← Chapters

တကယ်တော့ ကျုပ်တို့က ကျင့်ကြံသူတွေ

Vol. 38 Ch. 560

တကယ်တော့ ကျုပ်တို့က ကျင့်ကြံသူတွေ

Vol. 38 Ch. 560

နိဗ္ဗာန်ကျွန်းသားများမှာ သတိချပ်ထားကြသည်။ ရှေးဟောင်းသလင်းကျောက်ဆိုသည်မှာ ကြီးကျယ်မြင့်မြတ်သော အရာတစ်ခုဖြစ်သော်ငြား အလွန်အန္တရာယ်များလှသည်။

ပြင်ပအင်အားတစ်ခုက ဝင်ရောက်နှောင့်ယှက်လိုက်သည်နှင့် ရှေးဟောင်းသလင်းကျောက်တစ်လုံးက အပြင်းအထန်ပေါက်ကွဲသွားနိုင်သည်။

တစ်ခါတုန်းက နိဗ္ဗာန်ကျွန်းပေါ်ရှိ အဖွဲ့ဝင်တစ်ယောက်က ကံမကောင်းအကြောင်းမလှ၍ တောအုပ်ထဲတွင် ထျန်းယွမ်အဆင့်ရှိသော သတ္တဝါတစ်ကောင်နှင့် ပက်ပင်းတိုးခဲ့လေသည်။ သူလည်း လန့်ဖျပ်သွားပြီး သူ့ထူးခြားစွမ်းရည်များဖြင့် သယ်ဆောင်ထားသော လက်သည်းခွံအရွယ်ခန့်ရှိသည့် ရှေးဟောင်းသလင်းကျောက်ဖြင့် တိုက်ခိုက်လိုက်၏။

သလင်းကျောက်က အပြင်းအထန်ပေါက်ကွဲသွားခဲ့ပြီးနောက် ထျန်းယွမ်အဆင့်ရှိသော ထိုသတ္တဝါကြီးလည်း ပေါက်ကွဲသွားပြီး ဘာအကြွင်းအကျန်မှလည်း မကျန်ရစ်ခဲ့ချေ။

ဤဖြစ်ရပ်မှာ ရှေးဟောင်းသလင်းကျောက်ကို အလွန်အစွမ်းထက်သော လက်နက်တစ်မျိုးအဖြစ် အသုံးချနိုင်ကြောင်း သက်သေပြလိုက်ခြင်းပင်။

လက်သီးတစ်ဆုပ်စာအရွယ်ခန့်အထိရှိသော ရှေးဟောင်းသလင်းကျောက်ကို သူတို့ လုံးဝမမြင်ဖူးပေ။ အနီရောင်ရှေးဟောင်းသလင်းကျောက်က ဘာကိုဆိုလိုချင်မှန်းလည်း သူတို့မသိချေ။ ထိုအရာမှာ အလွန်အန္တရာယ်များလှကြောင်းကိုမူ အလိုလိုသိစိတ်အရ သိနေကြသည်။

ကျန်းမုန့်လောင်က အီတလီအမြောက်ကို အချိန်အတော်ကြာအောင် စမ်းတဝါးဝါးလုပ်နေခဲ့သော်ငြား ရှေးဟောင်းသလင်းကျောက်ကို ဘယ်နားတွင် ထည့်ရမလဲဆိုသည်ကို ရှာမတွေ့ပေ။

"သေစမ်း။ ဒါကြီးက ဘယ်လိုလုပ်ရတာလဲ"

"သောက်ကျိုးနည်းကွာ။ မင်း မသုံးတတ်ရင်လည်း ကြွားလုံးထုတ်ဖို့ ဒါကြီးကို ဘာလို့ထုတ်လာခဲ့သေးလဲ"

ဝမ်လင်က စိတ်တိုတိုနှင့် ပြောလိုက်၏။

"ငါ့မှာတော့ စကားတွေစီထားပြီးပြီ။ မင်းကတော့ အဲဒီနားတင် တစ်နေတယ်။ မရှက်ဘူးလား"

"ငါမရှက်သရွေ့တော့ ရှက်ရမဲ့လူက မင်းတို့တွေပဲလေ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"နေဦး။ ငါသုံးစွဲနည်းလမ်းညွှန်စာအုပ်ရှာလိုက်ဦးမယ်"

...

