← Chapters

ကျိုးယီမြို့သို့ ဦးတည်ခြင်း

Vol. 17 Ch. 231

ကျိုးယီမြို့သို့ ဦးတည်ခြင်း

Vol. 17 Ch. 231

"ကောင်းပြီလေ"

လူများအားလုံး သဘောတူညီသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် မည်သည့်စကားမျှ ထပ်မပြောတော့ချေ။ သူသည် သူ၏လက်ဖြင့် လေဟာနယ်အတွင်းသို့ ဖမ်းဆုပ်လိုက်ရာ ကြီးမားသော စွမ်းအားတစ်ရပ်က လူများအားလုံးကို လွှမ်းခြုံသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ရွှမ်ကမ္ဘာအတွင်းသို့ ရောက်ရှိသွားကြ၏။

လေထုအတွင်းတွင် ရပ်တန့်ပြီး ကျန်းရွှမ်က ညင်သာစွာ လက်ညှိုးညွှန်လိုက်ရာ တိမ်ပင်လယ်ကြီးတစ်ခုက သူတို့၏ရှေ့တွင် ထွက်ပေါ်လာသည်။ ထို့နောက် ကြီးမားသော နန်းတော်များသည် လေထုအတွင်းမှ ထွက်ပေါ်လာပေ၏။ ထိုနန်းတော်တစ်ခုချင်းစီတွင် ကျယ်ဝန်းသော အခန်းများနှင့် ကြီးကျယ်ခမ်းနားသော သိုင်းပညာလေ့ကျင့်ကွင်းပြင်များ ပါဝင်သည်။ ထို့ပြင် အစားအသောက်မှစ၍ ရေချိုးရန် အသုံးအဆောင်များအထိ အရာအားလုံးကို အပြည့်အစုံ ဖန်တီးထားသည်။

ကမ္ဘာတစ်ခုကို ဖန်တီးခြင်းသည် သူ့အတွက် အတွေးတစ်ချက်အလား ရိုးရှင်းသည်။

"အချိန်ကို ပြောင်းလဲခြင်း..."

အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်သည် တိမ်ပင်လယ်ကြီးကို အထူးအတားအဆီးတစ်ခုဖြင့် ဖုံးအုပ်လိုက်သည်။ အချိန်တခဏအကြာတွင် နန်းတော်များ၏ နံဘေးပတ်ဝန်းကျင်ရှိ အချိန် စီးဆင်းမှုသည် ညင်သာစွာ ပြောင်းလဲသွားပြီး ပြင်ပကမ္ဘာထက် နှစ်ဆခန့် ပို၍မြန်ဆန်သွားသည်။ ပြင်ပတွင် တစ်ရက်သည် ဤနေရာ၌ နှစ်ရက်နှင့် ညီမျှသည်။ ဤှသည်မှာ ကောင်းကင်ဘုံနှင့်ပါမောက္ခကုန်းမြေတို့၏ တစ်ရာအချိုးတစ်နှင့် ဝေးကွာနေသေးသော်လည်း ဤသည်မှာ အစပျိုးမှုတစ်ခုပင်။

သူ ဆက်လက်၍ တွန်းအားပေးလိုက်သည်နှင့် တည်ငြိမ်နေသော လေဟာနယ်သည် တုန်ခါလာပြီး မည်သည့်အချိန်မဆို ပြိုကျသွားနိုင်သကဲ့သို့ ခံစားလိုက်ရသည်။

အချိန်နှင့်လေဟာနယ်သည် တပြိုင်နက်တည်း တည်ရှိပြီး အပြန်အလှန် အားဖြည့်ပေးကြ၏။ အချိန်ကိုပြောင်းလဲခြင်းသည် လေဟာနယ်အတွင်းရှိ သက်ရှိများအားလုံး၏ ရုပ်ခန္ဓာကိုယ်လုပ်ဆောင်ချက်ဖြစ်စဉ်နှုန်းကို ထိရောက်စွာ ပြောင်းလဲစေသည်။ ဤသည်မှာ အသက်တစ်ရာနေရမည့် လူတစ်ယောက်၏ သက်တမ်းကို ထက်ဝက် လျှော့ချလိုက်သည့်အလားပင်။ သူတို့ထံတွင် လုံလောက်သည့် သန်မာအားကောင်းသော ရုပ်ခန္ဓာကိုယ် မရှိပါက ထိုဖိအားဒဏ်အောက်တွင် သေဆုံးသွားပေလိမ့်မည်။

