အခန်း (၁၀၃)
Vol. 8 Ch. 103
ဤအဖြစ်အပျက်သည် ပြင်ပကမ္ဘာသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်ကာ အံ့အားသင့်ခဲ့ကြရသည်။
မဟာရှ နှင့် ငွေဂိုဏ်းတို့ ပဋိပက္ခဖြစ်ရာတွင် နောက်ဆုံး၌ မဟာရှက အနိုင်ရခဲ့သည်။
‘အိုး ဘုရားရေ။ ငွေဂိုဏ်းရဲ့ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၇ ဦးနှင့် အထူးအဖွဲ့ဝင် ၄၀၀ ကျော်တို့က မဟာရှ၏ လက်ချက်နဲ့ ကျဆုံးခဲ့ရပြီးတော့ သူတို့ဆီကနေပါ ငွေတေး ၃သန်းကိုပါ ငွေညှစ်ခံလိုက်ရတယ်တဲ့။ ဆုံးရှုံးမှုက ကြီးမားလွန်းလို့ ငွေဂိုဏ်းက ဒုတိယတန်းစားဂိုဏ်းအဆင့်ကနေ တတိယတန်းစားဂိုဏ်းအဆင့်ကို တိုက်ရိုက် ကျဆင်းသွားခဲ့ရတယ်တဲ့ဟ’
‘ငွေဂိုဏ်းခေါင်းဆောင်က ယခုအချိန်ဆိုရင် ဒေါသထွက်လွန်း၍ သွေးအန်နေလောက်ပြီ။ သူတို့က ပစ်မှတ်ကို လွယ်တယ်ထင်ပြီး ရွေးချယ် တိုက်ခိုက်လိုက်တယ်လို့ ထင်ခဲ့မှာပဲ၊ အမှန်တကယ်တော့ အရိုးမာမာကိုမှ ကိုက်မိလိုက်ပြီး အခုတော့ ရှိတဲ့သွား ကျိုးခဲ့ကြရပြီပေါ့’
‘သူတို့ချင်းတိုက်ကြပါစေ၊ ငွေဂိုဏ်းရော မဟာရှရော နှစ်ခုစလုံးက ကောင်းတဲ့အရာတွေမှ မဟုတ်တာ’
‘ဒီလိုအကျပ်အတည်းမျိုးကနေ လွတ်မြောက်လာတော့၊ မဟာရှက တစ်မျိုးကြီး နက်နဲနေသလို ခံစားရတယ်’
‘ဧကရာဇ်ရဲ့ ခွန်အားကြီးမားတဲ့ မိတ်ဆွေက ဝင်ရောက်ကူညီခဲ့တာ ဖြစ်ရမယ်။ ငွေဂိုဏ်းက လူတွေဟာ ဓားချီကြောင့် ဒဏ်ရာရခဲ့တယ်လို့ ဆိုတယ်။ ဒါဟာ အရင်က မျိုးနွယ်စုတွေရဲ့ ကျွမ်းကျင်သူတွေကို ချေမှုန်းခဲ့တဲ့ နည်းလမ်းအတိုင်းပဲ ဖြစ်နေတယ်'
‘ငါလည်း အဲဒီလိုထင်တယ်၊ အဲဒီ မိုက်မဲတဲ့ဧကရာဇ်က ဒီလိုမိတ်ဆွေမျိုးရဖို့အတွက် ကံကောင်းမှုတစ်ခုခုတော့ ရှိခဲ့တာပဲဖြစ်ရမယ်’
‘ကံကြမ္မာက မျက်စိကန်းလိုက်တာ’
ပြင်ပကမ္ဘာတွင် လင်းပိုင်ဖန်ကို မနာလို ဝန်တိုစိတ်များဖြင့် လျှို့ဝှက်ဝေဖန်နေကြသူများ ပြည့်နှက်နေသည်။
သို့သော်လည်း၊ ဤအချိန်တွင် လင်းပိုင်ဖန်ကတော့ ပိုက်ဆံများကို ပျော်ရွှင်စွာ ရေတွက်နေလေသည်- “ငွေတေး ၃ သန်း ကို ဒီလောက်လွယ်လွယ်လေးနဲ့ ရလိုက်တာဆိုတော့၊ ဒီလိုအင်အားစုတွေ ငါ့ဆီကို များများလာဖို့ တကယ်ကိုပဲ မျှော်လင့်တယ်”
သူ၏နိုင်ငံသည် လျင်မြန်စွာ တိုးတက်နေပြီး ငွေကြေးများစွာ လိုအပ်နေသည်။
ပိုက်ဆံက ဘယ်လိုပဲရလာပါစေ၊ ရောက်လာဖို့ကသာ အရေးကြီးဆုံးဖြစ်သည်။
