အခန်း (၁၇၇)
Vol. 13 Ch. 177
ထိုအချိန်တွင် လင်ပေ့ဖန်သည် ခေါင်းလှည့်ပြီး ဇိမ်ခံကားများစွာရပ်ထားတဲ့ မလှမ်းမကမ်းရှိ လမ်းကြားလေးတစ်ခုကို လှမ်းကြည့်ခဲ့သည်။
ထိုလမ်းကြားလေးရဲ့ အတွင်းထဲတွင် ပန်ရှန်းကျူဟု ခေါ်သော ရှေးဟောင်းအိမ်လေးတစ်လုံးရှိသည်။
လင်ပေ့ဖန်ရဲ့ မျက်လုံးများက လက်သွားခဲ့သည်။
" ဒါဆိုရင် မင်းက ဒီမှာပုန်းနေတာပေါ့....ဟားဟား.. နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ... "
" ငါ အဲ့ဒီကို သွားကြည့်မလို့ .... ငါတို့ ကားရပ်ဖို့နေရာတစ်ခုရှာလိုက်.... "
" ဟုတ်ကဲ့ မစ္စတာလင် .... "
ထို့နောက် လင်ပေ့ဖန်သည် ကားပေါ်ကဆင်းပြီ လမ်းကြားထဲကို လာခဲ့သည်။
လမ်းဘေးတွင် ဇိမ်ခံကားများစွာရပ်ထားရုံသာမကပေ။ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ သူဌေးတွေ ဒါမှမဟုတ် အထက်လူကြီးတွေတောင်မှ တန်းစီပြီး ရပ်စောင့်၍ တစ်ယောက်နဲ့တစ်ယောက်စကားပြောနေကြသည်။
" ဒီတစ်ကြိမ်တော့ ငါ့နံပါတ်ပြား ကျလိမ့်မယ်လို့ ငါ မျှော်လင့်တယ်.... ငါ တန်းစီနေတာ သုံးရက်ရှိပြီ...
" မင်းက ဘာတွေလာညည်းနေတာလဲ... ငါဆို တန်းစီနေတာ တစ်ပတ်လောက်ရှိပြီ... ငါ အလှည့်မကျသေးဘူး။ "
" ငါဆို နှစ်ပတ်တောင် ရှိပြီဟ.. "
" နတ်ဘုရားတွေ ငါ့ကို အခွင့်အရေးတစ်ခုပေးလိမ့်မယ်လို့ ငါမျှော်လင့်တယ်... "
လင်ပေ့ဖန်သည် အရှေ့ကို တိုးလာပြီး မေးခဲ့သည်။
" ဦးလေး ဘာလုပ်နေတာလဲ.... "
သက်လက်ပိုင်းအရွယ် လူကြီးတစ်ယောက်က လင် ပေ့ဖန်ကို ပြုံးပြီး ပြောခဲ့သည်။
" လူလေး... မင်းလည်း ဒီကို လာပြီးတော့ ဗေဒင်လာမေးတာပဲ မလား... "
" မဟုတ်ပါဘူး... ကျွန်တော်ခုနက ဒီနေရာမှာ ဇိမ်ခံကားတွေအများကြီးရပ်နေတာ တွေ့လိုက်ရတယ်... နောက်ပြီး လူတွေအများကြီးလည်း တန်းစီနေတာ မြင်လိုက်လို့ ကျွန်တော် ဒီကို လာပြီးတော့ သိချင်လို့ လာမေးကြည့်တာပါ... " လင်ပေ့ဖန်က စူးစမ်းချင် သောအမူအရာဖြင့် ကြည့်ခဲ့သည်။
" ဒါဆို ဒီလိုပေါ့... ဘာပဲဖြစ်ဖြစ်ပါ...ငါလည်း အခုပျင်းနေတာဆိုတော့ လူလေးကို ပြောပြမယ်... "
သက်လက်ပိုင်းအရွယ်လူကြီးက စိတ်အားထက်သက်စွာဖြင့် ပြောခဲ့သည်။
