အခန်း (၂၀၄-၂၀၅)
Vol. 14 Ch. 204-205
Chapter 204: စီိနီယာက ကလေးမလေးပဲ
ရှန်မို အရှေ့ကိုဆက်ကြည့်လိုက်သောအခါ ကျောက်စားပွဲဘေးတွင် လူတစ်ယောက် တွေ့ရ၏။
သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ကျောက်စိမ်းဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲဝတ်ရုံကို ဝတ်ဆင်ထားသည်။
“ဟင် ခုနကစကားပြောနေတာ နှစ်ယောက် မဟုတ်ဘူးလား… ဘာလို့ အခု တစ်ယောက်တည်းလဲ”
ရှန်မို အံ့ဩသွားကာ ထိုစားပွဲအနား လျှောက်လာသည်။
အကြီးအကဲမှာ မျက်နှာငယ်ဖြင့်
“ပြောင်းလဲခြင်းဆေးရည် (၁) ပုလင်းပဲ ချေးပေးလို့ မရဘူးလား”
စားပွဲအောက်မှ အသံဩဩတစ်ခု ပြန်ထွက်လာသည်။
“သွားစမ်းပါ… မင်းရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေရော၊ ဆေးတွေရော အကုန်ကုန်ပြီးပြီလေ… မင်းနဲ့ အချိန်မဖြုန်းနိုင်ဘူး”
“ပစ္စည်းရှိမှ ရတနာတိုက်မှာ ပြောင်းလဲခြင်းဆေးရည်နဲ့ သွားလဲ… ပြီးမှ လောင်းဖို့ ပြန်လာပေါ့”
အကြီးအကဲ သက်ပြင်းချ၍ ထွက်သွားရန် ပြင်လိုက်သောအခါ ရှန်မို့ကို တွေ့ရလေသည်။
“မိတ်ဆွေကြီး သူ့ကို သတိထားနော်… အရမ််း ကြမ်းတယ်”
သူ ပြောနေရင်း မျက်နှာကိုအုပ်ကာ ထွက်သွားတော့သည်။ မျက်ရည်ကျသည်ကို ဖုံးကွယ်ရန် ဖြစ်၏။
ရှန်မို ရှုံ့မဲ့သွား၏။
“ဟေ့ မင်းရော လောင်းကစားလုပ်ဖို့ လာတာလား”
တစ်ဖက်မှ အသံထွက်လာသည်။
ရှန်မို စားပွဲအောက်ကို ကြည့်လိုက်သောအခါ မိန်းကလေးသေးသေးလေးတစ်ဦးကို တွေ့ရသည်။
ထိုမိန်းကလေးမှာ အစိမ်းတောက်တောက် ဂါဝန်ဝတ်ဆင်လျက် ဖြူသွယ်သော ခန္ဓာကိုယ်မှာ ပိုထင်ပေါ်နေသည်။
သူသာ စကားမပြောလျှင် အသက် (၈) နှစ်ဝန်းကျင် ကလေးမဟုပင် ထင်နိုင်၏။
သို့သော် စကားသံထွကိလာသည်နှင့် ပုံရိပ်ယောင် ပြိုကွဲသွားတော့သည်။
“ဟေ့ ဟေ့ ငါ ပြောနေတာ ကြားလား… လောင်းမှာလား မလောင်းဘူးလား”
“ငါ့ဟာငါ အလုပ်ရှုပ်နေတာနော်… အချိန်လာမဖြုန်းနဲ့”
မိန်းကလေးမှ လက်ကလေးပိုက်လျက် စိတ်မရှည်စွာ ပြောလေသည်။
ရှန်မို ဦးညွှတ်လျက်
