← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

​ချလွမ် ဆိုတဲ့ အသံနှင့်အတူ အရက်ဓားအင်မော်တယ်၏ ဓားသည် နောက်ကျောမှ ပျံသန်းထွက်လာကာ သတိပေးသည့်အနေဖြင့် လက်ဗလာဆရာကြီး၏ ရှေ့တွင် စိုက်ဝင်သွားခဲ့သည်။

​ ပိုင်ဇူသည်လည်း အရိပ်ထဲမှ ထွက်ပေါ်လာပြီး၊ သူမ၏ ဓားဖြင့် လက်ဗလာဆရာကြီးကို ချိန်ရွယ်ထားသည်။

​ မိန်းမစိုးလျှူ၊ ချိုင်ယူလန်၊ ချိုင်ယွီရှင်းနှင့် အခြားသူများကလည်း လင်းပိုင်ဖန်ကို ကာကွယ်ရန် အပြေးအလွှား ရောက်ရှိလာပြီး ဝိုင်းရံထားခဲ့ကြသည်။

​ လင်းပိုင်ဖန်က ပေါ့ပေါ့ပါးပါးပဲ လက်ကို ဝှေ့ယမ်းလိုက်ပြီး- "အားလုံးပဲ၊ တင်းမာနေစရာ မလိုပါဘူး။ ဒီ အခေါင်းထဲကို ခေါင်းတစ်ခြမ်းဝင်နေတဲ့ အဘိုးကြီးက ငါကိုယ်တော်ကို ဘာမှ မလုပ်နိုင်ပါဘူး" ဟု ပြောလိုက်သည်။

​ လက်ဗလာဆရာကြီးက ဒေါသတကြီး တုန်ယင်သွားပြီး "အခေါင်းထဲကို ခေါင်းတစ်ခြမ်းဝင်နေတယ် ဟုတ်လား။ မင်းကို ငါ့ခြေထောက်တစ်ဖက်နဲ့ပဲ ချေမှုန်းပစ်လို့ရတယ်။ ဒါပေမဲ့ ငါက အကြီးအကဲ ဖြစ်လို့ သိုင်းပညာမှာ အားနည်းသူကို မစော်ကားဘူး။ လာ၊ ငါတို့ ကဗျာပြိုင်ပွဲ စလိုက်ရအောင်"

​ လင်းပိုင်ဖန်သည် သူ့ရှေ့မှ လက်ဗလာဆရာကြီးတွင် ပြိုင်ဆိုင်လိုစိတ်ရှိသည့် သဘာဝရှိကြောင်း သဘောပေါက်သွားသည်။

​ သူ့အနေဖြင့်- "ငါကိုယ်တော်က ဒီအဖိုးကြီးကို သေတဲ့အထိ ကစားပြဦးမယ်" ဟု စိတ်ထဲမှ ရယ်မောလိုက်သည်။

​ သူက မထီမဲ့မြင်ပြုသည့် လေသံဖြင့်- "ခင်​ဗျားနဲ့ ပြိုင်ရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ငါနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ နှစ်ခုလုံးက ငါ့အတွက် မျက်နှာပျက်စရာပဲ။ ငါ့အတွက် ဘာအကျိုးမှ မရှိဘူး" ဟု ပြောလိုက်သည်။

​ "ကောင်းပြီ၊ ကောင်းပြီ၊ အကယ်၍ ငါ၊ ဒီအဘိုးကြီး ရှုံးရင် မင်းကို ရတနာတစ်ခု ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ" ဟု လက်ဗလာဆရာကြီးက စိတ်မရှည်စွာ ပြောလိုက်သည်။

​ လင်းပိုင်ဖန်က သူ့လက်များကို ဖြန့်လိုက်ပြီး ခန့်ညားထည်ဝါသောအသံဖြင့်- "ငါကိုယ်တော်က နိုင်ငံတော်ရဲ့ အရှင်သခင်၊ အရက်လေးမျက်နှာအနှံ့ ချမ်းသာကြွယ်ဝဆုံးသူ။ ခင်ဗျားရဲ့ အသေးအဖွဲပစ္စည်းတွေကို ငါလိုအပ်မယ်ထင်လို့လား" ဟု ပြောလိုက်သည်။

