← Chapters

အခန်း (၁၈၅၅-၁၈၅၆)

Vol. 126 Ch. 1855-1856

အခန်း (၁၈၅၅-၁၈၅၆)

Vol. 126 Ch. 1855-1856

အခန်း(၁၈၅၅)

ရွှယ်လင်ကုန်းမြေတိုက်တွင် ကျန်းချန်သည် ရွှယ်ကျုံးထျန်း၏ ပုံရိပ်ယောင်နှင့် ရင်ဆိုင်ပြီးနောက်တွင် ရွှေနဂါးမြို့တော်သို့ တည်နေရာ ရွှေ့ပြောင်းခဲ့ပြီး ထိုမှတစ်ဆင့် နတ်ဘုရားနယ်မြေသို့ တိုက်ရိုက် ဝင်ရောက်ခဲ့သည်။

ကျန်းချန်သည် မု့န်ချင်းရွှယ်၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိထားခဲ့သည်။

သူ့အမေက နတ်ဘုရားနယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်ရာ မုန့်ချင်းရွှယ်သည်လည်း ရွှယ်လင်းကုန်းမြေတိုက်တွင် ဆက်လက်နေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ယခု သူ့အမေက ဟန်ယွဲ့နန်းတော်တွင် ပေါ်လာသော်လည်း မုန့်ချင်းရွှယ်က ပျောက်ဆုံးနေခဲ့သည်။

ထို့ကြောင့် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာပြီးနောက်တွင် သူ့အမေနှင့် ကွဲကွာသွားသည်မှာ သေချာသလောက် ဖြစ်၏။

ကျန်းချန်က ထိုအကြောင်းအား မေးသည်ကို ကြားလျှင် ကျီဝူရွှယ်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် ပို၍ လေးနက်လာခဲ့သည်။

သူမက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို ကျန်းချန်အား ပြောပြလိုက်သည်။

လွန်ခဲ့သော ၅နှစ်ကျော်ခန့်က ကျီဝူရွှယ်သည် မုန့်ချင်းရွှယ်နှင့်ကူဖုန်းအာ တို့နှင့်အတူ နတ်ဘုရားနယ်မြေသို့ အတူတကွ ဝင်ရောက်ခဲ့သည်။

သူတို့ သုံးဦးစလုံးက အလွန်အမင်း ပါရမီ ရှိကြသောကြောင့် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ပြီးနောက်တွင် အင်အားစုများစွာသည် သူတို့ကို သိမ်းသွင်းလိုခဲ့ကြသည်။

နောက်ပိုင်းတွင် ကျီဝူရွှယ်တို့ သုံးဦးစလုံးသည် ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ်နှင့် တွေ့ဆုံခဲ့ရသည်။

အကြီးအကဲချုပ်က လူကောင်းတစ်ဦးဟု ခံစားမိသောကြောင့် သူမတို့ သုံးဦးစလုံးက ဟန်ယွဲ့နန်းတော်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း လမ်းခရီးတွင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ တစ်ဦးသည် ရုတ်တရက် ပေါ်လာခဲ့ပြီး မုန့်ချင်းရွှယ်တို့ကို ခေါ်သွားခဲ့သည်။

“အမေ. အမေ့ရဲ့‌ ပြောဆိုပုံအရ ဆိုရင် ဒီအင်အားကြီးမားတဲ့ကျင့်ကြံသူက ဟန်ယွဲ့နန်းတော်က အကြီးအကဲချုပ် ရှေ့မှာတင် ချင်းရွှယ်တို့ကို ခေါ်သွားခဲ့တာလား”

ကျီဝူရွှယ်၏ ပြောစကားများကို ကြားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများတွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဟန်ယွဲ့နန်းတော်မှ အကြီးအကဲချုပ်သည် နှစ်သန်းချီ အသက်ရှင်ခဲ့သော နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်ပြီး သူ၏ခွန်အားသည် သာမန် နယ်မြေနတ်ဘုရား တစ်ပါးထက်ပင် များစွာ ပိုမိုအားကောင်း၏။

