← Chapters

ရုပ်ရှင်အတူကြည့်ရင်း အိပ်ရာကို အတူစိုအောင်လုပ်ခဲ့ကြတယ်

Vol. 38 Ch. 563

ရုပ်ရှင်အတူကြည့်ရင်း အိပ်ရာကို အတူစိုအောင်လုပ်ခဲ့ကြတယ်

Vol. 38 Ch. 563

ဟွာရှားနိုင်ငံသို့ပြန်သည့် ရဟတ်ယာဉ်ပေါ်တွင် ကျန်းမုန့်လောင် ဖုန်းဖွင့်လိုက်သည်နှင့် မက်ဆေ့ချ်တစ်စောင် ဝင်လာခဲ့သည်။ ၎င်းမှာ မင်္ဂလာဖိတ်စာတစ်စောင်ပင်။ စာတိုတစ်စောင်လည်း ပါသေးသည်။

"မုန့်လောင် နောက်အပတ်စနေနေ့ကျရင် ကျန်းနန်နွေဦးဟိုတယ်မှာ ငါ လက်ထပ်တော့မှာ။ အချိန်ရရင် တစ်ခွက်လောက်လာသောက်ဦးလေ"

"ဒီကောင်ကတော့.. အဆက်အသွယ်ပြတ်နေတာ ကြာလှပြီ။ မင်္ဂလာဆောင်မှပဲ လာပြောတော့တယ်။ မမိုက်ဘူးကွာ"

ကျန်းမုန့်လောင်က လွမ်းမောအောက်မေ့နေသော အပြုံးတစ်ပွင့်ကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။

"ဘာဖြစ်တာလဲ။ တော်တော်ပျော်နေပါလား။ ကောင်မလေးတစ်ယောက်ယောက်ဆီက မက်ဆေ့ချ်ဝင်လာလို့လား"

လုရီယောင်က မေးလိုက်လေသည်။

"ငါက အဲဒီလိုလူစားမျိုးလား"

ကျန်းမုန့်လောင်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်လေသည်။

"မင်းနဲ့တွဲပြီးကတည်းက ယောကျ်ားတစ်ယောက်ရဲ့စင်ကြယ်မှုကို ငါ ထိန်းသိမ်းခဲ့တယ်နော်။ မင်း ငါ့ကို သက်သက်စွပ်စွဲနေတာ။ ငါ့ငယ်သူငယ်ချင်းတစ်ယောက်က လက်ထပ်တော့မှာမို့"

ကျန်းမုန့်လောင်က သူ(မ)ကို ဖုန်းပေးလိုက်သည်။

"ကြည့်လိုက်"

ဖိတ်စာထဲတွင် အလွန်ငယ်ရွယ်ချောမောပြီး အရပ်အမောင်းတစ်မီတာကျော်ရှိကာ သေသပ်ကျနသော ဆံပင်စတိုင်လ်၊ တောက်ပသောမျက်လုံးများဖြင့် သတို့သားတစ်ယောက်ရှိပြီး သူ့ဘေးရှိ သတို့သမီးကမူ အလွန်ဆွဲဆောင်မှုရှိပြီး လှပလေသည်။

အကြောင်းတစ်စုံတစ်ရာကြောင့် ဤဓာတ်ပုံထဲတွင် တစ်စုံတစ်ခုထူးဆန်းနေကြောင်း ကျန်းမုန့်လောင် ခံစားမိသည်။ ဤမင်္ဂလာပွဲတွင် ပျော်ရွှင်မှုများ ရှိမနေဘဲ တင်းမာလှသော အငွေ့အသက်တစ်ခုကလည်း ကိန်းအောင်းနေသည်။

"ငါ အတွေးလွန်နေတာဖြစ်မယ်"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်မိသည်။ ယခုတလော ထူးဆန်းသည့်ကိစ္စများနှင့် ကြုံတွေ့နေသည်ဖြစ်ရာ သံသယစိတ်များလည်း ပိုများလာခဲ့သည်။

"ကျူးရှောင်ယွီတဲ့။ ငါ မင်းကို အရင်ကပြောဖူးတယ်လေ"

"ဒီတော့ သူက ကျူးရှောင်ယွီကိုး။ တော်တော်ချောတာပဲ"

