← Chapters

အခန်း (၁၇၄)

Vol. 13 Ch. 174

အခန်း (၁၇၄)

Vol. 13 Ch. 174

ထိုသို့ဖြင့် နှစ်ရက်ကုန်သွားခဲ့သည်။

ဗျူးတီးနိုင်ငံမှာရှိတဲ့ လုမိုပိုင်သည် တင်းရှောက်ကျီနဲ့ သူ့အဖေတို့ သတင်းထဲ ပါလာတာကို မြင်ပြီး အလွန်ပျော်ရွှင်သွားခဲ့သည် ။

" ဒါက ငါ့ကို စော်ကားတဲ့သူတွေရဲ့ အဆုံးသတ်ပဲ... ငါက ရန်နိုင်ငံမှာ မရှိပေမဲ့... မင်းတို့အားလုံးကိုတော့ ရှင်းပစ်နိုင်တယ်... "

ထို့နောက်သူသည် သူ့အချစ်ကလေးရဲ့ ချောမောလှပတဲ့ မျက်နှာကို မြင်ယောင်ပြီး သူ့ရင်ထဲ၌ ရုတ်တရက် ပူလာခဲ့သည်။

ထို့ကြောင့် သူသည် သူ့ဖုန်းကို ကောက်ကိုင်ပြီး ဝီချက်ကနေ သူ့အချစ်ကလေးကို စာတစ်စောင်ပို့ခဲ့သည်။

မိုပိုင် : ချင်းရွဲ့ ၊ တင်းရှောက်ကျီက မင်းကို လိုက်နှောင့်ယှက်နေသေးလား...

ချင်းရွဲ့ : ကျွန်မ ရှင့်ကို သတင်းကောင်းပြောပြဦးမယ်... တင်းရှောက်ကျီနဲ့ သူ့အဖေက ရာဇဝတ်မှုကျူးလွန်လို့ ထောင်ထဲရောက်နေပြီ...သူ ကျွန်မကို ဘယ်လိုလုပ် လိုက်နှောင့်ယှက်နိုင်တော့မှာလဲ....

မိုပိုင် : အဲ့ဒါကောင်းတယ် .... ကိုယ်က အရင်တုန်းက မင်းကို စိုးရိမ်နေတာ...

ချင်းရွဲ့ : ကျွန်မ တင်းရှောက်ကျီ လိုက်နှောင့်ယှက်တာကို မခံရတော့တဲ့ အကြောင်းအရင်းက သတင်းပေးတဲ့ သူတစ်ယောက်ကြောင့်ပဲ... သူက တင်းရှောက်ကျီနဲ့ သူ့အဖေတို့ ရာဇဝတ်မှု ကျူးလွန်တဲ့ ဟာတွေကို ရှာတွေ့ခဲ့တယ်လေ..ဒါကြောင့်သူက အဲ့ဒါတွေကိုဖော်ထုတ်ပြီးတော့ သူတို့ကို ထောင်ထဲပို့ခဲ့တာ...

ချင်းရွဲ့ : ကျွန်မမှာ အခွင့်အရေးရှိရင် သူ့နဲ့ တွေ့ပြီးတော့ သူ့ကို ကျေးဇူးတင်ပါတယ်လို့ ကျွန်မ တကယ်ပြောချင်တယ်...

" ကျေးဇူးတင်စရာမလိုပါဘူး... ကိုယ့်မင်းအတွက် လုပ်ပေးခဲ့တဲ့ အရာမှန်သမျှက ကိုယ်ဆန္ဒရှိလို့ လုပ်ပေးခဲ့တာပါ... " လုမိုပိုင်က သူ့ဘာသာသူပြောပြီး သူ့ရဲ့အနာဂတ်ကို စိတ်ကူးတွေယဉ်နေတော့သည်။

နဂါးဘုရင်ရဲ့သမက်တော်ကို ရေးတဲ့စာရေးဆရာ၊ဂမ်းနန်းစတိုင် သီချင်းနဲ့ မြင်းစီးအကကို ဖန်တီးခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် ၊ တင်းရှောက်ကျီနဲ့ ဟန်တင်းဖျော်‌ဖြေရေးအုပ်စုကို နောက်ကွယ်ကနေ ဖြိုခွဲခဲ့တဲ့ သူ... ငါသာ သူမရှေ့မှာ ပေါ်လာတဲ့အခါကျရင် သူမအရမ်းစိတ်လှုပ်ရှားသွားပြီးတော့ ငါ့ရင်ခွင်ထဲကို သေချာပေါက် ပစ်ဝင်လာလောက်မယ်...ဟုတ်တယ်မလား...

