← Chapters

အခန်း (၁၇၁)

Vol. 13 Ch. 171

အခန်း (၁၇၁)

Vol. 13 Ch. 171

ယဲ့ရှင်းချန်သည် ခပ်ကြမ်းကြမ်း ခေါင်းရမ်းလိုက်သည်။

ငါ့မှာ ဘယ်လိုလုပ် အဲ့လိုအတွေးမျိုးရှိနေရတာလဲ .....

သူတို့က ဒဏ်ရာတွေ သွားကုရုံပဲလေ ...။စစ်သွားတိုက်တာမှ မဟုတ်တာ။ ဘာဖြစ်နိုင်မှာမို့လို့လဲ...

" အစ်ကိုယဲ့ ၊ ငါတို့ ကုမ္ပဏီကို ပြန်ကြရအောင်...။ "

" ဟုတ်ကဲ့ ၊မစ္စတာလင်။ "

ထိုအချိန် ဇိမ်ခံဘက်စ်ကားပေါ်တွင် ရှိသော ကြေးစားများသည် ဘက်စ်ကားကုတင်ပေါ်တွင် လဲလျောင်းပြီး စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေကြသည်။( ခုံတွေဖယ်ပြီးတော့ ကုတင်တွေ ထည့်ပေးထားတာဖြစ်မယ် )

" ငါတို့ရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် ဆေးရုံကို မြန်မြန်သွားကြရအောင် ၊ ဒါမှ ငါတို့မြန်မြန်သက်သာလာပြီးတော့ ပိုက်ဆံရှာနိုင်မှာ....။ "

" တစ်နှစ်ဝင်ငွေက ယွမ် ၁၀ သန်း နဲ့ တစ်ခြား ဘောနပ်စ်တွေလည်း ရှိသေးတယ်။ မစ္စတာလင်က တကယ့်ကို ရက်ရောတာပဲ။ ငါ ပြန်သက်သာလာတာနဲ့ သူ့စီမှာ လက်ကုန် အလုပ်လုပ်ချင်နေပြီ။ "

" ငါ ပိုက်ဆံလည်း အများကြီးရှာနိုင်တယ်။ ဘော့စ်နဲ့လည်း အတူတူနေလို့ရတယ်။ ဒါက အရမ်းမိုက်တယ်။ "

" ငါ ကြားတာတော့ ဘော့စ်နဲ့ မစ္စတာလင်ရဲ့ ဆက်ဆံရေးက အရမ်းရင်းနှီးတယ်တဲ့။ နောက်ပြီး သူတို့က တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလိုပဲတဲ့။ ငါတို့ မစ္စတာလင် လက်အောက်မှ အလုပ်လုပ်ရင် နစ်နာမှာ မဟုတ်လောက်ဘူး။ "

" ဟုတ်တယ် ၊မစ္စတာလင်က တကယ့်ကို ထူးချွန်ထက်မြက်တဲ့ သူတစ်ယောက်ပဲ ။သူ့လက်အောက်မှ ငါတို့ အလုပ်လုပ်ရင် နစ်နာမှာ မဟုတ်ဘူး။ "

သို့သော်လည်းပဲ သူတို့ပြောသမျှစကားတိုင်းကို ခိုးနားထောင်နေတဲ့သူရှိတယ်ဆိုတာကို သူတို့မသိကြပေ။

လုံယရင်းနှီးမြှုပ်နှံရေးဌာနချုပ်တွင် နဂါးဘုရင်ကျိုရှင်းသည် ဝိုင်သောက်ရင်း ကြေးစားတွေပြောနေတဲ့ စကားများကို နားထောင်ပြီး လှောင်‌ရယ်ခဲ့သည်။

" အရာရာတိုင်းက ငါထင်ထားသလို မဟုတ်ဘူးပဲ။ ဒီအဖွဲ့ကို ယဲ့ရှင်းချန် ခေါ်လိုက်တာက လင်ပေ့ဖန် လက်အောက်မှာ သူတို့ကို အလုပ်လုပ်စေချင်တာကို...."

