ထူးဆန်းသော ဓားကံကြမ္မာ၏ တတိယ နယ်ပယ်
Vol. 17 Ch. 232
ကြမ်းတမ်းသော ကြယ်လေပြင်းများသည် မိုးကောင်းကင်ယံတွင် တိုက်ခတ်နေပြီး ပြင်းထန်သော လေစီးကြောင်းများက တစ်စုံတစ်ယောက်ကို မည်သည့်အချိန်တွင်မဆို လွင့်ထွက်သွားစေနိုင်သည်ဟု ခြိမ်းခြောက်နေသည်။
ဖီးနစ်လင်းယုန်သည် စွမ်းအားတိုးတက်လာပြီ ဖြစ်ကာ အမြန်နှုန်းတွင် သံအကြေးခွံတောင်ပံသားရဲ၏နောက်၌ ကျန်နေသေးသော်လည်း အလွန်အလှမ်းကွာဟခြင်း မရှိချေ။ ထိုသားရဲသည် အတင်းအကြပ်ကြိုးပမ်း၍ လိုက်မီအောင် ကြိုးစားနေခဲ့သည်။ စွန်းချန်သည် သူ၏ ကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်ခဲ့ပြီး ဖြစ်သဖြင့် ယခုအချိန်၌ ကြယ်လေများကို သူ၏စွမ်းအားဖြင့် ခုခံနိုင်လေပြီ။ သို့ရာတွင် သောက်လီမှာမူ ရုန်းကန်နေရသည်။ သူသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်တွင်သာ ရှိသေးပြီး သူ၏ အလုံအလောက်ထက်ရှခြင်းမရှိသော ခွာများနှင့် ပေါင်းစပ်လိုက်ချိန်၌ လေပြင်းကြောင့် လွင့်ပါသွားတော့မည့် အခြေအနေ၌ ရောက်ရှိနေပေ၏။
"လက်ဖက်ရည်ငှဲ့ပေးပြီး ရေနွေးအိုးတည်တာက မမှားဘူး...ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုကိုတော့ လျစ်လျူရှုလို့ မရဘူး..."
ကျန်းရွှမ်က သူ၏မြင်းလေး ရုန်းကန်နေရသည်ကို မြင်ချိန်တွင် မှတ်ချက်ချလိုက်ပြီး သူ၏အနားသို့ ချဉ်းကပ်သွားသည်။
"ဟီး...."
သောက်လီက နှာမှုတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် မကျေနပ်မှု အရိပ်အယောင်တစ်ရပ်ဖြတ်ပြေးသွားသည်။ သူသည် ကြိုးစားခဲ့သော်လည်း သူသည် မြင်းတစ်ကောင်သာ ဖြစ်သည်။ သူ၏တိုးတက်မှုက တခြားသူများကဲ့သို့ မြန်ဆန်လာနိုင်မည် မဟုတ်ပေ။
မြင်း၏မကျေနပ်မှုကို နားလည်သဖြင့် ကျန်းရွှမ်က သူ၏အောက်မှ သံအကြေးခွံတောင်ပံသားရဲကို ငုံ့ကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်းရဲ့သွေးအနှစ်သာရ နည်းနည်းလောက် ငါ့ကို ချေးပေးပါ..."
ထိုသားရဲသည် သူ၏ရည်ရွယ်ချက်ကို မသိသော်လည်း ခေါင်းညိတ်လိုက်သည်။ သူ၏သွေး စက်အနည်းငယ်သည် သူ၏နဖူးမှ ပျံ့လွင့်ထွက်ပေါ်လာပြီး ကျန်းရွှမ်၏လက်ဝါးထဲသို့ ကျရောက်လာပေ၏။
ထို့နောက် ကျန်းရွှမ်သည် သူ
လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ အေးစက်ငရဲဓားက သူ၏ လက်ထဲတွင် ထွက်ပေါ်လာသည်။ သူသည် ထိုဓားကို လေထုအတွင်းသို့ ပေါ့ပေါ့ပါးပါး တို့ထိလိုက်ရာ ထက်ရှသော ဓားချီစွမ်းအင်တစ်ခုက သောက်လီ၏နှလုံးထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
သောက်လီ၏ မျက်လုံးများ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားသည်။ သူ၏သခင်သည် သူ့ကို မထိခိုက်စေနိုင်ဟု ယုံကြည်သော်လည်း ပင်ကိုအသိစိတ်၏ ကြောက်ရွံ့မှုကို ရှောင်လွှဲ၍ မရနိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ မြင်းသည် ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး ထိုကြောက်ရွံ့မှုကို တောင့်ခံလိုက်၏။
ဝှစ်....
