အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
Chapter 208: မြွေနဂါးတောင်အောက်မှ မီးနဂါးဥ
“ငါသာကြိုမသိရင်လည်း ဒီအတိုင်း တွေ့မှာမဟုတ်ဘူး”
ရှန်မို ခေါင်းယမ်း၍ သိုလှောင်လက်စွပ်ထဲမှ ငါးမျှားချိတ်ထုတ်၍ ရေထဲ လှမ်းပစ်လိုက်သည်။
ငါးမျှားချိတ်တွင် အလွှာ (၂) ခု ပါဝင်ပြီး အပြင်ဘက်၌ ငါးပြာများကြိုက်သောအစာရှိကာ အတွင်းဘက်သည် တွန်းကန်စွမ်းအား ပါနေ၏။ ထိုနည်းဖြင့် ထိခိုက်မှုမရှိဘဲ ဖမ်းဆီးနိုင်မည် ဖြစ်သည်။
ငါးပြာများမှာ စားမိပြီး ပြန်အန်ထုတ်သောအခါ လက်ဝါးအရွယ် ကျောက်စိမ်းပုလင်းလေး ထွက်လာ၏။
ရှန်မို မျက်လုံးအရောင်လက်သွားပြီး လှမ်းယူလိုက်သည်။
ကျောက်စိမ်းအရည်အသွေးသည် အလွန်မြင့်ပြီး ဝမ်းဗိုက်ထဲမှ အက်စစ်ရည်ဖြင့်ပင် မတိုက်စားနိုင်ပေ။
အနည်းငယ် ပွတ်တိုက်လိုက်ရုံဖြင့် အသစ်အတိုင်း တောက်ပသွား၏။
ရှန်မို ပုလင်းကိုဖွင့်လိုက်သောအခါ ဆေးရနံ့များ သင်းထွက်လာသည်။
ပုံရိပ်ငယ်ထဲမှ ခြေတည်ဝိညာဉ်လည်း အားပြည့်သွားလေ၏။
“ပုလင်းထဲမှာ အသွင်ပြောင်းဆေးရည်ပါတော့ ခြေတည်ဝိညာဉ် အလယ်အဆင့်တော့ ရောက်မှာပါ”
“တွက်ကြည့်ရင် အနည်းဆုံး အဆင့် (၃) အမှတ် ရပြီ”
ရှန်မို သက်ပြင်းချကာ စိတ်အေးသွားသည်။
သူ ထိုသို့ ယွီထင်ဂိုဏ်းမှ အဆင့် (၁) မှ (၄) ကို လေ့လာနေသည်မှာ ကြာလေပြီ။
အဆင့် (၄) ဆယ်ခုမှာ အဆင့် (၃) တစ်ခုနှင့် လဲလှယ်နိုင်၏။
စနစ်မှာ ထိုပုံစံအတိုင်းဆက်သွားလျှင် လဲလှယ်ရင်း အဆင့်မြင့်လာနိုင်သည်။
ယွီထင်ဂိုဏ်းပိုင်ဆိုင်မှုအရ နှစ်စဉ်လိုအပ်ချက်ကို ပြည့်မှီလျှင် အဆင့် (၄) နှစ်မှတ်သာ ပေးသည်။
ထို့ကြောင့် အခြေအနေပေါ် မူတည်၍ ကျော်လွန်နိုင်မှ အဆင်ပြေပေမည်။
ရှန်မို ပြန်ရန်ပြင်လိုက်၏။
ထိုစဉ် ကောင်းကင်၌ အရောက်လက်ခနဲဖြစ်ကာ လူတစ်ယောက် ပေါ်လာသည်။
ထိုလူမှာ အသားဖြူစွတ်၍ ဝတ်ရုံအနီကို ဝတ်ဆင်ထားပြီး တံဆိပ်ပြား (၃) ခု တပ်ထားသောကြောင့် တတိယအဆင့် အကြီးအကဲဟု သိနိုင်သည်။
အခြားမဟုတ်။ ရှန်မိုနှင့် ကန်ကျန်းမြစ်တွင် တွေ့ခဲ့သော ယဲ့ယန်ပင် ဖြစ်၏။
သူလည်း ရှန်မို့ကိုတွေ့ကာ ဝတ်ရုံအရောင်ကိုကြည့်၍ ပထမအဆင့်မှန်းသိလိုက်သည်။ ထို့နောက် မျက်နှာထားတင်းသွား၏။
ရှန်မိုမှ
“မင်းက ဘယ်သူလဲ… ဘာလို့ အဲ့လိုကြည့်နေတာလဲ… ငါ့ကို သိလို့လား”
ရှေ့ရက်၌ တိုက်ခိုက်စဉ်က ယဲ့ယန်မှာ မျက်နှာဖုံးတပ်ထားပြီး ဝတ်ရုံလည်း ပြောင်းထားသည်။ ရှန်မိုလည်း မသိချင်ယောင်သာ ဆောင်နေ၏။
ယဲ့ယန်မဖြေဘဲ ပြန်မေးလိုက်သည်။
“မင်းက မြွေနဂါးတောင်ကို စောင့်ရှောက်နေတဲ့ အကြီးအကဲ ရှန်မိုလား”