လုရီယောင်က ချီးကျူးလိုက်၏။

ကျန်းမုန့်လောင်က ပေါင်းသင်းဆက်ဆံရေးကောင်းပြီး တက်ကြွသူတစ်ယောက်ဖြစ်သောကြောင့် သူငယ်ချင်းပေါလှသည်။ သို့သော် ငယ်စဉ်ကတည်းက ပေါင်းသင်းလာခဲ့သူကတော့ ကျူးရှောင်ယွီတစ်ယောက်တည်းသာ ရှိ၏။

သူတို့နှစ်ယောက်က မူကြိုအတူတူတက်ခဲ့ကြပြီးနောက် မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းလည်း အတူတူပင်။

ကလေးဘဝတုန်းက သူတို့က ဆိုးသွမ်းလှသောကြောင့် နာမည်ကြီးခဲ့သည်။ ကျန်းမုန့်လောင်က ကားအိတ်ဇောပိုက်များကို ကျောက်ခဲများနှင့် ပိတ်ခဲ့သူဖြစ်ပြီး ကျူးရှောင်ယွီကမူ ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးခဲ့သူပင်။

သူတို့က ညစ်ညမ်းရုပ်ရှင်များကို အတူကြည့်ခြင်း၊ အိပ်ရာတစ်ခုတည်းကို စိုရွှဲသွားအောင် လုပ်ခြင်း၊ အတူတိုက်ခိုက်ခြင်းတို့အပြင် အတူလည်း အဆူခံခဲ့ဖူးသည်။ သူတို့ထက် ပိုခင်မင်သူများဟူ၍ မရှိသလောက်ပင်။

အရေးအကြီးဆုံးမှာ ကျူးရှောင်ယွီက သူ့အသက်ကို ကယ်တင်ခဲ့ဖူးသည်။ ကျန်းမုန့်လောင်ကတော့ ထိုသို့ယုံကြည်ထားသည်။

သို့သော် ကျူးရှောင်ယွီက ကံမကောင်းရှာပေ။ ပထမတန်းအဆင့် တက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း နေမကောင်းဖြစ်ခဲ့သောကြောင့် ကောင်းကောင်းမဖြေနိုင်ခဲ့ပေ။ ထို့ကြောင့် ဘွဲ့ကြိုပရိုဂရမ်ကိုပင် မမီခဲ့ချေ။ နောက်ပိုင်းတွင် သူ့မိသားစုက အဆက်အသွယ်များမှတစ်ဆင့် သူ့ကို စစ်တပ်ထဲသို့ ပို့လိုက်ကြသည်။ သူ စစ်တပ်ထဲဝင်စဉ်ကလည်း ကျန်းမုန်လောင်ကပင် လိုက်ပို့ပေးခဲ့သည်။

စစ်တပ်ထဲတွင် စီမံခန့်ခွဲရေးတင်းကျပ်သောကြောင့် နောက်ပိုင်းတွင် သူတို့နှစ်ယောက်သား စကားမပြောဖြစ်ခဲ့ကြချေ။ သူတို့နောက်ဆုံးတွေ့ခဲ့ကြသော အချိန်မှာ တက္ကသိုလ်ပထမနှစ်၏ ပထမဆုံးနှစ်ဝက်မှာပင်။ ထို့နောက် ကျန်းမုန့်လောင်မှာ သူနှင့် အဆက်အသွယ်ပြတ်သွားခဲ့သောကြောင့် အချိန်အတော်ကြာအောင် စိတ်ပူခဲ့ရသေးသည်။

နောက်ပိုင်းမှသာ ကျူးရှောင်ယွီက စစ်တပ်ထဲတွင် စွမ်းဆောင်ရည်ကောင်းမွန်လှသောကြောင့် အလွန်အလေးထားခံနေရသည်ဟု သိခဲ့ရသည်။ ငယ်ငယ်တုန်းက သူသည် မြို့တော်အသင်း၏ တာတိုအပြေးချန်ပီယံတစ်ယောက်ဖြစ်ခဲ့သည့်အတွက် ရုပ်ပိုင်းကြံခိုင်ပေသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရာရှိအဖြစ် ရဲတပ်ဖွဲ့ထဲသို့ တာဝန်လွှဲပြောင်းပေးခဲ့ရဟန်ပင်။

