ကိုယ်က ဂိုဏ်းတူအစ်မကို ကာကွယ်ပေးမှာပေါ့
Vol. 18 Ch. 248
အခန်း (၂၄၈) ကိုယ်က ဂိုဏ်းတူအစ်မကို ကာကွယ်ပေးမှာပေါ့
ရှောင်ယွိ ခြံဝန်းအရှေ့တွင် မတ်တတ်ရပ်ရင်း ကျန်းလန်ကို ကြည့်နေလေသည်။
နှင်းများက မည်သည့်နေရာကမှန်းမသိ ကျဆင်းနေပြီး သူမကျောရိုးထဲ စိမ့်သည်အထိ အေးစက်နေသည်။ သူမက နေရာတစ်ချက်မရွှေ့ဘဲ မတ်တတ်ရပ်နေပြီး ကျန်းလန်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
ထိုအချိန်တွင် စာအုပ်ကိုလှန်နေသည့် ကျန်းလန်၏ လက်များက တဖြည်းဖြည်း နှေးကွေးလာလေသည်။ နောက်ဆုံးစာမျက်နှာကို လှန်လိုက်ချိန်တွင် သူ၏လက်များက အနည်းငယ် တုံ့ဆိုင်းသွားသည်။
(၁၀) နှစ်။
မထူလှသည့် စာအုပ်တစ်အုပ်ကို ကျန်းလန်က (၁၀)နှစ်လုံးလုံး အဆက်မပြတ် လှန်နေခဲ့သည်။ ယခုတော့ သူလုပ်နေသည့်အလုပ် ပြီးဆုံးသွားပြီ ဖြစ်သည်။
အဘယ့်ကြောင့် ထိုသို့ဖြစ်သည်ကို နားမလည်သော်လည်း သူမ၏ဂိုဏ်းတူမောင်လေး ပြန်လည်နိုးထလာတော့မည်ဟု ရှောင်ယွိ အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်သည်။
ယနေ့သို့မဟုတ် မနက်ဖန် သေချာပေါက် နိုးထလာပေတော့မည်။
နှင်းများက ပိုမိုကျဆင်းလာပြီး ရှောင်ယွိကတော့ မြေပြင်ထက်တွင် အမြစ်တွယ်နေသည့်အလား မတ်တတ်ရပ်လျှက် ရှိသည်။
သူမက ကျန်းလန်ကို ငေးကြည့်နေပြီး နှင်းများက သူမခန္ဓာကိုယ်ထက် ကျဆင်းလျှက် ရှိသလို လေအေးများကလည်း တိုက်ခတ်လျှက် ရှိသည်။
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများ ဖုံးလွှမ်းနေပြီး သူမ၏ခန္ဓာကိုယ်ထက်တွင်လည်း အဖြူရောင်နှင်းအလွှာတစ်ခုက ဖုံးလွှမ်းလျှက် ရှိသည်။
ရုတ်တရက်…
နွေးထွေးသည့် စောင်တစ်ထည်ဖြင့် ခြုံလွှမ်းပေးခြင်းခံလိုက်ရသလို နွေးထွေးမှုတစ်ခုကို ရှောင်ယွိ ခံစားလိုက်ရသည်။
ကျန်းလန် နောက်ဆုံးစာမျက်နှာကို လှန်လိုက်သည်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။ ထို့နောက် ကျန်းလန်က သိမ်မွေ့စွာပင် စာအုပ်ကို ပိတ်လိုက်၏။
စာအုပ်ကိုပိတ်လိုက်သည်နှင့် စာအုပ်ကိုကြည့်နေသည့် ကျန်းလန်၏ မျက်ဝန်းများက ဖြည်းဖြည်းချင်း မှေးမှိတ်သွားသည်။
ထိုခဏမှာပင်…
လေပြင်းများလည်း ရပ်တန့်သွားသလို နှင်းများလည်း ဆက်လက်ကျဆင်းခြင်း မရှိတော့ပေ။
ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်တရက် ပြောင်းလဲသွားလေသည်။
နွေဦးလေပြေက တိုက်ခတ်လာပြီး အဝေးဆီမှ နေမင်းထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ဆေင်းဦးရွက်ကြွေများက ကျဆင်းလာပြီး နှင်းများက ကျဆင်းလာပြန်သည်။
သို့သော် မည်သည့်အရာမှ မပြောင်းလဲဘဲ နှင်းများက ရှောင်ယွိ၏ ခန္ဓာကိုယ်ထက်သို့ ကျဆင်းနေဆဲ ဖြစ်သည်။
