← Chapters

အခန်း (၁၀၇)

Vol. 8 Ch. 107

အခန်း (၁၀၇)

Vol. 8 Ch. 107

​"ဘယ်လိုလုပ် အကျုံးမဝင်ရမှာလဲ။ ခင်ဗျားကပဲ မေးခွန်းကိုထုတ်တယ်။ ပြီးတော့ ခင်ဗျားကိုယ်တိုင်က အကျုံးမဝင်ဘူးလို့ ပြောတယ်။ ဘယ်လောက်တောင် ယုံကြည်လို့ မရတဲ့သူလဲ"

"သူခိုးက သူခိုးပဲ၊ ယုံစရာ မရှိဘူး"

"အရှင်မင်းကြီး၊ ဒီလူနဲ့ စကားများနေစရာ မလိုဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်"

​ လင်းပိုင်ဖန်က လက်ကို လျစ်လျူရှုစွာဖြင့် ဝှေ့ယမ်းလိုက်ကာ- "မှူးမတ်တို့၊ သူ့ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ပေးလိုက်တာ ဘာများ ထိခိုက်မှု ရှိမှာလဲ။ သူက ဒီအတိုင်း သာမန် သူခိုးလေး တစ်ယောက်ပါပဲ။ ငါကိုယ်တော်ရဲ့ စောင့်ကြည့်မှုအောက်မှာ အခြေအနေကို တကယ်ပဲ ပြောင်းပြန်လှန် ပစ်နိုင်ပါ့မလား"

​ "အရှင်မင်းကြီးရဲ့ မေတ္တာက ကြီးမားလှပါတယ်"

​ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့် ခဲ့ရသော လက်ဗလာဆရာကြီးက အလွန်အမင်း ရှက်ရွံ့နေပြီး သိက္ခာကျသည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း သူသည် ကိုယ့်ကိုယ်ကို ရှုံးနေသည်ဟု မယူဆပေ။ သူ၏ ပြိုင်ဘက်ကဲ့သို့ ပြင်ဆင်ထားမှု မရှိ သောကြောင့် တစ်ဖက်လူက အားသာချက် ယူသွားသည်ဟုသာ သူက ထင်နေသည်။

​ "ဒီတစ်ကြိမ်တော့၊ အရင်က မရှိဖူးခဲ့တဲ့ ခက်ခဲတဲ့ စိန်ခေါ်မှု ကို ငါ အဆိုပြုရမယ်"

လက်ဗလာဆရာကြီးက သူ၏ဘေးမှ ပိုင်ဇူကို လက်ညှိုးထိုးကာ ရန်စသည့် လေသံဖြင့် ပြောလိုက်သည်။ "လူသတ်သမား ကို ခေါင်းစဉ်အဖြစ် ယူကြရအောင်၊ ဘယ်လိုလဲ။ ဒီတစ်ကြိမ်တော့ မင်း ဘယ်လိုကဗျာမျိုး ထွက်လာမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

​ "လူသတ်သမားကို ခေါင်းစဉ်ယူရမယ်" လူအုပ်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

ရှေးခေတ်မှ ယနေ့ခေတ်အထိ လူသတ်သမား ကို ကဗျာဖွဲ့ဖို့အတွက် ခေါင်းစဉ်ယူခဲ့ဖူးသူ တစ်ယောက်မှ မရှိခဲ့ဖူးပေ။

ဒီစိန်ခေါ်မှုရဲ့ ခက်ခဲမှုက ပြိုင်ဘက်ကင်းတယ်လို့တောင် ပြောလို့ရသည်။

အားလုံးက စိုးရိမ်တကြီးဖြင့် လင်းပိုင်ဖန်ကို ကြည့်လိုက်ကြသည်။

​ "ဒီတစ်ကြိမ်တော့ မင်း မရတော့ဘူး မဟုတ်လား။ ဟား…ဟား" လက်ဗလာဆရာကြီးက အောင်ပွဲခံ သည့်အလား ရယ်မောလိုက်သည်။

​ လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့်- "ငါကိုယ်တော် မလုပ်နိုင်ဘူးလို့ ဘယ်သူက ပြောလဲ။ သေချာ နားထောင်။ ပြီးမှ ခင်ဗျား ငါ့ကို ထပ်ပြီး လိမ်လည်တယ်လို့ စွပ်စွဲလို့ မရအောင်"

​ "နားထောင်နေတယ်" လက်ဗလာဆရာကြီးက ဒေါသတကြီး ေပြာလိုက်သည်။

​ ပိုင်ဇူကို ညွှန်ပြရင်း လင်းပိုင်ဖန်က အသံကျယ်လောင်စွာဖြင့် ရွတ်ဆိုလိုက်သည်။

​ "မြင်းစီးသူရဲတို့ ခြေစွပ်ပမာ၊ ဓားရှည်က ဆီးနှင်းကဲ့သို့ ပြောင်လက်ကာ..

