အခန်း (၁၀၀)
Vol. 8 Ch. 100
ငွေဂိုဏ်းခေါင်းဆောင်သည်လည်း မဟာရှနိုင်ငံ နှင့် ထိုခွေးဧကရာဇ်ကို အလွယ်တကူ လွှတ်ပေးထားလို့ မဖြစ်ကြောင်း ခံစားလိုက်ရသည်။
ထို့ကြောင့် မျက်နှာတွင် ခက်ထန်သောအသွင်ဖြင့်၊ သူက "အကြီးအကဲတို့ ပြောတာ မှန်တယ်၊ မဟာရှ က ငါတို့ကို အရင် ရန်စခဲ့တာ၊ ငါတို့ရဲ့ စီးပွားရေးကို နှောင့်ယှက်တာက ငါတို့ကို လုံးဝ အလေးမထားတာပဲ။ ဒါကြောင့် ငါတို့ သူတို့ကို နက်နက်နဲနဲ သင်ခန်းစာ ပေးရမယ်၊ ငွေဂိုဏ်းက သေးငယ်တဲ့ ဂိုဏ်းဖြစ်ပေမယ့် လာနောက်လို့မရဘူးဆိုတာ သူတို့ကို သိစေရမယ်"
"ခေါင်းဆောင်က ဉာဏ်ပညာရှိလှပါပေတယ်" ဟု လူတိုင်းက တစ်သံတည်း ပြောလိုက်ကြသည်။
"ဒါပေမယ့်လည်း၊ မဟာရှက ကြီးမြတ်တဲ့ နိုင်ငံတော် တစ်ခုဖြစ်ပြီး စစ်သည် ၈၀၀,၀၀၀ နဲ့ ချီဖွဲ့တည်ခြင်းအဆင့် ၅ ယောက် ရှိတယ်။ ဒါကြောင့် တိုက်ရိုက်ရင်ဆိုင် တိုက်ခိုက်လို့က မဖြစ်နိုင်ဘူး၊ ငါတို့ ရေရှည်အတွက် အစီအစဉ်ဆွဲရမယ်"
"ခေါင်းဆောင် ပြောတာ အမှန်ပါပဲ" ဟု လူတိုင်း ခေါင်းညိတ် သဘောတူခဲ့ကြသည်။
" အကြီးအကဲပိုင်ဟူ ၊ ငါ့အမိန့်ကို နာခံပါ" ငွေဂိုဏ်း ခေါင်းဆောင်က ခေါ်လိုက်သည်။
"ခေါင်းဆောင်၊ ကျွန်တော် ဒီမှာပါ" အကြီးအကဲပိုင်ဟူက ထရပ်ပြီး အရိုအသေပြုလိုက်သည်။
ငွေဂိုဏ်းခေါင်းဆောင်က အသံကျယ်လောင်စွာဖြင့် ပြောလိုက်သည်- "ငါ မင်းကို ငါတို့ ပိုင်ဟူ ခန်းမက ညီအစ်ကို ၁၀၀ ကို ဦးဆောင်ပြီး မဟာရှရဲ့ မြို့တော်မှာ ကြီးမားတဲ့ အရှုပ်အထွေးတွေ လုပ်ဖို့ အမိန့်ပေးတယ်"
"ကျွန်တော်မျိုး နာခံပါ့မယ်" အကြီးအကဲပိုင်ဟူက ချက်ချင်း ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် နောက်ထပ် အကြီးအကဲနှစ်ယောက်က ပြုံးရွှင်သော မျက်နှာများဖြင့် ရှေ့သို့ တိုးလာကြသည်။
"ခေါင်းဆောင်၊ မဟာရှမှာ ချီဖွဲ့တည်ခြင်းအဆင့် အများအပြားရှိပါတယ်။ ပိုင်ဟူ အကြီးအကဲ တစ်ယောက်တည်းနဲ့တော့ မလုံလောက်နိုင်ပါဘူး၊ ကျွန်တော် လောလောဆယ်အားနေတာနဲ့ ပျော်စရာ ရှာဖို့နဲ့ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက် လက်စားချေဖို့ လိုက်ပါပေးပါ့မယ်"
"ကျွန်တော်လည်း လိုက်မယ်၊ ဒီမှာထိုင်တာ ကြာလွန်းလို့ အရိုးတွေတောင် လျော့ရဲနေပြီ။ အပြင်ထွက်ပြီး စိတ်ကို ရှင်းလင်းဖို့ အချိန်ကောင်းပဲ"