သို့သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူသည် ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် ရှေ့မှောက်မှာပင် မုန့်ချင်းရွှယ်တို့ကို ခေါ်ဆောင်သွားနိုင်ခဲ့သည်။

“အမှန်ပဲ.. အဲဒီလူက ဆရာ့ ရှေ့မှောက်မှာတင် ချင်းရွှယ်တို့ နှစ်ဦးကို ခေါ်သွားခဲ့တာပဲ.. ဆရာက သူ့ရဲ့ အရှေ့မှာတင် သူ့တပည့်နှစ်ဦးကို အတင်းအကျပ် ခေါ်‌ဆောင်ဖို့ လုပ်နေတဲ့အတွက် အဲဒီ ကျင့်ကြံသူနဲ့ တိုက်ခိုက်ခဲ့တယ်.. ဒါပေမဲ့လည်း အဲဒီ ကျင့်ကြံသူက လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ ဆရာ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့တယ်”

ကျီဝူရွှယ်က ခါးသီးစွာ ပြုံးလိုက်သည်။

“ဆရာက အနည်းဆုံး သက်တမ်း ၁၀၀နီးပါး ကျန်ရှိသေးပေမဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူရဲ့ လက်ဝါးရိုက်ချက်ကြောင့်ပဲ ဟန်ယွဲ့နန်း‌တော်ကို ပြန်ရောက်ပြီး သိပ်မကြာမီမှာ ကွယ်လွန်သွားခဲ့တယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ဟန်ယွဲ့နန်းတော်မှ အကြီးအကဲချုပ်သည် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည်။

နယ်မြေနတ်ဘုရား တစ်ပါးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ပြီး မုန့်ချင်းရွှယ်တို့ နှစ်ဦးကို ခေါ်ဆောင်သွားသော ကျင့်ကြံသူသည် မည်မျှပင် သန်မာမည်မှာ စဥ်းစားနေစရာပင် မလိုအပ်ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒီကျင့်ကြံသူက ဘာသဲလွန်စများ ချန်ထားခဲ့သေးလဲ အမေ”

“ဒီလျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူက ချင်းရွှယ်တို့ နှစ်ဦးကို ခေါ်ဆောင်သွားတဲ့အချိန်မှာ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအကြောင်းကို ပြောခဲ့တဲ့ပုံပဲ”

“ရှေးဟောင်း နတ်ဖီးနစ် မျိုးနွယ်စုလား”

ကျန်းချန်က မသိစိတ်ကနေ မျက်မှောင်ကြုတ်လိုက်မိသည်။

သူက နတ်ဘုရားနယ်မြေတွင် ၁၀နှစ်ကျော်ကြာ ရှိခဲ့သော်လည်း နတ်ဘုရားနယ်မြေနှင့် ပတ်သက်၍ သူ၏ ဗဟုသုတမှ အကန့်အသတ်သာ ရှိနေဆဲ ဖြစ်၍ ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုနှင့် ပတ်သက်၍ တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့သော်လည်း ဤရှေးဟောင်း‌ နတ်ဖီးနစ် မျိုးနွယ်စုသည် မဟာမြေရိုင်းနယ်မြေရှိ အင်အားစုတစ်စု မဟုတ်သည်မှာတော့ သေချာသည်။

ထိုအင်အားစု၏ ခွန်အားသည် ဟန်ယွဲ့နန်း‌တော် ကဲ့သို့ နယ်မြေနတ်ဘုရား အင်အားစုများထက်ပင် များစွာ ပိုမို အားကောင်းလောက်၏။

“ချန်အာ ဒီသဲလွန်စလောက်နဲ့ ချင်းရွှယ်တို့ကို ရှာဖို့ မလွယ်လောက်ဘူး”

ကျီဝူရွှယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

“သား ချင်းရွှယ်တို့ကို ရှာချင်တယ်ဆိုရင် အနည်းဆုံး နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်မှ ဖြစ်လိမ့်မယ်.. ဒါကြောင့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို သားပဲ အမွေဆက်ခံသင့်တယ်”

