အခန်း (၁၀၉)
Vol. 8 Ch. 109
“ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်” အမျိုးသမီး စစ်သည်တွေမှာ အရမ်းကို စိတ်လှုပ်ရှား ဝမ်းသာနေခဲ့ကြသည်။
ချိုက်ယွီရှင်းက သူမရဲ့ မျက်နှာက ချွေးတွေကို သုတ်ပြီး ပြုံးကာ-“ ကျေးဇူးတင်စရာ မလိုပါဘူး၊ အရှင်မင်းကြီးက မင်းတို့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမားထားတဲ့အတွက် ဒီဆေးဝါးတွေဝယ်ဖို့ ငွေတွေကို ဆုချလိုက်တာ၊ ကျေးဇူးတင်ချင်တယ်ဆိုရင် အရှင်မင်းကြီးကို ကျေးဇူးတင်ကြ”
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်” သူတို့အားလုံး နန်းတော်ဘက်ကို ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။
ချိုက်ယွီရှင်းကလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဒီအမျိုးသမီးစစ်သည်တွေဟာ ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်တတ်တဲ့ အမျိုးသမီးတွေ ဖြစ်သည်။ သူမရဲ့ အကူအညီတွေဟာ အချည်းနှီး မဖြစ်ခဲ့ပေ။
အနာဂတ်မှာ သူတို့တွေ ကြီးထွားလာပြီး နိုင်ငံအတွက် အားကိုးရမယ့် အင်အားစု ဖြစ်လာမယ်လို့ သူမ မျှော်လင့်မိသည်။
ဒီမျှော်လင့်ချက်တွေနဲ့အတူ ချိုက်ယွီရှင်းသည် သူမရဲ့ အလုပ်ကို ဆက်လုပ်ခဲ့သည်။
ဒါပေမဲ့ သူမရဲ့ 'ချီ' စွမ်းအားတွေကို လိုအပ်နေတဲ့ အမျိုးသမီးစစ်သည် အများအပြားကို တွေ့လိုက်ရတဲ့အခါ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။
သူမ တစ်ယောက်တည်းဖြင့် ဒီအလုပ်ကို ဘယ်တော့မှ ပြီးအောင် လုပ်နိုင်မှာပါလိမ့်…။
အဲဒီအချိန်မှာပဲ အဘိုးအိုတစ်ယောက် သူမရှေ့မှာ ပေါ်လာပြီး “ကျွန်ုပ် ကူညီပါရစေ” လို့ ပြောလာခဲ့သည်။
ချိုက်ယွီရှင်းက သတိကြီးစွာြဖင့် “ လက်ဗလာဆရာကြီး၊ ဘာလာလုပ်တာလဲ” လို့ မေးလိုက်သည်။
သူမရှေ့ကလူက ကမ္ဘာ့နံပါတ်တစ် သူခိုး၊ နန်းတော်အပြင်ဘက်မှာ ရှိနေတဲ့ လက်ဗလာဆရာကြီး ဖြစ်နေသည်။
အဲဒီနေ့က ချိုက်ယွီရှင်းဟာ ငွေအပြည့်ပါတဲ့ သေတ္တာတစ်လုံးနဲ့ နန်းတော်ထဲကနေ ပျော်ရွှင်စွာ ပြေးထွက်လာတာကို သူမြင်လိုက်ရတော့ သူ့စိတ်ထဲမှာ တစ်ခုခု လှုပ်ရှားသွားပြီး၊ ဒါကြောင့် သူမနောက်ကို လိုက်ပြီး ဒီကိစ္စကို သိရှိသွားခဲ့တာ ဖြစ်သည်။