“ကျွန်တော် လောင်းကစားလုပ်ဖို့ လာတာ မဟုတ်ပါဘူး”
“ဒါဆိုလည်း သွားတော့”
မိန်းကလေးမှာ ကျောက်စားပွဲပေါ်တက်၍ အံစာ (၃) တုံးအား သေချာ စီနေသည်။
ရှန်မို ပြုံး၍
“ကျွန်တော်က ရှန်မိုပါ… အကြီးအကဲလု ခန့်ထားလို့ တောင်ထိပ် (၁၀) မှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်မယ့်သူပါ”
“လု… အဟွတ် အဟွတ်”
မိန်းကလေး လန့်သွားကာ အသက်မနည်းရှူ၍ ရှန်မို့အရှေ့ ချက်ချင်းရောက်လာသည်။
သူ့မျက်လုံးဝိုင်းများဖြင့် ရှန်မို့ကို ခေါင်းအစခြေအဆုံး ကြည့်ပြီးနောက်
“အဲ့တော့ မင်းက ဟိုမြည်းလေး ခန့်လိုက်တဲ့ ပါရမီရှင်ပေါ့… သူ ကြိုတော့ ပြောထားပါတယ်”
“မြည်းမဟုတ်ပါဘူး… ဟို လုလို့ပြောတာ”
“အဟမ်း… ငါက မင်းရဲ့စီနီယာ ကျောက်ယောင်လု… ဒီတောင်ထိပ် (၁၀) မှာ အဆင့်အမြင့်ဆုံးထဲ ပါတယ်”
သူ ခါးထောက်လျက် ခပ်တည်တည် ပြော၏။
ရှန်မို သေချာကြည့်၍
“အဆင့်အမြင့်ဆုံးက အကြီးအကဲ (၁၀) မဟုတ်ဘူးလား”
သူ နှာခေါင်းရှုံ့ကာ
“ဟင်း… အဲ့အဘိုးကြီးက ဘာမှမဟုတ်ပါဘူး… သူက အနီအောက်ဒေသတွေမှာပဲ အချိန်ကုန်နေတာ… ငါပဲ ရိက္ခာရှာတာကအစ ဒီက ကိစ္စအကုန်လုံး လုပ်ရတယ်”
သူ မကျေမနပ် ပြန်ပြော၏။
ရှန်မို စားပွဲပေါ်မှ အံစာတုံးများကို လှမ်းကြည့်မိသည်။
“ဟုတ်တယ်… ငါ အဲ့ဒါနဲ့ ရှာဖွေနေရတာ”
ကျောက်ယောင်လု ဂုဏ်ယူစွာ ပြန်ဖြေသည်။
“စီနီယာ ကျွန်တော့်ကို တောင်ထိပ် (၁၀) အကြောင်း ပြောပြပေးပါလား”
ကျောက်ယောင်လု အံ့ဩသွားပြီး
“ဘာပြောစရာ ရှိလို့လဲ… ဒီအတိုင်း တောင်တစ်ခုမှာ အဆင့် (၁၀) အကြီးအကဲနဲ့ ခြေတည်ဝိညာဉ်အဆင့် အကြီးအကဲ (၂) ယောက်ရှိတယ်… ဪ အခု မင်းနဲ့ဆိုရင် အကြီးအကဲ (၃) ယောက်ပေါ့”
“တပည့်တွေတော့ မရှိဘူး”
“…”
ရှန်မို စွံ့အနေ၏။
နည်းလေ ကောင်းလေဟူသည့်ပုံဖြင့် ဂုဏ်ယူနေပုံပင်။
“အလုပ်က ဘာလုပ်ရမှာလဲ”
ကျောက်ယောင်လု ပြန်မေးလိုက်၏။
“သားကောင် ထိန်းချုပ်တာပါ… နဂါးတောင်တန်းမှာ”
ကျောက် မျက်မှောင်ကြုတ်သွားပြီး
“ဘာ… ဘယ်သူက အဲ့တာဝန်ချပေးတာလဲ”
“အကြီးအကဲအဆောင်မှ ရှိနေတာ ဘယ်သူလဲ”