" ငါမင်းကို ပြောပြမယ်... ငါတို့အားလုံး ဒီကိုလာတာက ဗေဒင်မေးဖို့အတွက် လူတစ်ယောက်ကိုလာရှာတာ... မင်းရဲ့အရှေ့မှာ ပန်ရှန်းကျူလို့ ခေါ်တဲ့ ရှေးဟောင်းအိမ်လေးတစ်အိမ်ကို မင်းမြင်တယ်မလား... အေ .. အဲ့ဒီအိမ်မှာ လျူရှောင်ယောက်လို့ ခေါ်တဲ့ ဆရာတစ်ယောက်နေတယ်... နောက်ပြီး သူ့အသက်ကလည်း အရမ်းငယ် ပြီးတော့ အသက်နှစ်ဆယ်ကျော်ပဲရှိသေးတယ်...ဒါပေမဲ့ မင်း သူ အသက်ငယ်တယ်ဆိုပြီးေတာ့ သူ့ကို အထင်မသေးနဲ့... သူက အရမ်းတော်တဲ့ ဗေဒင်ဆရာတစ်ယောက်ပဲ... "
" ဉီးလေး သူက ဘယ်လိုတွက်တာလဲ ... " လင်ပေ့ဖန်က မေးလိုက်သည်။
" သူက လူလေးရဲ့ မျက်နှာနဲ့လက်ဖဝါးကိုပဲ ကြည့်ရုံနဲ့ လူလေးရဲ့ ကံကြမ္မာကို တွက်ချက်ပြီးတော့ လူလေးကို လမ်းညွှန်ပေးနိုင်တယ်...နောက်ပြီး သူလမ်းညွှန်ပေးတဲ့ဟာအကုန်လုံးက အမှန်တွေချည်းပဲ... "
" အဲ့လို ဗေဒင်ဆရာက တကယ်ရှိလို့လား...ကျွန်တော်တော့ မယုံဘူး... "
" တကယ်တော့ အစတုန်းက ငါလည်း လူလေးလိုပဲ မယုံကြည့်ခဲ့မိဘူး... "
သက်လက်ပိုင်လူကြီးက ပြုံးပြီး ပြောခဲ့သည်။
" ဒါပေမဲ့ သူဌေးအများကြီးက သူ့စီမှာ ဗေဒင်လာမေးပြီးတော့ အဆင်ပြေသွားကြတာ မြင်လို့ ငါ လည်း တကယ်ယုံသွားတာ..."
" လူလေး...ငါအခု တန်းစီတော့မယ်... ဆရာက နောက်တစ်ကြိမ် ငါ့ကို ထပ်တွက်ပေးပြီးတော့ ငါ့ရဲ့အလုပ်အကိုင်ကို တိုးတက်အောင်ကူညီပေးလိမ့်မယ်လို့ ငါမျှော်လင့်တယ်... ဟားဟား... "
" ဟုတ်တယ်... ဆရာလျူဗေဒင်ဟောတာ တကယ်မှန်တယ်...သူက တကယ့်ကို အစစ်အမှန်ဆရာတစ်ယောက်ပဲ..."
" ဆရာလျူက အမှန်တကယ်ကို အရည်အချင်းရှိတဲ့ ဗေဒင်ဆရာတစ်ယောက်ပဲ..."
" ဆရာလျူက လမ်းဘေးက လူလိင်ဆရာတွေနဲ့ လုံးဝမတူဘူး... "
လူတိုင်းက လက်မထောင်ပြီး ချီးကျူးခဲ့ကြသည်။
ထိုအချိန်တွင် လူတစ်ယောက်က သက်ပြင်းချပြီး နောင်တရစွာဖြင့်ပြောခဲ့သည်။
" ဆရာလျူက တစ်နေ့မှ လူသုံးယောက်ပဲ ဟောတာ တကယ့်ကို ဝမ်းနည်းစရာ ကောင်းတယ်...သူပြောတာတော့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ် ဖော်ရင်အပြစ်ပေးခံရမယ်တဲ့...ဒါကြောင့် သူက လူသုံးယောက်ပဲ ဟောပေးတာတဲ့... နောက်ပြီး တခါတလေဆို ရာသီဥတုအခြေအနေမကောင်းတာတို့... သူ့စိတ်အခြေအနေမကောင်းတဲ့အချိန်ဆိုရင် သူက ဗေဒင်မတွက်ပေးဘူး.. "
" ပြီးတော့ ဘယ်သူပဲလာလာ.... သူ့ရဲ့ စည်းကမ်းတွေအတိုင်း တန်းစီရမယ်... နောက်ပြီး ဗေဒင်လာမေးတဲ့သူက အနက်ရောင်နံပါတ်ပြားတစ်ခု ရှိရမယ်...အဲ့လိုမှမဟုတ်ရင် သူက အဲ့ဒီလူကို ဗေဒင် မဟောပေးဘူး...အကယ်၍ မင်းမှာ ဆရာရွေးထားတဲ့.. နံပါတ်ပါတဲ့ အနက်ရောင်နံပါတ်ပြား တစ်ခုရှိမှပဲ ဆရာနဲ့ ဗေဒင် မေးလို့ရတယ်.... "
" ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့သူပဲဖြစ်ဖြစ်... ဆရာ့စီမှာ ဗေဒင် တစ်ကြိမ်လာမေးရင် ဉာဏ်ပူဇော်ခ ယွမ်၅၆၆၆ပဲ ပေးရတယ်...ဆရာက ပိုလည်းမယူဘူး... "
" ဖြစ်နိုင်တာက.....သူက တကယ့်ကို ဆရာစစ်စစ်တစ်ယောက်ပဲ "
လူတိုင်းက ခေါင်းခါပြီး သက်ပြင်းချခဲ့ကြသည်။
လင်ပေ့ဖန်သည် လေးနက်သော မျက်နှာတစ်ခုဖြင့် နားထောင်နေပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ပြုံးနေခဲ့သည်။
ဒီကောင် နောက်တစ်ကြိမ် ဟန်ဆောင်နေပြန်ပြီ....
မင်း မမောဘူးလား....
ထိုအချိန်တွင် ပန်ရှင်းကျူရဲ့ တံခါးက ပွင့်လာပြီး ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်က နံပါတ်တွေရေးထားတဲ့ အနက်ရောင် နံပါတ်ပြားများကို သူမလက်ထဲတွင် ကိုင်ပြီး ထွက်လာခဲ့သည်။
တန်းစီနေတဲ့ လူများသည် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။
" အနက်ရောင်နံပါတ်ပြားတွေ စ ဝေနေပြီဟေ့... "
" နတ်ဘုရားတွေ ကျွန်တော့်ကို ဒီအနက်ရောင်နံပါတ်ပြားလေး ရအောင် မစပေးကြပါ... "
" ဘိုးဘေးတွေ မစပေးကြပါ ... ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါကျရင် အမွှေးတိုင်ထွန်းပြီးတော့ သေချာပေါက် ဘိုးဘေးတွေကို ပူဇော်ပေးပါ့မယ်... "
မိန်းမငယ်လေးက တန်းစီနေတဲ့ လူများကို အနက်ရောင်နံပါတ်ပြားတစ်ခုစီ ပေးခဲ့သည်။
ထိုသူဌေးများနှင့် အထက်လူကြီးများသည် သူတို့ ကုမ္မဏီမှာဆိုရင် သူတို့သည် ပုံမှန်အားဖြင့် အပေါ်စီးကနေဆက်ဆံပြီး အမိန့်ပေးတတ်သော်လည်း မိန်းမငယ်လေးရဲ့ ရှေ့မှာတော့ သူတို့က တပည့်က ဆရာကို တွေ့လိုက်သလိုမျိုး ခေါင်းငုံ့ပြီး အလွန်ရိုသေလေးစားနေကြသည် ။
တချို့ဆိုရင် တိတ်တိတ်ကလေး လက်ဆောင်အချို့သူမကို ပေးခဲ့ကြပေမဲ့လည်း မိန်းမငယ်လေးက သူတို့ ပေးတာကို လက်မခံခဲ့ပေ။
လင်ပေ့ဖန်သည် နောက်ဆုံးမှာ တန်းစီထားတာကြောင့် သူလည်း အနက်ရောင်နံပါတ်ပြားတစ်ခု ရရှိခဲ့သည်။
ထို့နောက် မိန်းမငယ်လေးသည် အိမ်ထဲသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။သူမ နောက်တစ်ကြိမ်ပြန်ထွက်လာချိန်တွင် အော်ပြောခဲ့သည်။
" နံပါတ် ၄၃ ၊၅၇ ၊၁၀၃ နံပါတ်ပြားရထားတဲ့ သူတွေ ကျွန်မ ယောင်္ကျားစီမှာ ဗေဒင်လာမေးနိုင်တယ်..." (ချဲဂဏန်းပေးတာမဟုတ်ဘူးနော်...)
