← Chapters

အခန်း (၁၉၈-၁၉၉)

Vol. 14 Ch. 198-199

အခန်း (၁၉၈-၁၉၉)

Vol. 14 Ch. 198-199

Chapter 198: ယဲ့ယန်က ဘယ်သူလဲ

ကျောက်စိမ်းဂိုဏ်း တောင်တန်းဂိတ်မှာ ထိုက်ရှန်ဒေသ၌ ရှိ၏။

ရွှမ်ကျန်းဒေသနှင့် ထိုက်ရှန်ဒေသမှာ ယုကျောက်၏ တောင်ဘက်စွန်းနှင့် အနောက်ဘက်စွန်းတို့တွင် ရှိကြသည်။

သာမာန် ကျင့်ကြံမှုမရှိသူသာ လမ်းလျှောက်သွားလျှင် မတွေးနိုင်လောက်အောင် အချိန်ပေးရလိမ့်မည်။

သို့သော် ရှန်မိုကဲ့သို့ ခြေတည်ဝိညာဉ်အဆင့်မှာတော့ သိပ်မကြာပေ။

သူသာ အရှိန်မြှင့်၍ သွားပါက (၇) ရက်အတွင်းပင် ရောက်နိုင်၏။

သို့သော် သူ့အတွက် လောစရာမရှိပါ။

ထို့ကြောင့် ခပ်အေးအေးသာ သွားလေသည်။

တောင်တန်းများကို ဖြတ်ရာတွင် အခွင့်အရေး တွေ့မည်လားဟု ရှာဖွေရသေး၏။

တစ်ခါတစ်ရံ စိတ်ဝိညာဉ်သားကောင်အုပ််များကိုလည်း တွေ့ရသည်။

သူ ထိုကဲ့သို့ဘဝကို အလွန်ကျေနပ်နေမိ၏။

အမြဲ ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ဆုံးလျှင် ဘဝအတွက် အဓိပ္ပာယ်မရှိတော့ပေ။

…

ရက်အနည်းငယ် ကြာပြီးနောက်…

သင်္ဘောကြီးမှာ မြစ်ကြောင်းတစ်လျှောက် ဖြတ်သန်း၍ အနောက်ဘက်သို့ ဦးတည်လာလေသည်။

အနက်ရောင်ဝတ်ထားသော လူငယ်လေးမှာ ကုန်းပတ်ပေါ် ရပ်၍ ရေပြင်ကျယ်ကို ငေးကြည့်နေ၏။

ထိုမြစ်မှာ ရွှမ်ကျန်းဒေသထက်ပင် ကျယ်ဝန်းသေးသည်။

မြစ်သည် ကျင်းပြည်တော်၏ အနောက်မြောက်ပိုင်းတွင် မြစ်ဖျားခံ၍ အရှေ့တောင်ဘက်သို့ စီးဆင်းကာ ကန်ကျန်းမြစ်ဟု သိကြ၏။

ထိုလူငယ်လေးမှာတော့ ရှန်မို ဖြစ်လေသည်။

သူ့အရှိန်အဝါကို ဖုံးကွယ်ရန် အဝတ်အစားလဲကာ သင်္ဘောဖြင့် ထွက်လာခြင်း ဖြစ်သည်။

သင်္ဘောကြီး၏ ပန်းတိုင်မှာ ကျန်းပြည်တော်ကြီး၏ အကြီးဆုံးမြို့ ယုဟိုင်ကို ဖြစ်၏။

ယုဟိုင်မြို့သည် သယံဇာတကြွယ်ဝ၍ စီးပွါးရေး အားကောင်းသောကြောင့် ကျောက်စိမ်းဂိုဏ်းအတွင်း အရေးပါသောမြို့တစ်မြို့ ဖြစ်လေသည်။

အားလုံး အစီအစဉ်အတိုင်းမှန်လျှင် နောက် (၇) ရက်အတွင်း ရောက်လိမ့်မည်။

မြို့ထဲရောက်လျှင် ရှန်မိုမှ ကျောက်စိမ်းပြားကိုပြကာ တပည့်များမှ ဂိုဏ်းထဲသို့ ခေါ်ဆောင်သွားပေမည်။

“ဆရာ နေ့လယ်စာ အသင့်ဖြစ်ပါပြီ”

