← Chapters

အခန်း (၁၀၁)

Vol. 8 Ch. 101

အခန်း (၁၀၁)

Vol. 8 Ch. 101

​ ထိုအချိန်တွင် ငွေဂိုဏ်းမှ အကြီးအကဲများက စကားမပြောတော့ဘဲ သဘောတူညီမှု ယူထားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားခဲ့ကြပြီး ကြောက်လန့်တကြား အမူအရာများဖြင့် သူတို့၏ ခေါင်းများကို မော့ကြည့်လိုက်ကြသည်။

​ “အားလုံးပဲ သတိထားကြ”

​ သို့သော်လည်း သတိပေးသံက နောက်ကျသွားခဲ့ပြီဖြစ်သည်။

​ ဓားချီ ထောင်ပေါင်းများစွာသည် မိုးရေကဲ့သို့ တရစပ် ကျဆင်းလာရာ အလွန်ပင် သိပ်သည်းလှသည်။

​ ချီဖွဲ့တည်ခြင်း အဆင့်အောက်ရှိ ကျွမ်းကျင်သူများက တစ်စက္ကန့်ပင် မခံနိုင်ဘဲ ပြာမှုန်များ ဖြစ်သွားကြသည်။

​ ချီဖွဲ့တည်ခြင်း အဆင့် ကျွမ်းကျင်သူ သုံးဦးမှာမူ ဓားချီ အနည်းငယ်ကိုသာ ခံနိုင်ရည်ရှိကြပြီး ထောင်ပေါင်းများစွာကိုမူ မခံနိုင်ကြပေ။ မကြာမီပင် ဓားချီများဖြင့် ထိုးဖောက်ခံလိုက်ရကာ အပေါက်ပေါင်း များစွာဖြင့် ပြည့်နှက်နေခဲ့သည်။

​ သို့သော်လည်း သူတို့တွင် အသက်တစ်မျှင်မျှလောက် ကျန်ရှိနေသေးသောကြောင့် အခြေအနေသည် ထိန်းချုပ်နိုင်သေးသည်။

​ သူတို့သည် သွေးအိုင်ထဲတွင် သတိမေ့မြောကာ လဲကျနေခဲ့ကြသည်။

​ ထိုလူအုပ်ကို ရှင်းလင်းပြီးနောက် လင်းပိုင်ဖန်က စစ်သားတစ်စုကို ခေါ်ကာ "ချက်ချင်းပဲ …. နေရာကို သွားလိုက်။ အဲဒီမှာ လူပေါင်း ရာဂဏန်းလောက်ရှိတဲ့ လူဆိုးဂိုဏ်းတစ်ခုရှိတယ်။ သူတို့က သေနေကြပြီ။ ဒါပေမဲ့ အသက်ရှင်ကျန်နေသေးတဲ့ လူသုံးယောက်ရှိတယ်၊ သူတို့ကို ပြန်ခေါ်လာခဲ့ကြ" ဟု အမိန့်ပေးလိုက်သည်။

​ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

​ တစ်ညအကြာတွင် ငွေဂိုဏ်းမှ အကြီးအကဲ သုံးဦးကို ပြန်လည် ခေါ်ဆောင်လာခဲ့သည်။

​ ပိုင်ဇူ ပေါ်ထွက်လာပြီး အံ့အားသင့်စွာဖြင့် "သူတို့ဆီကနေ ချီဖွဲ့တည်ခြင်း စွမ်းအင်ကို ကျွန်မ ခံစားမိတယ်။ သူတို့က..." ဟု ပြောလိုက်သည်။

​ လင်းပိုင်ဖန်က ပြုံးကာ- "သူတို့က ငွေဂိုဏ်းရဲ့ အကြီးအကဲတွေပဲ။ မဟာရှနိုင်မှာ ပြဿနာရှာဖို့ လာခဲ့တဲ့သူတွေပေါ့။ ဒါပေမဲ့ အခုတော့ အသက်မသေရုံတမယ် ဖြစ်နေကြပြီ၊ ဟား…ဟား”

​ ပိုင်ဇူ က အနီးကပ်သွား၍ ကြည့်လိုက်ပြီး ခဏတာမျှ ငြိမ်သက်သွားခဲ့သည်။ "သူတို့ဆီမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားချီကို ကျွန်မ ခံစားမိတယ်။ အရှင်မင်းကြီးရဲ့ မိတ်ဆွေ လုပ်ခဲ့တာလား"

​ လင်းပိုင်ဖန်က ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ "ဒီဓားစာခံ သုံးယောက်နဲ့ဆိုရင် ငါကိုယ်တော် နောက်ထပ် ပွပေါက် တိုးရဦးမှာပဲ" ဟု ပြောလိုက်သည်။