ငွေဂိုဏ်းခေါင်းဆောင်က အားရပါးရ ရယ်မောလိုက်ပြီး- "ကောင်းပြီ၊ ကောင်းပြီ၊ အကြီးအကဲ နှစ်ဦးစလုံးက အဲ့ဒီလို ဆန္ဒရှိနေမှတော့ အတူတူ သွားကြ၊ ဒီလက်စားချေမှုကနေ ငါတို့ ငွေဂိုဏ်းရဲ့ တန်ခိုးအင်အားကို ပြသရမယ်၊ ဟား….ဟား"
"ဟုတ်ကဲ့ ခေါင်းဆောင်" ဟု လူတိုင်းက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ထို့ကြောင့် ထိုအကြီးအကဲ သုံးဦးတို့သည် ညီအစ်ကိုများကို စုစည်းကာ မဟာရှဆီသို့ ဦးတည် ချီတက်လာခဲ့ကြသည်။
အဲ့ဒီအချိန်မှာပဲ လင်းပိုင်ဖန်က နန်းတော်ထဲမှာ အရသာရှိတဲ့ စားစရာတွေကို မြည်းစမ်းနေပြီး နန်းတွင်းတီးဝိုင်း ဖျော်ဖြေတာကို ကြည့်ရှုနေသည်။
သာယာလှပတဲ့ နောက်ပြောင်သံတစ်ခုက ထွက်ပေါ်လာခဲ့သည်- " မိုက်မဲလှတဲ့ ဧကရာဇ်လေး၊ မတွေ့ရတာကြာပြီ။ ရှင်ကတော့ ပျော်မွေ့ဖို့ပဲ သိတယ်"
အသံပျောက်သွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ဟာ လင်းပိုင်ဖန်ရဲ့ ရှေ့မှာ ပေါ်လာပြီး သူ့လက်ထဲက ငှက်ပျောသီးကို လှမ်းယူလိုက်တယ်။
ထို့နောက် အဖြူရောင်ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်လည်း ပေါ်လာပြီး ထက်မြက်တဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ အနက်ရောင်ဝတ် မိန်းကလေးဆီသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်သည်။
အနက်ရောင်ဝတ် မိန်းကလေးက ပေါ့ပါးသွက်လက်စွာ လှည့်ပတ်ပြီး ဓားကို ရှောင်လိုက်သည်။
သူမသည် လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ဓားထိပ်ဖျားကို ညှပ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်- "မဆိုးဘူး၊ မင်းက ဒီမိုက်မဲတဲ့ ဧကရာဇ်လေး ခေါ်ထားတဲ့ ချီဖွဲ့တည်ခြင်းအဆင့် လုပ်ကြံသတ်ဖြတ်သူ အသစ်ဖြစ်ရမယ်။ ဒါပေမယ့် မင်းက ငါ့ထက်တော့ နည်းနည်း နှေးနေတုန်းပဲ"
အဖြူရောင်ဝတ် မိန်းကလေးက ကြောက်စရာကောင်းတဲ့ ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ - "အရှင်မင်းကြီး၊ မြန်မြန်ဆုတ်ခွာပါ၊ ဒီမိန်းမက အလွန်အန္တရာယ်များပါတယ်"
လင်းပိုင်ဖန်က ပြုံးကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး- " ပိုင်ဇူ စိုးရိမ်စရာ မလိုပါဘူး၊ သူက ငါတို့ဘက်ကပါ။ သူ့နာမည်က ယောင်ယောင်တဲ့"
"တကယ်ကြီးလား" ပိုင်ဇူက သူမ၏ သတိအနေအထားကို မလျှော့ချသေးပေ။