အနောက်ဘက်မှ ချိုသာသောအသံလေး ထွက်လာ၏။

ရှန်မို လှည့်ကြည့်လိုက်သောအခါ ပိန်ပိန်သွယ်သွယ်ဖြင့် နူးညံ့သော လူငယ်လေးကို တွေ့ရသည်။

လည်ပင်းမှ လည်ဇလုတ်ကြောင့်သာ မဟုတ်လျှင် မိန်းကလေးဟုပင် အထင်မှားနိုင်၏။

သင်္ဘောပိုင်ရှင် ကောင်းလုံ၏မြေး ကောင်းရီ ဖြစ်သည်။

သင်္ဘောငှါးရမ်းသော ရှန်မိုအတွက် အစားအစာများပါ စီစဉ်ပေးလေသည်။

“အခန်းထဲမှာ ထားလိုက်ပါ… ကျွန်တော် ခဏနေမှ စားလိုက်မယ်”

ရှန်မို ပြုံး၍ ပြန်ပြော၏။

“ကျင့်ကြံသူရှန် ခဏနေ သဲနက်ကျွန်းဆွယ်နား ရောက်ပါတော့မယ်… အဲ့နားမှာ ရေသရဲပေါ်လာတတ်လို့ ဂရုစိုက်ပါနော်”

ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။

ကောင်းလုံ၏ အတွေ့အကြုံအရပြောခြင်း ဖြစ်သည်။

အချို့မှာ ရေစပါးအုံးမြွေဟု ပြောပြီး အချို့လည်း ရေသရဲဟု ခေါ်သည်။ အတိအကျကို မသိကြသော်လည်း သင်္ဘောကြီးများ၊ ရေလုပ်သားများစွာကို ဖျက်ဆီးခဲ့ဖူး၏။

ထိုနေရာကိုဖြတ်သန်းရန် အနည်းဆုံး ခြေတည်အဆင့် ရှိထားမှဖြစ်မည်။

ပစ္စည်းများ တန်ဖိုးကြီးလျှင် ရွှေအချက်အချာအဆင့် ကျင့်ကြံသူကိုပင် ငှါးရတတ်၏။

ယခုနောက်ပိုင်း ထိုနယ်မြေကို ဖြတ်သန်းသူလည်း နည်းသွားသည်။

ကောင်းလုံလည်း ဆုလာဘ်များစွာရမည်ဖြစ်၍ လိုက်ပို့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုစဉ် အနောက်ဘက်မှ ခြေသံအချို့ ကြားရ၏။

ကျင့်ကြံသူ (၄) ဦးတို့ ကုန်းပတ်ပေါ် တက်လိုက်ပြီး ရယ်မောစကားပြောနေသည်။

သူတို့အတွက် ရေသရဲကို ဟာသဟုသာ ထင်လေသည်။

ထိုအဖွဲ့ ဦးဆောင်သူမှာ အသက်ကြီးကြီးဖြစ်ပြီး ဆံပင်ဖြူများ၊ မုတ်ဆိတ်ဖြူများဖြင့် လေးစားစရာပုံ ဖြစ်သည်။

အခြား (၃) ဦးမှ သူ့ကို ဂရုတစိုက် ဆက်ဆံနေကြောင်း သိသာပါသည်။

ရှန်မို လှမ်းကြည့်လိုက်၏။

လွန်ခဲ့သော ရက်ပိုင်းတည်းက သူတို့အမည်ကို သိထားပါသည်။

အဘိုးအိုအမည်မှာ မိုင်ဟေးဟီဖြစ်ပြီး အသက် (၃၀၀) ကျော်အရွယ် ရွှေအချက်အချာအဆင့် ဖြစ်၏။

သို့သော် ရွှမ်ကျန်းဒေသ၌ ရွှေအချက်အချာအဆင့် ခေါင်းဆောင်များ ရှိသော်လည်း ကန်ကျန်း၌ စိတ်ဝိညာဉ်စွမ်းအင် ပိုကြွယ်ဝသောကြောင့် ဤမျှအဆင့်မှာ မထူးဆန်းပေ။

