← Chapters

မင်းနဲ့ ရောဂါပြကောင်းလို့ ထောင်ကျသွားတယ်

Vol. 8 Ch. 72

မင်းနဲ့ ရောဂါပြကောင်းလို့ ထောင်ကျသွားတယ်

Vol. 8 Ch. 72

ခွန်၏ အရှက်ကင်းမဲ့မှုနှင့် သွေးအေးရက်စက်မှုက ကြည့်ရှုသူများကို တစ်ဖန်ထပ်ပြီး မယုံကြည်နိုင်အောင် ဖြစ်သွားစေခဲ့သည်။

ကြည့်ရှုနေကြသူများမှာ နားရှိ၍သာ ကြားရသည်။ ယုံပင်မယုံနိုင်ချေ။

ပိုပြီးဆိုးသည်က ထိုမျှနှင့် မပြီးဆုံးသေး။ ချန်ယွီ့က ထပ်ပြီး စကားဆိုလာခဲ့၏။

“ မင်း ငါ့လိုက်စထွင်းထဲ ဝင်လာခဲ့တဲ့ အချိန်ကနေစပြီး အခုချိန်ထိ မင်းပြောတဲ့ စကားထဲ မှန်တာဆိုလို့ စကား ဆယ်လုံး မပြည့်ဘူး …”

“ မင်းငါ့ကို အာရုံမစိုက်ခဲ့ဘူး ဆိုတာရယ် ၊ မင်းရဲ့ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ မြင်နေ ဖြစ်နေတာရယ်ကလွဲရင် ကျန်တာတွေ အကုန်လုံးက အလိမ်အညာတွေချည်းပဲ …”

ခွန်က လိမ်ညာပြောဆိုရသည်ကို စွဲလမ်းနေခဲ့ပြီး ပြန်လှည့်ဖို့ ခက်ခဲသည့် အခြေအနေသို့တိုင် ရောက်ရှိနေသည်။

ချန်ယွီ့ ပြောဆိုလိုက်သည့် စကားလုံးက ကြည့်ရှုသူများ၏ ဒေါသကို မီးစာထပ်ထည့်ပေးနေသကဲ့သို့ ဖြစ်နေခဲ့၏။

“ မင်း ငါ့လိုက်စထွင်းထဲ လာပြီး တိလေးတွေ မွေးစားပေးမယ့်လူ ရှာတယ် … ဒါပေမယ့် မင်းရဲ့ ရည်ရွယ်ချက် အမှန်က သူတို့ကို နွေးထွေးတဲ့ အိမ်လေးတစ်လုံး ရှာဖွေပေးဖို့ မဟုတ်ဘူး ….”

“ အဲ့ဒီအစား မင်းရဲ့ ဒီခုလို ပရဟတိ အပြုအမူကနေ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် အမှန်ကို ဖြည့်ဆည်းဖို့ပဲ …”

“ တိလေးတွေ မွေးစားမယ့်လူကို မင်းက နှစ်ကြိမ် နှစ်ခါ စဉ်းစားပါလို့ အမြဲတမ်း ထပ်ခါတလဲလဲ ပြောတယ် …”

“ ဒီလိုနည်းနဲ့ လူတိုင်းက မင်းကို ဂရုစိုက်ပေးတတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ လူတစ်ယောက်လို့ ထင်ကြမယ် ….”

“ အကယ်၍များ မင်းအဲ့လိုလုပ်တာက ရည်ရွယ်ချက် နှစ်ခု ရှိနေတာကို သူတို့ သိခဲ့မယ်ဆိုရင်တော့ ….”

“ ပထမ တစ်ချက် … မင်းက မင်းကိုယ်မင်း ဂရုစိုက်ပေးတတ်တဲ့ ကယ်တင်ရှင်ကြီးလို ဂိုက်ဖမ်းတယ် …”

“ ဒုတိယ တစ်ချက်ကတော့ ငွေကြေးအဆင်မပြေတဲ့ လူအုပ်စုကို မင်းက စစ်ထုတ်လိုက်တာပဲ ….”