လက်ဗလာဆရာကြီးက ပြုံးလျက် “ဒီကအဖိုးကြီးက အန္တရာယ် မပြုပါဘူး။ ဒီကိစ္စ အောင်မြင်စွာ ပြီးစီးသွားရင် အရှင်မင်းကြီးနဲ့ စကားပြောခွင့် ရဖို့အတွက် ကျွန်ုပ်ကို နန်းတော်ထဲ ဝင်ပြီး တစ်ကြိမ်လောက် တွေ့ခွင့်ရအောင် ကူညီပေးဖို့ပဲ မျှော်လင့်ပါတယ်” လို့ ပြောလိုက်သည်။
ချိုက်ယွီရှင်းက နက်နက်နဲနဲ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ “ကောင်းပြီ” လို့ ပြောလိုက်တယ်။
အဲ့ဒီနောက်မှာတော့ လက်ဗလာဆရာကြီး နဲ့ ချိုက်ယွီရှင်းတို့ဟာ အမျိုးသမီးစစ်သည်တွေရဲ့ ခန္ဓာကိုယ်ကို ထိန်းညှိပေးဖို့အတွက် 'ချီ' စွမ်းအားကို ပေါင်းစပ်ပြီး သွင်းပေးခဲ့ကြသည်။
လက်ဗလာဆရာကြီးရဲ့ အကူအညီနဲ့ ကိစ္စတွေက ပိုပြီး ချောမွေ့စွာနဲ့ ရှေ့ဆက်လာခဲ့သည်။
ဒီကိစ္စတွေကို လင်းပိုင်ဖန်ကလည်း သိရှိခဲ့ပြီး တိတ်တဆိတ် သဘောတူ ခေါင်းညိတ်ခဲ့လိုက်သည်။
ဒီလိုနဲ့ပဲ တစ်ပတ်က ကြာသွားခဲ့သည်။
ချိုက်ယွီရှင်းရဲ့ မေတ္တာရပ်ခံမှုနဲ့ လင်းပိုင်ဖန်ဟာ နောက်ဆုံးမှာတော့ လက်ဗလာဆရာကြီး နဲ့ တွေ့ဆုံဖို့ သဘောတူခဲ့လိုက်တယ်။
ဒီအချိန်မှာတော့ လက်ဗလာဆရာကြီးက ပိုပြီး ရိုးသားလာခဲ့သည်။ လင်းပိုင်ဖန်ကို မြင်တဲ့အခါ ယဉ်ကျေးစွာနဲ့ အရိုအသေ ပေးခဲ့သည်။
လင်းပိုင်ဖန်က တိုက်ရိုက်ပင် “ပြော၊ ငါနဲ့ တွေ့ဖို့ ဘာကိစ္စရှိလို့လဲ”
လက်ဗလာဆရာကြီးက ချက်ချင်းပဲ ပြောလိုက်တယ်- “အဲဒီ ဒဏ္ဍာရီလာ သူခိုးကြီးနဲ့ ဒီက အဖိုးကြီးကို မိတ်ဆက်ပေးလို့ မရဘူးလား၊ ငါ သူ့ကို လူကိုယ်တိုင် တွေ့ချင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူက ဒီက အဖိုးကြီးရဲ့ ပစ္စည်းအားလုံးကို ယူထားတာကိုး”
“ငါ့အတွက်ကော ဘာရမှာလဲ” လို့ လင်းပိုင်ဖန် က မေးလိုက်သည်။
“ကျွန်ုပ် မဟာရှ နိုင်ငံထဲ ဝင်ပြီး အရှင်မင်းကြီးကို အလုပ်အကျွေး ပြုပါ့မယ်၊ ဒါဆို လုံလောက်ပြီလား” လက်ဗလာဆရာကြီးက နောက်ဆုံးတော့ အလျှော့ပေးလိုက်ရသည်။
လင်းပိုင်ဖန်က ခေါင်းညိတ်ကာ- “ကောင်းပြီ”
လက်ဗလာဆရာကြီးက မျှော်လင့်ချက်တွေနဲ့- “ ဒါဆို၊ အခု ပြောပြလို့ ရပြီလား”
လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ- “မရသေးဘူး၊ မင်းကို လုံးဝ ယုံကြည်လို့ မရသေးဘူး၊ မင်း ပစ္စည်းတွေယူပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”
လက်ဗလာဆရာကြီးက စိုးရိမ်တကြီး ဖြစ်သွားပြီး “ဒါပေမဲ့ အရှင်မင်းကြီးက ဒီလိုအချိန်ဆွဲနေလို့တော့ မရဘူးလေ”
