← Chapters

အခန်း (၃၁၆၇-၃၁၆၈)

Vol. 211 Ch. 3167-3168

အခန်း (၃၁၆၇-၃၁၆၈)

Vol. 211 Ch. 3167-3168

အခန်း ၃၁၆၇ - မဟာဧကရာဇ် အထီးကျန်သိုင်းသခင်

သည်ဘက်မျိုးဆက်မှာ မဟာဧကရာဇ်တစ်ပါး တိုက်ခိုက်သည်ကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဘယ်သူကမှ မတွေ့မြင်ဖူးဘဲ အဲဒါက ဘာနှင့်တူမည်ကို စဉ်းစားမကြည့်နိုင်ကြပေ။

သိုင်းတာအိုပင်မခန္ဓာသည် အရင်က မဟာဧကရာဇ်ပညာရှင်များနှင့် တွေ့ဆုံဖူးသော်လည်း သူက သူတို့နှင့် မတိုက်ခိုက်ခဲ့ဖူးဘဲ သူတို့ဘယ်လောက်သန်မာကြောင်း မသိရှိပေ။

ထိုအခိုက်အတန့်မှသာ ကြယ်တာရာကောင်းကင်က တုန်ခါသွားပြီး မျိုးနွယ်စုတစ်သောင်းကို ချိုးနှိမ်နိုင်သည့် မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားကို သူက တွေ့ကြုံမိသွား၏။

၎င်းက အရမ်းကို သန်မာလေသည်။ မကြုံစဖူးကို စွမ်းအားကြီးမားနေ၏။ ၎င်းသည် သူ့ကိုပင် ကြီးမားသည့်ဖိအား ခံစားရစေသည်။

လွန်ခဲ့သည့် နှစ်တစ်ရာကျော်ကသာဆိုလျှင် သူသည် အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူကို အသုံမပြုခြင်းမရှိဘဲ ထိုလက်ဝါးချက်ကို သေချာပေါက် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယနေ့က အရင်တုန်းကနှင့် မတူတော့ပေ။

နှစ်တစ်ရာကျော်အကြာမှာ တျဲယွဲ့သည် ကြီးမားစွာ တိုးတက်လာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာကလည်း အသွင်ပြောင်းလဲသွားခဲ့သည်။

မဟာအရိုင်းကမ္ဘာက တိုက်ပွဲအပြီးမှာ သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေသိုင်းကောင်းကင်လိုဏ်ဂူသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီး အမြုတေသိုင်းလောကအဖြစ် အသွင်ပြောင်းလဲသွားသည်။

အမြုတေသိုင်းလောကက သူ၏ သိုင်းတာအိုခန္ဓာပင် ဖြစ်သည်။

သူ၏ အမြုတေသိုင်းလောကကို အသုံးပြုခြင်းမရှိလျှင်ပင် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးစွမ်းအား သက်သက်နှင့်ပင် သူသည် အထွတ်အထိပ်ဧကရာဇ်များစွာကို ဖိနှိမ်ပြီး သူတို့၏ ပကတိလောကများကို ခြေမွှဖျက်ဆီးပစ်နိုင်သည်။

အစစ်အမှန်ခန္ဓာနှစ်ခု ဆုံတွေ့ခဲ့ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ တာအိုမီးသုံးခုကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းကာ သိုင်းတာအိုမီးဖိုနှင့် သိုင်းစကြဝဠာ၏ စွမ်းအားကို ကြီးမားစွာ မြင့်တက်လာစေခဲ့သည်။

အစောစောက တိုက်ပွဲမှာ သိုင်းတာအိုပင်မခန္ဓာသည် အဘက်ဘက်မှာ ဝင်ရောက်သတ်ဖြတ်နေခဲ့၏။ အမှုဆောင်တမန်တော်သုံးဦးပင်လျှင် သူ့ထံမှ ထိုးချက်အနည်းငယ်ဖြင့် သတ်ဖြတ်ခံလိုက်ရ၏။

သို့သော်လည်း တကယ်တမ်းမှာ သူက ထိန်ချန်ထားဆဲဖြစ်ပြီး သူ၏ ခွန်အားအပြည့်အဝကို မထုတ်ဖော်ခဲ့ပေ။

တိုက်ပွဲ၏ အစမှာ ဤတိုက်ပွဲသည် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များကို ပေါ်ထွက်လာစေနိုင်ကြောင်း သိုင်းတာအိုပင်မခန္ဓာက ခန့်မှန်းမိထားသည်။

သူက ထိန်ချန်ထားရပေမည်။

ထိုသို့ပြုလုပ်ထားရသည်မှာ ဤအခိုက်အတန့်အတွက် ဖြစ်လေသည်။

ဖိခြေကျဆင်းလာသော ဧရာမလက်ဝါးနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို မော့ပြီး ဟိန်းဟောက်လိုက်၏။

သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ တရုန်းရုန်းထကြွနေသော အသံတစ်သံ ထွက်ပေါ်လာ၏။ နောက်ခဏ၌ ဧရာမငရဲမီးဖိုတစ်ခုက လောကမှာ ပေါ်ထွက်လာပြီး ကြယ်တာရာကောင်းကင်ထဲမှာ မားမားမတ်မတ် ရပ်တည်နေလေသည်။

