← Chapters

အခန်း (၁၇၅)

Vol. 13 Ch. 175

အခန်း (၁၇၅)

Vol. 13 Ch. 175

ဘယ်လိုဖြစ်ပြီးတော့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ အဓိက ရှယ်ယာရှင်က ပြောင်းသွားရတာလဲ.....

အကယ်၍ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ အဓိကရှယ်ယာရှင်နေရာကို ပြောင်းချင်ရင် အနည်းဆုံး ရှယ်ယာ ၃၀ရာခိုင်နှုန်းရှိရမယ်...နောက်ပြီး မူလရှယ်ယာရှင် ပိုင်ဆိုင်တဲ့ ရာခိုင်နှုန်းထက် ကျော်လွန်နိုင်မှပဲ သူ့နေရာကို ပြောင်းလို့ ရနိုင်လိမ့်မယ်...

ဒါပေမဲ့ မူလရှယ်ယာရှင်က အခု ထောင်ထဲဝင်သွားပြီလေ... သူ့ရဲ့ ရှယ်ယာတွေကို လက်လွှဲချိန်တောင်မရလိုက်ဘူး....ဒါကို ဘယ်လိုလုပ် ဟန်တင်းဖျော်ဖြေရေးအုပ်စုဲ့ အဓိကရှယ်ယာရှင်‌နေရာကက ပြောင်းသွားရတာလဲ....

" ငါ့ကို ပြ... "

လုမိုပိုင်က သူ့လက်ထောက်စီက ဖုန်းကို ယူပြီး ကြည့်လိုက်ချိန်တွင် ဟန်တင်းဖျော်ဖြေရေးအုပ်စုက သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြီး ကျင်းပနေတာကို မြင်ခဲ့ရသည်။

ထိုရှင်းလင်းပွဲတွင် အဓိက ပြောသည့်အကြောင်းအရာကတော့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ အဓိကရှယ်ယာရှင် ပြောင်းလဲသွားတာကို တရားဝင် ဖော်ပြခြင်းဖြစ်သည်။

ထို့ပြင် ၎င်းရှယ်ယာရှင်သည် ကုမ္ပဏီ၏ ဒီရက်အတွင်း ဆောင်ရွက်ချက်များအပေါ် အလွန် မကျေနပ်သောကြောင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ပြန်လည်ဖွဲ့စည်းရန်အတွက် ရှယ်ယာရှင်များကို အထွေထွေအစည်းအဝေးပွဲတစ်ခု ကျင်းပရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းကိစ္စကို ထုတ်ပြန်ကြေညာပြီး သတင်းထောက်‌များ၏ မေးမြန်းမှုများကို ဖြေကြားရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုဖြေကြားသူများကြားတွင် လုမိုပိုင်သည် သူ့အမုန်းဆုံးလူတစ်ယောက်ကို မြင်ခဲ့သည်။

" လင်ပေ့ဖန်... "

" သူက ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ.... " လုမိုပိုင်သည် သူ့စိတ်ထဲတွင် ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်တစ်ခုကို ရရှိခဲ့သည်။

ယုတ္တိရှိရှိပြောရရင် သူ့ရန်သူက ဒီနေရာမှာ မရှိသင့်ပေ။

ဒါက တကယ့်ကို ထူးဆန်းတယ်...

လုမိုပိုင် ဂရုတစိုက် ကြည့်လိုက်ချိန်တွင် သတင်းစာရှင်းလင်းပွဲကို ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ပြောရေးဆိုခွင့် ရှိသူက ဦးဆောင်ပြီး ကျင်းပတာကို မြင်ခဲ့ရသည်။

" ကျွန်တော်တို့ဟန်တင်းဖျော်ဖြေရေးအုပ်စုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာပေးကြတဲ့ သတင်းထောက်‌တွေ နဲ့ ဂုဏ်သရေရှိလူကြီးလူကောင်းအားလုံးကို ကြိုဆိုပါတယ်... "

" ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ကုမ္ပဏီရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုက လူတိုင်းကို အားမလိုအားမရဖြစ်ပြီးတော့ ဒေါသထွက်စေခဲ့မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါကြောင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ကိုယ်စား ... ရှယ်ယာရှင်တွေနဲ့ ကျွန်တော်တို့ကုမ္ပဏီကို ဝန်းရံပေးကြတဲ့ မိတ်ဆွေတွေအားလုံးကိုလည်း ကျွန်တော်က ဒီနေရာကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ်... "

" ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီ ဒီလို အခက်အခဲတွေနဲ့ ကြုံနေရတဲ့အချိန်မှာ ကျွန်တော်တို့ကုမ္ပဏီကို ယုံကြည်ပြီးတော့ ထောက်ပံ့ပေးတဲ့ သူတွေလည်း ရှိပါသေးတယ်..... အဲ့ဒါကတော့ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီပါ..."

" လူတိုင်းက ကျွန်တော်တို့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေကို ရောင်းချနေကြတဲ့အချိန်မှာတောင် သူတို့က ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို အင်တိုက်အားတိုက် ဝယ်ယူခဲ့ပါတယ်...အခုတော့ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ကျွန်တော်တို့ ကုမ္ပဏီရဲ့ နံပါတ်တစ် အဓိကရှယ်ယာရှင်ကြီး ဖြစ်လာခဲ့ပါပြီ... ဒါက ကျွန်တော်တို့အားလုံးကို ယုံကြည်မှုတွေတိုးစေခဲ့ပါတယ်..."

" ကျေးဇူးတင်ပါတယ် ...လင်ရင်းနှီးမြှုပ်‌နှံရေးကုမ္ပဏီရဲ့ ထောက်ပံ့ပေးမှုအတွက် အရမ်းပဲကျေးဇူးတင်ပါတယ်... "

ထိုအရာကိုမြင်ပြီး လုမိုပိုင်သည် ကြက်သေသေသွားခဲ့သည်။

ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ နံပါတ်တစ်အဓိကရှယ်ယာရှင်က လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီပေါ့လေ....

တစ်နည်းအားဖြင့် သူမျက်စိကျနေတဲ့ ဟန်တင်ဖျော်ဖြေရေးအုပ်စုကို လင်ပေ့ဖန်က ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။

ငါက သူ အရံသင့်ခူးစားလို့ရအောင် ပန်းကန်ပါ ပြင်ပေးထားခဲ့မိတာလား...

ငါက ရန်သူကို ငါ့လက်နှစ်ဖက်နဲ့ တကယ်ပဲ ပိုက်ဆံကူရှာပေးခဲ့တာလား...

သူသည် ထိုအမှန်တရားကို မယုံကြည်တာကြောင့် ဆက်လက်ပြီး ကြည့်ခဲ့သည်။

ထိုအချိန်တွင် ဟန်တင်းဖျော်ဖြေရေးအုပ်စု၏ ပြောရေးဆိုခွင့်ရှိသူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

" အခု လင်ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီက ဥက္ကဌ မစ္စတာလင်ပေ့ဖန်ကို မိန့်ခွန်းပြောကြားဖို့အတွက် လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်... "

" ဖြောင်းဖြောင်းဖြောင်း... "

လက်ခုပ်တီးသံများထွက်ပေါ်လာခဲ့သည်။

" အားလုံးကို ကျေးဇူးတင်ပါတယ်...လက်ခုပ်တီးပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ် "

လက်ခုပ်သံတွေနဲ့ လူတိုင်းရဲ့ မျှော်လင့်ချက်များကြားတွင် လင်ပေ့ဖန်သည် မိန့်ခွန်းကို အတိုချုံးပြောကြားခဲ့သည်။