“သုံးနှစ် သတ်မှတ်လိုက်မယ်”
လင်းပိုင်ဖန်က “သုံးနှစ်အတွင်းမှာ မင်းရဲ့ လုပ်ဆောင်မှုက ကောင်းခဲ့ရင် ငါကိုယ်တော် အဲဒီ သူခိုးနဲ့ တွေ့ခွင့်ပြုမယ်၊ မင်းရဲ့ ပစ္စည်းတွေကိုလည်း ပြန်ရစေရမယ်”
“တကယ်လား “ လက်ဗလာဆရာကြီးက သံသယရှိစွာနဲ့ မေးလိုက်သည်။
လင်းပိုင်ဖန်က အသံကို မြှင့်လိုက်ကာ- “ငါကိုယ်တော်က နိုင်ငံရဲ့ အုပ်စိုးသူပဲ၊ ငါ့စကားက ရွှေထက်တောင် တန်ဖိုးရှိတယ်”
“သုံးနှစ်က အရမ်းမကြာဘူးလား တစ်နှစ်လောက် ဆိုရင်ရော ဘယ်လိုလဲ” လက်ဗလာဆရာကြီးက စျေးဆစ်လိုက်သည်။
“သုံးနှစ်ပဲ”
လင်းပိုင်ဖန်က စားပွဲကို ခေါက်လိုက်ကာ “ သုံးနှစ်ပဲ မဟာရှကို အလုပ်အကျွေး ပြုဖို့လိုတယ်၊ သုံးနှစ်ပြီးလို့ မင်း ထွက်သွားသွား၊ ဆက်နေနေ ငါ ဂရုမစိုက်ဘူး”
လက်ဗလာဆရာကြီးက သေသေချာချာ စဉ်းစားပြီးနောက် အံကိုကြိတ်လိုက်ကာ- “ကောင်းပြီ ၊ သုံးနှစ်ဆိုလည်း သုံးနှစ်ပေါ့”
နောက်ထပ် ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးကို စုဆောင်းလိုက်နိုင်တဲ့အတွက် နိုင်ငံတော်ရဲ့ အင်အားက တစ်ဖန် တိုးလာခဲ့သည်”
“ဒင်၊ ကစားသမားရဲ့ နိုင်ငံအင်အား တိုးလာတဲ့အတွက် သင့်ရဲ့ ခွန်အားကလည်း တစ်ပြိုင်နက် တိုးလာပါသည်။ အထီးကျန် ဓားသိုင်း ကို ဆုချလိုက်သည်။”
အထီးကျန် ဓားသိုင်းဟာ ရှေးယခင် ဓားလမ်းစဉ်က ဆရာတစ်ဦး ဖန်တီးခဲ့တာဖြစ်ပြီး၊ ပုံသဏ္ဌာန်မရှိခြင်းက ပုံသဏ္ဌာန်ရှိခြင်းကို အောင်နိုင်တယ်၊ ဓားမပါဘဲ တိုက်ခိုက်ခြင်းက ဓားက်ု အောင်နိုင်တယ်ဆိုတဲ့ နိယာမကို အလေးထားသည်။ မရေမတွက်နိုင်တဲ့ ပြောင်းလဲမှုတွေရှိပြီး ကမ္ဘာပေါ်ရှိ နည်းစနစ်အားလုံးကို ချေဖျက်နိုင်သည်။
လင်းပိုင်ဖန်ဟာ ဒီဓားသိုင်း နည်းစနစ်ကို အမြန် လက်ခံလိုက်သည်။
၎င်းရဲ့ စွမ်းအားက မြင့်မြတ်သော စိတ်ဝိညာဉ် ဓားသိုင်းနဲ့ ယှဉ်နိုင်မှာ မဟုတ်သလို ဓားတစ်သောင်း ပြန်လာခြင်းနဲ့လည်း မယှဉ်နိုင်ပေမယ့်၊ ဒါဟာ လက်တွေ့ကျတဲ့ အခြေခံ ဓားသိုင်းနည်းစနစ်တစ်ခု ဖြစ်ပြီး၊ သူ့ရဲ့ ဓားပညာလမ်းကြောင်းကို ပိုပြီး ပြည့်စုံစေသည်။
ထူးခြားတဲ့ စွမ်းရည်ရှိတဲ့ ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးကို သိမ်းသွင်းနိုင်ခဲ့ပြီး ဓားသိုင်းနည်းစနစ် တစ်ခုကို ရရှိခဲ့တဲ့အတွက် လင်းပိုင်ဖန် က အရမ်းကို ပျော်ရွှင် ကျေနပ်နေခဲ့သည်။