"ဆရာ ကျွန်တော်တို့ တအားစိတ်လှုပ်ရှားသွားတာများလား"

"ဖြစ်နိုင်တယ်။ ဒီပစ္စည်းက အဲဒီလောက်လည်း အစွမ်းထက်ပုံမရဘူး"

"ငါတို့က ဘာမဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်နေမိတာဖြစ်မယ်။ ဘယ်လိုလက်နက်မျိုးကမှ ငါတို့ရဲ့အကာအရံကို မဖျက်ဆီးနိုင်ဘူး"

"အမှန်ပဲ။ အခုလိုမျိုး သုံးရတာ အဆင်မပြေပုံထောက်ရင် အဆင့်မြင့်နည်းပညာလို့ ပြောလို့မှမရတာ"

ကျန်းမုန့်လောင်၏လုပ်ပုံကိုင်ပုံကို စောင့်ကြည့်ရင်း နိဗ္ဗာန်ကျွန်းပေါ်ရှိ လူများမှာ စိတ်အေးသွားကြလေတော့သည်။

...

"ထားလိုက်တော့။ မလုပ်တော့ဘူး"

ကျန်းမုန့်လောင်က ကျောင်းအုပ်လက်စွပ်ဖြင့် သုံးစွဲနည်းလမ်းညွှန်စာအုပ်ကို ထုတ်ယူလိုက်ပြီးနောက် အဆုံးတွင်မူ ခလုတ်တစ်ခုကို တွေ့လိုက်ရသည်။

"ကလစ်"

စွမ်းအင်အပေါက်တစ်ခုက အီတလီအမြောက်ထဲမှ ပေါ်လာခဲ့ပြီးနောက် အဆင့်လေးသလင်းကျောက်ကို ထည့်နိုင်မည့် အခေါင်းပေါက်လေးတစ်ခုကို လှစ်ဟပြသလိုက်သည်။

ကျန်းမုန့်လောင်လည်း သလင်းကျောက်ကို ပြောင်းအနောက်ရှိ စက်ထဲသို့ ထည့်လိုက်သည်နှင့် အနီရောင်အလင်းတန်းတစ်ခု ထွက်လာသည်။ ဤစွမ်းအားမှာ ဝူရှီက ဤအကာအရံကို တိုက်ခိုက်ခဲ့စဉ်ကထက် ဆယ်ဆလောက် ပိုပြင်းထန်သည်။

"ဝုတ် ဝုတ် ဝုတ်!"

ဝမ်ချိုင်က ထိုအီတလီအမြောက်ကို ဟောင်လိုက်၏။ ဉာဏ်မြင့်သော ခွေးတစ်ကောင်ဖြစ်သည့်အားလျော်စွာ ဝမ်ချိုင်သည် ဤကိရိယာက မည်မျှအစွမ်းထက်ကြောင်း ကောင်းကောင်းသိသည်။

ဝူရှီကလည်း တုန်ယင်နေကာ ဝမ်ချိုင့်အနောက်သို့ ဝင်ပုန်းနေလေသည်။ ဤမျှပြင်းထန်လှသော စွမ်းအားနှင့်ရင်ဆိုင်ရသော် သူ့ဘော့စ်ဝမ်ချိုင်ကသာ သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်။

စွမ်းအင်ယူနစ်၄၀က မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ယခင်ကလည်း ကျန်းမုန့်လောင် မြင်ထားပြီးဖြစ်၏။ ယောင်ချန်း၏စွမ်းအားကို ဟွိုက်ကျဲနှင့် တိုက်ခိုက်ရန် အသုံးပြုခဲ့စဉ်က ထိုလူ၏စွမ်းအင်ယူနစ်က ၄၂ရှိသည်။

သို့သော် နည်းပညာလက်နက်များနှင့် လူသားကျင့်ကြံရေးအကြားတွင် ကြီးမားလှသော ကွာခြားမှုကြီးတစ်ခုရှိ၏။ ခြိမ်းခြောက်မှုအားဖြင့်ဆိုလျှင် နည်းပညာလက်နက်များက ပိုကြောက်ဖို့ကောင်းလှသည်။

"နောက်ဆုတ်။ အကုန်လုံး အနောက်ကို မြန်မြန်ဆုတ်ကြ"

သုန်းရှောင်းက အကျယ်ကြီးအော်လိုက်လေသည်။ သူသည် ထျန်းယွမ်အဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်သည့်အတွက် အမြောက်ထဲရှိ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိသည်။