ယေဘုယျအားဖြင့် လင်ပေ့ဖန် ပြောကြားခဲ့တာက

သူက ဟန်တင်းဖျော်ရေးအုပ်စုကို အရမ်းယုံကြည်တာကြောင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာတွေကို အင်တိုက်အားတိုက်ဝယ်ယူခဲ့တဲ့အကြောင်း၊ဟန်တင်းဖျော်ဖြေရေးအုပ်စုက အခုချိန်မှာ အခက်အခဲအချို့နဲ့ ရင်ဆိုင်နေရပေမယ့် အဲ့ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ရင် မကြာခင် ပြန်အဆင်ပြေ‌သွားမယ့် ဆိုတဲ့အကြောင်း နဲ့ သူက ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ဒီအခက်အခဲအကြပ်အတည်းကနေ ကယ်တင်ပြီးတော့ ရန်နိုင်ငံဖျော်ဖြေရေးနယ်ပယ်ရဲ့ ထိပ်ဆုံးနေရာကို ပြန်ရောက်အောင် အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့အကြောင်းတို့ဖြစ်သည်။

ထို့နောက် သတင်းထောက်များ မေးခွန်းမေးရမည့်အချိန်ဖြစ်သည်။

လူတိုင်းက သူတို့ကို အရမ်းပဲ အပြုသဘောဆောင်ကြသည်။

သတင်းထောက်တစ်ယောက်က မေးခဲ့သည်။

" မစ္စတာလင် မင်းတို့ကုမ္ပဏီက လက်ရှိမှာ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာ ဘယ်‌လောက်ကို ပိုင်ဆိုင်ထားပါသလဲ.... "

လင်ပေ့ဖန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောခဲ့သည်။

" ဒါက မေးခွန်းကောင်းတစ်ခုပဲ... ငါတို့ရဲ့ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက လက်ရှိမှာ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာ ၅၅ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားတယ်....ဒါကြောင့် ငါတို့ကုမ္ပဏီက နံပါတ်တစ် အဓိကရှယ်ယာရှင်ဖြစ်လာတာ... "

သတင်းစာရှင်းလင်းပွဲမှာရှိတဲ့ သတင်းထောက်များသည် အသက်ပြင်းပြင်းရှုခဲ့ကြသည်။

သူတို့သည် အတွေ့အကြုံမရှိတဲ့သူတွေမဟုတ်တာကြောင့် ဒီနံပါတ်ရဲ့ နောက်ကွယ်က ဆိုလိုရင်းကို သူတို့သိကြသည်။

ရှယ်ယာ ၅၅ရာခိုင်နှုန်းပိုင်ဆိုင်တယ်ဆိုတာက တစ်ဖက်လူသည် ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ကိစ္စရပ်မှန်သမျှမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုချင်းဖြစ်သည်။

တစ်နည်းအားဖြင့် ဟန်တင်းဖျော်ဖြေရေးအုပ်စုမှာ သူတို့သာလျှင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်သည်။

ထို့ပြင် ဟန်တင်းဖျော်ဖြေရေးအုပ်စုတွင် သူတို့ လုပ်ချင်တာမှန်သမျှ လုပ်နိုင်ပြီး တစ်ခြားရှယ်ယာရှင်တွေပေါင်းလိုက်ရင်တောင်မှ သူတို့ကို မဆန့်ကျင်နိုင်ပေ...။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ လုမိုပိုင်သည် အသားတွေပါ တစက်စက်တုန်သည်အထိ ဒေါသထွက်သွားခဲ့သည်။

ခုနတုန်းက စတော့ရှယ်ယာအများကြီး သူ မဝယ်နိုင်တာက အံ့ဩစရာမရှိတော့ပေ။ ထိုရှယ်ယာအများစုကို လင်ပေ့ဖန်က ဝယ်ယူသွားခဲ့ပြီဖြစ်သည်။ထို့ပြင်လင်ပေ့ဖန်သည် ရှယ်ယာ ၅၅ရာခိုင်နှုန်းထဲက တစ်ရာခိုင်နှုန်းတောင်မှ သူ့အတွက် မချန်ထားခဲ့ပေ...။

မအေမွေးလင်ပေ့ဖန်.....