“ဟုတ်ပါတယ် မင်းက ဘယ်သူလဲ”
“ငါက ယဲ့ယန်ပဲ… အကြီးအကဲ (၂) ရဲ့အမိန့်နဲ့ ငါးပြာ (၁၀) ကောင် လာဖမ်းတာ”
ရှန်မို ခေါင်းငြိမ့်လျက်
“အကြီးအကဲ (၂) ရဲ့အမိန့်ကိုး… လိုက်ပြပေးပါမယ်”
နှစ်ဦးသား စကားဆက်မပြောဘဲ ထွက်လာခဲ့သည်။
ထို့နောက် ယဲ့ယန်မှာ ငါးပြာများယူကာ ပြန်လာသည်။
သူ အတော်လှမ်းလှမ်းရောက်မှ ရုတ်တရက် သံသယဝင်ကာ ခံစားမိသွား၏။
“ဟိုတစ်နေ့က ယင်ပုလဲလုံး ယူသွားတာ သူပဲ”
“ယန်အကြီးအကဲပြောတာ မှန်တယ်… ဒီလူက လူငယ်ပါရမီရှင်… ငါ့ပြိုင်ဘက်ကောင်းပဲ”
“သူ့လိုလူကို ကိုင်တွယ်ဖို့ (၂) နည်းပဲ ရှိတယ်… အပြတ်ရှင်းတာနဲ့ ခွေးလိုခစားဖို့”
ယဲ့ယန်တစ်ယောက်တည်း တွေးတော၍ ထွက်သွားလေသည်။
…
ထိုအချိန်တွင် ရှန်မိုလည်း လိုဏ်ဂူတစ်ခုဆီသို့ ဦးတည်လာ၏။
“ကျင့်ကြံရမယ့် အချိန်ပဲ”
သူ တိမ်ပိုးကောင်ပျံများကို အစာဝအောင် ကျွေးပြီးနောက် အသံများ ငြိမ်သွားသည်။
ထို့နောက် နတ်ဆိုးသားကောင် ကျင့်ကြံခြင်းအား စတင်လေသည်။
“ဒီပိုးကောင်တွေက ရွှေပိုးကောင်ရဲ့သွေးပါတော့ သွေးသန့်စင်ဖို့ဆိုရင် ကောင်းကင်နဲ့ မြေအဆင့် ရတနာတွေ သုံးပေးရမယ်”
“လိုတဲ့ပစ္စည်းတွေက…”
ရှန်မို့စိတ်ထဲတွင် ဆေးရွက်များအကြောင်း ပေါ်လာ၏။
အချို့ဆေးရွက်များမှာ မြွေနဂါးတောင်၌ ရနိုင်သော်လည်း အချို့မှာတော့ ကျောက်စိမ်းမြို့ကို သွားရလိမ့်မည်။
ဤသို့ဖြင့် မကြာမီ ဆေးရွက်အားလုံးရ၍ ဆေးရည်ဖန်တီးလေသည်။
ထို့နောက် ပိုးကောင်များကို အရည်ထဲနှစ်ပေး၏။
တစ်ရက်အတွင်း ပိုးကောင်များ အင်အားကြီးလာကြောင်း ထင်ရှားလေသည်။
သို့သော် နောက်ရက်များ ဆက်စောင့်ကြည့်သောအခါ မူလအတိုင်း ပြန်ဖြစ်သွား၏။
“ထူးဆန်းလိုက်တာ ဘာလို့ပါလိမ့်”
သူ့ကံကြမ္မာကို ချက်ချင်း ပြန်စစ်ကြည့်လိုက်သည်။
[လတ်တလောအလှည့်အပြောင်း (၁): ယနေ့ အားကောင်းလာသော ပိုးကောင်များ အရင်အတိုင်း ပြန်ဖြစ်မည်။ အဖြေမရှိပါ]
[လတ်တလောအလှည့်အပြောင်း (၂): တစ်လအကြာတွင် နွာရိုင်း (၂) ကောင်တွင် ဆေးရည် စမ်းသပ်ပြီး အင်အားကြီးလာသော်လည်း နောက်နေ့တွင် အရင်အတိုင်း ပြန်ဖြစ်မည်။ အဖြေမရှိပါ]
[…]
[လတ်တလော အလှည့်အပြောင်း(၁၀): (၁၀) နှစ်အကြာတွင် ယဲ့ယန် မြွေနဂါးတောင်သို့ ရောက်လာကာ ရှားပါးနတ်ဆိုးသားကောင်ကိုရှာရင်း မီးနဂါးဥ တွေ့မည်။ အကောင်ပေါက်လာသောအခါ ယဲ့ယန်အား သခင်ဟု သတ်မှတ်မည်။ ရှန်မိုမှာ ကပ်ဘေးတွင် ထိခိုက်ပြီး ပြန်လည်ကျန်းမာရန် (၅) နှစ် အချိန်ယူရမည်]
ရှန်မို မျက်လုံးပြူးသွား၏။
ဒါကြောင့်ကိုး။
