ဒဏ္ဍာရီဆန်တဲ့ လူလိမ်သမား
Vol. 8 Ch. 74
“ ဉာဏ်ကောင်းတဲ့ အလှလေးတစ်ယောက်လောက် ငါ့ကို လာရှင်းပြကြပါဦး … သူတို့က ဘာလုပ်တမ်း ကစားနေကြတာလဲတဲ့ ….”
“ ဒေါက်တာချန်က စန်ညာတာဝါကို ဘာ အထူးဆေးဝါးမှ မလိုဘူးပြောတယ် ဆိုတော့ သူက ရောဂါ ရှိချင်ယောင် ဆောင်နေတာများလား …”
“ စုံထောက် ရုပ်ရှင် ဒရာမာတွေ နှစ်ပေါင်းများစွာ ကြည့်လာခဲ့တဲ့ ငါ့ရဲ့ အတွေ့အကြုံအရ သေချာပေါက် တစ်ခုခုတော့ ရှိနေရမယ် ….”
“ ငါ့ဦးနှောက် CPU မီးခိုးထွက်နေပြီ …”
“ ဦးလေး … ခင်များက ရောဂါ ရှိတာလား မရှိတာလား ….”
ချန်ယွီ့နှင့် စန်ညာတာဝါတို့၏ အမေး အဖြေ ဖလှယ်မှုက ကြည့်ရှုသူများကို အံ့အားသင့်သွားစေသည်။
အထူးဆေးဝါးတွေ မလိုအပ်ဘူးဆိုတာက ဘာကို ပြောချင်တာ …
စန်ညာ တာဝါကရော ဘာတွေ ပြန်ပြောနေတာ ….
“ ခင်များက ကျွန်တော့်ဆီ မလာခင် အချိန်အကြာကြီး စိတ်ဒုက္ခရောက်ခဲ့ရတယ် …. ဆိုတော့ ကျွန်တော့်ရဲ့ ဆေးပညာအရည်အချင်းတွေကို နားလည်ထားပြီး ဖြစ်မယ်လို့ ယုံကြည်တယ် … ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်များမှာ ဘာမေးခွန်းထုတ်စရာမှ မရှိဘူးမလား ..” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ဆိုလိုက်သည်။
“ အမှန်ပါပဲ …”
“ ဒေါက်တာချန် … မင်းမှန်တယ် … တကယ်လို့ မင်းသာ အရည်အချင်း မရှိဘူးဆိုရင် ငါ ရောက်လာခဲ့မှာတောင် မဟုတ်ဘူး ….”
“ ဘာပဲပြောပြော … ငါ့ရဲ့ အထောက်အထားက နည်းနည်း ရှုပ်ထွေးတယ်လေ ….”
ကြည့်ရှုသူများမှာ ခေါင်းရှုပ်လွန်း၍ သူတို့ခေါင်းကို ဆက်တိုက် ကုတ်နေမိကြသည်။
ဒါတွေက ဘာတွေလဲ … လိုက်လို့ကို မမီတော့ဘူး …
ဒါ အိုင်ကျူနိမ့်တဲ့ ကြည့်ရှုသူတွေကို စကားဝှက်တွေ ပြောပြီး အနိုင်ကျင့်နေတာပဲ …..
“ ဦးလေး … ခင်များက ရိုးသားတဲ့လူကောင်းတစ်ယောက်နဲ့ တူပါတယ် … စကားကို အဲ့လိုမျိုး မပြောလို့ မရဘူးလား … ငါတို့က ဒုံးဝေးတဲ့ စောက်ကလေးတွေဆိုတာ ဝန်ခံပါတယ် ….”
“ မင်းတို့ကောင်တွေ လူနားလည်တဲ့ စကားနဲ့ ပြောပေးကြပါလား …”
“ ဉာဏ်ကောင်းတဲ့လူတွေ စကားကို ဘယ်လိုပြောကြလဲဆိုတာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ … ငါ လိုက်လို့ကို မမီတော့ဘူး ….”
“ ဘာလို့ သူ့ရဲ့ အထောက်အထားက ရှုပ်ထွေးရမှာ … သူက ဒိတ်ဒိတ်ကျဲကြီးမို့လား ….”