လူသားတွေက ဘယ်တုန်းကများ ဒီလောက်အစွမ်းထက်တဲ့လက်နက်တစ်ခုကို တီထွင်နိုင်သွားတာလဲ? သူသည် ဤကျွန်းပေါ်သို့ လွန်ခဲ့သည့်ငါးနှစ်ခြောက်နှစ်ကမှ ရောက်လာခဲ့ခြင်းပင်။ လူသားလက်နက်များက ဤငါးနှစ်ခြောက်နှစ်အတွင်း ဤမျှအထိ တိုးတက်သွားလေပြီလား။

ဤသည်မှာ ဒဏ္ဍာရီလာနည်းပညာပေါက်ကွဲမှုကြီးများလား။

"ဒီအကာအရံက တကယ်ကျိုးပျက်နိုင်လား"

သုန်းရှောင်းခမျာ နိဗ္ဗာန်ကျွန်း၏ အကာအရံနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် သံသယဝင်မိသွားသည်။

"အားလုံးပဲ နားပိတ်ထားကြ။ ပစ်တော့မယ်"

ကျန်းမုန့်လောင်က မီတာအနည်းငယ်ကွာဝေးသော သစ်ပင်ကြီးတစ်ပင်နောက်သို့ လုရီယောင်ကို ဆွဲခေါ်သွားသည်။

အီတလီအမြောက်၏ သုံးစွဲနည်းလမ်းညွှန်အရ အဆင့်လေး သို့မဟုတ် ထိုထက်မြင့်သော သလင်းကျောက်များကို အသုံးပြုလျှင် ထျန်းယွမ်အဆင့်ကို မရောက်သေးသူများအဖို့ မီတာနှစ်ဆယ်ကျော်အကွာတွင် နေရမည်ဖြစ်၏။

"သေစမ်း။ မင်း စောစောက ပြောရောပေါ့"

ဝမ်လင်လည်း ကျန်းချီယွမ်၏လက်ကို အမြန်ဆွဲ၍ ပြေးလေတော့သည်။

"ဝုတ် ဝုတ် ဝုတ်"

(ညီလေး အစ်ကိုကြီးနောက်ကိုလိုက်ခဲ့!)

...

အနီရောင်အလင်းတန်းက ပိုတောက်ပလာပြီး ဆယ်မီတာပတ်လည်အတွင်းရှိ အရာအားလုံးကို လွှမ်းခြုံပစ်လိုက်သည်။

ခဏအကြာတွင် နားစည်ကွဲလောက်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ပြောင်းဝတစ်ခုလုံးက ပြင်းထန်လှသော တုန်ခါမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ပြင်းထန်လှသော ပစ်ချက်များကြောင့် မြေကြီးပင် အက်ကြောင်းထင်သွားရသည်။

အနီရောင်ဧရာမစွမ်းအင်လှိုင်းတစ်ခုက အကာအရံဆီသို့ အပြေးနှင်ချေသည်။

"အုန်း!"

နိဗ္ဗာန်ကျွန်းတစ်ခုလုံး ခါယမ်းသွားသည့်အလားပင်။ မမြင်နိုင်သော အကာအရံက အီတလီအမြောက်၏စွမ်းအားကြောင့် အနီရောင်လှိုင်းဂယက်လေးများ အလွှာလိုက်ဖြစ်တည်လာချေသည်။ ပြင်းထန်လှသော စွမ်းအင်က အကာအရံကို တိုက်စားနေသည့်အလား တကျွီကျွီမြည်နေလေသည်။

"ခွမ်း"

ရုတ်ခြည်းပင် ကောင်းကင်ထက်၌ အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ထိုအက်ကြောင်းက လျင်မြန်စွာကြီးမားလာပြီးနောက် ကျွန်းတစ်ခုလုံးကို ပြန့်သွားကာ အချိန်မရွေးကွဲကြေသွားတော့မည့်အလားပင်။

အီတလီအမြောက်၏ ဟိန်းသံကြီးက ဆယ်စက္ကန့်တိတိကြာမြင့်ခဲ့ပြီး စွမ်းအင်လုံးဝကုန်ခမ်းသွားချိန်မှသာ အနီရောင်အလင်းတန်းကလည်း ပျောက်ကွယ်သွားသည်။

ထိုအခိုက်ဝယ် နိဗ္ဗာန်ကျွန်းတစ်ခုလုံး၏အထက်ရှိ အကာအရံမှာ အနီရောင်အင်အားတစ်ရပ်ကြောင့် အလင်းယိုင်သွားချေသည်။ ၎င်းမှာ အလွန်ပါးလွှာသွားသဖြင့် နောက်တစ်ကြိမ်တိုက်ခိုက်ခံရပါက လုံးဝကျိုးပျက်သွားတော့မတတ်ပင်။

"အုန်း!"

