← Chapters

အခန်း (၁၇၈)

Vol. 13 Ch. 178

အခန်း (၁၇၈)

Vol. 13 Ch. 178

ရှေးဟောင်းအိမ်ထဲတွင် လူငယ်တစ်ယောက် ထိုင်နေခဲ့သည်။သူသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိပြီး ရုပ်ရည်ကလည်း ချောမောသည်။ သူသည် မီးခိုးရောင်ဝတ်ရုံကိုတစ်ထည်ကို ဝတ်ဆင်ထားပြီး အမွှေးတိုင်သုံးချောင်းကို ကိုင်၍ ' ကောင်းကင်နဲ့မြေပြင် ' ဟူသော စာလုံးကို ရေးထားတဲ့ ကမျည်းတိုင်ကို ရိုသေကိုင်းရှိုင်းစွာဖြင့် ပူဇော်နေခဲ့သည်။

ကျွန်တော် အမြန်ဆုံး ကြီးပွားတိုးတက်လာပြီးတော့ လက်စားပြန်ချေနိုင်အောင် နတ်ဘုရားတွေ ကျွန်တော့်ကို မစပေးကြပါ.....

လူငယ်လေးသည် သူ့စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းလိုက်သည်။

အမွှေးတိုင် ထွန်းညှိပူဇော်ပြီးနောက် အမွှေးတိုင် ငွေ့များတက်လာ၍ တစ်ခန်းလုံးပြည့်နှက်သွားပြီး အင်မော်တယ်တွေနေတဲ့ နေရာလိုမျိုး ပို၍ လျှို့ဝှက်ဆန်းကြယ်နေတဲ့ပုံ ပေါက်နေခဲ့သည်။

ထိုလူငယ်လေးကတော့ တစ်ခြားသူမဟုတ်‌ပေ။လူတွေရဲ့ ပါးစပ်ဖျားကနေ ပြောပြောနေကြတဲ့ ဗေဒင်ဆရာလျူရှောင်ယောက်ပဲဖြစ်သည်။

ထိုအချိန်တွင် လျှူရှောင်ယောက်သည် ရုတ်တရက် မျက်မှောင် ကြုတ်သွားခဲ့သည်။

" ထူးဆန်းတယ်.... ငါ ဘာလို့ ရုတ်တရက် မကောင်းတဲ့ ခံစားချက်တစ်ခုကို ရခဲ့တာလဲ... "

ဗေဒင်ဆရာတွေက သူတို့ရဲ့ စိတ်ခံစားချက်ကို အလွန်ယုံကြည်ကြသည်။

အထူးသဖြင့် လျှူရှောင်ယောက်လိုမျိုး တကယ်အရည်အချင်းရှိပြီး လျှို့ဝှက်ဆန်းကြယ်တဲ့သူတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်ကို အယုံကြည်ဆုံးဖြစ်သည်။

သူ စိတ်ခံစားချက်မကောင်းရင် ...သေချာပေါက် တစ်ခုခုတော့ ဖြစ်လာလိမ့်မည်ဖြစ်သည်...

သို့သော်လည်းပဲ သူသည် နားမလည်နိုင်ပဲ ဖြစ်နေခဲ့သည်။

ငါ အိမ်မှာ ကိုယ့်ဘာသာကိုယ်အေးအေးဆေးဆေး နေနေတာလေ...ဘာဖြစ်နိုင်မှာမို့လို့လေ...

" ငါ နားမလည်ရင် ...ငါ့ကိုယ်ကိုယ်ငါ အရင်တွက်ကြည့်ရတော့ပေါ့..."