“ဒီနားက ရေသရဲက ကြမ်းတယ်လို့တော့ ကြားဖူးပါတယ်… ကျွန်တော်တို့ (၃) ယောက်က ခြေတည်အဆင့်ပဲ ရှိသေးတော့ ဒုက္ခပဲနော်”

“ဘာစိုးရိမ်စရာရှိလဲ… အကြီးအကဲမိုင် တစ်ယောက်လုံး ရှိနေတာကို… ဒီလောက် ရေသရဲကတော့ အပျော့ပါ”

“ဟုတ်တယ် ဟုတ်တယ် အကြီးအကဲမိုင်ကို အားကိုးရမယ်”

အဘိုးအိုမှာ ရယ်မော၍

“ငါ့ကို အရမ်းမမြှောက်ပါနဲ့ကွာ… ထိုက်ရှန်ဒေသမှာဆို ဘာမှ မဟုတ်ပါဘူး… ဒါပေမဲ့ ရေသရဲလောက်ကတော့ နိုင်တာပေါ့”

သင်္ဘောပိုင်ရှင် ကောင်းလုံမှ ဦးညွှတ်လျက်

“အကြီးအကဲမိုင်ရှိတာ တော်ပါသေးတယ်ဗျာ”

မိုင်ဟေးဟီ ခေါင်းငြိမ့်ပြ၏။

ထို့နောက် ရှန်မို့အကြည့်ကိုတွေ့ကာ ပြုံး၍

“လူငယ်လေး ကုန်းပတ်ပေါ် တက်နေတာ ကြာပြီနော်… ရေသရဲကို တော်တော် စိုးရိမ်နေပုံပဲ”

ရှန်မို ပြုံး၍ ခေါင်းငြိမ့်ပြကာ

“ဟုတ်ပါ့ ရင်ဆိုင်ရမှာပေါ့ဗျာ”

ထို့နောက် သူ့ကံကြမ္မာကိုလည်း လှမ်းကြည့်မိသည်။

[လတ်တလော အလှည့်အပြောင်း: ယနေ့ည သဲနက်ကျွန်းဆွယ်နား ဖြတ်စဉ် သင်္ဘောအား ယင်တစ္ဆေ တိုက်ခိုက်၍ သေမလို ဖြစ်မည်။ ထိုအချိန်တွင် ယဲ့ယန် ပေါ်လာပြီး ယင်တစ္ဆေကို တိုက်ခိုက်ကာ ယင်ပုလဲကို ရယူမည်။ သို့သော် သူတို့တိုက်ပွဲကြောင့် မိုင်ဟေးဟီ ထိခိုက်ကာ ကန်ကျန်းမြစ်ထဲမှ အခြား ရေသရဲများ သတ်ဖြတ်ခြင်း ခံရမည်]

ရှန်မို မျက်မှောင်ကြုတ်ကာ ကျန် (၃) ယောက်ကိုပါ ကြည့်မိ၏။

“ဘာလို့လဲ…”

သင်္ဘောပေါ်မှ အားလုံး သေဆုံးကာ သူတစ်ဦးတည်း အသက်ရှင်မည် ဖြစ်သည်။

“အဲ့ဒီ ယဲ့ယန်က ဘယ်သူလဲ”

“သူတို့ တိုက်ပွဲက အဲ့လောက် ပြင်းထန်တယ်ဆိုတော့ အနည်းဆုံး ခြေတည်ဝိညာဉ် အစပိုင်းအဆင့် ရှိမယ်ထင်တယ်”

“ယင်ပုလဲက တကယ် ရှားပါးရတနာပဲ”

“ငါယူပြီး မွမ်းမံနိုင်ရင် သန့်စင်တဲ့ ယင်စွမ်းအင် ရမှာ”

ရှန်မို သေချာတွေးတောနေ၏။

ခြေတည်ဝိညာဉ်အဆင့်မှ ယင်စွမ်းအင်ရလျှင် ခြေတည်သရဖူကိုလည်း ဖန်တီးနိုင်သည်။

ခြေတည်သရဖူမှာ ကျင့်စဉ်များအတွက် စွမ်းအင် အရမ်းမကုန်အောင် ကူညီပေးသော အရာဖြစ်၍ တိုက်ခိုက်မှု၊ ကာကွယ်မှုများနှင့် မသက်ဆိုင်ချေ။

