← Chapters

တိကုဆေးခန်း ဖွင့်ရခြင်း ရည်ရွယ်ချက်အမှန်

Vol. 8 Ch. 71

တိကုဆေးခန်း ဖွင့်ရခြင်း ရည်ရွယ်ချက်အမှန်

Vol. 8 Ch. 71

“ စောက်ကျိုးနည်း … ခွန်က တကယ့် ခွေးမသား တိရစ္ဆာန်ကောင်ပဲကွ ….”

“ မင်း မချစ်လို့ရတယ် … ဒါပေမယ့် မင်း ဘာလို့ ထိခိုက်နာကျင်အောင် လုပ်ရတာလဲ ….”

“ ဒါ ထိခိုက်နာကျင်အောင် လုပ်ရုံသပ်သပ် မဟုတ်တော့ဘူး … သတ်ဖြတ်တာ ဖြစ်သွားပြီ …”

“ ငါ့ခေါင်းထဲ တစ်ချိန်လုံး စဉ်းစားမရတဲ့ မေးခွန်းက နောက်ဆုံးတော့ အဖြေရသွားပြီ … ငါတွေးနေတာ တိကုဆေးခန်းမှာ ဘာလို့ မြွေဟောက်အဆီ ရှိနေလည်းပေါ့ ….”

“ ခွန်ခွန်လေး .. တို့ကို အမှန်အတိုင်းပြောပြ … နင် တကယ်ပဲ ရှောင်ဟွားလေးကို မြွေဟောက်ပါးစပ်ထဲ လွင့်ပစ်လိုက်တာလား ….”

“ ကြောက်ဖို့ကောင်းလိုက်တာ … ငါတို့ကြားထဲမှာ တကယ့် နတ်ဆိုးတစ်ကောင် ရှိနေတာပဲ…”

“ ငါလေး ဆွံ့အနေပါပြီ … တိကယ်စထွင်မာတောင် ဒီလိုမျိုး အတင်းအဖျင်း သတင်းကြီး ရှိနေတယ်တဲ့လား …..”

ကြည့်ရှုသူများမှာ ယခင်က တိရစ္ဆာန်ညှင်းပန်းသည့် မျိုးမစစ်များကို မမြင်ဖူးကြတာမဟုတ်။ မြင်ဖူးကြသည်။ သို့သော် ချန်ယွီ့ ပြောသွားခဲ့သည့် နည်းလမ်းမျိုးကိုတော့ သူတို့တွေ တစ်ခါမှ မကြားဖူးခဲ့ကြချေ။

ခွန်က အပင်ကိုင်းဆက်သကဲ့သို့ နည်းလမ်းမျိုးစုံကို အသုံးပြု၍ သူ ဖန်တီးထားသည့် သူ၏‘ကြင်နာမှု’ ဘက်ခြမ်းကို မြင်တွေ့စေနိုင်ရန်အတွက် ဗွီဒီယို၏ အစဉ်ကိုပင် ပြောင်းပြန်လှန်ထားခဲ့သည်။

အရင်ဦးဆုံး သူက လီရှောင်ဟွားကို တိကုဆေးခန်းသို့ ခေါ်သွားပြီး သူ၏ နောက်ဆုံးပိတ် ဗွီဒီယိုအတွက် ဆေးကုသမှု ဖြစ်စဉ်များကို မှတ်တမ်းရိုက်ကူးသည်။

ထို့နောက် … ပြီးသည်နှင့် ရှောင်ဟွားလေးကို မြွေဟောက် အစာကျွေးလိုက်၏။

“ ငါ့မိသားစုဝင်တို့ … ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်ပေးကြပါ … ငါ ရှောင်ဟွားလေးကို တကယ်ပဲ မသတ်ခဲ့ပါဘူး ….”

ခွန်က မျက်ရည်ပေါက် ကြီးငယ်နှင့် ကျိန်ဆိုပြသည်။

အကယ်၍ သူသာ ရှောင်ဟွားလေးကို ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့မိပါက ' အသေဆိုးနှင့် သေပါစေ' ဟု ကျိန်သည်။

“ အဆုံးထိတောင် ခေါင်းမာနေသေးတုန်းပဲလား …”