မျိုးဆက်သွေးနယ်မြေ၊ သိုင်းတာအိုမီးဖို…

တကယ်ဆို ဧရာမငရဲမီးဖိုသည် မိုးကောင်းကင်ထက်ကနေ ကျဆင်းလာသော ဧရာမလက်ဝါးကိုပင် လွှမ်းခြုံထားလေသည်။ မီးတောက်ကိုးခုက ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းနေပြီး ဧရာမလက်ကို သန့်စင်ပေးချင်နေ၏။

“ဟမ်…”

အထင်အမြင်သေးသော လေသံနှင့်အတူ ကောင်းကင်ဘုံခုံရုံးကနေ အေးစက်စက် နှာမှုတ်သံတစ်ချက် ထွက်ပေါ်လာ၏။

ရုတ်တရက် ကောင်းကင်တစ်ခွင် အုပ်မိုးထားသော ဧရာမလက်သည် သွေးနီရောင်အဖြစ် ပြောင်းလဲသွားပြီး သိပ်သည်းပြင်းထန်သော သွေးချီက ​ပျံ့နှံ့ကာ မီးဖိုတစ်ခုလုံးကို ပြည့်နှက်သွားစေ၏။ ၎င်းသည် မီးတောက်ကိုးခုနှင့် ထိတွေ့ရိုက်ခတ်ပြီး တရှဲရှဲအသံများ ထွက်ပေါ်လာ၏။

သွေးနီရောင်လက်၏ ဖိနှိမ်မှုအောက်မှာ မီးတောက်ကိုးခုက အဆက်မပြတ် အားနည်းပြီး ငြိမ်းသေတော့မည့် လက္ခဏာများ ပြသလာသည်။

သိုင်းတာအိုမီးဖိုသည် ကောင်းကင်တစ်ခွင် အုပ်မိုးထားသည့် ဧရာမလက်ဖဝါးကို လုံးဝ မခုခံနိုင်ပေ။ ထိုအစား ၎င်းသည် အဆက်မပြတ် ယိမ်းထိုးပြီး ဧရာမလက်ဝါးကြောင့် ကြေမွပျက်စီးတော့မည့်ဆဲဆဲဖြစ်၏။

ရွှစ်…

သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်လိုက်ပြီး လောကတစ်ခုဖြစ်သော သိုင်းစကြဝဠာကို ထုတ်ဖော်လိုက်၏။

တမလွန်တစ္ဆေမီး၊ အနီရောင်ကြာပန်းကြမ္မာမီး၊ ကပ်ဘေးမီး၊ ဟင်္သပဒါးငှက်တာအိုမီး၊ ငရဲမီး၊ အင်မော်တယ်တာအိုမီး၊ ဗုဒ္ဓတာအိုမီး၊ မိစ္ဆာတာအိုမီးနှင့် သိုင်းစိတ်ဝိညာဉ်မီးတို့က ထိုသိုင်းစကြဝဠာထဲမှာ စုဖွဲ့လာပြီး မီးနဂါးကိုးကောင်အဖြစ် အသွင်ပြောင်းလဲကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ကြ၏။

မီးနဂါးကိုးကောင်က သိုင်းတာအိုမီးဖို၏ ဘေးပတ်လည်မှာ လှည့်ပတ်ပြီး မီးဖိုထဲရှိ မီးတောက်ကိုးခု၏ အော်ရာကို ကြီးမားစွာ မြှင့်တင်ပေးကာ မီးတောက်များက နောက်တစ်ဖန် လောင်ကျွမ်းလာ၏။

မီးဖိုက လောင်ကျွမ်းနီရဲလာပြီး ဂမ္ဘီရမီးတောက်များက တဟုန်းဟုန်းတောက်လောင်ကာ အတွင်းအပြင် နီရဲကြည်လင်လာသည်။

ကောင်းကင်တစ်ခွင် အုပ်မိုးထားသော ဧရာမလက်ကနေ အစိမ်းရောင်မီးခိုးများပင် အူထွက်လာခဲ့လေသည်။

သိုင်းတာအိုမီးဖိုနှင့်အတူ တွဲဖက်၍ သိုင်းစကြဝဠာသည် သိုင်းတာအိုမီးဖို၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်အထိ ထုတ်ဖော်လိုက်၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်း သက်ရှိများသည် ထိုသည်ကို တွေ့မြင်သောအခါ ကြက်သေသေ၍ တုန်လှုပ်နေကြ၏။

ဓားကမ္ဘာရှိ သံသရဖူဆောင်းအဘိုးအိုနှင့် ထျန်ဟွမ်ကမ္ဘာမှ ဧကရာဇ်ပညာရှင်များမှာပင်လျှင် မယုံကြည်နိုင်သော အမူအရာများ ထွက်ပေါ်လာကြသည်။