“ဒီယင်ပုလဲကို… ငါ ရအောင် ယူမယ်”

ရှန်မို ရေပြင်ကို တည်ငြိမ်စွာကြည့်လျက် တွေးလိုက်၏။

Chapter 199: ယင်တစ္ဆေ ဘယ်လိုရှိမှာလဲ

ညအချိန်။

သင်္ဘောကြီးမှာ တည်ငြိမ်စွာပင် ကူးခတ်နေ၏။

အရှေ့နားတွင် သဲနက်ကျွန်းဆွယ်သို့ ရောက်ရှိတော့မည်။

မကြာမီ မိုင်ဟေးဟီအပါအဝင် ကျင့်ကြံသူများ ကုန်းပတ်ပေါ် တက်လာကြ၏။

ပိုင်ရှင် ကောင်းလုံမှ ခေါင်းငြိမ့်ဦးညွှတ်၍ ကောင်းရီအား လက်ဖက်ရည်အေး ပြင်ခိုင်းလိုက်သည်။

ကျင့်ကြံသူ (၄) ဦးတို့ ရယ်မောပျော်ရွှင်လျက် ပြောဆိုနေကြသည်။

မိုင်ဟေးဟီသည် ခရီးများစွာသွားဖူး၍ ဗဟုသုတကြွယ်ဝသည်ကိုတော့ ဝန်ခံရမည်။

ရှန်မိုလည်း ဘေးမှ နားထောင်နေ၏။

“ရေသရဲ မပေါ်လာရင် ကောင်းမယ်… မဟုတ်ရင် ခက်ခက်ခဲခဲ တိုက်ခိုက်ရမှာ”

ကောင်းရီမှ မျက်လုံးလေးမှိတ်လျက် ဆုတောင်းနေသည်။

ထို့နောက် သူ ရုတ်တရက် တုန်သွားပြီး

“ဘာလို့ ချက်ချင်း အေးလာတာပါလိမ့်”

ရှန်မို ကြားသွားပြီး ရယ်မော၍

“ရေသရဲ တကယ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ”

ကောင်းရီ ခပ်တိုးတိုးဖြင့်

“ကျွန်တော်က ကျင့်ကြံသူတွေကို ကူညီရလောက်အောင်တော့ အင်အားမရှိဘူးလေ… ရွက်တိုင်ပဲဖက်ပြီး လွင့်မသွားအောင် နေရမှာပေါ့”

ရှန်မို ပြုံး၍ ခေါင်းငြိမ့်ကာ

“မဆိုးဘူး ဟုတ်တယ် အဲ့လိုလုပ်သင့်တာ”

“အခု ကြိုးသွားရှာထားလိုက်တော့… မကြာခင် ရေသရဲ ပေါ်လာတော့မယ်လို့ ခံစားရတယ်”

ကောင်းရီ လန့်သွား၏။

လှိုင်းများ အနည်းငယ်ထနေသော်လည်း အန္တရာယ်ရှိပုံတော့ မပေါ်ချေ။

“ကျင့်ကြံသူကြီး ကျွန်တော် ခုနက ကြက်သီးထတယ်လို့ ပြောမိလို့လား”

ရှန်မို ပြုံးကာ

“မင်းက ဉာဏ်ကောင်းတာပဲ”

ကောင်းရီ ချက်ချင်း ကြိုးကိုတင်းကြပ်စွာကိုင်၍ ရွက်တိုင်နှင့် သူ့ခန္ဓာကိုယ်အား တွဲချည်လေသည်။

မိုင်ဟေးဟီတို့မှာတော့ အံ့ဩစွာကြည့်နေရင်း ကောင်းရီ၏ အဖြေကြောင့် ထရယ်တော့သည်။

“ခုနထက် နည်းနည်းပိုအေးလာလို့ပါကွာ… အရမ်း မပိုပါနဲ့”

“ငါ့မှာ အနီးအနားက သားကောင်တွေကို ကြိုသိနိုင်တဲ့ စိတ်ဝိညာဉ် လက်နက် ရှိပါတယ်ကွ”

မိုင်ဟေးဟီ ကြေးမုံတစ်ချပ်ထုတ်ကာ ပြောလိုက်သည်။ ကြေးမုံပြင်မှာ ဝါးနေပြီး အနီးကပ်ကြည့်လျှင်ပင် မျက်နှာကို မမြင်ရချေ။