ကောင်းကင်လျှို့ဝှက် နည်းဗျူဟာအောက်တွင် မည်သူကမျှ သူတို့၏ ကောင်းခြင်း ၊ ဆိုးခြင်းများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိကြချေ။

ခွန်၏ နတ်ဆိုးဆန်သည့် လှည့်ကွက်များက အခြားသူကိုသာလျှင် လှည့်စားကောင်း လှည့်စားနိုင်မည်။ သို့သော် ချန်ယွီ့ရှေ့တွင်တော့ အချည်းနှီးပင်။

ဘယ်လိုတောင် ကံဆိုးလိုက်တဲ့ မျိုးမစစ်လဲ …

ချန်ယွီ့ လိုက်စထွင်းက ရုတ်ချည်း ပေါ်ပြူလာဖြစ်တာကို သတိထားမိတော့ ခွန်ရဲ့ ငွေမက်တဲ့ အကျင့်စရိုက်က သူ့ကို ချန်ယွီ့ လိုက်စထွင်းထဲ ခေါင်းထိုး ဝင်လာစေတယ် …

သူ လိုချင်တာက ချန်ယွီ့ လိုက်စထွင်းထဲက ကြည့်ရှုသူတစ်ချို့ သူ့အိတ်ထောင်ထဲ ရောက်လာဖို့ပဲ …

ဒါပေမယ့် ထိုအချင်းအရာက သူ့ ကံကြမ္မာ တစ်ပတ်ပြန်လည်လာခြင်းကြောင့်ဆိုတာတော့ သူ မသိခဲ့။

“ မင်း အချိန်တစ်ခုကြာတိုင်း မှောင်ခို တိရစ္ဆာန် ဖမ်းသမားတွေဆီ သွားပြီး ကုမရတဲ့ ရောဂါ ဝေဒနာ စွဲကပ်နေတဲ့ အကောင်လေးတွေကို ဝယ်တယ် …”

“ မင်း သူတို့ကို ဝယ်ပြီးရင် တစ်ကောင်ကို ကျပန်းရွေးပြီး တခြားကောင်တွေကို ‘ကယ်တင်ဖို့’ ဆိုပြီး လမ်းပြ အနေနဲ့သုံးတယ် …”

“ ဒါက လူတွေရဲ့ အာရုံစူးစိုက်မှုကို လိုချင်တဲ့ မင်းရဲ့ အာသီသကို ဖြည့်ဆည်းပေးရုံတင် မကဘူး … တခြား လေလွင့်တိရစ္ဆာန်လေးတွေရဲ့ တည်ရှိမှုကိုပါ ရှင်းပြထားပြီးသလို ဖြစ်တယ် ….”

“ အဲ့ဒီ ‘လမ်းဘေး သတ္တဝါ’လေးတွေကို ကယ်တင်ပြီးရင် မင်းရဲ့ ဆေးခန်းက လောလောဆယ် ပြည့်နေပြီဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး မင်းရဲ့ ဖန်တွေကို မွေးစားဖို့ ပြောမယ် …”

“ မွေးစားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မင်း အဆိုပြုလာတဲ့ထဲမှာ ဘာပြောစရာမှ မရှိဘူး … ဒါပေမယ့် အဲ့ဒီတိကို မွေးစားပိုင်ခွင့် ရှိမရှိဆိုတာကတော့ ငွေကပဲ ဆုံးဖြတ်ပေးသွားမှာ ….”

“ မွေးစားမယ့်လူက လုံခြုံရေး အာမခံချက်ဆိုပြီး ပိုက်ဆံ ပမာဏတစ်ခုအထိကို စရံပေးရမယ် …”

“ သုံးလကြာပြီးတာတောင် မင်းပေးလိုက်တဲ့ တိလေးက ကျန်းကျန်းမာမာနဲ့ ရှိမယ်ဆိုရင်တော့ အဲ့ဒီ စရံကို မင်းက ပြန်ပေးမှာ ….”