" ဒီတစ်ခေါက်လည်း ငါကံမကောင်းပြန်ဘူး...ဒီနေ့ ငါလာတာက အလကားဖြစ်သွားပြီ.. "
" ငါတို့မနက်ဖြန်မှ နောက်တစ်ကြိမ် ထပ်လာရမယ်... "
" ဟားဟား.... ငါ ဒီတစ်ခါတော့ ကံကောင်းသွားပြီ...နောက်ဆုံးတော့ ငါအလှည့်ရောက်ပြီ.. ."
တချို့က ပျော်ရွှင်နေကြပြီး တချို့က ဝမ်းနည်းနေခဲ့ကြသည်။
လင်ပေ့ဖန်သည် သူ့နံပါတ်ပြားကို ကြည့်လိုက်ပြီးနံပါတ်၁၁၈ဖြစ်တာကြောင့် သူလည်း ကံမကောင်းခဲ့ပေ။
ထို့ကြောင့် သူသည် ပျော်ရွှင်နေတဲ့လူတစ်ယောက်စီ လမ်းလျှောက်သွားပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
" သူငယ်ချင်း.... ငါတို့ နံပါတ်ပြား လဲမလား... "
" ဘာလို့လဲရမှာလဲ... မလဲပါဘူး... ငါတောင် အခုမှ ကံကောင်းလို့ ပေါက်တာ... "
" ငါ မင်းကို လဲဖို့ အကြံပေးလိုက်မယ်... " လင်ပေ့ဖန်က ဆက်လက်ပြီး ပြုံး၍ ပြောခဲ့သည်။
ထိုလူက မျက်မှောင်ကြုတ်ပြီး ကြည့်ခဲ့သည်။
" ငါ မင်းကို ကြည့်ရတာ ...နည်းနည်း ရင်းနှီးနေပုံရတယ်...ငါတို့ အရင်တုန်းက တွေ့ဖူးသေးလား... "
" လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ငါတို့ ဂိုးလ်ကလက် မှာ တွေ့ဖူးတယ်လေ ... မင်း သေသေချာချာစဉ်းစားကြည့်... "လင်ပေ့ဖန်က ပြောလိုက်သည်။
" ဟုတ်တယ် ...ငါ မှတ်မိပြီ... မင်းက လင်းအုပ်စုရဲ့ အမွေဆက်ခံသူ လင်ပေ့ဖန်ပဲ... " ထိုလူက အော်ပြောခဲ့သည်။
ထိုနေရာမှာ ရှိတဲ့ လူများသည်လည်း အံ့အားသင့်စွာဖြင့် အော်ဟစ်ခဲ့ကြသည်။
" ဘာ...သူက လင်အုပ်စုရဲ့ လင်ပေ့ဖန်လား... မိုဟိုင်မြို့မှာ နာမည်ကြီးနေတဲ့ ဒုတိယမျိုးဆက် သူဌေးသားမလား...သူက အရမ်းငယ်တာပဲ.. "
" အခု သူ့ကို ဒုတိယမျိုးဆက် သူဌေးသားလို့ ပြောလို့မရတော့ဘူး...သူက လွန်ခဲ့တဲ့ နှစ်လတုန်းက လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို တာဝန်ယူပြီးတော့ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့ ရန်ပုံငွေက ဆယ်ဆ တိုးတက်လာတယ်လို့ ငါကြားတယ်... နောက်ပြီး ယန်ဇီမြစ်ရဲ့ တောင်ဘက်မြေကွက်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက်လည်း သူက လီချုံးအဖွဲ့နဲ့လည်း ပူးပေါင်းခဲ့တယ်တဲ့... "
" မင်းရထားတဲ့ သတင်းက ဒိတ်အောက်နေပြီဟ... မင်း ဒီနေ့သတင်းကို မဖတ်ကြည့်ရသေးဘူးလား.. အခု သူက ဟန်တင်းဖျော်ဖြေရေးရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားလို့ ဟန်တင်းဖျော်ဖြေရေးရဲ့ ဥက္ကဌဖြစ်လာပြီ... "