နည်းလမ်းများက မှောင်မိုက်နေသော်လည်း အနာဂတ်ကတော့ တောက်ပနေသည်။
ထိုစဉ်မှာပင်၊ သူ့စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။
“ဒင်၊ ကစားသမား၏ နိုင်ငံတော်အင်အား ကြီးထွားလာသည်နှင့်အမျှ၊ သင်၏ခွန်အားသည်လည်း တစ်ပြိုင်နက်တည်း တိုးလာခဲ့သည်။ အဆင့်မြင့်ဆုံးသော ကိုယ်ခံပညာရပ်ဖြစ်သည့် “မြင့်မြတ်လုံးသား ကျင့်စဥ်” ကို ချီးမြှင့်လိုက်သည်။”
မြင့်မြတ်နှလုံးသား ကျင့်စဥ်ကို ဒဏ္ဍာရီလာ သိုင်းပညာ ပါရမီရှင်တစ်ဦးက သိုင်းပညာများစွာတို့၏ အနှစ်သာရကို ပေါင်းစပ်ကာ ဖန်တီးခဲ့သည့် အမြင့်ဆုံးသော နတ်ဘုရားကျင့်စဥ်ဖြစ်သည်။ သိုင်းကျမ်းတွင် အေးစက်သောအကြည့်ဖြင့် ဝိညာဉ်များကို ဖမ်းယူနိုင်သည့် "တုန်လှုပ်ဖွယ်စူးစိုက်အကြည့် " နှင့် ပြိုင်ဘက်၏ သွေးများကို သေသည်အထိ စုပ်ယူခန်းခြောက်စေနိုင်သည့် " ကြမ်းကြုတ်စွာ သွေးစီးနင်းခြင်း" အပါအဝင် အစွမ်းထက်ပြီး ထူးဆန်းသော တိုက်ခိုက်မှုနည်းစနစ်များ ပါဝင်သည်။
လင်းပိုင်ဖန်က မျက်လုံးများကိုမှိတ်လိုက်ကာ ဤနတ်ဘုရားကျင့်စဥ်ကို လျင်မြန်စွာ စုပ်ယူလိုက်သည်။
သူသည် ဤကျင့်စဥ်ပညာရပ်ကို အပြီးသတ် စုပ်ယူနိုင်ရန် သုံးနာရီကြာခဲ့သည်။
သူ့ရင်ထဲတွင် အံ့သြမှုနှင့် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေပြီး- “ဒီကျင့်စဥ်က အရမ်းကို အစွမ်းထက်တာပဲ၊ ပြီးတော့ အရမ်းကို ကြောက်စရာလည်း ကောင်းတယ်။ မှော်ဆန်တဲ့ တိုက်ခိုက်မှု နည်းစနစ်မျိုးစုံ ပါဝင်တယ်။ ဒါက သိုင်းပညာ သက်သက်ပဲ မဟုတ်တော့ဘူး၊ တာအို နဲ့တောင် နီးကပ်နေပြီ ”
ဤနတ်ဘုရားကျင့်စဥ်သည် သူ့ခွန်အားကို အရည်အသွေးပိုင်းအရ ခုန်ပျံကျော်လွှားစေခဲ့သည်။
လင်းပိုင်ဖန်သည် ကောင်းကင်နယ်ပယ် တစ်ဦး ရောက်လာရင်တောင်မှ ခဏတာလောက် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။
“ဘာတွေဖြစ်ခဲ့လို့ ငါ့ရဲ့ခွန်အားက ဒီလောက် မြန်မြန်ဆန်ဆန် တိုးလာရတာလဲ”
လင်းပိုင်ဖန်သည် အင်ပါယာ မြေပုံကို ကြည့်လိုက်သည်။
အင်ပါယာမြေပုံ (အလယ်အလတ်အဆင့်)
နယ်မြေဧရိယာ: စတုရန်းမိုင် ၆၄၀,၀၀၀ (စိုက်ပျိုးမြေ စတုရန်းမိုင် ၄၈၀,၀၀၀)
နိုင်ငံတော် ဘဏ္ဍာ: ငွေတေး ၁၆၅ သန်း (သံသတ္တုတွင်း ၃ တွင်း၊ ကျောက်မီးသွေးတွင်း ၃ တွင်း၊ ကြေးနီတွင်း ၂ တွင်း)