သောက်လီ၏ခန္ဓာကိုယ်တွင် ဓားဒဏ်ရာတစ်ခု ပေါ်လာပြီး ကျန်းရွှမ်က သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။ အစောပိုင်းက သူ ယူဆောင်ထားသော သွေးအနှစ်သာရသည် သောက်လီ၏ဒဏ်ရာထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
သောက်လီသည် သူ၏နှလုံးသားထဲသို့ လွှမ်းမိုး ချုပ်ကိုင်နိုင်သော စွမ်းအားလှိုင်းတစ်ရပ် တိုးဝင်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ ထိုစွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို ပေါက်ကွဲသွားနိုင်လောက်အောင် အလွန်အစွမ်းထက်ပေ၏။။ ကြီးမားသောစွမ်းအင်သည် သူ၏နှလုံးခုန်သံ တစ်ချက်ချင်းစီနှင့်အတူ သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။
"အရှင်ကျန်း...သံအကြေးခွံတောင်ပံသားရဲတွေနဲ့ မိုင်တစ်ထောင် မြင်းတွေက မတူကွဲပြားတဲ့ မျိုးစိတ်တွေပါ... ဒီလို သွေးအနှစ်သာရကို ထည့်သွင်းလိုက်တာက ငြင်းပယ်မှုတွေကို ဖြစ်စေပြီးတော့ မြင်း သေဆုံးသွားနိုင်တယ်..."
မင်ကျန်းထောင်သည် ဤအဖြစ်အပျက်ကို ကြည့်ရင်း မနေနိုင်မထိုင်နိုင် အော်ဟစ်လိုက်ကာ သူ၏အသံ တုန်ယင်နေသည်။
လူသားများကြားတွင်ပင် မတူညီသော သွေးအနှစ်သာရ အမျိုးအစားများသည် ငြင်းပယ်သော တုံ့ပြန်မှုများကို ဖြစ်စေသည်။ လုံးလုံးလျားလျား မတူကွဲပြားသော ရင်းမြစ်သားရဲ မျိုးစိတ်နှစ်ခုဆိုလျှင် ပြောဖွယ်ရာ မရှိတော့ချေ။
"ကိစ္စမရှိပါဘူး"
ကျန်းရွှမ်က တည်ငြိမ်စွာ တုံ့ပြန်အဖြေပေးသည်။
မင်ကျန်းထောင် ပြောခဲ့သည်မှာ အမှန်ပင်။ မတူညီသော ရင်းမြစ်သားရဲများထံမှ သွေးအနှစ်သာရသည် ငြင်းပယ်မှုကိုသာ ဖြစ်စေပေလိမ့်မည်။ သို့ရာတွင် ထိုသွေးအနှစ်သာရသည် သူ၏လက်ဝါးထဲသို့ ရောက်လာသည်နှင့် သူ၏ ကောင်းကင်လမ်း အစစ်အမှန်စွမ်းအားဖြင့် သန့်စင်သောစွမ်းအင်အဖြစ် သန့်စင်ပြီး ဖြစ်သည်။ ထိုသွေးအနှစ်သာရအတွင်းရှိ မည်သည့်အန္တရာယ်ရှိသော ဂုဏ်သတ္တိကိုမဆို ဖယ်ရှားပြီးဖြစ်ပေ၏။