နဂါးဘုရင်ကျိုရှင်းသည် ဝိုင်တစ်ငုံသောက်လိုက်ပြီး သူ့မျက်လုံးများက ထက်ရှသွားခဲ့သည်။

" ငါ အချိန်မှီ ရှာတွေ့လို့ ကံကောင်းတယ်။ ငါမင်းတို့ကို ဘယ်တော့မှ လင်ပေ့ဖန် လက်အောက်မှာ အလုပ်လုပ်လို့ မရအောင်လုပ်ပစ်မယ်။ "

" သူတို့ကို ရှင်းပစ်ဖို့ နည်းလမ်းရှာလိုက်။ ပြီးရင် ဘာသဲလွန်စမှ မကျန်စေနဲ့။ "

" ဟုတ်ကဲ့ နဂါးဘုရင် " အ‌နက်ရောင်ဝတ်လူက ထွက်သွားခဲ့သည်။

ထိုအချိန်တွင် တစ်နာရီကျော်သွားပြီးနောက် ဇိမ်ခံ ဘက်စ်ကားသည် မြို့ထဲကနေ မြို့ပြင်ကို တဖြည်းဖြည်း‌ထွက်လာသည်။ထို့နောက် လမ်းထောင့်ကို ချိုး၍ နေရှင်နယ်အဝေးပြေးလမ်းမကြီးကို ဝင်သွားခဲ့သည်။

( အမျိုးသားလမ်းက ကားလမ်းတွေထက်သေးပါတယ်ဗျ ၊တခါတလေကျရင် နှစ်လမ်းသွားရှိပါတယ်‌ဗျ ၊ ယာဉ်တစ်စီးပဲ သွားလို့ရတဲ့ လမ်းဖြစ်မယ်ထင်တယ်ဗျ )

" ဘာလို့ အမြန်လမ်းမကြီးကနေ မင်းမသွားတာလဲ ..." ကြေးစားတစ်ယောက်က ‌စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းခဲ့သည်။

ကားမောင်းသမားက ရှင်းပြခဲ့သည်။

" ခရီးသည် ၊ အမြန်လမ်းမကြီးရဲ့ အခြားတစ်ဖက်မှာ ကားမတော်တဆမှုတစ်ခုဖြစ်ပြီးတော့ ယာဉ်ကြော တော်တ်ောလေးပိတ်ဆို့နေတယ်လို့ ကျွန်တော်ခုနလေးတင်ပဲ သတင်းတစ်ခုရခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ခရီးမနှောင့်နှေးစေဖို့အတွက် နေရှင်နယ်အဝေးပြေးလမ်းမကြီးကနေ သွားရလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့ ဒီအဝေးပြေးလမ်းမကို ဖြတ်ပြီးသွားရင် အမြန်လမ်းမကြီးကို ရောက်ပြီ။ "

" မင်းပြောတာ တကယ်ပဲလား... " ထိုကြေးစားက ကားမောင်းသမား ပြောတာကို သံသယဝင်နေတုန်းဖြစ်သည်။

" လောင်ပါ့ ၊မင်း ဘာတွေ စိုးရိမ်နေတာလဲ...။ ဒီနိုင်ငံက ရန်နိုင်ငံလေ၊ အရမ်းလှုံခြုံတယ်။ "

" ကားဆရာရဲ့ သတင်းက မှန်လောက်တယ်။ ဒါကြောင့် သူကြို‌သိနေလို့ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင် ရှောင်ပေးတာ နေမယ်။ ဒါက ပုံမှန်ပါပဲဟ...။ "

" မင်းရဲ့စိတ်ကို အေးအေးထားပြီးတော့ ခဏလောက်အိပ်လိုက်။ မနက်ဖြန်ဆို ငါတို့ ဆေးဘုရင် ဆေးရုံကို ရောက်လိမ့်မယ်။ "

ယင်းနောက် လင်ပေ့ဖန်ရဲ့ကုမ္ပဏီသွားဖို့ ကိစ္စကို လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေခဲ့ကြသည်။

ထို့နည်းဖြင့် နောက်ထပ် နာရီဝက်ကုန်ဆုံးသွားခဲ့သည်။

ထို့နောက် ဘက်စ်ကားသည် လူသူအရောက်အပေါက်နည်းရာ တောင်ပေါ်လမ်းကို ရောက်ရှိလာခဲ့သည်။သို့သော်လည်းပဲ လမ်းအောက်တွင် ၇၀ဒီဂရီထက် ပိုစောင်းတဲ့ ချောက်ကမ်းပါးတစ်ခု ရှိနေတာကြောင့် အလွန် အန္တရာယ်များသည်။