​ “ပွပေါက်" ပိုင်ဇူမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

​ လင်းပိုင်ဖန်က ပြုံးရွှင်စွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး- "ငွေဂိုဏ်းက တော်တော် ချမ်းသာတယ်လို့ ငါ ကြားတယ်။ သူတို့ကို ပိုက်ဆံနည်းနည်းလောက် သုံးရအောင် လုပ်မလို့”

​ ပိုင်ဇူ တုန်လှုပ်သွားပြီး ဒါက ငွေညှစ်မလို့လား။

​ ငွေဂိုဏ်းကို ခြိမ်းခြောက်ပြီး ငွေညှစ်မလို့လား။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ "လာကြ၊ သူတို့ကို စောင့်ကြည့်ထား။ မသေစေနဲ့"

​ "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

​ တစ်ချိန်တည်းမှာပင် မိုင်ပေါင်း ထောင်ချီ ဝေးသောနေရာတွင် ငွေဂိုဏ်းခေါင်းဆောင်သည် အလွန်တရာ စိတ်မချမ်းမသာ ခံစားနေရသည်။

​ အကြီးအကဲ ပိုင်ဟူ နှင့် အခြားသူများ ထွက်ခွာသွားသည်မှ စ၍ ဤခံစားချက်သည် ပေါ်ပေါက်လာခဲ့ပြီး သူ၏အိပ်စက်ခြင်းကို နှောင့်ယှက်ကာ သူ၏ကျင့်ကြံချိန် အတွင်း၌ပင် စိတ်အေးလက်အေးနှင့် အာရုံစူးစိုက်နိုင်စွမ်း မရှိခဲ့ပေ။

​ ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦး၏ အလိုအလျောက် သိမြင်နိုင်စွမ်းသည် မကြာခဏဆိုသလို အလွန်တိကျတတ်သည်။

​ အကြီးအကဲ ပိုင်ဟူ နှင့် အခြားသူများ တစ်ခုခု ဖြစ်နေသည်ဟု သူ ခံစားနေရသော်လည်း သူ၏ ဆင်ခြင်တုံတရားကမူ မဖြစ်နိုင်ကြောင်း ပြောနေခဲ့သည်။

​ အဘယ်ကြောင့်ဆိုသော် သူက ချီဖွဲ့တည်ခြင်းအဆင့် သုံးဦးနှင့် ပိုင်ဟူ ခန်းမမှ ကျွမ်းကျင်အဖွဲ့ဝင်ဝင် တစ်ရာကို စေလွှတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုကဲ့သို့သော အင်အားစုသည် နိုင်ငံငယ်လေး တစ်ခုကိုပင် ဖျက်စီးနိုင်ပြီး နိုင်ငံကြီးတစ်ခုတွင်ပင် ရင်ကော့ခေါင်းမော့၍ လျှောက်သွားနိုင်ပေသည်။

​ မကြာသေးခင်ကမှ နိုင်ငံကြီးအဖြစ် တိုးမြှင့်လာခဲ့သော မဟာရှနိုင်ငံက မည်မျှပင် အားကောင်းစေကာမူ သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။

​ သို့သော်လည်း စကြဝဠာကိုပင် ပြောင်းလဲပစ်နိုင်သော်ငြား မာဖီ၏ နိယာမ သည် အမြဲရှိနေသည်။ (မှတ်ချက်-မှားယွင်းနိုင်တဲ့ အရာမှန်သမျှဟာ မှားယွင်းမှာပဲ )

​ ထိုအချိန်တွင် တစ်စုံတစ်ယောက် အလောတကြီး ပြေးဝင်လာခဲ့သည်။

​ "ခေါင်းဆောင်၊ မကောင်းတော့ဘူး"

​ ငွေဂိုဏ်းခေါင်းဆောင်သည် ဘေးဒုက္ခ၏ အရိပ်နိမိတ်ကို ပို၍ပင် ခံစားလာရသော်လည်း တည်ငြိမ်စွာပင် "ဘာဖြစ်တာလဲ။ ဖြည်းဖြည်းပြော" ဟု မေးလိုက်သည်။

