီးအင်အားစုများပေါ်သို့ လွှမ်းမိုးထားသော ချင်ဟွမ်ရှင်း၏ပုံရိပ် မပျက်ပြယ်သေးမီမှာပင် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်ဦးဆောင်သော ခွေးတစ်ကောင် ဝက်ဝံနက်တစ်ကောင်နှင့်ကင်းခြေမျှားတစ်ကောင်တို့က လေထုအတွင်း၌ ထွက်ပေါ်လာခဲ့သည်။

ဒုန်ရှန်းကျိုးနယ်မြေမှစတင်၍ သူတို့သည် အနောက်ဘက်နတ်ဆိုးတောအုပ် တောင်ပိုင်းစွန့်ပစ်ကုန်းမြေနှင့် မြောက်ပင်လယ်ကုန်းမြေတို့ကို ကျိုင်းကောင်များအလား ဖြတ်သန်းသွားခဲ့ကြသည်။

ထို့နောက် သူတို့သည် ဗဟိုကုန်းမြေသို့ တိုက်ရိုက်ရောက်ရှိလာပေ၏။

ဤအချိန်၌ ဗဟိုကုန်းမြေတွင် ကျင့်ကြံခြင်းဆိုင်ရာညီလာခံကိုကျင်းပနေကာ ရာနှင့်ချီသောဂိုဏ်းများစုဝေးနေသည်။

ပုံရိပ်ယောင်ကြီးတစ်ခုက မိုးကောင်းကင်ယံကိုလွှမ်းခြုံသွားသည်။

အစပထမ၌ ကင်းခြေမျှား ဝက်ဝံနက်နှင့်ခွေးတစ်ကောင်၏ပုံရိပ်များ ထွက်ပေါ်လာပြီးနောက် အနက်ရောင်ဝတ်စုံဝတ်လူတယောက်က လေထုကိုဖြတ်သန်း၍ လျှောက်လှမ်းလာခဲ့သည်။

"အရှင်အရိုးစု ဒီနေရာမှာရောက်နေပြီ..မင်းတို့ဂိုဏ်းတွေမှာရှိတဲ့ အစောင့်အရှောက်သားရဲတွေ ထူးဆန်းတဲ့အိမ်မွေးတိရစ္ဆာန်တွေနဲ့ နတ်ဘုရားသားရဲတွေအားလုံးကို လွှဲပြောင်းပေးကြစမ်း"

Thank For Reading.

All Chapters