​ "အကယ်၍ ဒီအဘိုးကြီး ရှုံးခဲ့ရင်၊ မင်းကို အကြွေးတစ်ခုတင်သွားမယ်၊ ဒါဆိုရင်ရော ဘယ်လိုလဲ" ဟု လက်ဗလာဆရာကြီးက ပြောဆိုလိုက်သည်။

​ လင်းပိုင်ဖန်ကတော့ ဆက်လက်၍ မထီမဲ့မြင်ပြုသည့် အသွင်ဖြင့် "ခိုးတာကလွဲလို့ ခင်ဗျား ဘာလုပ်တတ်လဲ။ ခင်ဗျားရဲ့အကြွေးကို ငါက ဘာလုပ်ရမှာလဲ"

​ "ဒါဆို မင်း ငါနဲ့ ပြိုင်ဖို့ ဘာလိုချင်တာလဲ"

​ လက်ဗလာဆရာကြီးအနေဖြင့် ဒေါသထွက်လာခဲ့သည်။ "မင်း သဘောမတူဘူးလား။ ယုံချင်ယုံ၊ မယုံချင်နေ။ ငါ ဒီအဘိုးကြီးက နန်းတော်ထဲကို တစ်ရက်ခြားတစ်ခါ ခိုးဝင်ပြီး မင်းရဲ့ ပစ္စည်းတွေကို ခိုးယူသွားနိုင်တယ်၊ ဒါဆို မင်း စိတ်ချမ်းသာစွာ နေရတော့မှာ မဟုတ်ဘူး"

​ လင်းပိုင်ဖန်ကလည်း ဒေါသထွက်လာပြီး- "ခင်ဗျား၊ သခိုးအဘိုးကြီး၊ ငါက ငါ့လူတွေကို အပြင်လွှတ်ပြီး ခင်ဗျားဆိုတဲ့ လက်ဗလာဆရာကြီးက လိင်တူကြိုက်နေတဲ့ အဘိုးကြီး၊ အထူးသဖြင့် အမျိုးသားအချင်းချင်းကို ကြိုက်နေတဲ့သူ၊ ယောက်ျားတွေရဲ့ အိမ်ကို နေ့တိုင်းလာပြီး ယောက်ျားတွေ မြင်ရင် စိတ်လှုပ်ရှားတတ်သူ ဖြစ်ကြောင်းကို သတင်းလိုက်ဖြန့်ခိုင်းလိုက်မှာ၊ ယုံချင်ယုံ၊ မယုံချင်နေ"

​ လက်ဗလာဆရာကြီးခင်ဗျာ ဒေါသဖြင့် တုန်ယင်လာပြီး- " F**k…၊ မင်းမှာ လူစိတ် လုံးဝမရှိဘူးလား"

​ လက်ဗလာဆရာကြီးက အကူအညီမဲ့နေသည်ဟု ခံစားရပြီး၊ ဤမျှလောက် မရှက်မရှိ၊ လျှာဇောင်းထက်သည့် ကောင်စုတ်မျိုးကို တစ်ခါမှ မကြုံဖူးပေ။

​ သို့သော် ပြိုင်ပွဲအကြောင်းကို စဉ်းစားမိလိုက်တော့ သူသည် မျှော်လင့်ချက်တို့ဖြင့် ယားယံလာခဲ့သည်။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က လက်ဗလာဆရာကြီးကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် သက်ပြင်းချလိုက်ကာ- "ထားလိုက်ပါတော့၊ ခင်ဗျားရဲ့ အသက်ကလည်း ကြီးနေပြီဆိုတော့၊ မလွယ်ကူနေဘူးလေ၊ ငါကိုယ်တော် ခင်ဗျားနဲ့ ယှဉ်ပြိုင်ဖို့ စိတ်မပါ့တပါနဲ့ သဘောတူလိုက်ပါ့မယ်"