ချန်ယွီ့ စိတ်အတွင်း၌ ကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။

မရေမတွက်နိုင်သည့် လူအများအပြားရှေ့တွင် ထိုသို့ ကြံဆိုလိုက်မှုကြောင့် ခွန်က တစ်ဝက်သေပြီးသည့်လူ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ လူသားဆန်မှု အများစုကို ဆုံးရှုံးသွားခဲ့ပြီးနောက်တွင် သူ၏ အသက်စွမ်းအင်မှာ ယခင်ကလို သန်မာခြင်း မရှိတော့။

“ ဒေါက်တာချန် … မင်းငါ့ကို ဘာလို့ ဒီလိုတွေ ယိုးစွပ်နေလဲ ငါမသိဘူး … ငါ့အကြောင်း ငါပဲ သိတယ် …”

“ ဖြူစင်တဲ့ လူတစ်ယောက်က ဖြူစင်တဲ့လူ ဖြစ်နေဦးမှာပဲ … ငါက ငါကိုယ်တိုင်ပဲ ….”

“ မင်းငါ့ကို မယုံဘူးဆိုရင် ငါလည်း ဘယ်လိုမှ မတတ်နိုင်ဘူး ….”

ခွန်က သူ့မျက်ရည်များကို သုတ်ရင်း ပြောသည်။

“ ဒီနှစ်တွေ တစ်လျှောက်လုံး ငါ တိလေးတွေ ကယ်တင်ပေးနေတာကို လိုက်စထွင်းက ငါ့မိသားစုဝင်တွေ မြင်ကြမယ်ဆိုတာ ငါယုံတယ် ….”

“ ဒေါက်တာချန်က ဒါတွေအကုန်လုံး လှည့်ကွက်တွေလို့ ပြောတယ် … မင်းတို့ သူ့ကို ယုံလား ….”

ဤသည်ကို ကြားတော့ ခွန်ကို မေးခွန်းထုတ်နေကြသည့် ပရိသတ်အများစုမှာ သူတို့ကိုယ်သူတို့ မသေချာတော့ပေ။

တကယ်လည်း ခွန်က မကြာခဏဆိုသလို လေလွင့်တိလေးများကို ကယ်တင်ပေးခဲ့ပြီး သူ ကယ်တင်ခဲ့သည့် တိအရေအတွက်က ရာနှင့်ချီသည်။

တစ်ချို့ကို ခေါင်မိုးထပ်ကနေ ကယ်ခဲ့ပေးပြီး တစ်ချို့ကို ကားတာရာများအောက်ထဲမှ ကယ်တင်ပေးခဲ့သည်။

တစ်ခါကဆို ခွေးပါးစပ်ထဲက ကြောင်ပေါက်လေးကို ကယ်တင်ပေးဖို့ ခွန်ကိုယ်တိုင်ပင် ခွေးကိုက်ခံခဲ့ရသေးသည်။

ထိုလိုက်စထွင်းများကို လူတွေ အများကြီး ကြည့်ခဲ့ဖူးကြ၏။

ခွန် ရှင်းပြလို့ ပြီးသွားသည့် အချိန်၌ ချန်ယွီ့က ဖြည်းညင်းစွာဖြင့် ထပ်ပေါင်းပြောဆိုလိုက်သည်။ “ ငါ စောနက ဖွင့်ပြခဲ့တဲ့ ဗွီဒီယိုထဲမှာ မြင်သာတဲ့ အမှားတွေ အများကြီးကို မင်းလုပ်ခဲ့တယ် ….”

“ မြွေက ရှောင်ဟွားလေးကို ရစ်ပတ်ထားတဲ့အချိန် လီရှောင်ဟွားရဲ့ ခန္ဓာကိုယ်က အနာတွေ ရှိနေတယ်ဆိုပေမယ့် သူ့ အမွှေးတွေကတော့ သန့်ရှင်းနေတယ် ….”

“ ဆေးခန်းထဲမှာ ရိုက်ထားတဲ့ ဗွီဒီယိုကျတော့ လီရှောင်ဟွားရဲ့ အမွှေးတွေက ညစ်ပတ်စေးကပ်နေပြီး ကြိုးတွေလို ထုံးနေတယ်... မျက်လုံးမှာလည်း မျက်ချေးတွေ မျက်ရည်တွေနဲ့ ….”

“ အဲ့ဒီဗွီဒီယိုထဲမှာ မင်းအဲ့လို လုပ်တာက ပထမဆုံးအကြိမ်ဆိုတော့ မင်းရဲ့ အမှားတွေကို မမြင်အောင် ဖုံးကွယ်နိုင်တဲ့ အတွေ့အကြုံမျိုး မင်းမှာ မရှိသေးဘူး …”

“ အခု မင်းရဲ့ အရည်အချင်းတွေကလည်း တိုးတက်သထက် တိုးတက်လာပြီဆိုတော့ အမှားတွေကလည်း မရှိတော့လောက်အောင်ကို နည်းလာပြီ ….”