" လခွမ်း .... သူက သူ့အဖေထက်သာတယ်ဟ "
လူတိုင်းက လင်ပေ့ဖန်ဘေးနားကနေ တဖြည်းဖြည်းခွါခဲ့ကြသည်။
အခုမှသာ သူတို့ရှေ့မှ လူငယ်လေးက အရမ်းကြောက်စရာကောင်းကြောင်းကို လူတိုင်းက သတိရသွားခဲ့ကြသည်။
နှစ်လကျော်ထဲနဲ့ သူက ဒုံပျံတစ်စင်းလိုမျိုး တိုးတက် အောင်မြင်လာခဲ့သည်။ ထို့ပြင် သူ့ရဲ့နောက်ခံကသာလျှင် အံ့မခန်းဖြစ်ရုံမကပဲနဲ့ သူ့ရဲ့ အရည်အချင်းကပါ အံ့မခန်းဖြစ်လာခဲ့သည်။
အများကြီး စဉ်စားစရာတောင်မလိုပေ။ သူ့ရဲ့အနာဂတ်က သေချာပေါက် အကန့်အသတ်မဲ့သည်။
ပျော်ရွှင်နေတဲ့လူသည် ရိုးသားစွာဖြင့် ပြောခဲ့သည်။
" လင်သခင်လေး ...ကျွန်တော်တောင်းပန်ပါတယ်.. ခုနက ကျွန်တော် မင်းမှန်းမသိလိုက်လို့ပါ...အခု ကျွန်တော့်ရဲ့ နံပါတ်ပြားကို မင်းကိုပေးမယ်... ရော့.."
သူသည် ဆရာလျူက သူ့ရဲ့ဘဝကို ပြောင်းနိုင်လား ၊မပြောင်းနိုင်လားဆိုတာကို မသိပေမဲ့ သူ့ရှေ့ကလူကတော့ သူ့ဘဝကို သေချာပေါက် ပြောင်းလဲနိုင်တာကိုတော့ သူသိသည်
အကယ်၍ သူသာ သူ့နံပါတ်ပြားကို မလဲပေးပါက မိုဟိုင်မြို့တွင် ဆက်ပြီးတော့ မနေနိုင်ပဲ ဖြစ်သွားလိမ့်မည်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ် "
လင်ပေ့ဖန်က ပြုံးပြီး နံပါတ်ပြားကို ယူ၍ ပြောခဲ့သည်။
" ငါက ကျိုးကြောင်းမဆီလျော်တဲ့သူ တစ်ယောက်မဟုတ်ဘူး.. နောက်ပြီး ငါက တစ်ခြားသူတွေကို အနိုင်ကျင့်ရတာလည်း မကြိုက်ဘူး... မင်းက ငါ့ကို ဒီလိုမျိုး ရှားပါးတဲ့ အခွင့်အရေးတစ်ခုပေးလိုက်လို့ ...ငါ မင်းအပေါ် အကြွေးတစ်ခုတင်သွားပြီ... မင်း အလွန်အကျွံမတောင်းဆိုသ၍ ငါမင်းကို ကူညီပေးနိုင်တယ်။ "
" လင်သခင်လေး ကျေးဇူးတင်ပါတယ် " တစ်ဖက်လူက စိတ်လှုပ်ရှားသွားခဲ့သည်။
သူသည် ဗေဒင်မေးဖို့ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားပေမဲ့လည်း လင်ပေ့ဖန်စီက ကျေးဇူးကြွေးကိုတော့ သူပြန်လည် ရရှိခဲ့သည်။
မဆုံးရှုံးဘူး...လုံးဝ မဆုံးရှုံးဘူး ...
သူသည် လင်ပေ့ဖန်စီက ထိုကျေးဇူးကြွေးကို ကောင်းကောင်းအသုံးပြုပါက သေချာပေါက် အကျိုးကျေးဇူးအများကြီးကို ခံစားရလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် လူအချို့သည် မနာလိုဖြစ်နေကြသည်။
သူက လင်ပေ့ဖန်ရဲ့ ထောက်ပံ့မှုနဲ့ဆိုရင် သေချာပေါက် မြန်မြန်ဆန်ဆန် ကြီးပွားတိုးတက်လာလိမ့်မယ်....
ထို့ကြောင့် လူများစွာသည် လင်ပေ့ဖန်နှင့် မိတ်ဆွေဖွဲ့ ရန် အခွင့်အရေးကို ယူခဲ့ကြသည်။