​ လက်ဗလာဆရာကြီးက စိတ်လှုပ်ရှားစွာဖြင့် "တကယ်လား"

​ လင်းပိုင်ဖန်က- "ငါကိုယ်တော်က နိုင်ငံတော်ရဲ့ အရှင်သခင်ပဲ၊ ဘယ်လိုလုပ် လိမ်ညာနိုင်မှာလဲ။ အခု၊ ငါကိုယ်တော်ရဲ့ ရက်ရောမှုကို ကျေးဇူးတင်ကြောင်း မြန်မြန်ပြောလို​က်တော့"

​ လက်ဗလာဆရာကြီးက စိတ်လှုပ်ရှားစွာဖြင့် "ကျေးဇူးတင်ပါတယ်..."

​ "ယဉ်ကျေးနေစရာ မလိုပါဘူး" လင်းပိုင်ဖန်က ပြုံးကာ ပြောလိုက်သည်။

​ လက်ဗလာဆရာကြီး- “.....”

​ သူက တောင်းပန်နေရတဲ့သူလို ဘာကြောင့် ခံစားနေရတာလဲ။

​ သို့သော်လည်း ယှဥ်ပြိုင်ရသရွှေ့ အရေးမကြီးပေ။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က ထပ်ပြောလိုက်သည်- "ရိုးရိုးရှင်းရှင်း ပြိုင်ရုံပဲဆိုရင် နည်းနည်း ပျင်းစရာကောင်းပြီး ငြီးငွေ့စရာကောင်းတယ်။ ငါတို့ နည်းနည်းလေး အလောင်းအစားထည့်လိုက်ရင် ဘယ်လိုလဲ။ ရှုံးတဲ့သူက နိုင်တဲ့သူအတွက် သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းအတွင်းထဲက တစ်ခုခုကို လုပ်ပေးရမယ်။ ဘယ်လိုထင်လဲ"

​ လက်ဗလာဆရာကြီးက ဤ အလောင်းအစားကို အရေးမကြီးဟု မြင်ခဲ့လို​က်သည်။

​ ပထမဦးစွာ၊ သူ ရှုံးမည်ဟု မယုံကြည်ပေ။

​ ဒုတိယအနေဖြင့်၊ သူ ရှုံးခဲ့လျှင်တောင်၊ သူ့စွမ်းဆောင်နိုင်စွမ်းအတွင်းက တစ်ခုခုကို လုပ်ပေးရုံသာဖြစ်ပြီး၊ အလွန်အကျွံ ဘာမှမရှိပေ။

​ လုံးဝ မဆိုင်းမတွဘဲ သူက ခေါင်းညိတ်လိုက်ပြီး- "သဘောတူတယ်၊ ဒီအတိုင်းပဲ"

​ "ငါတို့ ဘယ်လိုပြိုင်ကြမလဲ" ဟု လင်းပိုင်ဖန်က မေးလိုက်သည်။

​ ကောင်းကင်ရှိ လုံးဝန်းတောက်ပနေသော လမင်းကို မော့ကြည့်ရင်း လက်ဗလာဆရာကြီးက ပြုံးကာ "ဒီနေ့က လပြည့်နေ့ပဲ၊ မိသားစုတွေ ပြန်လည်ဆုံစည်တဲ့ ပွဲတော်လည်းဖြစ်တယ်။ လ ကို ခေါင်းစဉ်ယူပြီး ငါတို့တစ်ယောက်စီ ကဗျာတစ်ပုဒ် စပ်ကြရအောင်။ ဘယ်လိုလဲ" ဟု ပြောလိုက်သည်။

​ လင်းပိုင်ဖန်က ခေါင်းညှိတ်ပြီး "ကောင်းပြီ၊ ဘယ်သူအရင်သွားမလဲ"

​ လက်ဗလာဆရာကြီးက "မင်း အရင်သွား"

​ "ဘာလို့လဲ"