ချန်ယွီ့ ပြောဆိုနေစဉ်မှာပင် မရေမတွက်နိုင်သည့် ကြည့်ရှုသူများက သူတို့ ဖုန်းများနှင့် ကွန်ပျူတာများကို အသုံးပြု၍ ဗွီဒီယိုထဲရှိ ကွာဟမှုများကို ဂရုတစိုက်နှင့် နှိုင်းယှဉ်ကြည့်သည်။

ချန်ယွီ့၏ စကားလုံးများက လုံးဝ သွေးထွက်အောင် မှန်ကန်နေသည်ကို မြင်လိုက်ရတော့ သူတို့တွေ အံ့အားသင့်သွားခဲ့ကြ၏။

တိမွေးဖူးကြသည့် လူတိုင်း ဤအချက်ကို နားလည်သည်။

လမ်းဘေးတွင် လေလွင့်နေကြသည့် တိလေးများမှာ မိုးဒဏ်လေဒဏ်တို့ကြောင့် သူတို့၏ အမွှေးနုများမှာ ဖွာတာတာနှင့် ညစ်ထေးကြသည်။

အိမ်မွေးတိလေးများတွင်တော့ ထိုသို့သော ပြဿနာမျိုး မရှိ။

ထို့ပြင် ဆားငံလွန်းသည့် အစားအသောက်များကလည်း တိလေးများအတွက် ဆိုးရွားလွန်းသည်။

အစာချေမိသည်နှင့် မျက်ချေးများနှင့် မျက်ရည်တို့က မျက်လုံးထဲ ထွက်ပေါ်လာလိမ့်မည်။

ဤသည်ကို ဗွီဒီယို၏ နောက်ဆက်တွဲ အခန်းတွင် မြင်တွေ့နိုင်သည်။

မြွေဟောက်တိုက်ခိုက်နေသည့် အချိန်၌ လီရှောင်ဟွား၏ အမွှေးများက နူးညံ့ပြီး မျက်လုံးထဲတွင်လည်း မျက်ချေးများကို မမြင်တွေ့ရချေ။

မျက်ရည်အမှတ်များပင် အင်မတန်နည်းပါးနေခဲ့၏။

ဆိုလိုသည်မှာ လီရှောင်ဟွားသည် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခံထားရခြင်းပင်။

“ ဒီ ဗွီဒီယိုလေးတွေနဲ့ မင်းက မင်းရဲ့ စထွင်းလွှင့်တဲ့ ပုံစံကို အောင်အောင်မြင်မြင်နဲ့ ပြောင်းလဲလိုက်နိုင်တယ် …”

“ ပြီးတော့ ဖော်လိုဝါ အသစ် တစ်သိန်းကိုလည်း မင်းရလိုက်တယ် ….”

“ မင်း ရှောင်ဟွားလေးရဲ့ ဗွီဒီယိုတင်တဲ့ နေ့တိုင်း ကြည့်ရှုသူတွေဆီကနေ အနည်းဆုံး ယွမ် တစ်သောင်း မုန့်ဖိုးရတယ် ….”

“ ဒီကိစ္စဖြစ်ပျက်ပြီးတဲ့နောက်မှာ မင်းက မင်းရိုက်ကူးတဲ့ ဗွီဒီယိုကို ပြန်ကြည့်ရင်း အမှားတွေ အများကြီး လုပ်မိခဲ့တာကို တွေ့သွားခဲ့တယ် … ဒါပေမယ့် မင်း ထင်မှတ်မထားခဲ့တာ ပရိသတ်တွေက အရူးလုပ်လို့ သိပ်ကောင်းနေမယ်ဆိုတာကိုပဲ ...”

“ မင်းက မင်းကိုယ်မင်း အပြစ်ရှိစိတ် မခံစားရတဲ့အပြင် နောက်ဆုံးတော့ လိမ်ညာပြီး ပိုက်ဆံရှာရလို့ရတဲ့ အလွယ်နည်းလမ်းကို မင်းတွေ့သွားခဲ့ပြီ …”

“ တိလေးတွေအပေါ် မေတ္တာရှင်ကြီး ၊ ကရုဏာရှင်ကြီးလိုပုံစံနဲ့ ကယ်တင်ပြတာက မင်းရဲ့ ငွေရှာတဲ့နည်းလမ်း ဖြစ်လာတယ် ….”