"ဟုတ်တာပေါ့၊ ငါသာ ဒီ မိုက်မဲတဲ့ ဧကရာဇ်ကို သတ်ချင်ရင်၊ အစောကြီးကတည်းက သတ်ပြီးနေပြီ" ယောင်ယောင်သည် ငှက်ပျောသီးကို ခွာပြီး ပြုံးကာ စားလိုက်သည်။
လင်းပိုင်ဖန်က ရှေ့သို့တက်ကာ လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး- "ယောင်ယောင်၊ မတွေ့တာ ကြာလှပြီ၊ မင်းကို လွမ်းနေတာ"
ယောင်ယောင်ခင်ဗျာ အနည်းငယ် ရှုပ်ထွေးသွားပြီး- "ရှင် ဘာလုပ်နေတာလဲ"
လင်းပိုင်ဖန်က မျက်တောင်ခတ်လိုက်ပြီး- "မတွေ့ရတာ ကြာတော့ နွေးထွေးတဲ့ ပွေ့ဖက်မှုလေး လုပ်ကြမလား"
"ဆုတောင်းလေ၊ ရှင်က ဘယ်တော့မှ မပြောင်းလဲဘူး၊ မိုက်မဲတဲ့ ဧကရာဇ်လေး ကျွန်မ ရှင့်ကို အခွင့်ရေးယူခွင့် ပေးမှာ မဟုတ်ဘူး"
ယောင်ယောင်က ပြောပြီးနောက် လင်းပိုင်ဖန်ရဲ့ ပွေ့ဖက်မှုကို ရှောင်လိုက်ပြီး စားပွဲပေါ်က အသီးအချို့ကို ဆွဲယူကာ ပျော်ရွှင်စွာ စားနေလိုက်သည်။
လင်းပိုင်ဖန်က ကူရာမဲ့စွာဖြင့်- "ယောင်ယောင်၊ ဟန်ဆောင်နေတာ ရပ်တော့၊ မင်း ငါ့ကို စိတ်ထဲမှာ ရှိနေတာ ကြာပြီဆိုတာ ငါ သိပါတယ်၊ ဟုတ်တယ်မလား"
သူမ၏ လျှို့ဝှက်အတွေးတွေကို ဖော်ထုတ် ခံလိုက်ရသကဲ့သို့ ယောင်ယောင်သည် ရှက်ရွံ့စွာ ပါးပြင်များ နီမြန်းလာပြီး- "ဘယ်သူကပြောလဲ၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့"
" မဝန်ခံသေးဘူးလား၊ မေးခွန်းတစ်ခုတည်းနဲ့ ငါ မင်းရဲ့ ခံစားချက်အမှန်ကို ထုတ်ဖော်နိုင်တယ်" လင်းပိုင်ဖန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဘယ်လို မေးခွန်းမျိုးက အဲ့ဒီလောက် အစွမ်းထက်နိုင်မှာလဲ၊ ငါ မယုံဘူး" ယောင်ယောင်က ခေါင်းယမ်းလိုက်သည်။
"ကောင်းပြီ၊ ဒါဆို ငါ မေးမယ်၊ မင်း ရိုးသားစွာ ဖြေရမယ်၊ မလိမ်ရဘူးနော်" လင်းပိုင်ဖန်က တက်ကြွစွာဖြင့် မတ်တပ်ရပ်လိုက်သည်။
"ကောင်းပြီ၊ မြန်မြန်မေးတော့" ယောင်ယောင်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
လင်းပိုင်ဖန်က လေးနက်စွာဖြင့် မေးလိုက်သည်- "ယောင်ယောင်၊ မင်း ရွေးချယ်စရာ နှစ်ခုထဲက ရွေးရမယ်ဆိုရင်၊ မင်း ချီးစား မလား၊ ဒါမှမဟုတ် ငါ့ကို ချစ် မလား"
ယောင်ယောင်-“…..”
"လာပါ၊ ဖြေလိုက်ပါ၊ မင်းရဲ့ ရိုးသားတဲ့ ခံစားချက်တွေကို ဆန့်ကျင်ပြီးတော့ မပြောနဲ့" လင်းပိုင်ဖန်က တိုက်တွန်းလိုက်သည်။
ယောင်ယောင်-“……”
ခဏ ကြာပြီးနောက်...
လင်းပိုင်ဖန်- "အား….."
