အခန်း (၁၇၆)
Vol. 13 Ch. 176
ထိုစကားက တကယ့်ကို အံ့အားသင့်စရာကောင်းသည်။
လုမိုပိုင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ချင်ပေမဲ့လည်း အရမ်း ဒေါသထွက်တာကြောင့် ဆက်ပြီးတော့ မကြည့်တော့ပေ။
အကယ်၍ သူသာ နောက်တစ်ကြိမ်ထပ်ကြည့်ပါက ရူးသွားလိမ့်မည်ဖြစ်သည်။
ဖုန်းကို အောက်ချပြီးနောက် လုမိုပိုင်သည် ခေါင်းအုံးကို ကိုင်ပြီး ခပ်ကြမ်းကြမ်းထိုးပစ်ခဲ့သည်။
" ဘော့စ် ... မင်း အဆင်ပြေရဲ့လား " လက်ထောက်က သတိထားပြီး မေးခဲ့သည်။
" ငါ အဆင်ပြေတယ်... ငါ အဆင်ပြေတယ် " လုမိုပိုင်က အော်ပြောခဲ့သည်။
လက်ထောက်က သူ့နားကို နေရခက်စွာဖြင့် ကိုင်ပြီး မေးခဲ့သည်။
" ဘော့စ် ... ကျွန်တော်တို့ ဟန်တင်းဖျော်ဖြေရေးရဲ့ စတော့တွေကို ဝယ်ဦးမှာလား... "
" ငါ့ ဖင်ကြီးကိုဝယ်... " လုမိုပိုင်က ဆက်ပြီးတော့ အော်ပြောခဲ့ပြန်သည်။
" ရောင်းလိုက်.... ငါတို့မှာ ရှိတဲ့ ဟန်တင်းဖျော်ဖြေရေးရဲ့ ရှယ်ယာအကုန်လုံးကို ရောင်းပစ်လိုက်... ငါ့အတွက် အဲ့ဒီရှယ်ယာတွေကို အခုချက်ချင်းရောင်းပေးစမ်း.... "
" ဟုတ်ကဲ့ဘော့စ်... ကျွန်တော်အခု လုပ်လိုက်မယ်.." လက်ထောက်က ထွက်ပြေးသွားခဲ့သည်။
သို့သော်လည်းပဲ လုမိုပိုင်သည် အလွန်ဒေါသထွက်နေသေးတာကြောင့် ခေါင်းအုံးကို နောက်တစ်ကြိမ် ထပ်ကိုင်ပြီး ခပ်ကြမ်းကြမ်းထပ်ထိုးခဲ့သည်။
နောက်ဆုံးမှာတော့ လုမိုပိုင်သည် မောသွားတဲ့အခါကျမှ ရပ်၍ ထိုကိစ္စကို လေးလေးနက်နက်စဉ်းစားပြီး သူ့စိတ်ထဲ၌ ကြီးမားတဲ့ အခက်အခဲအကြပ်အတည်းတစ်ခု ပေါ်လာခဲ့သည်။
ဟန်တင်းဖျော်ဖြေရေးကို လင်ပေ့ဖန်သာ ကိုင်တွယ်လိုက်ပါက သူ့ရဲ့ အရည်အချင်း ၊အရင်းအနှီးတွေနဲ့ဆိုရင် ဟန်တင်းဖျော်ဖြေရေးက သေချာပေါက် မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မည်ဖြစ်သည်။ထို့ပြင် ၎င်းတို့ရဲ့ မူလ အနေအထားကိုလည်း ပြန်လည်ရောက်ရှိလာနိုင်ပြီး ပိုပြီးတော့တောင်မှ တိုးတက်လာနိုင်သည်။
ထိုအချိန်တွင် ရန်နိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးသည် လင်ပေ့ဖန်ရဲ့ လက်ထဲသို့ ကျဆင်းသွားပြီး ရန်န်ိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲသို့ သူဝင်ရောက်ဖို့အတွက်ကလည်း ခက်ခဲသွားလိမ့်မည်ဖြစ်သည်။
ထို့အပြင် အနာဂတ်တွင် သူသည် ရန်နိုင်ငံသို့ ပြန်လာချင်ပါက လင်ပေ့ဖန်နဲ့ ထိပ်တိုက်တွေ့ဆုံရလိမ့်မည်ဖြစ်သည်။