“ဒုတိယအကြီးအကဲပါ”
ရှန်မို ပြန်ဖြေလိုက်၏။
ကျောက်ယောင်လု ဒေါသထွက်ကာ
“ဒီအဘိုးကြီးကတော့… တောင်ထိပ် (၁၀) ကို ပြဿနာနက်အောင် တမင်သက်သက် လုပ်တာ”
“မြွေနဂါးတောင်က အဲ့လောက် ဆိုးတာလား”
ရှန်မို ပြန်မေးမိ၏။
ကျောက် တောက်တစ်ချက်ခေါက်၍
“အဲ့နေရာက လုံးဝ ကပ်ဆိုက်နေတာ… စိတ်ဝိညာဉ်သားကောင်သွေး နည်းတယ်”
“မင်းသွားရင် အမှတ်တွေ၊ ရတနာတွေ မရတဲ့အပြင် ပြန်တောင်ဆုံးရှုံးဦးမယ်”
“အဲ့လိုဆို ရာထူးမတိုးဘဲ ဒီနေရာမှာ လည်နေမှာ”
“ဟာ… တွေးရင်း ပိုဒေါသထွက်လာပြီ”
“ငါ အဆင့်တက်လို့ကတော့ တောင်ထိပ် (၂) သွားပြီး လည်ကိုလိမ်ချိုးပစ်ဦးမယ်”
သူ့စကားကြောင့် ရှန်မို နွေးထွေးသွား၏။
တောင်ထိပ် (၁၀) မှာ အချင်းချင်း အတော် ကာကွယ်ပေးကြပုံပင်။
“ဒါနဲ့ မင်းရဲ့ ကျောက်စိမ်းပြားရော”
ရှန်မို သူရလာသော ကျောက်စိမ်းပြားကို ထုတ်ပြလိုက်သည်။
တစ်ဖက်တွင် (၁၀) ဟု ရေးထိုးထားပြီး အခြားတစ်ဖက်တွင် ရှန်မို့အဆင့်ဖြစ်သော ပထမအဆင့် အကြီးအကဲဟု ရေးထားသည်။
“မင်းက ပထမအဆင့်နဲ့ ဘာလုပ်ဆောင်ချက်မှ မရှိသေးဘူးဆိုတော့ တင်းအဆင့် ဆု (၂) ခုပေးလိုက်မယ်”
“ရတနာတိုက်ကိုသွားပြီး လိုတာတွေလဲလိုက်ပေါ့… မဟုတ်ရင် မင်း ဟိုမှာ လုံးဝ ရှုံးလိမ့်မယ်”
ကျောက် သူ့ကျောက်စိမ်းပြားကိုဖိ၍ လွှဲပေးလိုက်၏။
“ဂျူနီယာလေး မင်း မြွေနဂါးတောင်မှာ အဆင်မပြေရင် ငါ့ကိုပြောနော်… လူတိုင်း ရှင်သန်နိုင်ဖို့တော့ မလွယ်ဘူး”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ဤသို့ဖြင့် သူ ရတနာတိုက်ဆီ ထွက်လာခဲ့သည်။
ထိုစဉ် နဂါးဟိန်းသံတစ်ခု ခပ်လှမ်းလှမ်းဆီမှ ကြားရ၏။
ရှန်မို အံ့ဩစွာဖြင့်
“စီနီယာ အဲ့ဒါ ဘာအသံလဲ”
“အဲ့ဒါက ကျောက်စိမ်းဂိုဏ်းရဲ့ အစောင့်အရှောက် စိတ်ဝိညာဉ်သားကောင် မီးနဂါးလေ… သူက လူစကားလည်း ပြောတတ်တယ်… ဟိုးအရင် တည်ထောင်သူ လက်ထက်တည်းက စောင့်ရှောက်လာတာ”
“ဒါဆို သူ့အသံက ဘာလို့ ဝမ်းနည်းနေသလို ဖြစ်နေတာလဲ”
“ဪ ချစ်သူမရှိတော့ အထီးကျန်လို့ ဖြစ်မှာပေါ့”
“…”