ဧကရာဇ်အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားသည် မဟာဧကရာဇ်တစ်ပါးနှင့် လွန်ဆွဲတိုက်ခိုက်နိုင်သော အဆင့်အထိ တကယ်ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ကြယ်တာရာကောင်းကင်အောက်မှာ ကောင်းကင်တစ်ခွင် အုပ်မိုးထားသည့် ဧရာမလက်သည် နာကျင်မှုကို ခံစားမိလာပုံရပြီး ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ ထိုအစား ထိုလက်သည် ပြန်လည်ရုပ်သိမ်းချင်နေ၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက သူ့ကို ထိုအခွင့်အရေး မပေးပေ။ သိုင်းစကြဝဠာနှင့် သိုင်းတာအိုမီးဖို ထွက်ပေါ်လာပြီးနောက် ကြယ်တာရာကောင်းကင်ထဲကနေ နောက်ထပ်ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာ၏။

ဧရာမ ရှေးဟောင်းဂိတ်တံခါးဆယ်ချပ်က တရုန်းရုန်းထကြွနေသော စွမ်းပကားတစ်ခုနှင့်အတူ ဆင်းသက်ရောက်ရှိလာ၏။ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဆန္ဒနှင့်အတူ သူတို့သည် တစ်ချိန်တည်းမှာ ခွန်အားကို ထုတ်ဖော်ပြီး ကောင်းကင်တစ်ခွင် အုပ်မိုးထားသည့် ဧရာမလက်ကို ဖိနှိမ်လိုက်ကြ၏။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လောကက တသိမ့်သိမ့် လှုပ်ခါသွားသည်။

ငရဲဂိတ်တံခါးဆယ်ချပ်က ကောင်းကင်တစ်ခွင် အုပ်မိုးထားသည့် ဧရာမလက်ကို ပြင်းထန်စွာ ပစ်တိုက်ချနေ၏။

နောက်ခဏ၌ ကောင်းကင်ထဲမှာ သွေးမြူတစ်ခု ပျံ့နှံ့သွားပြီး ကြီးမားသော သွေးမိုးရေစက်များက ရွာသွန်းကျဆင်းလာ၏။

ဧကရာဇ်တစ်ပါး၏ သွေး…

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက လှုပ်ခတ်သွားလေသည်။

ထျန်ဟွမ်ခန်းမမှာ ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး ကျဆင်းလာသော သွေးမိုးစက်များကို မယုံကြည်နိုင်စွာ ကြည့်နေ၏။

ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်တစ်ပါး တိုက်ခိုက်လာပြီးနောက် ဤကဲ့သို့သော ရလဒ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့နှစ်ယောက်က ထင်မှတ်မထားခဲ့ပေ။

မဟာဧကရာဇ်၏ လက်ဝါးသည် ဧကရာဇ်အထီးကျန်သိုင်းသခင်၏ ခြေမွှဖျက်ဆီးခြင်း ခံနေရ၏။

“အထီးကျန်သိုင်းသခင်က တကယ်ဆို…”

ဧကရာဇ်မြောက်ပိုင်းခွန်၏ နှုတ်ခမ်းက တုန်ယင်နေပြီး တံတွေးကို အလျင်စလို မျိုချကာ တီးတိုးရေရွတ်လိုက်၏။

“သူက မဟာဧကရာဇ်တစ်ပါး ဖြစ်နေပြီပဲ”

အခြားသူများသည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်ဘဲ သူက ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းခါစသာဖြစ်သည်ကို မသိရှိကြပေ။

သို့သော်လည်း သူတို့ရှေ့မှ မြင်ကွင်းသည် ထိုသူက မဟာဧကရာဇ်တစ်ပါးဖြစ်သည်ဟု သက်သေပြပေးနိုင်သလောက်နီးပါးပင်။

မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်ရည်ခွန်အားကြောင့် မဟုတ်လျှင် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်တစ်ပါးကို ဘယ်သူက ထိခိုက်အောင် လုပ်နိုင်မှာလဲ။

“သူ... သူက မဟာဧကရာဇ်တစ်ပါးလား…”

သံသရဖူဆောင်းအဘိုးအိုက စိတ်လှုပ်ရှားတက်ကြွနေပြီး သူ၏ အသံက တုန်ယင်နေ၏။

အစကတော့ ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာသည် သေချာပေါက် ဆိတ်သုဉ်းပျောက်ကွယ်တော့မည်ဖြစ်ပြီး ဧကရာဇ်အထီးကျန်သိုင်းသခင်ကလည်း သေဆုံးရတော့မည်ဟု သူက တွေးထင်ထား၏။

သို့သော်လည်း တိုက်ခိုက်မှုအပြီးမှာ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်ကိုပင် ထိခိုက်ဒဏ်ရာရရှိသွားစေလေသည်။

ဤတိုက်ပွဲမှာ နောက်ထပ် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာမှာလား…

“မဟာဧကရာဇ်… သူက မဟာဧကရာဇ်ပဲ… မဟာဧကရာဇ်အထီးကျန်သိုင်းသခင်..”