ငွေနှင်းဖြူ မြင်း၏ အရောင်ပမာ၊ ကြယ်ပျံကဲ့သို့ ပြေးဆင်းကာ…

ဆယ်လှမ်းလျှင် ဦးခေါင်းတစ်ခု၊ မိုင်တစ်ထောင်တွင် ခြေရာမကျန်…

အဆုံးမှာတော့ ထိုသူတွင် နာမည်မရှိ"

​ တစ်ဖန် အရာရှိများက လက်ခုပ်သြဘာ ပေးခဲ့ကြသည်။ "အလွန်ကို ကောင်းမြတ်လှပါသည်"

​ လက်ဗလာဆရာ၏ မေးရိုးများက ထိတ်လန့်စွာဖြင့် အောက်သို့ ကျသွားခဲ့သည်။ "မင်း ထပ်လုပ်နိုင်ပြန်ပြီ"

​ အရာရှိများ၏ မြှောက်ပင့်မှုများက တစ်ဖန် ရေလှိုင်းပမာ လှိမ့်ဝင်လာခဲ့ပြန်သည်။

​ သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ လင်းပိုင်ဖန်က မရယ်ခဲ့ပေ။ အဲဒီအစား သူက အရှက်တရားတို့ဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ငါကိုယ်တော်ရဲ့ မှူးမတ်တို့၊ ကျေးဇူးပြု၍ ချီးမွမ်းတာတွေ ရပ်ကြပါ။ ဒီကဗျာကို အလျင်စလို ဖွဲ့လိုက်တဲ့အတွက် အရင်ကဗျာတွေလောက် မကောင်းနေဘူး။ ငါကိုယ်တော် ရှက်ရွှံ့မိတယ်"

​ အရာရှိများက ရုတ်တရက် ပြောစရာစကား ပျောက်ဆုံးသွားခဲ့ကြသည်။

သူက ဒီလောက်တောင် ကောင်းအောင် ကဗျာစပ်နိုင်တာကို ဘာလို့ ရှက်နေရတာလဲ။

ပထမ နှစ်ပုဒ်လောက်ထိ မကောင်းဘူးဆိုရင်တောင်မှ သမိုင်းတွင်မည့် ကဗျာတစ်ပုဒ် ဖြစ်နေတုန်းပဲ။

ဒီလို အချိန်တိုလေး အတွင်းမှာ လူသတ်သမားအကြောင်းကို သမိုင်းတွင်လောက်မည့် အထိ ကဗျာတစ်ပုဒ်ကို ဖန်တီးနိုင်တာက အရှင်မင်းကြီးရဲ့ ကဗျာစွမ်းရည်က အမှန်တကယ် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။

ကဗျာစပ်ကြည့်ဖို့ ကြိုးစားခဲ့သူတွေ မရှိခဲ့ဖူးတာ မဟုတ်ပေမယ့် ဒီလောက်ထိ ကောင်းမွန်တဲ့ ကဗျာကို ဘယ်သူမှ မဖွဲ့ဆိုဖူးပေ။ ဒီထက်ကိုပြီး ဘာကို ပိုလိုချင်သေးတာလဲ။

တခြားသူတွေအတွက် ကဗျာရွတ်ဖို့ နေရာကျန်ပါဦးမလား။

​ "လက်ဗလာဆရာကြီး၊ အခု ခင်ဗျား အလှည့်ပဲ" လင်းပိုင်ဖန်က ကြိုဆိုသည့် အမူအရာ ဖြင့် လုပ်ပြလိုက်သည်။

​ "ဒီအလှည့်လည်း အကျုံးမဝင်ဘူး၊ မင်း ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ရမယ်" လက်ဗလာဆရာက အသံကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။

​ အရာရှိများက ဒီတစ်ကြိမ်မှာတော့ အကြီးအကျယ် ဒေါသထွက် လာခဲ့ကြသည်။

"ဘယ်လိုလုပ် အကျုံးမဝင်ရမှာလဲ"

"မေးခွန်းထုတ်တဲ့သူက ခင်ဗျားပဲလေ။ ရွတ်ဖတ်ပြီးတော့မှ အကျုံးမဝင်ဘူးလို့ လာပြောနေတာလား။ လာပြောင်နေတာလား"