တခြားနတ်ဆိုးသားကောင်တွေ သွေးစွမ်းအင်လျော့နေတာ မီးနဂါးဥက အကုန် စုပ်ယူထားလို့ပဲ။
“ကန်ကျန်းမြစ်ထဲပျောက်သွားတဲ့ မီးနဂါးဥက မြွေနဂါးတောင်အောက်မှာ ပေါ်လာမယ်လို့ ဘယ်သူက ထင်မှာလဲ”
“မြေအောက်မြစ်ထဲကနေ စီးလာတာထင်တယ်”
“မြွေနဂါးတောင်တွင် အရင်က တာဝန်ထမ်းဆောင်ခဲ့သော အကြီးအကဲများအား သနားမိသည်။
“အခုတော့ အကြောင်းအရင်းသိပြီဆိုတော့ ကိုင်တွယ်လို့ ရပါပြီ”
“မီးနဂါးဥ အရင်ရှာပြီး မြန်မြန်ပေါက်အောင် လုပ်ရမယ်… အဲ့ဒါဆို ငါ သူ့သခင်ဖြစ်ပြီ”
ရှန်မို ချက်ချင်း လှုပ်ရှားလေသည်။
လဝက်ခန့် ရှာဖွေပြီးနောက် မြေအောက်ပေ (၁) ထောင်ဝန်းကျင်တွင် ရှာတွေ့လေ၏။
မြေအောက်ရေကန်ထဲ၌ ဖြစ်သည်။
နဂါးဥမှာ လူတစ်ရပ်နီးပါးမြင့်၍ ပူနွေးနေသည်။
အထဲမှ သားကောင်၏ အငွေ့အသက်ကြောင့် အနီးအနားတွင် အခြားမည်သည့်သားကောင်မှ မကပ်ရဲကြချေ။
အားလုံးရှင်းလင်း၍ တားမြစ်နယ်မြေ ဖြစ်နေသည်။
ရှန်မို ခပ်တိုးတိုး ရေရွတ်မိ၏။
“စွမ်းအင်တွေ အကုန်စုပ်ယူပြီးရင် ထွက်လာရမှာပေါ့… ကဲ အခု မင်းကို ခေါ်သွားမယ်”
ရှန်မို မီးနဂါးဥကိုယူ၍ ပေ (၃၀၀) မြင့်သော လိုဏ်ဂူကြီးတစ်ခုထဲ ဝင်လိုက်သည်။
ထို့နောက် ဖော်စပ်ထားသောဆေးရည်ဖြင့် စိမ်လိုက်လေ၏။
မီးနဂါးဥသည် စွမ်းအင်ကို ခံစားမိကာ ချက်ချင်း စုပ်ယူလေတော့သည်။
ရှန်မိုမှာ ဘေးပတ်လည်၌ အကာအကွယ်အင်းများချ၍ စောင့်ရှောက်ထားရသည်။
“ဒါပေမဲ့… ဒီနှုန်းအတိုင်းဆိုရင် ဆေးရည်က မလောက်ဘူးပဲ”
ရှန်မိုမှာ ဆေးရည်လျင်မြန်စွာ ကုန်နေသည်ကိုကြည့်ရင်း မျက်လုံးပြူးနေ၏။
“ဟုတ်ပြီ… ဟိုကျင့်ကြံသူဆိုရင် ဖြစ်မှာပဲ”
သူ ယဲ့ယန်၏ အခွင့်အရေးကို သတိရသွားကာ မျက်လုံးအရောင်များ လက်သွားသည်။
Chapter 209: တခြားယင်တစ္ဆေတွေ ဘယ်မှာလဲ
ဖျင်ချန်း။
ထိုနေရာမှာ ထိုက်ရှန်ဒေသတွင်းမှ သာမာန်မြို့လေးတစ်မြို့ ဖြစ်၏။
အနီးအနားတွင် တောင်တန်းနှင့် ရေကန်ငယ်တို့ရှိကာ မြို့ခံများသည် နေထွက်၊ နေဝင်အချိန်ဖြင့် အလုပ်လုပ်ကြသည်။
အကြီးအကဲဟူ၍လည်း မရှိဘဲ ကျောက်စိမ်းဂိုဏ်းမှ ခြေတည်အဆင့် ဝန်ထမ်းများသာ ကြီးကြပ်ပေးသည်။
ဖျင်ချန်း၌ ကျင့်ကြံမှုနှင့်ပတ်သက်သည့် အရင်းအမြစ်များ ထူးထူးခြားခြား မရှိသောကြောင့် ဝန်ထမ်းများလည်း ပျင်းရိစွာ ဖြတ်သန်းနေရသည်။
သို့သော် ယခုလပိုင်းများတွင် ဖျင်ချန်း၌ မအေးချမ်းလှတော့ပေ။
ပြည်သူအချို့ ပျောက်ဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ်နေ၏။
မနက်ပိုင်း လယ်စိုက်ရန်ထွက်သွားသော လယ်သမားများမှာ ညနေ၌ ပြန်မလာတော့ပေ။
လျှောက်လည်နေကြသော လူငယ်အုပ်စုလည်း ပျောက်သွား၏။
