အပိုင်း (၁၈၀)
Vol. 13 Ch. 180
" တတိယမြင့်မြတ်ပုဂ္ဂိုလ်က လွန်ခဲ့တဲ့ သုံးလလောက်က ပေါ်လာခဲ့တာ .... "
လျူရှောင်ယောက်က ဆန်းကြယ်သောအမူအရာဖြင့် ပြုံးလိုက်သည်။
" ငါ တွက်ချက်ထားတဲ့ အချက်အလက်တွေအရဆိုရင်... သူက ရှန်နွန် ဆေးသူတော်စင်လိုမျိုး လူတွေရဲ့ ရောဂါကို ကုသပေးပြီးတော့ လူတွေကို ကယ်တင်နိုင်တဲ့အစွမ်းရှိသူ ဖြစ်လိမ့်မယ်... လက်ရှိမှာတော့ သူက မင်းကို မကူညီရသေးဘူး...ဒါပေမဲ့ သူက မင်းကို ကူညီပေးမယ့် မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ... ဒါကြောင့်အနာဂတ်မှာ သူက မင်းကို အများကြီး ကူညီပေးလိမ့်မယ်... "
လင်ပေ့ဖန်က နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်သည်။
" ဆရာလျူ ၊ မင်းဟောတာ ထပ်မှန်ပြန်ပြီ... ခုနက မင်းပြောတဲ့သူက ကျွန်တော့်ရဲ့ အစ်ကို ရှောင်ပဲ ဖြစ်လိမ့်မယ်... သူက ရှေးဟောင်းတရုတ်ရိုးရာတိုင်းရင်းဆေးပညာကို အမွေဆက်ခံထားတဲ့ ဉာဏ်ကြီးရှင်ဆရာဝန်တစ်ယောက်ပဲ... "
" ကံမကောင်းချင်တော့ သူ အခုဆေးရုံမှာ ဒဏ်ရာရထားလို့ ဆေးကုသမှုခံယူနေတယ်...ဆရာဝန်တွေက သူ့ကိုယ်ကိုယ်သူတော့ ပြန်မကုသနိုင်ဘူးလေ...မဟုတ်ရင် သူ ပြန်ကောင်းလာပြီးတဲ့နောက်မှာ သူက ကျွန်တော့်အတွက် အကြီးမားဆုံး အကူအညီ ဖြစ်လာမှာ သေချာတယ်.... "
"နောက်ပြီးသူက ကျွန်တော့်ရဲ့လမ်းမှာ ပိတ်ဆို့နေတဲ့ ကျွန်တော်ရဲ့ စီးပွားရေးပြိုင်ဘက်တွေကိုလည်း ဖယ်ရှားပေးဖို့ ကူညီပေးနိုင်တယ်... အဲ့ဒီအခါကျရင် ကျွန်တော့်ရဲ့ စီးပွားရေးလမ်းကြောင်းက ပိုပြီးတော့တောင် ဖြောင့်ဖြူးသွားမှာ... "
" သူအမြန်ဆုံး ပြန်သက်သာလာပြီးတော့ ကျွန်တော့်ကို ကူညီပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်... သူက ကျွန်တော့်အတွက်တော့ တကယ့်ကို အမြင့်မြတ်ဆုံး မြင့်မြတ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လိမ့်မယ်..."
လျူရှောင်ယောက်သည် တိတ်တဆိတ် တွေးတောခဲ့သည်။
သူက တကယ်ပဲ ပါရမီရှင်ဆရာဝန်တစ်ယောက်လား...
သူက လင်ပေ့ဖန်ကို တခြားသူတွေနဲ့ ဆက်သွယ်လို့ရအောင် ကူညီပေးနိုင်တယ်ပေါ့လေ...( စီးပွားရေး)
ဒီလိုလူမျိုးကို ပိုပြီးတော့ သတ်သင့်တယ်...
" ဆရာလျူ .. လေးယောက်မြောက်နဲ့ ငါးယောက်မြောက် မြင့်မြတ်ပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာကို ဆက်ပြောပါဦး.... "
လျူရှောင်ယောက်သည် ပေါ့ပေါ့ပါးပါးပြုံးပြီး ပြောလိုက်သည်။
" လေးယောက်မြောက် နဲ့ ငါးယောက်မြောက် မြင့်မြတ်ပုဂ္ဂိုလ်နှစ်ယောက်က ထူးခြားတယ်... သူတို့နှစ်ယောက်က မင်းနဲ့ ဘယ်တုန်းကမှ မတွေ့ဖူးဘူး...မင်းတို့တွေက တစ်ယောက်နဲ့တစ်ယောက် မသိဘူး....ဒါပေမဲ့ သူတို့က မင်းကို တိတ်တဆိတ် ကူညီပေးနေတာ... "
" သူတို့နှစ်ယောက်ထဲထ လေးယောက်မြောက်မြင့်မြတ်ပုဂ္ဂိုလ်က ထင်ရှားကျော်ကြားတဲ့ လျှို့ဝှက်မိသားစုတစ်ခုကပဲ...သူက လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ပေါ်လာခဲ့တာ.... "
" ငါးယောက်မြောက် မြင့်မြတ်တဲ့ပုဂ္ဂိုလ်က ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီးတော့ သူ့ရဲ့ ပါရမီကလည အတော်လေးထူးခြားတယ်... သူက လွန်ခဲ့တဲ့နှစ်ပတ်လောက်ကမှ ပေါ်လာခဲ့တာ... အခု မင်းမှာ သူတို့နဲ့ ပတ်သတ်ပြီးတော့ ဘယ်လို အမြင်တွေရှိလဲ... "
" ငါ လေးယောက်မြောက်မြင့်မြတ်ပုဂ္ဂိုလ်ကိုတော့ မသိဘူး...ဒါပေမဲ့ ငါးယောက်မြောက်မြင့်မြတ်ပုဂ္ဂိုလ်ကတော့...." လင်ပေ့ဖန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
