← Chapters

အခန်း (၁၀၅)

Vol. 8 Ch. 105

အခန်း (၁၀၅)

Vol. 8 Ch. 105

​နောက်တစ်ခုအနေနဲ့ အကနဲ့ သီချင်းဖျော်ဖြေပွဲကို စီစဉ်ထားပြီး လူတိုင်းက လမုန့်ကို စားရင်း၊ အရက်ကို သောက်ရင်းဖြင့် ဖျော်ဖြေပွဲကို ​ပျော်ရွှင်စွာ ကြည့်ရှုခံစား​နေခဲ့ကြသည်။

​ ဖျော်ဖြေပွဲအပြီးမှာတော့ လင်းပိုင်ဖန်က ရယ်မောပြီး "ဒီနေ့က အရမ်းကို ပျော်ရွှင်စရာ​ကောင်းတဲ့နေ့ပဲ၊ ​နိုင်ငံ​ရေးကိစ္စ​တွေ မ​ပြောကြနဲ့​တော့၊ ဘဝရဲ့ အလှအပ​တွေအ​ကြောင်းပဲ ​ပြောကြစို့၊ ဒီကို ​ရောက်​နေတဲ့ ဝန်ကြီး​တွေအားလုံးက စာ​ပေဗဟုသုတ ကြွယ်ဝကြတယ်။ စိတ်ကြည်လင်ဖို့အတွက် ကဗျာပြိုင်ပွဲ​လေး လုပ်ကြမလား၊ တစ်လှည့်စီ ကဗျာစပ်ကြ​ပေါ့၊ ဘယ်သူ့ရဲ့ ကဗျာက အ​ကောင်းဆုံးလဲဆိုတာကြည့်ပြီး ငါကိုယ်တော်က ​ကောင်း​ကောင်းမွန်မွန် ဆုချမယ်၊ မ​ကောင်းရင်​တော့ အပြစ်​ပေးတဲ့အနေနဲ့ ​အရက် တစ်ခွက် ​သောက်ရမယ်။ ဘယ်လိုလဲ"

​ လူတိုင်းက သ​ဘောတူညီစွာဖြင့် ​အော်ဟစ်​အား​ပေးခဲ့ကြသည်။

​ ကောင်းတဲ့ ကဗျာအတွက် ဆု​တွေရှိပြီး မ​ကောင်းတဲ့ ကဗျာအတွက်ကတော့ တကယ်တမ်း အပြစ်​ပေးတာမျိုး မရှိတဲ့အခါ၊ လူတိုင်းက ပါဝင်ဖို့အတွက် အရမ်းကို ဆန္ဒရှိခဲ့ကြသည်။

​ "ငါကိုယ်​တော်ကပဲ ကဗျာအတွက် ​ရွေးပေးမယ်"

​ လင်းပိုင်ဖန်က မလှမ်းမကမ်းမှာ ရှိတဲ့ အရောင်အသွေး စုံလင်စွာဖြင့် ပွင့်​နေတဲ့ ပန်းခင်း​တွေကို ကြည့်ပြီး ပြုံးကာ "ပန်း​တွေကို ​ခေါင်းစဉ်အဖြစ် ယူကြမယ်၊ ငါကိုယ်​တော်ရဲ့ ညာဘက်က စပြီး ဦးလေးချိုင်၊ ဦးလေးကနေ အရင်စပါ"

​ "ကျွန်တော်မျိုးကနေလား၊ ​ကောင်းပြီ​လေ၊ ဒီလူအိုကြီးက​ပဲ ​နှိမ့်ချစွာ စပ်ဆိုပါရ​စေ" ချိုင်ယူလန်က ကျယ်​လောင်စွာ ​ရယ်​မောပြီး ချက်ချင်းပဲ ကဗျာတစ်ပုဒ်ကို စပ်ဆိုလိုက်ရာ လူတိုင်းက လက်ခုပ်တီး ​အား​ပေးခဲ့ကြသည်။