ရွှမ်ကမ္ဘာကို တည်ငြိမ်စေရန် အသုံးပြုခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းငါးသန်းသည် ထိုအရာကို ရင်းမြစ်ကမ္ဘာ၏မြေဆွဲအားနှင့် အနည်းငယ် တူညီစေခဲ့သည်။ ထိုသို့ဆိုသည့်တိုင် အချိန် စီးဆင်းမှုကို ချိန်ညှိခြင်းသည် ရွှမ်ကမ္ဘာ၏ လက်ရှိစွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေကြောင်း သက်သေပြနေသည်။

ယခုအချိန်တွင် အချိန်ကို နှစ်ဆဖြစ်စေခြင်းသည် အကန့်အသတ်ပင်။ ထို့ထက် ပို၍များသွားပါက ရွှမ်ကမ္ဘာပြိုကျမည့် အန္တရာယ် ရှိနေသည်။

"နှစ်ဆ အမြန်နှုန်းဆိုလည်း ပြဿနာမရှိဘူး... နောက်ထပ် ကောင်းကင်ကံကြမ္မာ စွမ်းအင်တွေ ရလာတဲ့အချိန်ကျရင် ငါက ဒါကို ပိုပြီး အားဖြည့်ပေးနိုင်မှာပါ"

ကျန်းရွှမ်က တီးတိုးရေရွတ်လိုက်သည်။

ရင်းမြစ်ကမ္ဘာသည် အတိုင်းအတာ လေးခုဖြစ်သော အလျား အနံ အမြင့် နှင့် အချိန်တို့ကို ဖြန့်ကျက်ထားသည်။ အချိန်စီးဆင်းမှုကို နှစ်ဆ တိုးရန် စွမ်းအင်တန်းငါးသန်း လိုအပ်သည်။ ထိုအရာကို လေးဆအထိ တိုးမြှင့်ရန် စွမ်းအင်တန်း သန်း ရှစ်ဆယ် သို့မဟုတ် ငါးသန်းကို နှစ်၏လေးထပ်ကိန်းဖြင့် မြှောက်သည့်ပမာဏ လိုအပ်ပေမည်။

(5×16=သန်းရှစ်ဆယ်ပါ)

အချိန်စီးဆင်းမှုရှစ်ဆအတွက်မူ ဤသည်မှာ စွမ်းအင်တန်း သန်းတစ်ရာ့ခြောက်ဆယ် ကုန်ကျမည်။

ထို့ထက်ပိုဆိုးသည်မှာ ရွှမ်ကမ္ဘာသည် ရင်းမြစ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေပြီး ဆက်လက်၍ချဲ့ထွင်နေသည်။ ထိုကြောင့် ဤမျှထိ များပြားသော ကောင်းကင်ကံကြမ္မာ စွမ်းအင်များ ရှိနေသည့်တိုင် ထိုအရာသည် လုံလောက်အုံးမည် မဟုတ်ပေ။

သိသာထင်ရှားသည်မှာ ကောင်းကင်ကံကြမ္မာ စွမ်းအင်သည် ကျန်းရွှမ်အတွက် အဓိက အခက်အခဲအဖြစ် ကျန်ရှိနေဆဲပင်။ သူ ရှေ့ဆက်သွားရန်အတွက် လမ်းသည် ရှည်လျားစွာ ကျန်ရှိနေပေ၏။

"မင်းတို့အားလုံး ဒီမှာနေပြီး ဓမ္မရုပ်သွင်နယ်ပယ်ကို ရောက်ဖို့ အာရုံစိုက်ကြတော့...အဲ့ဒီအဆင့်ကို ရောက်သွားတဲ့အချိန်ကျရင် မင်းတို့ကို ကောင်းကင်ကံကြမ္မာကို နားလည် သဘောပေါက်နိုင်မယ့် နည်းလမ်း ငါ စဉ်းစားပေးမယ်"

ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။

ရွှမ်ကမ္ဘာအတွင်း၌ သူတို့၏ကျင့်ကြံမှုများ ပို၍မြန်ဆန်စွာ တိုးတက်လာနိုင်သော်လည်း အစွမ်းထက်သော ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ရန်သည် အရေးကြီးသည်။ ရွှမ်ကမ္ဘာ၏ အချိန်စီးဆင်းမှုမြှင့်တင်ခြင်းသည် ရင်းမြစ်ရေအိုင်နှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကို မြှင့်တင်ပေးနိုင်သော်လည်း ကောင်းကင်ကံကြမ္မာ ကျင့်ကြံမှုတွင် မည်သည့်အကူအညီမျှ မပေးနိုင်ချေ။

"ကောင်းပါပြီ...."