အကယ်၍ သူက ရန်နိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်ချင်ရင် လင်ပေ့ဖန်ရဲ့ ခွင့်ပြုချက်ကို တောင်းရလိမ့်မည်ဖြစ်သည်။
" လခွမ်း.... ဘာလို့သူက အရမ်း မြန်မြန်ဆန်ဆန်တိုးတက်နေတာလဲ.... ငါက ပြန်လည်မွေးဖွားလာ ပြီးတာတောင် ဘာလို့ သူ့ရဲ့ ထိန်းချုပ်မှုအောက်နေ မလွှတ်မြောက်နိုင်သေးတာလဲ.. " လုမိုပိုင်သည် အရမ်းစိတ်တိုပြီး ဒေါသထွက်နေခဲ့သည်။
အထူးသဖြင့် သူသည် လင်ပေ့ဖန်ကို ပိုက်ဆံနှစ်ကြိမ်တိုင်တိုင် ကူရှာပေးမိခဲ့သည်ကို တွေးမိတိုင်း သူသည် အလွန်စိတ်ဓာတ်ကျပြီး ယူကြုံးမရဖြစ်နေခဲ့သည်။
" ငါ သူ့ကို ဒီလောက် လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ဘူး"
လုမိုပိုင်သည် သူ့ကိုယ်ကိုယ်သူ အားပေးခဲ့သည်။
" ငါ့မှာ ဘဝနှစ်ခုစာ မှတ်ဉာဏ်တွေနဲ့ နှစ်ဘဝစာ ယဉ်ကျေးမှုအနုပညာဗဟုသုတွေရှိတယ်.....လင်ပေ့ဖန် ငါ မင်းကို မယှဉ်နိုင်ဘူးလို့ မယုံဘူး... လင်ပေ့ဖန် မင်းစောင့်နေ ..... ငါ မင်းရဲ့ အရည်အချင်းတွေကို သုံးပြီးတော့ မင်းကို ရှုံးနိမ့်အောင်လုပ်ပစ်မယ်.... " ( သူ့အရင်ဘဝတုန်းက လင်ပေ့ဖန်သုံးခဲ့တဲ့နည်းလမ်းတွေ ပြန်သုံးတာကို ပြောတာ )
သူသည် နိုင်ငံခြားတွင် ဆက်လက်ကြိုးစားရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ထို့ပြင် သူသည် သူ့ရဲ့ ကျော်ကြားမှုနဲ့ ပိုက်ဆံ အရင်းအနှီးလုံလောက်တဲ့အခါကျမှ ရန်နိုင်ငံရဲ့ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်က သူ့နဲ့ ယှဉ်ပြိုင်နိုင်လိမ့်ဦးမည်ဟု သူ မယုံကြည်ပေ...။
" ချင်းရွဲ့ .... ကိုယ်မင်းအတွက် အလုပ်ကြိုးစားမယ်"
တစ်ခြားတစ်ဖက်တွင် လင်ပေ့ဖန်သည် သတင်းစာရှင်းလင်းပွဲပြီးနောက် သူသည် ချက်ချင်းပဲ ရှယ်ယာရှင်အစည်းအဝေးပွဲအတွက် တက်ကြွစွာ ပြင်ဆင်ပြီး ဟန်တင်းဖျော်ဖြေရေးကို သူ့အိတ်ကပ်ထဲသို့ ထည့်၍ ယန်ကွေ့ဖျော်ဖြေရေးကိုလည်း သူ့ပိုင်ဆိုင်မှုထဲသို့ ထည့်ခဲ့သည်။ ( အိတ်ကပ်ထဲ ထည့်တာက သူပိုင်ဆိုင်တာကို ပြောတာနော်)
ထို့နောက် လင်ပေ့ဖန်သည် ဖုန်းတစ်ကော အရင်ခေါ်ခဲ့သည်။
" ညီအစ်ကို ... ဟန်တင်းဖျော်ဖြေရေးကို ငါ ဝယ်ပြီးသွားပြီ... အခု ဟန်တင်းဖျော်ဖြေရေးမှာ ဥက္ကဌမရှိဘူး ... မင်း ငါ့ကို ကူညီပေးဖို့ စိတ်ဝင်စားလား.... "
ဟဲရှိုဝမ်ရဲ့ အသံက ဖုန်းထဲကနေထွက်လာခဲ့သည်။