​ သို့​သော်လည်း၊ သူက ​အလျင်စလိုဖြစ်နေတာ​ကြောင့် သူ့ရဲ့ ကဗျာက သိပ်မ​ကောင်းဘူးလို့ ခံစားရတာ​ကြောင့် ​သူ့ကိုယ်သူ အပြစ်​ပေးတဲ့အနေနဲ့ ​သောက်လိုက်သည်။

​ ဒီလိုနဲ့ပဲ တစ်ယောက် တစ်လှည့်စီ ​ရောက်လာရာ လူတိုင်းက အရမ်း​ပျော်ရွှင်​နေခဲ့ကြသည်။

​ မကြာခင်မှာပဲ လူတိုင်းရဲ့အလှည့်က ပြီးဆုံးသွားပြီး သူတို့ထဲကနေ လူငါး​ယောက်ကသာ လင်းပိုင်ဖန်ဆီက​နေ ဆု​တွေ ရရှိခဲ့ကြသည်။

​ "အရှင်မင်းကြီး၊ အရှင်မင်းကြီးမှာ ကျယ်ပြန့်တဲ့ အသိပညာနဲ့ ဘယ်သူနဲ့မှ မတူတဲ့ အရည်အချင်းတွေ ရှိနေပါတယ်။ ကြယ်​ပေါင်းစုံ စုစည်း​နေရင်​တောင်မှ အရှင်မင်းကြီးနဲ့ ယှဉ်လိုက်ရင် မှိန်​နေရပါလိမ့်မယ်။ ကျွန်​တော်မျိုးတို့ အရာရှိ​တွေ သင်ယူရ​အောင် ကဗျာတစ်ပုဒ် စပ်ဆို​တော်မူပေးပါဦး" အဲ့ဒီအချိန်တွင် လီလင်းဖူက ​ပြောလိုက်လေသည်။

​ "မှန်ပါတယ် အရှင်မင်းကြီး၊ ကျွန်​တော်မျိုးတို့ရဲ့ အမြင်​တွေ ကျယ်ပြန့်​စေဖို့အတွက် ကဗျာတစ်ပုဒ် စပ်ဆို​တော်မူပါရန် တောင်းပန်အပ်ပါတယ်" ယန်စန်းကလည်း ဦးညွှတ်ကာ ​ပြောလိုက်သည်။

​ "ကဗျာတစ်ပုဒ် စပ်ဆို​တော်မူပေးပါ အရှင်မင်းကြီး" အရာရှိ​တွေကလည်း သံပြိုင်​ တောင်းဆိုခဲ့ကြသည်။

​ လင်းပိုင်ဖန် ဘယ်လိုကဗျာမျိုးပဲ ရွတ်ဆိုရွတ်ဆို၊ သူတို့အနေဖြင့် ချီးကျူးကြမယ်လို့သာ လူတိုင်းက ဆုံးဖြတ်ထားခဲ့ကြသည်။

​ လင်းပိုင်ဖန်ကလည်း စမ်းသပ်ကြည့်ဖို့အတွက် စိတ်အားထက်သန်နေပြီး- "​ကောင်းပြီ​လေ၊ ငါကိုယ်တော် ကဗျာတစ်ပုဒ် စပ်ဆိုမယ်"

​ သူက မလှမ်းမကမ်းက ပန်းခင်းကို ကြည့်ကာ ပြုံးလိုက်ပြီး-

​"ပန်းပွင့်ချပ် တစ်ချပ်၊ နှစ်ချပ်၊ သုံးချပ်နဲ့ ​လေးချပ်၊

​ငါးချပ်၊ ခြောက်ချပ်၊ ခုနစ်နဲ့ ရှစ်ချပ်၊

​ကိုးချပ်၊ ဆယ်ချပ်၊ မ​ရေမတွက်နိုင်တဲ့ ပွင့်ချပ်​တွေ၊

​ပန်းပွင့်​ချပ်တွေထဲ ပျံသန်းဝင်​ရောက်၊ မျက်​စိ​ရှေ့က ​ပျောက်ကွယ်"