ရှန်မို စွံ့အသွားသည်။
ထို့နောက် ကျောက် အသံခပ်တိုးတိုးဖြင့်
“အစက ဂိုဏ်းဘက်ကနေ စပါးအုံးမြွေကြီးတွေနဲ့ စီစဉ်ပေးသေးတယ်… ဒါပေမဲ့ စပါးအုံးမြွေကြီးတွေက အဆင့်နိမ့်တော့ နဂါးရဲ့အင်အားကို ခံနိုင်ရည်မရှိဘူး”
“အဲ့လိုနဲ့ ဝမ်းနည်းစရာ ဖြစ်တာပေါ့”
အင်အားကြီးလေ မျိုးဆက်ပွါးရန် ခက်ခဲလေဖြစ်သည်။
ကျောက် တစ်ခုခုကို သတိရသွားပြီး
“ပြောဖူးတာတော့ အရင်တည်ထောင်သူလက်ထက်က မီးနဂါးမှာ အဖော်ရှိတယ်တဲ့… အဲ့မြွေမက ဥတောင် ချပြီးပြီ… ဒါပေမဲ့ တိုက်ပွဲကြီးတစ်ခုမှာ အသတ်ခံရပြီး ဥလည်း ကန်ကျန်းမြစ်ထဲ ကျသွားတယ်တဲ့”
“အဲ့အချိန်ကစပြီး ဥကိုလည်း ပြန်ရှာမတွေ့တော့ဘူး”
“ဪ ဒါနဲ့ လုလေးက ခေါင်းဆောင်ခိုင်းလို့ အဲ့ဥ လိုက်ရှာနေတာလေ”
ရှန်မို ထိုအခါမှ သဘောပေါက်သွားတော့၏။
နဂါးကြီးမှာ ခဏ ထပ်အော်ပြီးနောက် ငြိမ်ကျသွားသည်။ တပည့်များမှာတော့ ပုံမှန်အခြေအနေကဲ့သို့ မည်သူမျှ ဂရုမစိုက်ကြချေ။
“စီနီယာ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်”
ရှန်မို ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွားတော့သည်။
ကျောက် သူ့ကို လှမ်းကြည့်ရင်း တွေးမိ၏။
“ဒီကောင်လေးရဲ့ အရိုးသက်က (၂၂) ပဲ ရှိသေးတယ်… အသက် (၂၉) မှာ ခြေတည်ဝိညာဉ်အဆင့်တက်နိုင်တဲ့ အငယ်ဆုံး ယဲ့ယန်ထက်တောင် ငယ်သေးတာပဲ”
“လုလေးကတော့ ဒီလိုလူကို ခေါ်လာနိုင်တယ်တဲ့… ဟားဟားဟား”
…
ထိုအချိန်တွင်။
ရှန်မို ရတနာတိုက်သို့ သွားရင်း ကျောက်၏ ကံကြမ္မာစနစ်ကို ပြန်တွေးနေသည်။
[အမည်: ကျောက်ယောင်လု]
[အဆင့်: ပြီးပြည့်စုံခြင်း ပဉ္စမအဆင့်]
[ကံကြမ္မာ: တစ္ဆေဧကရာဇ် သမီးတော်၊ ကံဆိုးမှုများကို ကျင်လည်သူ၊ သေရာမှလွတ်နိုင်ပြီး မွေးရာပါ သွေးစွမ်းအင် ပိတ်ခံရ၊ တစ္ဆေ (၅) ကောင်ဝိညာဉ် ခန္ဓာကိုယ်]
ရှန်မို သေချာ ကြည့်နေ၏။
ကံဆိုးမှုကျင်လည်သူဖြစ်၍ အခွင့်အရေး ထပ်ရှိမည် မဟုတ်ချေ။
တစ္ဆေဧကရာဇ်သမီးတော်လား… လူတွေက စောင့်ရှောက်ခဲ့တာလား။
တစ္ဆေမျိုးနွယ်… နတ်ဆိုး (၁) သောင်းနယ်မြေ။