မျှော်လင့်ထားသည့်အတိုင်း ထိုသွေးအနှစ်သာရသည် သောက်လီ၏နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့် အစွမ်းထက်သောစွမ်းအားတစ်ရပ်သည် သူ၏ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး သူ၏စွမ်းအားကို အရှိန်မြှင့်တင်ပေးလိုက်သည်။ အသက်ဆယ်ရှိုက်စာ အချိန်အတွင်းမှာပင် မြင်းသည် သွေးကြောရှင်းလင်းခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားပြီး မကြာမီမှာပင် ခန္ဓာကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်။
ရင်းမြစ်သားရဲများ၏စွမ်းအားကို မြှင့်တင်ရန် သွေးအနှစ်သာရများကို အသုံးပြုသည့် ဤနည်းစနစ်သည် ကျန်းရွှမ် ပါမောက္ခကုန်းမြေတွင် မကြာခဏ အသုံးပြုခဲ့သောအရာပင်။ ယခုချိန်၌ သူ ထိုအရာကို ထပ်မံ၍လုပ်ဆောင်ခြင်းသည် သူ ပုံမှန်အသက်ရှူနေသည့်အလား ပုံမှန်အတိုင်းသာ ဖြစ်ခဲ့သည်။
သူ့အတွက် ဤကိစ္စသည် အလွန်လွယ်ကူပေ၏။ သို့ရာတွင် မင်ကျန်းထောင်အတွက်မူ ဤသည်မှာ လုံးလုံးလျားလျား ကွဲပြားခြားနားသော ဖြစ်စဥ်တစ်ခုပင်။
'ဒီလူက သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်နိုင်ရုံတင်မကဘူး....ရင်းမြစ်သားရဲတွေကိုပါ စွမ်းအားမြှင့်တင်ပေးနိုင်တယ်... ဒီလို စွမ်းရည်မျိုးက စိတ်ကူးလို့တောင် မရနိုင်ဘူး'
'သူ့ကို သစ္စာရှိရှိနဲ့ အမှုထမ်းရင် ငါ့ရဲ့စွမ်းအားက တိုးတက်လာရုံတင် မကဘဲနဲ့ ငါ့ရဲ့ဆရာကို ကျော်လွန်သွားဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး'
မင်ကျန်းထောင်၏စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။
မိုတောက်ကံကြမ္မာကို အမွေဆက်ခံသူတစ်ဦးအနေဖြင့် သူ၏ပါရမီသည် ထူးကဲသည်ဆိုလျှင်ပင် သာမန်မျှသာ ဖြစ်သည်။ သူ၏မူလ အစီအစဉ်မှာ သူ၏ဆရာ အဆင့်သစ်များသို့ ရောက်ရှိသည်နှင့်အမျှ သူလည်း တိုးတက်ရန် မျှော်လင့်ရင်း သူ့ဆရာ၏လက်အောက်တွင် တိတ်တဆိတ် ကျင့်ကြံရန်ပင်။
သို့ရာတွင် ယခုချိန်၌မူ သူ၏ အတွေးများ စတင် ၍ ယိမ်းယိုင်လာသည်။
အကယ်၍ ကျန်းရွှမ်သည် သံအကြေးခွံတောင်ပံ သားရဲကို လွယ်ကူစွာ ယဉ်ပါးစေနိုင်ပြီး လီတစ်ထောင်မြင်းကို တိုးတက်အောင် ကူညီနိုင်ပါက ... သူ၏ မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် နားလည်မှုကိုလည်း ပို၍နက်ရှိုင်းစေနိုင်မည်လော...
အကယ်၍ သူသည် မတော်တဆ တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လျှင် သူ့ထံ၌ သူ၏ဆရာနှင့် ယှဉ်ပြိုင်နိုင်သော အရည်အချင်းများ ရရှိသွားမည် မဟုတ်လော...
