အခန်း (၁၇၃)
Vol. 13 Ch. 173
၎င်းတို့ အမြင့်ဆုံးရောက်ချိန်တုန်းက ဟန်တင်းဖျော်ဖြေရေးအုပ်စုတစ်ခုလုံး၏ စုစုပေါင်းတန်ဖိုးသည် ယွမ်၁၀၀ဘီလီယံ ကျော်လွန်သွားခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်ရဲ့ နံပါတ်တစ် စတော့ရှယ်ယာအဖြစ် ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့သည်။
ဒီနေ့မှာတော့ ၎င်းအုပ်စုရဲ့ စုစုပေါင်းတန်ဖိုးသည် ၈၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ယွမ်၂၀ဘီလီယံအောက်ရောက်သွားခဲ့သည်။
ထို့ပြင် အနာဂတ်ကို ကြိုမသိနိုင်တာကြောင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာများကို ပိုင်ဆိုင်ထားတဲ့ လူအချို့သည် သူတို့လက်ထဲက စတော့ရှယ်ယာများ မဆုံးရှုံးရအောင် ဈေးပေါပေါနဲ့ ရောင်းထုတ်ခဲ့ကြသည်။
လင်ပေ့ဖန်သည် ငွေအမြောက်အမြားဖြင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာများကို ဂေါ်ဖီထုပ် ဈေးလိုမျိုး ဈေးပေါပေါဖြင့် ဝယ်ယူခဲ့သည်။
ဟန်တင်း ဖျော်ဖြေရေးအုပ်စုရဲ့ရှယ်ယာ၂၀ရာခိုင်နှုန်းကို ဝယ်ယူရန်အတွက် နှစ်ရက်အတွင်းမှာပင် သူသည် ယွမ်၄ဘီလီယံခန့်သုံးစွဲခဲ့သည်။ ယင်းက ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတစ်ဝက်ဖြစ်သည်။
ထိုစတော့ရှယ်ယာများဖြင့် လင်ပေ့ဖန်သည် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာအများဆုံးနေရာတွင် အဆင့်နှစ်နေရာ၌ အခိုင်အမာရပ်တည်နိုင်ခဲ့သည်။
သို့သော်လည်းပဲ လင်ပေ့ဖန်သည် မကျေနပ်သေးပေ။
" မင်းတို့ ဝယ်နိုင်သလောက် ဝယ်သာဝယ် ... ပိုက်ဆံအတွက် မစိုးရိမ်နဲ့.... "
" ဟုတ်ကဲ့ မစ္စတာလင် ...ဒါပေမဲ့ လူတော်တော်များကလည်း ဟန်တင်းဖျော်ဖြေရေစအုပ်စုရဲ့ စတော့ရှယ်ယာတွေကို ဝယ်နေကြပါတယ်.... ဒါကြောင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတွေက ၁၀ရာခိုင်နှုန်း ပြန်တက်လာပါတယ်... ဒီအခြေအနေက ကျွန်တော်တို့ အတွက် မကောင်းပါဘူး"
" ကြည့်ရတာ တချို့လူတွေက နာကျင်မှုကို မသိသေးပုံ ရတယ်။ သူတို့က ဈေးကွက်ထဲဝင်ပြီးတော့တောင် ဂုန်းဆင်းချင်နေကြတယ်... " လင်ပေ့ဖန်က တည်ငြိမ်သောအမူအရာဖြင့် ပြောခဲ့သည်။
" ဝယ်တာကို အရင်ရပ်ပြီးတော့ ငါ အမိန့်ပေးတာကို စောင့်နေ... "
" ဟုတ်ကဲ့ မစ္စတာလင် "
လင်ပေ့ဖန်သည် ရုံးခန်းထဲ ပြန်လာခဲ့သည်။ထို့နောက် သူ့ဖုန်းကိုယူထုတ်ပြီး ပြုံးခဲ့သည်။
" ရှောင်မိုပိုင် ၊မပျင်းနေနဲ့ ... အိပ်ယာထပြီးတော့ အလုပ်လုပ်တော့... "ထိုစကားကို ပြောပြီး သူသည် လုမိုပိုင်စီ စာတစ်စောင်ပို့ခဲ့သည်။
