← Chapters

အခန်း (၁၀၂)

Vol. 8 Ch. 102

အခန်း (၁၀၂)

Vol. 8 Ch. 102

​ထိုလူအုပ်စုသည် ကြီးမားလှသော ရည်မှန်းချက်တို့ဖြင့် ရောက်လာခဲ့ကြသော်လည်း မဟာရှသို့ ခြေချလိုက်သည့် အချိန်မှစ၍ လင်းပိုင်ဖန်က သူတို့၏ ရောက်ရှိနေခြင်းကို သတိပြုမိခဲ့သည်။

​ သူသည် သူတို့ကို ကြိုဆိုသည့်အနေဖြင့် "ဓားတစ်သောင်း ပြန်လာခြင်း" သိုင်းပညာရပ်ဖြင့် ကြိုဆိုခဲ့လိုက်သည်။

​ နှစ်ရက်အကြာတွင် မဟာရှ နန်းတော်၌….

​ "မဟာရှရဲ့ ဧကရာဇ်၊ ကျွန်ုပ်တို့က ကတိအတိုင်းပဲ ငွေကို ယူလာခဲ့ပါပြီ။ ဤသည်မှာ ငွေတေး ၁ သန်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လူတွေကို အမြန်ဆုံး လွှတ်ပေးပါ"

​ ယခုလို ငွေ လာရောက်ပေးသည့်တိုင် အကြီးအကဲဂျင်မှာ မာနထောင်လွှားနေဆဲပဲ ဖြစ်သည်။

​၎င်းက သူသည် ငွေဂိုဏ်းတွင် အမြဲတမ်း လေးစားခံရသည့်အတွက် မာနစိတ်တွေက ကြီးထွားလာရုံသာမက၊ သူ၏ အမြင်တွင် သူ့ရှေ့မှ ခွေးဧကရာဇ်နှင့် မဟာရှ တို့သည် ပျက်စီးတော့မည်ဖြစ်ရာ သူ၏ စိုးရိမ်ပူပန်မှုတို့နှင့် မထိုက်တန်သောကြောင့်လည်း ဖြစ်သည်။

​ လင်းပိုင်ဖန်က ပြုံးကာ "ငွေဂိုဏ်းက သူတို့ရဲ့ ကတိကို စောင့်ထိန်းခဲ့တဲ့အတွက် ငါကလည်း အကျဉ်းသားတွေကို သဘာဝအတိုင်းပဲ လွှတ်ပေးရမှာပေါ့" ဟု ပြောလိုက်သည်။

​ သူ၏ လက်ဝှေ့ယမ်းလိုက်သည်နှင့် နန်းတော် အစောင့်များက လူသုံးဦးကို ခေါ်ထုတ်လာခဲ့သည်။

​ ငွေဂိုဏ်း၏ အကြီးအကဲသည် ထိုမြင်ကွင်းကို မြင်ပြီး အံ့ဩတုန်လှုပ်သွားပြီး- "သူတို့ ဘာဖြစ်ခဲ့တာလဲ"

​ စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက်တွင် သူသည် ပို၍ပင် အံ့အားသင့်ကာ ဒေါသထွက်လာပြီး၊ ဒေါသများ ဆူပွက်လာရင်း လင်းပိုင်ဖန် ကို လက်ညှိုးထိုးလျက် စွပ်စွဲသည်- "မင်းက တကယ်ကို ယုတ်မာပက်စက်တဲ့ စိတ်ဓာတ်ရှိသူပဲ။ မင်းက သူတို့ရဲ့ သွေးကြောတွေနဲ့ အရိုးတွေကို ချိုးဖျက်ပြီး သူတို့ရဲ့ သိုင်းပညာကို ဖျက်ဆီးပစ်လိုက်တာပဲ"

​ လင်းပိုင်ဖန်က ပြုံးလျက် ပြန်ဖြေလိုက်သည်- "အကြီးအကဲ၊ ခင်ဗျားရဲ့ စကားတွေက အရမ်းကို ပြင်းထန်နေတာပဲ။ သူတို့က ငါ့ကို သတ်ဖို့ လာကြတာလေ၊ ငါက သူတို့ကို ယဉ်ကျေးစွာနဲ့ ဆက်ဆံပေးရမှာလား"