ကောင်းကင်ဘုံခုံရုံး၏ ဧကရာဇ်ရွှမ်စန်က တကယ်ပင် တုန်လှုပ်နေ၏။ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

မဟာဧကရာဇ်ပညာရှင်များကသာ ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ပေမည်။

မဟာဧကရာဇ် အထီးကျန်သိုင်းသခင်ဟူသောစကားလုံး ပေါ်ထွက်လာသည့်ခဏမှာပင် အဲဒါသည် ဓားကမ္ဘာတိုက်ပွဲနယ်မြေကို အုံးအုံးကျက်ကျက် ဖြစ်သွားစေ၏။

“မဟာဧကရာဇ် အထီးကျန်သိုင်းသခင်”

ဓားကမ္ဘာမှ လူတစ်ယောက်က အော်ပြောလိုက်၏။

ထိုအသံ ထွက်ပေါ်လာပြီးနောက် ဓားကျင့်ကြံသူများစွာက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဆက်တိုက်အော်ဟစ်လိုက်ကြပြီး သူတို့၏ သွေးများက ဆူပွက်လာခဲ့လေသည်။

“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်…. မဟာဧကရာဇ်အထီးကျန်သိုင်းသခင်”

အသံလှိုင်းများက တလိပ်လိပ်ထိုးတက်ပြီး အဘက်ဘက်ကို ပျံ့နှံ့သွား၏။

ဓားကမ္ဘာတိုက်ပွဲနယ်မြေမှာ ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာမှ ကျင့်ကြံသူများ၏ တိုက်ပွဲဝင်စိတ်ဓာတ်က ကြီးမားစွာ ကျဆင်းသွားကြသည်။ သူတို့က ထိတ်လန့်တကြားဖြစ်လာပြီး သူတို့၏ အမူအရာများက ငေးငိုင်ပျောက်ဆုံးနေကြ၏။

ထျန်ဟွမ်ကမ္ဘာမှာ….

အလင်းကမ္ဘာနှင့် ကမ္ဘာပေါင်းတစ်ရာကျော်မှ ဧကရာဇ်ကျင့်ကြံသူများက တုန်လှုပ်သွားကြပြီး ခဏကြာသည်အထိ သတိပြန်မကပ်နိုင်ကြပေ။

ကမ္ဘာတစ်ရာကျော်မှ ကျင့်ကြံသူများက နောင်တရနေကြ၏။

သူတို့သည် ထျန်ဟွမ်ကမ္ဘာသို့ ကောင်းကင်ဘုံခုံရုံးမှ ဤလူအုပ်စုနောက်ကို လိုက်ပါလာခဲ့ပြီး အဲဒါသည် တစ်ဖက်သတ်ဖိနှိမ်ခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲတော်တစ်ခု ဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့ကြ၏။ သူတို့သည် မဟာဧကရာဇ်တစ်ပါးကို ရန်စမိလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့ပါ့မလဲ။

ထျန်ဟွမ်ကမ္ဘာမှ သက်ရှိများစွာက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က အလွန်တရာ စိတ်လှုပ်ရှားတက်ကြွလာပြီး အော်ဟစ်လိုက်ကြ၏။

“မဟာဧကရာဇ် အထီးကျန်သိုင်းသခင်…”

“မဟာဧကရာဇ် အထီးကျန်သိုင်းသခင်ဟေ့…”

ထျန်ဟွမ်ကမ္ဘာမှ သက်ရှိများသည် ထျန်ဟွမ်ကမ္ဘာကို အင်မော်တယ်ဘုရင်တစ်ပါးကသာ တည်ထောင်ထားခြင်းဖြစ်သည်ဟု အစက တွေးထင်ခဲ့ကြ၏။

သို့သော်လည်း ထျန်ဟွမ်ကမ္ဘာကို တကယ်တမ်း ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ပုဂ္ဂိုလ်က လူသားမျိုးနွယ်မှ မဟာဧကရာဇ်တစ်ပါး ဖြစ်နေလေသည်။

ဓားကမ္ဘာမှာသာလျှင် မဟုတ်ဘဲ ထျန်ဟွမ်ကမ္ဘာ၊ နဂါးကမ္ဘာ၊ ခွန်ကမ္ဘာနှင့် အခြားကမ္ဘာများစွာမှ ဧကရာဇ်ပညာရှင်များသည် ထိုသည်ကို တွေ့မြင်သောအခါ တူညီသော အတွေးကို ရရှိနေကြ၏။

မဟာဧကရာဇ် အထီးကျန်သိုင်းသခင်…

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဒီဘက်မျိုးဆက်တွင် မဟာဧကရာဇ်တစ်ပါး မွေးဖွားပေါ်ထွက်လာခဲ့လေပြီ။

မဟာဧကရာဇ် ဒီဃာယု၏ သေဆုံးမှုအပြီးမှာ ဤခေတ်ကို နောက်ဆုံးမှာ တစ်စုံတစ်ယောက်က ပိုင်ဆိုင်သွားခဲ့လေပြီ။

အထီးကျန်သိုင်းသခင်ခေတ်…

ဧကရာဇ်များက အဲဒါကို တွေးမိချိန်မှာ သူတို့က စိတ်ခံစားချက်များဖြင့် ပြည့်နှက်လာကြ၏။

အဲဒါက ကြိုတင်ပြဋ္ဌာန်းပြီးသား ဖြစ်သည့်အတိုင်းပင်။

သည်ဘက်မျိုးဆက် အလယ်အလတ်ကမ္ဘာတ်တစ်ထောင်လောက၏ မဟာဧကရာဇ်သည် ကောင်းကင်ဘုံခုံရုံးနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ ရွေးချယ်ထားဆဲ ဖြစ်သည်။