လော့ယိုရှင်းသည် ခေါင်းညိတ်ပြီး ရှေ့သို့ လျှောက်လှမ်းလာကာ ကျန်းရွှမ်၏အနီးသို့ ချဉ်းကပ်လာပြီး ညင်သာစွာ တစ်ချက်ရှူရှိုက်၍ အနံ့ခံလိုက်သည်။ ထိုနောက် သူမသည် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူမ သူ့ကို မခို့တရို့အပြုံးဖြင့် ကြည့်လိုက်သည်။

"ဒါက ဘယ်သူလဲ"

"ဘယ်သူလဲဆိုတာ ဘာပြောတာလဲ"

ကျန်းရွှမ်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

လော့ယိုရှင်း၏လေသံသည် ဂရုမစိုက်သကဲ့သို့ ရှိနေဆဲပင်။

"သူက အရမ်းလှတယ်....ဟုတ်တယ်မလား"

သူမသည် မည်သူ့ကို ဆိုလိုမှန်း သဘောပေါက်သွားပြီး ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"မင်း ဖုယင်ယင်ကို ဆိုလိုတာလား...သူက မြေခွေးညှို့ငင်ကံကြမ္မာကို ကျင့်ကြံနေတာ... ပြီးတော့ သူက ငါ့ကို အကူအညီ တောင်းလို့..."

သူ၏စကားမဆုံးမီမှာပင် လော့ယိုရှင်း၏အမူအယာ အေးစက်တင်းမာသွားသည်။

"ငါ အဲ့ဒီ ကောင်းကင်ကံကြမ္မာကို သင်ယူချင်တယ်"

"မင်းကလား..."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

သူမ၏ပုံမှန် အေးစက်သောဟန်ပန်သည် မြေခွေးညှို့ငင်ကံကြမ္မာ၏ ဆွဲဆောင်ညှို့ငင်နိုင်သောအလှနှင့် တစိုးတစိမျှ မကိုက်ညီချေ။ သူမသည် ကျီစယ်စနောက်နေသလော...

သို့ရာတွင် အကယ်၍ သူမသာ ထိုကံကြမ္မာကို ကျွမ်းကျင်သွားခဲ့လျှင် ဘဝသည် စိတ်ဝင်စားစရာ ကောင်းလာနိုင်သည်။ သူမ၏အလှနှင့်ထိုနည်းစနစ်များကို ပေါင်းစပ်လိုက်ပါက လောကကြီးတစ်ခုလုံးကို ဖရိုဖရဲ ဖြစ်သွားစေနိုင်သည်။

"နောက်တစ်ခါ ရှင် သူ့ကို တွေ့တဲ့အချိန်ကျရင် ကျွန်မကို ခေါ်လိုက်ပါ"

လော့ယိုရှင်းသည် ထိုစကားကိုပြောဆိုပြီးချိန်၌ နောက်သို့လှည့်မကြည့်ဘဲ အကြီးဆုံးနန်းတော်ဆီသို့ လျှောက်လှမ်းသွားသည်။

"အမ်..."

ကျန်းရွှမ်က အနေခက်စွာဖြင့် သူ၏ခေါင်းကို ကုတ်လိုက်သည်။

ထိုအပြန်အလှန်ပြောဆိုမှုကို ကြည့်နေသော တပည့်များအားလုံး သူတို့၏ရယ်မောလိုစိတ်များကို မြိုသိပ်ထားလိုက်ကြသည်။

"တော်ကြတော့..ယောင်တောင်တောင် လုပ်မနေကြနဲ့... သွားပြီး ကျင့်ကြံကြတော့"

ကျန်းရွှမ်သည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ရွှမ်ကမ္ဘာမှ ထွက်ပြေးကာ ရင်းမြစ်ကမ္ဘာသို့ ပြန်လာခဲ့သည်။

အရာအားလုံးကို စီစဉ်ပြီးနောက် သူသည် ယုလုံချင်းတို့သုံးယောက် နေထိုင်သော ခြံဝင်းဆီသို့ ဦးတည်သွားလိုက်သည်။