​ လက်ဗလာဆရာကြီးက မောက်မာစွာဖြင့်- "ဘာလို့လဲဆိုတော့ ဒီအဘိုးကြီး ပါးစပ်ဖွင့်လိုက်တာနဲ့ ဘယ်သူနိုင်လဲဆိုတာကို ဆုံးဖြတ်ဖို့ တခြားသူ ဘယ်သူမှ မလိုတော့ဘူး"

​ "ကောင်းပြီလေ"

​ လင်းပိုင်ဖန်က ကောင်းကင်ရှိ လမင်းကြီးကို မော့ကြည့်လိုက်ပြီး၊ သူ့စိတ်ထဲတွင် အကြံတစ်ခု ရရှိလိုက်သည်နှင့် ချက်ချင်း စတင်ရွတ်ဆိုလိုက်သည်။

​ ‘လမင်းကြီးက ဘယ်အချိန်မှာမှ ကြည်လင် တောက်ပလာမည်နည်း…

ငါ့လက်ထဲတွင် ဝိုင်ခွက်တစ်ခွက်ဖြင့်၊ ပြာလဲ့သော ကောင်းကင်ကို မေးမြန်လိုက်၏…

ဤည၌ ကောင်းကင်တွင် မည်သည့်ရာသီဥတု ဖြစ်မည်ကို ငါမသိ…

လေကိုစီး၍ အိမ်ကို ပျံသန်းလို၏...’

​ ၎င်းကို ကြားသောအခါ၊ လူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး ချီးကျူးသြဘာ ပေးခဲ့ကြသည်။

​ လင်းပိုင်ဖန်က ပြုံးကာ- "ဘာတွေကောင်းနေလို့လဲ" ဟု မေးလိုက်သည်။

​ ဟီရှန်းက စိတ်လှုပ်ရှားစွာြဖင့် "အရှင်မင်းကြီး၊ ဒီကဗျာ၏ အမြင်က အလွန်ကို ခမ်းနားလှပါသည်။ အဖွင့်စာကြောင်းဖြစ်တဲ့ 'လမင်းက ဘယ်အချိန်တွင် ကြည်လင်တောက်ပမည်နည်း။ ငါ့လက်ထဲတွင် ဝိုင်ခွက်တစ်ခွက်ဖြင့်၊ ပြာလဲ့သော ကောင်းကင်ကို မေးမြန်းလိုက်၏' ဟူသည်မှာ ကောင်းကင်ကို ချက်ချင်းပင် မိတ်ဆွေအဖြစ် သတ်မှတ်လိုက်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ ကျယ်ပြန့်ပြီး မြင့်မြတ်သော အမြင်ကို အရှင်မင်းကြီးကသာ ပိုင်ဆိုင်ပါသည်။ တစ်လုံးတည်းပြောရရင်၊ အလွန်ကို ကောင်းမွန်ပါတယ်"

​ "ဒါတင် မကသေးပါဘူး"

​ ယန်စန်းကလည်း နောက်ကျမခံဘဲ ထရပ်ကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်၊ "နောက်စာကြောင်းများတွင်လည်း အမြင်က ဆက်လက်ကျယ်ပြန့်လာခဲ့ပါသည်။ 'လေကိုစီး၍ အိမ်ကို ပျံသန်းလို၏' ဟူသည်က လွတ်လပ်စွာ လှည့်လည်သွားလာခြင်း၊ ကျောက်စိမ်းမျှော်စင်များနှင့် နန်းတော်များကို ငေးမောကြည့်ရှုခြင်း၊ အချိန်ကိုမသိခြင်း၊ ဦးတည်ရာကို ဂရုမစိုက်ခြင်း၊ နတ်ဘုရာတစ်ပါး၏ လွတ်လွပ်စွာ နေထိုင်တဲ့ ကျက်သရေကို ပြသနေခြင်း ဖြစ်ပါသည်။ အရှင်မင်းကြီး၊ အရှင်မင်းကြီးက အမှန်တကယ်ကို ကောင်းကင်ဘုံရဲ့ သားတော်တစ်ဦးပါပဲ"