​ ထိုသူသည် အလွန်စိုးရိမ်ပူပန်နေပြီး- "ခေါင်းဆောင်... ခေါင်းဆောင်၊ ကျွန်တော်တို့ သတင်းရထားတာက ပိုင်ဟူခန်းမက ကျွန်တော်တို့ ညီအစ်ကိုအားလုံးကို မဟာရှနိုင်ငံက သတ်ပစ်လိုက်ပြီ။ အကြီးအကဲ ပိုင်ဟူနဲ့ တခြား အကြီးအကဲ နှစ်ဦးကိုလည်း မဟာရှက ဖမ်းဆီးသွားပြီ။ အခု မဟာရှနိုင်ငံက ကျွန်တော်တို့ကို ငွေညှစ်နေပြီ၊ ဆယ်ရက်အတွင်း ငွေတေး ၁ သန်းပေးဖို့ တောင်းဆိုနေတယ်။ မဟုတ်ရင် အကြီးအကဲ သုံးဦးလုံးကို သတ်ပစ်မယ်တဲ့"

​ ငွေဂိုဏ်းခေါင်းဆောင် တုန်လှုပ်သွားပြီး "ဘာ... တကယ်လား"

​ "ခေါင်းဆောင်၊ ကျွန်တော် ဘယ်လိုလုပ် ခေါင်းဆောင်ကို လိမ်ဝံ့ပါ့မလဲ။ ဒီသတင်းက သိုင်းလောက တစ်ခွင်လုံး ပျံ့နှံ့နေပြီ" ဟု ထိုသူက ကူရာမဲ့စွာ ပြုံး၍ ပြောလိုက်သည်။

​ "ငါ မယုံဘူး" ငွေဂိုဏ်းခေါင်းဆောင်က ဒေါသတကြီး ထွက်သွားလိုက်သည်။

​ သိုင်းလောကမှ ကောလာဟလ အမျိုးမျိုးနှင့် ကုန်းတိုက်စကားများသည် သူ၏နားထဲသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

​ "ကြားမိကြလား။ ငွေဂိုဏ်းက မဟာရှနိုင်ငံကို လက်စားချေဖို့ အကြီးအကဲ သုံးဦးနဲ့ ပိုင်ဟူခန်းမက ကျွမ်းကျင်သူ ရာဂဏန်းကို စေလွှတ်လိုက်တယ်၊ ဒါပေမဲ့ သူတို့က မဟာရှနိုင်ငံရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံလိုက်ရပြီး၊ ပိုင်ဟူခန်းမက တိုက်ခိုက်ရေးသမားအားလုံး အသတ်ခံရတယ်တဲ့၊ အကြီးအကဲ သုံးဦးလုံးလည်း ဖမ်းဆီးခံလိုက်ရတယ်တဲ့"

​ "မဟာရှနိုင်ငံက အပြင်ကိုပါ ကြေညာထားတယ်၊ ငွေဂိုဏ်းက ဆယ်ရက်အတွင်း ငွေတေး ၁ သန်း မပေးခဲ့ရင်၊ အဲဒီ အကြီးအကဲ သုံးဦးရဲ့ ခေါင်းတွေ မြေပြင်ပေါ် ကျရလိမ့်မယ်တဲ့"

​ "ငွေတေး ၁ သန်းတောင်မှ၊ မဟာရှနိုင်ငံက တောင်းရဲလိုက်တာ။ ငွေဂိုဏ်းနဲ့ ရန်သူလုံးဝ ဖြစ်သွားမှာကို မကြောက်ဘူးလား"

​ "ကြောက်စရာ ဘာရှိလဲ။ အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က နန်းတက်ပြီးကတည်းက တစ်ခုပြီးတစ်ခု မိုက်မဲတဲ့အလုပ်တွေ လုပ်နေတာပဲ မဟုတ်ဘူးလား"

​ "ဟုတ်တာပေါ့။ သူ့ရဲ့ အရည်အချင်း မရှိပုံအရဆိုရင် သူဒီလိုလုပ်တာ ဘာမှ အံ့သြစရာ မရှိဘူး။ ဒါပေမဲ့ ငွေဂိုဏ်းအတွက်တော့ ကပ်ဆိုးပဲ။ ကြက်ခိုးဖို့ ကြိုးစားရင်း ကိုယ့်ဆန်ကိုပါ ဆုံးရှုံးလိုက်ရပြီ၊ ကိုယ့်လူတွေကိုလည်း အဆုံးရှုံးခံလိုက်ရတယ်။ ရယ်စရာလည်း ကောင်းသလို သနားစရာလည်း ကောင်းလိုက်တာ"

​ ငွေဂိုဏ်းခေါင်းဆောင်က နားထောင်လေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး "မဟာရှနိုင်ငံက အရမ်းကို လွန်သွားပြီ"

​ သူ မခံနိုင်တော့ဘဲ ဒေါသအပြည့်ဖြင့် ပြန်လာခဲ့သည်။

​ ထိုအချိန်တွင် ငွေဂိုဏ်းမှ အခြား အဆင့်မြင့် အဖွဲ့ဝင်များပါ စိုးရိမ်ပူပန်စွာဖြင့် အလောတကြီး ရောက်လာကြသည်။

