← Chapters

လောဘကြောင့် အမြင်ကန်းသွားတဲ့ အမြတ်ကြီးစားသမား

Vol. 8 Ch. 79

လောဘကြောင့် အမြင်ကန်းသွားတဲ့ အမြတ်ကြီးစားသမား

Vol. 8 Ch. 79

“ ကောင်စုတ်လေး … မင်း အားယားလွန်းလို့ ငါ့ဆီ တမင်လာပြီး ဟာသလာလုပ်နေတာလား ဟုတ်လား …”

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်ကြီး၏ မျက်နှာတွင် မကျေမချမ်းမှုတို့ ပြည့်နှက်သွားခဲ့သည်။

ချန်ယွီ့က ပြောင်းပြန် ဈေးလာစစ်နေသည်မှာ မဆန်းတော့ချေ။

လက်စသတ်တော့ သူက အရူးလုပ်ခံခဲ့ရသည်ကိုး။

ရှေးဟောင်းပစ္စည်းကို အလကားပေးရမယ် … မဟုတ်သေးဘူး… သူကတောင် သူ့ကို ယွမ်တစ်သန်းပါ အဆစ်ထည့်ပြီး ပေးရမယ်…

ဒါ သာမန်ဦးနှောက်နဲ့ လူတစ်ယောက် ပြောထွက်လာမယ့် စကားလား …

“ ခင်များ ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို ကျုပ် ကူညီပြီး ဖြေရှင်းပေးနိုင်တယ် …” ချန်ယွီ့ တည်ငြိမ်စွာ ခွန်းတုံ့ပြန်လိုက်သည်။ “ တကယ်လို့ ခင်များ ကျုပ်ကို ယုံတယ်ဆိုရင် ကျုပ် ပြောတဲ့အတိုင်းလုပ် …”

“ မယုံဘူးဆိုလည်း ခင်များထိုက် ခင်များကံပဲ ….”

ထိုသို့ ပြောပြီးနောက် ချန်ယွီ့က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ထိုဆိုင်ရှေ့မှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

“ ခဏလေး …”

ဝဖိုင့်ဖိုင်နှင့် ဆိုင်ပိုင်ရှင်မှာ ချန်ယွီ့ စကားလုံးများ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် အရိပ်အမြွက်တို့ ပါဝင်နေသည်ဟု ခံစားနေရသည်။

သူ ခံစားနေရတဲ့ ဝေဒနာတွေကို ကူပြီး ဖြေရှင်းပေးမယ်ဆိုတာက ဘာကို ပြောချင်တာ …

“ ရှင်းရှင်းလင်းလင်းပြော … မင်း ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ ….”

“ ကျုပ်က ခင်များကို ဒုက္ခပင်လယ်ထဲက ကယ်တင်ပေးဖို့ ရောက်လာခဲ့တာ …” ချန်ယွီ့က ခေါင်းလှည့်ပြီး ပြောလိုက်သည်။

ဤသည်ကို ကြားတော့ ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က ချန်ယွီ့ကို ခြေဆုံးခေါင်းဆုံး တစ်ဖန် ပြန်ကြည့်လိုက်သည်။

ချန်ယွီ့ ဝတ်ဆင်ထားသည်က သာမန်အဝတ်အစားများ ဖြစ်၏။

သူ့ ကိုယ်ပေါ်တွင် အဖိုးတန်သည့် အရာဆိုလို့လည်း တစ်ခုတစ်လေမျှ မမြင်တွေ့ရပေ။ ဒီတော့ ပျင်းရိလွန်း၍ တခြားသူများကို ရည်ရွယ်ချက် ရှိရှိ လာပြီး စနောက်သည့် သူဌေးသားနှင့်လည်း မတူပေ။

ချန်ယွီ့ မျက်နှာထက်တွင် ဆင်မြန်းထားသည့် မျက်နှာအမူအရာကလည်း နက်နဲ သိရခက်လှပြီး ကြောင်တောင်တောင် လူစားမျိုးနှင့်လည်း မတူပေ။

တွေးကြည့်ပြီးနောက် ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်လည်း ဤကောင်လေး သူ့ရှေ့ကို ဘာလုပ်ဖို့ ရောက်လာတာလဲဆိုတာ မသေချာတော့ပေ။