မည်သူတစ်ဦးတစ်ယောက်သည် ပိုပြီးအစွမ်းထက်လာရန်ကို မမျှော်လင့်ဘဲ နေမည်နည်း။ မင်ကျန်းထောင်သည် စိတ်ပိုင်းဖြတ်လိုက်ကာ အံ့တင်းတင်းကြိတ်လိုက်ပြီး ကျန်းရွှမ်ကို လှမ်းကြည့်လိုက်သည်။
"အရှင်ကျန်း....ကျွန်တော့်မှာ အတင့်ရဲတဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်....မိုတောက်နည်းစနစ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ကို လမ်းညွှန်ပေးနိုင်မလား...ကျွန်တော့်ရဲ့ ကျင့်ကြံမှုမှာ ပြဿနာတချို့ ကြုံတွေ့နေရသလိုမျိုး ခံစားရလို့ပါ..."
"ရတာပေါ့"
ကျန်းရွှမ်က တုံ့ဆိုင်းမနေဘဲ တုံ့ပြန်အဖြေပေးလိုက်သည်။ သူသည် မိုတောက်ကံကြမ္မာ၏ ဒုတိယအဆင့်သို့ ရောက်ရှိကတည်းက ထိုအရာကို စေ့စေ့စပ်စပ်လေ့လာရန် အခွင့်အရေး မရခဲ့ပေ။ ယခုချိန်၌ မင်ကျန်းထောင်က သူ၏ လမ်းညွှန်မှုကို တောင်းဆိုလာသဖြင့် ဤသည်မှာ သူ လေ့လာသင်ယူရန်အတွက် အကောင်းဆုံး အခွင့်အလမ်းတစ်ခုပင်။
"ကျေးဇူးတင်ပါတယ် အရှင်ကျန်း"
သူ၏သဘောတူညီချက်ကို ကြားချိန်တွင် မင်ကျန်းထောင်၏မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားပေ၏။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ကြီးမားသော မိုတောက်ဓားမကြီးတစ်လက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။
သူ့ထံမှ ထုတ်လွှတ်ထားသော စွမ်းအားသည် အလွန်အစွမ်းထက်သဖြင့် သူ၏ အောက်မှ အနက်ရောင်အကြေးခွံ ဖီးနစ်လင်းယုန်ပင်လျှင် ဖိအားအောက်တွင် မီတာဆယ်နှင့်ချီ၍ အလိုအလျောက် နိမ့်ကျသွားသည်။
ထိုသားရဲသည် ဓားချီစွမ်းအင်၏အရှိန်အဝါကြောင့် ရုန်းကန်နေရမှန်း သိသဖြင့် ကျန်းရွှမ်က အမိန့်ပေးလိုက်သည်။
"ငါ့ရဲ့အနားကို လာခဲ့..."
သံအကြေးခွံတောင်ပံသားရဲက ချက်ချင်း နာခံလိုက်သည်။ မကြာမီမှာပင် မင်ကျန်းထောင်သည် ကျန်းရွှမ်၏ရှေ့တွင် မတ်တတ်ရပ်နေပြီး စွန်းချန်နှင့်သောက်လီတို့သည် အနက်ရောင်အကြေးခွံဖီးနစ်လင်းယုန်ပေါ်သို့ တက်ရောက်ပြီးဖြစ်သည်။
ဝှစ်...