ခဏအကြာတွင်တော့…
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လာလေသည်။
တိုက်ခတ်နေသည့်လေအေးများ ရပ်တန့်သွားပြီး နှင်းများလည်း ဆက်လက်ကျဆင်းခြင်း မရှိတော့ပေ။
ပူပြင်းသည့်နွေရာသီစတင်လာသည်နှင့် ဆီးနှင်းများက အရည်ပျော်ကုန်ကြသည်။ များစွာသောပန်းပွင့်လေးများက တစ်ပြိုင်တည်းတွင် ပွင့်လန်းလာပြီး မွှေးပျံ့သည့်ပန်းရနံ့များက လေထဲတွင် လွင့်ပျံလာသည်။
ချက်ချင်းပင် သူမ ပတ်ဝန်းကျင်မှ အရာအားလုံးပြောင်းလဲသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို ရှောင်ယွိ သတိပြုလိုက်မိသည်။
လက်ရှိ သူမကြုံတွေ့ခဲ့ရသည့်အရာအားလုံးက ပုံရိပ်ယောင်တစ်ခုပမာ ဖြစ်လေသည်။ သို့မဟုတ် ဤသည်က ကျန်းလန်၏ စိတ်အာရုံအတွင်းမှ ပြောင်းလဲမှုတစ်ခု ဖြစ်နိုင်သည်။
"ဂိုဏ်းတူအစ်မ… မတွေ့တာကြာပြီနော်"
ကျန်းလန်က စာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး ရှောင်ယွိကို လှမ်းကြည့်ရင်း နှုတ်ဆက်စကား ဆိုလိုက်သည်။
သူက (၁၀)နှစ်ကြာအောင် စာဖတ်နေခဲ့ပြီး တာအိုတရားကို (၁၀)နှစ်ဆာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သူ ဉာဏ်အလင်းပွင့်သွားပြီး လောက၏နိယာမများနှင့် မဟာတာအို၏ အခြေခံအုတ်မြစ်ကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ယနေ့ သူ တာအိုတံခါးရှေ့သို့ ရောက်အောင် သွားနိုင်ခဲ့သည်။
အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်သည်နှင့် မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
နာမ်ဝိညာဉ်ရောင်ပြန်ပညာကြောင့် သူ၏ စိတ်စွမ်းအားကလည်း နောက်ထပ်သေးငယ်သည့်အဆင့်တစ်ခုသို့ တက်လှမ်းသွားသည်။
သူ အိပ်မက်ကမ္ဘာထဲတွင် နစ်မျောနေသည်မှာ (၁၀)နှစ်တိုင်ခဲ့ပြီဖြစ်ပြီး တာအိုနားလည်ခြင်း လက်ဖက်ခြောက်ကလည်း အတော်လေး အထောက်အကူပြုခဲ့သည်။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် အများအမြင်တွင် ရှိနေသည့် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ကို မရှိမှုအာကာသ ၊ ကနဦးအဆင့်သို့ ပြောင်းလဲရမည် ဖြစ်ပြီး ထိုအဆင့်ကို ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်ကိုတော့ မူလဝိညာဉ် ၊ အောင်မြင်သည့်အဆင့်သို့ ပြောင်းလဲရမည် ဖြစ်သည်။
သို့ရာတွင် သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကတော့ ပြောင်းလဲသွားခြင်း မရှိသေးပေ။
သို့သော်…
ယနေ့မှစတင်ပြီး သူ၏ ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် တိုးတက်နေတော့မည် ဖြစ်သည်။ အချိန်တိုအတွင်းမှာပင် သူ အစစ်အမှန်အင်မောတယ် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