"သူခိုးက သူခိုးပဲ၊ ကတိမတည်ဘူး၊ ဂုဏ်သိက္ခာလည်း မရှိဘူး"

"အရှင်မင်းကြီး၊ သူ့အဆင့်အတန်းနဲ့ ယှဥ်ပြီး မပြိုင်ပါနဲ့တော့"

​ လက်ဗလာဆရာကြီးက ရှက်ရွံ့ပြီး ဒေါသထွက်လာကာ ဒေါသတကြီး ငြင်းခုန်လိုက်သည်။ "မင်းတို့ ဘာသိလို့လဲ။ သေသေချာချာ ကြည့်စမ်း၊ ဒီအမျိုးသမီး လုပ်ကြံသတ်ဖြတ်သူက မျက်နှာဖုံး စွပ်ထားပေမယ့်လည်း ရင်သပ်ရှုမောဖွယ် လှပနေတုန်းပဲ။ နိုင်ငံတွေကိုတောင် ပျက်စီးစေနိုင်တဲ့ အလှအပပဲ။ အရှင်မင်းကြီးက ဒီအမျိုးသမီး လုပ်ကြံသတ်ဖြတ်သူကို ပစ်မှားနေတာ ဖြစ်ရမယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထား ပြီး ဒီအခွင့်အရေးကိုယူကာ သူ့ကို သွေးဆောင် ထုတ်လိုက်တာ ဖြစ်ရမယ်"

​ လူအုပ်က လင်းပိုင်ဖန်ကို ကြည့်လိုက်ကြသည်။ ပြီးတော့ ပိုင်ဇူကို ကြည့်လိုက်ကြပြီး တစ်ဖက်လူရဲ့ စကားတွေမှာ အမှန်တရား တစ်ချို့ ပါနေတယ် ဆိုတာကို တွေ့ရှိလိုက်ကြသည်။

​ လင်းပိုင်ဖန်- “……”

​ လူအုပ်ရဲ့ စိုက်ကြည့်မှုအောက်တွင် ပိုင်ဇူက တစ်မျိုး မတည်မငြိမ် ခံစားလိုက်ရပြီး ရှက်ရွံ့မှုနဲ့ ဒေါသတို့ဖြင့် လင်းပိုင်ဖန်ကိုသာ စိုက်ကြည့်နိုင်ခဲ့သည်။

​ လင်းပိုင်ဖန်-“…..”

​ "ဒါကြောင့် ဒီအလှည့်လည်း အကျုံးမဝင် ဘူး။ အစကနေ ပြန်စ ကြရအောင်"

​ လင်းပိုင်ဖန်က သူ၏ဝတ်ရုံစကို ခါလိုက်ကာ- "ကောင်းပြီ၊ ဆက်ပြိုင်ကြစို့။ ရုန်းကန်မှုမရှိဘဲနဲ့ စိတ်ပျက်အားငယ်မှု အစစ်အမှန်ဆိုတာက ဘာလဲဆိုတာ ဒီအဖိုးကြီး ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး"

​ ထို့နောက် လက်ဗလာဆရာကြီးက မေးခွန်းများ ဆက်လက် ထုတ်နေသည်။

သို့သော်လည်း မေးခွန်းတစ်ခု ထုတ်လိုက်တိုင်း လင်းပိုင်ဖန်က ကဗျာတစ်ပုဒ် စပ်ဆိုပြပြီး တစ်ပုဒ်စီတိုင်းက ဂန္ထဝင်တွင်နိုင်မည့် ကဗျာများ ဖြစ်နေသည်။

​ လက်ဗလာဆရာကြီး ရူးသွပ်သွားပြီး အကြီးအကျယ် စိတ်ပျက်အားငယ် လာခဲ့သည်။

သူက ဘာလို့ ကဗျာနဲ့ စာသားတိုင်းကို သိနေရတာလဲ။

စောက်အဓိပ္ပါယ်မရှိဆုံး ခေါင်းစဉ်တွေမှာတောင် သူက အလွယ်တကူ ကဗျာစပ်နိုင်နေတာလား။

ဒီကောင်က လူရော ဟုတ်ရဲ့လား။

​ သို့သော်လည်း အရာရှိများကမူ အလွန်ကို အထင်ကြီး နေခဲ့ကြသည်၊ သူတို့၏ အရှင်မင်းမြတ်သည် အလွန် အံ့မခန်း ပညာရှိလှသည်။

သူ ရွတ်ဖတ်တိုင်းတွင် ပြောင်မြောက်သော လက်ရာ တစ်ခု ထွက်လာသည်၊ ကဗျာတစ်ပုဒ်စီတိုင်းသည် ဂန္ထဝင်တွင်လောက်သည်။