ချန်ယွီ့၏ ပြန်ပြောင်း ပြောပြမှုများအောက်တွင် ခွန်မှာ သူ၏ စိတ်ဝိဉာဏ်ကို ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

သူ ကွန်ပျူတာစခရင်ကို ကြောက်လန့်တကြီး ကြည့်နေခဲ့မိ၏။

အစောပိုင်းတုန်းက အနက်ရောင်မီးခိုးငွေ့နှင့် တစ္ဆေအော်သံကို ကြားသည်ထက်ပင် သူ၏ အမူအရာက ပိုပြီး ထိတ်လန့်နေခဲ့သည်။

“ ရှောင်ဟွားလေးကို အဲ့လိုလုပ်ရအောင် သူက မင်းအပေါ် ဘာတွေများ မှားခဲ့မိလို့လဲ ….”

“ တိလေးတွေကို သတ်တဲ့အကောင် … နင် အနှေးနဲ့အမြန် ဝဋ်လည်လိမ့်မယ် ….”

“ ငါ တကယ်ပိန်းခဲ့ပါလားကွာ …. မြွေဟောက်တစ်ကောင်က ဆင်ခြေဖုံး ရပ်ကွက်ထဲမှာ ရုတ်တရက်ကြီး ဘယ်နားက ဘယ်လို ပေါ်လာနိုင်မှာလဲ ….”

“ လူသားမျက်နှာနဲ့ မကောင်းဆိုးဝါးဆိုတဲ့ စကားလုံးက ဒီမျိုးမစစ်ကို ပြောနေတာနဲ့ အတူတူပဲ ….”

“ ကောင်းကင်က ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး … မကြာခင် မင်း ပြန်ခံရလိမ့်မယ် ….”

ခွန်က သူ့လုပ်ရပ်အတွက် ပြန်ပြီး ပေးဆပ်ရမယ်ဟူသော ထိုကွန်းမန့်များကို မြင်တော့ ချန်ယွီ့ မျက်နှာထက်တွင် ကျီစယ်မြူးတူးချင်သည့် အပြုံးတစ်ခုက ဖြစ်ပေါ်လာသည်။

“ မင်းရဲ့ ဗွီဒီယိုအပေါ် မေးခွန်းထုတ်လာတဲ့ ကြည့်ရှုသူတွေ ပေါ်လာတိုင်း မင်းက မုသားအမျိုးမျိုးသုံးပြီး သူတို့ကို ဖယ်ရှားပစ်တယ် ….”

“ ပြီးတော့ မင်းမျက်နှာကလည်း ကလေးမျက်နှာနဲ့ ချစ်ဖို့ကောင်းတယ် … အပြစ်ကင်းစင်တဲ့ ပုံ‌လေး … ဒါကြောင်မို့လည်း မင်းအကြောင်း မသိကြတဲ့ ကြည့်ရှုသူတွေကို လှည့်စားနိုင်တာပေါ့ …”

“ မင်းကို မေးခွန်းထုတ်လာတဲ့ လူတိုင်းကို မုန်းတီးရေးသမားလို့ နာမည်တပ်ပြီး ကိုယ့်ဘက်က ဦးအောင် ကာကွယ်ထားတယ် ….”

“ မင်းရဲ့ ဖန်ဘေ့စ် ကြီးထွားလာတာနဲ့ မင်းရဲ့ တိရစ္ဆာန် လိုက်စထွင်းကနေ ရလာတဲ့ ငွေပမာဏကလည်း တိုးပွားလာတယ် ….”

“ ဒါပေမယ့် မကြာခင်မှာပဲ မင်းကိုယ်မင်း အလေးမသာတဲ့ အခြေအနေ ကျရောက်နေတယ်ဆိုတာကို သတိပြုမိသွားခဲ့တယ် ….”

“ မင်း ဒီလောက် ကြိုးစားပမ်းစားနဲ့ လှည့်ကွက်တွေ ထုတ် ၊ ကြည့်ရှုသူတွေကို လိမ်လည်တာတောင်မှ စထွင်းမင်း ပလတ်ဖောင်းက မင်း ရတဲ့ ပိုက်ဆံရဲ့ တစ်၀က်လောက်ကို ဖြတ်ခုတ်သွားတယ် ….”