ချင်းရွဲ့ : မကြာသေးခင်က အရမ်းစိတ်တိုစရာကောင်းတယ်။
လန်ချင်းရွဲ့ရဲ့ အိမ်မွေခွေးလေးလုမိုပိုင်ဟာ မျှော်လင့်ထားတဲ့အတိုင်း ဝီချက်ကနေ လင်ပေ့ဖန် စာပိုလိုက်ရုံနဲ့ ချက်ချင်းပဲ အကြောင်းပြန်ခဲ့သည်။
မိုပိုင် : ချင်းရွဲ...ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ
ချင်းရွဲ့ : အဲ့ဒီတင်းရှောက်ကျီက အရင်တုန်းကလိုမျိုး ကျွန်မကို နောက်တစ်ကြိမ် လိုက်နှောင့်ယှက်နေတယ်.... တကယ့်ကို စိတ်တိုစရာကောင်းတယ်
ဗျူးတီးနိုင်ငံတွင်ရှိသော လုမိုပိုင်သည် ထိုစာကိုတွေ့ပြီး ပေါက်ကွဲသွားခဒ့သည်။
" တကယ်ကောင်းတဲ့ တင်းရှောက်ကျီ... မင်း အဖေရဲ့ကုမ္ပဏီက ဒေဝါလီခံရတော့မလို ဖြစ်နေတာတောင် မင်းက ငါ့ရဲ့အချစ်လေးကို မေတ္တာစိတ်တွေ ယိုဖိတ်နေသေးတယ်ပေါ့လေ.... "
ချင်းရွဲ့ : သူက ကြက်မပြည့်ဘူးလားမသိဘူး။သူ့မိသားစု ဒီလောက်ထိတောင် အခက်အခဲဖြစ်နေတာကို သူက ကျွန်မကိုတောင် လိုက်နှောင့်ယှက်နေနိုင်သေးတယ်...
မိုပိုင် : ချင်းရွဲ့ ၊ အဲ့ဒီလိုလူမျိုးကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံနဲ့... သူ့အကြောင်းကို စိုးရိမ်နေဖို့ မလိုဘူး...
မိုပိုင် : သူ့လုပ်ထားတဲ့အပြစ်တွေကြောင့် သူအသက်ရှင်နိုင်မှာမဟုတ်ဘူး... သူက အနှေးနဲ့အမြန် အပြစ်ပေးခံရလိမ့်မယ်..
ခဏကြာ စကားပြောပြီးနောက် လင်ပေ့ဖန်သည် သူ့ဖုန်းကို အဝေးကို ထားလိုက်သည်။
" ဒါက ပြီးသွားပြီ "
တစ်ခြားတစ်ဖက်တွင် လုမိုပိုင်သည်လည်း ဒေါသထွက်နေသော မျက်လုံးများဖြင့် သူ့ဖုန်းကို အဝေးသို့ ထားလိုက်သည်။
" မအေမွေးတင်းရှောက်ကျီ ၊ငါက မင်းကို ဖြေးဖြေးချင်း ကစားချင်တာကို မင်းက ငါ့ကို ရန်လာစတယ်ပေါ့လေ... ဒါဆိုရင်လည်း ငါမင်းကို ဒီအတိုင်းမလွှတ်ထားတော့ဘူး.... မင်းနဲ့ မင်းအဖေကို ထောင်ထဲပို့ပြီး နောင်တရအောင်လုပ်ပစ်မယ် .. "
ထို့နောက် သူသည် ဖုန်းခေါ်လိုက်သည်။ သူ့လက်ထောက်ကို ဝင်လာခိုင်းပြီး စာရွက်စာတမ်းတစ်စုံကို ပေးလိုက်သည်။
" ဒီအချက်အလက်တွေကို ပို့လိုက်.... တင်းရှောက်ကျီနဲ့ သူ့ရဲ့နောက်က ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ငါ လုံးဝ ရှင်းပစ်ချင်တယ်... "
ထိုအချက်အလက်များကို သူပြန်စဉ်းစားပြီး စုဆောင်းခဲ့တာဖြစ်သည်။( အရင်ဘဝတုန်းက လင်ပေ့ဖန်လုပ်ခဲ့တဲ့ နည်းကို ပြန်စဉ်းစားတာကိုပြောတာ)