“ တိမွေးစားတဲ့ အေဂျင်စီ တော်တော်များကလည်း ဒီလိုပဲ လုပ်နေကြဆိုတော့ ကြည့်ရှုသူ အများစုကလည်း ဘာသံသယမှ မဝင်မိဘူး …”

“ ဒါပေမယ့် မင်း သူတို့ကို ပေးလိုက်တဲ့ တိလေးတွေက အပြင်းစား ရောဂါ ဝေဒနာကို ခံစားနေရသူလေးတွေ ဖြစ်နေမယ်လို့တော့ ဘယ်လိုလုပ် ထင်ထားခဲ့မှာ ….”

“ သူတို့ထဲ အများစုက ကုမရတဲ့ ရောဂါတွေ … တစ်ချို့ဆို ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုခုကို သတိရပြီဆိုတာနဲ့ ချက်ချင်း ဆုံးသွားခဲ့ကြတာချည်းပဲ …”

“ ပိုင်ရှင်က စောစောစီးစီး ရိပ်မိလို့ ကုသပေးခဲ့မယ်ဆိုရင်တောင်မှ သူ့ကို ကယ်ဖို့က မဖြစ်နိုင်တော့ဘူး …”

ချန်ယွီ့၏ စကားက ထိုအခြေအနေထိတိုင် ရောက်လာသည့်အချိန်၌ ခွန်မှာ လျှပ်စစ်နှင့် ရှော့ခ်တိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။

သူ့ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ခါနေသည်။

ချန်ယွီ့က သူ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လို ရှာတွေ့သွားတာလဲ …

ဟို အပျက်မ ပြောလိုက်တာများလား …

ယီးလိုမှပဲ ကောက်ကျစ်တဲ့ ခွေးမ ….

သူက ဒီတိုင်း သူမရဲ့ ကလေးကို ပျက်ကျအောင် လုပ်ခဲ့ရုံသာ ရှိသည်။ အဘယ်ကြောင့် သူ၏ လျှို့ဝှက်ချက်များကို တစ်ခြားတစ်ယောက်ထံ ဖွင့်ဟပစ်လိုက်ရသနည်း။

“ အောင်မယ်လေးလေး …. ကြားရတာ ရက်စက်လိုက်တာ … ဒီ မကောင်းတဲ့ကောင်က ငွေရဖို့ဆို ဘာမဆိုလုပ်ရဲတဲ့ကောင်ပဲ …”

“ ညာတာက ထားပါတော့ … ဒါပေမယ့် ဒီ ပါးစပ်ပုတ်ကြီးက စောက်အဓိပ္ပာယ် မရှိတဲ့စကားလုံးတွေနဲ့ပဲ ပြည့်နှက်နေတာ … တစ္ဆေခြောက်ခံရတာ နည်းတောင်နည်းသေး ….”

“ သူ တစ္ဆေခြောက်ခံရတာက သူ့ကလေးသူ ပြန်သတ်လိုက်လို့ မဟုတ်ဘူးလား ….”

“ တစ်ယောက်ယောက် မြန်မြန်လေး ရဲကို ဖုန်းဆက်ပြီး ဒီ အသေလေး မွေးလာသင့်တဲ့ ကောင်ကို ဖမ်းခိုင်းစမ်းပါ ….”

“ အလကားပဲ … ငါတို့ နိုင်ငံရဲ့ ဥပဒေမှာ မွေးမလာသေးတဲ့ သန္ဓေသားလောင်းလေးကို လူလို့ မသတ်မှတ်ဘူး … ကိုယ်ဝန်ဖျက်ချတာကလည်း ဥပဒေကို ဆန့်ကျင်နေတာ မဟုတ်ဘူး ….”

