အခန်း (၄၃၆-၄၄၀)
Vol. 30 Ch. 436-440
Chapter 436
လုပမ်ဝေ၏မောက်မာသောပုံပန်းသွင်ပြင်သည် ဗဟိုကုန်းမြေအတွင်းရှိ အဓိကဂိုဏ်းအင်အားစုများ၏ဒေါသကို ဆွပေးလိုက်သည့်အလားပင်။
ရာနှင့်ချီသောဂိုဏ်းများမှ အစွမ်းထက်ကျင့်ကြံသူအမြောက်အများစုဝေးကာ သူတို့သည် နာကြည်းမှုန်းတီးမှုများဖြင့် ဖိတ်ခေါ်မထားသောဧည့်သည်တော်များကို ရှောင်သခင်တိုက်ခိုက်ခဲ့ကြသည်။
သို့ရာတွင် သူတို့အား စောင့်ကြိုနေသည်မှာ မိုးကောင်းကင်ယံအတွင်းမှ ဝက်ဝံနက်ကြီး၏တရစပ်တိုက်ခိုက်မှုပင်။
ဗဟိုကုန်းမြေမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် ဖိနှိပ်ခြင်းခံရကာ မလှုပ်ရှားနိုင်တော့ဘဲ သူတို့သည် မြေပြင်ပေါ်၌ဒူးထောက်ကာ ခွင့်လွှတ်မှုရရန်အတွက် အသနားခံတောင်းပန်နေရတော့သည်။
အရိုးစု ခွေး ကင်းခြေမျှား ဝက်ဝံနက်တို့၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားအောက်တွင် ဗဟိုကုန်းမြေမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အမြစ်ပြတ်သုတ်သင်ခံရသည့်ကပ်ဘေးမှ ရှောင်ရှားနိုင်ရန်အလို့ငှာ သူတို့ထံ၌ တခြားရွေးချယ်စရာမရှိတော့ချေ။ သူတို့သည် အနိုင်ကျင့်အရှက်ခွဲခံရခြင်းကို သည်းခံ၍ သူတို့၏ဂိုဏ်းများမှ ထိပ်သီးအဆင့်သားရဲများနှင့် အစောင့်အရှောက်စိတ်ဝိညာဥ်သားရဲများကို ထိုသက်ရှိလေးကောင်ထံသို့ လွှဲပြောင်းပေးလိုက်ရသည်။
ကံဆိုးသောဂိုဏ်းများသည် သူတို့၏ဘိုးဘေးသားရဲများကိုပင် ဆက်သခဲ့ရလေ၏။
ထို့ထက်ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူတို့ ဤသို့ပြုလုပ်ခဲ့သည့်တိုင် ထိုသက်ရှိလေးကောင်သည် သူတို့အား အထင်အမြင်သေးနေဆဲဖြစ်သောကြောင့်ပင်။
အတိုချုပ်ပြောရလျှင်....
ဤပဥ္စမမြောက်လတွင် ချင်ဟွမ်ရှင်းနှင့် အရိုးစုတို့အဖွဲ့၏ ပူးပေါင်းမွှေနှောက်မှုကြောင့် အနက်ရောင်ပဥ္စမ လဟု ခေါ်တွင်ခဲ့တော့သည်။
ဤဖြစ်ရပ်သည် အင်မော်တယ်မြစ်ကုန်းမြေ၏ မှတ်တမ်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားတော့သည်။
"အကိုကြီး...အကိုကြီး...ဒီအမှိုက်တစ်စုကို ငါတို့ ဘယ်လိုပြန်ပို့ကြမလဲ"
ခွေးသည် သိုလှောင်လက်စွပ်အတွင်း၌ ကြွင်းကျန်နေသည့် သင့်တော်သော စိတ်ဝိညာဥ်သားရဲတချို့ကို စူးစိုက်ကြည့်ပြီး သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သောအမူအယာတစ်ရပ်ရှိနေသည်။
"ငါတို့က ကုန်းမြေတခွင်လုံးအနှံ့ ရှာဖွေပြီးပြီ..ဒါတောင်မှ သင့်တော်တဲ့သားရဲဆိုလို့ နည်းနည်းပဲရတယ်...တကယ်လို့ ဒီတိုင်းဆက်သွားမယ်ဆိုရင် အကိုကြီးက ရွှေပြားသုံးပြားဆိုတဲ့ ဆုကြေးကိုတောင် ရမှာမဟုတ်ဘူး"
ထိုစကားကိုကြားချိန်တွင် လုပမ်ဝေသည် စိတ်ဓာတ်ကျဆင်းမှုကို ခံစားမိလေ၏။
အမှန်တကယ်ကို...
ရွှေပြားသုံးပြားပင်....
ဤသည်မှာ မများသော်လည်း အကယ်၍ သူသည် ထပ်မံ၍စုဆောင်းနိုင်ပါက အနည်းဆုံးအနေဖြင့် ရီဟုန်ဆောင်ကြာမြိုင်တွင် တစ်ညခန့် အချိန်ကောင်းလေးများ ရရှိနိုင်ပေမည်။
"အစ်ကိုကြီး...အစ်ကိုကြီး....အဖြေတစ်ခုလောက်ရအောင် တွေးကြည့်ပါဦး"
ကင်းခြေမျှားသည် လုပမ်ဝေ၏ပခုံးပေါ်သို့တွယ်တတ်ကာ ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။
"ဒီလိုဆိုမှတော့ ဒီဆန်ကုန်မြေလေးက ကိစ္စတချို့ကို ရင်ဆိုင်ရုံပဲကျန်တော့တယ်...သူတို့ကိုကြည့်ရတာ အနုပ်စုပ်ကုပ်စုတ်နိုင်ပေမယ့် ငါ ရွှေပြားသုံးပြားရဖို့အတွက် ငါ့မှာ တခြားရွေးချယ်စရာမရှိတော့ဘူး"
လုပမ်ဝေက စိတ်ဓာတ်ကျဆင်းနေသောအသံဖြင့် ပြောဆိုသည်။ သူ့၏ဦးခေါင်းခွံရှိ မျက်တွင်းဟောက်ပက်တစ်စုံ အတွင်းမှနေ၍ အလင်းတန်းနှစ်တန်း ရုတ်တရက်ဖြာထွက်လာသည်။
တချိန်တည်းမှာပင်....
အမှောင်ထုအတွင်းမှနေ၍ လုပမ်ဝေ ကုန်းမြေအတွင်း၌ ကမောက်ကမကိစ္စများလုပ်နေသည်ကို စောင့်ကြည့်နေသော မျက်လုံးအစုံပေါင်းများစွာ၏အောက်တွင် မယုံကြည်နိုင်ဖွယ်ပြောဆိုလိုက်သော အသံတစ်သံထွက်ပေါ်လာသည်။
"သူက ငါတို့ကို တကယ်ကြီး ရှာတွေ့သွားတာလား"
ထိုအသံများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြင်းထန်သောမယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။
သို့ရာတွင် သူတို့ဆက်လက်၍ပုန်းအောင်းနေရမည်မနေရမည်ကို တွေဝေနေစဉ်မှာပင် အသံပေးပို့မှုတစ်ခုက သူတို့၏နားများအတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာသည်။
"မင်းတို့က ဘာလို့ ထွက်မလာကြသေးတာလဲ....ဒီဆန်ကုန်မြေလေးက မင်းတို့ကို သတ်မယ့်အချိန်ထိစောင့်ဖို့ မင်းတို့က ကြံရွယ်ထားတာလား"
ထိုစကားများကိုကြားလိုက်ရချိန်တွင် သူတို့အားလုံး ချက်ချင်းဒေါသူပုန်ထသွားသည်။
"မင်းက တကယ့်ကို ရဲတင်းတဲ့ကောင်ပဲ...ပြင်ပလောကမှာရှိတဲ့ ပုရွက်ဆိတ်တစ်စုက မင်းကို ဘာမှမလုပ်နိုင်တာနဲ့...ငါတို့ရှေ့မှာ မင်းက ထင်ရာစိုင်းနိုင်ပြီလို့ မင်း ထင်နေတာလား"
"ငါတို့ မင်းကို သတိပေးလိုက်မယ်....ငါတို့က မင်း ယှဥ်ပြိုင်နိုင်တဲ့အမှိုက်တစ်သိုက်မဟုတ်ဘူး...မင်း ဒီကုန်းမြေပေါ်မှာ ဘာပဲလုပ်နေနေ ကိစ္စမရှိဘူး...ဒါပေမဲ့ ငါတို့ကို မင်းလာမရှုပ်တာ ပိုကောင်းလိမ့်မယ်"
မှုန်တေတေအသံက လုပမ်ဝေ၏ခေါင်းထက်၌ ပဲ့တင်ထပ်လာကာ ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ်ကို သယ်ဆောင်လာသည်။
"ဟား ဟား ဟား...."
လုပမ်ဝေက သူ့၏လက်ကိုပိုက်ကာ ရယ်မောလိုက်၏။
"တောင်းပန်ပါတယ်...ဒီဆန်ကုန်မြေလေးရဲ့ရှေ့မှာတော့ မင်းတို့နဲ့သူတို့တွေက ဘာကွဲပြားခြားနားမှုမှမရှိဘူး...အကုန်လုံး အမှိုက်ကောင်တွေပဲ"
"မင်း..."
"ဘယ်လောက်တောင် မောက်မာတဲ့လေသံလဲ"
"ဒီလိုဆိုမှတော့ ငါတို့က ထွက်လာပြီး မင်းနဲ့ရင်ဆိုင်ရတော့မှာပေါ့"
"မင်းရဲ့ခွန်အားက မင်းရဲ့စကားတွေနဲ့ ထပ်တူကျဖို့ ငါတို့မျှော်လင့်မိတယ်"
ထိုအသံကျရောက်လာသည်နှင့်အတူ မြောက်ပိုင်းရေခဲမြစ်ကြီးမှ အေးမြသောလေများပေါက်ကွဲထွက်လာကာ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပြီး ဗဟိုကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ပင်လယ်နက်အတွင်းမှရေများ ဆူပွက်လာကာ အနက်ရောင်အရည်များ ပွင့်အံ့ထွက်လာပေ၏။
အနောက်ဘက်နတ်ဆိုးတောအုပ်အတွင်း၌ အက်ကွဲကြောင်းများထွက်ပေါ်လာပြီးနောက် အစိမ်းရောင်အခိုးအငွေ့များက ကြယ်တာရာများအလား ပြန့်ကြဲသွားသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏ ခြောက်သွေ့သောနယ်မြေအတွင်း၌ ကောင်းကင်အက်ကွဲသွားကာ မြေပြင်ပွင့်ထွက်သွားသည်။ အမြင့်ပေတစ်သောင်းကျော်ခန့် မြင့်မားသောကျောက်တုံးကြီးတစ်တုံးသည် မိုးကောင်းကင်ယံအတွင်းသို့ ထွင်းဖောက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က အင်မော်တယ်မြစ်ကုန်းမြေတခွင်လုံးကို လွှမ်းခြုံထားသည်။ ထို့ကြောင့် အင်အားနည်းပါးသည့် မရေမတွက်နိုင်သော သက်ရှိများသည် သူတို့၏ခေါင်းများကိုငုံ့ကာ မြေပြင်ပေါ်၌ဝပ်တွားနေကြပြီး သူတို့၏မျက်နှာများပေါ်တွင် နက်ရှိုင်းသောထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
တခြားလူများအနက်မှ အများစုသည် ဤတုန်လှုပ်ချောက်ချားဖွယ်ဖိအားအောက်တွင် လောကကြီးပျက်သုဥ်းသောနေ့ ရောက်ရှိလာပြီဟု ယုံကြည်နေကြကာ စိတ်ပျက်အားငယ်မှုများက သူတို့၏မျက်နှာများပေါ်၌ ထင်ဟပ်နေသည်။
ဘုန်း....
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အရှိန်အဝါလေးရပ်သည် ဆက်တိုက်ဆိုသလို ဆင်းသက်လာကာ လေထုအတွင်းရှိ လုပမ်ဝေကို ဝိုင်းရံလိုက်ကြ၏။
"မင်းက ငါတို့ကို အောင်အောင်မြင်မြင် ရန်စနိုင်ခဲ့တယ်"
မှုန်တေတေအသံတစ်သံမြည်ဟီးလာကာ ထိုအရှိန်အဝါလေးခုသည် ကြီးမားသောပုံရိပ်ကြီးများအဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။
မြောက်ပင်လယ်ကုန်းမြေမှ ရောက်ရှိလာသူသည် ရေခဲတမျှအေးစက်စက်အရှိန်အဝါ ထုတ်လွှတ်နေသည့် ကြီးမားသော အဖြူရောင်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏လှုပ်ရှားမှုတိုင်းတွင် လေဟာနယ်ကို အေးခဲသွားစေသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှ ထွက်ပေါ်လာသည်မှာ မီးတောက်များလွှမ်းခြုံနေသည့် ချော်ရည်သားရဲတစ်ကောင်ဖြစ်ပြီး သူ့၏ကြက်သွေးရောင်မျက်လုံးများသည် ဒေါသများကြောင့် လောင်ကျွမ်းနေပေ၏။
အနောက်ဘက်နတ်ဆိုးတောအုပ်မှ ထွက်ပေါ်လာသည်မှာ လူသားမျက်နှာရှိသော ဧရာမငှက်တစ်ကောင်ဖြစ်ကာ ခြေထောက်ခြောက်ချောင်းပါသည့် ရှည်လျားသောခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ့၏တောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ချိန်တွင် လေဟာနယ်အတွင်း၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
အရှေ့ဘက်မှလာသည်မှာ မြူခိုးများလွှမ်းခြုံနေသည့် အနက်ရောင်ရေချီလင်တစ်ကောင်ဖြစ်ပြီး သူသည် အသက်ကို ပြင်းပြင်းထန်ထန်ရှုရှိုက်ကာ လုပမ်ဝေကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။
ဤအချိန်အခိုက်အတန့်တွင် ထိုနတ်ဆိုးသားရဲလေးကောင်၏တုန်လှုပ်ချောက်ချားဖွယ်ဖိအားအောက်၌ ဗဟိုကုန်းမြေတစ်ခုလုံး သိသိသာသာပြောင်းလဲမှုများဖြင့် ကြုံတွေ့ခဲ့ရသည်။
ဗဟိုကုန်းမြေမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် အံ့အားသင့်တုန်လှုပ်နေကာ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို လုံးလုံးလျားလျားမသိရှိကြချေ။
သို့ရာတွင်....