“ သူက ဆယ်လီ မဟုတ်ဘူး … ငါ စခရင်ရှော့ခ်ရိုက်ပြီး စကန်ဖတ်ကြည့်ပြီးပြီ … အင်တာနက်ပေါ်မှာ သူ့ပုံတွေ မရှိဘူး …”
စကားပြောခန်းထဲရှိ ကြည့်ရှုသူများက ချန်ယွီ့နှင့် သူတို့နှစ်ဦး ပြောဆိုနေကြသည့် စကားအဓိပ္ပာယ်ကို သိရဖို့ မစောင့်နိုင်တော့သည်ကို မြင်တော့ စန်ညာတာဝါက ခံစားချက်တို့ ရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် ပြုံးလာခဲ့သည်။
“ ဒေါက်တာချန် … မင်း ဘယ်လိုထင်လဲ ….”
စန်ညာတာဝါကို ချန်ယွီ့ကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်လာခဲ့သည်။
ချန်ယွီ့က လက်ပင့်မြှောက်၍ ဖိတ်မန္တကပြုသည့် ဟန်ပန်ကို ပြုလုပ်လိုက်သည်။
“ ခင်များက လူနာပဲ … ခင်များပြောချင်လား မပြောချင်ဘူးလားဆိုတာ ခင်များ အပေါ်ပဲ မူတည်တယ် …”
စန်ညာတာဝါက အသက်ကိုပြင်းပြင်း ရှူရှိုက်လိုက်သည်။
“ မင်းတို့အားလုံး လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက လျန်ပေမြို့ အဆောက်အဦးတွေ အတွဲလိုက် ဖြိုချဖျက်စီးတဲ့ ဖြစ်ရပ်ကို ကြားဖူးကြမှာပါ ….”
“ ငါက အဲ့ဒီ လိမ်လည်မှုကို နောက်ကွယ်ကနေ ထိန်းချုပ်နေခဲ့တဲ့ အဓိကလူပဲ …”
ဤစကားလုံးများ ပြောပြီးသည်နှင့် စကားပြောခန်းထဲရှိ ကွန်းမန့်များမှာ ချက်ချင်းဆိုသလို ဝရုန်းသုန်းကားတွေ ဖြစ်ကုန်ကြသည်။
“ စောက်ငရဲပဲ … ဒီ သိမ်မွေ့ပြီး လူကြီးလူကောင်း ဥပဓိရုပ်နဲ့ ဦးလေးကြီးက အဲ့ဒီတုန်းက နတ်ဘုရားဆန်တဲ့ လူလိမ်တဲ့လား …”
“ တကယ့်လက်တွေ့ဘဝက ရုပ်ရှင်ဇာတ်ကားတွေထက်တောင် ပိုပြီး မှော်ဆန်သေးတယ် ….”
“ အဲ့အချိန်တုန်းက ပြည်တွင်းထဲ သူ့အပေါ် အခြေခံထားတဲ့ ရုပ်ရှင်နဲ့ ဝတ္ထုတွေ တော်တော်များများ ထွက်လာခဲ့တာကို မှတ်မိသေးတယ် ….”