မိုတောက်ဓားချီသည် လေထုအတွင်းတွင် ပျံ့လွင့်သွားပြီး သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို လှုပ်ရှားစေသည်။ မင်ကျန်းထောင်၏လှုပ်ရှားမှုများသည် ထူးကဲသော စည်းချက်တစ်ခုကို သယ်ဆောင်လာပြီး ကြီးမားသော စွမ်းအားကို ပြသနေပေ၏။
မင်ကျန်းထောင်၏ မိုတောက်ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုသည် လင်းပုယန်ထက် များစွာပို၍သာလွန်သည်။ သူ၏လှုပ်ရှားမှုတိုင်းက မိုတောက်ကံကြမ္မာ၏ဒုတိယအဆင့်သို့ ရောက်ရှိနေသော ကျန်းရွှမ်ပင်လျှင် နားလည်ရန် ခက်ခဲသော ထူးခြားသည့်ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်နေသည်။
ကောင်းကင်ကံကြမ္မာလမ်းကြောင်းတိုင်းသည် ရှုပ်ထွေးပြီး ကျွမ်းကျင်ရန် အချိန်နှင့် ကြိုးစားမှု လိုအပ်သည်။ ကမ္ဘာတစ်ခု၏အရှင်သခင် ဖြစ်နေသည့်တိုင် ကျန်းရွှမ်သည် တစ်ချက်ကြည့်ရုံဖြင့် ထိုအရာကို အပြည့်အဝ နားလည်နိုင်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် သူ၏စနစ်အားသာချက် ရှိနေသည်။
အတွေးတစ်ချက်ဖြင့် ဖုယင်ယင် ပေးခဲ့သော ကံကြမ္မာချပ်ပြားတစ်ရာ့ငါးဆယ်သည် ကျိုးကြေသွားပြီး ကောင်းကင်ကံကြမ္မာ စွမ်းအင် လှိုင်းလုံးကြီးတစ်ခုက ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းရှိ မိုတောက်စွမ်းအင်မြစ်ထဲသို့ တိုးဝင်သွားသည်။
ထိုစွမ်းအင်မြစ်သည် သက်ရှိ တစ်ကောင်ကဲ့သို့ စည်းချက်ကျကျ တုန်ခါလာပြီး ပို၍ကြံ့ခိုင်ကာ ကျယ်ပြန့်လာသည်။
ထိုအရာ ပြောင်းလဲလာသည်နှင့်အမျှ မိုတောက်ကံကြမ္မာအပေါ် ကျန်းရွှမ်၏နားလည်နိုင်စွမ်း သိသိသာသာ နက်နဲသိမ်မွေ့လာသည်။ အစောပိုင်းက ရှုပ်ထွေးနေပုံရသော လှုပ်ရှားမှုများသည် ယခုအချိန်၌ ရှင်းလင်းပြီး သူ ကျွမ်းကျင်လာရန် လွယ်ကူသွားသည်။ ဤနည်းစနစ်များကို သူကိုယ်တိုင် လုပ်ဆောင်ပါက ပို၍အစွမ်းထက်မည်မှာ သိသာထင်ရှားသည်။
စာကြည့်တိုက်အတွင်းရှိ မိုတောက်စွမ်းအင်မြစ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ထိုအရာ၏အရွယ်အစားသည် နှစ်ဆတိုးလာပေ၏။ ဤသည်မှာ အရှိန်အဝါစွမ်းအင်မြစ်၏အဆင့်နှင့် ဝေးကွာနေသေးသော်လည်းအရည်အသွေးပိုင်း တိုးတက်လာမှုကို ငြင်းဆန်၍ မရနိုင်ချေ။
"ဒါက မိုတောက်ကောင်းကင်ကံကြမ္မာရဲ့ တတိယအဆင့် ဖြစ်နေမလား"
ကျန်းရွှမ်က အံ့အားတသင့် ရေရွတ်လိုက်သည်။
သူသည် ဒုတိယအဆင့်သို့ တက်လှမ်းပြီး မကြာမီမှာပင် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သလော...
ကျန်းရွှမ်သည် မင်ကျန်းထောင်ထံသို့ ပြန်လှည့်ကြည့်ပြီး သူ၏ဓားနည်းစနစ်ကို လေ့လာလိုက်သည်။ သူ၏ မြင့်မားလာသော နားလည်သဘောပေါက်မှုဖြင့် ဤလှုပ်ရှားမှုများထဲမှ ချို့ယွင်းချက်များနှင့် အကျိုးမရှိမှုများ ထင်ရှားစွာ ပေါ်လွင်လာသည်။ ထို့ပြင် ဤဓားနည်းစနစ်၏စွမ်းအားကို မြှင့်တင်ရန် ပို၍ကောင်းမွန်သော ပြောင်းလဲမှုများကိုပင် သူ တွက်ဆနိုင်ခဲ့သည်။
"ဒါက တကယ်ကို အလုပ်ဖြစ်တာပဲ..."