သူတို့မမျှော်လင့်ထားသည့်အရာမှာ ဤကဲ့သို့ဖိအားအရှိန်အဝါနှင့်ရင်ဆိုင်ရချိန်တွင် လုပမ်ဝေနှင့်သူ့၏ခွေးသည် စိတ်အေးလက်အေးဖြင့်ဆက်လက်၍ စကားစမြည်ပြောဆိုနေကြခြင်းပင်။
"အစ်ကိုကြီးကို ဂုဏ်ပြုပါတယ်..ရွှေပြားသုံးပြားက လက်ထဲကို ရောက်လာတော့မယ်"
ခွေးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"စိတ်အေးအေးထားစမ်း...သူတို့က နည်းနည်းပိုကြီးတဲ့ တွားသွားသတ္တဝါလေးတွေသက်သက်ပဲ...သခင်က သူတို့ကို သဘောကျမကျဆိုတာကို စောင့်ကြည့်ရဦးမယ်"
လုပမ်ဝေက ပြတ်ပြတ်သားသား တုံ့ပြန်သည်။
"မောက်မာထောင်လွှားလိုက်တာ"
"ဒီလိုဆိုမှတော့ မင်းတို့ သေကြစမ်း"
နတ်ဆိုးသားရဲလေးကောင်သည် အလွန်အေးစိမ့်သည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်ကိုထုတ်လွှတ်လိုက်သည်။
သူတို့၏လက်များ မြင့်တက်လာသည်နှင့်အမျှ လေဟာနယ်သည် စုတ်ပြဲသွားပေ၏။
ရုတ်ချည်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်မှ သဘာဝစွမ်းအားများသည် လုပမ်ဝေတို့ထံသို့ တလိမ့်လိမ့်တိုးဝင်လာတော့သည်။
ရေခဲနှင့်မီးအစရှိသော တုပ်လှုပ်ချောက်ချားဖွယ် ဒြပ်စင်စွမ်းအားများ သက်ရောက်လာမှုအောက်တွင် လေဟာနယ် ကသောင်းကနင်းဖြစ်လာကာ ကြောက်မက်ဖွယ် လေဟာနယ်အက်ကွဲကြောင်းများအဖြစ် ပွင့်ထွက်သွားပြီး လှိုင်းဂယက်များ ပျံ့နှံ့သွားခဲ့သည်။
လုပမ်ဝေက အထင်အမြင်သေးသောအကြည့်ဖြင့် သူတို့ကို စောင်းငဲ့၍ကြည့်လေသည်။
ထို့နောက် သူ့၏လက်ကိုမြှောက်ကာ အောက်သို့ရိုက်နှက်လိုက်၏။
"ဘာ...."
ထိတ်လန့်ကြောက်ရွံ့သွားသောအသံများက နတ်ဆိုးသားရဲလေးကောင်၏ပါးစပ်များမှ ထွက်ပေါ်လာကာ သူတို့၏မျက်လုံးများ ပြူးကျယ်နေသည်။ သူတို့ ထုတ်ဖော်အသုံးပြုလိုက်သောစွမ်းအားများသည် ချက်ချင်းဆိုသလိုပင် မည်သည့်အရာမျှမရှိခဲ့သည့်အလား ပြောင်းလဲသွားကာ သူတို့သည်လည်း ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။
မူလကာ ပေသောင်းနှင့်ချီမြင့်မားသော သူတို့၏ခန္ဓာကိုယ်များသည် ရုတ်ချည်းဆိုသလိုပင် ကျန်းတဝက်ခန့်အရွယ်အစားသို့ ကျုံဝင်သွားပေ၏။
သွေးနီရောင်လေဟာနယ်အတွင်း၌ ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားသောလူတစ်ယောက် ဒူးထောက်နေသည်။
ဖျက်ဆီးခြင်းအရှင်ကို သတင်းပို့ပါတယ်
...မြောက်ပင်လယ်ကုန်းမြေရဲ့လူငယ်မျိုးဆက်အားလုံးနီးပါးကို လုံးဝအမြစ်ပြတ်သုတ်သင်ပြီးပါပြီ...ပြန်လည်နိုးထမလာသေးတဲ့ လူဝင်စားတချို့ကိုလည်း တိုက်ရိုက်သတ်ဖြတ်ခဲ့ခဲ့ပါတယ်"
"ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတစ်ခုရှိနေတယ်"
မည်သည့်တုံ့ပြန်မှုမျှ မရရှိသေးမီမှာပင် မျက်နှာဖုံးစွပ်လူက ဆက်လက်၍ပြောဆိုသည်။
"ကျွန်တော်တို့စေလွှတ်ထားတဲ့ ရုပ်သေးတွေလည်း ဖျက်ဆီးခံလိုက်ရတယ်...ကြည့်ရတာတော့ တစ်ယောက်ယောက်က အရှင့်ရဲ့အကြံအစည်တွေကို တမင်ဖျက်ဆီးနေပုံပဲ"
သွေးရောင်လေဟာနယ်အတွင်း၌ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်တုံ့ပြန်မှုမျိုးမျှမရှိချေ။
မျက်နှာဖုံးစွပ်လူသည် သူ့၏ခေါင်းကိုအောက်ငုံကာ စဉ်းစားတွေးတောနေသည်။ ဤလူသည် ထိုကိစ္စများနှင့်ပတ်သက်ပြီး မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှ ရှိမည်မဟုတ်ကြောင်းကိုသူ ကောင်းစွာသိရှိသည်။
"အော် ဒါနဲ့....ကိစ္စတစ်ခု ထပ်ပြီးရှိသေးတယ်"
မျက်နှာဖုံးစွပ်လူက ထပ်မံ၍သတင်းပို့လေ၏။
"အခုလတ်တလောအချိန်ကာလမှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့အရိုးစု ဦးဆောင်တဲ့ သက်ရှိတွေက ဗဟိုကုန်းမြေထဲမှာ ထွက်ပေါ်လာခဲ့တယ်...သူတို့က အဓိကဂိုဏ်းတွေရဲ့ မြင့်မြတ်ကျမ်းစာတွေနဲ့တာအိုစာအုပ်တွေကို လုယက်ရုံတင်မကဘူး...ဂိုဏ်းတချို့ဆီကနေ ထိပ်တန်းအဆင့်နတ်ဆိုးသားရဲတွေကိုလည်း ယူဆောင်သွားခဲ့တယ်...အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့တခြားတည်ရှိမှုကြီးတွေက လှုပ်ရှားမှုပြုလုပ်နေတယ်လို့ ကျွန်တော် သံသယဝင်မိတယ်"
ဤအချိန်တွင်...
အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် သွေးနီရောင်လေဟာနယ်အတွင်းမှနေ၍ လိင်ခွဲခြားမရ နေရာကို အတိအကျခန့်မှန်း၍လည်း မရနိုင်သော အသံတစ်သံက နောက်ဆုံး၌ ထွက်ပေါ်လာသည်။
"ငါ နားလည်ပြီ"
"အဲ့ဒီအနက်ရောင်ဝတ်စုံဝတ်လူက အသေးအမွှားတကောင်ပဲ...သူတို့လုယက်နေတဲ့အရာတွေကလည်း အခုခေတ်ကာလရဲ့ရတနာတွေထက်မပိုဘူး...တချို့အရာတွေက အခြေအနေတွေကို ခြုံငုံကြည့်ရင် သက်ရောက်မှုရှိလာနိုင်ပေမယ့် ဘာမှအရေးပါတဲ့ကိစ္စတွေမဟုတ်ဘူး"
"ဟုတ်ကဲ့ပါ ဖျက်ဆီးခြင်းအရှင်"
မျက်နှာဖုံးစွပ်လူသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတချက်ရှိုက်ကာ ရိုသေလေးစားစွာမေးမြန်းသည်။
"အရှင် ကျွန်တော်တို့ လှုပ်ရှားမှုလုပ်သင့်လား"
"အင်း ငါ့ရဲ့အနားမှာ ယာယီတာဝန်ထမ်းဆောင်နေတဲ့ သက်ရှိတွေက အနည်းစုပဲရှိနေတယ်.... နောင်ဖြစ်လာမယ့်ကိစ္စတွေအတွက် ငါ့ကိုကူညီပေးနိုင်မယ့် သက်ရှိတချို့လိုအပ်တယ်..သူတို့ကိုအခုချက်ချင်း ထိန်းချုပ်လိုက်ကြရအောင်"
ထိုအသံက ထပ်မံ၍ထွက်ပေါ်လာသည်။
"အရှင်က နန်နဲ့ဟွမ်တို့ကို ဆိုလိုတာလား"
မျက်နှာဖုံးစွပ်လူက ပျာပျာသလဲမေးမြန်းသည်။
"အမှန်ပဲ"
သွေးရောင်လေဟာနယ်အတွင်းမှနေ၍ ခပ်ဖျော့ဖျော့အသံတစ်သံ ထွက်ပေါ်လာပေ၏။
"သူတို့ ဘယ်နေရာမှာရှိလဲဆိုတာ ငါ မင်းကို ပြောလိုက်မယ်...သူတို့ကို သွားရှာစမ်း"
သို့ရာတွင်..
ထိုအသံကျရောက်သွားသောအချိန်မှာပင် သူ့၏မျက်နှာပေါ်၌ အံ့အားသင့်မှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။
"အမ်...."
"ငါက ခုဏက မင်းပြောတဲ့ အနက်ရောင်ဝတ်စုံဝတ်လူကို လျှော့တွက်ခဲ့မိတယ်"
"ဒါပေမဲ့ ငါ့ပါးစပ်ထဲ ရောက်နေတဲ့အစာကို...သူ ယူတာက သူတို့မှာ အတွေ့အကြုံမရှိလို့ဖြစ်မှာကို ငါ စိုးရိမ်မိတယ်"
ထိုစကားလုံးများကျရောက်လာသည်နှင့်အတူ သွေးနီရောင်လက်တစ်ဖက်က သွေးရောင်လေဟာနယ်ကြီးအတွင်းမှနေ၍ အကန့်အသတ်မရှိသော လေဟာနယ်ကိုဖြတ်သန်း၍ အဝေးတစ်နေရာဆီသို့ ရုတ်တရက်ဆန့်တန်းသွားသည်။
Chapter 437
လုပမ်ဝေသည် နတ်ဆိုးသားရဲကြီးလေးကောင်ကို ပေါ့ပေါ့ပါးပါး နှိမ်နင်းပြီးနောက် သူတို့ကို သိမ်းဆည်းရန်ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် အထက်မိုးကောင်းကင်ယံအတွင်း၌ အက်ကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်သွားသည်။
ထိုအက်ကွဲကြောင်းအတွင်းမှနေ၍ သွေးနီရောင်လက်ကြီးတစ်ဖက် ရုတ်တရက် ဆန့်တန်းလာသည်။
ထိုအခြင်းအရာကိုကြည့်ပြီး ဝက်ဝံနက်ကြီးနှင့်ကင်းခြေမျှားတို့သည် ဤအချိန်အခိုက်အတန့်တွင် အလွန်အမင်းတည်ကြည်လေးနက်သွားကာ သူတို့၏ခန္ဓာကိုယ်များကို မသိမသာဖြင့် လုပမ်ဝေ၏အနီးသို့ နီးကပ်အောင်ရွှေ့ပြောင်းလိုက်ကြ၏။
"ငါက ဒီနတ်ဆိုးသားရဲလေးကောင်ကို အရင်ယူလိုက်မယ်"
ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိသော အသံတစ်သံက ထိုလက်ဝါးကြီးဆန့်တန်းလာရာနေရာမှ ထွက်ပေါ်လာသည်။ သူ၏အသံသည် အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ထို့နောက် သွေးနီရောင်လက်ဝါးကြီးသည် ဆန့်တန်းလာကာ လုပမ်ဝေ ဖိနှိပ်ထားသော နတ်ဆိုးလေးကောင်ကို ဆွဲယူလိုက်၏။
"ဒီဆန်ကုန်မြေလေးရဲ့အရာတွေကို လုယူချင်တာလား"
အနက်ရောင်ဝတ်စုံ၏အောက်မှနေ၍ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသောအသံတစ်သံ ထွက်ပေါ်လာသည်။
လုပမ်ဝေသည် အနက်ရောင်ဝတ်စုံကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ့၏နောက်တွင် ခွေး ဝက်ဝံနက်နှင့်ကင်းခြေမျှားတို့သည်လည်းအစုလိုက်အပြုံလိုက် ရှိနေသည်။
ထို့နောက် အနက်ရောင်ဝတ်စုံအကြားမှနေ၍ အဖြူရောင်အရိုးစုလက်ဝါးတစ်ဖက် ဆန့်တန်းလာကာ သွေးနီရောင်လက်ဝါးကြီးထံသို့ဦးတည်၍ ရိုက်ပုတ်လိုက်၏
"ဟီး ဟီး...."