​ "မင်း" ငွေဂိုဏ်း၏ အကြီးအကဲမှာ ပြောစကားမဲ့သွားပြီး လင်းပိုင်ဖန် ကို စူးစိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

​ "ကောင်းပြီ။ ဒီရန်ကြွေးကို ငါတို့ မှတ်ထားမယ်။ ငါတို့ ပြန်ဆုံတွေ့မယ့် အချိန်တစ်ခုတော့ ရှိလာဦးမှာပါ၊ စောင့်ကြည့်နေလိုက်" ငွေဂိုဏ်း၏ အကြီးအကဲသည် သူ၏ အင်္ကျီလက်ကို တစ်ချက်ခါလိုက်ပြီး၊ ချက်ချင်းပင် သူ၏ နောက်လိုက်များကို ခေါ်ကာ မသန်မစွမ်း ဖြစ်နေသော ထိုအကြီးအကဲသုံးဦးကို သယ်ဆောင်သွားစေသည်။

​ "နေဦး" လင်းပိုင်ဖန် က လှမ်းခေါ်လိုက်သည်။

​ "ဘာများလဲ၊ မဟာရှ ဧကရာဇ်" အကြီးအကဲဂျင်က သူ၏ ရင်ထဲရှိ ဒေါသကို မြိုသိပ်ကာ မေးလိုက်သည်။ ထိုအချိန်တွင် သူသည် ထွက်ခွာရန် စိတ်အားထက်သန်နေပြီး၊ ထို့နောက် ဒုဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများကို ပူးပေါင်းကာ သူတို့၏ နာကြည်းချက်ကို လက်စားချေရန် ရှနိုင်ငံ တစ်ခုလုံးကို သတ်ဖြတ်ပစ်စေချင်နေသည်။

​"ငါတို့မှာ နောက်ထပ် ကိစ္စတစ်ခု လုပ်စရာ ကျန်သေးတယ်"

​ လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ပြီး- "သူတို့ကို ခေါ်ခဲ့"

​ ချက်ချင်းပင် နန်းတော် အစောင့်များက လူလေးဦးကို သယ်ဆောင်လာခဲ့သည်။

​ အကြီးအကဲဂျန် ငုံ့ကြည့်လိုက်တဲ့အခါ တစ်ဖန် အံ့ဩတုန်လှုပ်သွားပြန်ခဲ့သည်- "ဒုဂိုဏ်းခေါင်းဆောင်၊ အကြီးအကဲ ဝမ်၊ အကြီးအကဲ ဆွန်၊ အကြီးအကဲ လျို၊ သူတို့ ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ သူတို့ ဘာဖြစ်ခဲ့တာလဲ"

​ သူတို့ကို စစ်ဆေးပြီးနောက်တွင် သူသည် ကြောက်လန့်တကြားဖြစ်ကာ ကိုယ်ခန္ဓာ ယိုင်နဲ့သွားပြီး မေ့လဲလုနီးပါးပင် ဖြစ်သွားခဲ့သည်။

​ အဘယ်ကြောင့်ဆိုသော် ထိုလေးဦးစလုံးသည်လည်း ရှေ့ကသုံးဦးနည်းတူ အခြေအနေတွင် ရှိနေသောကြောင့်ပင် ဖြစ်သည်။

​ ငွေဂိုဏ်းသည် အကြီးအကဲ သုံးဦး ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်သည်။ ယခုတွင် ကြယ်တာရာချီ အဆင့်ရှိသော ဒုဂိုဏ်းခေါင်းဆောင်အပါအဝင် နောက်ထပ် သုံးဦးကို ဆုံးရှုံးခဲ့ရပြန်သည်။

​ ဆုံးရှုံးမှုမှာ အလွန်ကြီးမားသည်၊ သူ ပြန်ရောက်သည့်အခါ ဂိုဏ်းခေါင်းဆောင်အား မည်သို့ ရှင်းပြရမည်ကိုပင် မသိတော့ပေ။

​ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ လင်းပိုင်ဖန် အပေါ် သူ၏ ဒေါသကို ဖြေဖျောက်ရန်သာ ဖြစ်သည်။