ကျောက်ယောင်လု၌ ထိုကဲ့သို့ နောက်ကြောင်းရှိနေမည်ဟု မထင်ထားချေ။
တစ္ဆေမျိုးနွယ်အကြောင်းကို နတ်ဓားဂိုဏ်းမှရသော စာအုပ်ထဲတွင်တော့ ဖတ်ဖူး၏။
Chapter 205: မြွေနဂါးတောင်သို့ ထွက်ခွါခြင်း
အချို့သားကောင်များမှာ ဉာဏ်ရည်မြင့်သောကြောင့် ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးမျိုးနွယ်အဖြစ် ခွဲထွက်လိုက်ကြ၏။
ထိုနတ်ဆိုး (၁) သောင်းနယ်မြေတွင် နတ်ဆိုးမျိုးနွယ်ပေါင်းများစွာ ရှိလေသည်။
နတ်တစ္ဆေမျိုးနွယ်သည်လည်း ထိုသို့သော မျိုးနွယ်ခွဲဖြစ်၏။
သူတို့မှာ ထူးခြားပြီး သားကောင်လည်းမဟုတ် တစ္ဆေအစစ်လည်းမဟုတ်ချေ။ လူကဲ့သို့ အသွင်အပြင်သာဖြစ်ပြီး တိုက်ပွဲများ၌ တစ္ဆေပုံစံ ပေါ်လာတတ်၏။
ပြောရလျှင် နတ်ဆိုးထက် လူသားမျိုးနွယ်နှင့် ပိုတူသည်။
မျိုးနွယ်ဝင်များမှာ အလွန်အားကောင်းစွာ မွေးဖွားလာသော်လည်း ကံဆိုးတတ်၍ နတ်ဆိုး (၁) သောင်းနယ်မြေပင် တဖြည်းဖြည်း ပျက်စီးလာသည်ဟု ဆိုကြသည်။
ထိုဆကာလာဟများမှာ နှစ်ပေါင်းများစွာတည်းက ပေါ်ထွက်ခဲ့ပြီး နောက်ဆုံးတွင် နတ်ဆိုးဧကရာဇ်မှ နတ်တစ္ဆေမျိုးနွယ်စုအား ရှင်းလင်းပစ်လိုက်၏။
ထို့ကြောင့် ထိုမျိုးနွယ်တစ်ဦးကို ယုကျောက်၏ ထိပ်တန်းဂိုဏ်း (၃) ဂိုဏ်းထဲပါဝင်သော ကျောက်စိမ်းဂိုဏ်း၌ တွေ့ရမည်ဟု မထင်ထားချေ။
ထို့အပြင် နတ်တစ္ဆေဘုရင်၏ မျိုးဆက်အစစ်လည်း ဖြစ်၏။
“စိတ်ဝင်စားစရာပဲ… ယုကျောက်ကို လာလိုက်တာ မှန်သွားတယ်”
“တကယ် အံ့ဩစရာတွေ ရှိနေတယ်”
ရှန်မိုပြုံးကာ တွေးရင်း ရတနာတိုက်ရှေ့တွင် ဆင်းသက်လိုက်သည်။
ရတနာတိုက်မှာ အလွန်ခမ်းနားပြီး လှပလွန်း၏။
တပည့်များနှင့် အလုပ်သမားများ ဝင်ပေါက်ဆီသို့ ရောက်လာကြသည်။
ရှန်မိုမှာ ပထမအဆင့် အကြီးအကဲဝတ်ရုံ ဝတ်ဆင်ထားသောကြောင့် တလေးတစား ဦးညွှတ်နှုတ်ဆက်လိုက်၏။
အချို့မှာတော့ ထူးဆန်းစွာကြည့်နေသည်။
ဂိုဏ်းထဲ၌ အကြီးအကဲများစွာ ရှိလေသည်။
ရှန်မို အထဲဝင်လာသောအခါ (၉) လွှာရှိသည်ကို တွေ့ရ၏။
အထပ် (၁)၊ (၂)၊ (၃) တို့တွင် အပြင်ဂိုဏ်းတပည့်၊ အတွင်းဂိုဏ်းတပည့်နှင့် အဓိကတပည့်များ ရှိသည်။