"မင်းက ဒါကို လက်မခံချင်ဘူးလား"
"ငါ ဘာကိုပဲလိုချင်ချင်...ရအောင်ယူနိုင်ဖို့အတွက်ကို ငါ တစ်ခါမှမကျရှုံးဖူးဘူး...မင်းက လက်မခံချင်မှတော့...မင်း ဒါကို တောင့်ခံနိုင်မလားဆိုတာ ငါ ကြည့်ရသေးတာပေါ့"
လုပမ်ဝေ၏တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သွေးနီရောင်လက်ဝါးပိုင်ရှင်သည် အနည်းငယ်မျှပင် အံ့အားသင့်သွားပုံမရချေ။
ယခင်ကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိသော အသံတစ်သံက သူ၏ပါးစပ်အတွင်းမှထွက်ပေါ်လာသည်။
ထိုအသံကျရောက်လာပြီးနောက် သွေးနီရောင်လက်ဝါးကြီးကို ဆန့်တန်းလိုက်ခြင်းနှင့်အတူ လေဟာနယ်အတွင်း၌ သွေးပင်လယ်ကြီးကဲ့သို့ အခိုးအငွေ့များဖြင့် ပြည့်နှက်သွားကာ လုပမ်ဝေကို လွှမ်းခြုံသွားတော့သည်။
"ဘုန်း...."
ရုတ်ချည်းဆိုသလိုပင်....
လက်ဝါးနှစ်ဖက် ထိပ်တိုက်ရင်ဆိုင် ထိတွေ့မိလေ၏
"ခရက်...ခရက်...."
ပတ်ဝန်းကျင်ရှိလေဟာနယ် အဆက်မပြတ် အက်ကွဲနေသည်။
ထိုထိတွေ့မှုမုန်တိုင်း၏အလယ်ဗဟိုတွင် အနက်ရောင်နယ်မြေတစ်ခု ထွက်ပေါ်လာကာ ထိုနေရာရှိ အရာရာတိုင်းသည်မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ ပြောင်းလဲသွားသည်။
"ဘာ..."
ထိုထိတွေ့မှုနှင့်တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချားသွားသော အသံတစ်သံက သွေးနီရောင်လက်ဝါးကြီးရှိနေသောနေရာမှ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုနီးပါးပင် ထိုလူသည်သူ့၏သွေးနီရောင်လက်ဝါးကြီးကို ရုတ်သိမ်းရန်ကြိုးစားလိုက်၏။
"ဒီဆန်ကုန်မြေလေးရဲ့ရှေ့မှာလာပြီး ဟန်ရေးပြနေတယ်....မင်းပြေးချင်တဲ့အချိန်မှာ ထွက်ပြေးလို့ရမယ်လို့ မင်း ထင်နေတာလား"
အေးစက်စက်အော်ငေါက်သံတသံက အနက်ရောင်ဝတ်စုံ၏အောက်မှ ထွက်ပေါ်လာသည်။
အဖြူရောင်အရိုးစုလက်သည် ထပ်မံ၍ဆန့်တန်းသွားကာ လေဟာနယ်ကိုပြင်းပြင်းထန်ထန်ဆုတ်ဖြဲပြီး သွေးနီရောင်လက်ဝါးကြီးကို လိုက်လံဖမ်းဆီးသည်။
ထို့နောက် ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်မှုတစ်ခုနှင့်အတူ.....
သွေးနီရောင်လက်ဝါးကြီးသည် သာမန်မျက်လုံးဖြင့် မြင်နိုင်သောအရှိန်နှုန်းဖြင့် အက်ကွဲသွားကာ သွေးပင်လယ်ကြီးအဖြစ်ပျံ့နှံ့သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။
မိုးကောင်းကင်ယံအတွင်း၌...
မကြာမီမှာပင် ရာသီဥတုပြန်လည်ကြည်လင်သွားကာ မည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့သည့်အလားပင်။
"တော်တော်လေး အရည်အချင်းရှိသားဘဲ"
လုပမ်ဝေက အဝေးတစ်နေရာသို့ကြည့်ကာ အေးစက်စက်ပြုံးလိုက်သည်။
"အစ်ကိုကြီး....အစ်ကိုကြီး....ခုဏက ဘာဖြစ်သွားတာလဲ..သူ သေသွားပြီလား"
ထိုအခြင်းအရာကိုကြည့်ပြီး သူ့၏နောက်ရှိကင်းခြေမျှားနှင့်ဝက်ဝံနက်တို့က အလျှင်အမြန်မေးမြန်းသည်။
"မသေသေးဘူး"
"ဒါဆိုရင် လိုက်ဖမ်းကြမလား"
"ထားလိုက်တော့...ဒါက ပြဿနာမရှိဘူး... ဘယ်လိုပဲဖြစ်ဖြစ် သူက မသန်မစွမ်းဖြစ်သွားပြီ"
လုပမ်ဝေက တည်ငြိမ်စွာပြောဆိုသည်။
ဤအချိန်အခိုက်အတန့်တွင် သွေးနီရောင်လေဟာနယ်အတွင်း၌ မုန်တိုင်းအတွင်းရှိပင်လယ်ကြီးအလား သွေးရောင်အခိုးအငွေ့များတဝုန်းဝုန်းထနေကာ အလွန်အမင်းမတည်မငြိမ်ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ဆက်တိုက်ထွက်ပေါ်လာပေ၏။
ဤကဲ့သို့မတည်ငြိမ်သောအခြေအနေအတွင်းတွင် မျက်နှာဖုံးစွပ်လူ ဒူးထောက်နေသော မြေပြင်တပြင်လုံး တုန်ခါနေသည်။ သူ့၏ခန္ဓာကိုယ်သည် အချိန်မရွေးပေါက်ကွဲသွားတော့မည်ပုံပင်။
"အဲ့ဒီအရိုးစုက အင်မော်တယ်မြစ်ကုန်းမြေပေါ်ကို ဘယ်နေရာကနေ ရောက်လာတာလဲ"
"သူက အရင်ခေတ်ကလူများ ဖြစ်နေမလား"
"မဖြစ်နိုင်ဘူး...အရင်ခေတ်ကာလတုန်းက ဒီလိုလူစားမျိုး မရှိခဲ့ဘူး...သူက ဘယ်လိုနေရာမျိုးကနေ ရောက်လာတာလဲ"
အချိန်အတော်အတော်ကြာပြီးချိန်တွင် နောက်ဆုံး၌ နာကျင်မှုအပြည့်ဖြင့် မလိုလားသောအသံတစ်သံက အနည်းငယ်တည်ငြိမ်စပြုလာသော သွေးနီရောင်လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။
"ဖျက်ဆီးခြင်းအရှင်...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော်က အတင့်ရဲပြီး မေးလို့ရမလား"
မြေပြင်ပေါ်၌ ဝပ်တွားနေသော မျက်နှာဖုံးစွပ်လူက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
"အဲ့ဒီအနက်ရောင်ဝတ်စုံဝတ်လူက ငါ့ရဲ့လက်ကို ရိုက်ချိုးသွားခဲ့တယ်"
"ဘာ...."
မျက်နှာဖုံးစွပ်လူသည် အံ့အားသင့်တုန်လှုပ်သွားပြီး သူ့၏မျက်လုံးများပြူးကျယ်သွားကာ သူ့၏မျက်လုံးအိမ်များ ကျွတ်ထွက်တော့လုမတတ်ပင်။
"ပြဿနာမရှိပါဘူး"
"ဘာမှ ထိတ်လန့်ကြောက်ရွံ့နေစရာ မလိုဘူး"
တဖြည်းဖြည်းနှင့် ထိုအသံသည် တည်ငြိမ်မှုကိုပြန်လည်ရရှိသွားပေ၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါနိုးထလာတာ မကြာသေးတာကြောင့်...ငါ့ရဲ့ခွန်အားတွေ အပြည့်အဝပြန်မရသေးဘူး..အစွမ်းထက်တဲ့ရန်သူနှစ်ယောက်ရှိနေတာက ကိစ္စတွေဆောင်ရွက်တဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာလိမ့်မယ်"
"စကားမစပ်....မင်း ဒုန်ရှန်းကျိုးနယ်မြေကနေ စုန်းနတ်ဆိုးရဲ့ကပ်ဘေးကိုရခဲ့လား"
"ဖျက်ဆီးခြင်းအရှင်ကို သတင်းပို့ပါတယ်..အဲ့ဒီပစ္စည်းကိုရခဲ့တာအချိန်အတော်ကြာနေပါပြီ"
မျက်နှာဖုံးစွပ်လူသည် သူ့၏သိုလှောင်လက်စွပ်အတွင်းမှနေ၍ လက်ရာမြောက်သောသေတ္တာတစ်လုံးကိုထုတ်ယူကာ သူ့၏လက်နှစ်ဖက်ဖြင့်ရိုရိုသေသေ ဆက်သလိုက်သည်။
သွေးနီရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ ထိုသေတ္တာကို လေဟာနယ်အတွင်းသို့ ဆွဲယူပြီးနောက် ပျောက်ကွယ်သွားတော့သည်။
သို့ရာတွင် အချိန်တိုအတွင်းမှာပင်.....
"အား..."
"သောက်ချေးပဲ"
ယခင်ထက် ပို၍မတည်ငြိမ်သောအသံများက သွေးနီရောင်လေဟာနယ်အတွင်းမှ ထွက်ပေါ်လာပေ၏။
ထို့နောက် ဖရိုဖရဲဖြစ်နေမှုများသည် တဖန်ထပ်၍ လှိုင်းထန်သွားလေပြီ။
......
မြောက်ပင်လယ်ကုန်းမြေ
ချင်းနျူဂိုဏ်း....
ကျူးရှစ်ကွမ်းသည် ဟောင်းနွမ်းစုတ်ပြတ်နေသော ချင်းနျူခန်းမအတွင်း၌ ခေါက်တုံ့ခေါက်ပြန်လျှောက်လှမ်းနေသည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် အမှန်တကယ်ကို အလွန်အမင်းစိုးရိမ်ပူပန်နေပေ၏။
ရက်အနည်းငယ်အတောအတွင်းတွင် ချင်းနျူဂိုဏ်းကို အကဲဖြတ်မှုခံယူရမည့်နေ့သို့ ရောက်ရှိတော့ပေမည်။ ထိုကိစ္စအတွက် သူသည် သေမျိုးနှစ်ယောက်ကိုလှည့်စား၍ ပြင်ဆင်မှုများ လုံလောက်စွာပြုလုပ်ပြီးလေပြီ။
သို့ရာတွင် သောက်ရေးမပါသည်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြင့် အပြင်စည်းတပည့်တစ်ယောက်သည် အနောက်ဘက်ခြံဝင်းအတွင်း၌ လဲကျပြီးသေဆုံးသွားသောသတင်းကို သူ ရရှိခဲ့သည်။
ဤသည်မှာ သူ့ကို အလွန်အမင်းစိုးရိမ်သွားစေခဲ့သည်။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်"
ထိုအချိန်မှာပင် တပည့်တစ်ယောက်က ပျာပျာသလဲ အပြေးဝင်လာခဲ့သည်။
"ဘာကိစ္စ ထပ်ဖြစ်ပြန်ပြီလဲ"
ကျူးရှစ်ကွမ်းက စိတ်မရှည်စွာဖြင့်အော်ဟစ်လိုက်၏။
"ဟန်ထျန်းဓားအိမ်တော်ကနေ....ပစ္စည်းတွေနဲ့စာတစ်စောင်ကို ကျနော်တို့ ချင်းနျူဂိုဏ်းဆီ ပို့လိုက်ပါတယ်"
ထိုတပည့်က သိုလှောင်လက်စွပ်တစ်ကွင်းကိုဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေသည်။
"သောက်ကျိုးနည်း....."
"ဟန်ထျန်းဓားအိမ်တော်ကလား"
ကျူးရှစ်ကွမ်းသည် သိုလှောင်လက်စွပ်ကိုဖွင့်ကြည့်လိုက်ရာ အတွင်း၌ ရတနာများဆေးလုံးများစသဖြင့် ရေတွက်၍ပင်မရနိုင်အောင်များပြားသော ပစ္စည်းအမျိုးမျိုးပါဝင်သည်။
သူသည် အချိန်တစခဏခန့် ကြက်သေသေသွားသည်။
မည်သည်ကြောင့် ဟန်ထျန်းဓားအိမ်တော်သည်သူ့ထံသို့ ဤပစ္စည်းများကို ပို့လိုက်သနည်း။
သို့ရာတွင် သူ့၏စိတ် ဗလာဟင်းလင်းဖြစ်နေစဉ်မှာပင် နောက်ထပ်တစ်ပည့်သုံးယောက်က ထပ်မံ၍ပြေးဝင်လာသည်။
"သတင်းပို့ပါတယ်...ထိုက်ရီတောင်ကြားကပစ္စည်းတွေနဲ့စာတစ်စောင် ပေးပို့လိုက်ပါတယ်"
"သတင်းပို့ပါတယ်...ထန်းလုံတောင်ကြားကလည်း ပစ္စည်းတွေနဲ့စာတစ်စောင် ပေးပို့လိုက်ပါတယ်"
"သတင်းပို့ပါတယ်...ချန်းဟိုင်တောင်ကလည်းပဲ......"
ထိုသိုလှောင်လက်စွပ်များကို ဖွင့်လိုက်ချိန်တွင်......
တောက်ပနေသောရတနာများ တောင်ပုံရာပုံ ထွက်ပေါ်လာပေ၏။
သူသည် စာများကို ဖွင့်ဖတ်ကြည့်ချိန်တွင် မဟာဂိုဏ်းကြီးလေးဂိုဏ်းလုံးသည် သူ့၏ချင်းနျူဂိုဏ်းအပေါ် စိတ်စေတနာကောင်းများကို ဖော်ပြထားကြသည်။
ဥပမာအနေဖြင့် ဂိုဏ်းနှစ်ဂိုဏ်းကြားဆက်ဆံရေး အပြန်အလှန်မှီခိုမှု ထိမ်းမြားလက်ထပ်ခြင်း အစရှိသဖြင့်....