သမိုင်းတစ်လျှောက်တွင် အရှင်မင်းကြီးနှင့် ရင်ဘောင်တန်းနိုင်မယ့် ကဗျာဆရာကို ရှာဖွေဖို့ ခက်ခဲပေလိမ့်မည်။

သူ့ကို ကဗျာနတ်ဘုရား သို့မဟုတ် ကဗျာသူတော်စင် ဟု ခေါ်ဆိုခြင်းသည်ပင် ချဲ့ကားရာ မရောက်ပေ။

​ အဲ့ဒီအချိန်တွင် လင်းပိုင်ဖန်က မောက်မာသော လေသံဖြင့် ပြောလိုက်သည်- "လက်ဗလာဆရာကြီး၊ ခင်ဗျားမှာ စွမ်းဆောင်နိုင်စွမ်း ရှိသေးရဲ့လား။ အစကတည်းက အခုထိ မေးခွန်းထုတ်တာ ခင်ဗျားပဲ၊ ကဗျာစပ်တာကျတော့ ငါပဲ။ ခင်ဗျားကိုယ်တိုင် ကဗျာတစ်ပုဒ် ရွတ်ပြဖို့ အချိန်တန်ပြီ"

​ "ဟုတ်တယ်၊ ခင်ဗျားကိုယ်တိုင် အနည်းဆုံး ကဗျာတစ်ပုဒ်လောက်တော့ ရွတ်ပြသင့်တယ်"

"ပြီးတော့ ခင်ဗျားက စာတတ်ပေတတ်လို့ ပြောနေသေးတယ်။ ဒါတောင် ကဗျာတစ်ပုဒ်တောင် မရွတ်ဆိုနိုင်ဘူး"

"အရည်အချင်း မရှိရင်လည်း ဝန်ခံ လိုက်ပါ၊ ဘာလို့ ဟန်ဆောင်နေသေးတာလဲ"

"သူခိုးက ပညာတတ်ဟန်ဆောင် နေတာက ရယ်စရာကောင်းလိုက်တာ"

အရာရှိများကလည်း နောက်ကနေလိုက်ပြီး ကျယ်လောင်စွာ လှောင်ပြောင်ခဲ့ကြသည်။

​ လက်ဗလာဆရာကြီးသည် အလွန်အမင်း ကဲ့ရဲ့ခံလိုက်ရသောကြောင့် ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။

သူ့အနေဖြင့် စိတ်လိုလက်ရ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ရင် အမှန်တကယ်ပဲ ရှက်စရာကောင်းတဲ့ မြင်ကွင်း ဖြစ်သွားပေလိမ့်မယ်။

​ လက်ဗလာဆရာကြီးက လက်ကို ဝှေ့ယမ်းလိုက်ပြီး အားလျော့စွာ ပြောလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ငါ အရှုံးပေးတယ်။ ငါ ထပ်မယှဉ်ပြိုင်တော့ဘူး။ မင်းတို့ ပျော်ပြီလား"

​ "စောစောကတည်းက ပြောလိုက်ရင် ပြီးနေပြီပဲ မဟုတ်လား"

လင်းပိုင်ဖန်က ပြုံးကာ- "ငါတို့ရဲ့ သဘောတူညီချက် အရ၊ ခင်ဗျားက ငါကိုယ်တော်ရဲ့ တောင်းဆိုချက်တစ်ခု ကို လိုက်နာရမယ်"

​ " ငါ၊ လက်ဗလာဆရာကြီးက သူခိုးတစ်ယောက်ပေမယ့် ကတိတည်တဲ့သူပဲ။ ဒါပေမယ့် ငါကြိုတော့ ပြောထားမယ်၊ ငါက ခိုးတာပဲ လုပ်တတ်တယ်။ တခြားဘာမှ မလုပ်တတ်ဘူး" လက်ဗလာဆရာကြီးက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ လေသံဖြင့် ပြောလိုက်သည်။

​ လင်းပိုင်ဖန်က လှောင်ပြောင်စွာဖြင့်- "ငါ တကယ်လို့ တစ်ခုခု ခိုးချင်တယ်ဆိုရင် ခင်​ဗျားကိုတောင် လိုအပ်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ပိုကောင်းတဲ့ တစ်ယောက်က ငါ့စိတ်ထဲမှာ ရှိနေလို့ပဲ"

​ "ငါ့ထက် ခိုးတဲ့နေရာမှာ ပိုတော်တဲ့သူ ရှိနေတာလား၊ မယုံဘူး" လက်ဗလာဆရာကြီးက ခေါင်းခါလိုက်သည်။