ဆိုင်ရှင်က ချန်ယွီ့ကို နောက်သို့ ပြန်ခေါ်လာခဲ့ရင်း သူ့စကားလုံးများကို ဂရုတစိုက်နှင့် သုံးသပ်ဆင်ခြင်နေခဲ့မိသည်။

“ ခင်များက ခင်များကိုယ်တိုင်တောင် မသိဘဲနဲ့ အန္တရာယ်တောထဲ ကျနေပြီ …”

“ ကျုပ်ကလွဲလို့ ဘယ်သူကမှ ခင်များရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး ….”

ချန်ယွီ့က မနှေးမမြန်လေသံဖြင့် ထပ်ပြီး ဖြည့်စွက်ပြောလိုက်သည်။

“ သေချာစဉ်းစား … အခုတလော ခင်များ ဘေးနားတစ်ဝိုက်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်နေတယ်မလား ….”

“ မင်း … မင်း တကယ်ပဲ ဘယ်လိုလူလဲ ….”

ထူးဆန်းသည့် ဖြစ်ရပ်များ ဆိုသည့် စကားကို ကြားတော့ ဝဖိုင့်ဖိုင့်နှင့် ဆိုင်ရှင်က မတူညီသည့် လူတစ်ယောက်သို့ ပြောင်းလဲသွားသည့်နှယ်ပင်။

သူ့မျက်နှာထက်ရှိ သင်္ကာမကင်း အမူအရာက အစအနပင် မမြင်လိုက်ရဘဲ ပျောက်ကွယ်သွားခဲ့သည်။

အစားထိုး ဝင်ရောက်လာသည်ကား နက်ရှိုင်းသထက် နက်ရှိုင်းလာနေသည့် ကြောက်ရွံ့မှုများပင်။

ဤအတောအတွင်း ဆိုင်ပိုင်ရှင်၏ ကံတရားက ပုံမှန်မဟုတ်ဘဲ အင်မတန် ဆိုးရွားနေခဲ့သည်။

သူကံက ခေနေခဲ့သည်။ သို့သော် တစ်နည်းနည်းနှင့် ရှားပါးပုလဲနက် တစ်လုံးကို တစ်ယွမ်တည်းနှင့် ဝယ်ယူနိုင်ခဲ့၏။

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က သူ့ဘိုးဘေးတွေ ကောင်းချီးပေးနေပြီဟု ခံစားနေရချိန်မှာပဲ ပုံမှန်မဟုတ်သည့် ထူးဆန်းသည့် ဖြစ်ရပ်မျိုးစုံက သူ့အပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။

ချန်ယွီ့၏ နက်နဲသည့် သွင်ပြင်ကို ကြည့်ရင်း ဆိုင်ပိုင်ရှင်၏ နှလုံးသားမှာ လန့်ဖျပ်သွားခဲ့ရ၏။

“ ကောင်လေး … မှားလို့ မှားလို့ … လူကြီးမင်း … မင်းရဲ့ နာမည်လေး သိပါရစေ …”

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က စီးကရက်တစ်လိပ်ထုတ်လာခဲ့ပြီး ချန်ယွီ့ထံသို့ အပြုံးလေးဖြင့် ကမ်းလိုက်သည်။

“ ကျုပ်နာမည် ချန်ယွီ့ …”

စီးကရက်ကိုတော့ ချန်ယွီ့ ငြင်းလိုက်၏။

“ ကျုပ် နောက်ဆုံးအကြိမ် မေးမယ် … ခင်များ ပုလဲကို ကျုပ်ဆီ ပေးမလား မပေးဘူးလား …”

“ လူကြီးမင်းချန် … ငါတို့ တခြားတစ်နေရာမှာ စကားသွားပြောကြမလား ….”

“ ကောင်းပြီလေ …”

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က သူ့ဘေးရှိ ဆိုင်ရှင်တစ်ယောက်ကို သူ့ဆိုင် ကူကြည့်ပေးထားဖို့ ပြောလိုက်ပြီး ချန်ယွီ့ကို လမ်းဆုံးနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

အနီးအနားတွင် မည်သူမျှ ရှိမနေကြောင်း သေချာတော့မှ ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က လေသံတိုးတိုးလေးဖြင့် မေးလာခဲ့၏။ “ လူကြီးမင်းချန် .. အခု မင်း ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြလို့ ရပြီလား ….”