​ "မဟာရှရဲ့ ဧကရာဇ်၊ မင်း သူတို့ကို ဘာလုပ်လိုက်တာလဲ"

​ လင်းပိုင်ဖန်က ဒေါသဖြင့် စားပွဲကို ရိုက်ကာ ထရပ်လိုက်ပြီး "အဲဒါ မင်းကို ငါ မေးသင့်တဲ့ မေးခွန်းပဲ။ သူတို့ ဘာလို့ ဒီရောက်နေတာလဲ။ သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်းရဲ့ လူတွေရဲ့ လုပ်ရပ်တွေကို မင်း မသိဘူးလား" ဟု ပြောလိုက်သည်။

​ ငွေဂိုဏ်းရဲ့ အကြီးအကဲက တစ်ဖန် စကား မပြောနိုင်ဖြစ်သွားခဲ့သည်- "ကျန်တဲ့လူတွေရော ဘယ်ရောက်သွားလဲ"

​ "သူတို့ သေပြီ၊ အကုန်လုံး သေသွားပြီ၊ သွေးတွေတောင် ခြောက်နေလောက်ပြီ" လင်းပိုင်ဖန် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

​ ငွေဂိုဏ်း၏ အကြီးအကဲက သူ၏ မျက်စိရှေ့တွင် အမှောင်ကျလာသည်ဟုပင် ထပ်မံခံစားလိုက်ရသည်။

​ ထိုသူများသည် ဒုတိယတန်းစား အားအနည်းဆုံး ရှိပြီး ငွေဂိုဏ်း၏ အကောင်းဆုံး အထူးအဖွဲ့ဝင် ၃၀၀ ကျော် ဖြစ်သည်။

​ ထိုသို့သော အင်အားစုကို မွေးထုတ်ရန် မလွယ်ကူခဲ့ပေ၊ ယခုတော့ သူတို့အားလုံး ပျောက်ဆုံးသွားပြီတဲ့လား။

​ "ဒါ... ဒါက ငါ ပြောနေတဲ့ ဒုတိယ ကိစ္စပဲ"

​ လင်းပိုင်ဖန်က ပြန်ထိုင်ချလိုက်ပြီး ဖော်ရွေစွာ ပြုံးကာ "ဒီအကြီးအကဲ သုံးယောက်အတွက် ငွေတေး ၁ သန်း တောင်းတာ မများဘူး ထင်တယ်နော်။ ဟိုတစ်ယောက်က ဒုဂိုဏ်းခေါင်းဆောင် ဖြစ်ပုံရတယ်၊ ကြယ်တာရာချီ အဆင့်ရှိတယ်၊ ရာထူးမြင့်ပြီးတော့ ခွန်အားလည်းမြင့်တယ်။ သူ့အတွက် တေး ၁ သန်း တောင်းတာက မများလွန်းဘူးမလား။ ဒါဆို စုစုပေါင်း ငွေတေး ၂ သန်း ဖြစ်သွားပြီ"

​ အကြီးအကဲဂျင်ခင်ဗျာ သူ၏ မျက်စိရှေ့တွင် အမှောင်ကျလာသည်ဟု ခံစားလိုက်ရပြီး ဒေါသတကြီး အော်လိုက်သည်- "ငွေတေး ၂ သန်း၊ မင်းက ဓားပြတိုက်နေတာပဲ"

​ လင်းပိုင်ဖန်က လျစ်လျူရှုလိုက်ကာ- "ငါက ဓားပြတိုက်တော့ရော ဘာဖြစ်လဲ။ ပြဿနာရှိလို့လား" ဟု ပြောလိုက်သည်။

​ "မင်း" အကြီးအကဲဂျင်သည် အလွန်ဒေါသထွက်လာကာ ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့သည်။

​ သူ၏ ရင်ထဲရှိ အမုန်းတရားကို ဖြေဖျောက်ရန် သူ့ရှေ့မှ လူကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲပစ်ချင်နေသည်။