​ "မယုံရင်လည်း ရတယ်။ ခင်ဗျားကို ယုံခိုင်းတာ မဟုတ်ဘူး" လင်းပိုင်ဖန်ကလည်း ပြန်ပြောလိုက်သည်။

​ "မင်းရဲ့ အခြေအနေကို ထုတ်ပြောလိုက်။ ငါ လုပ်ပေးပြီးရင် ထွက်သွားတော့မယ်။ မင်းကို ထပ်မတွေ့ချင်တော့ဘူး" လက်ဗလာဆရာကြီးက တိုက်တွန်းလိုက်သည်။

​ "ကောင်းပြီ၊ ငါကိုယ်တော် ပြောမယ်။ သေသေချာချာ နားထောင်"

လင်းပိုင်ဖန်က ပြုံးကာ- " ခင်ဗျားကို မဟာရှကို ပူးပေါင်းပြီး ငါကိုယ်တော်ဆီမှာ တာဝန်ထမ်းဆောင်စေချင်တယ်"

​ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အံ့သြသွားခဲ့ကြသည်။ အရှင်မင်းကြီးက ဘာလို့ ဒီလောက်ထိ သည်းခံနေတာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူးပဲ။ သူက လက်ဗလာဆရာကြီးကို ပစ်မှတ်ထားပြီး စည်းရုံးနေချင်နေတာ ဖြစ်နေတာပဲ။

​ လက်ဗလာဆရာကြီးလည်း အံ့အားသင့်သွားပြီး- "အမ်၊ မင်းက ငါ့ကို ပစ်မှတ်ထားနေတာပဲ။ မင်းက တကယ်လည်တဲ့ မြေခွေးလေးပဲ ဒါပေမယ့် ငါက မင်းကို ခွေးတစ်ကောင်လို သစ္စာစောင့်သိပြီး အလုပ်အကျွေးပြုမယ် ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး"

​ "ခင်ဗျား ကတိပေးခဲ့တာပဲ။ ပြီးတော့ ဒါက ခင်ဗျားရဲ့ စွမ်းဆောင်နိုင်စွမ်းအတွင်းမှာပဲ ရှိတယ်" လင်းပိုင်ဖန်က မျက်ခုံးပင့်လိုက်သည်။

​ "ငါ ကတိပေးခဲ့ပေမယ့် ငါက ကမ္ဘာကျော်တဲ့ သူခိုးဆရာကြီး တစ်ယောက်ပဲ။ ငါ့ကိုယ်ငါ နိုင်ငံတစ်နိုင်ငံနဲ့ ဘယ်လိုလုပ် ချည်နှောင်ထားနိုင်မှာလဲ။ နောက်ကျနေပြီ၊ ငါ သွားရတော့မယ်"

သူသည် ကောင်းကင်သို့ ပျံတက်သွားပြီး လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားခဲ့သည်။

​ သို့သော်လည်း လက်ဗလာဆရာကြီး၏ မောက်မာသော ရယ်သံက ပြန်လည် ပဲ့တင်ထပ်လာပြန်သည်။

"မေ့နေလို့၊ ငတုံး အင်ပါယာလေးရေ၊ မင်းရဲ့ တော်ဝင်စာကြည့်တိုက်ထဲက ညပုလဲကို ငါ သဘောကျတယ်။ ငါ ရက်အနည်းငယ်လောက် ယူသွားပြီး ဆော့ဦးမယ်၊ ပြီးမှ မင်းဆီ ပြန်ပေးမယ်၊ ဟား…ဟား"

"ဘယ်လောက်တောင် ရဲဝံ့လိုက်သလဲ။ အရှင်မင်းကြီးရဲ့ ညပုလဲကိုတောင် ခိုးရဲတယ်"

"မြန်မြန် လိုက်ဖမ်းကြ။ သူ့ကို မလွတ်စေနဲ့"

တော်ဝင်အစောင့်တပ်ကို အလျင်အမြန် စေလွှတ်ခဲ့သည်။

​ လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး- "လိုက်ဖမ်းဖို့ မလိုဘူး၊ သူ မကြာခင် ပြန်လာလိမ့်မယ်။ အားလုံးပဲ ထိုင်ပြီး လရောင်ကို ဆက်ခံစားကြပါ။ နန်းတော်က ဂီတသမားများ၊ ဂီတကို ပြန်စပါ၊ ကတဲ့ သူတွေကလည်း ပြန်ကကြပါ"

All Chapters