“အမေ သားက မဟာကောင်းကင် နတ်ဘုရားအဆင့် အထိ ရည်မှန်းထားတဲ့ အတွက် နယ်မြေနတ်ဘုရား သလင်းကျောက်က သားအတွက် သိပ်အသုံးဝင်မှာ မဟုတ်ဘူး”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ပြုံးရွှင်စွာ ပြောလိုက်သည်။

“အမေက ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုရဲ့ ဧကရီ ဖြစ်ခဲ့ဖူးတာပဲ.. အမေ့မှာလည်း ပြိုင်ဘက်ကင်းပါရမီ ရှိပါတယ်.. အမေသာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို အမွေဆက်ခံလိုက်ရင် နယ်မြေနတ်ဘုရား အဆင့်ကို အလျင်အမြန် ထိုးဖောက်နိုင်ပါလိမ့်မယ်”

“ကောင်းပြီ.. သား ဒီလောက်အထိ ပြောနေမှတော့ အမေ အတင်းအကျပ် မတိုက်တွန်းတော့ဘူး”

ကျန်းချန်က နယ်မြေနတ်ဘုရား သလင်းကျောက်ကို လက်မခံသည်အား မြင်လျှင် ကျီဝူရွှယ်သည် ခေါင်းခါရမ်းကာ ပြောလိုက်သည်။

ကျန်းချန်က နယ်မြေနတ်ဘုရား သလင်းကျောက်ကို မလိုအပ်သောကြောင့် သူမက နယ်မြေနတ်ဘုရားသလင်းကျောက်၏ စွမ်းအားကို အသုံးပြုကာ အကြီးအကဲချုပ် သူမ၏ ခန္ဓာကိုယ်တွင် စည်းတံဆိပ်ခတ်ကာ ထည့်သွင်းပေးထားသော စွမ်းအားနှင့် ပူးပေါင်းလိုက်လျှင် နယ်မြေနတ်ဘုရားအဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။

သူမသာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် မုန့်ချင်းရွှယ်တို့ နှစ်ဦးကို ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုထံ ကျန်းချန် သွားရောက်ရှာဖွေရာတွင် ကျန်းချန်ကို အကူအညီပေးနိုင်မည် ဖြစ်သည်။

ထိုအတွေးကို ရရှိလိုက်သည်နှင့် ကျီဝူရွှယ်သည် သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် ကျန်းချန်ကို ထပ်မံ ကြည့်လိုက်သည်။

“ချန်အာ မင်းဘာတွေ ဆက်လုပ်ဖို့ စီစဥ်ထားလဲ”

ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။

“သား အရင်ဆုံး နန်လီနယ်မြေကို ပြန်ပြီး ကိစ္စအချို့ကို ဖြေရှင်းရဦးမယ် ထင်တယ်.. ပြီးရင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်မယ်.. သိုင်းပြိုင်ပွဲပြီးတဲ့ အခါမှ ချင်းရွှယ် တို့ကို သွားရှာဖို့ ဆုံးဖြတ်ထားတယ်”

ကျန်းချန်က ကျီဝူရွှယ်နှင့် ခဏအကြာ စကားပြောဆိုပြီးနောက်တွင် ကျီဝူရွှယ်ကို နှုတ်ဆက်ကာ အရှင်ရွှယ်သောင်း ဆီသို့ ပြန်သွားခဲ့သည်။

သူက နယ်မြေနတ်ဘုရား သလင်းကျောက်ကို သူ့အမေထံ ပေးအပ်လိုက်ကြောင်း အရှင်ရွှယ်သောင်းထံ တင်ပြခဲ့၏။

“နယ်မြေနတ်ဘုရား သလင်းကျောက်က မင်းအပိုင် ဆိုတော့ မင်းစိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်”