နှစ်ဝက်အတွင်း လူပေါင်း တစ်ရာကျော် ပျောက်နေသည်။
တစ်ချိန်တည်းတွင် အနီးအနားမြို့များ၌လည်း ယင်တစ္ဆေများကြောင့် အပျက်အစီး များနေ၏။
ထို့ကြောင့် ကျောက်စိမ်းဂိုဏ်းမှ သတိထားမိပြီး ခြေတည်အဆင့် အယောက် (၂၀) အား စုံစမ်းရန်
လွှတ်လိုက်သည်။
သို့သော် ယင်တစ္ဆေများကို ထိန်းချုပ်သူမှာ ပို၍ အင်အားကြီးလာ၏။
နောက်ဆုံး ကျောက်စိမ်းဂိုဏ်းမှ ထိုလူအားဖမ်းရန် ဆုငွေ ထုတ်လိုက်ရသည်။
သို့ရာတွင် ဆုငွေသာ တိုးလာသော်လည်း ထိုလူကို ဖမ်းနိုင်သူ မရှိသေး။
အချိန်မှာ ညအတော်နက်နေလေပြီ။
ဖျင်ချန်း အပြင်ဘက်၊ သစ်ပင်အောက်။
ရိုးရှင်းသော အဝတ်အစားဖြင့် လူငယ်လေးမှာ ကျောပိုးအိတ်တစ်လုံး ဝယ်ထားပြီး တစ်ခုခုကို စိုးရိမ်စွာ စောင့်နေသည်။
မှောင်မိုက်သော ကောင်းကင်ကိုကြည့်၍ စိတ်လှုပ်ရှား ကြောက်ရွံ့နေပုံရ၏။
တစ်ချိန်တည်းတွင် ကြောက်စရာကောလာဟလများကိုလည်း ပြန်တွေးမိလာ၏။
ညအချိန် အပြင်ထွက်သူများမှာ အန္တရာယ်ကြီးကြီးမားမား ကြုံရတတ်သည်။
ထို့နောက် ထာဝရ ပျောက်ကွယ်သွား၏။
သို့ရာတွင် သူ လုံးဝ ထွက်မသွားနိုင်ပေ။
ထိုလူ့ကို မစွန့်ပစ်နိုင်သောကြောင့်ပင်။
မကြာမီ ရင်းနှီးသောလူတစ်ယောက် ရောက်လာပြီး သူ့ဆီ ပြေးလာ၏။
သူ့လိုပင် ထိုမိန်းကလေးလည်း ကျောပိုးအိတ်လေး လွယ်ထားသည်။
နှစ်ယောက်သား တွေ့သောအခါ ကြည်နူးစွာ ပြုံးလိုက်မိကြ၏။
ထို့နောက် တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။
လူငယ်လေးသည် မိန်းကလေး၏ မွှေးပျံ့သော ဆံနွယ်ကို နမ်းရှိုက်လိုက်၏။
မိန်းကလေးမှာလည်း ယောက်ျားဆန်သော ကောင်လေး၏ ကြွက်သားတင်းတင်းများကို ဆုပ်ကိုင်ထားသည်။
“မင်းရဲ့ ပြည့်စုံကြွယ်ဝတဲ့ဘဝကို စွန့်ပစ်ပြီး ကို့နောက် လိုက်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”
လူငယ်လေးမှာ ခံစားချက်အပြည့်ဖြင့်ပြော၏။
“ရှင်က ကျွန်မအတွက် အရာရာပဲလေ… ရှင်သာမရှိရင် ချမ်းသာတဲ့ဘဝမှာနေလည်း ဘာထူးမှာလဲ”
နှစ်ယောက်သား လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်လျက်
“ကို သေချာစဉ်းစားပြီးပြီ… ကျောက်စိမ်းပင်လယ်မြို့ကို သွားကြမယ်”
“အဲ့မြို့က ထိုက်ရှန်ရဲ့ ကုန်သွယ်မှု အတိုးတက်ဆုံးပဲ… မြို့ကိုရောက်ရင် ပေါင်မုန့်ဆိုင်လေး ဖွင့်ကြမယ်… မင်းက ဂျုံနယ်၊ ကိုက ပေါင်မုန့်လုပ်မယ်”
လှပသောအနာဂတ်ကိုတွေး၍ နှစ်ယောက်သား ကျေနပ်နေကြ၏။
“နှစ်ယောက်သာ အတူရှိရင် ဘာကိုမဆို ရင်ဆိုင်ရဲပါတယ်”
မိန်းကလေး သူ့ကိုကြည့်၍ ပြန်ပြောသည်။
“ကဲ ဒါဆို ငါ့ဆီလာကြ… ချစ်သူတွေ မခွဲရအောင် လုပ်ပေးမယ်”