“ မင်းက မှော်ဆရာလား ၊ ကွန်ဖြူးရှပ် ပညာရှင်လား ၊ ဒါမှမဟုတ် ကံကြမ္မာဟောပြောသူလား …”

“ ငါတို့က ဆွေမျိုးတွေလည်း မဟုတ်ဘူးလေ … ဒါဆို ဘာလို့ ငါ့ကို ထောက်ပြလမ်းညွှန်ပေးဖို့ ရောက်လာခဲ့တာလဲ …”

“ ကျုပ်က စိတ်ကျန်းမာရေးဆရာဝန် တစ်ယောက်ပါ …”

ချန်ယွီ့က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ ခင်များရဲ့ပုံက ထူးဆန်းတယ် … ခင်များမှာ စိတ်ရောဂါ တစ်ခုခု ရှိနေတယ်လို့ ထင်တယ် ….”

“ ဒါကြောင့်မို့ ကျုပ်ရဲ့ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်ကို ဘေးချိတ်ပြီး ခင်များကို လာကူညီပေးရတာပဲ ….”

ချန်ယွီ့၏ သရုပ်ဆောင်မှုက အင်မတန် သဘာဝဆန်လှပြီး ဆိုင်ပိုင်ရှင်ကို ကြက်သေသေသွားစေခဲ့သည်။

ဆိုင်ပိုင်ရှင်က ချန်ယွီ့ကို ဆန်းကြယ်ဂိုဏ်းတစ်ခု၏ ဂိုဏ်းသား တစ်ဦး ဖြစ်မည်ဟု ယုံကြည်နေခဲ့သည်။ သို့သော် ချန်ယွီ့ကတော့ သူ့ကိုယ်သူ စိတ်ကျန်းမာရေးဆရာဝန်ဟုသာ ပြောဆိုလာသည်။

စိတ်ကျန်းမာရေး ဆရာဝန်တွေ ဘယ်အချိန်တုန်းကတည်းက ဒီလို အယူသည်းမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို သုတေသန ပြုသွားခဲ့ကြတာလဲ …

ဆိုင်ပိုင်ရှင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေမိပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။

“ သိပ္ပံနည်းကျ စိတ်ပညာဗေဒနဲ့ လေ့လာဆန်းစစ်မှုတွေကနေတစ်ဆင့် ခင်များရဲ့ စိတ်ရောဂါက ခင်များလည်ပင်းပေါ်မှာ ဆွဲထားတဲ့ ပုလဲနက်နဲ့ ခွဲခြားမရအောင်ကို ဆက်စပ်နေတယ် …”

“ မင်း ဒါကိုလည်း ပြောနိုင်တယ်ပေါ့ …”

ဆိုင်ပိုင်ရှင်က ချန်ယွီ့ စကား၏ ပထမအပိုင်းကို လုံးဝ လျစ်လျူရှုထားသည်။ သူ့ ပြဿနာများက ပုလဲနက်နှင့် ဆက်စပ်နေကြောင်း ကြားလိုက်ရတော့ ထပ်ပြီး မသက်မသာ ဖြစ်လာပြန်သည်။

“ ကျုပ် ခင်များရဲ့ စိတ်ရောဂါကို ကုသပေးမယ် .. ပြီးရင် ခင်များရဲ့ ကုသမှုအတွက် ခင်များကျုပ်ကို ယွမ်တစ်သန်းပေးဖို့လိုမယ် …”

“ ပြီးတော့ ကျုပ် ဒီပုလဲကိုလည်း ယူမယ် … ခင်များ ဘာမေးစရာရှိလဲ …”

ချန်ယွီ့က ချက်ကျလက်ကျ လေသံဖြင့် ပြောလိုက်သည်။

“ ငွေရေးကြေးရေးက ပြဿနာ မရှိဘူး … ဒါပေမယ့် …..”