“ အံ့ဩစရာက နေရာအနှံ့မှာ ရှိတယ် … ပြီးတော့ ခင်များက ဒီနေ့ ကျုပ်ဘေးမှာ ထွက်ပေါ်လာတယ် …”
“ ဒါ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးပဲ …”
လျန်ပေမြို့ အဆောက်အဦးအများ အတွဲလိုက် ဖြိုချဖျက်စီးမှု ဆိုသည့် စကားကို ကြားတော့ အသက်ကြီးသည့် အင်တာနက်သုံးစွဲသူ အများအပြားမှာ သူတို့ ဦးနှောက်ထဲ ဖုန်တက်နေပြီ ဖြစ်သည့်မှတ်ဉာဏ်တစ်ချို့က ပြန်လည် နိုးထလာသည်။
ငယ်ရွယ်သည့် ကြည့်ရှုသူများလည်း ထိုအကြောင်းကို အင်တာနက်ပေါ် ရှာဖွေနေခဲ့ကြသည်။
လွန်ခဲ့တဲ့ နှစ် ၂၀ ပတ်ဝန်းကျင်လောက်တုန်းက လူလိမ်သမား အုပ်စု တစ်စုသည် ဂျပန်ကနေ ရောက်လာသည့် နိုင်ငံခြားသား စီးပွားရေးသမားများ အသွင်ဆောင်၍ လျန်ပေမြို့သို့ ဦးတည်လာကြပြီး အမျိုးမျိုးသော အစိုးရဌာနများနှင့် ဆက်သွယ်ချိတ်ဆက်ခဲ့သည်။
သူတို့က ဒေသခံ အစိုးအရကို မြေ ဧက ၆,၀၀၀ ကျော် ကျယ်ပြန့်သည့် လူနေအိမ်ယာ အဆောက်အဦးများ တည်ဆောက်ချင်ကြောင်းနှင့် ထိုပရောဂျက်ကြီးတွင် ဘီလီယမ် ဆယ်နှင့်ချီ ရင်းနှီးမြုပ်နှံလိုကြောင်း ပြောသည်။
သူတို့ ပရောဂျက် စီမံကိန်းက လူနေ အိမ်ယာ အဆောက်အဦးများ ၊ ရှုခင်းသာများ ၊ ဇိမ်ခံ ရှောပင်းမောလ်ကြီးများနှင့် များပြားလှသော ထူးခြားသည့် အတွေ့အကြုံများကို ခံစားရရှိနိုင်မည့် ခရိုင် ပရောဂျက်ကြီး ဖြစ်၏။ အမျိုးမျိုးသော တီထွင်ဉာဏ်ကောင်းလှသည့် လိမ်လည်နည်းလမ်းများမှာ သူတို့၏ အကျိုးရှိရှိ အသုံးချခြင်းခံကို ခံခဲ့ရသည်။
သူတို့အုပ်စု၏ ဧရာမ ပရောဂျက်ကြီးအတွက် လမ်းတစ်လျှောက် အဆောက်အဦးများ အတွဲလိုက် ဖြိုချဖျက်စီးခံလိုက်ရသည်။
တစ်နှစ်ကြာပြီးသည့်နောက် သူတို့ အုပ်စု၏ လူလိမ်အများစုမှာ နိုင်ငံထဲ နေရာ တော်တော်များများ၌ အဖမ်းခံလိုက်ရ၏။ အမှု၏ ပြင်းထန်လေးနက်မှုကြောင့် တရားရုံက အမှုစစ်ဆေးခြင်းကိုပင် ပိတ်သိမ်းခံသည်။ သူတို့မှာ ရှေ့နေငှားရမ်း၍ အယူခံဝင်ခွင့်ပင် မရလိုက်ကြ။
ထိုသို့ ညင်သာပြီး လူကြီးလူကောင်းဆန်သည့် စွဲစွဲငင်ငင် သံလိုက်သံနှင့် သက်လတ်ပိုင်း ဦးလေးကြီးက ထိုကိစ္စ နောက်ကွယ်ရှိ အဓိက ကြိုးကိုင် ထိန်းချုပ်သူ ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။
“ လူတိုင်းပဲ … ကျေးဇူးပြုပြီး ငါ့အမှားတွေကနေ သင်ယူကြပါ … ငါ့ရဲ့ မြည်းကန်ခံထားရတဲ့ ခေါင်းက ငါ့ကို ထောင် ၁၅ နှစ် ကျခံစေခဲ့တယ် ….”