အနောက်ဘက်မှ ကြောက်စရာရယ်သံကြီး ကြားရ၏။
နှစ်ယောက်သား လန့်ဖျပ်၍ လှည့်ကြည့်မိ၏။
ကြောက်စရာပုံစံဖြင့် ထူးဆန်းသောလူဘေးတွင် ဝတ်ရုံနက်ဖြင့် ခမောက်စောင်းထားသော ဗလတောင့်တောင့် လူတစ်ဦးကိုလည်း တွေ့ရသည်။
ဝတ်ရုံနက်လူမှာလည်း သာမာန်တော့ မဟုတ်မှန်း သိသာ၏။
“မင်း… မင်း…”
လူငယ်လေးမှာ ကြောက်လွန်း၍ စကားသံပင် ထွက်မလာချေ။
“ရှင်က တစ္ဆေကျင့်ကြံသူလား”
“ဟားဟားဟား မဆိုးဘူးပဲ… သာမာန် လူသားမိန်းမက ငါ့ကို သိသားပဲ… တော်တယ်”
“မင်းခန္ဓာကိုယ်က ယင်တစ္ဆေစွမ်းအင်ကို ခံနိုင်ရည် ရှိမရှိ ကြည့်ကြသေးတာပေါ့”
သူဘေးမှ ဝတ်ရုံနက်ကို လက်ညှိုးထိုးပြ၍ ပြော၏။
ထိုစဉ် ခမောက်မှာ လွင့်သွားပြီး မျက်နှာပေါ်လာလေသည်။
သူ့အသားအရည်မှာ ပျော့တွဲပုပ်သိုး၍ မျက်လုံးများနီကာ သွားဝါဝါများ ရှိ၏။
ယင်တစ္ဆေ ဖြစ်လေသည်။
မိန်းကလေးမှာ အလွန်လန့်နေပြီး လှုပ်ပင်မလှုပ်နိုင်ချေ။
လူငယ်လေးသည် အံကြိတ်လျက် ရှေ့မှ ဝင်ကာပြီး
“ပြေးတော့… ကို အချိန်ဆွဲထားလိုက်မယ်”
သို့သော် သူတို့ချင်းကွာခြားမှုမှာ ကြီးမားလွန်းသည်။
ချက်ချင်းပင် ယင်တစ္ဆေမှ လက်မောင်းများကို ဆွဲဖြုတ်၍ အမျိုးသမီးထံ လှမ်းပစ်ရာ သွေးများအန်ပြီး သတိလစ်သွားတော့သည်။
“ကျစ်… ငါ ဘယ်နှစ်ခါ ပြောရမလဲ… ခန္ဓာကိုယ်တွေ မပျက်စီးပါစေနဲ့ဆို”
တစ္ဆေကျင့်ကြံသူမှ မျက်မှောင်ကြုတ်၍ အပြစ်ပြော၏။
“ကဲ မြန်မြန်သယ်သွားတော့”
ယင်တစ္ဆေမှာ ခေါင်းငြိမ့်ပြ၍ ခန္ဓာကိုယ် (၂) ခုကို သယ်သွားသည်။
ကျင့်ကြံသူလည်း ပြန်ရန်ပြင်ပြီးမှ ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ ဝတ်ရုံနက်ဖြင့် လူငယ်လေးတစ်ဦး သူ့ကို စိုက်ကြည့်နေသည်အား တွေ့ရသည်။
သူ့အကြည့်မှာ ရတနာတွေ့သကဲ့သို့ ဖြစ်လေသည်။
ပုံမှန်အားဖြင့် သူကသာ ထိုသို့ ကြည့်နေကျဖြစ်သည်။
“မင်း ဘယ်သူလဲ… ငါ့လမ်းမှာ ဝင်မရှုပ်နဲ့”
သူ ခပ်တိုးတိုး ပြောလိုက်သည်။
“ငါက မင်းယှဉ်နိုင်မယ့်သူမျိုး မဟုတ်ဘူး”
သူ ထိုလူငယ်လေးကို မသိသော်လည်း နှစ်ပေါင်း (၃၀၀) ကျော် ရှင်သန်ခဲ့သည့် အတွေ့အကြုံအရ ခန့်မှန်းလိုက်၏။
ဝတ်ရုံနက်လူငယ်မှာ ရယ်မော၍
“မင်းပိုင်ဆိုင်မှုတွေ လုဖို့လာတာမဟုတ်ပါဘူး… မင်းကိုပဲ လိုချင်တာ”
တစ္ဆေကျင့်ကြံသူ မျက်နှာပျက်သွား၏။
“ငါတို့က အချင်းချင်းတွေပဲ… အတူတူ ကြိုးစားရင်ရော”
သူ လက်ဆွဲနှုတ်ဆက်ရန် အနားကပ်လာပြီးမှ ရုတ်တရက် တိမ်စိမ်းမှုန့် (၂) ထုပ်ကို ပက်ချလိုက်သည်။
ထို့နောက် အရိုးစုပုံ စိတ်ဝိညာဉ်လက်နက်လည်း လက်ထဲပေါ်လာပြီး စွမ်းအင် စီးဆင်းစေသည်။