ဒါပေမဲ့ အိမ်နီးချင်း အန်း နိုင်ငံရဲ့ ဧကရာဇ်ကတော့ လုံးဝ စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။
အကြောင်းရင်းကတော့ သီးနှံအထွက်နှုန်း ညံ့ဖျင်းမှုကြောင့် သူ့နိုင်ငံသားတွေ အားလုံးနီးပါး ထွက်ပြေး တိမ်းရှောင်သွားကြလို့ပင် ဖြစ်သည်။
“ငါတို့ အန်းနိုင်ငံမှာ ပြည်သူတွေ ဘယ်နှစ်ယောက် ကျန်သေးလဲ”
ဝန်ကြီးချုပ်က ကြောက်ရွံ့တုန်လှုပ်စွာြဖင့်- “အရှင်မင်းကြီး၊ လက်ရှိမှာတော့ တစ်သန်းအောက် ကျန်ရှိနေပါသေးတယ်”
အန်းနိုင်ငံရဲ့ ဧကရာဇ်ဟာ မျက်နှာပျက်သွားခဲ့သည်။
သူတို့ အန်းနိုင်ငံ အထွတ်အထိပ်ကာလတုန်းကဆိုရင် လူဦးရေ ၄ သန်းကျော် ရှိခဲ့တာဖြစ်သည်။
ဒါပေမဲ့ အခုတော့ လူဦးရေ ၁ သန်းအောက်တောင် လျော့သွားပြီလား….
နိုင်ငံတစ်ခုလုံးက ဗလာ ဖြစ်နေပြီဖြစ်သည်။
အန်းနိုင်ငံရဲ့ ဧကရာဇ်ဟာ ဒေါသတကြီး အော်ဟစ်ကာ- “သူတို့ကို လိုက်ဖမ်းပြီး ပြန်ခေါ်လာဖို့အတွက် စစ်တပ်ကို စေလွှတ်ခိုင်းတာ မဟုတ်ဘူးလား”
“အရှင်မင်းကြီး၊ သူတို့လည်း ထွက်ပြေးသွားကြပါပြီ”
အန်းနိုင်ငံရဲ့ ဧကရာဇ်ဟာ ဒေါသတကြီး အော်လိုက်သည်- “ဘာ၊ ဘယ်လိုလုပ် သူတို့ပါ ထွက်ပြေးသွားရတာလဲ၊ ငါ သူတို့ကို ဘယ်တုန်းကမှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဘူးလေ”
ဝန်ကြီးချုပ်က ကူရာမဲ့စွာ ပြုံးလိုက်ကာ-“ အရှင်မင်းကြီး၊ အရှင်မင်းကြီးက သူတို့ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်ခဲ့တာ မှန်ပါတယ် ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်မျိုးတို့ အန်းနိုင်ငံရဲ့ မြေဆီလွှာက အရမ်း ယုတ်လျော့သွားပြီ၊ သီးနှံတွေ စိုက်လို့ မရတော့ပါဘူး၊ အန်းနိုင်ငံမှာ မျှော်လင့်ချက် မရှိတော့ပါဘူး
အခုချိန် စားစရာ ရှိရင်တောင် နောက်ပိုင်း ဘယ်လိုလုပ်မလဲ၊ နောက်နှစ် သီးနှံတွေ စိုက်လို့ မရရင် ဆက်ပြီး ငတ်သေရဦးမှာပဲ၊ ဒါကြောင့် ဖြည်းဖြည်းချင်း သေဖို့ စောင့်နေမယ့်အစား သူတို့အနေနဲ့ လွတ်မြောက်ဖို့ လမ်းရှာနေသူတွေနောက် လိုက်သွားတာက ပိုကောင်းတယ်လို့ တွေးကြခဲ့ကြတယ်၊ အသက်ရှင်သန်နိုင်ချေ ရှိလာမယ်လို မျှော်လင့်ကြတယ်”