အလွန်ကဲဆုံးမှာ ဟန်ထျန်းဓားအိမ်တော်ဖြစ်ပြီး သူတို့၏တပည့်များအနက် တစ်ယောက်၏အဖိုးဘက်မှသားဖြစ်သူ၏ သွေးဝေးဆွေမျိုးဦးလေးဝမ်းကွဲတစ်ယောက်သည် တစ်ချိန်က ချင်းနျူဂိုဏ်း၏အပြင်စည်းတပည့်တစ်ယောက် ဖြစ်ခဲ့ကြောင်းကိုပင် ဆွေမျိုးစပ်လာခဲ့သည်။ ဤဆက်ဆံရေးသည် ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ကာ ဂိုဏ်းနှစ်ဂိုဏ်းအကြားတွင် သွေးထက်ပျစ်သောဆက်ဆံရေးမျိုးရှိကာ ပို၍နီးစပ်သောဆွေမျိုးများဖြစ်လာစေရန် မျိုးဆက်ပေါင်းများစွာ ခင်မင်ရင်းနှီးစွာနေရမည်ဟုပင်ပါရှိသည်။
ကျူးရှစ်ကွမ်းသည် ကြက်သေသေသွားလေ၏။
သူသည် အသိဝင်လာပြီးနောက် သူ့ကိုယ်သူ ပါးနှစ်ချက်ဖြတ်ရိုက်လိုက်သော်လည်း အိမ်မက်မက်နေခြင်းမဟုတ်ကြောင်း သူ ရှာဖွေတွေ့ရှိလိုက်ရသည်။
သို့ရာတွင် သူ မည်သို့ပင် စဥ်းစားတွေးတောပါစေ မဟာဂိုဏ်းကြီးလေးဂိုဏ်းသည် မည်သည်ကြောင့် သူ့၏နဝမအဆင့် ဂိုဏ်းငယ်လေးအပေါ် ရုတ်တရက် စေတနာကောင်းများ ပြသလာသည်ကို သူ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
ဆွေမျိုးစပ်ရန်မဆိုထားနှင့် ထိုလူများသည် ယခင်က သူတို့ဂိုဏ်းကို စေ့စေ့ပင်ကြည့်ခြင်းမပြုချေ။
ထိုအချိန်မှာပင် တခြားတပည့်တစ်ယောက်က သတင်းတစ်ခုကို သယ်ဆောင်လာသည်။
"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်....လူအိုကြီးတစ်ယောက်က ကျွန်တော်တို့ချင်းနျူဂိုဏ်းကို ဝင်ချင်တယ်လို့ တောင်းဆိုနေတယ်"
Chapter 438
"လူအိုကြီးတစ်ယောက်လား"
ကျူးရှစ်ကွမ်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
သာမာန်အားဖြင့် သူသည် မည်သူကိုမျှ လှည့်စားနိုင်ခြင်းမရှိချေ။ အကယ်၍ သူသည် လူတချို့ကို တောင်ပေါ်သို့ အတင်းအကြပ်ဖမ်းခေါ်လာခဲ့လျှင်ပင် သူတို့သည် ထွက်ပြေးသွားကြပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လူအိုကြီးတစ်ယောက်သည် ဂိုဏ်းအတွင်းသို့ဝင်ရောက်ရန် ရုတ်တရက်ရောက်ရှိလာခြင်းမှာ အလွန်ထူးဆန်းနေသည်။
သို့ရာတွင် ဤလူအိုကြီး၏ရောက်ရှိလာမှုသည် သေဆုံးသွားသောတပည့်နေရာ၌ ဖြည့်တင်းနိုင်မည်ကို တွေးတောမိသဖြင့် ကျူးရှစ်ကွမ်းက သူ့၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။
"ကောင်းပြီ...ကောင်းပြီလေ...လူအိုကြီး ဖြစ်နေပါစေ...အဲ့ဒီလူအိုကြီးကို အရင်ဆုံးဝင်လာခိုင်းလိုက်တော့"
"ဟုတ်ကဲ့"
ထိုတပည့်က အလျှင်အမြန် နောက်သို့ပြန်ပြေးသွားတော့သည်။
ထို့နောက် သူ့၏ဦးဆောင်မှုအောက်တွင်အသက်ငါးဆယ်အရွယ်ခန့်ရှိသော လူကြီးတစ်ယောက်ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
"ဘေးမှာခဏလောက်စောင့်နေအုံး....ဒီဂိုဏ်းချုပ်မှာ ဖြေရှင်းစရာကိစ္စတချို့ရှိနေတယ်"
ကျူးရှစ်ကွမ်းကပြောဆိုကာ သူ့၏လက်တွင်းရှိစာကို ငုံကြည့်နေလေ၏။
ဤလူအိုကြီးကိုစကားပြောရန်နှင့် နှိုင်းယှဉ်ပါက ထိပ်သီးဂိုဏ်းကြီးလေးဂိုဏ်းထံမှ ရုတ်တရက်ပေးပို့လိုက်သော စာများနှင့်အထောက်အပံ့ပစ္စည်းများသည် ပို၍အရေးကြီးသည်မှာ သိသာထင်ရှားသည်။
ထိုစကားကိုကြားချိန်တွင် တပည့်ဖြစ်သူသည်နောက်သို့ပြန်ဆုတ်သွားကာ လူအိုကြီးသည်နံဘေးတစ်နေရာ၌ ရပ်စောင့်နေသည်။
ခန်းမအတွင်း၌ ကျူးရှစ်ကွမ်းသည် သူ့၏လက်အတွင်းမှ စာရွက်များကိုလှန်လှော၍ ဖတ်ရှုနေသည့်အသံများသာ ထွက်ပေါ်နေသည်။
အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူသည် ဂိုဏ်းကြီးလေးဂိုဏ်းမှပစ္စည်းများ ရုတ်တရက်ရောက်ရှိလာမှု၏ နောက်ကွယ်မှအဓိပ္ပါယ်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးချေ။ သူသည် ထိတ်ထိတ်ပျာပျာဖြင့် ထိုစာများကို နံဘေးတစ်ဖက်သို့ ဖယ်ရှားလိုက်၏။
လူအိုကြီးသည် စောင့်ဆိုင်းနေဆဲဖြစ်သည်ကို သူ အမှတ်ရသွားသဖြင့် သူ့၏နံဘေးရှိ လဖက်ရည်ခွက်ကိုကိုင်၍ သူ့၏ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်သည်။
"အိုး ဘုရားရေ"
သူ့၏ခေါင်းကိုမော့လိုက်စဉ်တွင် ချက်ချင်းအံအားသင့်တုန်လှုပ်သွားကာ သူ့၏လက်အတွင်းရှိလက်ဖက်ရည်ခွက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"ကျန်းဟန်ထျန်း...မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"
ဤအချိန်အခိုက်အတန့်တွင် ကျူးရှစ်ကွမ်း၏ခန္ဓာကိုယ်မှ ဇောချွေးများစီးကျလာကာ သူ လျှာစေးမိနေသည်အလားပင်။
ချင်းနျူဂိုဏ်းသည် ယနေ့တွင် ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ကို ဆီးကြိုနှုတ်ဆက်ရမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။ ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်သည် သူ့၏ချင်းနျူဂိုဏ်းသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာလေပြီ။
ထို့ပြင် ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်သည် သူ့အား အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည်။
နောက်ဆက်တွဲဖြစ်လာနိုင်သော ဒေါသကို တွေးတောမိချိန်တွင် ကျူးရှစ်ကွမ်းသည် သူ့၏ဦးရေပြား ထုံကျင်လာသည်ကို ခံစားမိလေ၏။ သူ့၏ခြေထောက်များ ပျော့ခွေသွားကာ အလျင်စလိုတောင်းပန်ရန်အတွက် သူ ဒူးထောက်မိတော့လုနီးပါးပင်။
သို့ရာတွင်....
ကျန်းဟန်ထျန်းထံတွင် မည်သည့်အပြစ်တင်လိုမှုအရိပ်အယောင်မျိုးမျှ ရှိမနေချေ။ ထိုအစား သူသည် ကျူးရှစ်ကွမ်းကို ဦးညွှတ်အရိုအသေပြုကာ ကျယ်လောင်စွာအော်ဟစ်ရယ်မောလေသည်။
"ဟား ဟား ဟား ဟား...ဂိုဏ်းချုပ်ကျူး...မင်းက တကယ့်ကို အရမ်းယဉ်ကျေးတာပဲ....ငါတို့ရဲ့ဂိုဏ်းနှစ်ဂိုဏ်းက မိသားစုတွေလိုမျိုး ရင်းနှီးနေတာလေ....ဒါကြောင့် မင်းကို အချိန်ခဏစောင့်ရတာက ဖြစ်သင့်တဲ့ကိစ္စပါပဲ"
ကျန်းဟန်ထျန်း၏ယဉ်ကျေးသိမ်မွေ့နေမှုသည် ကျူးရှစ်ကွမ်းကို အံ့အားသင့်ကာ ဇဝေဇဝါဖြစ်သွားစေသည်။
ဤကဲ့သို့လူစားမျိုးသည်သူတို့၏ဂိုဏ်းသို့လာရန်မဆိုထားနှင့် ချင်းနျူဂိုဏ်းချုပ်ဖြစ်သော သူပင်လျှင် ဟန်ထျန်းဓားအိမ်တော်ဂိုဏ်းချုပ်ကို အဝေးမှသာ တွေ့မြင်ခဲ့ဖူးသည်။
သူတို့သည် အနည်းငယ်မျှပင် အဆင့်တူအတွင်း၌ရှိမနေချေ။
ထို့ကြောင့်....
ကျန်းဟန်ထျန်း ပို၍ယဉ်ကျေးသိမ်မွေ့လေးလေလေ ကျူးရှစ်ကွမ်းသည် ပို၍ထိတ်ထိတ်ပျာပျာဖြစ်လာလေလေပင်။
သူက တုန်တုန်ရီရီဖြင့် မေးမြန်းလိုက်၏။
"ဂိုဏ်းချုပ်ကျန်း....ကျေးဇူးပြုပြီးတော့ ငါ့ကို မကျီစားပါနဲ့....မင်းလို ထိပ်သီးတည်ရှိမှုကြီးတစ်ခုက ငါတို့ချင်းနျူဂိုဏ်းကို ဝင်ချင်တယ်ဆိုတာဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
သို့ရာတွင်....
ကျူးရှစ်ကွမ်း၏စကား အဆုံးမသတ်သေးမီမှာပင် အော်ဟစ်ရယ်မောသံတစ်သံက ပြင်ပမှထွက်ပေါ်လာသည်။
"ကျန်းဟန်ထျန်းက ဘယ်လိုမျိုး ထိပ်သီးတည်ရှိမှုမလို့လဲ...တကယ်လို့ ဂိုဏ်းချုပ်ကျူးက သူ့ကို ချင်းနျူဂိုဏ်းထဲ ဝင်ခွင့်မပြုဘူးဆိုရင် ပိုတောင်ကောင်းအုံးမယ်"
ထိုအသံနှင့်အတူ တခြားပုံရိပ်တရိပ်တစ်ရိပ်က ချင်းနျူခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
အသစ်ရောက်ရှိလာသူကိုကြည့်ပြီး ကျမ်းဟန်ထျန်း၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားကာ သူက အသံနက်ကြီးဖြင့်မေးမြန်းသည်။
"မင်း ဒီနေရာကို ဘာလာလုပ်တာလဲ"
"ဟမ့်....မင်းတောင်လာလို့ရမှတော့ ငါက ဘာလို့မရရမှာလဲ"
ခန်းမအတွင်းသို့ရောက်ရှိလာသော ဧည့်သည်သည် ကျန်းဟန်ထျန်းကို မျက်စောင်းထိုးကြည့်လိုက်၏။ ထိုနောက် သူသည် ရင်းနှီးဖော်ရွေသောအပြုံးဖြင့် ကျူးရှစ်ကွမ်းထံသို့ ချဉ်းကပ်သွားကာ သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ယဉ်ကျေးသိမ်မွေ့စွာပြောဆိုသည်။
"ဂိုဏ်းချုပ်ကျူးကို အရိုအသေပြုပါတယ်"
"ဘယ်သူလဲ...မင်းက ဘယ်သူလဲ"
ကျူးရှစ်ကွမ်း၏နှုတ်ခမ်းများ တုန်ရီနေကာ သူက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ငါက အနှောင့်အယှက်ပေးမိတဲ့အတွက် ဂိုဏ်းချုပ်ကျူးကို တောင်းပန်ပါတယ်...ငါက လီချန်းဟိုင်ပါ"
ထိုလူက အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။
"လီ...."
"ချန်းဟိုင်လား...."
ကျူးရှစ်ကွမ်းသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် နောက်ဆုတ်လိုက်ကာ ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ထိုလူနှစ်ယောက်ကို စူးစိုက်ကြည့်ပြီး သူ အလွန်အမင်းစိတ်ရှုပ်ထွေးသွားသည်။
ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း.....
သူ့၏မထင်မရှား ချင်းနျူဂိုဏ်းသို့ မမျှော်လင့်ဘဲ နောက်ထပ်ထိပ်သီးတည်ရှိမှုကြီးတစ်ယောက် ရောက်လာခဲ့သည်။
သို့ရာတွင် သူသည် လီချန်းဟိုင်ကို မနှုတ်ဆက်ရသေးမီမှာပင် အလင်းတန်းနှစ်တန်းပျံသန်းလာကာ ချင်းနျူဂိုဏ်း၏ပြင်ပ၌ ဆင်းသက်လိုက်ကြ၏။
"ကျန်းဟန်ထျန်း လီချန်းဟိုင်....နင်တို့ သက်ကျားအိုကြီးနှစ်ကောင် ရောက်လာတာတော်တော်လေးမြန်တာပဲ"
"ကံကောင်းပြီးတော့ ငါတို့က အမှီလိုက်နိုင်ခဲ့တယ်...မဟုတ်ရင် မင်းတို့တွေကပဲ အခွင့်ကောင်းကို ရယူသွားနိုင်လိမ့်မယ်"
နောက်ဆုံး၌ အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့သည် ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
"မင်းတို့တွေက...."