အရှင်ရွှယ်သောင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ငါ့ရဲ့မိတ်ဆွေကြီးက သူ့ရဲ့ တစ်သက်တာ ခွန်အားကို မင်းအမေရဲ့ ခန္ဓာကိုယ်ထဲမှာ စည်းတံဆိပ်ခတ်ပြီး ထည့်ထားပေးတဲ့အတွက် သူ့ရဲ့ နယ်မြေနတ်ဘုရား သလင်းကျောက်က မင်းအမေနဲ့ ပိုပြီးတော့ သင့်တော်ပါတယ်”

ကျန်းချန်က မဟာကောင်းကင် နတ်ဘုရား လမ်းစဥ်ကို လိုက်ရန် ဆန္ဒ ရှိနေသောကြောင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် အတွက် နယ်မြေနတ်ဘုရား သလင်းကျောက်ကို အသုံးပြုရန် မလိုအပ်တော့ပေ။

ထို့အပြင် ကောင်းကင် နိယာမများကိုပင် လျစ်လျူရှုနိုင်သော အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ဖြင့် ဆိုလျှင် အဆင့်ထိုးဖောက်ရန်မှာ သူ့အတွက် ထမင်းစားရေသောက်သလို လွယ်ကူနေမည်ဖြစ်၏။

သူသာ နယ်မြေနတ်ဘုရားအဆင့်ကို အမှန်တကယ် ထိုးဖောက်လိုလျှင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို လုံးဝ အသုံးပြုရန် မလိုအပ်ပေ။

အရှင်ရွှယ်သောင်းက အလေးအနက် ပြောလိုက်သည်။

“ချစ်တပည့်.. မင်း သိုင်းပြိုင်ပွဲမှာ ပထမနေရာကို ရရှိခဲ့ပြီဆိုတော့ လာမဲ့ ၆လအတွင်း ကျင်းပမဲ့ မဟာမြေရိုင်းပါရမီရှင် ပြိုင်ပွဲမှာ ဟန်ယွဲ့နန်းတော်ကို ကိုယ်စားပြုပြီး ယှဥ်ပြိုင်ရလိမ့်မယ်.. မင်း ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရမယ်”

“တပည့် နားလည်ပါပြီ”

“ဒီမဟာမြေရိုင်း ပါရမီရှင် ပြိုင်ပွဲက မဟာမြေရိုင်းနယ်မြေက မရေမတွက်နိုင်တဲ့ အင်အားစုတွေ စုဝေးတဲ့ပွဲ တစ်ခု ဖြစ်တဲ့အတွက် ကြီးမားတဲ့ အခွင့်အရေးတွေလည်း ပါဝင်တယ်”

အရှင်ရွှယ်သောင်း၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။

“မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ မဟာမြေရိုင်းနယ်မြေမှာ ရှိတဲ့ ထိပ်တန်းပါရမီရှင်တွေ အားလုံး ပါဝင်လိမ့်မယ်.. ကုန်းလင်ရဲ့ ခွန်အားနဲ့တောင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ဆိုရင် အနိမ့်ဆုံးနေရာမှာပဲ ရှိလိမ့်မယ်.. မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို ကြီးမှူးကျင်းပတဲ့ မဟာမြေရိုင်းနတ်ဂိုဏ်းမှာ မဟာကောင်းကင် နတ်ဘုရားအဆင့်ကို တက်လှမ်းထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ရှိတယ်လို့ ကြားထားတယ်.. မင်းသာ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ အနိုင်ရချင်တယ်ဆိုရင် လာမဲ့ ၆လအတွင်းမှာ မင်းရဲ့ခွန်အားကို တတ်နိုင်သမျှ နောက်ထပ် အဆင့်တစ်ဆင့် အထိ မြှင့်တင်ရမယ်”

အရှင်ရွှယ်သောင်းက ကျန်းချန်ကို အလေးအနက် သတိပေးလိုက်သည်။

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် မဟာမြေရိုင်းပါရရှင်စာရင်းတွင် အဆင့်သတ်မှတ်ခံရရန် ခက်ခဲမည် မဟုတ်ပေ။

သို့ရာတွင် မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ထိပ်ဆုံး ၁၀နေရာတွင် အဆင့်သတ်မှတ်ခံလိုလျှင်မူ ယင်းမှာ လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပေ။