“ ပြောရရင် မင်းအဲ့တာကို သဘောမကျဘူး … ဒီတော့ မင်းရဲ့ စုငွေတွေ အားလုံးကို အသုံးချပြီး တိကုဆေးခန်းတစ်ခု ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ် …”

“ တစ်ဖက်မှာ ပိုပြီး များပြားတဲ့ အလှူငွေပိုက်ဆံတွေကို မင်းစုဆောင်းနိုင်မယ် … တခြားတစ်ဖက်မှာကျ ပလတ်ဖောင်းက ဝန်ဆောင်ခဆိုပြီး ဖြတ်တောက်မှာကိုလည်း စိတ်ပူစရာမလိုဘူး ….”

ဤသည်ကို ကြားတော့ ကြည့်ရှုသူများမှာ သူတို့ကိုယ်သူတို့ အိပ်မက်တစ်ခုက လှုပ်နိုးခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။

ခွန်က သူ့ရဲ့ တိကုဆေးခန်းကို ဖွင့်လှစ်ထားသည်မှာ လေလွင့်တိလေးများကို ကယ်တင်စောင့်ရှောက်ဖို့ အတွက်မဟုတ်ဘဲ ပိုပြီး ကောင်းမွန်သည့် နည်းလမ်းဖြင့် ကြွယ်ဝနိုင်ရန်အတွက် ဖြစ်၏။

ပလတ်ဖောင်း၏ စည်းမျဉ်းစည်းကမ်းတို့အရ မုန့်ဖိုးပေးလာသည့် ပိုက်ဆံများကို ဟူယွီပလတ်ဖောင်းက ၅၀ ရာခိုင်နှုန်း ဖြတ်တောက်သည်။

သို့သော် လူမှုဖူလှုံရေး လှူဒါန်းမှုဆိုလျှင်တော့ ပလတ်ဖောင်းကလည်း မည်သည့် ဝေမျှကိုမျှ ယူနိုင်မှာ မဟုတ်။

ခွန်ကို ပိုက်ဆံလှူခဲ့ဖူးကြသည့် ကြည့်ရှုသူ အများအပြားမှာ အင်မတန် ဒေါသထွက်နေခဲ့ကြပြီး သူတို့ အဆုတ်များ ပေါက်ကွဲတော့မယောင် ခံစားနေကြရသည်။

“ မဟုတ်ဘူး ... ဒါတွေ တစ်ခုမှ အမှန်မဟုတ်ဘူး ….”

ခွန် သူ့ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်၏။

ရှော့ခ်ရနေသည့် သွင်ပြင်မှတစ်ဆင့် နာကျည်းနေသည့် မျက်နှာအမူအရာသို့ ကူးပြောင်းသွားသည်။

“ ငါ့ဆေးခန်းမှာ စေတနာ့ဝန်ထမ်း လာလုပ်ပေးတဲ့လူတွေ အများကြီး ရှိတယ် … ငါသာ မင်းပြောတဲ့ နည်းလမ်းနဲ့ ပိုက်ဆံရှာနေရိုးမှန်ရင် သူတို့ငါ့အကြောင်း ဖော်ထုတ်ပြီးတာ ကြာပေါ့ ….”

“ ငါသာ တကယ်ကြီး မင်းပြောသလို ငွေတစ်မျက်နှာတည်း ကြည့်တဲ့ကောင်ဆိုရင် ငါ့ ကောင်မလေးကို လက်ထပ်ဖို့ ပိုက်ဆံတွေ အစောကြီးကတည်းက စုမိပြီးရောပေါ့ ….”

“ သူငါ့ကို အတင်းအကြပ် ရွေးချယ်ဆုံးဖြတ်ခိုင်းမှာတောင် မဟုတ်ဘူး …”

“ အဲ့လိုသာဆိုရင် ငါလည်း သူ့ကို မတော်တဆ တွန်းထုတ်မိမှာမဟုတ်သလို ငါ့သားလေးလည်း သေသွားစရာ အကြောင်း မရှိဘူး ….”