အထပ် (၄) မှ (၉) အထိမှာတော့ အကြီးအကဲများအတွက် ဖြစ်၏။ အထပ်တိုင်းတွင် ဝင်ရောက်ရန် အဆင့်သတ်မှတ်ချက်များ ရှိလေသည်။
သူ (၄) လွှာသို့ တက်လာသောအခါ အားလုံးနီးပါး ခြေတည်ဝိညာဉ်အဆင့် ဖြစ်ကြသည်။
ရှန်မို ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပြီး ရတနာများမှာ သိမ်မွေ့နက်နဲခြင်းအဆင့် အလယ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းဟူ၍ တွေ့ရသည်။
မြေအဆင့်တွင် အဆင့်နိမ့် အသွင်ပြောင်းဆေးရည်သာ တွေ့ရသည်။
ထိုဆေးရည်မှာ ခြေတည်ဝိညာဉ်များ အဆင့်တက်ရန်အတွက် အရေးကြီး၏။
ထို့နောက် သူ အဆင့်မြင့်ဆေးရည်ကိုပါ သွားကြည့်လိုက်သည်။
“အဟွတ်… ဈေးကြီးတယ်ဟ”
ရှန်မို မသိချင်ယောင်ဆောင်၍ အခြား သားကောင်ထိန်းချုပ်ရေးပစ္စည်းများကို အာရုံစိုက်လိုက်သည်။
“နတ်ဆေးမြက်နဲ့ အခွံဖြူသီး နှစ်ခုလုံးက နတ်ဆိုးသားကောင်တွေကို ပေးဖို့ ကောင်းတာပဲ”
“ဒီနှစ်ခုပဲ အရင်လဲထားလိုက်မယ်”
“နောက်လိုမှ ထပ်လာလဲလည်း ရတာပဲ”
ထိုပစ္စည်းများမှာ အဝါအဆင့်ထိပ်တန်းရတနာများ ဖြစ်သည်။
အသုံးဝင်သော်လည်း ဈေးအရမ်းမကြီးပေ။
ရှန်မို ပစ္စည်းများ လဲပြီးသောအခါ သိုလှောင်လက်စွပ်ထဲသိမ်း၍ မြွေနဂါးတောင်သို့ စတင် ထွက်ခွါလေတော့သည်။
…
တောင်ထိပ် (၃)။
ဟီထျန်းချောင်တစ်ယောက် အကြီးအကဲ၏ ပုခုံးနှင့် ခြေထောက်များကို နှိပ်နယ်ပေးနေသည်။
“ဆရာ အဲ့ရှန်မိုကို ဘယ်လိုလုပ်လိုက်ရမလဲ”
“ကျွန်တော်ကတော့ တကယ် ဝင်မပါချင်ဘူး”
အကြီးအကဲမှာ ပြုံးလျက်
“နောက်ကျသွားပြီ… မင်း ဝင်ပါပြီးနေပြီ”
ဟီထျန်းချောင် လန့်သွားကာ
“ဘာလို့ အဲ့လိုထင်တာလဲဗျ”
“ယန်ချီယဲ့က ရှန်မို့ကို မြွေနဂါးတောင်မှာ တာဝန်ချပေးလိုက်တယ်လို့ ကြားတယ်”
ဟီထျန်းချောင် မှင်တက်နေသည်။
ယန်ချီယဲ့မှာ အကြီးအကဲ (၂) ဖြစ်၏။
မြွေနဂါးတောင်သည် ယုဟိုင်မြို့နှင့် အလွန်နီးပြီး မည်မျှ ဝေးချင်ပါစေ ကံကြမ္မာမှာ မဖြစ်နိုင်တော့ပေ။