" ဆရာလျူ ...မင်းပြောတဲ့ ငါးယောက်မြောက်ပုဂ္ဂိုလ်က သတင်းပေးတဲ့သူ ဖြစ်လိမ့်မယ်...ဟုတ်တယ်မလား... "
" သတင်းပေးတဲ့သူလား... " လျူရှောင်ယောက်က အတွေးနက်သွားခဲ့သည်။
" ဆရာလျူ ... ဖျော်ဖြေရေးနယ်ပယ် ပြောင်းလဲသွားတဲ့ သတင်းကို မင်းဖတ်ပြီးသွားပြီလား... "
" ငါ ဖတ်ပြီးသွားပြီ ... " လျူရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။
" ဖျော်ဖြေရေးနယ်ပယ်ပြောင်းလဲသွားတဲ့အကြောင်းအရင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ သတင်းပေးသူတစ်ယောက်ကြောင့်ပဲ... "
လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
" သူက ဖျော်ဖြေရေးနယ်ပယ်ထဲက လူတစ်ယောက်ပဲ ဖြစ်လိမ့်မယ်...သူက ဖျော်ဖြေရေးနယ်ပယ်မှာရှိတဲ့ ယင်ယန်စာချုပ်ကို ဖော်ထုတ်ပြီးတော့ ဖျော်ဖြေရေးနယ်ပယ်မှာ နံပါတ်တစ်ကုမ္မဏီဖြစ်တဲ့ ဟန်တင်းဖျော်ဖြေရေးကုမ္မဏီကို ပစ်မှတ်ထားခဲ့တာ... " (ယင်ယန်စာချုပ်- စာချုပ်နှစ်ခုပြုလုပ်ပြီးတော့လိမ်တဲ့ဟာ-တစ်ခုကအစစ်-တစ်ခုကအခွန်ရှောင်ထားတဲ့ဟာ)
" အဲဒီ မကောင်းတဲ့ သတင်းတွေရဲ့ သက်ရောက်မှုကြောင့် ဟန်တင်းဖျော်ဖြေရေးရဲ့ ရှယ်ယာဈေးတွေက ထိုးကျသွားခဲ့တယ်... တိုက်ဆိုင်တော့ ကျွန်တော်လည်း အဲဒီအချိန်တုန်းက ဟန်တင်းဖျော်ဖြေရေးကုမ္ပဏီရဲ့ ရှယ်ယာတွေကို အောက်ဈေးနဲ့ ရောင်းချခဲ့လို့ ယွမ်၁၀ဘီလီယံနီးပါးလောက် ရရှိခဲ့တယ်.... "
လျူရှောင်ယောက် : လဗြွတ်ပဲ.....
" နောက်ပိုင်းမှာ ဟန်တင်းဖျော်ဖြေရေးရဲ့ စတော့တွေက ၉၀ ရာခိုင်နှုန်းကျော်လောက် ကျသွားခဲ့တယ်... အဲ့ဒီအချိန်မှာ ကျွန်တော်က ဟန်တင်းဖျော်ဖြေရေးကုမ္ပဏီရဲ့ ရှယ်ယာ၅၅ရာခိုင်နှုန်းကို ယွမ် ၈ ဘီလီယံ ဈေးနှုန်းနဲ့ ဝယ်ပြီးတော့ အဲ့ဒီကုမ္ပဏီကြီးကို ကျွန်တော့်ရဲ့ အိတ်ကပ်ထဲ ထည့်နိုင်ခဲ့တယ်...နောက်ပြီး ကျွန်တော့်မှာ ယွမ်နှစ်ဘီလီပါ အမြတ်ကျန်သေးတယ်... "
လျူရှောင်ယောက် : လဗြွတ်ပဲ.....
" ဆရာလျူ ... အဲ့ဒီသတင်းပေးတဲ့သူကို ကျွန်တော့်ရဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လို့ ထင်လား.."
လျူရှောင်ယောက်သည် အံကြိတ်ပြီး ပြုံးလိုက်သည်။
" မင်းပြောတာကို နားထောင်ကြည့်တာတော့ ဖြစ်နိုင်တယ်... "
ဒီသတင်းပေးသူကမှ ပိုပြီးတော့ သေသင့်တာ...
မအေမွေး သတင်းပေးသူ ... သတင်းပေးချင်ရင် အရင်ထဲက ပေးပေါ့...ဘာလို့ အခုချိန်မှ လာပေးတာလဲ...အခုတော့ ဟိုလူယုတ်မာလင်ပေ့ဖန်က ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို အလကားရသွားပြီ...ဒီကောင်က ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် အရမ်းပါရမီရှိတယ်ဟ....
သူ့ရဲ့အတိတ်ဘဝတုန်းက ထိုလူယုတ်မာသည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ကမ္ဘာ့အဆင့်မှီအောင် လုပ်ပြီးတော့ နိုင်ငံတိုင်းကို လွှမ်းမိုးခဲ့သေးသည်... ထို ကုမ္မဏီရဲ့ ဈေးကွက်တန်ဖိုးကလည်း ယွမ် ၅၀၀ ဘီလီယံကျော်သည်...
ဒီဘဝမှာတော့... သူက အစမှတင် ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုလုံးကို အလကားရသွားပြီ...
မအေမွေး သတင်းပေးသူ.... မင်း ငါ့ရှေ့ကို ပေါ်မလာနဲ့.... ပေါ်လာတာနဲ့ ငါ မင်းကို သတ်ပစ်မယ်....(ဟိုးစတော့ ...မလုပ်နဲ့မလုပ်နဲ့)
" အခု ငါဟောတာကို နားထောင်ပြီးတော့ မင်း ငါ့ကို လူလိင်ဆရာတစ်ယောက်လို့ ထင်နေတုန်းပဲလား..."