ယခုရောက်ရှိလာသူနှစ်ယောက်သည် ကျန်းဟန်ထျန်းနှင့်လီချန်းဟိုင်တို့ကို ဤကဲ့သို့လေသံမျိုးဖြင့် စကားပြောဆိုသည်ကိုကြည့်ပြီး သူ့၏မျက်ခွံများ တဆတ်ဆတ်လှုပ်သွားသည်။ အတင့်ရဲသောခန့်မှန်းချက်တစ်ခုက သူ့စိတ်အတွင်း၌ထွက်ပေါ်လာသော်လည်း သူသည် အတိအကျပ် ပြောဆိုဝံ့ခြင်း မရှိသောကြောင့် ကူကယ်ရာမဲ့စွာဖြင့် ထုတ်ဖော်မေးမြန်းလိုက်၏။
သူ မေးမြန်းလိုက်စဉ်မှာပင် ထိုအမျိုးသားနှင့်အမျိုးသမီးတို့သည် သူ့ထံသို့ လျှောက်လှမ်းလာကာ သူ့၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။
"လျှူကူရီက ဂိုဏ်းချုပ်ကျူးကို အရိုအသေပြုပါတယ်"
"ယွင်ထန်းလုံက ဂိုဏ်းချုပ်ကျူးကို နှုတ်ဆက်ပါတယ်"
ကျူးရှစ်ကွမ်းသည် သတိလစ်မေ့မျောကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဤကဲ့သို့ထိတ်လန့်တုန်လှုပ်မှုသည်သူ့အတွက်လွန်စွာကြီးမားပေ၏။
သူ့၏ချင်းနျူဂိုဏ်းမှ သိုင်းဘုရင်နယ်ပယ်ဘိုးဘေးပင်လျှင် အကယ်၍ သူ့၏အုတ်ဂူအတွင်းမှခုန်ထလာပါက ယနေ့ကဲ့သို့ မဟာဂိုဏ်းချုပ်လေးယောက် သူ့၏ချင်းနျူဂိုဏ်းအတွင်း၌ စုဝေးနေမည်ဟု မျှော်လင့်ထားမိမည်မဟုတ်ချေ။
တစ်ခုသိထားရမည်မှာ ကျူးရှစ်ကွမ်းသည် သိုင်းဝိညာဥ်နယ်ပယ်ကျင့်ကြံသူလေးတစ်ယောက်ပင်။
သို့ရာတွင် သူ့ရှေ့ရှိ လူလေးယောက်လုံးသည် သိုင်းအင်ပါယာနယ်ပယ် တည်ရှိမှုကြီးများဖြစ်ကာ သူတို့၏ခြေထောက်တစ်ဖက် ဆောင့်နင်းရုံမျှဖြင့် မြောက်ပင်လယ်ကုန်းမြေတခွင်လုံးကို တုန်ခါစေနိုင်စွမ်းရှိသောလူများဖြစ်သည်။
သူတို့အကြားမှ ကွာဟချက်သည် အမှန်တကယ်ကို အလွန်ကြီးမားပေ၏။
ကျူးရှစ်ကွမ်း သတိပြန်ရလာချိန်တွင် ဂိုဏ်းချုပ်လေးယောက်သည် သူ့အား ဝိုင်းရံထားကာ အမျိုးမျိုးသော စိုးရိမ်ပူပန်မှုများကိုဖော်ပြနေကြကြောင်း သူ တွေ့မြင်လိုက်ရသည်။
"ဂိုဏ်းချုပ်ကျူး....မင်း အဆင်ပြေရဲ့လား"
"ဂိုဏ်းချုပ်ကျူး....ဖြစ်နိုင်တာတော့ မင်း ပင်ပန်းနွမ်းနယ်နေတာများလား"
"ဒါပေမဲ့ အဲ့ဒါက ပြဿနာမရှိပါဘူး...ငါ့မှာ ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံး ပါလာတယ်...တကယ်လို့ ဂိုဏ်းချုပ်ကျူးက ဒါကိုသောက်လိုက်မယ်ဆိုရင် မင်းရဲ့ဝေဒနာတွေ ပျောက်ကင်းသွားလိမ့်မယ်"
"မင်းရဲ့ အစုတ်အပြတ်ဧကရာဇ်အဆင့်ဆေးလုံးကို ဘေးဖယ်ထားလိုက်စမ်း...ငါ့ဆီမှာ ပိုပြီးကောင်းတဲ့ သူတော်စင်အဆင့်ဆေးလုံးတစ်လုံးရှိနေတယ်"
ဂိုဏ်းချုပ်လေးယောက်၏ အလွန်အကျွံစိတ်အားထက်သန်နေမှုကိုကြည့်ပြီး ကျူးရှစ်ကွမ်းသည် ဤအချိန်အခိုက်အတန့်တွင် ထိတ်လန်ကြောက်ရွံ့ခြင်းမရှိတော့ချေ။ ထိုအစား သူသည်စိုးရိမ်ပူပန်မှုကြောင့် တုန်ရီနေသည်။
"မဟာဂိုဏ်းချုပ်တို့....ငါ့ကို ဆက်ပြီးမကျီစားကြပါနဲ့....မင်းတို့မှာ ဘာကိစ္စတွေရှိနေတာလဲ...ငါ့ကို ပွင့်ပွင့်လင်းလင်းပြောကြပါ"
ကျူးရှစ်ကွမ်းက စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းကာ သူ့၏အသံတွင် ငိုသံစွက်နေသည်။
"ဂိုဏ်းချုပ်ကျူး...မင်း ဘာတွေပြောနေတာလဲ... ငါတို့က မင်းရဲ့မြင့်မြတ်တဲ့ဂိုဏ်းထဲကိုဝင်ဖို့ သဘောရိုးနဲ့လာခဲ့တာပါ"
"အမှန်ပဲ...အခုချိန်ကစပြီး ငါတို့လေးယောက်လုံးက ဂိုဏ်းချုပ်ကျူးရဲ့ဦးဆောင်မှုအောက်ကို ရောက်သွားပြီ"
ကျူးရှစ်ကွမ်း၏ဦးရေပြားများ ထုံကျင်လာသည်။
"မင်းတို့ အတည်ပြောနေတာလား"
"အမှန်ပဲ"
သူတို့လေးယောက်လုံး တညီတညွတ်တည်း တုံ့ပြန်အဖြေပေးသည်။
ကျူးရှစ်ကွမ်းသည် စိတ်လှုပ်ရှားနေမှုကို မျိုသိပ်ကာ သူ့၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်၏။
ထို့နောက် သူသည် မဟာဂိုဏ်းချုပ်လေးယောက်ကို တည်ကြည်လေးနက်စွာကြည့်ကာ ဝန်လေးစွာဖြင့် ဤအိမ်မက်နှင့်တူသောလက်တွေ့ဖြစ်ရပ်မှန်ကို သူ လက်ခံလိုက်တော့သည်။
"ဒါဆိုရင် ငါက မင်းတို့လေးယောက်အတွက် ငါ့ရဲ့ချင်းနျူဂိုဏ်းထဲမှာ....ဘယ်လိုရာထူးနေရာမျိုးတွေကို စီစဉ်ပေးရမလဲ"
"အကြီးအကဲ ဒါမှမဟုတ် လက်ထောက်ဂိုဏ်းချုပ်တွေလား"
ကျူးရှစ်ကွမ်းက သတိကြီးစွာထား၍ မေးမြန်းသည်။
သူသည် ဤမဟာဂိုဏ်းချုပ်လေးယောက်၏ အစစ်အမှန်ရည်ရွယ်ချက်ကို မသိရှိသော်လည်း သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူတို့အတွက် ရာထူးနေရာများကို စီစဉ်ပေးရပေမည်။
"အိုး ဂိုဏ်းချုပ်ကျူး...ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး...ငါတို့ကို အစေခံတပည့်တွေအဖြစ်ပဲ သတ်မှတ်ပေးပါ"
ကျန်းဟန်ထျန်းက အပြုံးနှင့်ပြောဆိုသည်။
"အမှန်ပဲ...ငါတို့က အစေခံတပည့်တွေဖြစ်ချင်ရုံလေးပဲ"
တခြားလူများသည်လည်း ထောက်ခံလိုက်ကြကာ သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်စောင့်စားခြင်းများဖြင့် ပြည်နှက်နေသည်။
ကျူးရှစ်ကွမ်းသည် တဖန်ထပ်၍ ကြက်သေသေသွားလေ၏။
ဤလူလေးယောက်၏မျက်လုံးများ အရောင်လက်နေမှုသည် မည်သည်ကြောင့်ဖြစ်သနည်း။
ဤသည်မှာ စိတ်အားထက်သန်မှုမဟုတ်လော....
အမှန်တကယ်ကိုပင် ထိုလူလေးယောက်၏မျက်လုံးများအတွင်း၌ ချင်းနျူဂိုဏ်း၏ အစေခံတပည့်များဖြစ်လိုသော စိတ်အားထက်သန်နေမှုများကို သူ မြင်တွေ့နေရသည်။
"အိုး ဘုရားရေ"
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
မြောက်ပင်လယ်ကုန်းမြေ၏ မဟာဂိုဏ်းကြီးလေးဂိုဏ်းမှ ဂိုဏ်းချုပ်များသည် သူ့၏နိမ့်ကျသောဂိုဏ်းအတွင်း၌ အစေခံတပည့်များဖြစ်ရန် ဆန္ဒရှိနေကြသည်။ အကယ်၍ ဤသတင်းသာပျံ့နှံ့သွားပါက သေဆုံးသွားခဲ့ပြီဖြစ်သော၏ဘိုးဘေးများပင်လျှင် ထိတ်လန့်တုန်လှုပ်သွားပေမည်။
သူ့၏စိတ် ဗလာဟင်းလင်းဖြစ်နေစဉ်မှာပင် သိုလှောင်လက်စွပ်များကို သူ့ထံသို့ လက်ကမ်းပေးနေကြသည်ကို သူ မြင်တွေ့လိုက်ရသည်။
"ဂိုဏ်းချုပ်ကျူး....ကျေးဇူးပြုပြီး ဒါတွေကိုလက်ခံပေးပါအုံး"
"အမှန်ပဲ...မင်း နားလည်သဘောပေါက်မယ်လို့ငါတို့ မျှော်လင့်မိတယ်"
"ဒါက လက်ဆောင်ငယ်လေးတွေပါ...ဘာမှ ယဉ်ကျေးနေစရာမလိုဘူး"
သူ၏လက်အတွင်းသို့ ရောက်ရှိလာသော သိုလှောင်လက်စွပ်လေးကွင်းကိုကြည့်ပြီး ကျူးရှစ်ကွမ်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဤသည်မှာ...
လက်ဆောင်တခုဟုဆိုသလော....
ကျူးရှင်ကွမ်းသည် လုံးလုံးလျားလျားဆွံ့အသွားကာ သူ့၏နှလုံးသွေးကြောများဖရိုဖရဲဖြစ်လာမှုကို ခံစားရသဖြင့် ဘုန်းခနဲမြည်သံနှင့်အတူတူ သူ လဲကျသွားတော့သည်။
Chapter 439
နေဝင်ချိန်၏ ခပ်ဖျော့ဖျော့အလင်းရောင် ဖြာကျလာခြင်းနှင့်အတူ မြူဆိုင်းသောရွှေရောင်အလင်းတန်းများ ကျရောက်လာသည်။ ဤသည်မှာ မြေပြင်ကို ရွှေရောင်အလွှာတစ်လွှာဖြင့် လွှမ်းခြုံထားသည့်အလားပင်။
ခြံဝန်းအတွင်း၌....
ရီဖုန်းသည် ယွင်ဝူနှင့် ကျားကစားနေသည်။
"အစ်ကိုရီဖုန်း ငါ နင့်ကို ပြောစရာရှိတယ်...အခုလတ်တလောမှာ ဂိုဏ်းထဲကို လူအိုကြီးတချို့ဝင်လာပြီးတော့ အဲ့ဒီနေရာက သစ်တောတွေထဲမှာနေတယ် ...သူတို့က ငါတို့ရှိနေတဲ့နေရာကိုအမြဲတမ်း ချောင်းကြည့်နေကြတယ်...သူတို့က လူကောင်းတွေမဟုတ်ဘူးလို့ ငါ ပြောနိုင်တယ်"
ယွင်ဝူက လေသံတိုးတိုးဖြင့် ရီဖုန်းကိုပြောဆိုသည်။
"အမှန်ပဲ...ငါလည်း သူတို့ကို သတိထားမိတယ်"
ရီဖုန်းက သူ၏လက်အတွင်း၌ ကျားစေ့တစ်စေ့ကိုကိုင်ပြီး အလေးအနက်ထားသောလေသံဖြင့်ပြောဆိုသည်။
"သူတို့က လူကောင်းတွေမဟုတ်တာ သေချာတယ်"
"သူတို့က ချောင်းကြည့်နေတဲ့ လူပေါက်သောက်တွေလို့ ငါ ခံစားရတယ်...တကယ်လို့ နင် ငါပြောတာကို မယုံဘူးဆိုရင် တစ်ချက်ကြည့်လိုက်အုံး”
ယွင်ဝူက တီးတိုးပြောဆိုလိုက်၏။
ထိုစကားကို ကြားချိန်တွင်....
ရီဖုန်းက ထိုနေရာသို့ မသိမသာစောင်းငဲ့၍ကြည့်လိုက်သည်။
တိကျသေချာစွာပင်....