“ယန်ချီယဲ့က ငါတို့ကို စမ်းသပ်တာပဲ… ငါတို့ တောင်ထိပ် (၃) က အမြဲ ကြားနေပဲ ရှိခဲ့တာကိုး”
ဟီထျန်းချောင် မျက်မှောင်ကြုတ်လျက်
“အဲ့ဒါဆိုရင်…”
“အရမ်းလည်း မရင်းနှီးနဲ့… အရမ်းလည်း မဝေးစေနဲ့… တရားဝင်အတိုင်း အရင်လို လုပ်ပေါ့… အပြောင်းအလဲရှိရင်လည်း ငါ ချက်ချင်း ပြောပေးမယ်”
“ဟုတ်ကဲ့ အဲ့လိုပဲ ကောင်းပါတယ်”
“ကဲ အခုပြန်တော့လေ… ရှန်မိုက မြွေနဂါးတောင် သွားပြီဆိုတော့ မင်း သူနဲ့အဆက်အသွယ် မပြတ်စေနဲ့”
“နားလည်ပါပြီ ဆရာလည်း ဂရုစိုက်ပါ”
ဟီထျန်းချောင် နှုတ်ဆက်ကာ ပြန်လာခဲ့သည်။
သူ ထွက်သွားပြီးမှ အကြီးအကဲသည် မျက်လုံး ဖြည်းဖြည်းချင်းဖွင့်လာပြီး
“ဂိုဏ်းတစ်ခုတည်းမှာ ပါရမီရှင်လူငယ် (၂) ယောက် ဖြစ်လာတာပဲ… သူတို့ချင်း ပြေလည်ဖို့ မျှော်လင့်ပါတယ်… မဟုတ်ရင် ကောင်းစရာမရှိဘူး”
…
ယုဟိုင်မြို့ပြင်၊ မြွေနဂါးတောင်တန်း။
တောင်တန်းသည် အလွန်ရှည်လျားပြီး တောင်မှမြောက်သို့ သွယ်တန်းနေသည်။
ရှန်မို တောင်တစ်လျှောက် ပတ်ကြည့်ပြီးနောက် ဂိတ်တံခါးထံ သွားလိုက်၏။
ထို့နောက် တံခါးခေါက်ကာ
“မြွေနဂါးတောင် အရင်းအမြစ်တွေ စီမံရေးအတွက် တာဝန်ကျတဲ့ အကြီးအကဲရှန်မို…”
သူ့စကားမဆုံးမီပင် ဂိတ်တံခါးပွင့်သွား၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မျက်တွင်းဟောက်ပက်ဖြင့် အလောတကြီး ရောက်လာသည်။
ထို့နောက် ရှန်မို့ကိုကြည့်ကာ မျက်လုံးအရောင်လက်သွားပြီး
“နောက်ဆုံး… နောက်ဆုံးတော့ လူသစ် ရောက်လာပြီ”
“ဒီနေ့ကို ဘယ်လောက်တောင် စောင့်နေခဲ့ရလဲ သိရဲ့လား”
သူ လက် (၁၀) ချောင်း ထောင်ပြ၍
“(၁၀) နှစ်ဗျ… (၁၀) နှစ်”
“ဒီမြွေနဂါးတောင်မှာ ပိတ်မိနေတာ (၁၀) နှစ်ရှိပြီ… အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ”
“အခုတော့ ငါ့တာဝန်တွေယူပေးမယ့်သူ ရောက်လာပြီ”
သူ အားရပါးရ ရယ်မောကာ ပြော၏။
“ရှန်မို အကြီးအကဲရှန် ဟုတ်တယ်နော်… ကျွန်တော် ချန်ဖန်ယုံး ထွက်သွားပါတော့မယ်… ဒီနေရာကို အပ်ပါတယ်နော်”
သူ ချက်ချင်း ပျံသန်းပျောက်ကွယ်သွားတော့၏။