သူ့လိုမျိုး ဗေဒင်ဆရာတစ်ယောက်သည် သူများတွေကိုသာ ဗေဒင်တွက်နိုင်ရုံမကပေ။ကိုယ့်ကိုကိုယ်လည်း ဗေဒင်ပြန်တွက်နိုင်သည်။

သို့သော်လည်းပဲ ဘယ်သူ့ကိုပဲတွက်တွက် ၎င်းက လျှို့ဝှက်ချက်ကို ထုတ်ဖော်တဲ့ လုပ်ရပ်တစ်ခုဖြစ်သည်။ထို့ပြင် လျှို့ဝှက်ချက်ကို ထုတ်ဖော်တဲ့ အကြိမ်ရေများပါက ကောင်းကင်ရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

သူ့လို ကျွမ်းကျင်တဲ့သူတောင်မှ တစ်နေ့ကို အများဆုံးငါးကြိမ်ပဲ တွက်လို့ရနိုင်သည်။ထိုထက်ပိုပြီး တွက်လို့မရပေ။

ထိုထဲက တွက်ချက်ခွင့်သုံးကြိမ်ကို သူသည် ဗေဒင်လာမေးတဲ့ သူတွေအတွက် ချန်ထားပြီး ကျန်တဲ့နှစ်ကြိမ်ကိုတော့ သူ့အတွက် ချန်ထားခဲ့သည်။

သူသည် တွက်ချက်ခွင့်တစ်ကြိမ်ကို တံခါးမဖွင့်ခင်ကတည်းက ဒီနေ့ စီးပွားရေးလုပ်ဖို့ ကောင်းတဲ့ နေ့တစ်နေ့ဟုတ်မဟုတ် ကြည့်ဖို့အတွက် တွက်ချက်ထားခဲ့ပြီးပြီဖြစ်သည်။

အကယ်၍ ဒီနေ့က စီးပွားရေးလုပ်ဖို့ ကောင်းတဲ့နေ့ဆိုရင် ဗေဒင်ဟောမည် ဖြစ်သည်။ အကယ်၍ ဒီနေ့က စီးပွားရေးလုပ်ဖို့ ကောင်းတဲ့ နေ့မဟုတ်ပါက ဗေဒင်ဟောပေးလိမ့်မည်မဟုတ်ပေ။ ထို့ပြင် အပြင်လည်းထွက်လိမ့်မည်မဟုတ်ပေ။

သူတွက်ချက်ပြီးချိန်တွင် ဒီနေ့က စီးပွားရေးလုပ်ဖို့ကောင်းတဲ့နေ့ဖြစ်တာကြောင့် တံခါးဖွင့်ခဲ့ခြင်းဖြစ်သည်။

သူ့မှာ အရန်ချန်ထားတဲ့ တွက်ချက်ခွင့်တစ်ကြိမ်တော့ ကျန်သေးသည်။

အခုတော့ သူ့စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တစ်ခုကို ရနေသည်။ ၎င်းက မမျှော်လင့်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပွားတော့မယ်ဆိုတာကို နိမိတ်ပြနေခြင်းဖြစ်သည်။ထိုအရာက သူ့အတွက်တော့ ပုံမှန်ပဲဖြစ်သည်။

ငါ့လို ဗေဒင်ဆရာက တစ်ခြားသူတွေရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲပေးနိုင်တာပဲ...ဘာလို့ ကိုယ့်ကံကြမ္မာကို ကိုယ် မပြောင်းလဲနိုင်ရမှာလဲ...

နောက်ပြီး ကောင်းကင်နဲ့ မြေကြီးမှာ သူ့တို့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းဥပဒေတွေရှိတယ်.... သူတို့ရဲ့ စည်းမျဉ်းဥပဒေတွေကို ငါက မချိုးဖောက်သ၍ငါ့ ကံ‌ကြမ္မာကို ငါ ပြောင်းလဲလို့ရတယ်...