"ကျွန်မ ရှင့်ကို သေအောင် ရိုက်မယ်လို့ပဲ ရွေးချယ်တယ်" ယောင်ယောင်က စိတ်တိုစွာ ပြောလိုက်သည်။
ပိုင်ဇူသည် သူတို့နှစ်ဦး ရယ်မောကာ နောက်ပြောင်နေသည်ကို ကြည့်ပြီး စိတ်သက်သာရာ ရကာ သူမ၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။
ခဏကြာပြီးနောက် နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ယောင်ယောင်က အသီးစားရင်း ပြောလိုက်သည်- "တကယ်တော့၊ ရှင် ဒုက္ခရောက်နေပြီ ဆိုတာကို သတိပေးဖို့ ကျွန်မ တမင်လာခဲ့တာ"
"ဘယ်လို ဒုက္ခလဲ" လင်းပိုင်ဖန်က မေးလိုက်သည်။
"ရှင် အရင်က စီဖန်း လောင်းကစားရုံ ကို ဖျက်ဆီးခဲ့တယ် မဟုတ်လား၊ စီဖန်း လောင်းကစားရုံက ငွေဂိုဏ်းရဲ့ ကျောထောက်နောက်ခံ ရှိတယ်။ သူတို့ ဒီအကြောင်းကြားတော့ အရမ်း ဒေါသထွက်ပြီး ရှင့်ကို ဒုက္ခပေးဖို့အတွက် အကြီးအကဲ သုံးယောက်နဲ့ ပိုင်ဟူ ခန်းမက ကျွမ်းကျင်သူ တစ်ရာကို စေလွှတ်လိုက်ပြီ"
"အဲ့ဒီ အကြီးအကဲ သုံးယောက်စလုံးက ချီဖွဲ့တည်ခြင်းအဆင့် ပုဂ္ဂိုလ်တွေဖြစ်ပြီး အင်မတန် အစွမ်းထက်တယ်။ ပိုင်ဟူ ခန်းမက ကျွမ်းကျင်သူ တစ်ရာထဲမှာ အားအနည်းဆုံးသူကတောင် ဒုတိယတန်းစား အဆင့်ရှိတယ်။ သူတို့ မဟာရှနိုင်ငံကို နှစ်ရက်လောက်အတွင်း ရောက်လာလိမ့်မယ်"
"ရှင့် ကိုယ့်ကိုကိုယ် ကြီးမားတဲ့ ဒုက္ခထဲကို ဆွဲသွင်းမိပြီဆိုတာကို သိရဲ့လား"
လင်းပိုင်ဖန်က အတော်လေး အံ့သြသွားပြီး- "ငါ လောင်းကစားရုံတစ်ခုကို ဖျက်ဆီးလိုက်ရုံနဲ့ပဲ သူက လူအများကြီးကို စေလွှတ်လိုက်တာလား၊ သူက ငါ့ကို အထင်ကြီးလွန်းနေပြီ"
"ဒါက ရှင် ကံမကောင်းတာပဲ။ မူလကတော့ ချီဖွဲ့တည်ခြင်းအဆင့် တစ်ယောက်နဲ့ ကျွမ်းကျင်သူ ၁၀၀ကို စေလွှတ်ဖို့ စီစဉ်ထားတာ၊ ဒါပေမယ့် အကြီးအကဲ နှစ်ယောက်က ပျင်းနေတဲ့အတွက် အပျင်းပြေ လိုက်လာဖို့ ဆုံးဖြတ်လိုက်တာ" ယောင်ယောင်က အနည်းငယ် ပျော်ရွှင်နေသလို ပြောလိုက်သည်။
လင်းပိုင်ဖန်က သက်ပြင်းချလိုက်ပြီး- "ဒါဆို ဒီလိုကိုး၊ အသက်ရှင်နေရတာက အရမ်းကောင်းနေတာကို ဘာလို့ ကောင်းကောင်း မစဉ်းစားဘဲ ဒီကိုလာပြီး သေလမ်းကို လာရှာကြတာလဲ"
"ဟမ်၊ ရှင် ခုနက ဘာပြောလိုက်တာလဲ"
"ငါ ပြောနေတာက မင်း တကယ်ကို သတင်းအချက်အလက်တွေ ကောင်းကောင်းသိတာပဲ၊ ငွေဂိုဏ်းရဲ့ ကိစ္စတွေအကြောင်းတောင် ဒီလောက်သိနေတယ်"
"ဟုတ်တာပေါ့"