ချန်ယွီ့ထံသို့ ဆက်သွယ်လာသည့်လူက ဒဏ္ဍာရီလာ ပုံရိပ်ကြီးဖြစ်ပြီး လူတော်တော်များများက သူ့ထံကနေ သင်ယူလိုကြောင်း ကွန်းမန့်များကို မြင်တော့ စန်ညာတာဝါ၏ သွင်ပြင်မှာ အလွန်အမင်း ခါးသီးသည့် အမူအရာမျိုး ဖြစ်သွားခဲ့သည်။
“ ငါက ငါ့ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးသွားခဲ့ရုံတင်ပဲ မဟုတ်ဘူး … ငါ့ရဲ့ ကျန်းမာရေး ၊ ငါ့ရဲ့ မိသားစု ၊ ငါ့ရဲ့ ဆွေမျိုးတွေကိုလည်း လက်လွှတ်လိုက်ရတယ် …”
စန်ညာတာဝါက သူ ကျူးလွန်ခဲ့သည့် အမှုက သူ့အပေါ် ဆောင်ကြဉ်းလာခဲ့သည်များအား ပြောပြသည်။
ထိုစဉ်အချိန်တုန်းက စန်ညာတာဝါသည် ပျိုရွယ်ပြီး ရည်မှန်းချက် ကြီးမားခဲ့သည်။ သေးသေးမွှားမွှားလေး ပြုလုပ်ရသည်များက သူ၏ အာသီသကို မဖြေဖျောက်နိုင်။
သူ အကြီးကြီး တစ်ခု ကစားဖို့ ဆုံးဖြတ်လိုက်၏။
ထိုသို့ ပြုလုပ်ပြီးသည်နှင့် သူ့လက်များကို ဆေးကြောကာ သူ့ဇနီးကို နိုင်ငံခြားသို့ ခေါ်သွားပြီး သာယာအေးချမ်းစွာ နေထိုင်ကြမည်။
အစီအစဉ်က တကယ်လည်း အောင်မြင်ခဲ့သည်။ သို့ပါသော်လည်း သူသည်လည်း လျင်လျင်မြန်မြန်နဲ့ ဖမ်းခံလိုက်ရ၏။
သူ တရားရုံး စစ်ဆေးခံနေရချိန်ကျမှပဲ သူ့မိန်းမတွင် ကိုယ်ဝန် သုံးလ ရှိနေခဲ့ပြီကို သိရှိလိုက်ရသည်။
နောက်ပိုင်း၌ သူ ထောင်ချခံလိုက်ရ၏။
သူ့မိန်းမကလည်း သူ့ကို ကွာရှင်းသွားခဲ့သည်။
အမျိုးမျိုးသော နာကျင်မှုနဲ့ နောင်တတို့က သူ့အပေါ် ကြီးစိုးလာသည်။
များမကြာမီမှာပဲ စန်ညာတာဝါတွင် OCD ရောဂါတစ်ခု ပေါက်ဖွားလာခဲ့သည်။
သူ၏ ကောင်းမွန်သည့် အပြုအမူတို့ကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံရမည့်အစား ၁၅ နှစ်နှင့် ထောင်ထဲက လွတ်လာခဲ့သည်။
လွန်ခဲ့တဲ့ ငါးနှစ်တည်းက သူ ထောင်ထဲမှ လွတ်လာခဲ့တာဖြစ်၏။
သူ့ ငယ်သူငယ်ချင်း၏ ကူညီပေးမှုဖြင့် သူ့ဘဝသည်လည်း နောက်ဆုံးတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာသည်။
သို့သော် သူ့ အခြေအနေကတော့ ပိုပို၍သာ ဆိုးရွားလာနေခဲ့သည်။
အခြေအနေ တည်ငြိမ်ဖို့အတွက် တစ်နေ့ကို ဆေးသုံးကြိမ် သောက်ဖို့ လိုအပ်၏။
“ တစ်ခါက ငါ့သူငယ်ချင်း ငါ့ကို စိတ်ကျန်းမာရေး ဆေးခန်းတစ်ခုဆီ ခေါ်သွားပြတယ် ….”
“ ဆရာဝန် ပြောတာတော့ ဆေးသောက်တာ တစ်ခုတည်းနဲ့ ငါ့ရောဂါကို ကုသမပေးနိုင်ဘူးတဲ့ … မိသားစုရဲ့ နွေးထွေးမှုနဲ့ ဆွေမျိုးအပေါင်းအသင်းတွေရဲ့ ဂရုစိုက်ပေးမှုတွေကမှ ငါ့အတွက် အကောင်းဆုံး ဆေးဝါးပဲတဲ့ ….”