" လခွမ်း..... ညီအစ်ကို မင်း တကယ်ပြောတာလား... မင်း တကယ်ပဲ ဟန်တင်းဖျော်ဖြေရေးကုမ္ပဏီကို ဝယ်ခဲ့တာလား.... ဒါက ငါတို့နိုင်ငံရဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ အကြီးဆုံးကုမ္ပဏီလေ... မင်း ငါ့ကို လိမ်နေတာမလား.... "
" ငါက မင်းကို ဘာအတွက် လိမ်ရမှာလဲ.... မင်း သတင်းမကြည့်ရသေးဘူးလား... "
တစ်ဖက်မှ ဇဝေဇဝါဖြစ်နေသော အသံတစ်ခု ထွက်လာခဲ့သည်။
" ငါ ခုနကမှ နိုးတာ... "
" မြန်မြန် သတင်း ကြည့်လိုက်.... မင်း အဲ့ဒါကို ကြည့်ပြီးသွားရင် နားလည် သွားလိမ့်မယ်... "
လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
" ညီအစ်ကို... ဥက္ကဌနေရာက မင်းကို စောင့်နေတယ်... "
အိပ်ယာပေါ်မှာ အိပ်နေတဲ့ ဟဲရှိုဝမ်သည် ချက်ချင်းပဲ သူ့ဖုန်းကို ကိုင်ပြီး အော်ပြောခဲ့သည်။
" သောက်ကျိုးနည်း... ဒါအမှန်ပဲဟ... ငါ့ညီအစ်ကိုက ဟန်တင်းဖျော်ဖြေရေးကို တကယ်ဝယ်ခဲ့တာပဲ.... ဒါက အရမ်းမိုက်တယ်... ဖျော်ဖြေရေးနယ်ပယ်မှာရှိတဲ့ အလှလေးတွေ မင်းတို့ရဲ့ ချစ်ကိုကြီး ဟဲရှိုဝမ်လာပြီဟေ့....ဟီးဟီးးးးး "
သူသည် သူ့အဝတ်အစားများကို စိတ်လှုပ်ရှားစွာဖြင့် လဲလိုက်ပြီး လင်ပေ့ဖန်ကို သွားရှာခဲ့သည်။
......
ရှယ်ယာရှင် အစည်းအဝေးပွဲတွင် လင်ပေ့ဖန်သည် ရာထူးအမြင့်ဆုံးဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပြီး ဘုတ်အဖွဲ့ဝင်များကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထို့ပြင်သူသည် ပြစ်မှုကျူးလွန်တဲ့ အရင်ဥက္ကဌဟောင်းကိုလည်း ထုတ်ပစ်ပြီး သူ့ကိုယ်ကိုယ်သူ ဥက္ကဌရာထူး( chairman )ပေးခဲ့သည်။( ကုမ္ပဏီမှာ လင်ပေ့ဖန်က အကြီးဆုံးဥက္ကဌနော် ၊ဟဲရှိုဝမ်က president (ဥက္ကဌ) ကုမ္ပဏီရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကိုင်တွယ်ရတာ ၊မှားမှာဆိုးလို့ )
ထို့နောက်သူသည် အရင် ( president) ဥက္ကဌဟောင်းကို အလုပ်ဖြုတ်ပစ်ပြီး ဟဲရှို့ဝမ်ကို ဥက္ကဌ အသစ် အဖြစ် အလုပ်ခန့်အပ်ခဲ့သည်။ရှယ်ယာ၅၅ရာခိုင်နှုန်းကြောင့် အရာအားလုံးက ချောချောချူချူဖြင့် ပြီးဆုံးသွားခဲ့သည်။
ထို့နောက် လင်ပေ့ဖန်သည် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယင်းကိစ္စများကို တစ်ကမ္ဘာလုံးသိအောင် ကြေညာခဲ့သည်။