ထိုအချိန်တွင် ကြေးဒင်္ဂါးပြားအနည်းငယ်ကို သူ့လက်ထဲတွင် ကိုင်ပြီး စားပွဲခုံပေါ်သို့ သာသာလေး ပစ်ချခဲ့သည်။

ထိုနောက် လျူရှောင်ယောက်သည် အနီးကပ်ကြည့်ပြီး အော်ဟစ်ခဲ့သည်။

" ဒါက မကောင်းတဲ့နိမိတ်ပဲ.... "

" မဟုတ်ဘူး... ဒါက ကံကောင်းခြင်းကို ယူဆောင်လာမယ့် မကောင်းတဲ့နိမိတ်ပဲ... "

ဒီဗေဒင်ထဲမှာ‌တော့ သူက သေချာပေါက် အန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရလိမ့်မည်ဖြစ်သည်... ထို့ပြင် ယင်းအန္တရာယ်ကိုလည်း သူ ရှောင်လို့မရနိုင်ပေ...သို့ သော်လည်းပဲ သူသာ ဒီအန္တရာယ်ကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနိုင်ပါက ...၎င်းက ကြီးမားတဲ့ အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ ‌ ပြနေခဲ့သည်....

ထိုအချိန်တွင် မိန်းမငယ်လေးသည် အခန်းထဲသို့ ဝင်လာပြီး လေးစားစွာဖြင့် ပြောခဲ့သည်။

" ဆရာ..... ကျွန်မ နံပါတ်ပြားအားလုံး ဝေပြီးသွားပါပြီ ... နောက်ပြီး ဆရာညွှန်ကြားထားတဲ့အတိုင်း ဆရာနဲ့ ဗေဒင် ‌မေးခွင့်ရမယ့် သူတွေကိုလည်း ကျွန်မ ရွေးပြီးသွားပါပြီ... ဆရာ အခု စဟောတော့ မလို့လား.."

လျူရှောင်ယောက်က သက်ပြင်းချခဲ့သည်။

ဒါက ကံကောင်းခြင်းကို ယူဆောင်လာမယ့် ... ဘေးအန္တရာယ် တစ်ခုပဲ... ဒီဘေးအန္တရာယ်ကို ‌ငါ ရှောင်လို့မရနိုင်ဘူး.....

" သူတို့ကို တစ်ယောက်ပြီးမှ တစ်ယောက် ဝင်လာခိုင်းလိုက်... "

" ဟုတ်ကဲ့ ဆရာ " မိန်းမငယ်လေးက နောက်ပြန်ဆုတ်သွားခဲ့သည်။

" ကျေးဇူးပြုပြီး နံပါတ်၄၃ရထားတဲ့ သူ လာလို့ရပါပြီ "

သက်လက်ပိုင်းအရွယ်လူကြီးတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့ရဲ့နံပါတ်ပြားကို မြှောက်ပြီး လာခဲ့သည် ။

" ငါ ဒီမှာ.... ငါ့ရဲ့ နံပါတ်က ၄၃ပဲ... ငါ ဝင်ပြီနော်... "

သူ ပြန်ထွက်လာပြီးနောက် နံပါတ် ၅၇ပါတဲ့ အနက် ရောင်နံပါတ်ပြားကို ကိုင်ထားတဲ့ လူတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ဝင်သွားခဲ့သည်။

သူတို့နှစ်ယောက်လုံး အပြင်ကို ပြန်ထွက်လာပြီးနောက် လျှူရှောင်ယောက်ကို နှစ်ယောက်လုံးက ချီးကျူးခဲ့ကြသည်။( ပထမတစ်ယောက်ကလည်း အခန်းထဲက မထွက်ရသေးဘူးနော် ၊ ဆေးခန်းမှာ ကိုယ့်အလှည့်ကို စောင့်နေသလိုပေါ့ ၊တစ်ယောက်ပြီးမှ တစ်ယောက်ဝင်တာလေ )

" သူဟောတာ အကုန်လုံးက ကွက်တိမှန်တယ်....သူက တကယ့်ကို တော်တဲ့ ဆရာတစ်ယောက်ပဲ... "

နောက်ဆုံးမှာတော့ လင်ပေ့ဖန်ရဲ့ အလှည့်ပဲဖြစ်သည်။

" ကျေးဇူးပြုပြီး နံပါတ် ၁၀၃ ရထားတဲ့ သူ အခု ဝင်လာပေးပါ... "