ချန်ယွီ့ ရည်ညွှန်းသည့် ပြင်းထန်သည့် ရောဂါဝေဒနာကို ခံစားနေရသည့် တိလေးများက ခွေးလေး ၊ ကြောင်လေးများ မွေးဖူးသည့် ကြည့်ရှုသူတို့အတွက် မစိမ်းပေ။

၎င်းတို့ကို တစ်ပတ်ခံ တိလေးများဟု သုံးနှုန်းကြသည်။

ပြင်းထန်သည့် ရောဂါ ဝေဒနာတို့ကြောင့် ရှင်သန်ဖို့ အချိန် တစ်ပတ် နှစ်ပတ်ခန့်သာ ကျန်ရှိတော့သည့် တိလေးများကို ဆိုလိုသည်။

ခွန်က အလိမ်အညာစကားလုံး လုပ်ရပ်တို့ဖြင့် သူ့ကိုယ်သူ ကရုဏာရှင်ကြီးသဖွယ် ဖန်တီးခဲ့သည်။ ထို့ပြင် အနုစိတ်လှသည့် သူ၏ အစီအစဉ်ကြောင့် ကြည့်ရှုသူ အမြောက်အများမှာ ထောင်ချောက်ထဲ ကျရောက်သွားခဲ့ကြပြီး စရံငွေ ပြန်မရလိုက်သည့် ကြည့်ရှုသူတို့လည်း အမြောက်အများပင်။

သူတို့ကတော့ သူတို့ မွေးစားမိသည့် တိလေးများမှာ အစကတည်းက ပြင်းထန်သည့် ရောဂါ ဝေဒနာကို ခံစားနေကြရသူများဖြစ်ပြီး သူတို့ကိုယ်သူတို့ ကံဆိုးသည်ဟုသာ အပြစ်တင်လိုက်ကြသည်။

အင်မတန်နည်းပါးသည့် မွေးစားသူများကသာလျှင် ခွန်ကို မေးခွန်းထုတ်ကြ၏။ သို့သော် ခွန်ကတော့ ထိုသူများအား anti-fan များဟု ခေါင်းစဉ်တပ်ပြီး သူ့ကိုယ်သူ ကာကွယ်ခဲ့သည်။

အဆိုပါ anti-fan ဆိုသည့် စကားလုံးက အမှန်တရားကို မသိသည့် သူ့ ပရိသတ်များ၏ အာရုံကို ဆွဲဆောင်သွားစေခဲ့ပြီး အုပ်လိုက်ကြီး ဝိုင်းသမတာကို ခံလိုက်ရသည်။

ယခု အမှန်တရားက ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ၎င်းတို့အားလုံး ဒေါသထွက်နေကြသည်။

တိတစ်ကောင်အတွက် ခွန်က ယွမ် ၂,၀၀၀ စရံယူသည်။

ဤမျှ အချိန်ကြာအောင် လုပ်စားလာခဲ့ပြီးဖြစ်ရာ သူ မျိုစို့ခဲ့သည့် စရံငွေတို့က သန်းဂဏန်းအထိပင် ရောက်ကောင်း ရောက်နေလောက်ပြီ။

ထိုအထဲ လူတိုင်း၏ စေတနာနှင့် လှူဒါန်းသည့် အလှူငွေများကို ထည့်မတွက်ရသေး။

“ ဒေါက်တာချန် … ဆေးခန်းက စေတနာ့ဝန်ထမ်းတွေကရော သူ့ရဲ့ ကြံရာပါတွေပဲလား ….”

“ မေးနေစရာ လိုသေးလို့လား ….”

“ ခွေးမသား … အိုင်ကျူ ၁၅၀ နဲ့ငါတောင် ဒီကောင်လိမ်တာ ခံလိုက်ရတယ် ….”

“ သေသင့်တဲ့ မကောင်းဆိုးဝါးကောင် ….”

“ အားတီတို့ အားမေတို့ ၊ ငါတို့တွေ သူ့ကို ဘွိုင်းကော့ကြရင်ကော …”

“ ပထမဆုံးအကြိမ်အနေနဲ့ အသီးအရွက်ပဲ စားတဲ့ လူတွေက ချစ်ဖို့ကောင်းတယ်ဆိုတာကို ခံစားမိတာပဲ ….”