​ လင်းပိုင်ဖန်က ပေါ့ပေါ့တန်တန် လက်ဝှေ့ယမ်းလိုက်ပြီး- "ငါ့မှာ မင်းနဲ့ အခု အချိန်ဖြုန်းပြီး ဈေးဆစ်နေဖို့ အချိန်မရှိဘူး။ ၁၀ ရက်အတွင်း ပိုက်ဆံပို့ပါ၊ အကယ်၍ ပေးဖို့ ပျက်ကွက်ခဲ့ရင် သူတို့ကို သူတို့ လမ်းစဉ်အတိုင်း ပို့ပေးရုံမှလွဲပြီး ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ မင်း သွားလို့ရပြီ"

​ နန်းတော် တံခါးများ ပိတ်သွားသည်ကို ကြည့်ရင်း အကြီးအကဲဂျင်၏ ရင်ထဲတွင် ဒေါသမီးတောက်များဖြင့် တောက်လောင်နေသည်။

​ သူသည် နန်းတော်ထဲသို့ ဝင်ရောက်ပြီး စိတ်ရှိလက်ရှိ သတ်ဖြတ်ပစ်ချင်နေခဲ့သည်။

​ သို့သော်လည်း သူနှင့်အတူ အကြီးအကဲ သုံးဦးကို ပြန်ခေါ်သွားရမည်ဖြစ်သောကြောင့် သူသည် စွန့်စား၍ မရပေ။

​ ထို့အပြင် ဒုဂိုဏ်းခေါင်းဆောင်ပင် မဟာရှ ၏ လက်ထဲသို့ ကျရောက်ခဲ့ပြီ၊ သူ ကိုယ်တိုင် ဝင်ရောက်ခြင်းသည် မိမိကိုယ်ကို သတ်သေခြင်းမှအပ ဘာမှ မဖြစ်လာနိုင်ပေ။

​ ထို့ကြောင့် သူသည် စိတ်ပျက်အားငယ်စွာ ပြန်သွားကာ ထိုကိစ္စကို ဂိုဏ်းခေါင်းဆောင်ထံ အစီရင်ခံရုံသာ တတ်နိုင်တော့သည်။

​ ဤအကြောင်းကို ကြားသောအခါ ငွေဂိုဏ်း ခေါင်းဆောင်၏ မျက်နှာက ဖြူဖျော့သွားပြီး- "ဘာ။ ဒုဂိုဏ်းခေါင်းဆောင်တို့... သူတို့လည်း မဟာရှ ရဲ့ လက်ထဲ ကျသွားတယ် ဟုတ်လား"

​ အကြီးအကဲဂျင်က လေးနက်သော အမူအရာဖြင့်- "ဂိုဏ်းခေါင်းဆောင်၊ ကျွန်တော် ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပါ။ ဘယ်လိုလုပ် မှားနိုင်ပါ့မလဲ။ ဒုဂိုဏ်းခေါင်းဆောင်တို့ အုပ်စုကို မဟာရှက အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး။ ဟူး…."

​ ငွေဂိုဏ်း၏ ခေါင်းဆောင်သည် သူ၏ ရင်ထဲတွင် ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရပြီး သူ၏ မျက်နှာသည်သည်လည်း မည်းမှောင်သွားခဲ့သည်။

​ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ။

​ ဒုဂိုဏ်းခေါင်းဆောင်တစ်ဦး၊ အကြီးအကဲ ခြောက်ဦးနှင့် ထိပ်တန်း အဖွဲ့ဝင် ၄၀၀ ကျော်တို့ တစ်ဦးပြီးတစ်ဦး နှိမ်နင်းခြင်း ခံလိုက်ရသည်။

​ ငွေဂိုဏ်းသည် တကယ်ပင် အကြီးအကျယ် ဆုံးရှုံးမှုကို ခံစားခဲ့ရပြီး ၎င်း၏ အင်အားကို ပြင်းထန်စွာ ထိုးနှက်ခဲ့သည်။

​ အခုအချိန်တွင် သူ၏ အဓိက စိုးရိမ်ပူပန်မှုမှာ သူ၏ လူများအတွက် ပြန်ရွေးငွေ ပေးဆောင်ရန် မဟုတ်ဘဲ၊ ငွေဂိုဏ်း၏ အခြေအနေကို အခြား အင်အားကြီး ရန်သူများ မြင်တွေ့ပြီးနောက် ဂိုဏ်းကို ဖျက်ဆီးပြီး သိမ်းပိုက်ခြင်းမခံရစေရန် မည်သို့ ကာကွယ်ရမည် ဆိုသည်သာ ဖြစ်သည်။