စင်စစ် မဟာမြေရိုင်းနယ်မြေရှိ ထိပ်တန်း ပါရမီရှင်များသည် ပါရမီရှိရုံသာမက အများစုမှ မဟာမြေရိုင်းနယ်မြေ၏ ထိပ်တန်း အင်အားစုများမှ ဖြစ်ကြပြီး နက်ရှိုင်းသော နောက်ခံများ ရှိကြသည်။

ကျင့်ကြံခြင်း အဆင့်တူ အတွင်းဆိုလျှင် ကျန်းချန်သည်ပင် ထို ပါရမီရှင်များနှင့် ရင်ဆိုင်ရပါက အားသာချက် အများအပြား ရှိလိမ့်မည် မဟုတ်ချေ။

“ဆရာ စိတ်မပူပါနဲ့.. တပည့်က ဆရာ့ကို အရှက်ရစေမှာ မဟုတ်ဘူး”

ကျန်းချန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

ယခုအခါတွင် သူက နယ်မြေနတ်ဘုရား ဆဋ္ဌမအဆင့်ကို အချိန်မရွေး ထိုးဖောက်နိုင်သည်သာမက သူ၏ အသက်လမ်းစဥ် ဥပဒေသ မူလစွမ်းအားသည်လည်း မကြာမီမှာပင် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိတော့မည် ဖြစ်၏။

အသက်လမ်းစဥ် ဥပဒေသ မူလစွမ်းအားက ပြီးပြည့်စုံသောအခြေအနေသို့ ရောက်ရှိသည်နှင့် သူက လမ်းစဥ်၇မျိုး၏ စွမ်းအားကို ပိုင်ဆိုင်သော မဟာကောင်းကင် နတ်ဘုရား ဖြစ်လာနိုင်မည် မဟုတ်ပါလား။

ထိုအချိန်သို့ ရောက်လျှင် မဟာမြေရိုင်း နတ်ဂိုဏ်း၏ မဟာကောင်းကင် နတ်ဘုရားနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ်မျှ ကြောက်ရွံ့စရာ မလိုအပ်တော့ပေ။

အခန်း(၁၈၅၅)ပြီး၏။

အခန်း(၁၈၅၆)

“မင်းယုံကြည်မှုရှိရင် ပြီးတာပဲ”

အရှင်ရွှယ်သောင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“လာမဲ့ ၆လအတွင်း မင်းကြိုးစားလေ့ကျင့်ပါ.. မင်းလိုအပ်တာမှန်သမျှ ဆရာ့ကို တောင်းဆိုနိုင်တယ်”

အရှင်ရွှယ်သောင်း၏ စကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် စိတ်မသက်မသာ ဖြစ်ကာ ပြောလိုက်သည်။

“ဆရာ ကျွန်တော် ဆရာ့ကို လာရှာတာက မကြာခင်မှာ ကျွန်တော် အပြင်ခဏထွက်ဖို့ စီစဥ်ထားတာကို အသိပေးချင်လို့ပါ”

“မင်းက ဟန်ယွဲ့နန်းတော်ကနေ ထွက်သွားမလို့လား”

အရှင်ရွှယ်သောင်းက ခဏမျှ မှင်တက်သွားပြီးနောက်တွင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“အခု မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို စတင်ဖို့ ၆လပဲလိုတော့တယ်”

သိထားရမည့်အချက်မှာ သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ရရှိသူသည် လာမည့် ၆လအတွင်း ဟန်ယွဲ့နန်းတော်ရှိ မည်သည့်အရင်းအမြစ်ကို မဆို အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။

ဟန်ယွဲ့နယ်မြေသည် မဟာမြေရိုင်းနယ်မြေတွင် နှစ်သန်းပေါင်းများစွာ သမိုင်းကြောင်း ရှိသော နယ်မြေနတ်ဘုရားအင်အားစု ဖြစ်၍ အရင်းအမြစ် ကြွယ်ဝသည်။