သို့သော်လည်း ဧကရာဇ်များမှာ မေးခွန်းများစွာ ရှိနေကြ၏။

ရှေးဟောင်းကျမ်းစာအုပ်များအရ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်ဖြစ်လာသည့် မည်သူမဆို သေချာပေါက် လောကကို တုန်ခါစေပြီး မဟာတာအိုနှင့် အပြန်အလှန် တုံ့ပြန်ရပေမည်။

ထိုအခိုက်အတန့်မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် အဲဒါကို အာရုံခံမိကြပေလိမ့်မည်။

သို့သော်လည်း အစကနေ ယခုအချိန်အထိ ဤကဲ့သို့သော ဖြစ်စဉ်မျိုး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပေါ်ထွက်မလာခဲ့ပေ။

အခန်း ၃၁၆၈ - ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်

“မဟာဧကရာဇ်လား”

အမှုဆောင်တမန်တော်များက ပျက်ယွင်းနေသောအမူအရာများနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်များကို ကြည့်လိုက်ကြ၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို စောင့်ကြည့်ဖို့အတွက် ကောင်းကင်ဘုံခုံရုံး၏ အမိန့်အောက်မှာ ရှိနေသည်။

အလယ်အလတ်ကမ္ဘာစတ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါး မွေးဖွားပေါ်ထွက်လာခြင်းသည် အလွန်တရာအရေးကြီးသည့် ကိစ္စတစ်ခုဖြစ်လေသည်။ ဒါတောင် ကောင်းကင်ဘုံခုံရုံးက အဲဒါနှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမှ မရရှိခဲ့ပေ။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက မင်းတို့တွေ ဘာတွေလုပ်နေကြတာလဲ… မင်းတို့ကန်းနေကြတာလား”

အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံက ကျန်ရှိနေသော မွန်မြတ်ကောင်းကင်ဘုံလောကအရှင်သုံးဦးကို အေးစက်နေသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ သူ၏ လေသံက မကောင်းဆိုးဝါးဆန်လာခဲ့၏။

သူက တကယ့်ကို ဒေါသချောင်းချောင်းထွက်နေ၏။

ကောင်းကင်ဘုံခုံရုံးသည် ဤကဲ့သို့ ကြီးမားသောကိစ္စတစ်ခုဖြစ်ပွားခြင်းမှာ မည်သည့်သဲလွန်စကိုမှ မရရှိခဲ့ပေ။

ကြိုတင်ပြင်ဆင်မှုမရှိဘဲ သူတို့သည် လူသားမျိုးနွယ်မှ ဤမဟာဧကရာဇ်နှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ဓားကမ္ဘာသို့ ကောင်းကင်ဘုံခုံရုံးမှ သခင်လေးတချို့နောက် လိုက်ပါလာခဲ့ကြသည်။ ထိုလုပ်ရပ်က တကယ့်ကို ကိုယ့်လည်ပင်းကိုယ်ကြိုကွင်းစွပ်နေခြင်းဖြစ်သည်။

အမှုဆောင်တမန်တော်သုံးဦးက သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် သူက ယခုအချိန်ထိ အသက်ရှင်နိုင်နေသေးခြင်းဖြစ်လေသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးရှိသည်ကို သူတို့သိရှိထားမည်ဆိုလျှင် သူတို့သည် သေချာပေါက် မဆင်မခြင် ဆင်းသက်ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။

“ကျုပ်..ကျုပ်တို့တွေလည်း မသိကြဘူး”

ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံက ထိတ်လန့်တကြားဖြစ်နေပြီး မလုံမလဲအကြည့်နှင့်အတူ သူ၏ လေသံက တုန်ယင်နေ၏။

သူတို့သည် မဟာတာအိုတုံ့ပြန်မှု၏ မည်သည့်နယ်မြေဖြစ်စဉ်ကိုမှ အာရုံမခံမိခဲ့ကြပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တစ်ယောက်ယောက်က မဟာဧကရာဇ်တစ်ပါးဖြစ်လာမည်ဆိုလျှင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက အဲဒါကို အာရုံခံမိကြပေလိမ့်မည်။

ဤနှစ်များမှာ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် တကယ်ပင် အလွန်တရာထင်ရှားကျော်ဇောလာခဲ့သည်။ တကယ်ဆို သူသည် နဂါးများနှင့်ဖီးနစ်များစစ်ပွဲ၊ ခွန်များနှင့်ဖန်းများ၏ စစ်ပွဲကိုပင် ဖြေရှင်းပေးဖို့ ပေါ်ထွက်လာခဲ့သည်။

သို့သော်လည်း ဤလူသည် မဟာဧကရာဇ်တစ်ပါးဖြစ်လာသည့် မည်သည့်အရိပ်လက္ခဏာကိုမှ မပြသခဲ့ပေ။

“သုံးစားမရတဲ့အမှိုက်တွေပဲ”