​ "ခေါင်းဆောင်၊ ကျွန်တော်တို့ လူတွေကို ပြန်ရဖို့ သူတောင်းတဲ့ ငွေကို ပေးသင့်လား" ဟု ငွေဂိုဏ်း၏ အကြီးအကဲက စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

​ "ဒါက..." ငွေဂိုဏ်း၏ ခေါင်းဆောင်က တုံ့ဆိုင်းနေခဲ့သည်။

​ အကယ်၍ ထိုသူများကသာ ခွန်အားရှိနေသေးပါက သူသည် တစ်စက္ကန့်မျှ မတွေးဘဲ တောင်းငွေကို သေချာပေါက် ပေးချေမည်ဖြစ်သည်။

​ သို့သော် ယခုအခါ ထိုသူများမှာ အသုံးမဝင်တော့ဘဲ ပျက်စီးသွားပြီဖြစ်သည်။ သူတို့ကို ပြန်ရွေးယူခြင်းက ဘာအကျိုးရှိမှာလဲ။

​ လူလည်း ဆုံးရှုံးပြီး၊ ငွေလည်း ဆုံးရှုံးရခြင်းသည် ကိုယ့်အင်အားကို အဓိပ္ပာယ်မဲ့စွာ အားနည်းစေခြင်းသာ ဖြစ်သည်။

​ အကြီးအကဲဂျင်က ဂိုဏ်းခေါင်းဆောင်၏ မျက်နှာပေါ်မှ အမူအရာကို မြင်လိုက်ရသည့်အခါ နောက်ဆုံး ရွေးချယ်မှုကို နားလည်သွားပြီး တိတ်ဆိတ်စွာ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။

​ နက်နဲ့လှတဲ့ စိတ်ထိခိုက်မှုနှင့် ကူကယ်ရာမဲ့မှုတွေက ရှိနေသော်လည်း သူအနေဖြင့် နားလည်ပေးရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။

​ ထိုအချိန်တွင် တစ်စုံတစ်ယောက်က အလျင်အမြန် ပြေးဝင်လာခဲ့သည်။

​ "ခေါင်းဆောင်၊ သတင်းဆိုး။ ခေါင်းဆောင်က ဒုဂိုဏ်းခေါင်းဆောင်ကို ရွေးဖို့ ငွေ မပေးဘူးလို့ သိုင်းလောကမှာ စကားတွေ ပြန့်နှံ့နေပါတယ်။ ခေါင်းဆောင်က သွေးအေးပြီး ရက်စက်တယ်၊ ဘာကိုမှ ဂရုမစိုက်ဘဲ သိုင်းလောကရဲ့ ကိုယ်ကျင့်တရား ကင်းမဲ့တယ်လို့ ပြောနေကြတယ်"

​ ခေါင်းဆောင်ခင်ဗျာ တုန်လှုပ်သွားပြီး- "ဘာ။ အဲဒါ အမှန်ပဲလား"

​ "ဟုတ်ပါတယ်"

​ "ဒါ မဟာရှရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ သူတို့ ငါ့ကို အတင်းအကျပ် လုပ်ခိုင်းနေတာ" ငွေဂိုဏ်းခေါင်းဆောင်သည် အလွန်ဒေါသထွက်ကာ အံကြိတ်လို​က်သည်။

​ သိုင်းလောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသောအခါ သစ္စာတရားကို လေးစားရမည်။

​ ငွေဂိုဏ်းအနေဖြင့် အခြေခိုင်မာနိုင်ခဲ့ခြင်းမှာ အကျိုးအမြတ်ကြောင့်သာမကဘဲ၊ အရေးအကြီးဆုံးမှာ သစ္စာတရား ကြောင့်လည်း ဖြစ်သည်။

​ သစ္စာတရား ကြောင့်သာလျှင် သူတို့အားလုံးသည် ညီအစ်ကိုကောင်းများ ဖြစ်လာပြီး တစ်ဦးကိုတစ်ဦး ကူညီထောက်ပံ့ကာ စည်းလုံးညီညွတ်စွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