“တွေ့လား… ဒီမှာလင်းလာမှ သားကောင်ရှိတဲ့သဘောပဲ… တောက်ပလေ အင်အားကြီးလေ”

“ဒါပေမဲ့ အခု ဘာမှမှ မထူးခြားတာ”

မိုင်ဟေးဟီ လက်ပြ၍

“သူ့ကို ကြိုးဖြည်ပေးလိုက်ကြဦး”

ထို့နောက် ရှန်မို့ကိုကြည့်ကာ

“ကောင်လေး မင်း ကြောက်တတ်တာ သိပေမဲ့ သူ့ကိုပါ လိုက်ခြောက်မနေပါနဲ့ကွာ”

အခြားကျင့်ကြံသူ (၃) ဦးမှလည်း

“ဟုတ်တယ် အကြီးအကဲမိုင်လက်နက်က ဘာမှ အချက်မပြရင် ဘာမှမဟုတ်လို့ပဲ”

ရှန်မို ပြုံး၍

“စီနီယာမိုင်ရဲ့လက်နက်က သားကောင်အရှိန်အဝါကို သိနိုင်တယ်ဆိုပေမဲ့ ရေထဲက သားကောင်မဟုတ်ရင်ရော”

မိုင်ဟေးဟီ ခဏကြောင်သွားသည်။

သူပြောတာ မှန်နေ၏။

“မဖြစ်နိုင်တာ မကောင်းဆိုးဝါးလည်း မလွတ်ဘူးလို့ ပြောတာပဲ”

“အနီးအနားက မြုတေဖွဲ့စည်းခြင်းအဆင့်တွေပြောတာ ရေသရဲပဲ အလွန်ဆုံးရှိတယ်တဲ့”

သူ သေချာစဉ်းစားပြီးနောက် ခေါင်းယမ်း၍

“ကောင်လေး မင်း အတွေးလွန်နေပြီ… ဒီနယ်မြေမှာ ယင်ဝိညာဉ်ရှိတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး”

သူ ပြောရင်း အေးစိမ့်စိမ့်ခံစားချက် ပိုပြင်းထန်လာသည်။

ကောင်းရီ အသက်ရှူရပ်မတတ်လန့်၍ မျက်လုံးလည်း

ပြူးနေသည်။

မိုင်ဟေးဟီတို့ တစ်ခုခုမှားနေကြောင်း သိလိုက်၏။

“ရောက်လာပြီ”

ရှန်မို လှမ်းကြည့်ရင်း တည်ငြိမ်စွာ ဆိုသည်။

ဂါး!

ကြောက်စရာအသံနက်ကြီး ပေါ်လာပြီး မကြာမီ (၁၀) ပေခန့်ရှည်သော ပုံရိပ်မှ သင်္ဘောကြီးအား အုပ်မိုးလိုက်သည်။

သင်္ဘောကုန်းပတ်၌ တဂျွတ်ဂျွတ် ကျိုးအက်သံများ ထွက်လာ၏။

ပိုင်ရှင် ကောင်းလုံမှာ မယုံနိုင်စွာဖြင့်

“ငါ့သင်္ဘောက သံသစ်သားနဲ့ လုပ်တာလေ… အဆင့် (၄) သားကောင်တောင် မတိုက်ခိုက်နိုင်ဘူး… ဒါက…”

မိုင်ဟေးဟီတို့လည်း အလွန်ထိတ်လန့်ကြောက်ရွံ့နေ၏။

ထိုပုံရိပ်၏ အမွေးနက်ကြီးများမှာ ပေဝက်ခန့်ရှည်ပြီး ထူထဲလွန်းသော်လည်း မျက်လုံးနီနီ၊ သွားစွယ်ဖွေးဖွေးမှာတော့ ထင်းနေသည်။

မျက်စိတစ်မှိတ်အတွင်း မြစ်ပြင်ကြီးမှာ ရေခဲသွားသည်။

“ယင်တစ္ဆေ”

ခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး အော်ဟစ်၍ ပြေးရန် ပြင်သော်လည်း ယင်တစ္ဆေမှာ ပိုမြန်၍ သူ့ကိုလှမ်းဖမ်းကာ တို့ဟူတုံးကဲ့သို့ အလွယ်တကူ ကိုက်စားလိုက်၏။