ရုတ်တရက် အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံက တိုက်ခိုက်လိုက်၏။ သူက ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံ၏ ဦးခေါင်းကို ပစ်ရိုက်ချပြီး ၎င်းကို ကြေမွပျက်စီးသွားစေ၏။ သူ့အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး နေရာမှာတင် သေဆုံးသွားသည်။

ကျောက်တုံးဧကရာဇ်မွန်မြတ်ကောင်းကင်ဘုံသည် အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံက ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူက အငိုက်မိသွားခဲ့ပြီး တုန်လှုပ်စွာဖြင့် သေသည့်တိုင်အောင် ရိုက်ချခံလိုက်ရလေသည်။

ကျန်ရှိနေသော မွန်မြတ်ကောင်းကင်ဘုံလောကအရှင်နှစ်ဦးက အရမ်းကိုကြောက်လန့်သွားပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်လာ၏။ သူတို့က မြေပြင်ပေါ်မှာ အလောတကြီးဒူးထောက်ချပြီး သနားညှာတာပေးဖို့အတွက် ကျယ်လောင်စွာတောင်းပန််လိုက်ကြ၏။

အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံက သူ၏ ရင်ထဲရှိ အမျက်ဒေါသကို ဖိနှိမ်ပြီး ဆက်လက်၍ မသတ်ဖြတ်တော့ဘဲ အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

ကြီးမားသောတိုက်ပွဲတစ်ခုက စတင်လာတော့မည်ဖြစ်သည်။ ဤမွန်မြတ်ကောင်းကင်ဘုံလောကအရှင်နှစ်ဦးက မည်သို့ပင်ဖြစ်စေ အထွတ်အထိပ်ဧကရာဇ်များဖြစ်နေပြီး အသုံးဝင်မှုတချို့ရှိနေသေး၏။

ကျယ်ပြောသော ကြယ်တာရာကောင်းကင်၏ အမှောင်ထုထဲမှာ…။

ရုတ်တရက် အမျိုးသမီးအို၏ အသံက ထွက်ပေါ်လာ၏။

“အထီးကျန်သိုင်းသခင်က မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီလား… ငါအဲဒါကို ဘာလို့မသိခဲ့တာလဲ”

အခြားသူများက ထိုအသံကို မကြားရနိုင်သော်လည်း ကြယ်တာရာကောင်းကင်၏ အခြားထောင့်တစ်နေရာမှာ မျက်ခုံးမွေးဖြူလူအိုကြီးနှင့် မိန်းကလေးက ထိုအသံကို ရှင်းလင်းစွာကြားနေရ၏။

“သူ.. မဖြစ်လောက်သေးပါဘူး”

မျက်ခုံးမွေးဖြူလူအိုကြီးက ပြောလိုက်သည်။

“ငါသူနဲ့နောက်ဆုံးတွေ့တုန်းက သူက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းခါစပဲ… နှစ်တစ်ရာကျော်ကျော်လောက်နဲ့ သူက မဟာဧကရာဇ်တစ်ပါးဖြစ်လာစရာအကြောင်းမရှိဘူး”

“နောက်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးပေါ်ထွက်လာမယ်ဆိုရင် နိမိတ်ဖြစ်စဉ်တစ်ခု သေချာပေါက်ပေါ်ထွက်လာလိမ့်မယ်”

မိန်းကလေးက ပြောလိုက်၏။

“သူက မဟာဧကရာဇ်တစ်ပါးဖြစ်မလာသေးပေမယ့် သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက မဟာဧကရာဇ်တစ်ပါးနဲ့ယှဉ်နိုင်နေပြီ”

“ဟေး… အဲဒါ ပြောဖို့ခက်တယ်နော်”

အမျိုးသမီးအိုက ပြုံးလိုက်၏။

ပေါ်ထွန်းမှုကောင်းကင်ဘုံက အဲဒီလူက စောစောကတိုက်ခိုက်တုန်းက သူ့ရဲ့ခွန်အားအပြည့်အဝကို မသုံးခဲ့ဘူး… သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဆူးခလုတ်တချို့နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ထင်ထားခဲ့မှာမဟုတ်ဘူး”

“အဲဒီဒဏ်ရာအသေးအဖွဲက သူ့အတွက် ဘာမှမဟုတ်ဘူး… အဲဒီအစား သူ့ကို ဒေါသချောင်းချောင်းထွက်စေလိမ့်မယ်… သူ့ရဲ့အစစ်အမှန်ခန္ဓာဆင်းသက်လာရင် အထီးကျန်သိုင်းသခင်က အဲဒါကို ခုခံနိုင်ပါ့မလား မသိရဘူး”

ထိုသို့ပြောလိုက်သည့်ခဏမှာပင် အမျိုးသမီးအို၏ အော်ရာက ရုတ်တရက်ပျောက်ကွယ်ပြီး သူမကိုယ်သူမ ဖုံးကွယ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင်…။

ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲကနေ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းဆင်းသက်လာ၏။

ကောင်းကင်ကတုန်ခါပြီး ကြယ်များက မှေးမှိန်သွားသည်။

မြင့်မား၍ စွမ်းပကားကြီးမားသော ပုံရိပ်ကိုကြည့်ရင်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ရှိခိုးဦးချချင်စိတ်ပေါက်လာကာ အဲဒါကိုလုံးဝမငြင်းဆန်နိုင်ပေ။