"ဆရာကျန်း....အခု 'ဟန်ချန်ချောင်' သေသွားပြီဆိုတော့ ကျွန်မ ဘေးကင်းလုံခြုံလောက်ပါပြီ... ကျွန်မက အဖြူရောင်ကျောက်တုံးမြို့ကို ပြန်ပြီးတော့ အေးအေးချမ်းချမ်း နေထိုင်တော့မယ်...ကျွန်မရဲ့ ကျန်ရှိတဲ့နေ့ရက်တွေကို ကျွန်မ အဖေနဲ့အတူ ကုန်ဆုံးဖို့ စီစဉ်ထားတယ်"

စွန်းလျန်ရှန်းက ပြောဆိုသည်။

"ကောင်းပြီလေ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

သူမသည် တော်ဝင်ကြင်ယာတော်တစ်ဦး ဖြစ်ခဲ့သော်လည်း လှောင်အိမ်ထဲမှ ငှက်တစ်ကောင်သာ ဖြစ်ခဲ့ပြီး သူမ၏စိတ်ခံစားချက်များကို ဟန်ချန်ယဲ့က ချုပ်ကိုင်ထားခဲ့သည်။ သူမကို လွတ်မြောက်အောင် ကူညီပေးခြင်းဖြင့် ကျန်းရွှမ်သည် သူမအား လွတ်လပ်မှုကို ပေးအပ်ခဲ့လေ၏။

မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်များ သို့မဟုတ် ကြီးကျယ်သော ရည်မှန်းချက်များကိုမူ သူမ စိတ်မဝင်စားချေ။

"မင်းတို့ နှစ်ယောက်ကရော ဘယ်လိုသဘောရလဲ..."

ကျန်းရွှမ်က ယုလုံချင်းနှင့်လုမင်ရုန်တို့ဘက်သို့ လှည့်ကြည့်ပြီး မေးမြန်းလိုက်သည်။

ထိုလူနှစ်ယောက်သည် သူ၏ခရီးတလျှောက်လုံး သူ့ကို ထောက်ပံ့ကူညီပေးခဲ့သည်။ အကယ်၍ သူတို့သည် သူနှင့်အတူ နေလိုပါက သူတို့ကို ခေါ်ဆောင်သွားရပေမည်။

"ငါ့ရဲ့မိသားစုနဲ့ စီးပွားရေးက အဖြူရောင်ကျောက်တုံးမြို့မှာပါ...လောလောဆယ်တော့ ငါ ထွက်သွားဖို့ ဆန္ဒ မရှိသေးဘူး"

ယုလုံချင်းက တုံ့ပြန်အဖြေပေးသည်။

သူ၏သမီးသည် ကျန်းရွှမ်နောက်သို့ လိုက်သွားသော်လည်း သူ၏ ဇနီးနှင့် တခြားမိသားစုဝင်များသည် အဖြူရောင်ကျောက်တုံးမြို့တွင် ကျန်ရစ်ခဲ့သည်။

လုမင်ရုန်ကလည်း ခေါင်းညိတ်လိုက်၏။

"အဖြူရောင်ကျောက်တုံးကျောင်းတော်က တခြားကျောင်းတော်တွေထက် သာလွန်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ငါ ကြိုးစားခဲ့ရတယ်...ငါ ထွက်သွားရင် တခြားလူတွေရဲ့ ကြိုးစားမှုမလုံလောက်မှာကို ငါ စိုးရိမ်မိတယ်"

"ဒါဆိုရင်လည်း ကောင်းပါပြီ"

ကျန်းရွှမ်က အလျှော့ပေးလိုက်သည်။ သူ၏လက်ထဲတွင် ရှုံးနိမ့်သွားခဲ့သော ရန်သူများထံမှ ရရှိခဲ့သော ရတနာများနှင့် ဆေးဝါးတချို့ကို သူတို့အား ပေးအပ်လိုက်ပြီး သူတို့ကို ပြန်လိုက်ပို့ပေးရန် စွန်းချန်အား ညွှန်ကြားလိုက်သည်။

လူများအားလုံးထံတွင် ကိုယ်ပိုင်စိတ်ဆန္ဒများ ရှိကြသည်။ လူများအားလုံးသည် စွန့်စားမှုများကို ပြုလုပ်ရန် ဆန္ဒရှိနေကြခြင်း မဟုတ်ချေ။