လင်ပေ့ဖန်က ပြုံးပြီး နံပါတ်ပြားကို ကိုင်လိုက်သည်။

" လူတိုင်းပဲ .... ကျွန်တော့်အလှည့်ရောက်လို့ ကျွန်တော်အရင်ဆုံးသွားလိုက်ဦးမယ်....နောက်မှတွေ့ကြတာပေါ့... "

" ဟုတ်ကဲ့ .. မစ္စတာလင် ..... " လူတိုင်းက ယဉ်ယဉ်ကျေးကျေးဖြင့် ပြောခဲ့ကြသည်။

လင်ပေ့ဖန်သည် အိမ်ထဲသို့ ဝင်ပြီးနောက် တင်ပလင်ခွေထိုင်နေတဲ့လူကို မြင်လိုက်ရသောအချိန်တွင် ထိုလူက သူရှာနေတဲ့သူ အမှန်ပဲ ဆိုတာကို သိသွားခဲ့သည် ။

တချိန်လုံး ပြေးလွှားပုန်းအောင်းနေတဲ့ ဇာတ်လိုက် .....

သူ ယှဉ်ပြိုင်ဖူးတဲ့ ဇာတ်လိုက်တွေထဲမှာ သူရှေ့ကလူက သူ့အတွက်တော့ အသန်မာဆုံးပြိုင်ဘက်မဟုတ်ပေမဲ့ အခက်အခဲဆုံးပြိုင်ဘက်ပဲဖြစ်သည်။

ဘာလို့လဲဆိုတော့ ဒီကောင်က ကံကြမ္မာကို ဖတ်နိုင်တယ်... နောက်ပြီး သူက ကောင်းလား၊ဆိုးလား ဆိုတာကိုလည်း သိနိုင်တယ်..... မကောင်းတဲ့ နိမိတ် တစ်ခုရတာနဲ့ ချက်ချင်းပြေးတာပဲ... ဒါကြောင့် လင်ပေ့ဖန်က သူ့ကို လျူပေါက်ပေါက်လို့ မကြာခဏ ခေါ်တာ...

( 跑跑 Pao Pao - ပြေးတာ )

ဟမ်... ဒီတစ်ကြိမ်တော့ ငါ မင်းကို တွေ့ပြီ ၊ မင်း ဘယ်ကို ပြေးမှာလဲ လျူပေါက်ပေါက်....

" ကျေးဇူးပြုပြီး ထိုင်ပါဦး..မင်းဘာသိချင်တာ...." လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း ဖျော်နေသော လျူရှောင်ယောက်သည် ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ့ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာနေသည့် ရင်းနှီးနေသောသူရဲ့ မျက်နှာကို မြင်လိုက်ရပြီး ထိတ်လန့်စွာဖြင့် အော်ပြောလိုက်သည်။

" လဗြွတ် .....လင်ပေ့ဖန်.... မင်းဘာလို့ ဒီကို ရောက်နေတာလဲ... "

" ဆရာလျူ ... မင်း ငါ့ကို သိတာလား.." လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် မေးခဲ့သည်။

သိတယ် ... ငါ မင်းကို သိတာပေါ့... မင်း မီးလောင်ပြီး ပြာဖြစ်သွားရင်တောင် ငါ မင်းကို သိတယ် ...

လျူရှောင်ယောက်သည် သူ့စိတ်ထဲကနေ တွေးပြီးအံကြိတ်ခဲ့သည်။

သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ ဒီလူယုတ်မာကို သူ ဘယ်တော့မှ မေ့မှာ မဟုတ်ပေ...