ခွန်မှာ အလွန်အမင်း နာကျည်းဝမ်းနည်းနေသည့် မျက်နှာအမူအရာဖြင့် ဖြစ်နေခဲ့ပြီး သူပြောသမျှ စကားလုံးတိုင်းကလည်း ကျိုးကြောင်းညီညွှတ်နေသည်။ ထိုဆီလျော်သည့် ရှင်းပြချက်က ကြည့်ရှုသူများ၏ သဘောထားအပြုအမူကို ပြန်ပြီး ပြောင်းလဲသွားစေခဲ့၏။

လက်ညှိုးတစ်ချောင်း မြှောက်လိုက်ရင်း ချန်ယွီ့ အေးစက်စက် လေသံဖြင့် “ ပထမတစ်ချက် … မင်း လက်မထပ်နိုင်သေးဘူးဆိုတာ မင်းရဲ့ ခန်းဝင်ပစ္စည်းကြေးအတွက် ပိုက်ဆံမလုံလောက်သေးတာ မဟုတ်ဘူး… ဒီတိုင်း မင်းကိုက မလုပ်ချင်လို့ …”

“ ပြီးတော့ လူတိုင်းဆီကနေ စာနာသနားစိတ်နဲ့ ကောင်းမွန်တဲ့ ခံစားချက်တွေ ရအောင် မင်းအမြဲတမ်းပဲ မင်းရဲ့ ယောက္ခမကြီးက မင်းဆီကနေ သတို့သမီးကြေးတွေ အများကြီးတောင်းတယ်လို့ အမြဲပြောတယ် …”

“ မင်းကတော့ ကိုယ့်ရှိတဲ့ ပိုက်ဆံတွေ အကုန်လုံးကို တိကုဆေးခန်းနဲ့ လေလွင့်တိလေးတွေ ကယ်တင်တဲ့နေရာမှာ မြုပ်နှံထားတယ်လို့ပဲ ဆိုလေ့ရှိတယ် ….”

“ ဒီလိုနည်းလမ်းနဲ့မှပဲ မင်းရဲ့ ကြည့်ရှုသူတွေက မင်းကို တိရစ္ဆာန်လေးတွေအပေါ် စာနာကာကွယ်ပေးတတ်တဲ့ စထွင်မာတစ်ယောက်အနေနဲ့ အခိုင်အမာ ဆက်ဆံပေးမှာ ….”

ချန်ယွီ့က နောက်ထပ်လက်တစ်ချောင်းထောင်လိုက်သည်။

“ ဒုတိယတစ်ချက် … မင်းကောင်မလေး မင်းနဲ့ ရန်ဖြစ်ခဲ့တယ်ဆိုတာ မင်းကို ခက်ခဲတဲ့ ရွေးချယ်စရာတွေ ပေးပြီး ရွေးချယ်ခိုင်းချင်ခဲ့တာ မဟုတ်ဘူး … သူက ဒီတိုင်း အပြစ်ကင်းစင်တဲ့ တိရစ္ဆာန်လေးတွေကို မင်း ထိခိုက်အောင်လုပ်နေတာတွေ ရပ်တန်းက ရပ်စေချင်လို့ပဲ …”

“ မင်း တိရစ္ဆာန်လေးတစ်ကောင် အန္တရာယ်ထဲရောက်ပြီး ကယ်တင်ပေးလိုက်တဲ့ ဗွီဒီယိုမြင်တိုင်း မင်းက မင်းဇာတ်ညွှန်း၊ မင်းကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့ ဗွီဒီယိုမှန်း သူသိတယ် …”

“ ကံကြမ္မာစက်ဝန်းက တစ်ပတ်လည်လာမှာကို သူကြောက်တယ် … ဒါကြောင့်မို့ မင်းတို့နဲ့ အတူ ရှိလာတော့မယ့် ကလေးလေးက မင်းအစား အပြစ်ခံရမှာကို သူကြောက်တယ် …”

“ ကိုယ်ဝန်ပျက်ကျသွားတဲ့ကိစ္စကတော့ …… မင်း သူ့ကို မတော်တဆ တွန်းထုတ်မိလိုက်တာ မဟုတ်ဘူး ….”

“ ဘာလို့ဆို မင်းကောင်မလေးက မင်းကို ကံကြမ္မာအကြောင်း ၊ ဝဋ်လိုက်မယ့် အကြောင်းပဲ နားညီးအောင် ပြောနေခဲ့လို့ ….”

“ မင်း ဒေါသတကြီးနဲ့ မင်းကောင်မလေးရဲ့ ဗိုက်ကို ဆောင့်ကန်ပစ်လိုက်တာပဲ ….”

“ မင်းပြောခဲ့တာ ကလေးမရှိဘူးဆိုရင် ဝဋ်လိုက်မှာလည်း ပူစရာမလိုတော့ဘူးလေ …..”

All Chapters