အဆုံးမဲ့စွမ်းပကားတစ်ခုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုပ်မိုးပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံး၏ စိတ်နှလုံးကို ဖိနှိမ်လိုက်၏။

ဤကဲ့သို့သောဖိအားအောက်မှာ တည်ငြိမ်နေနိုင်သည့်တစ်ဦးတည်းသောသူက ကြယ်တာရာကောင်းကင်ထက်မှ သိုင်းတာအိုပင်မခန္ဓာဖြစ်သာဖြစ်သည်။

“လက်စသတ်တော့ မင်းက ငရဲအရှင်အသစ် ဖြစ်လာတာပဲ”

သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ငရဲဂိတ်တံခါးဆယ်ချပ်ကိုကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

သူ၏ အသံက သတ္တုချင်းထိခတ်သံကဲ့သို့ မြည်ဟည်းနေ၏။

“မင်းက ဘယ်သူလဲ”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် မေးလိုက်သည်။

“ငါက ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်ပဲ”

အဖြူရောင်ဝတ်အမျိုးသား၏ လေသံမှာ မောက်မာဝင့်ကြွားမှုအငွေ့အသက်တစ်ခုရှိနေ၏။

ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က မဟာဧကရာဇ်တစ်ပါးသာဖြစ်၏။ သို့သော်လည်း အဖြူရောင်ဝတ်အမျိုးသား၏ လေသံအရ သူသည် သိုင်းတာအိုပင်မခန္ဓာကို ဂရုစိုက်ခြင်းမရှိဘဲ သူ့ကို အတည်အတံ့ပင် မမှတ်ယူပေ။

“မင်းက ဘာမှမဟုတ်ဘူး”

ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ လေသံက မှင်သေသေဖြင့် ထွက်ပေါ်လာ၏။

“ငရဲအရှင်က အဝီစိမှာ ဖိနှိမ်ခံထားရပေမယ့် သူက မသေသေးဘူး… သူ့ရဲ့ဓမ္မတာအိုအမှတ်အသားက ငရဲကမ္ဘာမှာ ကျန်ရှိနေတုန်းပဲ… မင်းက ငရဲကမ္ဘာမှာ မင်းရဲ့တာအိုကို အတည်ပြုဖို့မဖြစ်နိုင်ဘူး”

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာတော့ ငါက တစ်ယောက်ယောက်ဓမ္မတာအိုကို အတည်ပြုထားတဲ့ ဘာအရိပ်လက္ခဏာကိုမှ မခံစားမိဘူး”

“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်တဲ့လား”

ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က လှောင်ရယ်လိုက်ပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။

“ပုရွက်ဆိတ်…”

ထိုသိုသူပြောလိုက်သည့်ခဏမှာပင် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။ သူ၏ လက်ဖဝါးက အကောင်းတိုင်းရှိနေသေးပုံပေါ်လေသည်။ ယခင်ရရှိခဲ့သောဒဏ်ရာက သူ့အပေါ်မှာ လုံးဝသက်ရောက်မှု မရှိပေ။

ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က ပစ်ရိုက်ချလိုက်ပြီး သိုင်းတာအိုပင်မခန္ဓာက မရှောင်တိမ်းပေ။ နောက်ဆုတ်ရမည့်အစား သူက ရှေ့သို့တက်လှမ်းကာ ပစ်ထိုးလိုက်၏။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုမီးဖို၊ သိုင်းစကြဝဠာနှင့် ငရဲဂိတ်တံခါးဆယ်ချပ်နှင့်အတူ ပေါင်းစည်းပြီး သူက သိုင်းတာအို၏ စွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ တွန်းတင်ကာ အထွတ်အထိပ် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်၏။

ဝုန်း…

လက်သီးနှင့်လက်ဝါးက ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာ၏။

သူတို့နှစ်ယောက်တိုက်ခိုက်ရာ တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုကနေ ဧရာမရောင်လျှံစက်ဝန်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာသည်။ ကြယ်တာရာကောင်းကင်က လဲပြိုကျပြီး လေဟာနယ်က ကြေမွပျက်စီးသွား၏။

ထိတွေ့ရိုက်ခတ်မှု၏ စွမ်းအားသည် စွမ်းအားလှိုင်းလုံးများကို ဖြစ်ပေါ်စေပြီး အဘက်ဘက်ကို ဖြန့်ကြက်သွားသည်။ သူတို့ဖြတ်သွားရာနေရာတိုင်းမှာ အရာရာတိုင်းကို ဖျက်ဆီးခဲ့ပြီး မရေမတွက်နိုင်သော ကြယ်များက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။

ဧကရာဇ်ပညာရှင်များကလွဲလျှင် အခြားမည်သည့်ကျင့်ကြံသူကမှ ထိုအလင်း၏ အရောင်အဝါကို ခံနိုင်ရည်မရှိပေ။ သူတို့က အကြည့်လွှဲခြင်း သို့မဟုတ် သူတို့၏ မျက်လုံးများကို မှိတ်ခြင်းများ ပြုလုပ်လိုက်ကြရသည်။