အန်းနိုင်ငံရဲ့ ဧကရာဇ်ခင်ဗျာ သူ့နှလုံးသားတွင် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရပြီး စိတ်ပျက်အားငယ်စွာ ထိုင်ချလိုက်ကာ- “ မောင်မင်းပြောတာ မှန်တယ်၊ အန်းနိုင်ငံမှာ မျှော်လင့်ချက် မရှိတော့ဘူး၊ ငါတို့ မပြေးရင် ဒီမှာပဲ နေပြီး သေဖို့ စောင့်နေရတော့မှာလား”
“ဒါ့အပြင် အရှင်မင်းကြီး၊ ကျွန်တော်တို့ရဲ့ နိုင်ငံအင်အားက အကြီးအကျယ် ကျဆင်းနေပါပြီ၊ စစ်တပ်မှာလည်း တိုက်ပွဲဝင်လိုစိတ် မရှိတော့ပါဘူး၊ နိုင်ငံကိုလည်း ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး၊ အိမ်နီးချင်းနိုင်ငံတွေကလည်း ဝံပုလွေတွေလို ကျွန်တော်မျိုးတို့ကို ချောင်းနေကြပါပြီ၊ သူတို့ သေချာပေါက် စစ်တပ်တွေ စေလွှတ်ပြီး ကျွန်တော်မျိုးတို့ကို ဝင်ကိုက်မှာ မလွဲပါဘူး၊ မပြေးဘဲ နေတာက သေခြင်းနဲ့ တူတူပါပဲ၊ ဒါကြောင့် လူတိုင်း ထွက်ပြေးဖို့ပဲ ရွေးချယ်စရာ ရှိပါတော့တယ်”
ဝန်ကြီးချုပ်က ထပ်ပြီး ကူရာမဲ့စွာဖြင့်- “ အမှန်အတိုင်း ပြောရရင်၊ ကျွန်တော်မျိုးတို့ရဲ့ အရာရှိ အများအပြားပါ အခုဆို ပစ္စည်းတွေ ထုပ်ပြီး ထွက်ပြေးဖို့ ပြင်ဆင်နေကြပါပြီ”
အန်းနိုင်ငံရဲ့ ဧကရာဇ်က မော့လိုက်ပြီး- “ ဒါဆို မောင်မင်းကရော ဘာလို့ မပြေးတာလဲ”
“အရှင်မင်းကြီး၊ ဒီက ကျွန်တော့မျိုးဟာ အန်းနိုင်ငံအတွက် တစ်သက်လုံး အနစ်နာခံ လုပ်ကျွေးခဲ့တာပါ၊ ဒီနေရာဟာ ကျွန်တော်မျိုးရဲ့ အိမ်ပါ၊ ဘယ်နေရာကိုမှ သွားစရာ မရှိတော့ပါဘူး၊ ဒါကြောင့် သေရင်တောင်မှ အန်းနိုင်ငံနဲ့ ကံကြမ္မာကို အတူတူ မျှဝေခံစားပါ့မယ်” ဝန်ကြီးချုပ်က ဖြောင့်မတ်တဲ့ စိတ်အားထက်သန်မှုနဲ့ ပြောလိုက်သည်။
အန်းနိုင်ငံရဲ့ ဧကရာဇ်က အလွန် စိတ်လှုပ်ရှားသွားပြီး- “ဝန်ကြီးချုပ်၊ နန်းတော်ထဲက အရာရှိတွေနဲ့ စစ်ဗိုလ်တွေထဲမှာ မောင်မင်း တစ်ယောက်တည်းသာ စစ်မှန်တဲ့ သစ္စာရှိပြီး ဖြောင့်မတ်တဲ့ အရာရှိ ဖြစ်တယ်”
“အရှင်မင်းကြီးရဲ့ ချီးမွမ်းခြင်းအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးနဲ့ မထိုက်တန်ပါဘူး” ဝန်ကြီးချုပ်က အသံကျယ်လောင်စွာနဲ့ ပြောလိုက်သည်။
သူ ဒီလိုပြောရခြင်းက ဧကရာဇ်ကို နှစ်သိမ့်ဖို့သက်သက်သာ ဖြစ်ကြောင်းကို သူ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပေ။
အန်းနိုင်ငံရဲ့ ဧကရာဇ်ဟာ ဗလာဖြစ်နေတဲ့ နန်းတော်ကို ကြည့်ပြီး အန်းနိုင်ငံရဲ့ အနာဂတ်ကို စဉ်းစားလိုက်ကာ ရုတ်တရက် မကြုံစဖူးတဲ့ အတွေးတစ်ခု ဝင်လာခဲ့သည်။ 'ငါပါ ထွက်ပြေးသင့်လား'