နိဗ္ဗာန်ကျွန်း၏ အတွင်းနက်နက်ထဲမှ ဆူညံသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် ထိုအက်ကြောင်းက မျက်လုံးနှင့်ပင် မြင်နိုင်လောက်သောအရှိန်တစ်ခုဖြင့် ပြန်ကောင်းသွားလေသည်။

သို့သော် ကျွန်း၏ဗဟိုတွင်ရှိသည့် မီတာပေါင်းများစွာမြင့်သော ရှေးဟောင်းသစ်ပင်ကြီးပေါ်ရှိ သစ်ရွက်အမြောက်အများ ညှိုးနွမ်းသွားသည်ကိုမူ မည်သူမှမသိကြပေ။

နိဗ္ဗာန်ကျွန်းပေါ်သို့ လူသားများ ရောက်လာကတည်းက ဤရှေးဟောင်းသစ်ပင်ကြီးက လုံးဝညှိုးခြောက်သွားခြင်းမရှိဖူးပေ။

အကာအရံ၏စွမ်းအားက ထိုရှေးဟောင်းသစ်ပင်ကြီးဆီမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထိုအကာအရံကို ပြုပြင်ရန်အတွက် သူ့စွမ်းအားကို သူထုတ်သုံးလိုက်ခြင်းသာ။

ထိုအချိန်မှာတော့ နိဗ္ဗာန်ကျွန်းပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်မှ စိတ်မအေးနိုင်ကြတော့ချေ။ သုန်းဝေ့၏ခြေလက်များလည်း တုန်ယင်နေချေသည်။ ဤပစ်ချက်ကား နိဗ္ဗာန်ကျွန်း၏ အကာအရံကို ကျိုးပျက်စေလုနီးပါးပင်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဤအစောင့်အရှောက်နတ်ဘုရားက သူတို့ကို စိတ်မပျက်စေခဲ့ပေ။ အကာအရံက ဤကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံထားရင်း သူတို့ကို ကာကွယ်ပေးထားသည်။

"ဒီဟာကြီးက တော်တော်အစွမ်းထက်တာပဲ"

ကျန်းမုန့်လောင်လည်း မအံ့ဩဘဲ မနေနိုင်ချေ။ စွမ်းအင်ယူနစ်၄၀၏ တိုက်ခိုက်မှုမှာ မြို့ငယ်လေးတစ်ခုကိုပင် ပြားပြားဝပ်သွားစေနိုင်သည့်တိုင် ဤအကာအရံကတော့ ထိုတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

"မင်း ကြိုးစားကြည့်ပြီးပြီပဲ။ မင်းရဲ့အစွမ်းက ဒီအကာအရံကို မချိုးဖောက်နိုင်ပါဘူး။ လက်လျှော့လိုက်တော့"

"ကျုပ်တို့ မချိုးဖောက်နိုင်ဘူးလို့ ဘယ်သူကပြောလဲ"

ကျန်းမုန့်လောင်က အဆင့်လေးစွမ်းအင်သလင်းကျောက်ဆယ်လုံးနှင့် အဆင့်ငါးစွမ်းအင်သလင်းကျောက်တစ်လုံးကို သူ့ခန္ဓာကိုယ်ထဲက ထုတ်ယူလိုက်သည်။ ဤပစ္စည်းများကို မသုံးဖြစ်ပါက ထူးရှယ်နတ်ဘုရားကျောင်းတော်ဆီသို့ ပြန်သွင်း၍ ခွန်အားအမှတ်များကို ပြန်ယူနိုင်သည်။

"ဆယ်လုံး..သူ့မှာ ရှေးဟောင်းသလင်းကျောက်ဆယ်လုံး ထပ်ရှိသေးတာလား"

ထိုအခိုက်မှာမူ အားရဝမ်းသာဖြစ်နေသော သုန်းဝေ့တစ်ယောက် ကြက်သေသေသွားရသည်။

အနီရောင်ရှေးဟောင်းသလင်းကျောက်တစ်လုံးမှ ထုတ်လွှတ်လိုက်သော စွမ်းအားမှာ သူတို့နိဗ္ဗာန်ကျွန်း၏ အကာအရံကို ပျက်စီးစေလုမတတ်ပင်။ ဆယ်ဆပိုပြင်းထန်သော စွမ်းအားဖြင့်သာဆိုလျှင် ဤနေရာတစ်ခုလုံးပင် ပျက်စီးသွားလေမလား။