ထိုအချိန်တွင် ဘက်စ်ကားက ရပ်သွားခဲ့သည်။

" ဘာလို့ ရပ်လိုက်တာလဲ .... "

" ဘာဖြစ်တာလဲ ... "

" လူတိုင်း ခဏလောက်သည်းခံပေးကြပါဦး။ ကားမှာ တစ်ခုခုဖြစ်သွားတယ်ထင်တယ်။ ကျွန်တော်ဆင်းပြီး‌ေတာ့ သွားစစ်ဆေးကြည့်လိမ့်မယ်။ မကြာခင်ပြန်ကောင်းသွားမှာပါ။ " ကားဆရာက ပြောပြီးနောက် ဘက်စ်ကားပေါ်ကနေ ခုန်ဆင်းသွားခဲ့သည်။

" ဒါဆိုရင် မြန်မြန်လုပ် ၊ ငါတို့ရဲ့ အချိန်ကို မဖြုန်းနဲ့။ "

" မြန်မြန်လုပ် ၊ ငါတို့ မင်းကို အချိန်ဆယ်မိနစ်ပဲ ပေးမယ်။ "

" အဲ့ထက်ပိုကြာရင် ငါ မင်းကို တရားစွဲပစ်မယ်။ "

ကားဆရာသည် ကားပေါ်မှ ဆင်းပြီးနောက် သူသည် တံခါးသော့ကို ခတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် လှောင်ပြောင်နေတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ထို့နောက် သူသည် အဝေးထိန်းခလုတ်ကို ယူထုတ်ပြီး နှိပ်လိုက်ချိန်တွင် ဘက်စ်ကားက အရှေ့သို့ အလိုအလျောက် မောင်းနှင်သွားခဲ့သည်။ အရှိန်ကလည်း တဖြည်းဖြည်း မြန်လာပြီး နောက်ဆုံးတွင် လမ်းဘေးမှာ ကာထားတဲ့ ခြံစည်းရိုးကြီးကို ဝင်တိုက်ခဲ့သည်။ ဘမ်းဆိုတဲ့အသံကြီးဖြင့် ခြံစည်းရိုးကြီး ပေါက်သွားပြီး ဘက်စ်ကားသည် ချောက်ထဲသို့ ထိုးကျသွားခဲ့သည်။ (အဝေးပြေးလမ်းမှာကာထားတဲ့ဟာကိုပြောတာ ၊TN /ခြံစည်းရိုးပဲ ချလိုက်တော့မယ် ၊အရှေ့မှာ ခြံစည်းရိုးကြီး ):

ဘက်စ်ကားကြီးသည် မတ်စောက်သော ချောက်ကမ်းပါးများကြားတွင် တလှိမ့်ချင်းလှိမ့်ပြီး နောက်ဆုံးမှာတော့ ပေါက်ကွဲသွားခဲ့သည်။

နောက်ထပ်ကားတစ်စီးရောက်လာပြီး ကားဆရာကားပေါ်တက်ပြီးနောက် ထိုကားက အဝေးကို မောင်းထွက်သွားခဲ့သည်။

ယဲ့ရှင်းချန်သည် ကုမ္ပဏီသို့ ပြန်လာပြီးနောက် သူ့စိတ်ထဲ၌ သူ့ညီအစ်ကိုတွေ တစ်ခုခုဖြစ်တော့မလို အမြဲတမ်းခံစားနေရသည်။

ထို့ပြင် အရင်တုန်းက သူ့ညီအစ်ကိုတွေစီ ဆယ်မိနစ်ပြည့်တိုင်း စာတစ်စောင်ပို့လိုက်ချိန်တွင် သူတို့စီက အကြောင်းပြန်စာကို ချက်ချင်းပဲ လက်ခံရရှိခဲ့သည်။

သို့သော်လည်းပဲ အခုချိန်တွင် သူ စာတစ်စောင်ပို့ပြီးနောက် သူတို့စီကနေ အကြောင်းပြန်စာမရရှိခဲ့ပေ။