" ဟီးဟီး....ငါတော့ အဲ့မြင်ကွင်းကို ကြိုမြင်ယောင်နေပြီ... " လုမိုပိုင်က နိုင်လူအပြုံးဖြင့် ပြုံးနေခဲ့သည်။

နောက်ဆုံးမှာတော့ သူသည် သူ့ပါးစပ်ထောင့်က တံထွေးကို သုတ်ခဲ့သည်။

" ဒါပေမဲ့ ငါ အခု ကိုယ့်ကိုကိုယ် အထင်ကြီးနေလို့မရဘူး... ငါ ချင်းရွဲ့နဲ့ လက်ထပ်ချင်ရင် ငါ့မှာ သူမနဲ့ထိုက်တန်တဲ့ အရည်အချင်းရော၊စွမ်းအားရောရှိရမယ်... ဒါမှာမဟုတ်ရင် သူမ မိသားစုက ငါတို့ကိုဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး..."

" ချင်းရွဲ့မိသားစု ‌လက်ခံနိုင်တဲ့ အဆင့်အတန်းကို လိုချင်ရင် အခုချိန်က အကောင်းဆုံးအချိန်ပဲ..."

သူသည် ထိုအကြောင်းကို စဉ်းစားထားပြီးသားဖြစ်သည်။ အခုချိန်တွင် သူသည် ဈေးပေါပေါဖြင့် ‌ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာများကို ဝယ်ပြီး ၎င်းတို့ရဲ့ အဓိကရှယ်ယာရှင်ကြီးဖြစ်လာနိုင်သည်။

ထို့နောက် သူသည် ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ထိန်းချုပ်ပြီး သူ့ခေါင်းထဲမှာရှိတဲ့ အတိတ်ဘဝက အနုပညာယဉ်ကျေးမှု မှတ်ဉာဏ်များနှင့်အတူ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့စတော့ရှယ်ယာ တန်ဖိုးများကို ပြန်တက်အောင်လုပ်ပြီး ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိစေနိုင်သည်။

ထို့ပြင် ဟန်တင်းဖျော်ဖြေရေးအုပ်စုသည် ၎င်းတို့ရဲ့ဈေးကွက်တန်ဖိုးကို ပြန်လည်ရရှိချိန်တွင် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ဈေးကွက်တန်ဖိုးက အရင်တုန်းကအတိုင်း ယွမ် ၁၀ဘီလီယံကိုကျော်လွန်သွားပြီး ဘီလီယံ ဆယ်ဂဏန်းတောင်မှ ဖြစ်နိုင်သေးသည်။

အဲ့ဒီအချိန်မှာ ဘီလီယံချီတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ အဓိကရှယ်ယာရှင်ကြီးလည်းဖြစ်တဲ့ သူ့လို ငယ်ရွယ်ပြီး အလားအလာရှိတဲ့ သူမျိုးကို သူမရဲ့မိသားစုက ဆက်ပြီး‌တော့ကန့်ကွက်နေဦးမှာလား....

လုမိုပိုင်သည် တစ်ဖက်မိသားစုက သူ့ကို ငြင်းဖို့အတွက် အကြောင်းပြချက်တစ်ခုကိုမှ မစဉ်းစားနိုင်ခဲ့ပေ။

" ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတွေကို ငါ အခု စတင်ပြီး ဝယ်ယူဖို့အချိန်ရောက်ပြီ... " သူသည် စိတ်လှုပ်ရှားစွာဖြင့် သူ့ကိုယ်ကိုယ်သူပြောခဲ့သည်။

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သူသည် သူ့ရဲ့ကိုယ်ပိုင် ရန်ပုံငွေများကို ထုတ်သုံးပြီး ယွမ်တစ်ဘီလီယံကျော်ချေးငှားခဲ့သည်။နောက်ဆုံးမှာတော့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာတွေကို ဝယ်ယူရန်အတွက် ယွမ် သုံးဘီလီယံ စုဆောင်းနိုင်ခဲ့သည်။