ဒါပေမဲ့ သူ အဲဒီအတွေးကို ချက်ချင်းပဲ ဖယ်ထုတ်လိုက်သည်။
သူ့ ဘိုးဘေးတွေ တည်ထောင်ခဲ့တဲ့ အခြေခံကို သူ ဘယ်လို စွန့်လွှတ်ရဲမှာလဲ…
ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူဟာ ဂုဏ်သိက္ခာရှိတဲ့ ဧကရာဇ်တစ်ပါး ဖြစ်ဖို့အတွက် အဆုံးထိ ခိုင်မြဲစွာ ရပ်တည်ရမည်။
အဲဒီအချိန်မှာပဲ စစ်သားတစ်ဦး ပြေးဝင်လာခဲ့သည်။ “သတင်းပို့ပါတယ်၊ အရေးပေါ်သတင်းပါ အရှင်မင်းကြီး၊ မဟာယွဲ့ နိုင်ငံက တပ်သား ၄ သိန်းကို စေလွှတ်ပြီး ကျွန်တော်မျိုးတို့ရဲ့ နယ်မြေကို ကျူးကျော်နေပါတယ်”
အန်းနိုင်ငံရဲ့ ဧကရာဇ်ဟာ ထိတ်လန့်တုန်လှုပ်သွားပြီး- “ဘာ၊ မဟာယွဲ့ နိုင်ငံက တိုက်ခိုက်နေပြီလား”
“ဟုတ်ပါတယ် အရှင်မင်းကြီး၊ မြို့ ခုနစ်မြို့ ကျသွားပါပြီ၊ သူတို့ရဲ့ စစ်တပ်က မြို့တော်ဆီကို ဦးတည် ချီတက်ခါနေပါပြီ”
“ ချီးလိုပဲ မဟာယွဲ့” အန်းနိုင်ငံရဲ့ ဧကရာဇ်ဟာ ဒေါသနဲ့ ပြည့်နှက်နေခဲ့သည်။
အခြားနိုင်ငံတွေက သူတို့ ကျရှုံးနေချိန်မှာ သေချာပေါက် ကန်ချကြလိမ့်မယ်လို့ သူ ကြိုတင် ခန့်မှန်းထားခဲ့ပေမဲ့၊ ပထမဆုံး တိုက်ခိုက်လာတဲ့ နိုင်ငံက မကြာသေးခင်ကမှ အသိအမှတ်ပြုထားတဲ့ အစ်ကိုကြီး - မဟာယွဲ့ ဖြစ်လိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ပေ။
“မဟာယွဲ့ နိုင်ငံမှာ အင်အားကြီးတဲ့ စစ်တပ်နဲ့ သန်မာတဲ့ မြင်းတပ်တွေ ရှိတဲ့အတွက်၊ ကျွန်တော်မျိုးတို့ အန်းနိုင်ငံရဲ့ တပ်သားတွေ အားလုံး ထွက်ပြေးသွားကြပါပြီ၊ ကျွန်တော်မျိုးတို့ တောင့်ခံနိုင်တဲ့ အခြေအနေ လုံးဝ မရှိတော့ပါဘူး”
“ဝန်ကြီးချုပ်၊ အခု ဘာလုပ်သင့်လဲ” အန်းနိုင်ငံရဲ့ ဧကရာဇ်က ကြောက်လန့်တကြား မေးလိုက်သည်။
ဝန်ကြီးချုပ်က သူ့မျက်နှာက ချွေးတွေကို သုတ်ပြီး- “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ပါ ထွက်ပြေးရင် မကောင်းဘူးလား၊ စိမ်းလန်းတဲ့ တောတောင်တွေ ရှိနေသရွေ့ ထင်းမကုန်မှာ မကြောက်ရပါဘူး”
အန်းနိုင်ငံ ဧကရာဇ်က ချက်ချင်း ခေါင်းညိတ်လိုက်ကာ “ဝန်ကြီးချုပ် ပြောတာ လုံးဝ မှန်တယ်၊ မြန်မြန် သွားကြရအောင်”
သူတို့ ပစ္စည်းတွေကို ထုပ်ပိုးပြီး အမြန် ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။