လူဦးရေ: ၆.၃၂ သန်း (လူချမ်းသာ ၃%၊ သာမန်လူ ၇၀%၊ ဆင်းရဲသား ၂၇%)
စစ်ရေးအင်အား: ၈၀၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ၆ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၃၂၀)
စုစုပေါင်း နိုင်ငံတော်အင်အား: ၁၃၂၀ ( မဟာနိုင်ငံတော်အဆင့်)
ဤအချက်အလက်များကို ဖတ်ရှုပြီးနောက် အကြောင်းရင်းသည် ရှင်းလင်းလာခဲ့သည်။
သိသိသာသာပင် ယခုနှစ် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်တွင် သီးနှံများ အထွက်နှုန်း ကောင်းခဲ့သည်။
သီးနှံများသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးသော အရင်းအမြစ်နှင့် အဓိက ဦးစားပေးဖြစ်သည်၊ နောက်ဆုံးတွင် နိုင်ငံတစ်နိုင်ငံ၏ ပြဿနာအားလုံးသည် အစားအစာနှင့်ဆိုင်သော ပြဿနာများအပေါ် အခြေခံနေသည်။
စားနပ်ရိက္ခာ လုံလောက်လျှင် မည်သည့် ပြဿနာမဆို ပြဿနာမဟုတ်တော့ပေ။
ထို့အပြင် လင်းပိုင်ဖန်က အသစ်စိုက်ပျိုးခဲ့သော မြေများမှ ထွက်ရှိသည့် သီးနှံတစ်ဝက်ကို ခွဲဝေပေးမည်ဟု ကတိပြုခဲ့ရာ လူများစွာသည် ဆင်းရဲတွင်းမှ လွတ်မြောက်ကာ ကြွယ်ဝလာခဲ့ကြသည်။
ထို့ကြောင့် အရေအတွက်ဆိုင်ရာ ပြောင်းလဲမှုသည် အရည်အသွေးဆိုင်ရာ အသွင်ကူးပြောင်းမှုကို ဦးတည်စေပြီး နိုင်ငံတော်အင်အားကို သိသိသာသာ တိုးလာခဲ့သည်။
“ကောင်းတယ် အလွန်ကောင်းတယ်” လင်းပိုင်ဖန်သည် အတိုင်းမသိ ဝမ်းမြောက်မိခဲ့သည်။ သူစိုက်ပျိုးခဲ့သော မျိုးစေ့များသည် နောက်ဆုံးတွင် ပွင့်လန်း၍ အသီးအပွင့်များ သီးလာခဲ့ပြီဖြစ်သည်။
စားနပ်ရိက္ခာ လုံလောက်ပြီဖြစ်၍ သူ၏ မဟာရှ နိုင်ငံတော်သည် ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဟီရှန်း သည် ပျော်ရွှင်ဝမ်းမြောက်နေသော မျက်နှာဖြင့် ရောက်ရှိလာပြီး "အရှင်မင်းကြီး၊ ကျွန်တော်မျိုးက အရှင်မင်းကြီးအား လျှောက်တင်စရာ သတင်းကောင်းတစ်ခု ရှိပါသည်" ဟု ပြောကြားလိုက်သည်။
"ဘာသတင်းကောင်းများလဲ" ဟု လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်သည်။
"အရှင်မင်းကြီး၊ ခန့်မှန်းကြည့်ပါဦး" ဟီရှန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံး၍ သတင်းကို မပြောသေးဘဲ စနောက်လိုက်သည်။
လင်းပိုင်ဖန်၏ အပြုံးသည် မပြောင်းလဲဘဲ "ငါတို့ နိုင်ငံရဲ့ သီးနှံတွေ အထွက်နှုန်း ကောင်းခဲ့လို့လား"