အရင်တုန်းကဆိုရင် ယွမ်သုံးဘီလီယံဖြင့် ဟန်‌တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာ၅ရာခိုင်နှုန်းကိုတောင်မှ ဝယ်ယူနိုင်လိမ့်မည်မဟုတ်ပေ။

ဒါပေမဲ့ အခုတော့ ထိုငွေပမာဏဖြင့် ရှယ်ယာ၃၀ရာခိုင်နှုန်းကျော်ကိုတောင်မှ ဝယ်ယူနိုင်ပြီး သူသည် ဟန်တင်းဖျော်ဖြေရေးအုပ်စု၏ အဓိရှယ်ယာရှင်တစ်ယောက်တောင်မှ ဖြစ်လာနိုင်သေးသည်။

ထိုအကြောင်းကိုတွေးပြီး သူသည် မနေနိုင်ပဲနဲ့ ချက်ချင်းပဲ အမိန့်ပေးခဲ့သည်။

" အခု ဟန်တင်း‌ဖြေရေးအုပ်စုရဲ့ ရှယ်ယာတွေကို ငါ့အတွက် ဝယ်ပေး... "

" ဟုတ်ကဲ့ ဘော့စ် " လက်ထောက်က ပြန်ဖြေခဲ့သည်။

လုမိုပိုင်သည် ဆိုဖာပေါ်တွင် ထိုင်ပြီး ဝိုင်သောက်ရင်း ဆက်လက်ပြီး စိတ်ကူးယဉ်နေခဲ့သည်။

နာရီဝက်ကြာပြီးနောက် လုမိုပိုင်က မေး‌မြန်းခဲ့သည်။

" အခု မင်း ဘယ်လောက်ဝယ်ပြီးသွားပြီလဲ... "

လက်ထောက်က ပြန်ဖြေခဲ့သည်။

" ဘော့စ် ... ကျွန်တော်အခု ယွမ် ၁သန်းလောက်သုံးပြီးတော့ ရှယ်ယာ ၂၀၀၀၀၀သိန်းကို ဝယ်ခဲ့ပါတယ်... "

လုမိုပိုင်က မျက်မှောင်ကြုတ်ပြီး ပြောခဲ့သည်။

" ဘာလို့ မင်း ဝယ်တာ အရမ်းနှေးနေတာလဲ... ရှယ်‌ယာနည်းနည်းလေး ဝယ်ဖို့ကို နာရီဝက်လောက်ကြာနေတယ်... မြန်မြန်ဝယ်...ပိုက်ဆံ‌မချွေတာနဲ့ ...ဈေးကြီလည်း ဘာမှမဖြစ်ဘူးဝယ်လိုက်... "

" ဟုတ်ကဲ့ဘော့စ် "

နောက်ထပ်နာရီဝက်ကြာပြီးနောက် လုမိုပိုင်က ထပ်မေး‌ခဲ့သည်။

" မင်း အခု စတော့ရှယ်ယာ ဘယ်လောက်လောက်ဝယ်ပြီးသွားပြီလဲ... "

လက်ထောက်က ပြန်ဖြေခဲ့သည်။

" ဘော့စ် ... ကျွန်တော် အခု ယွမ်၂သန်းခွဲသုံးပြီးတော့ ရှယ်ယာ ၅၀၀၀၀၀ ဝယ်ပြီးသွားပါပြီ. "

လုမိုပိုင်က နောက်တစ်ကြိမ် မျက်မှောင်ကြုတ်ပြီး

" တစ်နာရီလောက်ကြာပြီးတာတောင် မင်းတို့ ဒီလောက်ပဲ ဝယ်ရသေးတာလား... ငါတို့မှာ ယွမ်၃ ဘီလီယံ ရှိတယ်... မင်းတို့ ဘယ်အချိန်ကျမှ အဲ့ပိုက်ဆံကို ကုန်အောင်ဝယ်ဖို့လဲ... ပိုက်ဆံမချွေတာပဲနဲ့ မြန်မြန်ဝယ်ဖို့ ငါမင်းတို့ကို ပြောထားမဟုတ်ဘူးလား..." ပြောလိုက်သည်။

" ဟုတ်ကဲ့ဘော့စ် "

နောက်ထပ်နာရီဝက်ကုန်ဆုံးသွားခဲ့သည်။

" အခု ဘယ်လောက်ဝယ်ပြီးသွားပြီလဲ... "