ဆိုင်ပိုင်ရှင်မှာ ပါးစပ် ဟစိဟစိ ဖြစ်စွာဖြင့် တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားနေရ၏။

“ လူကြီးမင်းချန် … မင်းငါ့ကို မနောက်ပါနဲ့ …”

“ ဒီမှာ အပြင်လူတွေလည်း ရှိတာ မဟုတ်ဘူး … ငါ့ကို အမှန်အတိုင်းပြောလိုက် … မင်းက မှော်ဆရာလား ဘာလဲ ….”

“ မပူနဲ့ … ငါမင်းကို အာဏာပိုင်တွေဆီ မတိုင်ဘူး စိတ်ချ…”

“ အမှန်အတိုင်းပြောသင့်တာက ခင်များပဲ … ကျုပ်မဟုတ်ဘူး …” ချန်ယွီ့က ခိုင်မာတည်ကြည်သည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ပြီးတော့ … ကျုပ်ပြောခဲ့တာတွေ အကုန်လုံးက အမှန်တွေ ချည်းပဲ …”

ချန်ယွီ့က ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင် လက်ထဲ ကိုင်ထားသည့် ပုလဲနက်ကို ကြည့်လိုက်သည်။

“ ဆရာဝန်တစ်ယောက် အနေနဲ့ ကျုပ် ခင်များကို အကြံနည်းနည်းပါးပါး ပေးလိုက်မယ် …”

“ ကိုယ့်ရဲ့ ရောဂါ အခြေအနေကို ဖုံးကွယ်ထားတာက ရောဂါကို ပိုပြီး ဆိုးရွားလာစေရုံပဲ ရှိမှာ … အမှန်အတိုင်း အကုန် ပြောပြမှပဲ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မယ် ….”

ယခု အခိုက်အတန့်၌ ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန်တစ်ယောက် မဟုတ်ဘူးဆိုတာကို ဆိုင်ပိုင်ရှင် ရာနှုန်းပြည့် လောင်းကြေးထပ်ဝံ့သည်။

ဘယ်လို စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်က သူ့ပြဿနာကို ပုလဲတစ်လုံးနဲ့ ဆက်စပ်နေတယ်ဆိုပြီး ပြောလာမှာလဲ … ဟုတ်တယ်မလား …

ချန်ယွီ့က အယူသည်းမှု ဝါဒများကို နှိမ်နင်းတိုက်ဖျက်နေသည့် အာဏာပိုင်များကို ကြောက်ရွံ့သောကြောင့် သူ၏ ဂမ္ဘီရဆန်သည့် ပညာရပ်များအတွက် ဆင်ခြေဆင်လက်တစ်ခု ဖန်တီးထားလိုက်သည်။

လုပ်ထားတဲ့ ဆင်ခြေကလည်း ဘယ်လောက်တောင် စုတ်ချာနေလိုက်လဲ ..

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ရှင်က ကြိတ်ပြီး အတွန့်တက်လိုက်သည်။

အကယ်၍ သူ့နှင့် ကြမ္မာရေစက် ရှိနေသောကြောင့်သာ မဟုတ်ပါက ချန်ယွီ့လည်း ညသန်းခေါင်ကြီး ဤနေရာသို့ ရောက်လာခဲ့မှာ မဟုတ်ချေ။

ထိုအစား အိပ်ရာထဲနေပြီး ဂိမ်းဆော့နေသည်က ပိုကောင်း၏။

“ ဘာလဲ … ခင်များက မပြောချင်ဘူးလား ….”

“ ငါပြောမယ် …”

သူ့ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် ဆန်းကြယ်သည့် အထောက်အထားနှင့် တစ်စုံတစ်ယောက်ကိုတွေ့တော့ ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်လည်း ထိုလူက မှော်ဆရာလား ဘာလား ဂရုစိုက်မနေတော့။

သူ့အနားဝန်းကျင်တွေ ဖြစ်ပျက်နေသည့် ထူးဆန်းသည့် ဖြစ်ရပ်များကို အရင် ဖြေရှင်းသည်က ပိုကောင်းသည်။