အမျိုးသားသုံးယောက်နှင့်အမျိုးသမီးတစ်ယောက်သည် မနီးမဝေးရှိ သစ်ပင်များအကြားတွင် တဝဲလည်လည်လုပ်နေကာ ပတ်ဝန်းကျင်၌ လှည့်လည်သွားလာနေယောင်ဆောင်ပြီး ဤနေရာသို့ ခိုးကြောင်ခိုးဝှက်ကြည့်နေကြလေ၏။
"တကယ့်ကို ငါတို့ အရင်က တွေးထင်ထားသလိုမျိုးပဲ....ဒီမြင့်မြတ်တဲ့စီနီယာက ဒီနေရာကိုရောက်လာတာ ဘဝရဲ့အတွေ့အကြုံကို ယူဖို့ပဲဖြစ်မယ်"
"ဒါဆိုရင် သူက ချင်းနျုဂိုဏ်းလိုမျိုးသေးငယ်တဲ့ဂိုဏ်းကို ဘာလို့ဝင်ခဲ့လဲဆိုတာ ဖြေရှင်းနိုင်သွားပြီ...သူက ဘဝရဲ့အတွေ့အကြုံကိုယူပြီးတော့ သေမျိုးလူသားတွေကြားမှာ ကစားချင်နေတာပဲ"
"ကံကောင်းထောက်မာပြီးတော့ ငါတို့က ကျင့်ကြံဆင့်စွမ်းအားတွေကို မဖော်ထုတ်ခဲ့မိဘူး... ဒီနည်းလမ်းနဲ့ ငါတို့က သေမျိုးတွေလိုဟန်ဆောင်ပြီးတော့ စီနီယာရဲ့အနားကို ချဉ်းကပ်နိုင်လိမ့်မယ်...ဒါဆိုရင် ငါတို့ကြားကဆက်ဆံရေးတည်ဆောက်တာ ပိုပြီးလွယ်ကူသွားလိမ့်မယ်"
"ဟမ့်...ငါတို့ရဲ့ကျင့်ကြံဆင့်အခြေခံတွေကို သူ့ရှေ့မှာ ဖုံးကွယ်ထားတာက အရေးမကြီးဘူး...သူက ငါတို့ဘယ်သူတွေလဲဆိုတာ မသိဘဲနေမှာလား"
"သူသိမှာ သေချာတာပေါ့,,,ဒါပေမဲ့ ငါတို့ ရူးချင်ယောင်ဆောင်နေတာက မတူဘူးလေ... တကယ်လို့ ဒီစီနီယာက ငါတို့လို သိုင်းအင်ပါယာတွေက သေမျိုးတွေလိုဟန်ဆောင်ပြီး သူ့ကိုဖျော်ဖြေနေတာကို သိသွားရင်...သူက ငါတို့ကိုသဘောကျလာနိုင်တယ်"
"မင်းပြောတာ ကောင်းတယ်"
ထိုလူလေးယောက်ထံမှနေ၍ အသံအမျိုးမျိုးထွက်ပေါ်နေသည်။
သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်တောင့်တခြင်းများဖြင့် ပြည့်နှက်နေသည်။
မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိချိန်၌ သူတို့သည် စီနီယာ၏အနီးသို့ ချဉ်းကပ်နိုင်မည်ဖြစ်သဖြင့် အခွင့်အရေးကောင်းကိုစောင့်ဆိုင်းရန်သာ လိုအပ်သည်။ သူတို့သည်အခွင့်အရေးရရှိပါက ဆုပ်ကိုင်နိုင်ရပေမည်။
ရုတ်တရက်....
ကျန်းဟန်ထျန်းသည် သူ့၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသော အရှိန်အဝါကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့ချေ။
"သောက်ချေးပဲ"
"ဒါကိုထပ်ပြီးတော့ ထိန်းမထားနိုင်တော့ဘူး"
သူသည် ထိုအရှိန်အဝါ ပွင့်အံ့ထွက်လာမှုကြောင့်ဆဲဆိုကာ ဤနေရာမှ ထွက်ခွာသွားလိုခဲ့သည်။ သို့ရာတွင် သူ့၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့် တခြားလူသုံးယောက်၏အေးစက်စက်အကြည့်များကို သူ ရင်ဆိုင်လိုက်ရသည်။
"ကျန်းဟန်ထျန်း...မင်း ငါတို့ကို ဖြေရှင်းချက်တစ်ခုပေးဖို့လိုတယ်"
"ဒါကအမှန်ပဲ...မင်း ငါတို့ကို ဖြေရှင်းချက်ပေးရမယ်"
"တကယ်လို့ ဒီနေ့ မင်း ဒီကိစ္စကိုရှင်းရှင်းလင်းလင်း မပြောဘူးဆိုရင်...မင်း ထွက်သွားဖို့မစဉ်းစားနဲ့"
သူတို့သုံးယောက်က တောင်းဆိုလိုက်သည်။
"ဟီး..ဟီး..."
"အင်း...."
"ဟား...ဟား...ဟား..."
ကျန်းဟန်ထျန်းသည် သူ့၏ခေါင်းနောက်စေ့ကိုပွတ်သပ်ကာ ကိုးယိုးကားယားအမူအယာဖြင့် ရှင်းပြလိုက်၏။
"တကယ်တော့ ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး...."
"ငါက အရင်တစ်ကြိမ်တုန်းက ယီရှင်းတောင်ကြားထဲမှာ စားကြွင်းစားကျန်တွေကို ကောက်စားခဲ့ရုံလေးပဲ"
"ဟီး ဟီး...ဒါကြောင့် ငါက ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်ကို မတော်တဆရောက်သွားခဲ့တယ်...ဒါလေးပါပဲ"
ကျန်းဟန်ထျန်း၏စကားများသည် တခြားဂိုဏ်းချုပ်သုံးယောက်ကို ယီရှင်းတောင်ကြားအတွင်းရှိ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် မြွေသားစွပ်ပြုတ်အကြွင်းအကျန်များအား ပြန်လည်အမှတ်ရသွားစေသည်။
သူတို့သည် ထိတ်လန့်တုန်လှုပ်သွားမှုကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်နေကာ သူတို့၏အူများတွန့်လိမ်သည်အထိ နောင်တကြီးစွာရနေကြလေ၏။
ဤသို့ ဖြစ်ခဲ့သလော....
ကျန်းဟန်ထျန်းသည် အလွန်လျင်မြန်စွာ ကျင့်ကြံဆင့်မြင့်တက်လာခဲ့သော အကြောင်းအရင်းမှာ သူသည် မြေပြင်ပေါ်ရှိ မြွေသားစွပ်ပြုတ်အကြွင်းအကျန်များကို တိတ်တဆိတ်လျှာဖြင့်လျက်ခဲ့ခြင်းကြောင့်ပင်။
သူ့ကိုသုံးယောက်လုံး အလွန်ဒေါသထွက်သွားသည်။
ဤသည်မှာ လုံးလုံးလျားလျားမတရားသောကိစ္စပင်။
သူတို့၏လက်ချောင်းများအကြားမှနေ၍ ကြီးမားသောအခွင့်အရေးတစ်ခု ချော်ထွက်သွားခဲ့သည်။
"ကျန်းဟန်ထျန်း...မင်းက သစ္စာမရှိတဲ့ကောင်ပဲ ...မင်းက ဒီလိုမျိုးကံကြမ္မာကောင်းတစ်ခုကို ရခဲ့တာတောင် ငါတို့ကိုမပြောဘဲနဲ့ မင်းတစ်ယောက်တည်းအတွက် ထိန်းသိမ်းထားတယ်...မင်းက တကယ့်ကို မကောင်းတဲ့ကောင်ပဲ"
"ဒါက အမှန်ပဲ...မင်း ဘာလို့ရုတ်တရက်ကြီးပျောက်သွားလဲဆိုတာ ငါတို့က လိုက်ရှာနေခဲ့မိတယ်...မင်းက ချေးပါသွားတယ်ဆိုတာကိုလည်း ငါတို့ယုံကြည်ခဲ့တယ်...အခုကြည့်ကြည့်တော့မှ မင်းက အဲ့ဒီစားကြွင်းစားကျန်တွေကို တစ်ယောက်တည်းသွားပြီး ကောက်စားနေခဲ့တာပဲ"
"ဒါကိုတောင် မင်းက ဓားဧကရာဇ်ရဲ့အမွေအနှစ်ကို ရခဲ့တာလို့ လိမ်ပြောခဲ့သေးတယ်...မင်းက ငါတို့ကို ဆိုးဆိုးရွားရွားအရူးလုပ်ခဲ့တာပါလား"
သူတို့သုံးယောက်သည် စကားပို၍ပြောဆိုမိလေလေ သူတို့၏ဒေါသများ ပို၍ကြီးမားလာလေလေပင်။ သူတို့၏စိတ်နှလုံးသားအတွင်းမှ မနာလိုအားကျမှုများကြောင့် ကျန်းဟန်ထျန်းကိုကြည့်သော သူတို့၏အကြည့်များ အရောင်ပြောင်းလဲသွားသည်။
ထိုလူသုံးယောက်သည် ခြိမ်းခြောက်လိုပုံဖြင့် ချဥ်းကပ်လာသည်ကိုကြည့်ပြီး ကျန်းဟန်ထျန်း၏ခန္ဓာကိုယ် တုန်ရီသွားကာ နောက်သို့အဆက်မပြတ်ဆုတ်လိုက်၏။
"မင်းတို့ ဘာလုပ်တာလဲ"
"မဆင်မခြင် မလုပ်ကြနဲ့"
"စိတ်လိုက်မာန်ပါလုပ်တာက နတ်ဆိုးဆန်တာနဲ့အတူတူပဲ...ငါတို့က အခုသေမျိုးတွေဆိုတာမှတ်ထားကြဦး"
"အား..."
ထိုစကားအဆုံးမသတ်သေးမီမှာပင် စူးရှနာကျင်သော အော်သံကြီးတစ်သံ ထွက်ပေါ်လာသည်
ဂိုဏ်းချုပ်သုံးယောက်သည် ကျန်းဟန်ထျန်းကိုမြေပြင်ပေါ်သို့ ကန်ထုတ်ပြီးနောက် ဒေါသထွက်နေသောလက်သီးချက်များဖြင့် တရစပ်ထိုးနှက်လိုက်ကြသည်။
ကျန်းဟန်ထျန်းသည် သူ့၏ပါးစပ်အတွင်းမှ မြေကြီးများကိုထွေးထုတ်ကာ ဖူးယောင်နေသောခန္ဓာကိုယ်ဖြင့် ယွင်ထန်းလုံပေါ်သို့ခုန်အုပ်ကာ ဆွဲချုပ်လိုက်၏။
"သောက်ချေးပဲ...ငါက အခု ဒဿမဘဝသိုင်းအင်ပါယာဖြစ်နေပြီ...မင်းတို့ကို ငါ ကြောက်နေမယ်လို့ ထင်မနေကြနဲ့...မင်းတို့ကောင်တွေ ခုဏက ငါ့ကို အော်ငေါက်နေပေမယ့် ငါက မသိချင်ယောင်ဆောင်ပေးခဲ့တယ်...အခု ငါ့ကို အပြစ်မတင်ကြနဲ့"
ယွင်ထန်းလုံဖိနှိပ်ခံလိုက်ရသည်ကိုကြည့်ပြီး လျှူကူရီနှင့်လီချန်းဟိုင်တို့သည် ချက်ချင်းဆိုသလိုပင် ကျန်းဟန်ထျန်းပေါ်သို့ ခုန်အုပ်လိုက်ကြသည်။
ဤအချိန်တွင်....
သူတို့လေးယောက်သည် လုံးထွေး၍သတ်ပုတ်နေကြကာ သူတို့၏ကျင့်ကြံဆင့်စွမ်းအားများထွက်ပေါ်မလာစေရန် ရှောင်ကြဉ်၍သာမန်သေမျိုးများကဲ့သို့ ခွန်အားသက်သက်ဖြင့် နပန်းလုံးနေကြတော့သည်။
ဤနပန်းလုံးနေခြင်းကြောင့် သူတို့၏အဝတ်အစားများ စုတ်ပြတ်သွားလေပြီ။ ဤသည်မှာ အလွန်ဆိုးရွားသော မြင်ကွင်းတစ်ခုပင်။
"ကျွတ်...ကျွတ်..."
"ယောက်ျားသုံးယောက်နဲ့မိန်းမတစ်ယောက်... ဘယ်လိုတွေတောင် ထင်ရာစိုင်းနေကြတာလဲ"
ရီဖုန်းသည် သူတို့လေးယောက်၏နပန်းလုံးနေမှုကို အဝေးမှကြည့်ကာ ချက်ချင်းဆိုသလိုပင်မျက်မှောင်ကြုတ်လိုက်၏။
ဤလူများသည် သူ့၏နေအိမ်နံဘေးပတ်လည်၌ အစဥ်အမြဲ ချောင်းမြောင်းကြည့်နေကြသည်။ သူတို့သည် သူ၏ချောမောခန့်ညားမှုကို လိုချင်တပ်မက်ပြီး ဆိုးဆိုးရွားရွားကိစ္စတခုပြုလုပ်ရန် အကွက်ချကြံစည်နေခြင်းဖြစ်သလော....
အကယ်၍ သူတို့သည် သူ့၏သန့်စင်ပြီး အပြစ်အနာအဆာကင်းမဲ့သောခန္ဓာကိုယ်ကို တစ်ခုခုတို့ထိလိုက်ပါက သူသည်.....
ထိုအကြောင်းကိုတွေးတောရင်း...
ရီဖုန်းသည် ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားတော့သည်။
ထို့နောက် သူသည် ဤလူများနှင့် ခပ်ခွာခွာနေမည်ဟု နေရာမှာပင် ကျိန်ဆိုလိုက်ပေ၏။
Chapter 440
ဘုန်း....
ထိုအချိန်မှာပင် မြောက်အရပ်မှနေ၍ အလွန်ကျယ်လောင်သော တုန်ခါသံကြီးတစ်သံသည် မည်သည့်သတိပေးမှုမျှမရှိဘဲ ပဲ့တင်ထပ်လာခဲ့သည်။
ထိုအသံသည် တောင်နှစ်လုံးရိုက်ခတ်မိသည့်အလား အလွန်ကျယ်လောင်ကာ မြောက်ပင်လယ်ကုန်းမြေတခွင်လုံးကို ပြင်းပြင်းထန်ထန်တုန်ခါသွားစေသည်။
တစ်ချိန်တည်းမှာပင်.....