သူက တကယ်တော့ ပြန်လည် မွေး‌ဖွားလာခဲ့တဲ့ သူ တစ်ယောက်ဖြစ်သည်။

သူ ပြန်လည် မမွေးဖွားခင်တုန်းကလည်း သူသည် ဗေဒင်ဆရာတစ်ယောက်ဖြစ်သည်။သူသည် သူ့မိသားစု၏ ဗေဒင်ပညာရပ်များအပေါ် အမှီပြုပြီး ဗေဒင်ဆရာဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် သူသည် ကံကြမ္မာရဲ့ သားတော်တစ်ယောက်လို့ သူ့ကိုယ်ကိုယ်သူ ခံစားခဲ့ရသည်။

သို့သော်လည်းပဲ သူ့ရှေ့က လူယုတ်မာ လင်ပေ့ဖန်နှင့် တွေ့ဆုံပြီးကတည်းက သူ့ဘဝရဲ့ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

သူတို့နှစ်ယောက်သည် ပါတီပွဲကြီး တစ်ခုတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တုန်းက သူ့သူငယ်ချင်းတစ်ယောက်သည် လင်ပေဖန်ကို ဆန့်ကျင်ခဲ့မိတာကြောင့် ထိုပဋိပက္ခကို ဖြေရှင်းပေးဖို့ သူ့ကို တောင်းဆိုခဲ့သည်။

ထိုအရာက သူ့အတွက် ဘာမှမဖြစ်နိုင်ဘူးလို့ ထင်တာကြောင့် သူသည် ထိုတောင်းဆိုချက်ကို အလွယ်တကူ သဘောတူခဲ့မိသည်။

မိုဟိုင်မြို့မှာ ဆရာလျူဆိုတဲ့ သူ့ကို ဘယ်သူက မျက်နှာသာမပေးဘဲနဲ့ နေနိုင်မှာလဲ....

ရလဒ်အနေဖြင့် လင်ပေ့ဖန်က သူ့ကို မျက်နှာသာပေးဖို့ နေနေသာသာ သူ့ကို ဂရုတောင်မှ မစိုက်ခဲ့ပေ....ထို့ပြင် လင်ပေ့ဖန်က ' မင်းသူ့ကို ကာကွယ် ပေးရင် မင်းနောင်တရလိမ့်မယ်ဆိုပြီး 'သူ့ကိုတောင်မှ ခြိမ်းခြောက်ခဲ့သေးသည်.... သူသည် ထိုအချိန်တုန်းက ငယ်ရွယ်ပြီး သွေးဆူလွယ်တာကြောင့် သူက ဘယ်လိုလုပ် ခေါင်းငုံ့ခံမှာလဲ ...

ထို့ကြောင့် နှစ်ဖက်စလုံးက ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

သူသည် တစ်ဖက်လူရဲ့ ကံကြမ္မာကို တွက်ချက်ပြီးနောက် သူ့ကို လက်စားချေချင်ခဲ့သည်...။

ရလဒ်အနေဖြင့် ဘာမှ တွက်ချက်လို့မရခဲ့ပေ။ တစ်ဖက်လူနဲ့ သက်ဆိုင်တဲ့ အရာရာတိုင်းက မြူခိုးများဖြင့် ဖုန်းကွယ်နေသလိုမျိုး ဖြစ်နေခဲ့သည်။

ထို့ကြောင့် သူသည် သူသိတဲ့ အဆက်အသွယ်အားလုံးကို အသုံးပြုပြီး တစ်ဖက်လူကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း တစ်ဖက်လူက တစ်ယောက်ထဲနဲ့ အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

သူ့ကို ကူညီခဲ့တဲ့ လူတိုင်းလည်း ဒုက္ခရောက်ခဲ့ကြသည်။သူသည် နောက်ဆုံးမှာတော့ လူတိုင်းကို သစ္စာဖောက်ပြီး အဝေးကို ထွက်ပြေး၍ ကိုယ်လွတ်ရုန်းခဲ့သည်။

သို့သော်လည်းပဲ သူဘယ်လိုပဲ လွတ်အောင်ပြေးပြီး ပုန်းနေပါစေ တစ်ဖက်လူရဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ခဲ့ပေ။ နောက်ဆုံးမှာတော့ တစ်ဖက်လူက သူ့ကို မကောင်းတဲ့အယူဝါဒများကို ဖြန့်ဝေတဲ့သူဟု နာမည်တပ်ပြီး ထောင်ထဲ ပို့ခဲ့သည်။

ထိုကိစ္စများကြောင့် သူ့ရဲ့ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။

ငါခုနက တွက်လိုက်တာ မကောင်းတဲ့နိမိတ်ပြနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး...