လွန်ခဲ့တဲ့ လအနည်းငယ်လလောက်တုန်းက ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်က နယ်ဘက်သို့ သွားပြီး ရှေးဟောင်းပစ္စည်းများကို သိန်းချီဖိုး ဝယ်ယူသည်။

သူ့လိုမျိုး အမြတ်ကြီးစားတဲ့ လူတစ်ယောက်က ရှေးဟောင်းပစ္စည်းတွေကို အောက်ဈေးပေးပြီးပဲ ဝယ်ယူလေ့ရှိသည်။

အကယ်၍ ဘာမှ မသိသည့် လယ်သမား တစ်ယောက်နှင့် တွေ့ခဲ့မည်ဆိုပါက ဈေးနှုန်းကို နှိမ်နိုင်သလောက် နှိမ်သည်။

အကယ်၍ နည်းနည်းပါးပါး သိသည့် လူတစ်ယောက်နှင့် တွေ့ခဲ့မည်ဆိုလျှင်တော့ ပေါက်တတ်ကရ မျိုးစုံ လျှောက်ပြောပြီး ပစ္စည်းကို တခြားသူများလက်ထဲ နှစ်ပြားပင် မတန်မည့် ပစ္စည်းဖြစ်အောင် သူ ပြောသည်။

ဤတစ်ကြိမ်တွင်တော့ သူက ရွာသားတစ်ယောက်ဆီကနေ တစ်ဝက်ကျိုးပဲ့နေသည့် ကြွေထည်ပစ္စည်းတစ်လုံးကို လက်ခံရရှိခဲ့၏။

မျက်နှာပြင် အနေအထားနှင့် ပုံစံကို ကြည့်ပြီး သုံးသပ်ကြည့်ရသလောက်တော့ ထန်မင်းဆက်ခတ်ကာ သုံးရောင်စပ် စဉ့်ရည်သုတ် ကြွေထည်အိုးနှင့်တူသည်။

မျက်မှောက်ခေတ်‌ ဈေးကွက်တွင် မြင်တွေ့နေကြရဖြစ်သည့် အမျိုးမျိုးသော စဉ့်ကြွေထည်အိုးများနှင့်မတူပါဘဲ ထန်မင်းဆက်ခေတ်၏ သုံးရောင်စပ် စဉ့်ကြွေထည်အိုးတွင် အသုံးချမှုက တစ်ခုတည်းသာ ရှိသည်။

ထိုအရာကတော့ သင်္ချိုင်းမြုပ်နှံသည့် ပစ္စည်းဖြစ်၏။

ဆိုင်ပိုင်ရှင်လည်း ဤပစ္စည်းက အုတ်ဂူတစ်ခုကနေ ထွက်လာသည့် ပစ္စည်းဖြစ်ရမည်ဟု အာရုံခံမိလိုက်သည်။

နှစ်ပေါင်းများစွာ ကျင်လည်လာသည့် သူ၏ အတွေ့အကြုံများကို အသုံးချ၍ ဤပစ္စည်းကို မကြာသေးမီကမှ အုတ်ဂူထဲက တူးဆွထုတ်ယူထားခဲ့ကြောင်း သတိပြုမိလိုက်သည်။

ရွာသားက သူ့ လယ်အနီးနားတွင် အဆုံးသတ်ကို မမြင်ရသည့် တွင်းကြီးတစ်တွင်းကို ရှာတွေ့ပြီး စူးစမ်းချင်စိတ်ဖြင့် သူ့အပေါင်းအသင်း အနည်းငယ်ကို ခေါ်ကာ အောက်သို့ အတူဆင်းသွားခဲ့ကြသည်။ ထို့နောက် သူတို့တွေ ဂူကြီးတစ်လုံးကို တွေ့ရှိသွားကြ၏။

ဂူထဲ အများစုက ဗလာကျင်းနေပြီး အလယ်တွင် အဖုံးမပါသည့် အခေါင်းတစ်ခုကလွဲ၍ အခြားဘာမျှ ရှိမနေချေ။