လက်ထောက်က ပြန်ဖြေခဲ့သည်။

" ဘော့စ် ...ကျွန်တော်တို့ အခု ရှယ်ယာ ၆သိန်းခွဲ ဝယ်ပြီးသွားပါပြီ။ "

" လခွမ်း.... ဘာလို့ အဲ့လောက်ထိ နည်းနေသေးတာလဲ... " လုမိုပိုင်က မတ်တပ်ရပ်ခဲ့သည်။

" ပထမ နာရီဝက်တုန်းကကျတော့ ရှယ်ယာနှစ်သိန်း ဝယ်ခဲ့တယ် ..နောက်ထပ်နာရီဝက်ကျတော့ ရှယ်ယာ သုံးသိန်းဝယ်ခဲ့တယ်... အခုကျတော့ ရှယ်ယာတစ်သိန်းခွဲပဲ ဝယ်လို့ရတယ်ပေါ့လေ... မင်း ငါ့စကားကို နားမထောင်ပဲနဲ့ လုပ်နေတာလား.... "

လက်ထောက်က မချိပြုံးပြုံးပြီး ပြောခဲ့သည်။

" ဘော့စ် ... ဒါက ကျွန်တော် မဝယ်ချင်လို့မဟုတ်ဘူး.. တစ်ယောက်မှ ကျွန်တော့်ကို မရောင်းတာ...ဘော့စ်...ဒီမှာ ကြည့်လိုက်...အခု အရောင်းအဝယ်က တော်တော်လေးပါးနေတယ်... "

" ကျွန်တော်တို့ အော်ဒါတင်ထားတာက တစ်နာရီကျော်‌ကျော်တောင်ရှိနေပြီ အရောင်းအဝယ်နည်းနည်း‌ေလးပဲ လုပ်ရသေးတယ်... နောက်ပြီး ‌ဈေးနှုန်းတက်ပြီး ‌အော်တာတင်တော့လည်း ရောင်းတဲ့သူက နှစ်ဦးပဲရှိတယ်... ဒါက ကျွန်တော် တကယ် မလုပ်တာမဟုတ်ဘူး...လုပ်ဖို့ နည်းလမ်းမရှိတော့တာ.. "

" ငါ့ကို တစ်ချက်ပေးကြည့် " လုမိုပိုင်သည် ယူပြီး ကြည့်လိုက်ချိန်တွင် အရောင်းအဝယ်ပမဏက တကယ်ပဲ အရမ်းနည်းပါးနေကြောင်းရှာတွေခဲ့သည် ။ တစ်ခြားစတော့တွေနဲ့ နှိုင်းယှဉ်လိုက်လျှင် သူတို့ရဲ့ စတော့က အရောင်းအဝယ်ပါးတာ တကယ့်ကို သိသာလွန်းသည်သည်။

ထို့ပြင် အရောင်းအဝယ်ပြုလုပ်သည့် ဖန်သားမျက်နှာပြင်ပေါ်တွင်လည်း သူ့တို့ရဲ့ ဝယ်ယူမှု အော်ဒါများကိုသာ တင်ထားပြီး ရောင်းချမှု အော်ဒါများကိုတော့ လုံးဝ မတွေ့ရပေ...။

လုမိုပိုင်သည် မျက်လုံးပြူးသွားခဲ့သည်။

" ‌လခွမ်း.... ရောင်းထားတဲ့ စတော့ အများကြီးက ဘယ်ရောက်သွားတာလဲ.... သူတို့အချင်းချင်း တိုင်ပင်ပြီးတော့များ အရောင်းရပ်လိုက်ကြတာလား... "

" မဖြစ်နိုင်ဘူး...ငါတို့ ဈေးတင်ပြီး ကြည့်ကြရအောင် "

သူတို့ ဝယ်ယူမဲ့ ဈေးနှုန်းကို ထပ်တင်လိုက်သောအခါတွင် အရောင်းအဝယ်ပမာဏက နည်းနည်းတက်လာခဲ့သည်။

သို့သော်လည်းပဲ မကြာခင် အရောင်းအဝယ်က ပြန်ပါးသွားခဲ့သည်။သူတို့သည်စုစုပေါင်းယွမ်၁သန်းအောက်သာ ဝယ်ယူနိုင်ခဲ့သည်။