“ ငါတို့သူ့ကို လူသတ်မှုနဲ့ တရားစွဲလို့ မရဘူး … ဒါပေမယ့် သူ့ကို လိမ်လည်မှုနဲ့တော့ တရားစွဲလို့ရတယ်လေ … ဟုတ်တယ်ဟုတ် ….”

“ ဉာဏ်ကောင်းလိုက်တဲ့ကောင် ….”

ကြည့်ရှုသူတစ်ယောက်က လိမ်ညာမှုနဲ့ တရားစွဲဆိုမည်ဟု ကွန်းမန့်တင်လာခဲ့သည်နှင့် ချက်ချင်းပဲ လူရာနှင့်ချီမှာ တုံ့ပြန်လာခဲ့ကြသည်။

“ မင်း ခွေးမသား … ငါမင်းကို သတ်မယ် … ငါမင်းကို သတ်မယ် …”

သူတော့ အဆုံးသတ်ပြီ ဖြစ်ကြောင်း ခွန် သူ့ကိုယ်သူ သိသည်။

ဤကြည့်ရှုသူများ ရဲဖုန်းဆက်လိုက်သည်နှင့် သူ့ ဆေးခန်းရှိ လူများကလည်း စစ်မေးနေစရာတောင် မလိုဘဲ ချက်ချင်း ဝန်ခံကြမှာ ဖြစ်၏။

စေတနာ့ဝန်ထမ်း ဟန်ဆောင်ခိုင်းထားသည့် လူများမှာ ရာဇဝတ်မှုမှတ်တမ်း ကိုယ်စီနှင့် ရာဇဝတ်သားများဖြစ်။

တစ်ချိန်တည်းတွင် ထိုလူများက ခွန် ရိုက်ကူးသည့် ကယ်တင်ရေး ဗွီဒီယိုများထဲတွင် အကြိမ်များစွာ ပါဝင်ခဲ့ကြသည်။

“ ဒီရဲ့ လူနာ … မင်းအရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ ….” ချန်ယွီ့ သူ့ကို သတိပေးလိုက်သည်။ “ မဟုတ်ရင် ငါတို့ဆက်ပြီး တိုင်ပင်ဆွေးနွေးလို့ရမှာ မဟုတ်ဘူး ….”

“ ငါ့ဖျင်ကြီးကိုပဲ တိုင်ပင်ဆွေးနွေးလိုက် ခွေးမသား … “

ခွန် ဒေါသတကြီးနှင့် ဟိန်းဟောက်လိုက်သည်။ “ မင်းနဲ့ တိုင်ပင်ဆွေးနွေးကောင်းလို့ပဲ ငါ အခု ထောင်ထဲရောက်တော့မယ် …”

“ ငါ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ဝမ်လုမင်းကို ဘယ်လောက်ပေးခဲ့လဲ ….”

“ လူတွေ ပြောကြတာ တစ်ညတာ လင်မယား ဖြစ်ပြီးရင် တစ်သက်လုံး လင်မယားပဲတဲ့ … ငါ သူနဲ့ ငါးနှစ် အတူနေခဲ့တယ် … ဒါတောင် အဲ့အပျက်မက ဒီလောက် အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်မ ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး ….”

“ ငါ သူ့ကလေးကို ဖျက်ချတော့ရော ဘာဖြစ်လဲ … သူလည်း သန့်ရှင်းနေတဲ့ဟာမှ မဟုတ်တာ ….”

“ ငါ ညစ်ပတ်တဲ့ နည်းလမ်းနဲ့ ရှာခဲ့တဲ့ ငွေတွေ အများကြီးကို သူလည်း သုံးခဲ့တာပဲ …”

ရူးသွပ်နေသည့် ခွန်မှာ သူ့ ရည်စားဟောင်း ကောင်မလေးကို ရစရာ မရှိအောင် ဆဲရေးကြိမ်းမောင်းနေခဲ့သည်။

“ ဒီခွေးသူတောင်းစားကတော့ ရူးနေပြီပဲ ဟက် ….”