ငါးမိနစ်ကြာပြီးနောက် နောက်တစ်ကြိမ်စာပို့လိုက်ချိန်တွင်လည်း သူတို့စီကနေ အကြောင်းပြန်စာမရရှိ‌ခဲ့သေးပေ။

ထို့ကြောင့် ယဲ့ရှင်းချန်သည် ‌သူ့ညီအစ်ကိုတွေစီ ဖုန်းခေါ်ခဲ့ပေမဲ့လည်း တစ်ယောက်မှ ပြန်မဖြေခဲ့ပေ။

နောက်ဖုန်းတစ်လုံးပြောင်းပြီး ထပ်ခေါ်ခဲ့ပေမဲ့လည်း တစ်ယောက်မှ ပြန်မဖြေခဲ့ကြပေ။

သူသည် စိုးရိမ်ပြီး ထပ်ခါထပ်ခါ ဖုန်းခေါ်ခဲ့ပေမဲ့လည်း ဘာမှမထူးတာကြောင့် သူသည် ပိုပြီးတော့ စိုးရိမ်လာခဲ့သည်။

" အစ်ကိုယဲ့ ၊ မင်းဘာဖြစ်နေတာလဲ ...။ မင်းရဲ့ အခြေအနေကို ကြည့်ရတာ တစ်ခုခုမှားနေသလိုဘဲ...။ " လင်ပေ့ဖန်က စိုးရိမ်စွာဖြင့် မေးမြန်းခဲ့သည်။

" မစ္စတာလင် ၊ ကျွန်တော် ခုနတုန်းက ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကို ခေါ်နေတာ။ ဒါပေမဲ့ ကျွန်တော့်ကို တစ်ယောက်မှ ပြန်‌မဖြေဘူး။ သူတို့တစ်ခုခုဖြစ်နေပြီလို့ ကျွန်တော်ထင်တယ်။ " ယဲ့ရှင်းချန်က အလောတကြီး ပြောခဲ့သည်။

" သူတို့ ဘာဖြစ်နိုင်မှာမို့လို့လဲ...။ ရန်နိုင်ငံက ဒီလောက် လှုံခြုံတဲ့ဟာကို ....။ အစ်ကိုယဲ့ မင်းစိတ်အေးအေးထား ၊မင်း အစိုးရိမ်လွန်နေတာပဲ ဖြစ်မယ်။"လင်ပေ့ဖန်က ဖုန်းသုံးရင်း ပြောခဲ့သည်။

ယဲ့ရှင်းချန်သည် ခေါင်ခါပြီး ပြောခဲ့သည်။

" ကျွန်တော်လည်းမသိဘူး ၊ သူတို့သွားထဲကနေ အခုချိန်ထိ ကျွန်တော်ဒီခံစားချက်ကို ရနေတာ...။ "

" တကယ်တော့ .... မင်း ထင်တာ မှန်တယ်။ သူတို့ တကယ် တစ်ခုခု ဖြစ်သွားပြီ။ " လင်ပေ့ဖန်က ပြောခဲ့သည်

" မစ္စတာလင် ၊ ဘာကို ဆိုလိုချင်တာလဲ ... " ယဲ့ရှင်းချန်က ရုတ်တရက် ခေါင်းလှည့်ပြီး ကြည့်ခဲ့သည်။

လင်ပေ့ဖန်က သူ့ဖုန်းကို ယဲ့ရှင်းချန်စီ ပေးခဲ့သည်။

" ကြည့်လိုက်.... "

ယဲ့ရှင်းချန်သည် လင်ပေ့ဖန်ရဲ့ ဖုန်းကို ယူပြီး ကြည့်လိုက်ချိန်တွင် သတင်းတစ်ပုဒ် တိုက်ရိုက်ထုတ်လွှင့်နေတာကို မြင်ခဲ့ရသည်။

" အရှေ့က တင်ပို့လာတဲ့ သတင်းတွေအရတော့ xx နံပါတ်ပြားနဲ့ ဘက်စ်ကားတစ်စီးဟာ xx လမ်းမပေါ်၌ မောင်းနှင်နေစဉ်မှာ လမ်းချော်ပြီးတော့ ချောက်ထဲကို ထိုးကျပြီး ပေါက်ကွဲသွားခဲ့တယ်လို့ သိရပါတယ်။ "