အထူးသဖြင့် အနက်ရောင်ရှေးဟောင်းသလင်းကျောက်ပင်။ ထိုသလင်းကျောက်ထဲမှ ထုတ်လွှတ်နေသော သေခြင်းတရားနှင့် ပျက်စီးခြင်းဖြင့် ပြည့်နှက်နေသော စွမ်းအားတစ်ရပ်ကို မီတာတစ်ရာအကွာကပင် ခံစားမိသည်။

"ဒါက အနီရောင်ထက်တောင် ပိုကြောက်ဖို့ကောင်းမယ်ထင်တယ်"

"ထားလိုက်ပါတော့။ ဒါကိုသုံးရတာ သိပ်ပြီးတော့ အဓိပ္ပာယ်မရှိသလိုပဲ"

ထိုအခိုက်ဝယ် ကျန်းမုန့်လောင်က အီတလီအမြောက်နှင့် စွမ်းအင်သလင်းကျောက်များကို ဘေးချထားလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ။ အဲဒါတွေကို ဘာလို့ချထားလိုက်တာလဲ"

ဝမ်လင်က သိချင်စိတ်ဖြင့်‌ မေးလိုက်လေသည်။

"ရှေးဟောင်းသိုင်းပညာရှင်လောကထဲက အရေးကိစ္စတွေကို သိုင်းပညာနည်းလမ်းနဲ့ပဲ ဖြေရှင်းသင့်တယ်လို့ထင်တယ်။ အဆင့်မြင်နည်းပညာလက်နက်တွေကိုသုံးနေတော့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ"

"ဟုတ်တော့ဟုတ်သားပဲ"

ဝမ်လင်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို မင်း ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"

ကျန်းမုန့်လောင်က အရှေ့တိုး၍ လည်ပင်းကို ဆတ်ခနဲလှည့်ကာ ဂျွတ်ခနဲမြည်အောင် ချိုးလိုက်သည်။

"ကျုပ်ကို ဘယ်သူ့ဆီက ပညာသင်ခဲ့တာလဲလို့ ခင်ဗျား မေးခဲ့တယ်မလား"

ကျန်းမုန့်လောင်က သုန်းရှောင်းကို ပြောလိုက်လေသည်။

"ကျုပ်က တကယ်ကြီး ကိုယ့်ဘာသာလေ့လာသင်ယူခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့ကတော့ သိမှာမဟုတ်ဘူး။ ကျုပ်သင်ခဲ့တာက ရှေးဟောင်းသိုင်းပညာမဟုတ်ဘူး"

"ရှေးဟောင်းသိုင်းပညာမဟုတ်ဘူးလား။ မင်းက စိတ်စွမ်းအားရှင်လား။ ဒါမှမဟုတ် သန္ဓေပြောင်းလား"

မည်သူကမှ ရှေးဟောင်းသိုင်းပညာနယ်ပယ်တွင် ဤမျှမြန်မြန်ဆန်ဆန်ကျွမ်းကျင်နိုင်မည်မဟုတ်ကြောင်း လူတိုင်းသိသည်။

သို့သော် စိတ်စွမ်းအားရှင်များကတော့ မတူပေ။ ထူးခြားသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လူတချို့က ရှေးဟောင်းသိုင်းပညာရှင်များ ဆယ်စုနှစ်များစွာ လေ့ကျင့်ပြီးမှ ရလာနိုင်သည့် စွမ်းအားများကို သူတို့၏ထူးခြားစွမ်းရည်များကို အသက်သွင်းပြီး ရရှိနိုင်သည်။

ကျန်းမုန့်လောင်က ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်နေနိုင်သည်။

"မဟုတ်ဘူး"

ကျန်းမုန့်လောင်ကတော့ ခေါင်းခါယမ်းလိုက်သည်။

"တကယ်တော့ ကျုပ်တို့က ကျင့်ကြံရေးသမားတွေ"

"သိုင်းပညာလေ့ကျင့်တဲ့လူတွေက ကျင့်ကြံသူတွေကို ရန်မစသင့်ဘူးဆိုတဲ့စကားကို ခင်ဗျားတို့ကြားဖူးလား"

"ဆောရီးပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ ခင်ဗျားတို့ ရန်စမိလိုက်ပြီ"

********************

All Chapters