သို့ရာတွင် သူ့ကို အံ့အားသင့်သွားစေသည့်အချက်မှာ သူ သတိပြန်ဝင်နိုးထလာသည့်အချိန်တွင် ရှောင်ယွိကို အရင်ဆုံး တွေ့မြင်လိုက်ရခြင်းပင် ဖြစ်သည်။
လွန်ခဲ့သည့် (၁၀)နှစ်က ရှောင်ယွိ သူ့ထံလာရောက်လည်ပတ်သည်ကို သူ ရေးတေးတေးမျှ မှတ်မိနေခဲ့သည်။
သူ့အတွက် ရတနာဝတ်ရည်သေရည်မူးနေသည်မှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့သည်က ကံကောင်းသည်ဆိုရမည်။ မဟုတ်ပါက ရှောင်ယွိ သူ့အနားသို့ပင် ကပ်နိုင်မည် မဟုတ်ပေ။
ယခုတစ်ကြိမ်တော့ ရတနာဝတ်ရည်သေရည်ကို တာအိုနားလည်ခြင်းလက်ဖက်ခြောက်ဖြင့် တွဲဖက်စားသုံးလိုက်ခြင်းက အတော်လေး အဆင်ပြေသွားသည်ဟု ဆိုနိုင်သည်။
သူ ကြုံတွေ့ရသည့်အရာအားလုံးက တာအို၏အသွင်ပြောင်းမှုတစ်ခု ဖြစ်၏။
ရှောင်ယွိက ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး ခန္ဓာကိုယ်လေးကို တစ်ချက်လှည့်ပတ်လိုက်သည်။
"ဂိုဏ်းတူမောင်လေးကတော့ ကျွန်မကို မတွေ့ရတာ (၁၀)နှစ် ရှိပြီပေါ့"
ထို့နောက် ရှောင်ယွိက ရယ်မောလိုက်လေရာ နေရောင်အောက်တွင် တောက်ပနေသည့် ပန်းလေးတစ်ပွင့်ပမာ လှပလွန်းလှသည်။
သူမ၏ အပြုံးက ဖြူစင်တောက်ပပြီး ဆွဲဆောင်မှု ရှိလွန်းသည်။
ကျန်းလန်က သူမကိုကြည့်နေသည်ကို တွေ့ရသည့်အခါ ရှောင်ယွိက ခန္ဓာကိုယ်ကို နောက်ထပ်တစ်ပတ်လှည့်လိုက်ပြန်သည်။
ထိုစဉ်မှာပင် ရှောင်ယွိသည် အရပ်မြင့်လာပြီး ကိုယ်လုံးကိုယ်ထည်လည်းထွားလာကာ လုန်ယွိအသွင် ကူးပြောင်းသွားလေသည်။
ထို့နောက် လုန်ယွိက ကျန်းလန်ရှိရာသို့ လမ်းလျှောက်လာလေသည်။
ရှောင်ယွိ၏ ကလေးငယ်တစ်ယောက်ပမာ သန့်စင်သည့်ပုံစံလေးသည် လုန်ယွိအဖြစ် အရွယ်ရောက်လာသည့်အခါ ကျက်သရေအလှတရားတို့ဖြင့် ပြည့်နက်လျှက်ရှိတော့သည်။
လုန်ယွိကိုကြည့်ပြီး ကျန်းလန် အံ့အားသင့်သွားမိသည်။ ထူးခြားလှစွာပင် ယနေ့ လုန်ယွိသည် သူ့မျက်ဝန်းထဲတွင် အလွန်တရာ ချောမောလှပနေခဲ့လေသည်။
သူမ၏ အသားအရည်က ချောမွေ့နေပြီး ကျောက်စိမ်းရုပ်လေးပမာ ဖြစ်သည်။ သူမ၏ မျက်နှာလေးကလည်း ပန်းချီကားတစ်ချပ်ပမာ လှပလွန်းလှသည်။
"ရော့…"
လုန်ယွိက သစ်သားဓားလေးကို ကျန်းလန်ထံသို့ ကမ်းပေးလိုက်သည်။
"ကျွန်မဓားထဲကို နဂါးသုတ်သင်ဓားဝိညာဉ်ထည့်မပေးတာ (၁၀)နှစ်တောင်ရှိပြီ"
လုန်ယွိ၏ အသံက တည်ငြိမ်နေသော်လည်း အေးစက်ခြင်း မရှိပေ။
သို့သော် လုန်ယွိအသွင်ဖြင့်ဆိုလျှင် သူမက ဘယ်သောအခါမှ ရှောင်ယွိကဲ့သို့ မဟုတ်ပေ။ တည်ကြည်လေးနက်နေတတ်သည်။
ကျန်းလန်က သစ်သားဓားလေးကို ယူလိုက်ပြီး နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးရန် ဟန်ပြင်လိုက်သည်။