ယောင်ယောင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်- "ငါတို့မှာ ဂိုဏ်းပေါင်းစုံ၊ မြင့်မြတ်တဲ့ မျိုးနွယ်စုတွေနဲ့ နိုင်ငံအသီးသီးမှာ ငါတို့လူတွေ ရှိတယ်။ ငါတို့က သတင်းအချက်အလက် အရှိဆုံးပဲ၊ ဒါနဲ့ စကားမစပ်၊ ရှင့်ရဲ့ မဟာရှနိုင်ငံထဲမှာလည်း ငါတို့လူတွေ ရှိတယ်။ သိချင်လား"
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး- "မသိချင်ဘူး"
"ဘာလို့လဲ"
လင်းပိုင်ဖန်က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်- "ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလို ကိစ္စတွေက သာမန်ပဲလေ။ ကွဲပြားတဲ့ အင်အားစုတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အတွင်းလူတွေ ရှိနေတာက ဖြစ်နေကျပဲမလား၊ ရေက အရမ်းကြည်လွန်းရင် ငါးမရှိဘူး။ အုပ်ချုပ်ရေးကို မထိခိုက်သရွေ့ သူတို့ကို နေခွင့်ပေးလိုက်တယ်"
အခုတော့ ယောင်ယောင် အံ့သြရမယ့် အလှည့်ပင်- "ရှင် တကယ်ကို အမြင်ကျယ်တာပဲ"
"ဟုတ်တာပေါ့၊ ငါ့လက်အောက်က အရာရှိတွေ အားလုံးလိုလိုက အဂတိလိုက်စားပြီး လောဘကြီးနေကြတာ၊ နေ့တိုင်း အထက်လူကြီးတွေကို မျက်နှာချိုသွေးပြီး အောက်လူတွေကို အနိုင်ကျင့်နေကြတယ်။ ငါသာ အမြင်မကျယ်ရင် အခုလောက်ဆို ဒေါသထွက်ပြီး သေနေလောက်ပြီ" လင်းပိုင်ဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"ကောင်းပြီလေ၊ မူလက ကျွန်မ ရှင့်ကို ရှင့်ရဲ့ လက်အောက်က အရာရှိတွေကို သတိထားဖို့ သတိပေးမလို့ပဲ၊ ဒါပေမယ့် အခုတော့ မလိုတော့ဘူး ထင်တယ်"
ယောင်ယောင်က လက်ခုပ်တီးလိုက်ပြီး- "ကျွန်မ ဗိုက်ပြည့်သွားပြီ၊ သွားရတော့မယ်၊ မဟုတ်ရင် အဲ့ဒီ ရွံစရာကောင်းတဲ့ မိန်းမက ကျွန်မကို တွေ့သွားလိမ့်မယ်"
လင်းပိုင်ဖန်က အော်ခေါ်လိုက်ကာ- "ယောင်ယောင်၊ ခဏလေး"
ယောင်ယောင်က ခေါင်းကို လှည့်လိုက်ပြီး လင်းပိုင်ဖန်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တော့ သူမရဲ့ နှလုံးခုန်နှုန်းက ရုတ်တရက် မြန်လာခဲ့ပြီး- "တခြား ဘာရှိသေးလို့လဲ"
လင်းပိုင်ဖန်က မဝံ့မရဲ ပြောလိုက်သည်- "ယောင်ယောင်၊ မင်း တကယ်ပဲ ဒီလို ထွက်သွားတော့မှာလား"
"တခြား ဘာလုပ်ရမှာမို့လို့လဲ" ယောင်ယောင်က ရှက်ရွံ့စွာ ခေါင်းကိုငုံ့လိုက်ပြီး သူမ၏ ခြေထောက်များကို ကြည့်နေလိုက်သည်။
"မင်း မသွားခင် ငါ့အတွက် နောက်ထပ် မေးခွန်းတစ်ခု ဖြေပေးလို့ ရမလား"
"ဘာမေးခွန်းလဲ"
လင်းပိုင်ဖန်က နူးညံ့စွာ မေးလိုက်သည်- "မင်း ချီးစား မှာလား၊ ဒါမှမဟုတ် ငါ့ကို ချစ် မှာလား"
ယောင်ယောင်- “…..”
ခဏ ကြာပြီးနောက်...