​ သူ့အတွက် အသက်စွန့် တိုက်ခိုက်ပေးခဲ့သော ညီအစ်ကိုများ သေဆုံးနေသည်ကို မြင်နေရပါလျက် မျက်ကွယ်ပြုပါက၊ အချိန်အကြာကြီး တည်ဆောက်ခဲ့ရသော သစ္စာတရားသည် ပျက်ပြားသွားပေလိမ့်မည်။

​ သစ္စာတရားမရှိလျှင် စည်းလုံးမှု မရှိနိုင်ပေ။ အရာအားလုံးက ကိုယ့်အကျိုးစီးပွားအတွက်သာ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ ငွေဂိုဏ်းသည် ပြိုကွဲသွားနိုင်ပြီး၊ တစ်ဦးစီသည် ကိုယ့်လမ်းကိုယ် သွားကြကာ သူတို့၏ ပျက်စီးခြင်းသည် မဝေးတော့ပေ။

​ "ခေါင်းဆောင်၊ အခု ဘာလုပ်ရမလဲ" ဟု အကြီးအကဲက မေးလို​က်သည်။

​ "ငါတို့ရဲ့ ဒုဂိုဏ်းခေါင်းဆောင်နဲ့ အခြားသူတွေကို ရွေးဖို့ ပိုက်ဆံ အမြန်ဆုံး စုဆောင်းရုံကလွဲပြီး တခြား ဘာလုပ်နိုင်ဦးမှာလဲ" ဟု ငွေခေါင်းဆောင်က ဒေါသတကြီး ပြောလိုက်သည်။

​ "ကျွန်တော်တို့ရဲ့ လက်စားချေမှုရော" ဟု အကြီးအကဲက ထပ်မံမေးလိုက်သည်။

​ "လက်စားချေတာကိုတော့ နောက်မှ လုပ်ရလိမ့်မယ်"

​ ငွေဂိုဏ်း ခေါင်းဆောင်က နောင်တရစွာဖြင့် သက်ပြင်းချလိုက်ပြီး "ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ပြီးနောက်မှာ၊ မဟာရှက အပေါ်ယံ မြင်နေရသလောက် မရိုးရှင်းဘူးဆိုတာက ရှင်းနေပြီ။ ငါ အသေးစိတ် ဘာစုံစမ်းစစ်ဆေးမှု မလုပ်ဘဲ ညီအစ်ကိုတွေကို သေတွင်းထဲ ပို့ခဲ့တယ်။ ငါဟာ ငွေဂိုဏ်းရဲ့ အပြစ်သားပဲ။ ဒါကြောင့် အခုလောလောဆယ်မှာတော့ ဒီဆုံးရှုံးမှုကို ခါးသီးစွာပဲ မြိုချရလိမ့်မယ်။ အခွင့်အရေးပေါ်လာတဲ့အခါ ဒါကို လက်စားချေရမယ်" ဟု ပြောလိုက်သည်။

​ "ဟုတ်ကဲ့ပါ၊ ဂိုဏ်းခေါင်းဆောင်"

​ အကြီးအကဲဂျင်သည် ငွေနှင့်အတူ မဟာရှသို့ တစ်ဖန် သွားရောက်ခဲ့သည်။

​ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ့အနေဖြင့် မာနထောင်လွှား၍ မဖြစ်တော့ပေ။ လင်းပိုင်ဖန် ရှေ့တွင် သူသည် အလွန်အမင်း နိမ့်ကျပြီး ကျိုးနွံသော အသွင်ကို ပြသခဲ့သည်။

​ တစ်ဖက်လူကို ဒေါသထွက်စေမည်ကို စိုးရိမ်ကာ သူ ကိုယ်တိုင် ပြန်မလာနိုင်တော့မည်ကိုလည်း ကြောက်ရွံ့နေသည်။

​ လင်းပိုင်ဖန်ကလည်း စကားပြောရ လွယ်ကူသူ ဖြစ်သည်။ ငွေတေး ၂ သန်းကို လက်ခံရရှိပြီးနောက်တွင် သူသည် အကျဉ်းသားများကို ချက်ချင်း လွှတ်ပေးခဲ့သည်။

All Chapters