လင်ပေ့ဖန်က စိတ်ရင်းမှန်ဖြင့် ရိုးရိုးသားသားပြောလိုက်သည်။
" ဆရာလျူက တကယ့်ကို ဆရာ တစ်ယောက်ဖြစ်ထိုက်တယ်... ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကျွန်တော့်ကို ကူညီပေးမယ့် မြင့်မြတ်တဲ့ပုဂ္ဂိုလ် ငါးယောက် ရှိတာကိုတောင် ဆရာက မြင်နိုင်တယ်...နောက်ပြီး သူတို့တစ်ယောက်ချင်းစီရဲ့ အကြောင်းကိုတောင် ဆရာက ပြောနိုင်တယ်... ဆရာလျူက တကယ့်ကို အစစ်အမှန်ဆရာတစ်ယောက်ပဲ... "
" ဟားဟား.... "လျူရှောင်ယောက်က လင်ပေ့ဖန်ပြောတဲ့ စကားကို ကြားပြီး အလွန်ပျော်ရွှင်သွားသည်။
နောက်ဆုံးတော့ လင်ပေ့ဖန် ငါ့ယုံကြည်သွားပြီ...
လက်စားချေဖို့ ခြေလှမ်းတစ်လှမ်းတော့ နီးလာပြီ...
လျူရှောင်ယောက်သည် စိတ်ပျော်နေတာကြောင့် လင်ပေ့ဖန်အတွက်နဲ့ သူ့အတွက်ကို လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်သည်။ထို့နောက် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
" ဒါနဲ့ မင်းကို ကူညီခဲ့တဲ့ မြင့်မြတ်ပုဂ္ဂိုလ်တွေအကြောင်းကို အသေးစိတ်ပြောပြဦး... "
လင်ပေ့ဖန်က အံ့ဩသွားခဲ့သည်။
" ခုနက ဆရာလျူ တွက်ထားတယ်မဟုတ်ဘူးလား... ဘာလို့ ကျွန်တော့်ကို မေးနေသေးတာလဲ... "
လျူရှောင်ယောက်က မချိပြုံးပြုံးပြီး ပြောလိုက်သည်။
" ငါက အကုန်လုံးသိနေတဲ့ နတ်ဘုရား မဟုတ်ဘူးလေ...ငါက အကြမ်းဖျင်းပဲ တွက်ချက်နိုင်တာ....မရှင်းတာတွေ အများရှိသေးတယ်... ပိုပြီး ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်အောင်လို့ မင်းငါ့ကို သူတို့အကြောင်း အသေးစိတ်ပြောပြမှပဲ ရလိမ့်မယ်... "
" ဒါဆို အဲ့လိုပေါ့... " လင်ပေ့ဖန်က ရုတ်တရတ် ပြောလိုက်သည်။
" လေးယောက်မြောက်နဲ့ ငါးယောက်မြောက် မြင့်မြတ်ပုဂ္ဂိုလ်အကြောင်းကိုတော့ ကျွန်တော် မသိလို့ မပြောပြတော့ဘူး...ကျန်တဲ့ သုံးယောက်အကြောင်းကိုတော့ ပြောပြလို့ရတယ် "
" ငါသူတို့သုံးယောက်အကြောင်း အသေးစိတ်ကြားချင်တယ်.." လျူရှောင်ယောက်က လေးလေးနက်နက်ပြောလိုက်သည်။
သူ့ရဲ့စိတ်ထဲမှာတော့ တိတ်တဆိတ် ပျော်ရွှင်သွားသည်။
ငါ မင်းတို့သုံးယောက်ရဲ့ အချက်အလက်တွေကို ရတဲ့အချိန်ကျရင် ငါမင်းတို့လူယုတ်မာသုံးယောက်ကို သတ်ပစ်မယ်...
လင်ပေ့ဖန်က ပြုံးပြီး ပြောလိုက်သည်။
" ဆရာလျူ ...မင်းပြောတဲ့ ပထမဆုံးမြင့်မြတ်ပုဂ္ဂိုလ်က ကျွန်တော့်ရဲ့ အစ်ကိုယဲ့ပဲ....သူ့နာမည်က ယဲ့ရှင်းချန်...... "
လျူရှောင်ယောက်သည် အံ့အားသင့်သွားခဲ့သည်။
" ဘာ.... မင်းပြောတာ သူ့နာမည်က ယဲ့ရှင်းချန်လား... "
" ဟုတ်တယ်... အဲ့ဒီနာမည်နဲ့ ပတ်သတ်ပြီးတော့ ထူးခြားတာများရှိလို့လား.... " လင်ပေ့ဖန်က အံ့ဩသွားခဲ့သည်။
" မရှိဘူး...ဆက်ပြော... " လျူရှောင်ယောက်က ခေါင်းခါလိုက်သည်။
လင်ပေ့ဖန်က ဆက်ပြောခဲ့သည်။
" အစ်ကိုယဲ့က အစတုန်းက ကျွန်တော့်ရဲ့ ကိုယ်ရံတော်တစ်ယောက်ပဲ..နောက်တော့ ကျွန်တော်သူ့ရဲ့ ရင်းနှီးမြှုပ်ရေး အရည်အချင်းတွေကို တွေ့ပြီး သူ့ကို ရာထူးတိုးပေးခဲ့တယ်... နောက်ပြီး သူက ပိုက်ဆံဘီလီယံနဲ့ချီ ကူရှာပေးခဲ့သေးတယ်... အရေးကြီးဆုံးအချက်ကတော့ သူက ကွီးနေထူးနိုင်လိုမျိုး အတိုက်အခိုက်အရမ်းတော်တယ်....သူတစ်ယောက်ထဲနဲ့ လူဆယ့်နှစ်ယောက်လောက်ကို အသာလေးတိုက်ခိုက်နိုင်တယ်... "
လျူရှောင်ယောက်ရဲ့ မျက်လုံးများက မှေးကျဉ်းသွားခဲ့သည်။
လင်ပေ့ဖန်ပြောတာတော့ ဒီကောင်နာမည်က ယဲ့ရှင်းချန်တဲ့ ....နောက်ပြီး ဒီကောင်က အတိုက်အခိုက်လည်း အရမ်းတော်တယ်ဆိုတော့... ဒီကောင်က သေချာပေါက် စစ်ပွဲနတ်ဘုရားယဲ့ရှင်းချန်ပဲ ဖြစ်နိုင်တယ်...