ထိုအချိန်တွင် ချစ်သူ (၂) ဦးအားသယ်သွားသော ယင်တစ္ဆေမှာ သူတို့ကို အသာချ၍ ချက်ချင်း ပြေးလာ၏။
ဝတ်ရုံနက်လူငယ်ဘေးတွင် တိုက်ခိုက်မှု (၃) ဆင့်ရှိပြီး လုံးဝ မလွတ်မြောက်နိုင်ပေ။
တစ္ဆေကျင့်ကြံသူမှာ ပြုံးရွှင်နေသည်။
တိမ်စိမ်းမှုန့်မှာ ရှူရှိုက်မိသည်နှင့် ကိုယ်တွင်းအင်္ဂါများအထိ ပျက်စီး၍ အရိုးစုလက်နက်သည်လည်း အင်အားကြီးလွန်းသည်။
“ငါ့ကိုများ ရာရာစစ ရန်လာစရဲတယ်… မင်းကို ယင်တစ္ဆေဖြစ်လာအောင် လုပ်ပေးရတာပေါ့”
သူ ကျေနပ်စွာ ပြော၏။
သို့သော် ထိုအချိန်၌ပင် ယင်တစ္ဆေမှာ ဓားချက်ဖြင့် နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။
တစ္ဆေကျင့်ကြံသူ အလွန်လန့်ဖျပ်သွား၏။
ထို့နောက် ခုခံရေးကျင့်စဉ်များ အမြန်သုံးလေသည်။
သို့သော် တစ်ဖက်မှ မိုးကြိုးအရိပ် နှေးမြန်အရှိန်ကို မခန့်မှန်းနိုင်ဘဲ (၃) ချက် ထပ်ခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာများစွာ ရသွားလေပြီ။
သူ ထိုအခါမှ သဘောပေါက်သွား၏။
တကယ့်အင်အားကြီးနှင့် ကြုံနေရလေပြီ။
လူငယ်လေး သူ့အနားရောက်လာပြီး ကြောက်စရာကောင်းစွာ ပြုံး၍
“ပြောစမ်း… မင်းရဲ့ ကျန်တဲ့ ယင်တစ္ဆေတွေ ဘယ်မှာ ကျင့်ကြံတာလဲ”
Chapter 210: တစ္ဆေကျင့်ကြံသူအား သတ်ဖြတ်ခြင်း
တစ္ဆေကျင့်ကြံသူမှာ ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်နေ၏။
သူ့တစ်သက်တွင် ထိုကဲ့သို့ အခြေအနေမျိုးကို ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။
ထိုလူမှာ သူ့ယင်တစ္ဆေများကို လိုချင်နေသည်။
“စီ စီနီယာကြီးရယ် စောစောတည်းကပြောရင် ချက်ချင်း ပေးမှာပေါ့”
သူ နာကျင်မှုကို ချိုးနှိမ်ကာ အတင်းပြုံး၍ ပြော၏။
ရှန်မိုမှာ ဂရုမစိုက်သလိုဖြင့်
“လမ်းသာလိုက်ပြပါ”
သူ မြစ်ကမ်းဘက်ကို လက်ညှိုးထိုးပြကာ
“ဒီဘက်ကိုသွားရင် စင်ရော်ချောက် ရှိပါတယ်”
ရှန်မို ခေါင်းငြိမ့်ပြ၍
“မြို့ခံနှစ်ယောက်ကို မြို့တံခါးဆီ ပြန်သွားပို့ခိုင်းလိုက်… မြန်မြန်လုပ်နော်”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
သူ မတတ်သာဘဲ ယင်တစ္ဆေအား ခိုင်းရလေသည်။
မကြာမီ ယင်တစ္ဆေ ပြန်ရောက်လာ၏။
“အခု စင်ရော်ချောက်ကို သွားမယ်”
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော့်နောက် လိုက်ခဲ့ပါ စီနီယာ”
သွားနေရင်း ရှန်မို ထိုလူ့ကံကြမ္မာကိုကြည့်၍ ပြုံးမိသည်။
တစ်ဖက်တွင် လူငယ်စုံတွဲတို့ သတိပြန်ရလာသော်လည်း တုန်လှုပ်ချောက်ချားနေဆဲပင်။
“တစ္ဆေကျင့်ကြံသူပဲ… လူတွေကို ဒုက္ခလိုက်ပေးနေတာ”