​ ကဗျာြပီးသွားတာနဲ့ တစ်ပြိုင်နက် လူတိုင်းက တစ်ညီတည်း လက်ခုပ်တီးလိုက်ကြပြီး- "​ကောင်းလိုက်တဲ့ ကဗျာ၊ အံ့သြစရာ​ကောင်းတဲ့ ကဗျာပဲ" လို့ စတင်​မြှောက်ပင့်ကြတော့သည်။

​ လင်းပိုင်ဖန်က "ဘာ​ကြောင့် အဲ​လောက်​ကောင်းရတာလဲ" လို့ ​မေးလိုက်သည်။

​ "အရှင်မင်းကြီး၊ ဒီကဗျာထဲက စကားလုံးတိုင်းကို ထူးချွန်စွာနဲ့ အသုံးပြုထားပါတယ်၊ အပြစ်ဆိုစရာ မရှိ​အောင်ကို သုံးထားတာပါ"

​ "တစ်ရွက်၊ နှစ်ရွက်၊ သုံး၊ ​လေးရွက်၊ ငါးရွက်၊ ခြောက်ရွက်၊ ခုနစ်၊ ရှစ်ရွက်... ဒီကဗျာရဲ့ ပထမပိုင်းက တိုးတက်မှုကို ရှင်းရှင်းလင်းလင်း ပြသထားပြီး ရိုးရှင်းပြီး နားလည်လွယ်ပါတယ်၊ ဒါ​ပေမယ့် ​နောက်ဆုံးစာ​ကြောင်းကတော့ အ​တွေးကို ရုတ်တရက် မြှင့်တင်​ပေးလိုက်တဲ့ လှည့်ကွက်တစ်ခုက ပါလာပါတယ်"

​ "ဘာလို့ ပွင့်ချပ်တွေထဲ ပျံသန်းဝင်​ရောက်တဲ့အခါ ​ပျောက်ကွယ်သွားရတာလဲ၊ သူတို့အားလုံးက ပန်းပွင့်​တွေဖြစ်ပြီး ပန်း​ပွင့်တွေ အများကြီးရှိတဲ့အခါမှာ သူတို့ရဲ့ ​ထည်ဝါမှုနဲ့ အလှတရား​တွေနဲ့ ယှဉ်ပြိုင်​နေကြလို့ပါ၊ အရှင်မင်းကြီးရဲ့ ကဗျာထဲက စာ​ကြောင်းတစ်​ကြောင်းမှ ပန်းပွင့်​တွေကို တိုက်ရိုက် မ​ဖော်ပြ​ပေမယ့် ပန်း​ပွင့်တွေရဲ့ ​ပေါများမှုနဲ့​ အလှတရား​တွေကို ခံစားရ​စေပါတယ်"

​ "ဒီကဗျာကို ဂန္တဝင်အဖြစ် သတ်မှတ်ပြီး လူ​တွေအနေနဲ့ အလွတ်ကျက်သင့်ပါတယ်"

​ လူတိုင်းက ဒီလို​မျိုး စိတ်အားထက်သန်စွာနဲ့ အဓိပ္ပာယ်မရှိတာ​တွေကို ​ပြော​နေကြတာက နား​ထောင်ရတာ အရမ်းကို စိတ်ရှုပ်​ထွေး​စေ​ပေမယ့် သူတို့က အရမ်းကို အထင်ကြီးနေစေသည့် ခံစားချက်ကို ရနေခဲ့သည်။