“ ငါ့ သူငယ်ချင်းကလည်း ငါ့ကို အရင် မိန်းမနဲ့ ကလေးဆီ သွားလည်ဖို့ အကြံပေးတယ် …”
“ ငါလည်း သူ အကြံပေးတဲ့အတိုင်း နားထောင်ပြီး မိန်းမအိမ် သွားလည်တယ် …”
“ သူက ငါ့ကို အရင်တုန်းကအတိုင်း မုန်းတီးနေတုန်းပဲ … ငါ့တည်ရှိမှုကို ငြင်းဆန်ပြီး စကားတစ်ခွန်းတောင် မပြောဘူး …”
“ ငါစိတ်ပျက်လက်ပျက်နဲ့ ဘက်စ်ကားမှတ်တိုင်ဆီ လမ်းလျှောက်နေတဲ့ အချိန်မှာပဲ အနောက်ကနေ ကောင်မလေး တစ်ယောက် ပြေးလိုက်လာတယ်… သူက ငါ့သမီးလေး …”
ထိုနေရာရောက်တော့ စန်ညာတာဝါ၏ အမူအရာမှာ ရွှင်ပြနေခဲ့သည်။
သူ့မိန်းမက သူ့ကို ခွင့်လွှတ်ပေးဖို့ ငြင်းဆန်သော်ငြား သူ့ သမီးကတော့ သူ့အပေါ် ရန်လိုခြင်း မရှိ။
သူမကို ဆက်သွယ်နိုင်မည့် အချက်အလက်များ ပေးထားခဲ့ပြီး သူနှင့် စကားပင် ပြောဆိုခဲ့သေးသည်။
သူ့တွင် OCD ရှိနေတာကို သိတော့ သမီးဖြစ်သူက သူနဲ့ ခဏလောက် အတူနေပေးမည်ဟု အမေဖြစ်သူကို ဖြောင်းဖြသည်။
သူမက သူ့ကို ကူညီပြီး ရောဂါ ကုသပေးချင်သည်။
ထိုနေရာရောက်တော့ စန်ညာတာဝါက စကားကို ခေတ္တရပ်နားလိုက်ပြီး သူ၏ အမူအရာကလည်း ရှုပ်ထွေးလာခဲ့သည်။
“ ငါ့ကိုယ်ငါ စိတ်လွတ်သွားမှာကို ကြောက်တယ် … သမီးလေးကိုလည်း ငါနဲ့အတူ လာနေစေချင်တယ် … ဒါပေမယ့် ငါ့ရဲ့ OCD က သူ့ကို ကြောက်အောင် ခြောက်လန့်မိမှာလည်း ကြောက်တယ် ….”
သူ့သမီးနှင့် ဖုန်းထဲတွင် ဆက်သွယ်နေသည့် အချိန်၌ သူ့ OCD က အနည်းငယ် သက်သာသွားခဲ့သည်။
မိသားစု ဆွေမျိုးတွေကပဲ သူ့ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်မယ် ဆိုတဲ့ ဒေါက်တာရဲ့ စကားကို သူ ယုံကြည်သွားခဲ့၏။
ဒီတိုင်း သူ့ဘက်က အကယ်၍ တစ်နေ့လောက် ဆေးမသောက်ခဲ့မိပါက သူ့ OCD ရောဂါ ရုတ်တရက် ထဖောက်လာမည်ကို ကြောက်ရွံ့နေခြင်းပင်။
အကယ်၍ သူ့သမီးကို ကြောက်လန့်အောင် လုပ်မိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ …
ဤအကြောင်းပြချက်ကြောင့်ပဲ သူ ရည်ရွယ်ချက်ရှိရှိ ဆေးသောက်ရမည့် အချိန်များကို မသောက်ဘဲ သူ၏ ရူးသွပ်သည့် အပြုအမူက မည်သို့မည်ပုံရှိလဲဆိုတာကို စောင့်ကြည့်ရေး ကင်မရာများ၌ မှတ်တမ်းတင်ထားခဲ့ခြင်းပင်။
သူ၏ လုပ်ရပ် အပြုအမူကို မြင်သည့်လူတိုင်း နောက်တွန့်သွားကြမည် ဖြစ်၏။
“ ဒေါက်တာချန် … ငါ မင်းဆီလာခဲ့တာက ငါ့မှာ တခြား ရွေးချယ်စရာ မရှိတော့လို့ပါ ….”