ထိုထဲတွင် တင်းရှောက်ကျီနှင့် သူ့အဖေတို့ ရာဇဝတ်မှုကျုးလွန်တဲ့ အထောက်အထားအချို့ပါရှိသည်။သူတို့သည် ၎င်းရာဇဝတ်မှုများကို ပိုပြီး လျှို့ဝှက်စွာလုပ်ဆောင်ခဲ့သောကြောင့် လုမိုပိုင်သည် ထိုသက် သေအထောက်အထားများကို ရှာရန် အချိန်ပိုကုန်ခဲ့သည် ။
အခုတော့ ထိုသက်သေများကို ထုတ်ဖော်ပြီး သူတို့သားအဖနှစ်ယောက်ကို ထောင်ထဲထည့်ဖို့အချိန်တန်ပြီဖြစ်သည်။
" ဟုတ်ကဲ့ ဘော့စ် " လက်ထောက်က အချက်အလက်တွေကို ယူသွားခဲ့သည်။
ထိုညတွင် ထိုသတင်းအချက်အလက်များကို ထုတ်ဖော်ပြီး လိုင်းပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။
ထိုသားအဖနှစ်ယောက်က ယင်ယန်စာချုပ်အတုပြုလုပ်ပြီး အခွန်ရှောင်ခြင်းအပြင် ဝါးလုံးကားကဲ့သို့သော ရာဇဝတ်မှုများနှင့် တခြား ရာဇဝတ်မှုအများကြီးကိုလည်း အမှန် တကယ်ကျူးလွန်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
ထိုညတွင် ရဲတွေရောက်လာပြီး ထွက်ပြေးတော့မည့် သားအဖနှစ်ယောက်ကို ဖမ်းခေါ်သွားခဲ့သည်။
သနားစရာကောင်းတဲ့ ဗီလိန်လေး တင်းရှောက်ကျီကို လင်ပေ့ဖန်နှင့် လုမိုပိုင်တို့က စင်ပေါ်ေတာင် မတက်ရသေးခင်မှပင် သူ့ကို ရှင်းပစ်ခဲ့ကြသည်။
ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ.....
မနေ့ညက အဖြစ်အပျက်ကြောင့် ဒုတိယနေ့တွင် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာများသည် နောက်တစ်ဖန် ပြန်လည်ပြီး ကျဆင်းသွားခဲ့သည်။
အရင်က တက်ခဲ့သလောက် စတော့ရှယ်ယာများက အခုတော့ အားလုံးပြန်ကျသွားခဲ့ပြီး ဆက်လက်၍လည်း ကျဆင်းနေခဲ့သည်။
လူတိုင်းသည် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာများကို ကမန်းကတန်း ရောင်းထုတ်ခဲ့ကြသည်။
ထို့ထဲတွင် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ဥက္ကဌနှင့် ရာထူးမြင့် အမှုဆောင်အရာရှိ အချို့တောင်မှ ပါဝင်ခဲ့ကြပြီး ထိုအရာက အမှန်တကယ်ကို ဆိုးရွားလွန်းသည်။
ရလဒ်အနေဖြင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာများက ၁၀ရာခိုင်နှုန်းအောက် ကျဆင်းသွားခဲ့သည်။
" မှတ်ပလား... အဲ့ဒါ ငါ့ကို စော်ကားတဲ့ သူတွေရဲ့ ကံကြမ္မာပဲ... ငါ မင်းကို နောင်တရဖို့တောင် အခွင့်အရေးမပေးဘူး....ဟားဟား... "
ဗျူးတီးနိုင်ငံမှာ ရှိနေတဲ့ လုမိုပိုင်သည် ရယ်မောပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချခဲ့သည်။
သူ့ရဲ့ အတိတ်ဘဝတုန်းက သူနှင့် တင်းရှောင်ကျီတို့သည် တယောက်နဲ့တစ်ယောက် အရမ်း အစေးမကပ်ခဲ့ကြပေ။
ထို့ပြင် လင်ပေ့ဖန်က တင်းရှောက်ကျီကို ရှင်းဖို့ သူ့ကိုအခွင့်အရေးမပေးပဲနဲ့ တင်းရှောက်ကျီကို ရှင်းပစ်ခဲ့သည်။