လူတိုင်းက သူတို့၏ မျက်လုံးများကို တစ်ဖန်ပြန်ဖွင့်သည့်အချိန်မှာ တိုက်ပွဲနယ်မြေ၏ အလယ်ဗဟိုတွင် သူတို့နှစ်ယောက်က မျှခြေတစ်ခုမှာ လွန်ဆွဲတိုက်ခိုက်နေဆဲဖြစ်သည်ကို သူတို့က တွေ့မြင်လိုက်ရ၏။

ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ အစစ်အမှန်ခန္ဓာက ဆင်းသက်ရောက်ရှိလာပြီး သိုင်းတာအိုပင်မခန္ဓာက ခြေတစ်လှမ်းနောက်ဆုတ်ခြင်းမရှိဘဲ တစ်ဘက်သူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေ၏။

ထိုထိုးချက်တစ်ချက်သည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ဟူသောဘွဲ့ကို လုံးလုံးလျားလျားခိုင်မာသွားစေသည်။

ထိုထိုးချက်အပြီးမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် မည်သူကမှ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်၏ ဘွဲ့ကို ဆက်လက်၍ သံသယမရှိကြတော့ပေ။

“မင်းက အစွမ်းအစရှိသားပဲ”

ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ မျက်လုံးအနက်ပိုင်းထဲတွင် အံ့အားသင့်မှုအရိပ်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ထိုးချက်ကို ခုခံနိုင်လိမ့်မည်ဟု သူက တကယ်ပင်ထင်မှတ်မထားခဲ့ပေ။

“နောက်တစ်ခေါက်ပေါ့”

ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီး သူ၏ လက်ထဲမှာ ဓားတစ်လက်ပေါ်ထွက်လာ၏။

ထိုဓားကို ပစ်ထုတ်လိုက်စဉ် ၎င်းသည် ထူးခြားအံ့မခန်းဖြစ်ပြီး မည်သည့်အရိပ်အယောင်မှ မကျန်ရှိပေ။

ဓားသည် မဟာတာအိုသို့ ဝင်ရောက်သွားပြီဖြစ်ပုံရသည်။

သို့သော်လည်း မဟာတာအိုက ပုံသဏ္ဍာန်မဲ့ပြီး မတွေ့မြင်နိုင် မထိတွေ့နိုင်ပေ။

သိုင်းတာအိုပင်မခန္ဓာသည် ကြီးမားသောအန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး ခေါင်းမွေးများထောင်ထလာ၏။

တကယ်ဆို သူသည် ထိုဓားချက်ကနေ မရဏအော်ရာကိုပင် အာရုံခံမိနေပြီဖြစ်၏။

ရုတ်တရက်ဆိုသလို….

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။

သူသည် သူ၏ အမြင်အာရုံနှင့် စိတ်ဝိညာဉ်အသိစိတ်သက်သက်ဖြင့် ဓား၏ လမ်းကြောင်းကို ဖမ်းမိနိုင်စရာ နည်းလမ်းမရှိပေ။

သူသည် မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းအခြေအနေများကို တွေ့ကြုံပြီးနောက် ရရှိလာသည့် သူ၏ လျှို့ဝှက်ဆန်းကြယ်သော အာရုံခံသတိစိတ်ဖြင့်သာ ထိုဓားချက်ကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက သူ၏ စိတ်ကို ငြိမ်သက်စေပြီး ရှင်းလင်းထားလိုက်၏။

သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ သူ၏ အာရုံငါးပါးကို ပိတ်ချလိုက်ပြီးနောက် ကစဉ့်ကလျားလောကတစ်ခုက သူ၏ စိတ်အာရုံထဲမှာ ပေါ်ထွက်လာပုံရသည်။

မီးခိုးရောင်ကစဉ့်ကလျားထဲမှ အဖြူရောင်အမှတ်အသားတစ်ခုသည် သူ၏ နှာရောင်ကို ချိန်ရွယ်ပြီး သူရှိရာသို့ ပျံသန်းလာနေ၏။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ခရမ်းရောင်မီးတောက်နှစ်ခုက ပြင်းထန်ကြမ်းတမ်းစွာ လောင်ကျွမ်းလာ၏။

ဝုန်း…

ငရဲဖိနှိမ်မီးဖိုက လေထဲကနေ ဆင်းသက်ပြီး သူ့ရှေ့မှာရှိသောလေဟာနယ်ထဲသို့ ပြင်းထန်စွာပစ်တိုက်ချလိုက်၏။

အစက ထိုနေရာမှာ မည်သည့်အရာမှ ရှိမနေပေ။

သို့သော်လည်း ငရဲဖိနှိမ်မီးဖိုက ပစ်တိုက်ချလိုက်ပြီးနောက် သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာကာ မီးပွားများက လွင့်စင်ထွက်သွား၏။

အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ထက်ရှသော ဓားတစ်လက်က ပေါ်ထွက်လာလေသည်။

ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်သည် မျက်ခုံးအနည်းငယ်ပင့်လိုက်၏။ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားသည့်အလားပင်။

All Chapters