အခြား (၂) ဦးလည်း တုံ့ပြန်ချိန်ပင် မရှိလိုက်ဘဲ ဖမ်းစားခံရပြန်သည်။

မိုင်ဟေးဟီ မျက်လုံးပြူးကာ လှမ်းကြည့်နေ၏။

ဤကဲ့သို့ အရှိန်နှင့်အင်အားမှာ သာမာန် ယင်တစ္ဆေ မဟုတ်ချေ။

အဆင့် (၄) ထိပ်ဆုံး ရှိနိုင်သည်။

မိုင်ဟေးဟီ ကောင်းမြေးအဖိုးအား လှမ်းကြည့်မိသည်။

ကိုယ့်ကိုခေါ်လာသည့် သင်္ဘောပိုင်ရှင်ကို မစွန့်ပစ်နိုင်ပါ။

သူ အသက် (၃၀၀) ကျော်နေလာသည့်တစ်လျှောက် အင်အားသာမက ဂုဏ်သိက္ခာကိုပါ တည်ဆောက်ခဲ့၏။

“ခင်ဗျားတို့ သွားကြတော့”

“ဒီစိတ်ဝိညာဉ်လက်နက်ကို ယူသွား… ဒါနဲ့ဆို ရေအောက်ထဲ သွားနိုင်လိမ့်မယ်… ငါ အချိန်ဆွဲထားတုန်း ကုန်းပေါ်ရောက်အောင်သာပြေး”

မိုင်ဟေးဟီမှ ထူးဆန်းသော လက်နက်တစ်ခု လှမ်းပစ်ပေးရင်း ပြော၏။

“ဒီမကောင်းဆိုးဝါးကောင်”

သူ ဒေါသတကြီးအော်၍ ဓားထုတ်ကာ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေလိုက်သည်။

ထိုအခါ ဓားတွင် မီးများတောက်လာပြီး မကောင်းဆိုးဝါးထံ ထိုးချလိုက်၏။

ထိုဓားချက်မှာ ယင်တစ္ဆေအတွက် ကြီးကြီးမားမား မထိခိုက်သော်လည်း လှုပ်ရှားမှုအတွက် အနှောင့်အယှက် ဖြစ်စေပါသည်။

ကောင်းလုံတို့ မြေးအဖိုးလည်း တုန်တုန်ရီရီဖြင့် လက်နက်ကို လှမ်းယူကာ

“ကျေးဇူးတင်ပါတယ် အကြီးအကဲမိုင်ရယ်”

ကောင်းလုံ ဦးညွှတ်ကာ ပြေးရန် ပြင်လေသည်။

သို့သော် မိုင်ဟေးဟီအား သွေးမြှားဖြင့် မှုတ်ထုတ်ကာ သူ မတုံ့ပြန်နိုင်မီပင် ကောင်းမြေးအဖိုးအား လှမ်းဖမ်းသည်။

“တကယ့် ယင်တစ္ဆေပဲ”

“ဒီလောက် ခရီးတွေသွားခဲ့တာ ဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားဘူး”

ထိုစဉ် စိတ်ဝိညာဉ်စွမ်းအင်တစ်ခုကို ခံစားမိ၏။

အနက်ရောင်အရိပ်မှာ လျင်မြန်စွာဖြင့် ကောင်းမြေးအဖိုးရှေ့တွင် ပေါ်လာသည်။

ယင်တစ္ဆေမှ လက်သည်းဖြင့် ပြင်းထန်စွာ ကုတ်ချသော်လည်း အရိပ်နက်မှာ ခပ်အေးအေး ခုခံလိုက်နိုင်၏။

မိုင်ဟေးဟီ လှမ်းကြည့်ရင်း မျက်လုံးပြူးသွားသည်။

ဒီလူငယ်လေး သင်္ဘောပေါ် တက်လာတုန်းက ခြေတည်အဆင့်လို့ ပြောခဲ့တာ မဟုတ်ဘူးလား… အဆင့် (၄) ယင်တစ္ဆေကို ဘယ်လို ခုခံနိုင်တာလဲ။

All Chapters