အရင်ဘဝတုန်းက လင်ပေ့ဖန်က မင်းရဲ့ ရန်သူလေ...သူက မင်းရဲ့ အမျိုးသမီးကို ခိုးပြီးတော့ မင်းရဲ့ စွမ်းအားကိုလည်း ဖျက်ဆီးခဲ့တာ...နောက်ပြီး သူက မင်းရဲ့ ဒန်တျန်ကိုဖျက်စီးပြီးတော့ ကိုယ်ခံပညာလေ့ကျင့်လို့မရအောင်လုပ်ခဲ့တာလေ... ဒါတောင် မင်းက သူ့ကို ဒီဘဝမှာ ကူညီပေးဖို့ မျှော်လင့်နေသေးတာလား...
ငါပြန်လည်မွေးဖွားလို့ လိပ်ပြာအကျိုးသက်ရောက်မှု ဖြစ်စေတာများ ဖြစ်နိုင်မလား...
ဘာ ကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် လင်ပေ့ဖန်ကို ကူညီတဲ့သူက ငါ့ရန်သူပဲ...
လျူရှောင်ယောက်သည် တိတ်တဆိတ် ယဲ့ရှင်းချန်နာမည်ကို ချရေးလိုက်သည်။
မင်းက စစ်ပွဲနတ်ဘုရားဖြစ်ရင်တောင် ငါမင်းကိုသတ်မယ်..... ( ယဲ့ရှင်းချန်အတွက်မျက်ရည်နှစ်စက် )
" ဒုတိယပုဂ္ဂိုလ်က ဘယ်သူလဲ... "
" ဒုတိယလူရဲ့ နာမည်က ဝူကောလို့ခေါ်တယ်...သူက ရတနာတွေကို အကဲဖြတ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်... တခါတုန်းက ယွမ်သုံးဘီလီယံကျော်ထိုက်တန်တဲ့ ရှေးဟောင်းပစ္စည်းနှစ်ခုကိုတောင် သူ့က ငါ့ကို ကူရှာပေးခဲ့သေးတယ်... နောက်ပြီး သူက ရင်းနှီးမြှုပ်နှံရေးအပိုင်းမှာလည်း အရမ်းတော်တယ်... သူက ငါ့ကိုတောင် ယွမ်၂၀ဘီလီယံရရှိအောင် ကူညီပေးခဲ့သေးတယ်... "
" ဝူကော.... " လျူရှောင်ယောက်က တီးတိုးရေရွတ်ခဲ့သည်။
ငါ နားကြားမလွဲရင် ဒီကောင်က ဂူသင်္ချိုင်းဖောက်သူ ဝူကောပဲဖြစ်ရမယ်...
မင်းရဲ့အရင်ဘဝတုန်းက လင်ပေ့ဖန်က မင်းကို ထောင်ထဲ အကြိမ်ကြိမ်ပို့ပြီးတော့ မင်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးအောင်လုပ်ခဲ့တဲ့ မင်းရဲ့ ကမ္ဘာမကြေရန်သူတော်ကြီးလေ... ဒါတောင် မင်းက အခု လင်ပေ့ဖန်လက်အောက်မှာ အလုပ်လုပ်နေသေးတယ်ပေါ့......
လျူရှောင်ယောက်သည် ဝူကောနာမည်ကို တိတ်တဆိတ် ချရေးလိုက်သည်။
ငါတို့နှစ်ယောက်ကြားမှာ ရန်ငြိုးမရှိဘူး...ဒါပေမဲ့ မင်း လင်ပေ့ဖန်ကို ကူညီကတည်းက ငါ့ရဲ့ရန်သူဖြစ်သွားပြီ...
" တတိယလူက ဘယ်သူလဲ .... "
" တတိယလူရဲ့ နာမည်က ရှောင်ချန်းလို့ ခေါ်တယ်...သူက ဆေးဝိညာဉ်တောင်ကြားကနေ လာတာ... သူ့မှာ နတ်ဘုရားအဆင့် ဆေးပညာကျွမ်းကျင်မှုရှိတယ်...ငါ ကြားတာတော့ သူက အပ်တစ်ချောင်းတည်းနဲ့ လူတွေကို ကယ်တင်နိုင်တယ်တဲ့.... " လင်ပေ့ဖန်က ရှောင်ချန်းကို မတုံ့ဆိုင်းပဲနဲ့ ရောင်းစားခဲ့သည်။
လျူရှောင်ယောက်ရဲ့ မျက်နှာက တည်ငြိမ်နေပေမဲ့လည်း သူ့ရဲ့ စိတ်ထဲမှာတော့ ဗရမ်းဗတာဖြစ်နေခဲ့သည်။
' လခွမ်း.... ပါရမီရှင်ဆရာဝန်ရှောင်ချန်းတောင် သစ္စာဖောက်သွားပြီ... အစတုန်းကတော့ ငါသန်မာလာတဲ့အခါကျရင် မင်းနဲ့ သူငယ်ချင်းလုပ်ဖို့ တွေးထားခဲ့တာ...ဒါပေမဲ့ အခုတော့ မလိုတော့ဘူးထင်တယ်..... မင်းလည်း ဟိုကောင်တွေနဲ့ အတူတူပဲ သေသင့်တယ်.....'
" အဲ့ဒီသုံးယောက်က ကျွန်တော့်ရဲ့ ညီအစ်ကိုကောင်းတွေပဲ... နောက်ပြီးသူတို့တွေက ကျွန်တော်အယုံကြည်ရဆုံးသူတွေပဲ... အလုပ်မှာဆိုရင်လည်း သူတို့က ကျွန်တော်အားကိုးရတဲ့ လက်ထောက်ကောင်းတွေပဲ... ကျွန်တော်သူတို့ကို အရမ်းပဲ ယုံကြည်တယ်... " လင်ပေ့ဖန်က ဂုဏ်ယူစွာပြောလိုက်သည်။
သူ့ရဲ့ မျက်နှာပေါ်တွင်လည်း မာနကြီးသောအမူအရာဖြင့်...
သူတို့က ငါ့ရဲ့ ညီအစ်ကိုတွေ...ဒီလိုညီအစ်ကိုတွေ ရှိတာ ဂုဏ်ယူစရာကောင်းတယ်...