ကျန်းရွှမ်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း ကုန်ကျစရိတ်ကို သတိမပြုဘဲ မနေနိုင်တော့ပေ။ အချိန်တခဏအတွင်းမှာပင် သူသည် ကံကြမ္မာချပ်ပြားနှစ်ဆယ်ကို ခြေမွှကာ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း နှစ်သိန်းနှင့် ညီမျှသောပမာဏကို သုံးစွဲခဲ့သည်။
မိုတောက်စွမ်းအင်မြစ်ကို ဖန်တီးရန် စွမ်းအင်တန်းငါးသောင်းကုန်ကျခဲ့ပြီး ဒုတိယအဆင့်သို့ တက်လှမ်းရန် စွမ်းအင်တန်းတစ်သိန်းလိုအပ်ခဲ့လေ၏။ ယခုချိန်၌ တတိယအဆင့်အတွက် စွမ်းအင်တန်းနှစ်သိန်း ကုန်ဆုံးသွားခဲ့သည်။ စွမ်းအင်ကုန်ဆုံးမှုသည် အဆင့်ချိုးဖျက်မှု တစ်ခုစီတိုင်းတွင် နှစ်ဆတိုးလာပေ၏။
"ဒီစွမ်းအင်မြစ်ကို စွမ်းအင်တန်းလေးသိန်း ဝါးမျိုခွင့်ပြုလိုက်ရင် ငါက စတုတ္ထအဆင့်ကို တက်လှမ်းသွားနိုင်မလား"
သူသည် ဤဖြစ်နိုင်ခြေကို တွေးတောမိသဖြင့် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့ရာတွင် ကြီးမားသောစွမ်းအင်တန်းများသည် မိုတောက်စွမ်းအင်မြစ်ဆီသို့ တိုးဝင်သွားသော်လည်း ထိုအရာသည် မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။
"ဒါက အကန့်အသတ်ကို ရောက်သွားတာလား" ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
မိုတောက်စွမ်းအင်မြစ်သည် မြစ်ရေလမ်းကြောင်းတစ်ခုနှင့် တူညီသည်။ ထိုအရာကို ကောင်းကင်ကံကြမ္မာစွမ်းအင်ဖြင့် ဖြည့်တင်းနိုင်သော်လည်း စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်ပြီး ဖြည့်တင်းပါက စွမ်းအင်မြစ် ပေါက်ကွဲသွားပေလိမ့်မည်။
မိုတောက်ကောင်းကင်ကံကြမ္မာကို တည်ထောင်သူမိုပိုင်ယဲ့က ဖန်တီးခဲ့ပြီး ထိုကံကြမ္မာအကန့်အသတ်ကို တတိယအဆင့်တွင် သတ်မှတ်ထားသည်။ ပုံတူတူးမှုတစ်ခုအနေဖြင့်၊ စာကြည့်တိုက်အတွင်းရှိ မိုတောက်စွမ်းအင်သည် မူလကံကြမ္မာထက် ကျော်လွန်နိုင်မည် မဟုတ်ချေ။
ထိုကံကြမ္မာကို ပို၍ရှေ့ဆက်သွားရန်အတွက် မြစ်ရေလမ်းကြောင်းကို ချဲ့ထွင်ရန် လိုအပ်မည် ဖြစ်ပြီး မိုပိုင်ယဲ့ကိုယ်တိုင် သို့မဟုတ် ကျန်းရွှမ် ကိုယ်တိုင် ချဲ့ထွင်ရပေမည်။ ထိုအချိန်မှသာ ထိုစွမ်းအင်မြစ်သည် ပို၍ကြီးမားသော စွမ်းအင်ကို လက်ခံနိုင်ပြီး မိုတောက်ကံကြမ္မာ၏စွမ်းအားကို မြှင့်တင်ပေးနိုင်ပေမည်။
ပြောရမည်ဆိုလျှင် ကောင်းကင်ကံကြမ္မာ လမ်းကြောင်းတိုင်းတွင် မွေးရာပါအလားအလာ ရှိသည်။ မည်မျှထိ ကြိုးစားအားထုတ်မှုများ မြှုပ်နှံစေကာမူ ရှေ့အလားအလာ အကန့်အသတ်များကို သတ်မှတ်ထားပြီးဖြစ်သည်။
"ထားလိုက်တော့...မိုတောက်စွမ်းအင်မြစ်က ပိုပြီး မစုပ်ယူနိုင်မှတော့ ငါက စွမ်းအင်တွေကို စီးဆင်းသောအလင်းတန်း ကောင်းကင်ကံကြမ္မာဆီကိုပဲ လမ်းကြောင်းလွှဲလိုက်တော့မယ်..."