ထို့နောက် ကျန်းမုန့်လောင် သူ့ကို လုံးဝမဆက်သွယ်ဖြစ်တော့ချေ။ ထိုအလုပ်က အလွန်ထူးခြားလှသောကြောင့်ပင်။ ကျန်းမုန့်လောင်က မူးယစ်ဆေးတိုက်ဖျက်ရေးဇာတ်လမ်းများစွာကို ကြည့်ဖူးသည်။ မူးယစ်ရာဇာတစ်ယောက်၏အိမ်ထဲသို့ လျှို့ဝှက်ဝင်ရောက်ပြီး သတင်းယူနေစဉ် သူ့ကို ဖုန်းဆက်လိုက်မိမည်စိုးသောကြောင့်ပင်။

ဤသည်မှာ ကျန်းမုန့်လောင် အတွေးလွန်နေခြင်းသာ။

သူငယ်ချင်းအသစ်များ ရလာသည်နှင့်အမျှ ကျန်းမုန့်လောင်လည်း ဤသူငယ်ချင်းလေးကို မေ့သွားခဲ့သည်။ ဤသည်မှာ သူ့ဘက်က မကောင်းခဲ့ခြင်းပင်။ သို့သော် သူ့အမှားရယ်ဟုလည်း မဆိုထိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူမဆက်သွယ်လျှင်ပင် ကျူးရှောင်ယွီဘက်က ဆက်သွယ်နိုင်သည်မဟုတ်ပါလော။

ယနေ့ ဤဖိတ်စာကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်၏အမှတ်တရများအားလုံးက ပြန်စီးဆင်းလာခဲ့သည်။

"နင် သွားမှာလား"

"သွားရမှာပေါ့။ မသွားလို့ ဘယ်ဖြစ်မလဲ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အရင်တုန်းက ငါတို့ ကတိပေးခဲ့ကြဝယ်။ ငါတို့ တစ်ယောက်ရဲ့မင်္ဂလာပွဲမှာ တစ်ယောက်ပေါ်မလာခဲ့ရင် အဝတ်တွေချွတ်ပြီး အဲဒီလူရဲ့ညီလေးကို ချိုးပစ်မယ်ဆိုပြီးတော့လေ"

"ယောကျ်ားတွေရဲ့ အနှစ်သာရမရှိတဲ့ အကြိုက်တွေကတော့နော်"

လုရီယောင်က ရွံရှာကြောင်း ပြသလိုက်သည်။

"နောက်ပိုင်းကျရင် ငါတို့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိလာခဲ့ရင် သူတို့ကို လက်ထပ်ပေးမယ်လို့တောင် ပြောခဲ့သေးတယ်။ တကယ်လို့ ယောကျာ်းနှစ်ယောက် မိန်းမနှစ်ယောက်ဖြစ်လာခဲ့ရင်လည်း ညီအစ်ကိုမောင်နှမတွေဖြစ်လာရမယ်ဆိုပြီး ကတိပေးခဲ့ကြတာ"

"နင်တို့ရဲ့ခင်မင်မှုက သာမန်တော့မဟုတ်ဘူးပဲ"

လုရီယောင်က ဖူဂျိုရှီတစ်ယောက်၏အပြုံးမျိုးဖြင့် ပြောလာလေသည်။

"နင်တို့နှစ်ယောက် ဓားချင်းယှဉ်ပွဲတွေဘာတွေတော့ မလုပ်ခဲ့ကြဘူးမလား"

"ဓားချင်းယှဉ်ပွဲဆိုတာက ဘာပြောတာလဲ"

ကျန်းချီယွမ်က သိချင်စိတ်ပြင်းပြစွာဖြင့် ဝမ်လင့်ကို မေးလိုက်လေသည်။

"အဲ.. ဓားချင်းယှဉ်တယ်ဆိုတာ ယောကျ်ားနှစ်ယောက် တအားရင်းနှီးရင် ဓားရေးလေ့ကျင့်ခန်းလုပ်ကြတာကို ပြောတာ"

ကျန်းချီယွမ်ကို လမ်းမှားရောက်မသွားစေဖို့အတွက် ဝမ်လင်လည်း လေးလေးနက်နက်ရှင်းပြလိုက်ရသည်။

"အဲဒီကျရင် ငါနဲ့အတူ လိုက်ခဲ့လေ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"တခြားသူငယ်ချင်းတွေကိုတော့ မင်း လိုက်တွေ့စရာမလိုပေမဲ့ ဒီတစ်ယောက်ကိုတော့ သေချာပေါက်တွေ့ရမယ်"

"ငါတို့ သူ့ကို ဖုန်းကြိုဆက်ထားလိုက်မလား"