လင်းပုယန်၏အကြောင်းကို ယွဲ့လုံရှောင်အား ရှင်းပြပြီးနောက် ကျန်းရွှမ်က လင်းပုယန်၏ အလောင်းကို လွှဲပြောင်းပေးလိုက်ပြီး ဆုငွေသန်းခြောက်ဆယ်ကို တောင်းဆိုလိုက်သည်။ သူသည် ဟန်ချန်ယဲ့နှင့်ဟန်ချန်ချောင်တို့၏ ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ခဲ့ပြီး နောက်ထပ်ဆုကြေးငွေများကိုလည်း တောင်းဆိုခဲ့လေ၏။

ကျန်းရွှမ် ဟန်ယွမ်မြို့မှ ထွက်ခွာချိန်တွင် သူ၏ ပိုင်ဆိုင်မှုသည် ရင်းမြစ်ဒင်္ဂါးသန်းတစ်ထောင်ကျော်လွန်သွားပြီး သူသည် လူချမ်းသာသူကြွယ်တစ်ဦး ဖြစ်လာခဲ့သည်။

သူ ထွက်ခွာသွားသည်ကို သိရှိချိန်၌ ယွဲ့လုံရှောင်က သက်ပြင်းချလိုက်သည်။

"အရှင်ကျန်း...ငါ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ငါ့ကို ကျိုးယီအင်ပါယာရဲ့တော်ဝင်မြို့တော်မာ ပြန်ပြီးတာဝန်ချထားလိုက်ပြီ...အဲ့ဒီနေရာမှာ တွေ့ကြတာပေါ့"

ကိစ္စများကို အဆုံးသတ်ပြီးနောက် ကျန်းရွှမ်က မင်ကျန်းထောင်ကို သွားရောက်ရှာဖွေခဲ့သည်။ မင်ကျန်းထောင်သည် သူ့အား ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် ရင်းမြစ်သားရဲတစ်ကောင် ဖြစ်သော သံအကြေးခွံတောင်ပံသားရဲတစ်ကောင်ကို သူ့အား လက်ဆောင်ပေးခဲ့သည်။

ထိုသားရဲသည် အမွှေးများအစား အကြေးခွံများ ပါရှိကာ မြွေနဂါးတစ်ကောင်နှင့်တူညီပြီး ကျန်းရွှမ် ချဉ်းကပ်လာချိန်၌ စိန်ခေါ်နေသကဲ့သို့ ဟိန်းဟောက်လိုက်သည်။

"တိတ်စမ်း..."

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အရှိန်အဟုန်ကံကြမ္မာကို ထုတ်လွှတ်လိုက်သည်။ ထိုသားရဲသည် ချက်ချင်း ပြိုလဲကျသွားပြီး သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ တဆတ်ဆတ်တုန်ယင်နေသည်။

"မင်းက ပူးပေါင်းဆောင်ရွက်မှု မရှိမှတော့ ငါ့ရဲ့ အမဲလိုက်လင်းယုန်နဲ့ပဲ နေတော့မယ်"

ကျန်းရွှမ်က သူ၏ဖီးနစ်လင်းယုန်ကို ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်ရင်း ပြောဆိုလိုက်သည်။

သူ၏ထိုးနှက်ချက် တစ်ချက်တည်းဖြင့် ဤလင်းယုန်ကို ဓမ္မရုပ်သွင်နယ်ပယ်သို့ အဆင့်မြှင့်တင်ပေးခဲ့သဖြင့် လူတိုင်း ထိတ်လန့်သွားပေ၏။ ယခင်က မာနကြီးနေသော သံအကြေးခွံတောင်ပံသားရဲသည် ယခုအချိန်၌ သူ့ရှေ့တွင် ဝပ်တွားနေပြီး အလားတူဆက်ဆံမျိုးမှုကို ရရှိရန် မျှော်လင့်တောင့်တနေသည်။

နောက်ဆုံးတွင် ကျန်းရွှမ်သည် သောက်လီနှင့်စွန်းချန်တို့ကို ခေါ်ဆောင်ကာ သံအကြေးခွံတောင်ပံသားရဲပေါ်သို့ တက်လိုက်သည်။ အဝေးရှိ မြို့တော်ကို ကြည့်ရင်း သူ၏လက်သီးကိုဆုပ်လိုက်၏။

"ခုန်းရှီ...ငါ လာပြီ"

All Chapters