“လက်တွေပြန်ဆက်နိုင်အောင် သမားတော်ဆီ အခု ခေါ်သွားပေးမယ်နော်… မြို့စားမင်းကိုလည်း ဒီသတင်း တင်ပြပြီး ဒီကောင့်ကို ဖမ်းခိုင်းရမယ်”
မိန်းကလေးမှ အလောတကြီး ပြောဆိုနေ၏။
“အင်းပါ… မင်း အဆင်ပြေသလို စီစဉ်ပါ”
လူငယ်လေးမှာ သွေးအလိမ်းလိမ်းဖြင့် နာကျင်စွာ ပြောလေသည်။
…
စင်ရော်ချောက်အောက်တွင်။
တစ္ဆေကျင့်ကြံသူမှာ မြစ်နက်ကြီးကိုကြည့်ရင်း ရှန်မို့အား ဆေးအနက်ရောင်တစ်လုံး ပေးလိုက်သည်။
“စီနီယာ ဒါ ကျွန်တော့်ရဲ့ အသက်ရှူဖုံးကွယ်ဆေးပါ… အဆင့်မြင့်ထဲ ပါပါတယ်”
ရှန်မို ရယ်မော၍ ဆေးကို ပြန်ပေးကာ ရေပူဖောင်းဖြင့် မြစ်ထဲ ခုန်ဆင်းသွား၏။
ထိုအခါ ဖိအားတစ်စုံတစ်ရာ မခံစားရဘဲ အလွယ်တကူ လှုပ်ရှားသွားလာနိုင်လေသည်။
တစ္ဆေကျင့်ကြံသူမှာ အံ့ဩစွာဖြင့် အနောက်မှသာ အမြန်လိုက်သွား၏။
မကြာမီ ရေအောက်ဝင်ပေါက်တစ်ခုဆီ ရောက်လာကြသည်။
ယင်တစ္ဆေမှ လိုဏ်ဂူအဝကို ဖယ်ပေးလိုက်သောကြောင့် အခက်အခဲမရှိ ဝင်ရောက်နိုင်လေသည်။
ထို့နောက် လမ်းတစ်လျှောက် ကူးခတ်သွားရင်း တစ်နေရာအရောက်တွင် ရှန်မို ရုတ်တရက် ယင်စွမ်းအင် များနေသည်ကို ခံစားလိုက်ရ၏။
သူ ပတ်ဝန်းကျင်ကို ကြည့်သောအခါ စိမ်းညစ်ညစ် ရေများဖြင့် နံရံများမှာလည်း ညစ်ပတ်နေသည်။
မျက်လုံးမှိတ်လျက်သား ယင်တစ္ဆေများကိုလည်း တွေ့ရ၏။
“ထိုင်ပါဦး စီနီယာကြီး… ယင်တစ္ဆေတွေကို ထိန်းချုပ်တဲ့ ခေါင်းလောင်း ပေးပါ့မယ်”
တစ္ဆေကျင့်ကြံသူမှာ အားတင်း၍ ပြုံးကာ အနောက်သို့ တဖြည်းဖြည်း ဆုတ်သွား၏။
ရှန်မို မဲ့ပြုံးပြုံးလျက်
“ထွက်ပြေးမလို့လား… အဆိပ်ငွေ့ လွှတ်မှာများလား”
တစ္ဆေကျင့်ကြံသူ မျက်လုံးပြူးကာ လန့်သွားလေသည်။
ဘာဖြစ်တာလဲ။
သူ့အကြံကို အကုန်သိနေတာလား။
“သေပေတော့”
သူ အံကြိတ်၍ ချက်ချင်း အဆိပ်ငွေ့အကာအကွယ်အား ဖွင့်ချလိုက်သည်။
အဆိပ်ငွေ့အကာအကွယ်မှာ ပုံမှန်ထက် ပြင်းထန်ပြီး ထိုပတ်ဝန်းကျင်မှ လွတ်မြောက်၍ ရှင်သန်နိုင်လျှင်ပင် ဆိုးဆိုးဝါးဝါး ထိခိုက်သွားမည် ဖြစ်သည်။
သို့သော် သူ့ကိုယ်သူ အထင်ကြီးမိပြန်လေသည်။
အဆိပ်ငွေ့အကာအကွယ် မပွင့်မီ အလင်းရောင်တစ်ချက် လက်သွား၏။
တစ္ဆေကျင့်ကြံသူ မှင်တက်၍ ကြည့်နေစဉ် သူ့လည်ပင်းမှ သွေးမျဉ်းကြောင်း ပေါ်လာသည်။
ထို့နောက် ခေါင်းမှာ လွင့်ထွက်သွားပြီး ခန္ဓာကိုယ်သည် အနောက်သို့ လန်ကျသွားတော့၏။
ရှန်မို သူ့ခေါင်းကိုကောက်ကာ သိုလှောင်လက်စွပ်ထဲ သိမ်းထားလိုက်သည်။
လိုဏ်ဂူထဲတွင် ယင်တစ္ဆေအကောင် (၂၀) ရှိလေသည်။
အားလုံးကို ရှာဖွေပြီးနောက် ယင်ပုလဲ (၂) လုံး ရှာတွေ့၏။