​ "ခေါင်းဆောင်၊ ပိုင်ဟူခန်းမက ညီအစ်ကိုတွေ သေဆုံးသွားပြီ၊ အကြီးအကဲ ပိုင်ဟူနဲ့ တခြားသူတွေကို မဟာရှနိုင်ငံက ဖမ်းသွားပြီလို့ ကျွန်တော်တို့ ကြားလိုက်ရတယ်"

​ "အကြီးအကဲတွေအားလုံး သူတို့လက်ထဲ ရောက်နေပြီ၊ သူတို့က ကျွန်တော်တို့ကို ငွေတေး ၁ သန်း ငွေညှစ်နေတယ်။ ကျွန်တော်တို့ မပေးရင် ကျွန်တော်တို့ အကြီးအကဲတွေကို သတ်ပစ်လိမ့်မယ်"

​ "ခေါင်းဆောင်၊ သူတို့ကို ဘာမှ ဖြစ်ခွင့်ပေးလို့မရဘူး"

​ "အကြီးအကဲတို့ ကျေးဇူးပြု၍ စိတ်ကို တည်ငြိမ်အောင် ထားကြပါ။ ကျွန်ုပ်လည်း ဒီကိစ္စကို ခုမှ သိရတာဖြစ်ပြီး အရမ်းကို နာကျင်ရပါတယ်။ ဒီအချိန်မှာ ကျုပ်တို့တွေ အကြီးအကဲ သုံးဦးကို ဘယ်လို ကယ်ဆယ်ရမလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်"

​ အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ မသေချာမရေရာ ဖြစ်နေကြသည်။ "ခေါင်းဆောင်၊ ဘာလုပ်ရမလဲ ပြောပါ။ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို လိုက်နာပါ့မယ်"

​ ငွေဂိုဏ်းခေါင်းဆောင်က- " အကြီးအကဲ ဂျင်၊ မင်း ချက်ချင်းပဲ ငွေတေး တစ်သန်း စုဆောင်းပြီး ငါတို့ လူတွေကို ပြန်ရွေးဖို့ မဟာရှနိုင်ငံကို သွားရောက် ဆွေးနွေးရမယ်"

​ "ခေါင်းဆောင်၊ ကျွန်တော်တို့ တကယ်ပဲ ရွေးဖိုး ပေးရတော့မှာလား။ ကျွန်တော်တို့တွေ သိုင်းလောကမှာ တခြားသူတွေရဲ့ လှောင်ပြောင်စရာ ဖြစ်ကုန်တော့မှာပေါ့"

​ "ဟုတ်ပါတယ် ခေါင်းဆောင်၊ အခုတောင် အားလုံးက ကျွန်တော်တို့ကို လှောင်ပြောင်နေကြပြီ။ ကျွန်တော်တို့ တကယ် ပေးလိုက်မယ်ဆိုရင် ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားရပါလိမ့်မယ်"

​ "ခေါင်းဆောင်၊ တခြားနည်းလမ်း လုံးဝ မရှိတော့ဘူးလား"

​ အားလုံးသည် အခြေအနေကို လက်ခံရန် အလွန်ကိုမှ ဆန္ဒမရှိကြပေ။

​ သူတို့က ငွေဂိုဏ်း ဖြစ်နေသည် မဟုတ်လော။

​ သူတို့က အမြဲတမ်း တခြားသူတွေဆီကနေ ပိုက်ဆံယူတဲ့သူတွေဖြစ်သည်။ ဘယ်တုန်းကမှ သူများကို ပိုက်ဆံ ပေးခဲ့ရဖူးလို့လဲ။

​ "ဒါက မျက်နှာပျက်စရာ ဖြစ်ပြီး သိုင်းလောကမှာ ငါတို့ကို လှောင်ပြောင်ကြလိမ့်မယ်ဆိုတာ ငါ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ အကြီးအကဲ သုံးဦးက ရန်သူရဲ့ လက်ထဲမှာ ရှိနေတော့ သူတို့ကို ထိခိုက်မှု မဖြစ်စေဖို့အတွက် သတိထားပြီး လှုပ်ရှားရမယ်။ ဒါကြောင့် ခေတ္တခဏတော့ အရှုံးပေးရမယ်။ ဒါပေမယ့်..."

​ ငွေဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများမှ အေးစက်သော အလင်းရောင် ထွက်ပေါ်လာခဲ့သည်။ "ငါတို့လူတွေကို ကယ်ဆယ်ပြီးတာနဲ့ ဒီရှက်ရွံ့မှုကို ဆေးကြောပစ်ဖို့ သူတို့ကို မျိုးတုန်း သတ်ဖြတ်ပစ်ရမယ်"

​ "ခေါင်းဆောင်၊ ဒီကိစ္စကို ကျွန်တော့်ကို အပ်လိုက်ပါ။ ကျွန်တော် သူတို့ထဲက တစ်ယောက်မှ အသက်ရှင် မကျန်ရစ်စေရဘူး၊ ပြီးတော့ အဲဒီခွေးဧကရာဇ်ရဲ့ ခေါင်းကို အိမ်သာဆေးတဲ့ ခွက်အဖြစ် သုံးဖို့ ယူလာခဲ့မယ်" လေးထောင့်ပုံသဏ္ဍာန် မျက်နှာရှိသူ တစ်ဦးက ထရပ်လိုက်သည်။

​ ငွေဂိုဏ်းခေါင်းဆောင်က ဝမ်းမြောက်စွာဖြင့်- "ကောင်းပြီ၊ ကြယ်တာယာချီ အဆင့်ရှိတဲ့ ဒုတိယခေါင်းဆောင်က ဦးဆောင်မယ်ဆိုရင် ငါ စိတ်ချလက်ချ နေနိုင်ပြီ"

​ "ခေါင်းဆောင်၊ ကျွန်တော်လည်း ဒီကိစ္စမှာ ပါဝင်ချင်ပါတယ်"

​ "ကျွန်တော်လည်း ဒီလက်စားချေမှုမှာ ပါဝင်ချင်တယ်။ သူတို့ကို ကိုယ့်လက်နဲ့ကိုယ် လက်စားချေရမှ ကျေနပ်စရာကောင်းလိမ့်မယ်"

​ "ခေါင်းဆောင်၊ ကျွန်တော့်ကို ချန်မထားပါနဲ့"

​ ခဏလေးအတွင်းမှာပင် ချီဖွဲ့တည်ခြင်းအဆင့် ငါးယောက်တောင်မှ တိုက်ခိုက်ဖို့အတွက် ဆန္ဒပြုခဲ့ကြသည်။

​ အခြား ကျင့်ကြံဆင့်မြင့်သည့် ခန်းမမှူးများလည်း စိတ်အားထက်သန်စွာဖြင့် ပါဝင်ရန် ဆန္ဒပြုခဲ့ကြသည်။

​ ငွေဂိုဏ်းခေါင်းဆောင်က အလွန်စိတ်လှုပ်ရှားနေပြီး အားမာန်အပြည့်ဖြင့် ကြေညာလိုက်သည်။ "ငါတို့ ငွေဂိုဏ်းရဲ့ ညီအစ်ကိုတွေ စည်းလုံးညီညွတ်နေရင်၊ ငါတို့ရဲ့ ကြီးကျယ်တဲ့ ရည်ရွယ်ချက် မအောင်မြင်မှာကို ဘာလို့ ပူပန်ရတော့မှာလဲ။ အကြီးအကဲ ဂျင်၊ ပိုက်ဆံယူပြီး ငါတို့လူတွေကို သွားရွေးလိုက်ပါ။ ဒုတိယခေါင်းဆောင်က အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး မဟာရှကို တိတ်တဆိတ် ဝင်ရောက်ပါ။ လူ ကယ်ပြီးတာနဲ့ သတ်ဖြတ်မှုကို စတင်ပြီး မဟာရှကို တစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်ပြီး ငါတို့ရဲ့ ဂုဏ်သိက္ခာကို ဆေးကြောကြမယ်"

​ "အမိန့်အတိုင်းပါ ခေါင်းဆောင်" ဟု အားလုံးက တုံ့ပြန်ခဲ့ကြသည်။

​ ထိုသို့ဖြင့် ငွေဂိုဏ်းသည် စတင်လှုပ်ရှားခဲ့ကြသည်။

​ အကြီးအကဲ ဂျင်က လူရွေးဖိုးအတွက် ငွေတေး တစ်သန်း ယူဆောင်သွားခဲ့သည်။

​ ငွေဂိုဏ်း၏ ဒုတိယခေါင်းဆောင်သည် ချီဖွဲ့တည်ခြင်း အဆင့်ရှိ အကြီးအကဲ သုံးဦးနှင့် ကျွမ်းကျင်သူ ၃၀၀ ကို ဦးဆောင်၍ မဟာရှနိုင်ငံသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။

​ လူများ ကယ်ဆယ်ပြီးသည်နှင့် သတ်ဖြတ်မှုကို စတင်ရန်ဖြစ်သည်။

All Chapters