"အရှင်မင်းကြီး၊ ခန့်မှန်းတာ မှန်ပါသည်၊ အရှင်မင်းကြီး ပြောသည့်အတိုင်းပါပဲ၊ ကျွန်တော်မျိုးတို့၏ သီးနှံများက အထွက်နှုန်း ကောင်းနေပါတယ်"
ဟီရှန်းက အလွန်စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော်မျိုးတို့ ယခင်က စိုက်ပျိုးခဲ့တဲ့ လယ်မြေတွေသာမက၊ ယခုနှစ်မှာပါ အသစ်စတင်စိုက်ပျိုးခဲ့တဲ့ လယ်မြေအားလုံးကပါ သီးနှံများ ထွက်ရှိခဲ့ပါသည်။ ကျွန်တော်မျိုး အကြမ်းဖျင်း ရေတွက်ကြည့်ရာ ယခုနှစ် သီးနှံထွက်နှုန်းသည် ကတ္တီ XX ပမာဏအထိ ရောက်ရှိခဲ့ပြီး လူဦးရေ ဆယ်သန်းကို တစ်နှစ်စာ ကျွေးမွေးရန် လုံလောက်ပါသည်" ဟု ပြောကြားခဲ့သည်။
လင်းပိုင်ဖန်သည် ပျော်ရွှင်စွာ အော်ရယ်လိုက်ပြီး "အမတ်မင်း၊ မောင်မင်းပြောနေတာ တကယ်လား"
"ကျွန်တော်မျိုးက အရှင်မင်းကြီးကို မည်သို့ လိမ်ဝံ့ပါမလဲ။ ကျွန်တော်မျိုးရဲ့ အသက်နှင့်ပင် အာမခံပါသည်" ဟု ဟီရှန်းက ခိုင်မာသော အကြည့်တို့ဖြင့် အာမခံလိုက်သည်။
"ကောင်းတယ်၊ တကယ်ကိုကောင်းတယ်" သိပြီးသား ဖြစ်သော်လည်း လင်းပိုင်ဖန်သည် အလွန် ကျေနပ်နေခဲ့သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုး လျှောက်တင်စရာ နောက်ထပ် သတင်းကောင်းတစ်ခု ရှိပါသေးတယ်"
ဟီရှန်း ဝမ်းမြောက်စွာဖြင့်- "ကျွန်တော်မျိုးတို့ မြေရိုင်းတွေရဲ့ တစ်ဝက်ကျော်လောက်က မဖော်ထုတ်ရသေးဘဲ ကျန်ရှိနေသေးပါတယ်၊ လူတွေကို စစ်ဆေးခိုင်းပြီးနောက်မှာတော့ အဲဒီမြေရိုင်းအားလုံးဟာ စိုက်ပျိုးရေးအတွက် သင့်တော်တဲ့ မြေဩဇာကောင်းတဲ့ မြေတွေဖြစ်နေပါတယ်၊ အဲဒီမြေရိုင်းတွေအားလုံးကို ဖော်ထုတ်နိုင်ခဲ့ရင် လာမည့်နှစ်မှာ ကျွန်တော်မျိုးတို့ရဲ့ သီးနှံထွက်ရှိမှုဟာ နှစ်ဆထိ ရှိလာနိုင်ပါတယ်"
"ကောင်းတယ်၊ အလွန်ကောင်းတယ်" လင်းပိုင်ဖန်သည် လက်ခုပ်တီး၍ ချီးကျူးကာ ထရပ်လိုက်သည်။
"ငါကိုယ်တော် နန်းတော်ကနေ ထွက်ပြီး သီးနှံတွေ ဘယ်လောက် ကောင်းကောင်း ဖြစ်ထွန်းနေလဲဆိုတာ သွားကြည့်ချင်တယ်"
နာရီဝက်ခန့်ကြာပြီးနောက် လင်းပိုင်ဖန်သည် မြို့ပြင်ရှိ လယ်တောထဲသို့ အရပ်ဖက်နှင့် စစ်ဖက်အရာရှိများကို ဦးဆောင်၍ သွားရောက်ခဲ့သည်။