ထို့ကြောင့် ကျန်းချန်သာ ဤအခွင့်အရေးကို ကောင်းစွာအသုံးချ၍ ဟန်ယွဲ့နန်းတော်တွင် ကျင့်ကြံလျှင် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ရရှိမည်မှာ သေချာ၏။

ဤကဲ့သို့သော အချိန်တွင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်ကနေ ထွက်ခွာရန် အဆိုပြုလိမ့်မည်ဟု အရှင်ရွှယ်သောင်းသည် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ဆရာ စိတ်ချပါ.. ကျွန်တော် ၆လအတွင်း အချိန်မီပြန်လာပြီး မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်မှာပါ”

ကျန်းချန်က ခပ်သွက်သွက် ပြောလိုက်သည်။

“နန်လီနယ်မြေကနေ ဟန်ယွဲ့နန်းတော် ဆီမှာ အမေ့ကို ရှာဖွေဖို့လာတုန်းက တပည့် အရမ်း အရင်လိုမိခဲ့တယ်.. နန်လီနယ်မြေမှာ တပည့် မဖြေရှင်းရသေးတဲ့ ကိစ္စတချို့ ကျန်ရှိနေတဲ့ အတွက် အဲဒီကိစ္စတွေကို ဖြေရှင်းဖို့ သွားမလို့ပါ”

ကျန်းချန်က နန်လီနယ်မြေကနေ မထွက်ခွာမီ ဟွမ်ဖူမိသားစုနှင့် ပူးပေါင်းကာ အရှင်ဟော်ယွင်၏ အမွေအနှစ်ကို သိမ်းပိုက်ခဲ့ပြီး နန်လီမျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူ များစွာကို သတ်ဖြတ်ခဲ့သည်။

ယနေ့အချိန်တွင် နန်လီနယ်မြေ၌ ဟွမ်ဖူမိသားစုနှင့် နန်လီမျိုးနွယ်စု တို့သည် အဆင့်တူ နီးပါး ဖြစ်၏။

နန်လီမျိုးနွယ်စု၏ ခွန်အားသည် သူ၏ လက်ချက်ဖြင့် များစွာထိခိုက် ပျက်စီးခဲ့ရသော်လည်း အဆုံးသတ်တွင် နန်လီမျိုးနွယ်စုသည် နန်လီနယ်မြေရှိ တစ်ခုတည်းသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည်။

ဟွမ်ဖူမိသားစု၏ ခွန်အားသည်ပင် နန်လီမျိုးနွယ်စု၏ အဆင့်အတန်းကို လှုပ်ခတ်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ထိုအကြောင်းကြောင့်ပင် ကျန်းချန်သည် နန်လီနယ်မြေသို့ ပြန်သွားကာ ရှေးဟောင်းနဂါးကုန်သည်အသင်း၏ အခြေအနေကို ကြည့်ရှုရန် စီစဥ်ခဲ့သည်။

အကယ်၍သာ အဆင်မပြေလျှင် သူက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဟန်ယွဲ့နယ်မြေသို့ ပြောင်းရွှေ့မည် ဖြစ်၏။

သူက ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ရွှေအဆင့် အကြီးအကဲတစ်ဦး ဖြစ်သောကြောင့် မဟာမြေရိုင်း နယ်မြေရှိ ‌ရှေးဟောင်းနဂါး ကုန်သည်အသင်းကို လျစ်လျူရှုမည် မဟုတ်ပေ။

“မင်း ဟန်ယွဲ့နန်းတော်က ထွက်သွားတာကို ငါမတားမြစ်ပါဘူး.. ဒါပေမဲ့..”