စူပါဆုတောင်းခြင်းစနစ်
ဘာသာပြန် Dao Taunk Pa
အပိုင်း( ၃ )
[ငါဆုတစ်ခုတောင်းမယ်စနစ် ,ငါ့ကို ၅၀ ကီလိုဂရမ်ထက်နည်းနည်းပိုလေးပြီး ၆၀ကီလိုဂရမ်လောက်ရှိတဲ့ အလှလေးရဲ့ တက်ဖိမိခြင်းကို ခံရပါစေ ]ဟု လင်ပေ့ဖန်က ဆုတောင်းလိုက်သည်။
[Ding !ဆုတောင်းခြင်း အောင်မြင်ပါသည်။]
အဲ့ဒီအချိန်မှာပဲ ဆောင်းယုချင်းကအနည်းငယ်ပြုံးပြီး ပြောလိုက်သည်။
" ခွင့်ပြုပါဦး ,ကျွန်မ သန့်စင်ခန်း ခဏလောက်သွားဦးမယ် "
" ရပါတယ် သွားပါဗျ"ဟု လင်ပေ့ဖန်ကပြောလိုက်သည်။
ဆောင်းယုချင်းက ထ၍ မတ်တပ်ရပ်လိုက်သည်။ ဒါပေမဲ့လည်း သူမခြေနှစ်လှမ်းလောက်လျှောက်ပြီးသောအခါတွင် သူမစီးနေသော ဒေါက်မြင့်ဖိနပ်သည် မမျှော်လင့်စွာနဲ့ ကျိုးသွားတဲ့အတွက်ကြောင့် သူမရဲ့ခန္ဓာကိုယ်သည် လင်ပေ့ဖန်စီသို့ လဲကျသွားခဲ့သည်။
" သတိထား !!"ဟု ပြော၍
လင်ပေ့ဖန်သည် လျင်လျင်မြန်မြန် တုန့်ပြန်လိုက်ချိန်တွင် အရမ်းပဲနောက်ကျနေပြီဖြစ်သည် ။ထို့နောက်
သူတို့နှစ်ယောက်လုံး ကြမ်းပြင်ဆီသို့ လဲကျသွားခဲ့သည်။
ဘုတ်........
သူ့ရဲ့လက်မောင်းထဲက နွေးထွေးမှုကို ခံစားရ၍ လှပသောမျက်နှာတစ်ခုကို အနီးကပ်ကြည့်ပြီး လင်ပေ့ဖန်က အံ့အားသင့်စွာ ပြောလိုက်သည်။
" မင်းရဲ့ ခန္ဓာကိုယ်အလေးချိန်က ၆၀ ကီလိုဂရမ် လား?" (ငါ့လိုပဲ Fa ဖြစ်မဲ့ mc)
ဆောင်းယုချင်း ရှက်သွားပြီး
"ဒီနေ့ ကျွန်မနေ့လည်စာ စားခဲ့တာနည်းနည်းများသွားလို့ပါ! " ဟုပြောလိုက်သည်။
လင်ပေ့ဖန်က သူမကို နှစ်သိမ့်ခဲ့သည်။
"မင်းကအရပ် ၁.၇၂မီတာ မြင့်တယ် ပြီးတော့ ၆၀ကီလိုဂရမ်ဆိုတာ ၀တယ်လို့လဲ သတ်မှတ်လို့ မရဘူးလေ "
ဆောင်းယုချင်းသည် ရှက်ရွံသလို ခံစားရသောကြောင့် " စကားပြောတာရပ်ဦး ၊ကျွန်မကိုထဖို့အတွက်မြန်မြန်ကူညီပေးပါ " ဟု ပြောလိုက်သည်။
" ကောင်းပြီး , အခုပဲငါကူညီပေးမယ် "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
သူတို့နှစ်ယောက်နှင့် သိပ်မဝေးသောနေရာတွင် ဒီအဖြစ်အပျက်ကိုကြည့်ပြီး ဇာတ်လိုက်ရှောင်ချန်းသည် ရူးသွပ်တော့မလိုဖြစ်သွားသည်။
ဇာတ်လမ်းက ခုမှစတာလေ, သူတောင် ဘာလှုပ်ရှားမှုမှ မလုပ်ရသေးဘူး။ ဒါပေမဲ့ သူလက်ထပ်မဲ့အမျိုးသမီးကေတာ့ တစ်ခြားလူရဲ့ အခွင့်အရေးယူတာကို ခံနေရပြီဖြစ်သည်။
သူ့ရဲ့ဦးခေါင်းထက်မှာ တောက်ပသောအလင်းရောင်လေးပေါ်လာသလို သူ့ခံစားလိုက်ရသည်။
ပြီးတော့ အရောင်ကလည်း အစိမ်းရောင်အလင်းလေး ဖြစ်သည်။
အစိမ်းရောင် ကို ကြည့်လေပိုပြီးတော့ စိုးရိမ်လေလေဖြစ်သည်။
ရလဒ်အနေနဲ့ သူလမ်းလျှောက်တာေတာင်မှ မြန်ပြီးရင်မြန်လာခဲ့သည်။
ထို့ကြောင့် သူသည် လူတစ်ယောက်ရဲ့ ခြေထောက်ကို တိုက်မိခဲ့ပြီး ချော်လဲကျ သွားခဲ့သည်။
သူတိုက်မိသည့်လူကလည်း ကီလိုဂရမ်၁၂၀လောက် ရှိသော အလွန်၀သော မိန်းကလေးဖြစ်ပြီး သူမ၏လေးလံသောခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်း၍ လမ်းလျှောက်နေရသောသူဖြစ်နေသည်။ သူတို့နှစ်ယောက်တိုက်မိလိုက်သောအခါတွင် ခပ်၀၀မိန်းကေလးသည် ဟန်ချက်ပျက်၍ ဇာတ်လိုက်ရှောင်ချန်းဆီသို့ လဲကျသွားခဲ့သည်။
Ouch!!!