စွမ်းအင်များကို မဖြုန်းတီးလိုသဖြင့် ကျန်းရွှမ်သည် ကြွင်းကျန်သော စွမ်းအင်တန်းလေးသိန်းကို စီးဆင်းသောအလင်းတန်း ကောင်းကင်ကံကြမ္မာဆီသို့ လမ်းကြောင်းပြောင်းလိုက်သည်။ ဟန်ချန်ယဲ့ထံမှ ရရှိခဲ့သော ဤ ကောင်းကင်ကံကြမ္မာသည် လှံသိုင်းပညာ၏ အကိုင်းအခက်တစ်ခုဖြစ်ပြီး ထိုအရာကို ဖန်တီးစဉ်က စွမ်းအင်တန်းတစ်သိန်းကို သုံးစွဲခဲ့ရကာ ပထမအဆင့်သို့သာ ရောက်ရှိခဲ့သည်။
စွမ်းအင်တန်းနှစ်သိန်းကို စုပ်ယူပြီးနောက် ထိုအရာ၏ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး ဒုတိယအဆင့်သို့ တက်လှမ်းသွားသည်။ သို့ရာတွင် ထိုစွမ်းအင်မြစ်၏စုပ်ယူမှုသည် ရုတ်တရက် ရပ်တန့်သွားပြီး ကြွင်းကျန်သောစွမ်းအင်များကို မစုပ်ယူနိုင်တော့ချေ။
"စီးဆင်းသောအလင်းတန်း စွမ်းအင်မြစ်ရဲ့လမ်းကြောင်းက ပိုကျယ်တယ်... ဒါကြောင့် အကန့်အသတ်ကို ရောက်သွားတာ မဖြစ်သင့်ဘူး...ဘာလို့ ထပ်ပြီးမစုပ်ယူနိုင်ရတာလဲ"
ကျန်းရွှမ် အံ့အားသင့်သွားပြီးနောက် သူ၏ အကြည့်သည် မင်ကျန်းထောင်၏ ဓားနည်းစနစ်ပေါ်သို့ ကျရောက်သွားသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် နားလည်သဘောပေါက်သွားပေ၏။
ကောင်းကင်ကံကြမ္မာ လမ်းကြောင်းကို တိုးတက်စေရန် လုံလောက်သောစွမ်းအင်များရှိနေရန်အပြင် တခြားအရာများကိုလည်း လိုအပ်ပုံရသည်။ ဤသည်မှာ ကံကြမ္မာလမ်းကြောင်းအပေါ် ပို၍နက်ရှိုင်းသော နားလည်မှုနှင့် ကျွမ်းကျင်မှုတို့ လိုအပ်ခြင်းပင်။
သူ့ထံတွင် စနစ်ရှိနေသည့်တိုင် ကံကြမ္မာလမ်းကြောင်းကို နားလည်မှုမရှိဘဲ နည်းစနစ်ကို အတင်းအကြပ် အဆင့်မြှင့်တင်ခြင်းသည် မဖြစ်နိုင်ချေ။
"အရှင်ကျန်း..... ကျွန်တော် နားလည် သဘောပေါက်ထားတဲ့ အရာအားလုံးကို ပြသပြီးပါပြီ...အရှင်ရဲ့လမ်းညွှန်မှုကို တောင်းခံခွင့် ပြုပါ"
မင်ကျန်းထောင်သည် သူ၏ဓားမကြီးကို ဓားအိမ်ထဲ ထည့်လိုက်ပြီး ကျန်းရွှမ်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။