ဒုတိယသတင်းထောက်က မေးမြန်းခဲ့သည်။

" မစ္စတာလင်... မင်းတို့ ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာ၅၅ရာခိုင်နှုန်းကို ဝယ်ယူခဲ့တုန်းက ပိုက်ဆံအများကြီးကုန်ကျခဲ့သေးလား... "

" တကယ်တော့ ငါတို့ တပြားမှ မသုံးခဲ့ရဘူး... " လင်ပေ့ဖန်က တည်ငြိမ်စွာဖြင့် ပြောခဲ့သည်။

သတင်းထောက်က အံ့အားသင့်သွားခဲ့သည်။

" မင်းတို့ ဘယ်လိုလုပ် တစ်ပြားမှ မသုံးရမှာလဲ... ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့တွေက အောက်ခြေထိ ကျသွားရင်တောင် ... ရှယ်ယာ၅၅ရာခိုင်နှုန်းကို ဝယ်ဖို့ဆိုရင် ယွမ်၅ဘီလီယံလောက်ကုန်ကျလိမ့်မယ်..... ဥက္ကဌလင် ... ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား.... "

" ငါနောက်နေတာမဟုတ်ဘူး... ငါ အမှန်ကို ပြောနေတာ.. "

လင်ပေ့ဖန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောခဲ့သည်။

" ဘာကြောင့်လဲဆိုတော့ ဒီမတိုင်ခင်.... ဟန်တင်ဖျော်ဖြေရေးအုပ်စုမပြိုကွဲခင်တုန်းက ဟောင်ကောင်စတော့ဈေးကွက်မှာ ဟန်တင်းဖျော်ဖြေရေးအုပ်စုကို ငါတို့က အတိုချုံး ဝယ်ပြီးတော့ နောက်ဆုံးမှာ ယွမ်၁၀ဘီလီယံ ငါတို့ ရှာနိုင်ခဲ့တယ်..."

"အခု ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့တွေ အောက်ခြေထိကျနေတဲ့အချိန်မှာ ငါတို့က အဲ့ဒီပိုက်ဆံတွေကို ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာတွေကို ဝယ်ယူရာမှာ ယွမ် ၈ဘီလီယံလောက်အသုံးပြုခဲ့ရတယ်...ဒါပေမဲ့ ငါတို့မှာ ယွမ် ၂ဘီလီယံလောက် အမြတ်ကျန်ခဲ့သေးတယ်.... "

( အတိုချုံး = ဈေးကျမယ့်ဘက်ကို လောင်းတာ )

တက်ရောက်လာကြတဲ့ ပရိသတ်များသည် ထိုစကားကို ကြားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

သူတို့က ဟောင်ကောင်စတော့ဈေးကွက်မှာ ဟန်တင်းဖျော်ဖြေရေးအုပ်စုကို အတိုချုံးလုပ်ပြီးတော့ ရလာတဲ့ ယွမ်၁၀ဘီလီယံကို ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ စတော့ရှယ်ယာတွေကို ဝယ်ယူရာမှာ အသုံးပြုခဲ့တယ်ပေါ့လေ...နောက်ပြီး ယွမ်၈ဘီလီယံလောက် အသုံးပြုပြီးတာတောင် သူ့တို့မှာ အမြတ်ငွေ ယွမ်၂ဘီလီယံလောက် ကျန်ခဲ့သေးတယ်ပေါ့လေ...

လခွမ်း .... ဘယ်လောက် အံဩစရာကောင်းတဲ့ လုပ်ဆောင်ချက်လဲ....

ထိုလုပ်ဆောင်ချက်က ရန်နိုင်ငံရဲ့ ဘဏ္ဍာရေး သမိုင်းမှာတောင် မှတ်တမ်းတင်ဖို့ လုံလောက်သည်...။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ လုမိုပိုင်သည် မေ့လဲလုနီးပါးဖြစ်သွားခဲ့သည်။

သူသည် လင်ပေ့ဖန်ရဲ့ ကွက်ကျော်ရိုက်ခြင်းကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသည်။