​ လင်းပိုင်ဖန်က- "ငါကိုယ်တော်ရဲ့ အ​လေးထားရတဲ့ ဝန်ကြီးတို့၊ မောင်မင်းတို့က ငါကိုယ်တော့်ကို ​မြှောက်ပင့်လွန်းနေပါပြီ၊ ဟား…ဟား" လို့ ​ပြောရင်း မ​နေနိုင်ဘဲ ဂုဏ်ယူစွာနဲ့ ​ရယ်​မောလိုက်သည်။

​ အဲဒီအချိန်မှာပဲ မလှမ်းမကမ်းက​နေ လှောင်ပြောင်သံတစ်ခု ထွက်လာခဲ့သည်။

​ "ဟာဟား၊ အဲဒါကို ကဗျာတဲ့လား၊ ၆ နှစ်အရွယ် ကလေး​တောင် အဲဒီထက် ပို​ကောင်း​အောင် စပ်နိုင်တယ်"

​ လူတိုင်းရဲ့ မျက်နှာ​တွေ ​ပြောင်းလဲသွားပြီး- "ဒီ​နေရာမှာ ဘယ်သူက ဒီ​လောက်​တောင် ရဲတင်းနေရတာလဲ"

​ အသံလာရာဆီကို ​ခေါင်းလှည့်ကြည့်လိုက်​တော့ ​အဝေး​ရှိ မြို့ရိုး​ပေါ်တွင် လူအိုတစ်​ယောက်ကို ထိုင်​နေတာကို မြင်လိုက်ရသည်။ သူ့၏ ဆံပင်​တွေက ဖြူ​နေပြီး ​ပြောင်​နေတဲ့ နဖူးကလည်း ​ပေါ်လွင်​နေသည်၊ သူ့ရဲ့ အဝတ်အစား​တွေက ရိုးရှင်း​ပေမယ့် အိတ်​တွေက အများကြီး ပါ​နေသည်။ ဒီလူရဲ့ အ​ခြေအ​နေ​ကောင်းမွန်ပုံ မရ​ပေမယ့် စိတ်ဓာတ်က အရမ်းကို တက်ကြွ​နေပြီး စိတ်နာကျည်းမှု တချို့ကိုလည်း တွေ့နေရသည်။

​ ဘုရင့်ကိုယ်ရံ​တော်​တွေက ချက်ချင်းပဲ စု​ဝေးပြီး သူတို့ရဲ့ ဓား​တွေနဲ့ ထိုလူအိုကြီးကို ချိန်ထားကြသည်။

​ အဲ့နေရာမှာပဲ ရှိ​နေတဲ့ ချီဖွဲ့တည်ခြင်းအဆင့်ရှိ ပညာရှင်တွေကလည်း သူ့တို့၏ ချီစွမ်းအင်အားလုံးကို တိတ်တဆိတ် စုစည်းထားပြီး ဘယ်အချိန်မဆို တိုက်ခိုက်ဖို့ အသင့်ဖြစ်​နေခဲ့သည်။

​ စစ်သူကြီးချုပ်က သူ့ရဲ့ဓားကို ကိုင်ထားပြီး- "ခင်ဗျား ဘယ်သူလဲ၊ ဒီ​နေရာမှာ ဘယ်လိုလုပ် ရဲတင်းစွာနဲ့ ပြုမူနေရတာလဲ" လို့ ​မေးလိုက်သည်။

​ "ငါဘယ်သူလဲဆိုတာ ​ကောင်း​ကောင်း နား​ထောင်​ထား "

​ လူအိုကြီးက မတ်တပ်ရပ်ကာ ခါး​ကိုထောက်၊ ​ခေါင်းကို​မော့ပြီး ​မောက်မာစွာနဲ့ ကြွေး​ကြော်လိုက်သည် "ငါက ​လောကရဲ့ နံပါတ်တစ် ​သူခိုး လက်ဗလာ ဆရာကြီးပဲ"

​ "​အမ်….၊ လက်ဗလာ ဆရာကြီး"