လူတိုင်းက ထိုသတင်းကို ကြားပြီး အံ့အားသင့်သွားခဲ့ကြသည်။ အသက်နှစ်ဆယ်အရွယ်ပဲ ရှိသေးသည့် လူငယ်တစ်ယောက်က ဟန်တင်းဖျော်ဖြေရေးရဲ့ ဥက္ကဌ အမှန်တကယ်ဖြစ်လာခဲ့သည်။
တစ်နည်းအားဖြင့် လင်ပေ့ဖန်သည် ရန်နိုင်ငံရဲ့ဖျော်ဖြေရေးနယ်ပယ်တွင် အာဏာအရှိဆုံးလူ ဖြစ်လာခဲ့သည်။
ထိုအထောက်အထားက တကယ့်ကို မယုံနိုင်စရာကောင်းသည်။ဘာကြောင့်လဲဆိုတော့ ဖျော်ဖြေရေးနယ်ပယ်သည် ကဏ္ဍ အများကြီးကို ဖြန့်ကျက်လွှမ်းမိုးနိုင်စွမ်းရှိတာကြောင့် ဖြစ်သည်။
ကြယ်ပွင့်တွေ ၊ ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေတောင်မှ လင်ပေ့ဖန်စီ သွားလည်ရန် နှင့် သူ့စီက မျက်နှာသာရရန်နည်းလမ်းများကို ရှာဖွေနေခဲ့ကြသည်။
လူတိုင်းသည် ခေါင်းခါပြီး သက်ပြင်းချခဲ့ကြသည်။
" ဖျော်ဖြေရေးနယ်ပယ် တစ်ခုလုံးတော့ ....ပြောင်းလဲတော့မယ်.. "
သတင်းစာရှင်းလင်းပွဲပြီးနောက် လင်ပေ့ဖန်သည် ဟဲရှိုဝမ်ရဲ့ ပုခုံးကို ပုတ်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
" ညီအစ်ကို ... ဟန်တင်ဖျော်ဖြေရေးက မင်းအပေါ်မှာ မူတည်သွားပြီ...ယုံကြည်မှုရှိရှိနဲ့လုပ်... မင်း တရားမဝင်တဲ့အရာတွေ မလုပ်သ၍ ငါ မင်းကို ကာကွယ်ပေးနိုင်တယ်.... "
" ညီအစ်ကို ... မစိုးရိမ်နဲ့ ... ငါ ဘာကို လုပ်ရမလဲ..ဘာကို မလုပ်ရဘူးလဲဆိုတာကို ငါ ကောင်းကောင်းသိတယ်... " ဟဲရှိုဝမ်က အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
သူသည် အချိန်ကြာကြီးကတည်းက ကိစ္စကြီးကြီးတစ်ခုခုကို လုပ်ချင်နေခဲ့တာဖြစ်သည်။
ဒီနေ့ လင်ပေ့ဖန်က သူ့ကို တကယ်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုကို ပေးခဲ့တယ်... သူက ဘာကြောင့် အဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးမချပဲနဲ့ နေရမှာလဲ...
သူ့ကို အထင်မြင်သေးခဲ့တဲ့ သူတွေအကုန်လုံးကို သူဘယ်လောက်ထိတော်ကြောင်း သူတို့ သိအောင် လုပ်ပြလိုက်မယ်...
လင်ပေ့ဖန်သည်လည်း အလွန်စိတ်သက်သာရာရသွားခဲ့သည်။
" ကောင်းပြီ... ဒါဆိုရင် ငါအရင် ပြန်လိုက်ဉီးမယ်...ကိစ္စတစ်ခုခုရှိရင် ငါ မင်းကို ဆက်သွယ်လိုက်မယ်.... "
အပြန်လမ်းတွင် လင်ပေ့ဖန်သည် သူ့ဖုန်းကို ကိုင်ပြီး ကြည့်လိုက်ချိန်တွင် ဝီချက်ကနေ သူ့ကို လူအများကြီး စာပို့ထားတာကို မြင်တွေ့ခဲ့သည်။
လန်ချင်းရွဲ့ : ကွန်ဂရက်ကျူလေရှင်းပါ ....
လင်ပေ့ဖန် : ငါ့ကို ဘာလို့ ဂုဏ်ပြုတာလဲ...