အခုတော့ သူအရင်ဆုံး လှုပ်ရှားနိုင်လိုက်တာက တကယ့်ကို စိတ်သက်သာရာရစရာကောင်းသည်။
ထို့ပြင် သူသည် ယခုအချိန်တွင် သူ့ကိုယ်ကိုယ်သူ ကံကြမ္မာရဲ့ သားတော်တစ်ယောက်လို ခံစားနေရသည်။
" ဒီစတော့ဈေးကွက်တွေက လက်ကုန်ဈေးပေါတာပဲ.... "
ထိုဈေးပေါတဲ့ စတော့ရှယ်ယာများကိုကြည့်ပြီး လုမိုပိုင်သည် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
ဟန်တင်းဖျော်ဖြေရေးအုပ်စုက ယခုချိန်တွင် အကြီးအကျယ် ထိခိုက်ပြီး ၎င်းတို့ရဲ့ စတော့ဈေးကွက်တန်ဖိုးက တစ်ဝက်ကျော် ကျဆင်းနေသော်လည်း အခြေခံအုတ်မြစ်တော့ရှိသေးသည်။
သူသည် အခုချိန်တွင် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာတွေကို ဈေးပေါပေါနဲ့ ဝယ်ယူနိုင်ခဲ့ပါက ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ အရေးပါတဲ့ ရှယ်ယာရှင်ကြီးတစ်ဦး ဒါမှမဟုတ် အဓိကရှယ်ယာရှင်တစ်ဦးတောင် ဖြစ်လာနိုင်ဖို့ အခွင့်အရေးရှိသည်။ထို့ပြင် သူ ရန်နိုင်ငံသို့ ပြန်လာသောအခါတွင်လည်း ရန်နိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပင်ကို မကြာခင် ဝင်ရောက်ပြီး အရေးပါအရာရောက်တဲ့ သူတစ်ယောက်ဖြစ်လာနိုင်သည်။
သို့သော်လည်းပဲ လုမိုပိုင်သည် သူ့ရဲ့ အိတ်ကို ကြည့်ပြီး အနည်းငယ်ရှက်သွားခဲ့သည်။( ပိုက်ဆံမရှိတာကို ပြောတာ)
သူသည် လွန်ခဲ့တဲ့နှစ်လတုန်းက ယွမ်တစ်ဘီလီယံ ကျော် ဝင်ငွေရရှိခဲ့သော်လည်း ထိုပိုက်ဆံပမာဏဖြင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတွေကို ဝယ်ယူရန် အတော်လေးခက်ခဲနေသေးသည်။
" ငါ အဓိက ရှယ်ယာရှင်ရာထူးကို မဝယ်နိုင်ရင်....ဆုံးဖြတ်ချက်လည်း ချလို့မရဘူးဆိုရင် ....အဲ့ဒါကို မဝယ်တာကောင်းတယ်..."
" ငါ ဘာမှ စိုးရိမ်စရာမလိုဘူး...ဒီအရာတွေက အခုမှ စရုံပဲရှိသေးတယ်.... ခဏလောက် ပေးကျလိုက်ဦး... အဲ့ဒီအချိန်ကျရင် ငါ့မှာ ပိုက်ဆံအများကြီးရှိနေလိမ့်မယ်.....နောက်ပြီး စတော့ဈေးကလည်း ဒီထက်ပိုပြီး ထက်ကျလိမ့်မယ်။ ဒါဆိုရင် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ရှယ်ယာတွေကို ငါ ဈေးပေါပေါနဲ့ ဝယ်လို့ရနိုင်ပြီ.... "
" ဒီအမှိုက်စတော့ရှယ်ယာတွေကို ငါ့နဲ့ ဘယ်သူ့မှပြိုင်ဝယ်လိမ့်မယ်လို့ ငါမယုံဘူး... "
လုမိုပိုင်က ယုံကြည်မှုရှိစွာဖြင့် ပြုံးခဲ့သည်။
တစ်ခြားတစ်ဖက်တွင် လင်ပေ့ဖန်က အမိန့်တစ်ခုပေးခဲ့သည်။
" ငါ့အတွက် ရသလောက် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတွေကို ဆက်ဝယ်ပေး..."