ယခင်က သီးနှံမပေါက်နိုင်ခဲ့သော မြေရိုင်းများသည် ယခုအခါ ရွှေရောင်လွှမ်းနေသော လယ်ကွင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ များပြားလှသော သီးနှံနှံများဖြင့် ပြည့်ဝရင့်မှည့်နေကြပြီး အလွန် ကြည့်လို့ကောင်းနေသည်။
လင်းပိုင်ဖန်က စပါးနှံတစ်စည်းကို ပျော်ရွှင်စွာ ဆွဲယူလိုက်ပြီး "သီးနှံရှိမှ ပြည်သူပြည်သား အားလုံး ငြိမ်းချမ်းစွာ ရှိနေနိုင်မယ်"
"အရှင်မင်းကြီး မိန့်တော်မူသည်မှာ အလွန်မှန်ကန်ပါသည်" ဟု အရာရှိများက တစ်ညီတည်း ပြောကြားလိုက်သည်။
လမ်းတစ်လျှောက်တွင် လယ်သမားများစွာကိုလည်း တွေ့ခဲ့ရသည်။ လင်းပိုင်ဖန်ကို မြင်သောအခါ သူတို့သည် ဒူးထောက်၍ စိတ်လှုပ်ရှားစွာနှင့် ရိုးသေလေးစားသော လေသံဖြင့် သက်တော်ရှည်ပါစေဟု အော်ဟစ်ခဲ့ကြသည်။
လင်းပိုင်ဖန်ကသာ သူတို့ကို စားနပ်ရိက္ခာပေးခဲ့သူ၊ အသက်ရှင်သန်ဖို့ မျှော်လင့်ချက်ပေးခဲ့သူ ဖြစ်သောကြောင့်ပင်ဖြစ်သည်။
သူတို့သည် အသက်ရှင်သန်ရုံသာမကဘဲ၊ သုံးစွဲရန် ပိုက်ဆံ၊ နေထိုင်ရန် အိမ်နှင့် လက်ထပ်ကာ သားသမီးရနိုင်သည့် အခွင့်အရေးများပင် ရရှိခဲ့သည်။ သူတို့ အိပ်မက်မက်ခဲ့သမျှ အရာအားလုံးသည် ဤနေရာတွင် အမှန်တကယ် ဖြစ်လာခဲ့သည်။
"အားလုံးပဲ၊ ထကြပါ"
လင်းပိုင်ဖန်က ပြုံးလျက် "မောင်မင်းတို့က ငါကိုယ်တော်အတွက် မြေယာတွေ ရှင်းလင်းပြီး သီးနှံတွေ စိုက်ပျိုးပေးခဲ့တာပဲ၊ ကျေးဇူးတင်သင့်တာက ငါကိုယ်တော်ပါပဲ၊ ကျေးဇူးပြု၍ ဆက်လက်ကြိုးစားကြပါ၊ ငါကိုယ်တော် ကတိပေးထားတဲ့ သီးနှံတွေကို မောင်မင်းတို့အားလုံးကို ပေးမှာပါ"
လယ်သမားများက တစ်ဖန် ဝမ်းမြောက်သွားကြပြီး "အရှင်မင်းကြီးရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါသည်"
နန်းတော်သို့ ပြန်ရောက်သောအခါ လင်းပိုင်ဖန်က အောင်မြင်မှုများအတွက် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
"အမတ်မင်း ဟီ၊ သင်က ဤကိစ္စမှာ ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ပြီး ငါကိုယ်တော်ရဲ့ ကြီးမားလှတဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ မောင်မင်းရဲ့ အောင်မြင်မှုတွေက နယ်မြေချဲ့ထွင်ခြင်းနဲ့ မခြားနေဘူး။ ဒါ့ကြောင့် မောင်မင်းအား ထိုက်ပိုင် နယ်စားကြီး ဘွဲ့ကို ပေးအပ်လိုက်သည်။ ဒါ့အပြင် မောင်မင်းအား ငွေတေး ၁၀၀၀၀နဲ့ အကောင်းစား ပိုးထည်နှင့် ပိုးဖဲထည် ဆယ်ထည်စီကို ဆုချတော်မူသည်..."