​ "နောက်ဆုံးအပိုင်းမှာတော့ ၎င်းဟာ လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသည်"

​ လီလင်းဖူကလည်း မြှောက်ပင့်ကာ- "၎င်းဟာ လူသားတို့၏ ခွဲခွာခြင်းနှင့် ပြန်လည်ဆုံစည်းခြင်းတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို လ၏ တိုးလာခြင်းနှင့် ဆုတ်ယုတ်ခြင်းတို့နှင့် ရောယှက်ထားပြီး၊ စိတ်ခံစားမှုတွေကို လှုံ့ဆော်ပေးတဲ့အတွက် မျက်ရည်ကိုပါ ကျစေခဲ့ပါတယ်။ ကဗျာတစ်ပုဒ်လုံးမှာ ကျွန်တော်မျိုး အနှစ်သက်ဆုံးမှာ နောက်ဆုံးစာကြောင်းဖြစ်သည့် 'သက်ရှည်ကျန်းမာပါစေ၊ ဝေးကွာနေသော်လည်း လမင်း၏အလှကို အတူတကွ ခံစားနိုင်ကြပါစေ' ဟူ၍ ဖြစ်ပါသည်"

​ "ကဗျာတစ်ပုဒ်လုံးက ခမ်းနားစွာ စီးဆင်းနေပြီး၊ အလွန်ကို ထိမိလှပါသည်၊ ကဗျာဆရာတစ်ဦး၏ ရိုမန်တစ်ဆန်သော ခံစားချက်များဖြင့် ပြည့်နှက်နေပါသည်၊ စင်စစ်အားဖြင့် ဤကဗျာဟာ ခေတ်အဆက်ဆက်အတွက် အပြောင်မြောက်ဆုံး လက်ရာတစ်ခုပါပဲ"

​ "ကျွန်တော်မျိုးအနေဖြင့် လမင်း တောက်ပခြင်းနှင့် ပတ်သက်သော ကဗျာများစွာကို ကြားဖူးသော်လည်း ဤကဗျာကသာ အကောင်းဆုံးဖြစ်သည်မှာ သေချာနေပါသည်"

​ "ခေတ်အဆက်ဆက်အတွင်းမှာ ရှိတဲ့ အပြောင်မြောက်ဆုံး လက်ရာပါပဲ"

​ ချီးကျူးသည့် စကားများက ရပ်တန့်၍မရနိုင်အောင် စီးဝင်လာသည်။

​ ထိုသို့ ရိုးသားမှုရှိလှသော လေသံနှင့် စိတ်ရင်းမှန်သော ခံစားချက်တို့ဖြင့် သူတို့သည် လင်းပိုင်ဖန်ကို သူ့အနေဖြင့် ကောင်းကင်ရှိ လမင်းနှင့်အတူ ပျံဝဲနိုင်တော့မတတ် မြှောက်ပင့်ပြောဆိုခဲ့ကြသည်။

​ ထို့ကြောင့် လင်းပိုင်ဖန်သည် ဝင့်ကြွားစွာဖြင့် မရယ်ဘဲ မနေနိုင်တော့ဘဲ- "မောင်မင်းတို့အားလုံးက ငါကိုယ်တော်ကို အရမ်းမြှောက်ပင့်နေတာပဲ၊ ဟား….ဟား"

​ သို့သော်လည်း ဘေးတွင် ရပ်နေသော လက်ဗလာဆရာကြီးကမူ အံ့ဩတုန်လှုပ်နေခဲ့သည်။

​ ငါ မင်းကို ကဗျာစပ်ခိုင်းတာလေ၊ ဂန္တဝင်လက်ရာတစ်ခု ဖန်တီးခိုင်းတာ မဟုတ်ဘူး။

​ ဘုရားရေ၊ ဘယ်လိုကဗျာမျိုးလဲ။ ၎င်းသည် အလွန်ကောင်းမွန်စွာ ရေးစပ်ထားပြီး စာကြောင်းတိုင်းက ဂန္ထဝင်မြောက်ကာ လမင်းနှင့် တောင့်တမှုတို့ကို စကားစုတစ်ခုတည်းဖြင့် ဖမ်းယူထားသည်။