" ဟုတ်ကဲ့ မစ္စတာလင် "
ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာများကို ဝယ်ယူရန်အတွက် လင်ပေ့ဖန်ရဲ့ ရန်ပုံငွေများသည် နောက်တစ်ကြိမ် အလုံးအရင်းနဲ့ စတော့ဈေးကွက်ထဲသို့ ဝင်ရောက်လာခဲ့သည်။
စတော့ဈေးကွက် ပိတ်ခါနီးတွင် လင်ပေ့ဖန်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုက လေးဆယ်ရာခိုင်နှုန်းထိ တဟုန်ထိုးတက်လာပြီး ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ပထမ ရှယ်ယာရှင်ဖြစ်လာခဲ့သည်။
သို့သော်လည်းပဲ လင်ပေ့ဖန်ကတော့ မကျေနပ်သေးပေ။
" အလှလေး ...ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာရှင်အချို့ကို သူတို့ရဲ့ ရှယ်ယာတွေ ရောင်းဖို့ ရည်ရွယ်ချက်ရှိမရှိ မေးကြည့်လိုက်။ နောက်ပြီး ဈေးကွက်ပေါက်ဈေးထက် သူတို့ရဲ့ ရှယ်ယာတွေကို ငါက ၁၀ရာခိုင်နှုန်း ပိုပေးပြီးတော့ ဝယ်ချင်တယ်လို့ ပြောလိုက်.... "
" ဟုတ်ကဲ့ ...ဥက္ကဌလင်။ " လျိုယုမေ့က လေးလေးနက်နက်ခေါင်းညိတ်ခဲ့သည်။
နောက်ဆုံး အကြောင်းပြန်တာကတော့ ရှယ်ယာရှင်တွေထဲက လေးယောက်သာ ရောင်းဖို့ဆန္ဒရှိသည်။ထို့ပြင် သူတို့လေးယောက်ရဲ့ ရှယ်ယာစုစုပေါင်းကလည်း ၁၅ရာခိုင်နှုန်းထိ ရှိသည်။
" အရမ်းကောင်းတယ် ... ငါ့အတွက် အကုန်လုံးကို ဝယ်လိုက် ... "
လင်ပေ့ဖန်သည် ထိုရှယ်ယာရှင်တွေရဲ့ ရှယ်ယာများကို ဝယ်ယူရန် ယွမ်၂ ဘီလီယံကျော်သုံးစွဲခဲ့သည်။
ထိုနည်းဖြင့် အရင်က ဝယ်ယူခဲ့တဲ့ ရှယ်ယာ ၄၀ရာခိုင်နှုန်းနှင့် အခုဝယ်ယူခဲ့တဲ့ ရှယ်ယာ၁၅ရာခိုင်နှုန်းကို ပေါင်းလိုက်လျှင် လင်ပေ့ဖန်ပိုင်ဆိုင်တဲ့ ရှယ်ယာစုစုပေါင်းက ၅၁ရာခိုင်နှုန်းကို ကျော်လွန်သွားပြီး ၅၅ရာခိုင်နှုန်းထိ ရောက်သွားခဲ့သည်။
ဆိုလိုတာကတော့ လင်ပေ့ဖန်သည် ထိုကုမ္ပဏီတွင် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့ အဓိကရှယ်ယာရှင်ကြီး ဖြစ်သွားပြီဟု ဆိုလိုချင်းဖြစ်သည်။
တစ်နည်းအားဖြင့် ထိုကုမ္ပဏီတွင် သူ့စကားကသာလျှင် နောက်ဆုံးဆုံးဖြတ်ချက်ဖြစ်သည်။