အရှင်ရွှယ်သောင်းက သူ၏ ခေါင်းစဥ်ကို ပြောင်းလိုက်သည်။

“ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ထိပ်ဆုံး၁၀နေရာထဲ မဝင်ခဲ့ဘူး ဆိုရင် မင်းကို ဆရာအပြစ်တင်မှာနော်”

“ဆရာ စိတ်ချပါ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ဟန်ယွဲ့နန်းတော်ရဲ့ သိုင်းပြိုင်ပွဲမှာ ပထမနေရာကို ရယူနိုင်မှတော့ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ပထမနေရာကို ရယူနိုင်ပါတယ်”

အရှင် ရွှယ်သောင်းကို နှုတ်ဆက်ပြီးနောက်တွင် ကျန်းချန်သည် သူနေထိုင်သည့် နေရာသို့ ပြန်ကာ တစ်ညတာ အနားယူခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန်သည် ဟန်ယွဲ့နန်းတော်မှ ဟင်းလင်းပြင် လှေတစ်စီးကို ငှားရမ်းကာ ဟန်ယွဲ့ နန်းတော်ကနေ နန်လီနယ်မြေ ဆီသို့ တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။

ကောင်းကင်ပြာပေါ်တွင် ၁၀မီတာခန့် အရွယ်အစား ရှိသော လှေတစ်စင်းသည် တိမ်တိုက်များကို လျင်မြန်စွာ ဖြတ်သန်းနေခဲ့သည်။

လေထဲတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။

ထိုအနက်ရောင် ဝတ်စုံဝတ်လူငယ်မှာ တခြားသူမဟုတ်ဘဲ နန်လီနယ်မြေသို့ အလျင်စလို သွားနေသော ကျန်းချန်ပင် ဖြစ်၏။

ဟန်ယွဲ့နန်းတော်ကနေ ငှားရမ်းခဲ့သည့် ဟင်းလင်းပြင်လှေကြောင့် ဤတစ်ကြိမ် ကျန်းချန်၏ ခရီးစဥ်သည် နောက်ဆုံးတစ်ကြိမ်ကထက် ပိုမို ချောမွေ့သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

လဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်၏ ဟင်းလင်းပြင်လှေသည် နန်လီမြို့၏ မိုင်၁၀၀၀အောက် အကွာအဝေးရှိ နေရာတစ်ခုတွင် ပေါ်လာခဲ့၏။

“နောက်ဆုံးတော့ နန်လီမြို့ကို ရောက်တော့မယ်.. အခု နန်လီမြို့ရဲ့အခြေအနေက ဘယ်လိုရှိနေမလဲ မသိဘူး”

ကျန်းချန်က လှေခန်းထဲမှ ထွက်လာပြီးနောက်တွင် နန်လီမြို့တော်ကို မျှော်ကြည့်လိုက်သည်။

သို့သော်လည်း ထိုအချိန်မှာပင် သူ၏ ရှေ့ရှိ မိုင်ရာချီ ကွာဝေးသော သစ်တောထဲတွင် ရုန့်ရင်းသော အရှိန်အဝါများကို ခံစားမိခဲ့သည်။

ကျန်းချန်ကို ပို၍ပင် အံ့အားသင့်စေသည်မှာ ထိုအရှိန်အဝါများထဲတွင် သူနှင့် အလွန်ရင်းနှီးသော အရှိန်အဝါ ပါဝင်နေခြင်းပင်။

“ရှေးဟောင်းနဂါး ကုန်သည်အသင်းရဲ့ ခေါင်းဆောင် ကုမင်ဟဲရဲ့ အရှိန်အဝါပါလား.. သူက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ”

ကျန်းချန်က ရုတ်တရက် မျက်မှောက်ကြုတ်သွားခဲ့သည်။

သူ နန်လီနယ်မြေမှ ထွက်ခွာလာချိန်တွင် ဟွမ်ဖူမိသားစုကို ရှေးဟောင်းနဂါး ကုန်သည်အသင်းအား စောင့်ရှောက်ပေးရန် တောင်းဆိုခဲ့သည်။

ကုမင်ဟဲ၏ လက်ရှိ အခြေအနေအရ ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားဖွယ် ရှိသည်။

ဤအခြေအနေတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိ၏။

ဖြစ်နိုင်ခြေတစ်ခုမှာ ဟွမ်ဖူမိသားစုက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဂရုစိုက်မပေးခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကမူ ဟွမ်ဖူမိသားစုကိုယ်တိုင် ပြဿနာနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

အခန်း(၁၈၅၆)ပြီး၏။

All Chapters