​ ခေတ်အဆက်ဆက်အတွက် အပြောင်မြောက်ဆုံး လက်ရာဟုပင် ခေါ်နိုင်သည်။

​ သူ ဦးနှောက်ကို ညှစ်ထုတ်လိုက်ရင်တောင် ဒီလိုကဗျာမျိုး မထွက်လာနိုင်ပေ။

​ တိုတိုရှင်းရှင်းပြောရရင်၊ သူ့လမ်းကို လုံးလုံးလျားလျား ဖြတ်တောက်လိုက်သလိုပင်။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က ဝင့်ကြွားစွာ ပြောလိုက်သည်- "လက်ဗလာဆရာကြီး၊ ခင်ဗျားရဲ့ အလှည့်ရောက်ပြီ"

​ "ဒီကဗျာကို မင်း တကယ်ရေးစပ်ထားတာလား" လက်ဗလာဆရာကြီးက သံသယဖြင့် မေးလိုက်သည်။

​ "ပွင့်ချပ်တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့်နဲ့ လေးပွင့်၊ ငါးပွင့်၊ ခြောက်ပွင့်၊ ခုနစ်၊ ရှစ်ပွင့်၊ ကိုးပွင့်၊ ဆယ်ပွင့်၊ ပွင့်ချပ်မြောက်မြားစွာ" လိုမျိုး ကလေးဆန်ပြီး ရယ်စရာကောင်းတဲ့ ကဗျာကို စပ်ခဲ့တဲ့ မိုက်မဲတဲ့ ဧကရာဇ်က ရုတ်တရက် ဒီလို ထူးခြားတဲ့ လက်ရာကို ထုတ်လုပ်နိုင်မယ်ဆိုတာ စဉ်းစားဖို့ ခက်ခဲလှသည်။

​"ငါကိုယ်တော်ကလွဲလို့ ဘယ်သူရှိသေးလဲ" လင်းပိုင်ဖန်က ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်။

​ လက်ဗလာဆရာကြီးက ခေါင်းခါလိုက်ပြီး- "မယုံဘူး။ မင်း ဒါကို ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ရမယ်၊ ဒါကြောင့် ဒီကဗျာက အကျုံးမဝင်ဘူး။ နောက်ထပ် ပြိုင်ပွဲတစ်ခု လုပ်ကြရအောင်"

​ အရာရှိများက ချက်ချင်း ဒေါသထွက်လာခဲ့သည်။

​ "ဒါက အရှင်မင်းကြီး ကိုယ်တော်တိုင် စပ်ဆိုထားတဲ့ ကဗျာပဲ၊ ဘယ်လိုလုပ် အကျုံးမဝင်ရမှာလဲ"

​ " အဘိုးကြီး၊ ခင်ဗျား ကိုယ်တိုင် ကဗျာတစ်ပုဒ် မစပ်နိုင်လို့ ဒီလို အရှုပ်ထုတ်လုပ်နေတာလား"

​ "သူခိုးက အမြဲတမ်း သူခိုးပဲ၊ စည်းမျဉ်းစည်းကမ်းတွေကို လေးစားမှုမရှိဘူး"

​ "အရှင်မင်းကြီး၊ သူက စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုတော့ ကျွန်တော်တို့အနေနဲ့ ယဉ်ကျေးနေစရာ မလိုပါဘူး"

​ လင်းပိုင်ဖန်က ရက်ရောစွာ လက်ကို ဝှေ့ယမ်းလိုက်ကာ- "ငါကိုယ်တော်ရဲ့ အမတ်တို့၊ စိတ်ကို လျှော့ကြပါ။ ဒီနေ့က လမုန့်ပွဲတော်ဖြစ်လို့ ငါကိုယ်တော် စိတ်ပျော်ရွှင်နေတယ်။ သူ မျက်လုံးပွင့်ပြီး သေရအောင် နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်မယ်"