​ "သူက တကယ်ပဲ ​လောကရဲ့ နံပါတ်တစ် ​သူခိုး လက်ဗလာ ဆရာကြီးလား"

​ လူတိုင်းက အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။

​ လင်းပိုင်ဖန်ကလည်း အဲဒီလူကို မှတ်မိတာ​ကြောင့် အံ့အားသင့်သွားခဲ့သည်။

​ ချီဖွဲ့တည်ခြင်းအဆင့်ထဲတွင်မှ သာမန်အဆင့်သာရှိတဲ့ ထိုလက်ဗလာ ဆရာကြီးက ​ခိုးယူမှုနဲ့ ​လှုပ်ရှားမှုပညာတို့တွင် ထူးခြားလှတဲ့ စွမ်းရည်ရှိနေသည်။ သူသည် အစောင့်အ​ရှောက် အရမ်းကိုတင်းကျပ်တဲ့ နန်း​တော်​တွေထဲကို အဖိုးတန်ပစ္စည်း​တွေ ခိုးယူဖို့အတွက် မကြာခဏ ဝင်​ရောက်​လေ့ရှိပြီး တစ်ခါမှ မ​အောင်မြင်တာမျိုး မရှိခဲ့တာ​ကြောင့် သူ့ကို ​လောကရဲ့ နံပါတ်တစ် ​သူခိုးဆိုတဲ့ ဂုဏ်သတင်းကို ရရှိစေခဲ့သည်။

​ "လက်ဗလာ ဆရာကြီး၊ ခင်ဗျား ဒီကို ဘာလုပ်ဖို့ လာတာလဲ" လို့ စစ်သူကြီးချုပ်က ​မေးလိုက်သည်။

​ လက်ဗလာ ဆရာကြီးက ​နောက်ပြောင်ရယ်​မောရင်း "ငါက မူလကတော့ နန်း​တော်က​နေ တစ်ခုခု ခိုးဖို့ စီစဉ်ထားတာ၊ ဒါ​ပေမယ့် ဒီ​လောက် အဓိပ္ပာယ်မရှိတဲ့ ကဗျာတစ်ပုဒ်ကို ဒီ​လို မိုက်မဲတဲ့ ဧကရာဇ်က ရွတ်ဆို​နေတာကို ကြားလိုက်ရတာ​ကြောင့် ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ ထုတ်​ဖော်လိုက်ရတာပါ။ ကျေးဇူးပြုပြီး ဒီက အဖိုးကြီးကို အပြစ်မတင်ပါနဲ့"

​ "ဒီကို ခိုးဖို့ လာခဲ့တာလား" လူတိုင်းက ပိုပြီး စိုးရိမ်ပူပန်လာခဲ့ကြသည်။

​ ထိုသူသာ တကယ်ပဲ နန်း​တော်က​နေ တစ်ခုခု ခိုးယူနိုင်ခဲ့မယ်ဆိုရင် သူတို့အားလုံးအနေဖြင့် လုံးဝ အရှက်ရကြပေလိမ့်မည်။

​ လင်းပိုင်ဖန်က မထီမဲ့​​​မြင်စွာဖြင့် ပြောလိုက်သည်- "ခင်ဗျားက ကျွန်​တော့်ရဲ့ ကဗျာက အဓိပ္ပာယ်မရှိဘူးလို့ ​ပြောတာလား၊ ဘယ်​လောက်တောင် ရယ်စရာ​ကောင်းလိုက်လဲ၊ ခင်ဗျားလို ခိုးဖို့ပဲ သိတဲ့ ခပ်ညံ့ညံ့ ​သူခိုးတစ်​ယောက်က ဒီကဗျာရဲ့ တန်ဖိုးက ဘာလဲဆိုတာတောင် ​သိလို့လား၊ ကဗျာဆိုတာ ဘာလဲဆိုတာကို​ရော ခင်ဗျား သိ​ရဲ့လား"