ဤနေရာရှိ မိုးကောင်းကင်ယံသည် ပိန်းပိတ်သည်အထိ မှောင်မည်းသွားကာ အနက်ရောင်ကျင်းနက်ကြီးတစ်ခုသည် ပါးလွှာသောလေထုအတွင်းမှ ထွက်ပေါ်လာသည်။ ထိုကျင်းနက်ကြီးသည် ဆက်လက်၍ကျယ်ပြန့်လာကာ မိုးကောင်းကင်ယံတစ်ဝက်ခန့်ကို လွှမ်းခြုံသွားသည်။
"ဒါက...."
"ဖြစ်နိုင်တာတော့ ဒါက ဒဏ္ဍာရီလာ ပကတိနယ်မြေများလား"
"ဒါဆိုရင် ပကတိနယ်မြေက တကယ်ကြီးတည်ရှိနေတာပေါ့"
"မြောက်ပင်လယ်ကုန်းမြေက တကယ့်ကိုပြောင်းလဲသွားတော့မှာပဲ"
သူတို့၏ ဘိုသီဘတ်သီဖြစ်နေသောအသွင်အပြင်များကို လျစ်လျှူရှုပြီး ကျန်းဟန်ထျန်းတို့လူစုသည် သူတို့၏ခေါင်းများကိုမော့ကာ မိုးကောင်းကင်ယံကိုကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများပေါ်တွင် ပြင်းထန်သောမယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ကောလဟာလတွေထဲက ပကတိနယ်မြေကတကယ်ကြီးတည်ရှိနေမယ်လို့ ဘယ်သူက တွေးထင်မိမှာလဲ"
ပိုင်အာမြို့အတွင်း၌ရှိနေသော ယဲ့နန်တို့သားအဖသည်လည်း ထပ်တူထပ်မျှ အံ့အားသင့်တုန်လှုပ်နေသည်။
"အဖေ...ပကတိနယ်မြေဆိုတာက ဘာလဲ"
ယဲ့ရီက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
"ပကတိနယ်မြေရဲ့ ဒဏ္ဍာရီက...."
ယဲ့နန်သည် အသက်ပြင်းပြင်းတချက်ရှိုက်ပြီးနောက် ဒဏ္ဍာရီအပိုင်းအစများကိုမှီခို၍ ဖြည်းညှင်းစွာရှင်းပြလိုက်၏။
"အင်မော်တယ်မြစ်ကုန်းမြေပေါ်မှာ နှစ်သန်းတစ်ရာတိုင်းကို ခေတ်တစ်ခေတ်လို့ သတ်မှတ်တယ်... အဲ့ဒီခေတ်ကာလ အကူးအပြောင်းကာလတွေမှာ ကုန်းမြေတစ်ခုလုံးက ကြီးမားတဲ့ပျက်စီးမှုကြီးအတွင်းကို ထိုးကျသွားခဲ့တယ်"
"ကြီးမားတဲ့ ပျက်စီးခြင်းခေတ်ကာလအတွင်းမှာ ကုန်းမြေပေါ်မှာရှိတဲ့ လူတွေထဲက ကိုးဆယ့်ကိုးရာခိုင်နှုန်းက သေကြေပျက်စီးသွားရပြီးတော့ ...အစွမ်းထက်တဲ့သက်ရှိတချို့ကပဲ ပြန်လည်ဝင်စားခြင်း ကိုယ့်ကိုယ်ကိုယ်ချိတ်ပိတ်ခြင်း စတဲ့နည်းလမ်းအမျိုးမျိုးနဲ့ သေဆုံးရမယ့်ဘေးကနေ လွတ်မြောက်နိုင်တယ်"
"ဒါပေမဲ့ တကယ်လို့ အဲ့ဒီသက်ရှိအနည်းစုပဲ ရှင်သန်လွတ်မြောက်မယ်ဆိုရင် ကုန်းမြေတစ်ခုလုံးရဲ့ လူနေမှုဘဝတွေအားလုံး ကွယ်ပျောက်သွားလိမ့်မယ်.. ဒါကြောင့် လူနေမှုဘဝတွေကိုထိန်းသိမ်းနိုင်ဖို့အတွက် တယောက်ယောက်ကသာလွန်ထူးကဲတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ ကမ္ဘာငယ်လေးတစ်ခုကိုဖန်တီးပြီး ခေတ်ကာလတစ်ခုကို ထိန်းသိမ်းထားခဲ့တယ်"
"အဲ့ဒီကမ္ဘာငယ်လေးကို ပကတိနယ်မြေလို့ခေါ်တယ်"
ယဲ့နန်က အသေးစိတ်ကျကျရှင်းပြသည်။
"ဒါဆိုရင် ကမ္ဘာငယ်လေးအတွင်းမှာ ရှင်သန်နေကြတာက အရင်ခေတ်ကလူတွေလို့ ဆိုလိုချင်တာလား"
ယဲ့ရီက တည်ကြည်လေးနက်စွာ မေးမြန်းသည်။
"အရင်ခေတ်က မဟုတ်ဘူး...ဟိုးလွန်ခဲ့တဲ့ ခေတ်ကာလတွေကပဲ...ဒါပေမဲ့ ပကတိနယ်မြေက ဒီနေ့အထိ ချိတ်ပိတ်ခံထားရတဲ့ အခြေအနေမှာ အမြဲတမ်းရှိနေခဲ့တယ်...ခေတ်ကာလတွေအများကြီးကို ကျော်လွန်လာပြီးတဲ့နောက်မှာ နောက်ဆုံးကျတော့ သူတို့က အလင်းရောင်ကိုပြန်မြင်သွားရတာပဲ"
"ပြီးတော့ အဲ့ဒီကမ္ဘာငယ်လေးက ကြီးမားတဲ့ကပ်ဘေးကနေ လွတ်မြောက်ရုံနဲ့မကဘူး...အင်မော်တယ်မြစ်ကုန်းမြေရဲ့ဥပဒေသတွေကိုလည်း ရှောင်လွှဲနိုင်တယ်...ဥပမာပြောရရင်....."
"အရင်က ပြတ်တောက်နေခဲ့တဲ့ အင်မော်တယ်လမ်းကြောင်းပဲ"
ယဲ့နန်က တည်ကြည်လေးနက်စွာပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ယဲ့ရီကမျက်မှောင်ကြုတ်လိုက်၏။
အင်မော်တယ်မြစ်ကုန်းမြေ၏ ပြတ်တောက်နေသော အင်မော်တယ်လမ်းကြောင်းကို ရှောင်လွှဲနိုင်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်မျိုးဖြစ်သနည်း။
အင်မော်တယ်လမ်းကြောင်းပြတ်တောက်ပြီးနောက် အင်မော်တယ်မြစ်ကုန်းမြေရှိ အဆင့်မြင့်ဆုံးစွမ်းအားသည် ဒဿမဘဝသိုင်းအင်ပါယာနယ်ပယ်၌သာရှိသည်။
သို့ရာတွင် ပကတိနယ်မြေ၌ ဤကန့်သတ်ချက်ရှိမနေချေ။
တခြားစကားပြောင်းဆိုရလျှင် ပကတိနယ်မြေ၏ခွန်အားသည် အင်မော်တယ်မြစ်ကုန်းမြေမှ ယှဉ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
ပကတိနယ်မြေမှလူများ၏ လူနေမှုဘဝသည် လွန်ခဲ့သော ခေတ်ကာလအဆက်ဆက်မှရှင်သန်လာကြခြင်းဖြစ်ကာ ခေတ်ကာလအမြောက်အများ၏အမွေအနှစ်များကို ပိုင်ဆိုင်ထားသည်။
အင်မော်တယ်မြစ်ကုန်းမြေသည် ယခင်ခေတ်ကာလအဆက်ဆက်မှ နှစ်ပေါင်းနှစ်သန်းခန့်ဖြတ်သန်းလာခဲ့သော ပကတိနယ်မြေကို မည်သည့်နည်းဖြင့် ယှဉ်ပြိုင်နိုင်မည်နည်း။
ဤနယ်မြေနှစ်ခုကြားတွင် ကမ္ဘာလောကတစ်ခုစာမျှ ကွဲပြားခြားနားနေသည်။
ထို့ကြောင့်.....
ပကတိနယ်မြေ၏ထွက်ပေါ်လာမှုသည် အင်မော်တယ်ကုန်းမြေ၌ရှိနေသော စွမ်းအားစုများကို လွမ်းမိုးသွားနိုင်ပေမည်။
"ဒါပေမဲ့ မင်း ဘာမှအရမ်းကြီးစိုးရိမ်ပူပန်နေဖို့မလိုဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့နောက်မှာ ဆရာကြီးရှိနေတယ်"
ယဲ့နန်က စိတ်အေးအေးထားရန် နူးညံညင်သာစွာပြောဆိုသည်။
"ပြီးတော့ ဆရာကြီးထွက်ပေါ်မလာခင်ကတည်းက...ငါက မြောက်ပင်လယ်ကုန်းမြေထဲမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ပွားတော့မယ့် နိမိတ်မျိုးကိုရခဲ့တယ်"
"ဘာလို့လဲဆိုရင် ဆရာကြီးလိုတည်ရှိမှုမျိုးက အင်မော်တယ်မြစ်ကုန်းမြေရဲ့ မြောက်ပင်လယ်ကုန်းမြေလိုနေရာမျိုးမှာ ထွက်ပေါ်မလာသင့်ဘူး ...ဒါကြောင့် သူ့ရဲ့ ကဏဦးထွက်ပေါ်လာမှုက အကြောင်းကိစ္စတစ်ခုရှိလို့ဆိုတာ အရမ်းသိသာထင်ရှားနေတယ်"
"ဒါက အမှန်ပဲ"
အဖြူရောင်ဝတ်စုံဝတ်ပုံရိပ်ကို တွေးတောမိချိန်တွင် ယဲ့ရီသည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ လုံခြုံစိတ်ချမှုတရပ်ကိုခံစားမိလေ၏။
"ဖြစ်နိုင်တာတော့ မြင့်မြတ်တဲ့ဆရာကြီးက လောကကြီးထဲမှာ ပကတိနယ်မြေပြန်လည်ထွက်ပေါ်လာမှာကို သိနေပုံရတယ်...ဒါကြောင့်သူ မြောက်ပင်လယ်ကုန်းမြေကိုလာတဲ့ရည်ရွယ်ချက်က ပကတိနယ်မြေနဲ့ဆက်စပ်နေနိုင်တယ်"
ယဲ့နန်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင်.....
မြောက်ပင်လယ်ကုန်းမြေအနှံ့တွင်ရှိနေသူများသည် ကျင့်ကြံသူများဖြစ်စေ မြို့များအတွင်း၌ရှိသောသာမန်သေမျိုးများဖြစ်စေ မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသောသဘာဝလွန်ပုံရိပ်နှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနေကြသည်။
သူတို့သည် ပကတိနယ်မြေနှင့်ပတ်သက်ပြီး သိရှိသွားချိန်တွင် လူတိုင်းသည် မုန်တိုင်းတစ်ခုရောက်ရှိလာတော့မည်ကို ခံစားမိလေ၏။
အမှန်အားဖြင့်....
မရေမတွက်နိုင်သော မျက်လုံးအစုံများတိတ်တဆိတ် စောင့်ကြည့်နေစဉ်တွင်....
လှေပျံတစ်စင်းသည် ကျင်းနက်ကြီးအတွင်းမှထွက်ပေါ်လာကာ အလွန်လျှင်မြန်သောအရှိန်ဖြင့် မြောက်ပင်လယ်ကုန်းမြေ၏ အထက်ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး တောက်ပသောအလင်းတန်းစွပ်ကြောင်းကြီးက နောက်၌ကျန်ရစ်ခဲ့သည်။
သာမန်သေမျိုးတစ်ယောက်အတွက် ဤသည်မှာ ကြယ်ပျံတစ်စင်း ဖြတ်သန်းသွားရာမှထွက်ပေါ်လာသည့် မြင်ကွင်းအလားပင်။
သို့ရာတွင် ထက်မြက်သောအမြင်အာရုံရှိသည့်ကျင့်ကြံသူများအတွက်မူ ဤလှေပျံသည် အင်မော်တယ်အဆင့် အရည်အသွေးရှိနေကြောင်းပိုင်းခြားသိမြင်နိုင်သည်။
လှေပျံပေါ်၌...
မိန်းကလေးတယောက်က အေးစက်စက်မျက်နှာအမူအယာဖြင့်ထိုင်နေသည်။ သူမ၏အသားအရည်သည်ချောမွေ့ကာ ကောင်းကင်ဘုံတောင်တန်းများအောက်ခြေမှ နှင်းကြာပန်းတစ်ပွင့်ကဲ့သို့ဖြူဆွတ်သည့် အဖြူရောင်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။
သူမ၏နောက်တွင် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲနှစ်ယောက် မတ်တတ်ရပ်နေသည်။
"ဒီနေရာမှာရှိတဲ့လူတွေက တော်တော်လေးအားနည်းတာပဲ...ဒါပေမဲ့ ဒီနေရာမှာ ပကတိနယ်မြေထဲမှာမရှိတဲ့ ပစ္စည်းတွေ ရှိနေတယ်"
"သတင်းပို့လိုက်စမ်း...သိုင်းအင်ပါယာနယ်ပယ်နဲ့အထက်အဆင့်လူတွေအားလုံး ဒီနေရာကိုလာဖို့ ဆင့်ခေါ်လိုက်စမ်း"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏အသံသည် ခံစားချက်ကင်းမဲ့စွာဖြင့် ထွက်ပေါ်လာပြီးနောက် သူမ၏မျက်လုံးများကိုမှိတ်လိုက်သည်။
"ဟုတ်ကဲ့"
အကြီးအကဲတစ်ယောက်က ဖြည်းညှင်းစွာခေါင်းညိတ်ပြကာ သူ၏အကြည့်ရွှေ့ပြောင်းသွားပြီးနောက် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်၏။
တချိန်တည်းမှာပင်...