လူအားလုံးသည် ကျယ်လောင်သော ကွဲအက်သံကို ကြားလိုက်ရသည်။
ထိုကွဲအက်သံသည် စားသောက်ဆိုင်တစ်ခုလုံးကိုတောင်မှ ပဲ့တင်ထပ်သွားစေသည်။
ထိုအသံကလည်း အရိုးကျိုးတဲ့ အသံနဲ့တူညီလုနီပါးဖြစ်နေသည်။
လူတိုင်းလူတိုင်း ထိတ်လန့်သွားခဲ့သည်။
ခပ်၀၀မိန်းကေလးသည် သူမရဲ့ဦးခေါင်းကို ခါလိုက်ပြီး မိန်းမော၍ " ဟူး..ကြည့်ရတာ ဘာမှမဖြစ်ခဲ့ဘူးနဲ့တူတယ် " ဟု ပြောလိုက်သည်။
သူမသည် နာကျင်သောအသံတစ်ခု ကို သူမအောက်မှ ကြားလိုက်ရသည်။
" မင်းတော့အဆင်ပြေတယ် , ဒါပေမဲ့ ငါတော့..အဆင်မပြေဘူး "
ခပ်၀၀မိန်းကလေးသည် ရှောင်ချန်းကိုလျင်လျင်မြန်မြန် ငုံ့ကြည့်လိုက်ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" တောင်းပန်ပါတယ် ရှင်အဆင်ပြေရဲ့လား??
" အိုး ...မိုင် .. မလှုပ်ပါနဲ့ဟ ဒီမှာ သေတော့မယ် "
ရှောင်ချန်း၏ မျက်နှာသည် ခရမ်းရောင်မှ အစိမ်းရောင်ဆီသို့ ပြောင်းလဲသွားသည်။
" ငါ့နံရိုးတွေ ကျိုးသွားပြီ " ဟု ပြောလိုက်သည်။
" အို့, အိုကေ ငါမလှုပ်တော့ဘူး "ဟု ပြောရင်းဖြင့်
ခပ်ဝဝမိန်းကလေးသည် ကိုးရိုးကားရားနဲ့ မတ်တပ် ရပ်မလို့ ကြိုးစားခဲ့သည်။
ဒါပေမဲ့သူမခန္ဓာကိုယ်ရဲ့ ဟန်ချက်ဟာ ခုချိန်ထိတိုင်အောင် မညီမျှသေးဘဲ အောက်သို့ပြန်လည် ထိုင်ချသလိုဖြစ်ပြီး ဇာတ်လိုက်ရှောင်ချန်းကို တောင်တစ်လုံးနှင့်ဖိမိသလို ခံစားရစေသည်။
ခရက်...
ဇာတ်လိုက်ရှောင်ချန်း...... ):
ခပ်၀ဝမိန်းကလေးသည် သူမ၏မျက်နှာကို လက်နှစ်ဖက်ဖြင့်ကာပြီး " ငါတောင်းပန်ပါတယ် ! ငါမရည်ရွယ်ပဲနဲ့ဖြစ်သွားတာပါ "ဟု ပြောလိုက်သည်။
" စကားပြောတာ ရပ်ပြီး ဆေးရုံကားကိုမြန်မြန် ခေါ် "
သူတို့နဲ့ မနီးမဝေးမှာ ရှိသော လင်ပေ့ဖန်သည် ဒီအဖြစ်အပျက်ကို မြင်ပြီး ထိတ်လန့်သွားခဲ့သည်။
ဇာတ်လိုက်ရှောင်ချန်းသည် ၁၂၀ကီလိုဂရမ်ရှိသော ဖတ်တီးမရဲ့ တက်ဖိမိမှုကြောင့် သူ့၏နံရိုးများ ကျိုးေကြသွားခဲ့သည်။
**ဒါက အမှန်တကယ်ကို ၀မ်းနည်းစရာပဲ **
သူတို့ပထမအကြိမ်တွေ့ဆုံရာမှာ ဒီလို၀မ်းနည်းစရာနဲ့ ကြုံတွေ့ရမယ်လို့ သူမထင်ထားခဲ့ပေ။
ထို့နောက် လူတိုင်းကသူ့ကို ကယ်ဆယ်ဖို့ လာကြသည်။
အဲ့ဒီထဲတွင် လင်ပေ့ဖန်သည် အတက်ကြွဆုံးသူဖြစ်သည်။
သူသည် ဇာတ်လိုက် ရှောင်ချန်းရှေ့သို့သွား၍ အစိမ်းရောင်ဖြစ်နေသော မျက်နှာကို ကြည့်ပြီး စိုးရိမ်စွာဖြင့်မေးလိုက်သည်။
" အစ်ကို မင်းနေလို့ကောင်းလား ?ဘယ်နားမှာ အဆင်မပြေတာရှိလဲ? "
ဇာတ်လိုက်ရှောင်ချန်း၏ မျက်လုံးများသည် ဒေါသအကြည့်များနှင့်ပြည့်နေသည်။
သူ့ရန်သူကို နီးနီးကပ်ကပ်တွေ့နေရသော်လည်း အကူအညီမဲ့စွာကြည့်၍ သူ့၏သွားများကိုကြိတ်ကာ ပြောလိုက်သည်။
" ငါ အဆင်ပြေတယ် "
လင်ပေ့ဖန်က သူ့ကို အပြစ်တင်ပြီး ပြောလိုက်သည်။
"အစ်ကို သန်မာချင်ယောင်မဆောင်ချင်စမ်းပါနဲ့။မင်းနံရိုးသုံးချောင်းကျိုးသွားတယ်။ဘယ်လိုဖြစ်ပြီးတော့ မင်း အဆင်ပြေနိုင်မှာလဲ?? "
"မင်းရဲ့ အရိုးတွေပြန်ကောင်းလာအောင် ကုသဖို့အတွက် ရက်၁၀၀လောက် လိုအပ်တယ်။မင်းအနည်းဆုံး နှစ်လလောက် လှဲပြီးအနားယူမှပဲ မင်း ပိုကောင်းလာနိုင်မှာ! မစိုးရိမ်ပါနဲ့ , ငါလူနာတင်ကားကို ဖုန်းဆက်ခေါ်ထားလိုက်ပြီဘရို "
" ငါမင်းရဲ့ တစ်မိသားစုလုံးကို ကျေးဇူးတင်ပါတယ်"ဟု ရှောင်ချန်းက ပြောခဲ့သည်။