" သတင်းပေးပို့လာတဲ့ သူရဲ့ ပြောကြားချက်အရတော့ ဘက်စ်ကားပေါ်မှာ လူ၁၅ယောက်ပါတယ်လို့သိရပါတယ်။ အဲ့ထဲမှာ တစ်ယောက်က ယာဉ်မောင်းသမားဖြစ်ပြီးတော့ ကျန်၁၄ကတော့ ဒဏ်ရာရနေတဲ့ လူနာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ ဘက်စ်ကားဟာ ဆေးကုသမှုခံယူဖို့အတွက် အခြားမြို့တစ်မြို့ရဲ့ ဆေးရုံတစ်ခုကိုသွားနေချိန်မှာ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးသမားတွေကတော့ အခင်းဖြစ်ပွားရာ နေရာကို အမြန်သွားပြီးတော့ ကယ်ဆယ်နေပါတယ်...... "

( ကားမောင်းသမားနှစ်ယောက်ဖြစ်မယ် ၊သူက နှစ်ယောက်ဆိုတော့လည်း နှစ်ယောက်ပေါ့ )

ယဲ့ရှင်းချန်သည် မတော်တဆဖြစ်တဲ့ ဘက်စ်ကားရဲ့ အပျက်အစီးများကို တစ်ချက်ကြည့်လိုက်ချိန်တွင် ၎င်းဘက်စ်ကားက သူ့ညီအစ်ကိုတွေ လိုက်ပါလာသည့် ဘက်စ်ကားဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။ထို့ပြင် လိုင်စင် နံပါတ်ပြားတောင်မှ မှန်နေခဲ့သည်။

ယဲ့ရှင်းချန်သည် တုန်ယင်သွားခဲ့သည်။

" သူတို့....တကယ်ပဲ မတော်တဆမှု တစ်ခုဖြစ်ခဲ့တာပဲ။ "

ထိုအချိန်တွင် ယဲ့ရှင်းချန်ရဲ့ ဖုန်းက အသံမြည်လာခဲ့သည်။

သူကိုင်လိုက်ပြီး မကြာခင်မှာပင် ....." ဟယ်လို ၊ အခုကိုင်နေတဲ့သူက မစ္စတာယဲ့လား...။ ကျွန်တော် ခင်ဗျားကို ပြောဖို့ သတင်းဆိုးတစ်ခုရှိတယ်...... "

ဖုန်းပြောပြီးနောက် လင်ပေ့ဖန်နှင့် ယဲ့ရှင်းချန်တို့သည် မတော်တဆဖြစ်တဲ့ နေရာကို ကားဖြင့် အမြန်မောင်းသွားခဲ့သည်။

သူတို့ရောက်ချိန်တွင် ဘက်စ်ကားတွင်လောင်နေတဲ့ မီးက ငြိမ်းသွားခဲ့ပြီး အထဲမှာ ရှိနေတဲ့ အရာအားလုံးကို ဖယ်ထုတ်ခဲ့ချိန်တွင်လည်း အားလုံးက မီးလောင်ကျွမ်းသွားခဲ့ပြီဖြစ်သည်။

အလောင်းတောင် မပြည့်စုံပေ.....။

ယဲ့ရှင်းချန်သည် ထိုမြင်ကွင်းကို မြင်ပြီး မေ့လဲလုနီးပါးဖြစ်သွားခဲ့သည်။

သူသည် လူသေတွေကို မမြင်ဖူးလို့ မဟုတ်ပေ။

တကယ်တော့ သူ့လက်ဖြင့် လူရာပေါင်းများစွာ သေဆုံးခဲ့ဖူးသည်။

သို့သော်လည်းပဲ သူရှေ့မှာရှိနေတဲ့ လူ သေတွေက သူ့နဲ့ သေအတူရှင်ဘက် ညီအစ်ကိုတွေဖြစ်တာကြောင့်ဖြစ်သည်။

မနက်တုန်းကပဲ သူတို့ရယ်ရယ်မောမော စကားပြောနေကြသေးပေမဲ့လည်း အခုတော့ သူ့ညီအစ်ကိုတွေ သေဆုံးသွားခဲ့ပြီဖြစ်သည်။( နေမြင်ညပျောက်ဆိုတာ တကယ်မှန်တယ်နော်ချိဖတို့ ၊ဒါကြောင့် ကိုယ့်ဘေးမှရှိတဲ့သူ ဘယ်သူ့ကိုမဆို တန်ဖိုးထားကြပါ။)