အခေါင်းထဲတွင် ခြောက်ကပ်နေသည့် အလောင်းကောင်တစ်ကောင်က လဲလျောင်းနေခဲ့သည်။

ပတ်ဝန်းကျင် နံရံများတွင်လည်း နံရံဆေးရေး ပန်းချီတို့ ဝန်းရံနေခဲ့၏။

အောက်သို့ ဆင်းလာခဲ့ကြသည့် လယ်သမား အနည်းစုမှာ ပုဏ္ဏကတိုက်မည်ကို စိုးရွံ့သောကြောင့် ထိုနေရာတွင် ကြာကြာ မနေဝံ့ခဲ့ကြချေ။

သူတို့ထဲ တစ်ယောက်က အိုးခွက်အနည်းငယ်ကို ကောက်ယူပြီး အားလုံးအတူ အပေါ်သို့ ပြန်တက်လာခဲ့ကြသည်။

ထိုသတင်းကို ကြားတော့ ငွေမက်သည့် ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်လည်း ချက်ချင်းဆိုသလို ထိုနေရာကို လိုက်ပြပေးဖို့ တောင်းဆိုတော့၏။

ဤပုလဲနက်ကိုလည်း အလောင်းကောင်၏ ပါးစပ်ထဲက တွေ့ခဲ့ခြင်းပင်။

သူကတော့ ဤပုလဲနက်က လူသေကို မြေအောက်လောကသို့ လမ်းညွှန်ပေးရန်အတွက် အတူထည့်ပေးထားခြင်းဟု ယူဆလိုက်၏။

သူ ပုလဲနက်ကို ရရှိပြီးနောက်မှာပဲ ထူးဆန်းသည့် ဖြစ်ရပ်တို့က သူ့နားတစ်ဝိုက်တွင် ဆက်တိုက်ဖြစ်ပေါ်လာသည်။

အရင်ဦးဆုံး သူ့အိမ်က အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ မီးလောင်သွားခဲ့သည်။

သူ့ဇနီးနှင့် ကလေးလည်း နောင်ပိုင်းတွင် စိတ်ကူးပင် မယဉ်နိုင်လောက်သည့် အမျိုးမျိုးသော မတော်တဆမှုများမှတစ်ဆင့် ထိခိုက်ဒဏ်ရာတွေ ရကုန်ကြ၏။

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်ကို ပိုပြီး ရှော့ခ်ရစေတာက နောက်က အကြောင်းအရင်းတစ်ချက်ပင်။

တစ်နေ့ သူ ဆိုင်ခင်းဖို့အတွက် အပြင်သို့ ထွက်လာချိန် ရုတ်တရက် မေ့လဲကျသွားခဲ့သည်။

သူ ပြန်သတိရလာတော့ ဆေးရုံတွင် လဲလျောင်းနေရလေသည်။

ဒေါက်တာ ပြောတာကတော့ သူ့ခန္ဓာကိုယ်ထဲတွင် အဆိုးဘက်သို့ သမ်းနေသည့် အသားပိုတစ်ခု ရှိနေကြောင်း ပြောပြခဲ့သည်။ ထိုအသားပိုက ကင်ဆာဖြစ်လာနိုင်ချေများ၏။

“ ခင်များက လူသေပါးစပ်ထဲက ပစ္စည်းတောင် ယူရဲတယ်ဆိုတော့ တော်တော် သတ္တိကောင်းတဲ့လူပဲ …”

ချန်ယွီ့ စိတ်ထဲ ကြိတ်ပြီး နှာမှုတ်လိုက်သည်။

အမြတ်ကြီးစားသမားများအားလုံးက ဒီပုတ်ထဲက ဒီပဲများပင်။

ငွေအတွက်ဆို သူတို့အသက်ကိုပင် စတေးဝံ့ကြ၏။

ဝဖိုင့်ဖိုင့်နှင့် ဆိုင်ပိုင်ရှင်ကတော့ ယင်းပစ္စည်းကို တောက်ပသည့် ပုလဲနက်ဟု ထင်နေခဲ့ပြီး သူ့အသက်ကို ယူငင်လုနီးပါး ဖြစ်နေသည့် ပစ္စည်းတစ်ခုဆိုတာကိုတော့ သူ မသိ။

ယင်းက ပုံမှန် တောက်ပသည့် ပုလဲနက် မဟုတ်ပါဘဲ …

မိစ္ဆာဖိနှိပ်ပုလဲပင်။

All Chapters