လင်းပိုင်ဖန်- "အား….နာတယ်"
နှစ်ရက်တာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ငွေဂိုဏ်းမှ လူများသည် ရက်ပေါင်းများစွာ ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် မဟာရှနိုင်ငံသို့ ရောက်ရှိလာကြသည်။
"မဟာရှကို ရောက်တော့မယ်၊ မဟာရှက နိုင်ငံကြီး တစ်နိုင်ငံအဖြစ် မကြာသေးမီကမှ တိုးမြှင့်ခံရတာ ဖြစ်ပေမယ့် သူ့ရဲ့ အင်အားကို လျှော့တွက်လို့မရဘူး၊ ဒါကြောင့် လူတိုင်း သတိထားပြီး လုပ်ဆောင်ရမယ်။ ဘယ်လို လုပ်ဆောင်ချက်မဆို မလုပ်ခင်၊ သိုသိုသိပ်သိပ် နေပြီး အမိန့်ကို နာခံရမယ်"
အကြီးအကဲပိုင်ဟူသည် ရှေ့က မြေပြင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ အကြီးအကဲ" ဟု လူအုပ်က တစ်သံတည်း ပြန်ဖြေခဲ့သည်။
"ပိုင်အဖိုးကြီး၊ မင်း အရမ်းသတိထားလွန်းနေတာပဲ။ ငါတို့ရဲ့ အင်အားနဲ့ဆို နိုင်ငံငယ်လေးတစ်ခုကိုတောင် ဖျက်ဆီးပစ်နိုင်တယ်၊ မဟာရှက နိုင်ငံကြီးအဖြစ် မကြာသေးမီကမှ တက်လာတာ၊ သူတို့ရဲ့ အင်အားက ကန့်သတ်ချက်ရှိနေတာကို၊ ဘာကို ကြောက်ရမှာလဲ" နောက်ထပ် အကြီးအကဲတစ်ဦးက ပေါ့ပေါ့ဆဆ ပြောလုက်သည်။
"ဟုတ်တယ်၊ ငါတို့ရဲ့ အင်အားနဲ့ဆို အရပ်လေးမျက်နှာကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်၊ ဘာလို့ ဒီလောက် သတိထားရမှာလဲ၊ မင်းက အလွန်အကျွံကို သတိကြီးနေတာ" ဒုတိယ အကြီးအကဲကလည်း သဘောမတူဘဲ ပြောလိုက်သည်။
"ငါတို့ လျှော့မတွက်သင့်သေးဘူး"
အကြီးအကဲပိုင်ဟူက သတိပေးလိုက်သည်- "ငါ သိရသလောက်၊ လွန်ခဲ့တဲ့ ခြောက်လအတွင်း မဟာရှက စစ်ပွဲတွေ အများကြီးကို အနိုင်ရခဲ့တယ်။ သူတို့ရဲ့ စစ်ရေးအင်အားကို လျှော့မတွက်သင့်ဘူး"
"ဒါ့အပြင် သူတို့မှာ ချီဖွဲ့တည်ခြင်းအဆင့် ၅ ယောက်ရှိတယ်၊ တစ်ယောက်က အရက်ဓားအင်မော်တယ် ဖြစ်ပြီး မြင့်မြတ်တဲ့ မျိုးနွယ်စုတွေတောင် ကြောက်ရွံ့ရတဲ့ ပုဂ္ဂိုလ်ပဲ၊ ချီဖွဲ့တည်ခြင်း အဆင့်ရှိတဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်လည်း ရှိသေးတယ်၊ သတ်ဖြတ်ရာမှာ အလွန် ကျွမ်းကျင်တယ်"
"ငါတို့သာ သတိမထားရင် ငါတို့ ညီအစ်ကိုတွေ အားလုံး ဒီမှာ ကျန်ရစ်ခဲ့ရလိမ့်မယ်"
"ကောင်းပြီ၊ ကောင်းပြီ၊ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြမယ်။ ဘာပဲဖြစ်ဖြစ် ငါက သတ်ဖို့အတွက်ပဲ တာဝန်ယူထားတာပဲလေ" ချီဖွဲ့တည်ခြင်းအဆင့် အကြီးအကဲ နှစ်ယောက်က သဘောတူလိုက်သည်။
ထို့ကြောင့် လိုအပ်သည့် စီစဉ်မှုများ ပြုလုပ်ပြီးနောက်၊ နောက်ဆုံးတွင် သူတို့သည် မဟာရှထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
နန်းတော်အတွင်း၌ လင်းပိုင်ဖန်သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး- "သူတို့ ရောက်လာပြီ"
သူသည် အင်ပါယာ မြေပုံကို ထုတ်လိုက်ပြီး ဓားတစ်သောင်း ပြန်လာခြင်း ကို ထုတ်ဖော်ကာ သူတို့ကို ချက်ချင်း သတ်ပစ်ရန် ပြင်လိုက်သော်လည်း သူ နောက်ဆုတ်သွားခဲ့သည်။
"သူတို့ကို ချက်ချင်း သတ်ပစ်ဖို့က အရမ်း အလေအလွင့်များတယ်။ သူတို့က အသုံးဝင်ကောင်း ဝင်နိုင်သေးတယ်"
ထို့ကြောင့် သူသည် သူ၏ ခွန်အားတစ်ချို့ကို ချုပ်တည်းထားလိုက်သည်။
"ဓားတစ်သောင်း ပြန်လာခြင်း"
ဓားချီများက အချိန်နှင့် နေရာကို ထိုးဖောက်ပြီး ၎င်း၏ ဦးတည်ရာကတော့ တိကျနေသည်။