ငါရဲ့အတိတ်ဘဝက ရန်သူနဲ့ တွေ့တာကို ဘယ်လိုလုပ် ကောင်းတဲ့နိမိတ်ပြမှာလဲ...

" ဆရာလျူ ... မင်း ငါ့မေးခွန်းကို မဖြေရသေးဘူးနော်... " လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် မေးခဲ့သည်။

" ဒါပေါ့ ... ငါ မင်းကို သိတာပေါ့... မင်းရဲ့နာမည်က လင်ပေ့ဖန်လေ... နောက်ပြီး မင်းက လင်အုပ်စု ဥက္ကဌရဲ့ သားလေ... ငါပြောတာ မှန်တယ်မလား.... " လျူရှောင်ယောက်က တစ်ဖက်လူ သူ့မျက်လုံးထဲက အမုန်းတရားတွေကို မမြင်အောင် အားတင်းပြီး ပြုံးခဲ့သည်။

" အမှန်ပဲ ... " လင်ပေ့ဖန်က ခေါင်းညိတ်ခဲ့သည်။

" အခု မင်း ငါ့မေးခွန်းကို ဖြေရမယ့် အလှည့်ပဲ... မင်းဘယ်လိုလုပ် ဒီကို ရောက်လာခဲ့တာလဲ ... " လျူရှောင်ယောက်က သိချင်သောအမူအရာဖြင့် မေးခဲ့သည်။

သူ ပြန်လည်မွေးဖွားလာပြီးနောက် သူသည် လင်ပေ့ဖန်ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားနေခဲ့တာဖြစ်သည်။

သူ့ရဲ့ အင်အားက အားနည်းပြီး လက်စားချေဖို့ မျှော်လင့်ချက်မရှိတာကြောင့် သူသည် လင်ပေ့ဖန်နဲ့ မြန်မြန်ဆန်ဆန် မတွေ့ချင်ခဲ့ပေ။ ထို့ကြောင့်သူသည် ဒီလို ဂျောင်ကျတဲ့ နေရာမျိုးမှာ သူ့ကိုယ်ကိုယ်သူ တိုးတက်အောင်လုပ်ပြီး သူ့ရဲ့အင်အားက လင်ပေ့ဖန်နဲ့ ရင်ဆိုင်နိုင်တဲ့အခါကျမှ သူ့ကို သွားရှာဖို့ စီစဉ်ခဲ့ပေမဲ့လည်း လင်ပေ့ဖန်က သူ့ တံခါးရှေ့ကို ကိုယ်တိုင် ရောက်ချလာခဲ့သည်။

" ငါ ဒီဘက်ကနေ ဖြတ်သွားရင်းနဲ့ ဒီနေရာကို မတော်တဆ တွေ့လိုက်လို့ ...ငါ ဒီကို အပျော်လာကြည့်တာ... နောက်ပြီး ဒီမှာ ဗေဒင်ဟောတာ အရမ်းမှန်တဲ့ ဆရာတစ်ယောက်ရှိတယ်လို့ အရှေ့မှာ တန်းစီနေတဲ့ သူတွေစီက ငါကြားတယ်...ဒါကြောင့် ငါ လာစမ်းကြည့်တာ... ဒါပေမဲ့ ငါ ဒီနံပါတ်ပြားကို ရတဲ့အထိ ကံအရမ်းကောင်းခဲ့တယ်... "

" ဆရာလျူ ... ငါတို့နှစ်ယောက်က အရမ်းကံဆက်နေတယ်လို့ မင်းထင်လား... " လင်ပေ့ဖန်က ရယ်မောခဲ့သည်။

" ငါတို့နှစ်ယောက်က တကယ့်ကို အရမ်းပဲ ကံဆက်နေတာ... " လျူရှောင်ယောက်ရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့သည်။

လဗြွတ် ….ဆက်တာမှ ...ဘဝနှစ်ခုစာကို ကံဆက်နေတာ…

All Chapters