ပထမအကြိမ်က သူသည် ဟန်တင်းဖျော်ဖြေရေးအုပ်စုကို အတိုချုံးလုပ်တဲ့အချိန်တုန်းက လင်ပေ့ဖန်က သူ့ရဲ့ စတော့အကုန်လုံးကို လုယက်သွားခဲ့သည်။

ဒုတိယအကြိမ်က ဟန်တင်းဖျော်ဖြေရေးအုပ်စုရဲ့ ရှယ်ယာတွေကို သူဝယ်ယူချင်ခဲ့ပေမယ့်လည်း လင်ပေ့ဖန်က ရှယ်ယာ အားလုံးကို ဝယ်ယူသွားခဲ့သည်။

ထို့ပြင်သူသည် သူ့ရဲ့ရန်သူတော်ကြီး လင်ပေ့ဖန်ကို နှစ်ကြိမ်တိုင်တိုင် ကူညီပေးခဲ့မိသည်။

နှစ်ကြိမ်တောင်.....

သူအပင်ပန်းခံပြီး ကြိုးစားခဲ့ပေမဲ့လည်း ဘာတစ်ခုမှ အကျိုးမခံစားခဲ့ရပေ...

" အား..... "

လုမိုပိုင်သည် တွေးရင်းတွေးရင်း စိတ်ဓာတ်ကျလာပြီး သွေးအန်ချင်လာခဲ့သည်။

အကယ်၍ ယဲ့ရှင်းချန်နဲ့ ဝူကောသာ ဒီနေရာမှာ ရှိနေပါက သူ့ကို ကရုဏာသက်စွာဖြင့် သေချာပေါက်ပြောလိမ့်မည်ဖြစ်သည်။

" ညီအစ်ကို... မင်းတစ်ယောက်ထဲမဟုတ်ဘူး.... "

ထိုအချိန်တွင် တတိယသတင်းထောက်က အလွန်ကောင်းတဲ့ မေးခွန်းတစ်ခုကို မေးခဲ့သည်။

" မစ္စတာလင် ... မင်းတို့ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်နှစ်ခုက တကယ့်ကို အချိန်ကိုက်ပဲ... ဟန်တင်းဖျော်ဖြေရေးအုပ်စုကို မင်းတို့ပဲ ဖြိုခွဲခဲ့တာလား... ဒါမှမဟုတ် မင်းက သတင်းပေးခဲ့တဲ့ သူလား.... "

လင်ပေ့ဖန်က ခေါင်းခါလိုက်သည်။

" မင်း ခန့်မှန်းသလို မဟုတ်ဘူး... အရာအားလုံးက တိုက်ဆိုင်မှု တစ်ခုပဲလို့ ပြောလို့ရတယ်... ငါက အစကတည်းက ဟန်တင်ဖျော်ဖြေရေးကို အတိုချုံးလုပ်ပြီးတော့ ပိုက်ဆံရှာချင်ခဲ့တာ...ဒါပေမဲ့ နတ်ဘုရားတွေက ငါ့ကို စပရိုက်ကြီးတစ်ခုပေးခဲ့တယ်... ရိုးရိုးသားသားပြောရရင် နောက်ကွယ်ကနေ သတင်းပေးခဲ့သူကို ငါ တကယ်ပဲ ကျေးဇူး အထူးတင်မိတယ်...သူ့ကျေးဇူးကြောင့်ပဲ ငါတို့ကုမ္ပဏီက ယွမ်၂ဘီလီယံရှာနိုင်ခဲ့တာ..."

" ပိုပြီး ခေတ်မှီတဲ့ စကားနဲ့ပြောရရင်တော့...." လင်ပေ့ဖန်က ကျီစယ်သည့်သ‌ေဘာဖြင့် ပြုံး၍ ဖန်သားပြင်ကို လက်ညိုးထိုးပြီး ပြောလိုက်သည်။

" အမေ လေပေါ်မှာ လွင့်နေပြီသားရေ (စတာ )ချိဖ ကျေးဇူးတင်ပါတယ်...ငါ မင်းကို အရမ်းချစ်သွားပြီ "

လုမိုပိုင် : " ... “

All Chapters