​ လက်ဗလာ ဆရာကြီးက ရှက်သွားပြီး ​ဒေါသထွက်ကာ ပြန်​ချေပလိုက်သည်။

​ "​ကောင်​လေး၊ လူ​တွေကို အထင်မ​သေးနဲ့၊ ငါက ​သူခိုးတစ်​ယောက် ဖြစ်​ပေမယ့် စာတတ်ပေတတ် တစ်​ယောက်ပဲ၊ လူ​တွေက ငါ့ကို ပညာတတ်​သူခိုးလို့ ​ခေါ်ကြတယ်။ ငါသာ တော်ဝင်စာမေးပွဲ ဝင်ဖြေမယ်ဆိုရင် အနည်းဆုံး အမှတ်အပြည့်တောင်မှ ရနိုင်တယ်၊ ဒါ​ပေမယ့် ငါက ဝင်ဖြေဖို့အတွက် စိတ်မဝင်စားတာပဲ"

​ "စိတ်မဝင်စားတာလား၊ ဒါမှမဟုတ် ​မအောင်နိုင်ခဲ့တာလား" လင်းပိုင်ဖန်က ပိုပြီး ​ခနဲ့စွာြဖင့် ပြောလိုက်သည်။

​ လက်ဗလာ ဆရာကြီးက ပိုပြီး ​ဒေါသထွက်လာပြီး "ဒီလိုဆိုရင် ငါတို့တွေ ပြိုင်ပွဲလုပ်ကြည့်ရင်​ရော၊ ဘယ်သူက ပို​တော်လဲ၊ ဘယ်သူက မတော်ဘူးလဲ ဆိုတာကို မင်း သိရလိမ့်မယ်"

​ လင်းပိုင်ဖန်က ​ခေါင်းခါလိုက်ကာ "မပြိုင်ပါဘူး"

​ "ဘာလို့လဲ"

​ " ခင်ဗျားနဲ့ နှိုင်းယှဉ်တာက ငါကိုယ်တော်ရဲ့ အဆင့်ကို နိမ့်ချလိုက်တာပဲ"

​ လင်းပိုင်ဖန်က မောက်မာစွာဖြင့်- "ငါကိုယ်တော်က ဘုန်းကံကြီးမားတဲ့ ​ကောင်းကင်ဘုံရဲ့ သားတော်၊ တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်သူ၊ ကြွယ်ဝချမ်းသာတဲ့သူ။ ခပ်ညံ့ညံ့ ​သူခိုးတစ်​ယောက်နဲ့ ပြိုင်ပွဲလုပ်ဖို့က ဘာအဓိပ္ပာယ်ရှိမှာလဲ၊ ငါသာ ရှုံးခဲ့ရင် ​သူခိုးတစ်​ယောက်ထက် ပိုဆိုးသွားမယ်၊ သ​ရေကျရင် ​သူခိုးတစ်​ယောက်ထက်တောင်မှ မ​တော်ဘူး၊ ငါ နိုင်သွားရင် ​သူခိုးတစ်​ယောက်ထက်တောင်မှ ပို​ကြောက်စရာ​ကောင်းသွားမယ်၊ ဘယ်လိုပဲ ကြည့်ကြည့် ​ကောင်းတဲ့အရာ မရှိဘူး"

​ လူတိုင်းက ရယ်​မောခဲ့လိုက်ကြသည်။

​ လက်ဗလာ ဆရာကြီးခင်ဗျာ အရမ်း​ဒေါသထွက်လာပြီး ​ဒေါသတကြီး ​ပြောလိုက်သည်- "​ချီးပဲ၊ မိုက်မဲတဲ့ ဧကရာဇ်၊ မင်းရဲ့ စကား​တွေက အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာ​ကောင်းတယ်။ ငါ၊ လူအိုကြီး နှစ်​ပေါင်းများစွာ ​ခရီးသွားခဲ့ဖူးတယ်၊ မင်းလောက် လျှာဇောင်းထက်တဲ့သူကို တစ်ခါမှ မ​တွေ့ဖူးသေးဘူး၊ မဟုတ်ဘူး၊ ဒီနေ့ ငါ မင်းနဲ့ ​ကောင်း​ကောင်း ပြိုင်ရမယ်၊ ငါကလည်း စာတတ်ပေတတ် တစ်​ယောက်ဖြစ်တယ်ဆိုတာ မင်းကို ပြရမယ်"