လုရီယောင်က မေးလိုက်၏။

"မလိုပါဘူး။ ငါတို့က ညီအစ်ကိုတွေပဲ။ အဲဒီလိုလောကဝတ်ပြုနေစရာမလိုဘူး"

ကျန်းမုန့်လောင်ကလည်း ပြန်ဖြေချေသည်။

"မင်္ဂလာပွဲဆိုတာ အသေးအဖွဲမှမဟုတ်တာ။ မင်္ဂလာဓာတ်ပုံတွေ၊ အသွင်းပစ္စည်းတွေပြင်ဆင်ရမယ်။ ဟိုဟာဝယ်ရ ဒီဟာဝယ်ရလုပ်ရမယ်။ သူ အခု တော်တော်အလုပ်များနေလောက်မှာ။ ငါတို့ သူ့ကို မနှောင့်ယှက်သင့်ဘူး။ အချိန်ကျမှပဲ သွားလိုက်ရင်ရပြီ"

"ငါတို့ သေချာပေါက်လာခဲ့မယ်"

ကျန်းမုန့်လောင်ကလည်း ချက်ချင်းပြန်စာပို့လိုက်သည်။

သူက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်မိသည်။ လေးနှစ်ကုန်လွန်ခဲ့လေပြီ။ သူ့ညီအစ်ကို အဆင်ပြေရဲ့သလားဆိုသည်ကို သူ သိချင်မိသည်။

...

သုန်းကျိမြို့ထဲရှိ အပြာရောင်တောင်တန်းဟူသော ရပ်ကွက်တစ်ခုတွင် ချောမောခံ့ညားလှသော လူငယ်တစ်ယောက်က ပြုံးတုံ့တုံ့ဖြင့် ဖုန်းကို ချထားလိုက်သည်။

"ဒီကောင်နဲ့ မတွေ့ရတာတောင် တော်တော်ကြာပြီ။ သူ ဘာတွေများလုပ်နေပါလိမ့်"

ကျူးရှောင်ယွီမှာ မတ်တတ်ထရပ်ဖို့ ရုန်းကန်လိုက်သည်။ သူ့ချိုင်းထောက်ကို ကောက်ကိုင်ပြီးနောက် ဗလာကျင်းနေသော သူ့ဘောင်းဘီအနားစကိုတစ်လှည့်၊ ဘေးနားရှိ ခြေတုကိုတစ်လှည့် ကြည့်လိုက်မိသည်။

"ငါ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရတာကိုသာ သိရင် သူ ငါ့ကို ဘယ်လောက်စနေမလဲမသိဘူး"

ကျူးရှောင်ယွီက ပြီးခဲ့သည့်လကမှ စစ်မှုထမ်းပြီး ပြန်လာခဲ့ခြင်းပင်။ ယခင်က အလွန်ထူးခြားလှသော ပတ်ဝန်းကျင်တစ်ခုတွင် အချိန်အကြာကြီး အလုပ်လုပ်ခဲ့ရသဖြင့် ပြင်ပကမ္ဘာနှင့် မဆက်သွယ်နိုင်လောက်အောင် စည်းကမ်းတင်းကျပ်ခံခဲ့ရသည်။ သူ့ချစ်သူကိုယ်တိုင်ပင် အထူးလည်ပတ်ခွင့်အနေနှင့် တစ်နှစ်လျှင် တစ်ကြိမ်သာ တွေ့ခွင့်ရခဲ့သည်။

မူးယစ်ဆေးတိုက်ဖျက်ရေးဌာနထဲတွင် ကျူးရှောင်ယွီက တပ်မှူးဖြစ်၏။ သူ့အနေနှင့် အန္တရာယ်များလှသော ရာဇဝတ်သားများနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ရှေ့တန်းအထိ သွားစရာမလိုပေ။

သို့သော် ၎င်းမှာ အလွန်အရေးကြီးသော အမှုတစ်ခုဖြစ်သောကြောင့် အဖွဲ့ထဲရှိ ရဲရင့်လှသော မူးယစ်ဆေးတိုက်ဖျက်ရေးအရာရှိသုံးယောက်ခမျာ အသက်ပေးခဲ့ကြရဿည်။ ဤတစ်ခေါက်တွင် သူတို့ အရေးကြီးသတင်းတစ်ခုကို ရရှိခဲ့သဖြင့် ဤအခွင့်အရေးကို အရယူနိုင်မည်ဆိုပါက နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုလုံးကို တစ်ချက်တည်းနှင့် ဖမ်းဆီးနိုင်မည်ဖြစ်၏။