“ ငါ့ သမီးကို ခြောက်လှန့်မိမှာလည်း ကြောက်တယ် … ဒါပေမယ့် သမီးကို ငါ့ဘေးနား လာနေစေချင်တာတော့ အမှန်ပဲ ….”
“ ငါလည်း မတတ်သာတဲ့အဆုံး မင်းဆီလာပြီး ဆေးကုသမှု ခံယူရတာပဲ ….”
“ ငါ့ကို အကြံပေးပါဦး ဒေါက်တာချန် … သမီးလေးကို ငါနဲ့အတူ လာနေခိုင်းသင့်လား ….”
ရှော့ခ်ရဖွယ်ကောင်းလောက်သည့် လိမ်လည်မှုများကို ကျူးလွန်ခဲ့သည့် စန်ညာတာဝါသည် ချန်ယွီ့၏ နောက်ခံသမိုင်းကြောင်းများကို စုံစမ်းထားပြီး ဖြစ်သည်။
ချန်ယွီ့တွင် အနာဂတ်ကို မှန်းဆနိုင်သည့် အစွမ်းအစ တစ်ရပ် ပိုင်ဆိုင်ထားပြီး မည်သူကမျှ သူ့မျက်စိရှေ့မှောက်တွင် သူတို့၏ မည်သို့သော လုပ်ရပ်မျိုးကိုမျှ ဖုံးကွယ်ထား၍ မရပေ။
ထို့ကြောင့်ပဲ စန်ညာတာဝါက သူ့ကိုယ်သူ စိတ်ပြင်ဆင်ထားပြီးမှ ရောက်လာခဲ့ခြင်းပင်။
မည်သို့ပင်ဆိုစေ သူ ချန်ယွီ့နှင့် စတင် ဆက်သွယ်သည်နှင့် သူ၏ လုပ်ရပ်တို့ကလည်း ဖော်ထုတ်ခံလိုက်ရမှာ ဖြစ်၏။
သို့သော် သူ့ သမီးလေး အတွက် သူ ထိုသို့ အဖြစ်ခံဖို့ ဆန္ဒရှိသည်။
“ ကျွန်တော် ခုနတုန်းက ပြောခဲ့သလိုပဲ …” ချန်ယွီ့ စကားကို မနှေးမမြန် လေသံဖြင့် “ ကျွန်တော့်မှာ ခင်များကို ကုသပေးနိုင်တဲ့ အထူးဆေးဝါး တစ်ခု ရှိတယ် …”
“ ဒါပေမယ့် ခင်များ အတွက်က မလိုဘူး … ဘာလို့ဆို ဆေးသောက်တာက ခင်များရဲ့ အခြေအနေကို ပိုဆိုးရွားလာစေမှာမို့လို့ပဲ …”
“ မင်း ဘာပြောချင်နေတာ …” စန်ညာ တာဝါ နားရှုပ်သွားခဲ့ရ၏။
“ ဒေါက်တာချန်ရဲ့ ဆေးက ဘေးထွက်ဆိုးကျိုးတွေများ ရှိနေလို့လား ….”
“ မဟုတ်ဘူး ….” ခေါင်းခါယမ်းရင်း ချန်ယွီ့ စကားကို ဆက်သည်။ “ ကျွန်တော့်ဆေးက ဘယ်လို အဆိပ်အတောက် ဘေးထွက်ဆိုးကျိုးမှ မရှိဘူး …”
“ ခင်များရဲ့ သမီးက ခင်များအတွက် အကောင်းဆုံး ဆေးဝါးပဲ …”
“ ခင်များက ကျွန်တော့်ဆေးကိုသောက်ပြီး ခင်များသမီးကို အိမ်လာနေခိုင်းလိုက်မယ်ဆိုရင် ဆေးနှစ်ခုက ပေါင်းစပ်သွားပြီး ခင်များရဲ့ အခြေအနေကို လုံးဝ အစွန်းရောက်သွားစေလိမ့်မယ် ….”
“ ဘယ်လို အစွန်းရောက်စေမှာလဲ ….”
စန်ညာတာဝါမှာ စိတ်မသက်မသာ ခံစားနေရသည်။
“ သေမှာ …”