လုမိုပိုင်သည် မယုံနိုင်သေးတာကြောင့် ဝယ်ယူမှုဈေးနှုန်းကို အနည်းငယ် ထပ်တင်ခဲ့သည်။ ထို့နောက် သူတို့သည် ယွမ် ငါးသိန်းအောက် တန်ဖိုးရှိတဲ့ အရောင်းအဝယ်သေးသေးလေးတွေကို ဝယ်ယူနိုင်ခဲ့သည်။

ထို့နောက် အရောင်းအဝယ်‌က နောက်တစ်ကြိမ် ပြန်ပါးသွားခဲ့သည်။

လုမိုပိုင်သည် နောက်တစ်ကြိမ် ဝယ်ယူမှုဈေးနှုန်းကို ထပ်တင်ခဲ့သည်။

အရောင်းအဝယ်သေးသေးလေးတွေကို အနည်းငယ်ထပ်ဖြစ်လာပေမဲ့လည်း ဘာမှ မထူးခြားလာခဲ့ပေ။

လုမိုပိုင်သည် ကြက်သေသေသွားခဲ့သည်။

ငါ စတော့ရှယ်ယာ နည်းနည်းလေးဝယ်ချင်တာလေ...ဘာလို့ ဒီလောက်ထိ ခက်နေရတာလဲ....

ထိုအချိန်တွင် လက်ထောက်က သတိထားပြီး မေးမြန်းခဲ့သည်။

" ဘော့စ် ... ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတွေကို တစ်ခြားသူတွေ ဝယ်သွားခဲ့တယ်လို့များ.... ဘော့စ်ထင်လား.... "

လုမိုပိုင်က ချက်ချင်းပဲ ခေါင်းခါလိုက်သည်။

" မဖြစ်န်ိုင်ဘူး...ဒီလိုမျိုး အသုံးမဝင်တဲ့ စတော့ရှယ်ယာတွေကို ဘယ်သူကဝယ်မှာလဲ... အခု ဟန်တင်းဖျော်ဖြေရေးအုပ်စုက ပြိုကွဲသွားပြီလို့ ပြောနိုင်တယ်... အကယ်၍ ရှယ်ယာတွေကို ဝယ်တဲ့သူက အရည်အချင်းမရှိရင် ဒီကုမ္ပဏီကို ပြန်ပြီးတော့ ထူထောင်နိုင်မှာမဟုတ်ဘူး...ဒါကြောင့် ဘယ်သူက စွန့်စားပြီးတော့ ဒီအမှိုက် စတော့ရှယ်ယာတွေကို ဝယ်မှာလဲ... "

" ဒါပေမဲ့ ...ဒါကို ဘော့စ်ဘယ်လို ရှင်းပြမလဲ.... "

" ဒါ....? "

လုမိုပိုင်သည် သူ မလုပ်ခဲ့တဲ့အတွက် နားမလည်နိုင်အောင်ဖြစ်နေခဲ့သည်။

သူသည် ပြန်လည်မွေးဖွားလာချိန်တွင် နောက်တစ်ကြိမ် အောက်ခြေကနေ ပြန်လည်စတင်ခဲ့တာကြောင့် ယခုအခြေအနေကို ဘာမှ နားမလည်ပေ။

ထိုအချိန်တွင် လက်ထောက်က ဖုန်းကို ကိုင်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" ဘော့စ် ...ဒီမှာကြည့်... ဟန်တင်းဖျော်ဖြေရေးအုပ်စုက ပြောခဲ့တယ်... ဟန်တင်း‌ဖျော်ဖြေရေးအုပ်စုရဲ့အဓိက ရှယ်ယာရှင်က နောက်တစ်ယောက် ပြောင်းသွားပြီတဲ့... နောက်ပြီး အဲ့ဒီ ရှယ်ယာရှင်က ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ပြန်လည်ဖွဲ့စည်းဖို့အတွက် ရှယ်ယာရှင်‌အစည်းအဝေးပွဲတစ်ခုပြုလုပ်မယ်‌လို့ ပြောထားတယ်... "

" ဘာ... " လုမိုပိုင်သည် အံ့အားသင့်သွားခဲ့သည်။

[ TN / ဖတ်ရတာ ထောက်သွားရင် ကျွန်တော်ပြန်တာ ညံ့လို့ပါဗျ ၊ အခု ကျွန်တော် ပြန်နေတာက mtl ဆို တော့ တကယ့်ကို ဦး‌ေနှက်စားတယ် ): ၊

All Chapters