ဤအဖွဲ့အစည်းကိုသာ ဖျက်ဆီးနိုင်ခဲ့ပါက ဤဒေသတစ်ခုလုံးရှိ မူးယစ်ရာဇာများအတွက်လည်း ကြီးမားလှသော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပြီး ပြည်တွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အထောက်အကူပြုနိုင်မည့် အခြားမူးယစ်ဂိုဏ်းများကိုပါ ဖော်ထုတ်နိုင်မည်ဖြစ်၏။

ဤစစ်ဆင်ရေး အောင်မြင်ဖို့အတွက် ကျူးရှောင်ယွီလည်း ပူးပေါင်းပါဝင်ခဲ့သည်။ သူတို့သည် ရန်သူ့ခံတပ်ထဲသို့ အောင်အောင်မြင်မြင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး သူတို့အား အဆောက်အအုံတစ်ခုထဲတွင် ပိတ်လှောင်ထားနိုင်ခဲ့သည်။

သို့သော် ချောင်ပိတ်မိနေသော ထိုရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ၏ အစွန်းရောက်စိတ်ဓာတ်ကို သူတို့ လျှော့တွက်မိခဲ့ကြသည်။ သူတို့က ရဲအရာရှိများနှင့်အတူ အသက်ကိုစွန့်လွှတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

သူရဲကောင်းနှစ်ယောက်ဟာ အခင်းဖြစ်ပွားရာနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျူးရှောင်ယွီမှာ လူသစ်အရာရှိတစ်ယောက်ကို ကယ်တင်ရင်း သူ့ခြေထောက်ကို ဆုံးရှုံးခဲ့ရသည်။

ထိုဖြစ်ရပ်အပြီး သူဟာ ပထမတန်းအဆင့် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရသော်လည်း မသန်စွမ်းတော့သောကြောင့် ရှေ့တန်းမှာ ဆက်လက်အမှုထမ်း၍ မဖြစ်နိုင်တော့ချေ။ ထိုအစား ဒေသဆိုင်ရာစစ်တပ်စခန်းတစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာခွန်အားကို သိပ်မသုံးရသည့် စာရေးရာထူးကို ယူခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူ့ဂုဏ်ပြုချီးမြှင့်မှုများမှတစ်ဆင့် ပုံမှန်ဆုလာဘ်များ ရရှိခဲ့ပြီး အစိုးရကလည်း လျော်ကြေးအနေနှင့် ငွေသောင်းဂဏန်းလောက် ပေးအပ်ခဲ့သည်။ ထို့ပြင် သူ့အဆက်အသွယ်များမှတစ်ဆင့် ဤရပ်ကွက်ထဲရှိ အိမ်တစ်လုံးကို လက်ရှိပေါက်ဈေးထက် ထက်ဝက်နည်းသောဈေးဖြင့် ဝယ်ယူနိုင်ခဲ့သည်။

သူတို့တပ်ဖွဲ့ထဲတွင် ကျူးရှောင်ယွီက သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး သူ့ကို လေးနှစ်တိတိစောင့်ဆိုင်းခဲ့သော မိန်းကလေးကလည်း မသန်စွမ်းဖြစ်သွားသော သူ့ကို စွန့်ပစ်ခြင်းမရှိသောကြောင့် သူလည်း အသက်ဆက်ရှင်ချင်စိတ် ဖြစ်လာခဲ့သည်။

"ကျူးရှောင်ယွီ မင်း ဘာတွေဖြစ်နေတာလဲ။ သုန်းကျီအဆင့်မြင့်ဟိုတယ်လို အဆင့်လောက်ရှိတဲ့နေရာမှာ မင်္ဂလာပွဲကျင်းပမယ်လို့ ပြောခဲ့တာမလား။ ကျန်းနန်နွေဦးဟိုတယ်လို နေရာမျိုးမှာ မင်္ဂလာဆောင်မယ်ဆိုတော့ မင်းက ငါတို့မိသားစုကို မျက်နှာပျက်အောင်လုပ်နေတာလား"

ကျူးရှောင်ယွီ၏မျက်နှာထက်တွင် ခါးသက်သက်အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ သူ့ချစ်သူက မိန်းမကောင်းတစ်ယောက် ဖြစ်သော်ငြား သူ့ယောက္ခမများကတော့ မတူပေ။

***************

All Chapters