“မဆိုးပါဘူး… ယင်ပုလဲ (၂) လုံးနဲ့ဆို သရဖူကို အပြာရောင်အဆင့် ပြောင်းနိုင်ပါပြီ”
သူ လိုဏ်ဂူထဲ ထပ်ရှာကြည့်လေသည်။
ထို့နောက် အဖိုးတန်ပစ္စည်း ထွေထွေထူးထူး မတွေ့သောကြောင့် ပြန်ရန် ဆုံးဖြတ်လိုက်၏။
သို့သော် မြစ်ထဲမှ ထွက်ရန်ပြင်လိုက်စဉ် မြစ်ကမ်း၌ လူအုပ်ကြီး ရောက်နေသည်ကို တွေ့ရသည်။ ထိုအုပ်စုမှာ မီးတုတ်များဖြင့် ရေထဲကို ရှာဖွေနေပုံပင်။
ဦးဆောင်လာသူမှာ မြုတေဖွဲ့စည်းခြင်းအဆင့် ဖြစ်၏။ ကျောက်စိမ်းဂိုဏ်းမှ လွှတ်ထားသော ဝန်ထမ်းအဖွဲ့ ဖြစ်နိုင်သည်။
“အထဲက ဘယ်သူလဲ”
ဦးဆောင်သူမှာ ရှန်မိုရှိနေသည်အား သတိထားမိ၍ လန့်ဖျပ်ကာ မေးလိုက်သည်။
ရှန်မိုမှ ကျောက်စိမ်းပြား ပစ်ပေးလိုက်ပြီး
“ကျွန်တော်က ကျောက်စိမ်းဂိုဏ်းက အကြီးအကဲပါ… ယင်တစ္ဆေတွေနဲ့ ကျင့်ကြံသူကိုလိုက်ရင်း ရောက်တာပါ… အောက်ထဲမှာ အကုန်ရှိပါတယ်… အဖွဲ့ကိုခေါ်ပြီး ကြည့်လိုက်ပါ”
ဝန်ထမ်းခေါင်းဆောင်လည်း ကျောက်စိမ်းပြားကို တွေ့ကာ တုန်ရီလျက် ဦးညွှတ်နှုတ်ဆက်လေသည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အကြီးအကဲ”
ရှန်မို ခေါင်းငြိမ့်ပြ၍ ကောင်းကင်သို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
…
ကျောက်စိမ်းဂိုဏ်း တာဝန်ခွဲဝေရေးခန်းမ။
ထိုအဆောင်မှာ ရတနာတိုက်ကဲ့သို့ မခမ်းနားသော်လည်း နေ့ညမပြတ် လူအများ ဝင်ထွက်ရှုပ်ထွေးနေသည်။
ရှန်မို အဆောင်ထဲဝင်၍ (၃) လွှာသို့ တန်းတက်သွားသည်။
ထို (၃) လွှာမှာ အောက်ထပ်များထက်တော့ ပိုတိတ်ဆိတ်လေ၏။
ကျောက်ပြားပေါ်၌ တာဝန်များရေးထားသည်မှာ အောက်ထပ်များနှင့် တူသော်လည်း တတိယထပ်သည် အကြီးအကဲများအတွက်သာ ဖြစ်၏။
ရှန်မို အပေါ်ဆုံးမှတာဝန်ကို ဖတ်ကြည့်လိုက်သည်။
“ကြယ် (၉) ပွင့် တာဝန်: အစောင့်အရှောက်၏ မျိုးပွါးမှုကို ကူညီပါ။
ဆုလာဘ်: အဆင့်အေအမှတ်နှင့် အစောင့်အရှောက်၏ နှစ်သက်ခြင်းခံရမည်]
ရှန်မို ကျောက်ပြားကို ဆက်၍ ဖတ်ကြည့်သည်။
အခြား ကြယ် (၉) ပွင့် တာဝန်များ ရှိနေသေး၏။
[ရှေးဆေးနည်းကို ထိန်းသိမ်းရန်။
ဆုလာဘ်: ဆေးနည်းအပေါ် မူတည်၍ လဲလှယ်နိုင်သည်]
[ကောင်းကင်ရတနာ နဂါး (၉) ကောင်ကျောက်မျက် မွမ်းမံပါ။
ဆုလာဘ်: အေအဆင့်အမှတ်နှင့် တစ်လတာ ကောင်းကင်ရတနာနဂါး (၉) ကောင်ကို တစ်လ အသုံးပြုနိုင်မည်]
[မီးနဂါးဥကိုရှာရန်။
ဆုလာဘ်: အေအဆင့် အစောင့်အရှောက်၏ ချစ်မြတ်နိုးမှုခံရမည်]
ရှန်မို သေချာ တွေးတောမိသည်။
ရှေးဆေးနည်းအကြောင်းကို ကြားဖူးထားပါသည်။ ဆေးနည်း အစအဆုံး ထိန်းသိမ်းရန်မှာ အလုပ်အလွန်ရှုပ်၏။ ထို့ကြောင့် မည်သူမျှ မထိကြသော တာဝန်လည်း ဖြစ်သည်။