ခမ်းနားသော ဆုလာဘ်များ တစ်ပုံကြီး ချီးမြှင့်ခဲ့ရာ ဟီရှန်းခင်ဗျာ အံ့အားသင့်ကာ မူးဝေသွားပြီး ဒူးထောက်လိုက်ကာ…
စကားလုံး တစ်ထောင်တို့သည် ဝါကျ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့သည်- "အရှင်မင်းကြီး၏ ကြီးမားသော ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါသည်"
အခြား အရာရှိများမှာမူ အလွန် အားကျနေကြသည်။ ဟီရှန်းက အရပ်ဖက်အရာရှိတစ်ဦးဖြစ်သော်လည်း ဘွဲ့ချီးမြှင့်ခံလိုက်ရသည်။
ရည်မှန်းချက် ကြီးသူများဖြစ်သည့် လီလင်းဖူနှင့် ယန်စန်းတို့သည် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချခဲ့ကြသည်- " တစ်နေ့မှာ၊ ငါလည်း အရပ်ဖက်အရာရှိတစ်ဦးအနေနဲ့ ဘွဲ့ချီးမြှင့်ခံရစေရမည်"
"အခြားသူများကိုလည်း ဆုလာဘ်များစွာ ချီးမြှင့်မည်"
လင်းပိုင်ဖန်သည် စိုက်ပျိုးမြေများ ဖော်ထုတ်ခြင်းနှင့် စိုက်ပျိုးခြင်းအတွက် တာဝန်ရှိသည့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိများကို ထပ်မံ၍ ဆုချခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိများအားလုံး အလွန် ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။
ဤအချိန်တွင် လီလင်းဖူက ထရပ်လိုက်ပြီး ကျယ်လောင်စွာဖြင့် "အရှင်မင်းကြီး၊ ဆုမချရသေးတဲ့ အလွန်အရေးကြီးတဲ့ လူတစ်ယောက် ကျန်နေပါသေးတယ်" ဟု ပြောလိုက်သည်။
လင်းပိုင်ဖန်လည်း အံ့အားသင့်သွားပြီး "ဘယ်သူများလဲ။ ဆုချဖို့ ကျန်ခဲ့တဲ့သူ မရှိဘူးလို့ ငါကိုယ်တော် ထင်တယ်"
"ထိုသူက၊ အရှင်မင်းကြီး ကိုယ်တိုင်ပဲ ဖြစ်ပါသည်"
လီလင်းဖူက အလွန်စိတ်လှုပ်ရှားစွာဖြင့်- "ကျွန်တော်မျိုးတို့ ဒီလို များပြားလှတဲ့ သီးနှံထွက်ရှိမှု ရရှိရခြင်း အကြောင်းရင်းက အရှင်မင်းကြီးကြောင့်သာ ဖြစ်ပါတယ်၊ ပြည်သူတွေကို မြေယာတွေ ရှင်းလင်းဖို့နဲ့ စိုက်ပျိုးဖို့ လှုံ့ဆော်ခဲ့တာက အရှင်မင်းကြီးပါ၊ မြေရိုင်းတွေကနေ သီးနှံတွေ ထွက်ရှိလာအောင် လုပ်ပေးခဲ့တာ အရှင်မင်းကြီးရဲ့ မဟာ ကံကောင်းခြင်းကြောင့်ပါပဲ၊ ဒါကြောင့် အကြီးမားဆုံး အောင်မြင်မှုက အရှင်မင်းကြီးမှာ ရှိပါတယ်" ဟု ပြောကြားလိုက်သည်။
လင်းပိုင်ဖန်က အလွန်ဝမ်းမြောက်သွားပြီး "အော်…ဒီလိုမျိုးကိုး။ အမတ်မင်း ပြောတာ မှန်တယ်၊ ဟား….ဟား"