" ကိစ္စမရှိပါဘူး။ဒါက ငါလုပ်သင့်တာပဲလေ"ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ လူနာတင်ကားရောက်ရှိလာခဲ့ပြီး လူနာ ရှောင်ချန်းကို လူနာတင်သည့် တွန်းလှည်းနဲ့ လူနာတင်ကားထဲသို့ သယ်ဆောင်သွားခဲ့သည်။
လင်ပေ့ဖန်က " ငါတောင်းပန်ပါတယ် ယုချင်း ၊ငါတို့ညစာအတူတူစားမည့်အစီအစဉ်ကို ဖျက်ရမယ် ထင်တယ် "ဟု တောင်းပန်လိုက်သည်။
ဆောင်းယုချင်းသည် သူမ၏ခေါင်းကို ခါလိုက်ပြီး စိုးရိမ်စွာနဲ့ပြောလိုက်သည်။
" ရပါတယ်။ လူ့အသက်ကိုကယ်တင်တာက ပိုပြီးအရေးကြီးတယ်မလား!တကယ်တော့ ရှင်ကလူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို ကျွန်မရှာတွေ့သွားတာပေါ့။ရှင်မှာ လူတိုင်းဆီမှာမရှိတဲ့ အရည်အသွေး ရှိတယ်။ ပြီးတော့ရှင်က ရဲ့ရင့်ပြီး ကူညီချင်စိတ်ရှိတဲ့လူလည်းဖြစ်တယ်။ "
လင်ပေ့ဖန်က အကူအညီမဲ့စွာ ပြန်ပြောလိုက်သည်။ "ဒါကတော့ ငါလည်းဘာမှမတတ်နိုင်ဘူး။ တစ်ခြားလူတွေရဲ့ ကိစ္စဆိုရင် ကိုယ့်နဲ့မဆိုင်လည်း၀င်ပြီးစွက်ဖက်လိုက်ရမှ ကျေနပ်တဲ့ အကျင့်ရှိနေတယ်။ "
" ဒါကမကောင်းတာမဟုတ်ပါဘူး ကောင်းတဲ့အကျင့်ပါပဲ! "
" ငါတို့ဒီည ညစာ တူတူ မစားနိုင်မှတော့ မင်းကို နောက်တစ်နေ့မှ ပဲ ထပ်ဖိတ်ကျွေးတော့မယ်။"
" အိုကေလေ ဒါဆို အဲ့လိုပဲသတ်မှတ်လိုက်မယ် "
တတိယလူဖြစ်တဲ့ ရှောင်ချန်းသည် ဒီမြင်ကွင်းကို သူ၏လောင်ကျွမ်းမတတ်ဖြစ်နေသော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။
အချစ်ငှက်လေးတွေ!!!
**ငါဒီအခြေအနေကနေ ပြန်ကောင်းလာရင် မင်းကိုငါ့လိုပဲပြန်ခံစားစေရမယ် **
**အဲ့လို မင်းပြန်မခံစားရရင် ငါ့ကိုယ် ငါအရင် သတ်သေလိုက်မယ်**
ထိုအချိန်တွင် လူနာတင်ကားသည် ချိုင့်ကွက်ကို မောင်းမိပြီး တုန်ခါသွားသည့်အတွက်ကြောင့် ရှောင်ချန်းကို အတွေးမှ လန့်နိုးလာစေခဲ့သည်။
ရှောင်ချန်း၏ မျက်နှာသည် ဘီလူးသံပုရာသီး စားမိသလို ရုပ်မျိုး ဖြစ်သွားသည်။
၁၅မိနစ်လောက်မောင်းပြီးသောအခါတွင် ဆေးရုံကို လူတိုင်းရောက်ရှိခဲ့သည်။
လင်ပေ့ဖန် သည် ဆေးရုံတင်ခွင့် ရရန်နှင့် ဆေးဖိုးဝါးခများကို ကူညီပြီး ပေးချေရင်း အလုပ်များနေသည်။
ထိုမြင်ကွင်းကို အမျိုးသမီးဇာတ်လိုက် ဆောင်းယုချင်း မြင်သွားပြီး ** သူက တာ၀န်သိတတ်တဲ့ ယောက်ျားတစ်ယောက်ပဲ **ဟုတွေးလိုက်သည်။
ဓာတ်မှန်ရိုက်ကြည့်ပြီးေနာက် ဆရာ၀န်၏ စမ်းသပ်မှုကို ခံရသည်။ဇာတ်လိုက်ရှောင်ချန်းသည် နံရိုးသုံးချောင်းသာကျိုးခဲ့ပြီး ဒဏ်ရာကလည်း သိပ်မပြင်းထန်၍ စိုးရိမ်စရာမရှိပေ။
ရှေးခေတ်ကုသမှုအတိုင်းပဲ ရင်ဘတ်ကို ကြိုးနှင့်စည်းပြီး နံရိုးများမလှုပ်ရှားနိုင်အောင် အိပ်ယာထဲမှာ မလှုပ်ရှားပဲနေရမည်ဖြစ်သည်။
သူသည်ဆေးကုသမှုခံယူ၍ အရိုးများပြန်ကောင်းမွန်လာအောင် ဆေးသောက်ရန်လိုအပ်ပြီး နှစ်လကြာသောအခါတွင် သူ့၏အရိုးများပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
ထို့နောက် နည်းလမ်းအားလုံး စမ်းသပ်ပြီးသောအခါတွင် ဆရာ၀န်သည် " မင်းဘယ်လိုခံစားရလဲ" ဟု စိုးရိမ်စွာ မေးမြန်းခဲ့သည်။
ဇာတ်လိုက် ရှောင်ချန်း၏မျက်နှာသည် ဖျော့တောသွားပြီး ချွေးသီးချွေးပေါက်များထွက်လာသည်။