မြောက်ပင်လယ်ကုန်းမြေအတွင်းရှိ သိုင်းအင်ပါယာများနှင့်အထက်တွင်ရှိသည့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး သူတို့၏စိတ်အတွင်း၌ သတင်းစကားတစ်ခုရောက်လာသည်ကို လက်ခံရရှိကြသည်။
"ပကတိနယ်မြေထဲက ပိုင်ယန်နန်းတော်ရဲ့နတ်ဘုရားမိန်းမပျို ပိုင်ချင်ရီက အစည်းအဝေးတစ်ခုလုပ်ဖို့အတွက် မင်းတို့အားလုံး လှေပျံပေါ်ကိုလာဖို့ ဖိတ်ခေါ်လိုက်တယ်"
"အဖေ...ကျွန်မတို့ ဘာလုပ်ကြမလဲ"
ပိုင်အာမြို့အတွင်း၌ ယဲ့ရီသည် လှေပျံကိုအဝေးမှနေ၍ စောင့်ကြည့်ကာမေးမြန်းလိုက်သည်။
"ဒါက အဆင်ပြေမှာပါ....ငါတို့အရင်ဆုံးသွားပြီးတော့ တစ်ချက်ကြည့်ကြရအောင်"
ယဲ့နန်၏မျက်လုံးတဖျတ်ဖျတ်တောက်ပသွားခြင်းနှင့်အတူ သားအဖနှစ်ယောက်သည် လှေပျံထံသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။
ချင်းနျူဂိုဏ်း၌ ကျန်းဟန်ထျန်းတို့လူစုသည်အကြည့်ခြင်းဖလှယ်လိုက်ကြပြီးနောက် လှေပျံထံသို့ဦးတည်၍ ပျံသန်းလိုက်ကြ၏။
ဤအချိန်အခိုက်အတန့်တွင်....
လှေပျံပေါ်၌ မြောက်ပင်လယ်ကုန်းမြေ၏ အရပ်မျက်နှာအဘက်ဘက်မှလာသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြင့် ပြည့်နှက်သွားတော့သည်။
လူတိုင်း၏မျက်နှာပေါ်တွင် ချွင်းချက်မရှိ တည်ကြည်လေးနက်သော အမူအယာရှိနေကာ သူတို့ရှေ့၌ရှိနေသော မိန်းကလေးကို အလေးအနက်ထား၍ ကြည့်နေကြလေ၏။
ထိုနေရာ၌ထိုင်နေသော မိန်းကလေးထံမှနေ၍ ပြင်းထန်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အရှိန်အဝါတစ်ရပ်ထွက်ပေါ်နေကာ ဤနေရာရှိမည်သူတစ်ဦးတစ်ယောက်မျှ သူမ၏ကျင့်ကြံဆင့်နယ်ပယ်ကိုထွင်းဖောက်မြင်နိုင်ခြင်းမရှိချေ။
အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် ပိုင်ချင်ရီသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ နံဘေးဝဲယာသို့ ပေါ့ပေါ့တန်တန်ဝေ့ဝိုက်ကြည့်လိုက်သည်။
"နင်တို့က သတင်းစကားကိုရထားပေမယ့် နှေးနှေးကွေးကွေးလာနေတာကြောင့် နင်တို့ ထပ်လာဖို့မလိုတော့ဘူး"
ထိုစကားကိုပြောဆိုရင်း သူမ၏ကျောက်စိမ်းကဲ့သို့နူးညံ့ချောမွေ့သောလက်ကို ညင်သာစွာဝှေ့ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ဤနေရာသို့အပြေးလာနေဆဲဖြစ်သော သိုင်းအင်ပါယာအမြောက်အမြား၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ သွေးမြူများအဖြစ် ပျက်ပြယ်သွားတော့သည်။
"ဘာ..."
ထိုမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသည့် မြောက်ပင်လယ်ကုန်းမြေမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံးလထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
အကြောင်းအရင်းမှာ ထိုသေဆုံးသွားသော သိုင်းအင်ပါယာများအကြားတွင် အဋ္ဌမဘဝသိုင်းအင်ပါယာတစ်ယောက်လည်း ရှိနေသည်။
သူမ၏လက်ကို ပေါ့ပေါ့တန်တန်ဝှေ့ယမ်းလိုက်ရုံဖြင့် အဋ္ဌမဘဝသိုင်းအင်ပါယာတစ်ယောက်သည် သွေးမြူများအဖြစ် ပေါက်ကွဲသွားခဲ့သည်။
ဤကဲ့သို့စွမ်းအားမျိုးသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည်။
"မင်းက ငါတို့ကို ဒီနေရာဆီလာခိုင်းတာ ဘာအတွက်လဲ"
ထိုအချိန်မှာပင် မြောက်ပင်လယ်ကုန်းမြေမှ သိုင်းအင်ပါယာတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"ငါက ထုတ်ပြန်ကြေညာချက်တစ်ခုကို လုပ်မှာမလို့ပဲ"
"ပိုင်ယန်နန်းတော်က မြောက်ပင်လယ်ကုန်းမြေတစ်ခွင်လုံးကို စုစည်းပြီးတော့ ငါတို့ရဲ့လက်အောက်မှာထားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်...အခုချိန်ကစပြီး လူတိုင်းက ပိုင်ယန်နန်းတော်ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ"
ပိုင်ချင်ရီက တည်ငြိမ်စွာပြောဆိုသည်။
သူမသည် အလွန်အမင်းအရေးမပါသောကိစ္စတစ်ရပ်ကို ပြောဆိုနေသည်အလားပင်။
"ဘာ..."
လူအုပ်ကြီးသည် ရုန်းရင်းဆန်ခတ် ဖြစ်သွားလေ၏။
သူတို့၏မျက်နှာများပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့အားလုံးသည် မြောက်ပင်လယ်ကုန်းမြေအတွင်းရှိအင်အားစုများမှ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများပင်။ ယခုချိန်တွင် ဤရုတ်တရက်ထွက်ပေါ်လာသော ပိုင်ယန်နန်းတော်သည် သူတို့အား ကျေးကျွန်များကဲ့သို့ဆက်ဆံနေသည်ကို သူတို့ မည်သည်ကြောင့်သည်းခံနိုင်မည်နည်း။
"ငါ ငြင်းဆန်တယ်"
ဆဋ္ဌမဘဝသိုင်းအင်ပါယာများအနက်မှတစ်ယောက်သည် ရှေ့သို့တိုးလာကာ အေးစက်စက်မျက်နှာနှင့်ပြောဆိုသည်။
"မင်းတို့ကိုယ်မင်းတို့ ဘာတွေထင်နေကြတာလဲ... ငါတို့ကိုထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာမျိုးမင်းတို့ကို ဘယ်သူကပေးထားတာလဲ"
"ငါက နင်တို့တွေနဲ့ ညှိနှိုင်းနေတာမဟုတ်ဘူး"
ပိုင်ချင်ရီက ထိုလူကို စောင်းငဲ့ကြည့်ကာ ပြောဆိုလေ၏။
"ငါက နင်တို့ကို အမိန့်ပေးနေတာပဲ"
"မင်း..."
ထိုဆဋ္ဌမဘဝသိုင်းအင်ပါယာသည် ဒေါသများဖြင့်ပြည်နှက်နေသော်လည်း ထိုမိန်းကလေးကိုသူမ၏ခွန်အားကြောင့် ရန်စစော်ကားဝံ့ခြင်းမရှိချေ။ သူသည် အတင်းအကြပ်ငြင်းဆန်စကားပြောဆိုရုံသာ တတ်နိုင်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်...ငါ့ရဲ့ယွင်ဖူဂိုဏ်းက ဘယ်တော့မှ လက်အောက်မခံနိုင်ဘူး"
"အရမ်းကောင်းတယ်"
"ဒါက ငါ့ကို အံ့အားသင့်သွားစေခဲ့တယ်"
"ဒါပေမယ့်...."
"စဥ်းစားချင့်ချိန်နိုင်မှု မရှိဘူးဘဲ"
ပိုင်ချင်ရီသည် ဖြည်းညှင်းစွာမတ်တတ်ထရပ်ကာ တင့်တယ်လှပသောစွာဖြင့် လှေပျံ၏နံဘေးသို့လျှောက်လှမ်းသွားပြီး အတွေးများအတွင်းနစ်မျောနေသည့်အလား အဝေးတစ်နေရာသို့ကြည့်လိုက်သည်။
"အဲ့ဒီနေရာမှာ ယွင်ဖူဂိုဏ်းရှိတာလား""
ထိုစကားကိုကြားချိန်တွင် ဆဋ္ဌမဘဝသိုင်းအင်ပါယာ၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာသူက အော်ဟစ်လိုက်၏။
"မင်း ဘာလုပ်မလို့ကြံစည်နေတာလဲ"
သို့ရာတွင်.....
သူ၏စကားမဆုံးသေးမီမှာပင် ပိုင်ချင်ရီသည် သူမ၏နူးညံ့သေးသွယ်သောလက်ကို ဖြည်းညှင်းစွာ အောက်သို့ဖိနှိပ်လိုက်သည်။
ဘုန်း...
ကျယ်လောင်သောတုန်ခါသံကြီးက မြောက်ပင်လယ်ကုန်းမြေအနှံ့ ပဲ့တင်ထပ်သွားကာ ဖုန်မှုန့်များက မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်လာသည်။
အဝေးတစ်နေရာတွင်ရှိနေသော ယွင်ဖူဂိုဏ်းနေရာတွင် ဖုန်မှုန့်များသည် တိမ်တိုက်များအတွင်းထိမြင့်တက်လာကာ မြင့်မားသောအဆောက်အအုံများအားလုံး ပြားချပ်သောမြေပြင်အဖြစ်သို့ ပြောင်းလဲသွားကြောင်း လူတိုင်းတွေ့မြင်လိုက်ရသည်။
ယွင်ဖူဂိုဏ်းတစ်ဂိုဏ်းလုံး....
အမြစ်ပျက်ချေမှုန်းခြင်း ခံလိုက်ရလေပြီ။
"မဟုတ်ဘူး..."
"မဟုတ်ဘူး..."
"ငါ မင်းနဲ့ သေတဲ့အထိတိုက်ခိုက်မယ်"
ဆဋ္ဌမဘဝသိုင်းအင်ပါယာ၏မျက်လုံးအတွင်းမှ သွေးမျက်ရည်များစီးကျနေတာ သူသည် ပိုင်ချင်ရီကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်၏။ ထို့နောက် သူ့၏ကျင့်ကြံဆင့်စွမ်းအားများ ပွင့်အံ့ထွက်လာကာ ပိုင်ချင်ရီကို တိုက်ခိုက်လိုက်သည်။
ပိုင်ချင်ရီသည် သူ့အား စောင်းငဲ့၍ကြည့်လေသည်။
ထို့နောက် သူမ၏လက်ကို အနည်းငယ်လှုပ်ရှားလိုက်ခြင်းနှင့်အတူ.....
ဆဋ္ဌမဘဝသိုင်းအင်ပါယာသည် လူတိုင်း၏ရှေ့တွင်ပေါက်ကွဲသွားကာ သွေးမိုးများက သူတို့ပေါ်သို့ ဖြာကျလာတော့သည်။
ရုတ်ချည်းဆိုသလိုပင်....
လက်ရှိနေရာတွင်ရှိနေသူများအားလုံးကိုထိတ်လန့်ကြောက်ရွံ့မှုများ လွှမ်းခြုံသွားသည်။
ယွင်ဖူဂိုဏ်းသည် မဟာဂိုဏ်းကြီးလေးဂိုဏ်းမှလွဲ၍ အကြီးမားဆုံးဂိုဏ်းများအနက်မှတစ်ဂိုဏ်းဖြစ်သော်လည်း အဖြူရောင်ဝတ်စုံဝတ်မိန်းကလေး၏ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အမြစ်ပြတ်ချေမှုန်းခြင်းခံလိုက်ရသည်။
ဤကဲ့သို့နည်းလမ်းမျိုးသည်....
အမှန်တကယ်ကို ရုန့်ရင်းကြမ်းတမ်းပေ၏။
"ငါက လက်အောက်ခံဖို့ဆန္ဒရှိပါတယ်"
"ငါကလည်း လက်အောက်ခံဖို့ဆန္ဒရှိပါတယ်"
"ငါတို့က နတ်ဘုရားမိန်းမပျိုကို အရိုအသေပြုပါတယ်"
ရုတ်ချည်းဆိုသလိုပင် ဤနေရာတွင်ရှိနေသော လူတိုင်းသည် ပိုင်ချင်ရီကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
သိသာထင်ရှားစွာပင်...
အကြွင်းမဲ့ခွန်အားနှင့် ရင်ဆိုင်ရချိန်တွင် ဂုဏ်သိက္ခာနှင့်ခုခံကာကွယ်မှုများအားလုံးသည် အချည်းနှီးပင်။
သို့ရာတွင်....
ဒူးထောက်၍အရိုအသေပြုခြင်းမရှိသော လူနှစ်ယောက်ရှိနေဆဲပင်။
သူတို့သည် ယဲ့နန်နှင့်ယဲ့ရီတို့ သားအဖနှစ်ယောက်ဖြစ်ပေ၏။
ဒူးထောက်နေသူများအကြားတွင် သူတို့သည် မတ်တတ်ရပ်နေသဖြင့် ပိုင်ချင်ရီ၏အကြည့်ကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
"နင်တို့က သေမှာမကြောက်ဘူးလား"
ပိုင်ချင်ရီ၏အကြည့်သည် အေးစက်စက်အသံနှင့်အတူယှဥ်တွဲ၍ သူတို့နှစ်ယောက်ထံသို့ ကျရောက်လာသည်။