ရှန်မိုမှာ စွံ့အ၍သာ ကျန်ခဲ့သည်။
ဘာမှ သေချာလက်မလွှဲခဲ့ဘဲ ပျောက်သွားတာလား။
ထွက်သွားသော အကြီးအကဲမှာ ပျံသန်းရင်း တွေးမိသည်။
“အဟမ်း… ဒီလောက်ငယ်တဲ့ ပါရမီရှင်လေးက ကံဆိုးလိုက်တာ… ဟို… အကြီးအကဲပေါ့လေ”
တစ်ဖက်တွင် ရှန်မို့အနီးသို့ လူတစ်ဦး ရောက်လာ၏။ သူ့ပုံစံမှာ မြုတေဖွဲ့စည်းခြင်း အစပိုင်းအဆင့်သာ ရှိသေးသည်။
ထိုလူမှာ ရှန်မို့ရှေ့တွင် ဒူးထောက်ချလိုက်၏။
ရှန်မို ချက်ချင်း ပြန်ထူပေး၍
“မလုပ်ပါနဲ့ဗျာ… မတ်တပ်ရပ်ပြီးပဲ ပြောပါ”
“ကျွန်တော့်နာမည်က ဟွမ်ပိုင်ရီပါ… မြွေနဂါးတောင်ရဲ့ တာဝန်ရှိအလုပ်သမားပါ… အသက်က (၄၉၂) နှစ်ရှိပါပြီ… အကြီးအကဲ (၇) ဦးနဲ့ ဆုံခဲ့ပါတယ်”
ရှန်မို ရယ်မောလျက်
“မြွေနဂါးတောင်က ဘာလို့ ဒီလိုဖြစ်နေတာလဲဗျ”
သူ သက်ပြင်းချလိုက်ပြီး
“ကျွန်တော်လည်း မသိပါဘူးဗျာ… အရှေ့က အကြီးအကဲတွေ ပြောတာတော့ ဒီနေရာရဲ့ ဖုန်းရွှေက အားနည်းလွန်းတယ်တဲ့… နတ်ဆိုးသားကောင်တွေကလည်း သွေးစွမ်းအင် အားနည်းလွန်းတယ်”
“အကြီးအကဲရှန်က တော်တော်ငယ်သေးတာကို… ဘာလို့ ဒီနေရာကို လာတာလဲ… တခြားအကြီးအကဲတွေက အချင်းချင်း ပြဿနာတွေရှိလို့ အတင်းအကြပ်ဖိအားပေးခံရပြီး ရောက်လာကြတာ”
ရှန်မို ပြုံး၍
“ကျွန်တော်လည်း အဲ့လိုပဲပေါ့ဗျာ… ကဲ အခု ပတ်ကြည့်လိုက်ဦးမယ်”
ဟွမ်ပါရီ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ကောင်းပါပြီဗျာ… ကျွန်တော်ကတော့ အသက်ကြီးပြီဆိုတော့ အဲ့လိုတွေ မသွားနိုင်တော့ဘူး… လမ်းလိုက်ပြဖို့ ကျွန်တော့်မြေးမလေး ထည့်ပေးလိုက်ပါမယ်”
သူ (၁၀) နှစ်ဝန်းကျင် ကလေးမလေးကို လှမ်းခေါ်လိုက်သည်။
မိန်းကလေးမှာ ရှက်နေပြီး တွန့်ဆုတ်ဆုတ်ဖြင့် ရောက်လာ၏။
“သူ့နာမည်က ဟွမ်ခွမ်ရင်… အသက်က (၁၀) နှစ် ရှိပါပြီ… ကျောက်စိမ်းဂိုဏ်းက အပြင်ဂိုဏ်းတပည့်ပေါ့… မြွေနဂါးတောင်မှာ ကူညီပေးနေတဲ့ တစ်ဦးတည်းသော တပည့်”
ရှန်မို ကြည့်ရင်း ရယ်မောမိသည်။
ထိုနေရာကို လူတိုင်း ရှောင်ရှားကြသည်မှာ ထင်ရှားသည်။
သူကတော့ ပို၍ပင် စိတ်ဝင်စားလာမိလေသည်။