ထို့ပြင် သူတို့ရဲ့ အလောင်းတောင်မှ အပြည့်အစုံမကျန်ရစ်ခဲ့ပေ။

ထိုထိုးနှက်ချက်ကြီးက သူ့ကို မခံမရပ်နိုင်အောင် ဖြစ်စေခဲ့သည်။

ထိုအချိန်တွင် မီးသတ်သမားတစ်ယောက်သည် ယဲ့ရှင်းချန်စီလာပြီး လေး‌လံသောလေသံတစ်ခုဖြင့် ပြောခဲ့သည်။

" ခင်ဗျားက မစ္စတာယဲ့ရှင်းချန်မလား..။ ခင်ဗျားရဲ့ ညီအစ်ကိုတွေ တစ်ယောက်မှ မကယ်တင်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ တောင်းပန်ပါတယ်။ "

ယဲ့ရှင်းချန်ရဲ့ မျက်လုံးများက နီရဲသွားခဲ့သည်။

" ငါ့ကိုပြော ၊သူတို့ ဘယ်လိုသေသွားခဲ့တာလဲ.."

မီးသတ်သမားက ပြောခဲ့သည်။

" ရဲတွေဘက်ကတော့ ဒါက မတော်တဆမှုတစ်ခုလို့ ယာယီသတ်မှတ်ထားပါတယ်။ ပိုပြီးတိကျတဲ့ ‌အဖြေကိုတော့ နောက်ထပ်စစ်ဆေးဖော်ထုတ်ဖို့ လိုပါသေးတယ်တဲ့။ "

ယဲ့ရှင်းချန်က အော်ပြောခဲ့သည်။

" ဒါက မတော်တဆမှုတစ်ခုလို့ ငါမယုံဘူး။ ဒါက လုပ်ကြံတာပဲဖြစ်ရမယ်။ သူတို့က အရင်တုန်းကလည်း သေမလိုလို အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတာတောင် မသေသေတာကို ၊ ဘာလို့ ဒီတစ်ကြိမ် မတော်တဆဖြစ်တာမှ သူတို့သေရမှာလဲ....။ ငါမင်းကို ပြောလိုက်မယ်။ ဒါက လုံးဝမဖြစ်နိုင်ဘူး....။ဒါက လုပ်ကြံတာပဲ.."

" မစ္စတာယဲ့ ၊ကျေးဇူးပြုပြီး ‌စိတ်အေးအေးထားပါ။ "

" ငါ့ရဲ့ ညီအစ်ကိုတွေ အကုန်လုံးသေသွားတာကို ငါက ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲ ....။ "

" အစ်ကိုယဲ့ ၊ မင်း တကယ်စိတ်အေးအေးထားဖို့လိုတယ်။ ဒါကို ဘယ်သူမှ မတော်‌တဆဖြစ်တယ်လို့ ထင်မှာ မဟုတ်ဘူး။သက်ဆိုင်ရာအာဏာပိုင်တွေကို ငါတို့ ယုံကြည်ပေးရမယ်။သူတို့က မင်းကို ကျိုးကြောင်းဆီလျော်ပြီး တရားမျှတတဲ့ အဖြေကို ပေးလိမ့်မယ်။ " လင်ပေ့ဖန်က ယဲ့ရှင်းချန်ရဲ့ ပုခုံးကို ပုတ်ခဲ့သည်။

ယဲ့ရှင်းချန်သည် သူ့ကိုယ်သူ စိတ်ငြိမ်အောင် အတင်းကြိုးစားခဲ့သည်။

" မစ္စတာလင် ၊ ကျွန်တော့် ညီအစ်ကိုတွေရဲ့ သေဆုံးမှုကို ဖြေရှင်းဖို့အတွက် ကျွန်တော် ရက်အနည်းငယ်လောက် ခွင့်ယူမယ်။ "

" ကောင်းပြီ " လင်ပေ့ဖန်က နားလည်စွာဖြင့် ခေါင်းညိတ်ခဲ့သည်။

All Chapters