ထိုခဏမှာပင် လုန်ယွိက ရှောင်ယွိအဖြစ် ပြန်လည်သေးငယ်သွားလေသည်။ အရပ်လည်းနိမ့်သွားပြီး သူမ၏ရွှေရင်မို့မို့တို့မှာလည်း ပြန်လည် ပြားချပ်ချပ် ဖြစ်သွားသည်။
"လေလျော့သွားသလိုပဲ" ဟု ကျန်းလန် ဖျတ်ခနဲ တွေးလိုက်မိသည်။
"ဂိုဏ်းတူမောင်လေး… ကျွန်မကို ကြည့်လို့ ဝပြီလား"
သူမက ပြောရင်းဖြင့် ကျန်းလန်အနားသို့ ခုန်ပေါက်ပြေးလွှားကာ ရောက်ရှိလာပြီး သူ့နံဘေးတွင် ဝင်ထိုင်လိုက်သည်။
သူမက…
"ဂိုဏ်းတူမောင်လေးကသာ ကျွန်မကို မတွေ့ရတာ (၁၀)နှစ်ကြာတာပါ ၊ ကျွန်မက ဂိုဏ်းတူမောင်လေးကို နှစ်တိုင်းလာတွေ့တယ်… ၊ ဒါပေမဲ့…"
"ဒါပေမဲ့… ဘာဖြစ်လဲ… ပြောပါဦး"
ကျန်းလန်က သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်ပေးနေရင်းက မေးမြန်းလိုက်သည်။
သစ်သားဓားလေးအတွင်းသို့ သူထည့်ပေးနေသည့်ဓားဝိညာဉ်မှာ အချိန်တစ်နှစ်သာ ခံမည် ဖြစ်လေသည်။ သို့သော် သူ နှစ်စဉ်နှစ်တိုင်း ရှောင်ယွိအတွက် ဓားဝိညာဉ်ထည့်ပေးနေရလေရာ သူမ နဂါးသုတ်သင်ဓားသိုင်းကို နားလည်သွားပြီလားဟု ကျန်းလန် သိချင်သွားမိသည်။
ဒီလောက်နှစ်များစွာကြာမှတော့ နဂါးသုတ်သင်ဓားသိုင်းကို အနည်းနှင့်အများ နားလည်သင့်နေပြီ မဟုတ်ပါလား။
သို့သော် တကယ်တမ်းတွင် ထိုသို့ မဟုတ်ပေ။
ရှောင်ယွိက နဂါးသုတ်သင်ဓားသိုင်းကို နားလည်ရန် တစ်ချက်ပင် မကြိုးစားခဲ့ပေ။
ရှောင်ယွိက ကျန်းလန်ကို တစ်ချက်ခိုးကြည့်လိုက်ရင်း...
"ဒါပေမဲ့ ဒီကိုလာရတာ ပင်ပန်းတယ်ရယ်လို့ မရှိပါဘူး"
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်သည့်အခါ သူ့ကို တောက်ပစွာပြုံးပြနေသည့် ရှောင်ယွိ၏ မျက်နှာလေးကို တွေ့မြင်လိုက်ရသည်။
"ဂိုဏ်းတူအစ်မ ပြုံးလိုက်ရင် ပတ်ဝန်းကျင်က ပန်းတွေတောင် အရောင်မှိန်သွားတယ်ဗျာ"
ကျန်းလန်က နူးညံ့စွာပြောလိုက်သည်။
ရှောင်ယွိက ချက်ချင်းပင် မျက်နှာလေး ညှိုးငယ်သွားဟန် လုပ်ပြလိုက်ပြီး...
"ခုရော ဘယ်လိုလဲ ၊ ရှင့်မျက်လုံးထဲ အဆင်ပြေသေးရဲ့လား"
"..........."
ကျန်းလန်မည်သည့်စကားမှ မပြောတော့ဘဲ ခေါင်းကိုငုံ့ကာသာ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေတော့သည်။
ဒီဂိုဏ်းတူအစ်မကတော့ တကယ့်ပီဘိကလေးငယ် ပမာပင်။
သူမပုံစံလေးက ဆယ်ကျော်သက်အရွယ်ပုံစံလေးဖြစ်ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်က မရှိမှုအာကာသ ၊ အလယ်ဆင့် ဖြစ်သည်။
သူ အင်မော်တယ်တစ်ပါး ဖြစ်သည့်နေ့တွင် အရွယ်ရောက်သူမိန်းမပျိုတစ်ယောက် ဖြစ်လာပေလိမ့်မည်။ သို့သော် ဘယ်လိုပဲကြည့်ကြည့် ဒီကလေးမလေး အရွယ်ရောက်လာမည်ဟု ကျန်းလန် ခံစားမရခဲ့ပေ။