ဟီရှန်းခင်ဗျာ မြှောက်ပင့်ပြောဆိုနေသော လီလင်းဖူကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
ဒီလူ ဒီလောက်တောင် မြှောက်ပြောတတ်မှန်း၊ ဒီလောက်တောင် မျက်နှာပြောင်တိုက်မှန်း သူ တစ်ခါမှ မသိခဲ့ပေ။
သူရဲ့ မြှောက်ပင့်ပြောဆိုခြင်းကို စိတ်ထဲကနေ ကျိန်ဆဲပြီးနောက် ကျယ်လောင်စွာဖြင့်- "အရှင်မင်းကြီး၊ အမတ် လီ ပြောတာ လုံးဝ မှန်ပါတယ်၊ အကြီးမားဆုံး အောင်မြင်မှုက အရှင်မင်းကြီးမှာ တကယ်ပဲ ရှိနေပါတယ်၊ အရှင်မင်းကြီး ကိုယ့်ကိုယ်ကို ဆုမချရင်၊ ဒီကအစေခံ ရတဲ့ဆုတွေကိုတောင် စွန့်လွှတ်ချင်ပါတယ်"
ယန်စန်းသည်လည်း ရှေ့သို့ တက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် " အရှင်မင်းကြီး ကိုယ့်ကိုယ်ကို လစ်လျူမရှုပါနဲ့" ဟု ပြောကြားလိုက်သည်။
လင်းပိုင်ဖန်က ဝမ်းသာနေသော်လည်း စိတ်လည်းပူနေခဲ့သည်- "ဒါပေမယ့် ငါကိုယ်တော် ကိုယ့်ကိုယ်ကို ဘယ်လို ဆုချရမလဲ"
လီလင်းဖူက ဒီ အခွင့်အရေးကို ယူ၍ "အရှင်မင်းကြီး၊ မကြာခင်မှာ လမုန့်ပွဲတော် ရောက်တော့မှာပါ၊ ကျွန်တော်မျိုးက အရှင်မင်းကြီးကို ဂုဏ်ပြုသောအားဖြင့် ခမ်းနားကြီးကျယ်တဲ့ လသာဆောင်ပွဲတော်တစ်ခု ကျင်းပချင်ပါတယ်။ ခွင့်ပြုတော်မူပါ" ဟု ပြောကြားလိုက်သည်။
အရာရှိများအားလုံးကလည်း တစ်ညီတည်း- "အရှင်မင်းကြီးကို ဂုဏ်ပြုတဲ့ လသာဆောင်ပွဲတော် ကျင်းပခွင့်ပေးရန် တောင်းပန်အပ်ပါသည်၊ ခွင့်ပြုတော်မူပါ" ဟု ပြောကြားခဲ့ကြသည်။
အရာရှိများအားလုံး တစ်ညီတည်း ခေါင်းညိတ်အရိုအသေပေးသည်ကို မြင်သောအခါ လင်းပိုင်ဖန်သည် ဒီလောက်ထိ စိတ်အားထက်သန်မှုကို ငြင်းပယ်ရန် ခက်ခဲကြောင်း တွေ့ရှိလိုက်ရသည်။
သေသေချာချာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်- "ကောင်းပြီ၊ အမတ်မင်းများရဲ့ ရိုးသားတဲ့ ရည်ရွယ်ချက်ကို ငါကိုယ်တော် မြင်လိုက်ရသောကြောင့်၊ ဤလသာဆောင်ပွဲတော်ကို ခွင့်ပြုတော်မူသည်။ အမတ်မင်း လီ၊ မောင်မင်းက ဤကိစ္စအတွက် တာဝန်ယူရမယ်"
"ကျွန်တော်မျိုး အမိန့်ကို နာခံပါသည်" လီလင်းဖူသည် ပျော်ရွှင်စွာ အမိန့်ကို ခံယူခဲ့သည်။
"ဒါ့အပြင်၊ ဒီ အထွက်နှုန်း ကောင်းမွန်တဲ့ သတင်းကို ပြည်သူတွေပါ ဝမ်းမြောက်နိုင်အောင် တစ်နိုင်ငံလုံးကို ကြေညာလိုက်ပါ"
"မှန်လှပါ အရှင်မင်းကြီး"