​ "​မရှိတဲ့အရာကို ပိုပြီး ဂရုစိုက်တယ်" ဆိုတဲ့ စကားပုံ ရှိတယ်။

​ လင်းပိုင်ဖန်က ​အေးစက်စွာ ရယ်​မောလိုက်ကာ- " ပညာတတ်တစ်ယောက်အဖြစ် ခင်ဗျားရဲ့ အ​ခြေအ​နေကို သက်​သေပြဖို့ ဒီ​လောက်အထိ စိတ်ပူပန်​နေတာက ခင်ဗျားမှာ ယဉ်​ကျေးမှုနဲ့ ကိုယ်ကျင့်တရား ဘယ်​လောက် နည်းပါး​နေလဲဆိုတာပဲ ပြ​နေတာပဲ။ ဒါ​ကြောင့်ပဲ ခင်ဗျားနဲ့ ပြိုင်ဖို့ ငါကိုယ်တော် စိတ်မဝင်စားတာ၊ ဒီ​နေ့က လမုန့်ပွဲတော် ဖြစ်ပြီး ငါကိုယ်တော်​ပျော်ရွှင်​နေတာ​ကြောင့် လမုန့်တစ်ခု ​ပေးလိုက်မယ်။ ထွက်သွားလိုက်​တော့"

​ ​ပြောပြီး​နောက်တွင် သူဟာ စားပွဲ​ပေါ်က သူ ကိုက်ထားတဲ့ လမုန့်တစ်ခုကို ယူပြီး ​သူတောင်းစားကို အစာ​ကျွေးသလို ပစ်​ပေးလိုက်သည်။

​ လက်ဗလာ ဆရာကြီးက ချော​မောစွာနဲ့ ဖမ်းမိလိုက်သည်။ အဲ့ဒီနောက် ​ဒေါသတွေ​ပေါက်ကွဲသွားပြီး- "​ F***k… မင်း ငါ့ကို ​သူတောင်းစားလို ဆက်ဆံ​နေတာလား"

​ လင်းပိုင်ဖန်ကလည်း ​ဒေါသထွက်လာပြီး- " ခင်ဗျား​သူတောင်းစား​တွေကို မစော်ကားနဲ့"

​ လက်ဗလာ ဆရာကြီး- " မင်း ​ကောင်စုတ်..."

​ အဲ့ဒီအချိန်တွင် လက်ဗလာ ဆရာကြီးအနေဖြင့် တကယ်ကို ​ဒေါသအကြီးအကျယ် ထွက်လာသည်။

​ သူ ကိုင်ထားတဲ့ လမုန့်ကို ပစ်ချပြီး ဝှစ်ခနဲဖြင့် လင်းပိုင်ဖန်​ရှေ့ကို ​ရောက်လာကာ ​ဒေါသတကြီးနဲ့ "ဘာပဲဖြစ်ဖြစ် ဒီ​နေ့ မင်း ဒီလူအိုကြီးနဲ့ ပြိုင်ရမယ်၊ မဟုတ်ရင် ငါ မပြန်ဘူး၊ ငါ မင်းရဲ့ နန်း​တော်ထဲမှာပဲ ​နေ​တော့မယ်" လို့ ​ပြောလိုက်သည်။

​ တခြားသူ​တွေက ချက်ချင်းပဲ- "မြန်မြန်၊ အရှင်မင်းကြီးကို ကာကွယ်ကြ"

All Chapters