​ "အရှင်မင်းကြီးရဲ့ မေတ္တာက ကြီးမားလှပါပေတယ်" ဟု အရာရှိများက ေမြှာက်ပင့်လိုက်ကြသည်။

​ "ဟန့်" လက်ဗလာဆရာကြီးက ရှက်ရွံ့စွာ နှာခေါင်းရှုံ့လိုက်ပြီး တွေးတောရန် ခေါင်းငုံ့လိုက်သည်။

​ ဒီတစ်ခါတော့ တခြားတစ်ယောက်ရဲ့ ကဗျာကို မသုံးနိုင်အောင်၊ ခက်ခဲကာ သိပ်မထင်ရှားတဲ့ တစ်ခုခုကို စဥ်းစားလိုက်သည်။

​ "နောက်တစ်ခုက၊ ငါတို့ အလှအပကို ခေါင်းစဉ်ယူရင် ဘယ်လိုလဲ"

​ လက်ဗလာဆရာကြီးက လင်းပိုင်ဖန်ဘေးရှိ မိဖုရား ဝမ်ရှန်ကျန်းကို လက်ညှိုးထိုးပြပြီး စိန်ခေါ်သည့်အနေဖြင့်- "သူမရဲ့အလှကို ချီးကျူးဖို့ ကဗျာစပ်ကြစို့" ဟု ပြောလိုက်သည်။

​ ဒီခေါင်းစဉ်က နည်းနည်းပါးပါး ကောက်ကျစ်နေသည်။

​ ဒါဟာ အခက်အခဲကို တိုးမြှင့်ရုံသာမကဘဲ၊ လင်းပိုင်ဖန်ကို သူ့ကိုယ်ပိုင် အမျိုးသမီးရှေ့တွင် မျက်နှာပျက်စေချင်တာလည်း ဖြစ်သည်။

​ "ကောင်းပြီ၊ ဒါက ခင်ဗျား စကားပဲ"

​ လင်းပိုင်ဖန်၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် တုန်လှုပ်သွားပြီး- " ရပြီ"

​ လက်ဗလာဆရာကြီး၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် ပြူးထွက်လုမတတ် ဖြစ်သွားပြီယ- "ဒီလောက် မြန်တာလား"

​ "ဟုတ်တယ်၊ အခု သေချာနားထောင်"

​ လင်းပိုင်ဖန်က ဝမ်ရှန်ကျန်းကို လက်ညှိုးထိုးပြပြီး စိတ်အားထက်သန်မှုနှင့် ခံစားချက်တို့ဖြင့် ရွတ်ဖတ်လိုက်သည်-

​ တိမ်တွေက သူမအား ဝတ်ဆင်ပေးလိုသည်။

ပန်းများကလည်း သူမ၏မျက်နှာကို ဆင်ယင်ပေးလိုသည်။

နွေဦးလေက တံခါးဝကို တိုက်ခတ်နေပြီး၊ နှင်းစက်များကလည်း ကျက်သရေရှိစွာ တောက်ပနေ၏။

ကျောက်စိမ်းတောင်ထိပ်၌ သူမကို မတွေ့ရလျှင်၊ သူမသည် ကျောက်စိမ်းဆောင်၌ လမင်းအောက်တွင် ရှိနေပေလိမ့်မည်။

​ အရာရှိများကလည်း တစ်ဖန် အံ့အားသင့်သွားခဲ့ကြပြီး၊ လက်ခုပ်တီးကာ အားပေးချီးကျူးလိုက်ကြသည်။

​ " အံ့ဩစရာကောင်းလိုက်တဲ့ ကဗျာပဲ"

​ "တိမ်တွေက သူမအား ဝတ်ဆင်ပေးလိုသည်၊ ပန်းများကလည်း သူမ၏မျက်နှာကို ဆင်ယင်လိုသည် ဟူသည်က ကဗျာ၏အဖွင့်စာကြောင်းတွင် ထိုသို့သော အလှအပ။ ထူးချွန်လှတဲ့ မိန်းမလှတစ်ဦးသာလျှင် ပန်းတွေနဲ့ တိမ်တိုက်တွေကို ဤမျှအထိ ယစ်မူးစေနိုင်ပါလိမ့်မည်"