“ ဒါ ရာဇဝတ်သားတွေ ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲ ရောက်လာခဲ့ရင် ဘာဖြစ်မယ် ဆိုတာပဲ …”

“ ဝဋ်လည်ပြီ ….”

“ တစ်စိတ်လောက်ပါ … ဒီ သတင်းကို တကယ်ပဲ ခွန်ရဲ့ ကောင်မလေးဟောင်းက ဖော်ထုတ်ခဲ့တာလား ….”

“ ဘယ်နားကသာ … သူ့ကောင်မလေးဟောင်းက သူ ဒီခုလိုမျိုး ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲ လာမယ်မှန်း ဘယ်လိုလုပ်ပြီး သိမှာလဲ …”

ခွန် စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေသည်ကို ချန်ယွီ့ တိတ်စိတ်စွာ စောင့်ကြည့်နေခဲ့သည်။

“ မင်းရဲ့ ကောင်မလေးဟောင်းက ငါ့ကို တစ်ခါမှ လာမရှာခဲ့ဘူး … ပြီးတော့ ငါ သိခဲ့သမျှ အရာအားလုံးကလည်း သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုတွေကနေတစ်ဆင့်ပဲ …”

ခွန် အော်ဟစ်ကြိမ်းမောင်းလို့ မောပမ်းသွားသည့် အချိန်၌ ချန်ယွီ့က လေးနက်သည့် အမူအရာဖြင့် ပြောသည်။

“ အခု သေချာနားထောင် … မင်းရဲ့ ရောဂါက ကုလို့ မရတော့ဘူး …”

“ ဒါပေမယ့် မင်းနဲ့ အဲ့ဒီ ဆက်နွယ်နေတဲ့ အထူးစွမ်းအင် ခန္ဓာတွေကို ဖြတ်တောက်နိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိတယ် …”

“ နားထောင်ဖို့ ဆန္ဒရှိမရှိက မင်းသဘောပဲ ….”

“ ဘယ်လိုမျိုးလဲ …”

သူ တစ္ဆေနှင့် နောက်တစ်ကြိမ် ပြန်ကြုံရမည်ကို နားလည်သွားတော့ ခွန်မှာ သူ၏ သွေးရူးသွေးတမ်း အခြေအနေမှ အနည်းငယ် တည်ငြိမ်သွားသည်။

မည်သို့ပင်ဆိုစေ သူ ဘယ်လောက်ပဲ ထောင်ကျမှာကို ကြောက်ရွံ့ပါစေ အနည်းဆုံးတော့ အသက်ဆက်ရှင်သန်နိုင်ဦးမှာ ဖြစ်၏။

သူ အပြစ်ရှိသည်က လိမ်လည်မှုကြောင့် ဖြစ်ပြီး လူသတ်မှုကြောင့်မဟုတ်။

သို့သော် နောက်ထပ် တစ္ဆေဖြစ်ရပ်နှင့် ကြုံတွေ့ရမည်ဆိုလျှင်တော့ ထိုတစ္ဆေက သူ့အသက်ကို ယူငင်ကောင်း ယူငင်သွားနိုင်သည်။

“ အရှုံးပေးပြီး ကိုယ်တိုင် ရဲစခန်းမှာ သွားအဖမ်းခံလိုက် …”

“ ချန်ယွီ့ … မင်းငါ့ကို ဘယ်လိုတောင် ကစားဝံ့တာလဲ ….”

ခွန် ထိုင်ခုံမ,၍ သူ့ကွန်ပျူတာကို ရိုက်ခွဲတော့မည့် အချိန်မှာပဲ …

“ ဝုတ် ဝုတ် … “

“ မြောင် မြောင် …”

နောက် တခဏ၌ ခွေးနှင့် ကြောင်အော်သံများ ခွန်၏ ဘေးနားတစ်ဝိုက်တွင် ထွက်ပေါ်လာသည်။

သို့သော် ခွန်ကလွဲ၍ အခန်းထဲတွင် မည်သူမျှ ရှိမနေခဲ့ချေ။

All Chapters