လန်ချင်းရွဲ့ : ရှင် ဟန်တင်းဖျော်ဖြေရေးရဲ့ ဥက္ကဌဖြစ်လာလို့ ဂုဏ်ပြုတာ... အခု ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံး အုတ်အုတ်သောင်းသောင်းဖြစ်နေပြီ... ကျွန်မသိတဲ့ ကြယ်ပွင့်တွေ ၊ဒါရိုက်တာတွေအားလုံးတောင် ရှင့်စီကနေ မျက်နှာသာရဖို့ နည်းလမ်းကို ရှာနေကြတယ်...
လန်ချင်းရွဲ့ : ကျွန်မလည်း ရှင့်စီကနေ မျက်နှာသာရအောင် လာလုပ်ရမယ့်.... နောက်ပြီး အနာဂတ်မှာ နောက်ထပ် ကောင်မလေးတွေ လိုက်နိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်..........ခစ်ခစ်....
လင်ပေ့ဖန် : ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ.....
လန်ချင်းရွဲ့ : ရှင်က တကယ့်ကို နှာဘူး...တဏှာရူးပဲ။
လင်ပေ့ဖန် : ယောင်္ကျားလေးပဲ ဘူးရင် ဘူး ...မဘူးရင် ဒူးပေါ့...ဘာလည်း ကိုယ်က ဂန်ဒူးလုပ်ရမှာ လား..
လန်ချင်းရွဲ့ : ရှင်လုပ်ချင်ရင် လုပ်လေ....
လင်ပေ့ဖန် " ... "
နောက်စာက ချူရို့ရွယ်စီက စာဖြစ်သည်။
ချူရို့ရွယ် : ရှင် ဟန်တင်းဖျော်ဖြေရေးရဲ့ ဥက္ကဌဖြစ်လာလို့ ဂုဏ်ပြုပါတယ်...
လင်ပေ့ဖန် : ကျေးဇူးပဲ...
ချူရို့ရွယ် : ဒါပေမဲ့ ...ကျွန်မ ရှင့်ကို သတိပေးချင်တာရှိတယ်... ဖျော်ဖြေရေးနယ်ပယ်ထဲက အလှလေးတွေကို ဖွန်လိုက်မကြောင်နေနဲ... သူတို့တွေက လှပေမဲ့ သူတို့အကုန်လုံးမှာ အကြံအစည်တွေရှိတယ်.... နောက်ပြီး သူတို့ရဲ့ မူယာမာယာတွေ အောက်မှာ ရှင် မြောပါသွားမှာကို ကျွန်မစိုးရိမ်တယ်...
လင်ပေ့ဖန် : ငါက အဲ့လိုလူမျိုးလား.....
ချူရို့ရွယ် : ရှင် မဟုတ်လို့လား...
လင်ပေ့ဖန် : " ... "
နောက်တစ်ယောက်ကတော့ စုန့်ယူချင်းစီက စာဖြစ်သည်။
စုန့်ယူချင်း : ကျွန်မ ခုနက ဖုန်းကိုင်ပြီး သတင်းကြည့်လိုက်တဲ့အချိန်မှာ ရှင်က ဟန်တင်းဖျော်ဖြေရေး ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်လာတာကို ကျွန်မ တွေ့လိုက်တယ်.....နောက်ပြီး အဲ့ဒီဖျော်ဖြေရေးကုမ္ပဏီက ကျွန်မတို့နိုင်ငံရဲ့ နံပါတစ် ဖျော်ဖြေရေးကုမ္ပဏီတဲ့.... ရှောင်ဖန် ... ရှင်က အရမ်းတော်တာပဲ....
စုန့်ယူချင်း : ရှင်က အနှေးအမြန် တစ်ကမ္ဘာလုံးကို အံဩစေလိမ့်မယ်ဆိုတာ ကျွန်မ သိနေတာ ကြာပြီ...
လင်ပေ့ဖန် : ယုချင်း ...မင်းပဲ ကိုယ့်ကိုယ် ကောင်းကောင်းသိတယ်...
စုန့်ယူချင်း : ဒါပေါ့.....
လင်ပေ့ဖန် : ဒါဆိုရင် ကိုယ် အခု ဘာအလုပ်ချင်ဆုံးလဲဆိုတာကို ခန့်မှန်းကြည့်ပါလား...
စုန့်ယူချင်း : ဟွန့်....ရှင် လူယုတ်မာ...ကျွန်မ မခန့်မှန်းဘူး...
လင်ပေ့ဖန် : မင်းသိပြီးသွားပြီလေ…