​ "ထို့နောက် ကျောက်စိမ်းတောင်နှင့် ကျောက်စိမ်းဆောင်ကို အသုံးပြု၍ မိဖုရားကို ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးနှင့် နှိုင်းယှဉ်ထားသည်၊ ဤပုံစံပြောင်းလဲပြောဆိုမှုမှာ ရိုးရှင်းစွာပဲ ထူးခြားလှပနေသည်"

​ "ကဗျာတစ်ပုဒ်လုံးကို ဖတ်ကြည့်လျှင် မိန်းမလှလေးတစ်ဦး၏ ပုံရိပ်က စာမျက်နှာမှ ချက်ချင်း ခုန်ထွက်လာပေလိမ့်မည်"

​ "နောက်ထပ် သမိုင်းတွင်မဲ့ နာမည်ကြီးကဗျာတစ်ပုဒ်ပဲ"

​ မိဖုရားပင်လျှင် အလွန်အံ့အားသင့်သွားပြီး မျက်နှာနီမြန်းစွာဖြင့် လင်းပိုင်ဖန်၏ ဘေးသို့ အပြေးအလွှားသွားကာ "အရှင်မင်းကြီး" ဟု ခေါ်လိုက်သည်။

​ သူမအနေဖြင့် ရှက်ရွံ့စွာ ခေါင်းကို ငုံ့ထားသော်လည်း သူမ၏ မျက်လုံးများကမူ လင်းပိုင်ဖန်ဖြင့် ပြည့်နှက်နေသည်။

​ လင်းပိုင်ဖန်သည် အလှလေးကို သူ့ရင်ခွင်ထဲ ပွေ့ဖက်လိုက်ပြီး တစ်ဖန် ဝင့်ကြွားစွာဖြင့် ရယ်မောလိုက်သည်- "ဟား…ဟား"

​ လက်ဗလာဆရာကြီးခင်ဗျာ တုန်လှုပ်ချောက်ချားသွားပြန်သည်၊ သူ့ပြိုင်ဘက်က နောက်တစ်ကြိမ် ထပ်လုပ်နိုင်ခဲ့ပြန်ပြီ။

​ သူ့ပြိုင်ဘက်က ဒဏ္ဍာရီလာ ကဗျာဆရာတစ်ဦး၏ ပြန်လည်မွေးဖွားခြင်းများလား။

​ သူ့ရှေ့မှ မိုက်မဲသော ဧကရာဇ်သည် ထိုသို့သော ကဗျာကို စပ်နိုင်သည့် အဆင့်အတန်းကို ပိုင်ဆိုင်နိုင်သည်ကို သူ မယုံကြည်နိုင်ပေ။

​ ထို့ကြောင့် သူ ခေါင်းကို အားရပါးရ ခါလိုက်ကာ- "အကျုံးမဝင်ဘူး၊ အကျုံးမဝင်ဘူး... ဒါ မင်း ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ရမယ်။ မင်းတို့ နှစ်ယောက် နေ့ရောညပါ အတူရှိနေတာ၊ မင်း ဒါကို လွန်ခဲ့တဲ့ အချိန်ကတည်းက ပြင်ဆင်ထားပြီး ဒီအခွင့်အရေးကို ယူပြီး ရွတ်ဆိုတာ ဖြစ်ရမယ်။ ဒါကြောင့်၊ နောက်ထပ် ပြိုင်ပွဲတစ်ခု လုပ်ကြစို့"

​ အရာရှိများသည် တစ်ဖန် ဒေါသထွက်လာခဲ့ကြပြီး သူတို့၏ တန်ဖိုးကို ပြသရန် အပြိုင်အဆိုင် ကြိုးစားလာကြသည်။

All Chapters