" ခုချိန်ထိနာနေတုန်းပဲ မင်းငါ့ကို မေ့ဆေးလေး ထိုးပေးနိုင်မလား?"ဟု ရှောင်ချန်းက မေးမြန်းလိုက်သည်။
" ကောင်းပြီး ငါမင်းအတွက် တစ်ယောက်ယောက်ကို လာပြီးစီစဥ်ပေးခိုင်းလိုက်မယ်"ဟု ဆရာဝန်က ပြောလိုက်သည်။
လင်ပေ့ဖန်သည် အချိန် ကိုကြည့်လိုက်သောအခါတွင် သန်းခေါင်ယံကျော်နေပြီဆိုတာကို သူသိလိုက်သည်။
ဆိုလိုတာက သူစနစ်ဆီကနေ နောက်တစ်ကြိမ်ထပ်မံပြီးဆုတောင်းလို့ နိုင်ပြီဖြစ်သည်။
လင်ပေ့ဖန်သည် ရှောင်ချန်းကို ကြည့်လိုက်သောအခါ အိပ်ယာပေါ်တွင်လှဲနေ၍ သူ့၏မျက်နှာသည် ဖျော့တော့ပြီး နာကျင်မှုကို ကြိတ်မှိတ်ခံစား နေရသည်။လင်ပေ့ဖန်သည် စိတ်ထဲကနေ ဆုတောင်းလိုက်သည်။
(မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါစေလို့ဆုတောင်းမယ် စနစ်**)
(ဒင် !ဆုတောင်းကို ဖြည့်စည်းပေးလိုက်ပါပြီ)
လင်ပေ့ဖန် သည် ချက်ချင်းပဲ သူ့၏ခန္ဓာကိုယ်ကို သံမဏိနှင့်လုပ်ထားသလိုခံစားလိုက်ရပြီး ဓားနှင့်ကျည်ဆံတောင်မှ သူ့၏ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ဘူးဆိုတာသိလိုက်သည်။
တစ်ခြားတစ်ဖက်မှာတော့ ဆရာ၀န်သည် မေ့ဆေးကိုယူ၍ ပြန်လာခဲ့သည်။
" ရော့ဒီမှာ မေ့ဆေးကို မြန်မြန်ထိုးလိုက်မယ်"
ဘယ်လို ပုံစံအမျိုးမျိုးနဲ့ကြိုးစားပါစေ ဆရာ၀န်သည် အပ်ကို ရှောင်ချန်း၏အရေပြားထဲသို့ မထိုးဖောက်နိုင်ပဲဖြစ်နေသည်။
ရှောင်ချန်းသည် မချိမဆန့် နာကျင်မှုကိုခံစားရပြီး သေတော့မလိုဖြစ်ခဲ့သည်။
" ဆရာပြီးပြီလား?ငါနာကျင်မှုကြောင့် သေတော့မယ်! " ဟု ပြောလိုက်သည်။
ဆရာ၀န်သည် ခါးခါးသီးသီးပြုံး၍
" မပြီးသေးဘူး မင်းရဲ့အရေပြားကအရမ်းထူလို့ ငါအပ်နဲ့ထိုးလို့မရဘူးဖြစ်နေတယ်။ငါကုသလာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလောက်ထိုးရခက်တဲ့ အရေပြားကို ပထမအကြိမ်တွေ့ဖူးတာပဲ။ " ဟု ပြောလိုက်သည်။
"ဒါဆိုငါတို့အခုဘာလုပ်မလဲ? ပါးစပ်ထဲကို ထိုးရမှာလား? "
" ဒီမေ့ဆေးက အာရုံကြောပေါ်မှာပဲ အကျိုးသက်ရောက်သောဆေးဖြစ်တယ်။အစာအိမ်မှာရှိတဲ့ အက်စစ်က ဆေးရဲ့အစွမ်းကို ပျော်၀င်စေလိမ့်မယ် ။ဒါ့ကြောင့်အစာအိမ်ကသာ တစ်ခုထဲသော နည်းလမ်းဖြစ်တယ်။ "(ဒီနားဘာသာပြန်ရတာနည်းနည်းယောင်နေတယ်)
" ဆရာ ငါ့မှာ ရိုးရာဆေးရှိတယ်။ဒီဆေးကို ပန်းကန်တစ်လုံးနဲ့ ကျိုပေးလို့ရမလား?" ဟု ရှောင်ချန်းက ဆရာဝန်ကို မေးလိုက်သည်။
" မရဘူး ငါ ရိုးရာဆေးအကြောင်းဘာမှမသိဘူး။ဒီဆေးရုံမှာ ရိုးရာဆေး ကို အသုံးမပြုခိုင်းဘူး။တစ်ခုခု ကုသမှုမှားသွားရင် ဘယ်သူက တာ၀န်ယူမှာလဲ? "ဟု ဆရာဝန်က ပြန်ဖြေခဲ့သည်။
"ဒါဆိုလည်း ငါ့ကို ကယ်ဖို့ တစ်ခုခုလုပ်ပေးလေ"
"ခဏလေးစောင့်ပေးဦး။ငါတစ်ခုခု သွားရှာကြည့်လိုက်ဦးမယ်။"
ဆရာ၀န် သည် တစ်နာရီကျော်ကျော်လောက် အချိန်ဖြုန်းပြီး အဖြေရှာသော်လည်းပဲ ဘာနည်းလမ်းမှရှာမတွေ့ဘဲ ပြန်လာခဲ့သည်။
သူပြန်လာသောအခါတွင် ဇာတ်လိုက်ရှောင်ချန်းသည်နာကျင်မှုကြောင့် သတိလစ်နေခဲ့ပြီဖြစ်သည်။
သတိလစ်နေသော ရှောင်ချန်းကို ကြည့်နေရင်း ဆောင်းယုချင်းသည် ကရုဏာသက်စွာဖြင့် ပြောလိုက်သည်။
" သူတော်တော် သနားဖို့ကောင်းတာပဲနော် "
လင်ပေ့ဖန်သည် စိတ်ရင်းဖြင့် သဘောတူလိုက်ပြီး " ဟုတ်တယ် အမှန်တကယ် သနားဖို့ကောင်းတယ် " ဟု ပြောလိုက်သည်။