ထိုသို့ဆိုရလျှင် အဋ္ဌမမင်းသားကတော့ အင်မော်တယ်အဖြစ် မွေးဖွားလာသူ ဖြစ်လေရာ မွေးကတည်းကပင် အရွယ်ရောက်သူပမာ ဖြစ်နေခဲ့ပြီး ကလေးဘဝကို ဆုံးရှုံးခဲ့ရဟန်ပင်။
ကျန်းလန်က သစ်သားဓားကို ငုံ့ကြည့်ပြီး ဓားဝိညာဉ်ထည့်သွင်းပေးနေရင်းဖြင့် မေးလိုက်သည်။
"ဂိုဏ်းတူအစ်မမှာ စိတ်ညစ်စရာတစ်ခုခုများ ရှိနေလို့လား"
ရှောင်ယွိက ပြုံးရယ်နေသည့်တိုင် အနည်းငယ်တော့ မျက်နှာမကောင်းသည်ကို ကျန်းလန် အစကတည်းက သတိပြုမိလေသည်။
ထို့ပြင် ရှောင်ယွိ စိုးရိမ်ပူပန်စရာကိစ္စတစ်ခုခုရှိနေသည်ဟုလည်း သူ အာရုံခံမိသည်။
"ဟုတ်တယ်"
ရှောင်ယွိက ပွင့်လင်းစွာပင် ဝန်ခံလိုက်သည်။ ထို့နောက် သူမက ကျန်းလန်ကိုကြည့်ရင်း ရှင်းပြလိုက်၏။
"လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်က ကျွန်မမောင်လေး ပျောက်သွားတယ်ဆိုတဲ့ သတင်းရလာတယ် ၊ သူ ဘယ်ကိုရောက်နေလဲ ဘယ်သူမှ မသိကြဘူး"
ကျန်းလန်က…
"အဋ္ဌမမင်းသားလား"
သူက အဋ္ဌမမင်းသားကို ခင်မင်မိသည်။
လုန်မန်က သဘောကောင်းသည့် နဂါးမျိုးနွယ်တစ်ယောက် ဖြစ်လေသည်။ အင်မော်တယ်တစ်ပါးအဖြစ် မွေးဖွားလာသော်လည်း မာနကြီးခြင်း မရှိပေ။
နဂါးမျိုးနွယ်များက အဋ္ဌမမင်းသားလိုလူမျိုး ပျောက်သွားသည်ကို တွေ့အောင် မရှာဖွေကြဘူလားဟု ကျန်းလန် တွေးလိုက်သည်။
ရှောင်ယွိက သက်ပြင်းချလိုက်ရင်း…
"လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က ကျွန်မတို့မျိုးနွယ်က အကြီးအကဲတွေက သူ့ကို အင်အားသုံးပြီး ရှာဖွေခဲ့ကြတယ် ၊ ဒါပေမဲ့ ဘာမှ မသိခဲ့ရဘူး"
ပြီးမှ သူမက အနည်းငယ်စိတ်သက်သာရာရဟန်ဖြင့်…
"ဒါပေမဲ့ သူ အသက်အန္တရယ် မရှိဘူးဆိုတာတော့ သိရတယ်"
သူ့မောင်လေးက သူ့အပေါ် ကောင်းလွန်းသည်ဟု ရှောင်ယွိ ခံစားရသည်။
သူက ကျန်းလန်အကြောင်းပြောသည့်အခါ ယောက်ဖ ၊ ယောက်ဖနှင့် ထည့်ပြောတတ်ပြီး သူမကိုလည်း အစ်မအဖြစ် အသိအမှတ်ပြု ဒူးထောက်ဂါရဝပြုခဲ့သည်။
အနာဂတ်တွင် တတ်သိနားလည်သည့် မောင်ငယ်တစ်ယောက် ဖြစ်လိုကြောင်းလည်း သူက ပြောသေးသည်။
"ဆိုတော့… ဒီမောင်ငယ်လေးက တကယ်ပဲ ချစ်စရာကောင်းသည် မဟုတ်လား"
ဤသည်က ရှောင်ယွိ၏ အတွေးများဖြစ်၏။
ကျန်းလန်က…
"သူ နောက်ဆုံး ဘယ်နေရာကို သွားခဲ့တာလဲ"
အဋ္ဌမမင်းသား အဘယ့်ကြောင့် ပျောက်သွားရသည်ကို မသိသော်ငြား သူက ထိုကိစ္စကို အာရုံစိုက်လေသည်။
ရှောင်ယွိက အနည်းငယ်စိတ်ပူပန်ဟန်ဖြင့်…
"သူက ဦးလေးလုန်ရဲ့နဲ့အတူ နတ်မိစ္ဆာတွေရဲ့ပိုင်နက်ထဲမှာ သတင်းသွားစုံစမ်းကြတာ ၊ ဒါပေမဲ့ ပြန်မလာတော့ဘူး ၊ သူနဲ့အတူ ဦးလေးလုန်ရဲ့ပါ ပျောက်သွားတာ"
သူမ ထိုကိစ္စကို အလွန်အလေးထားလေသည်။
သူမက မောင်ငယ်ဖြစ်သူ၏ သတင်းများကိုပင် တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့မိသည်။ သူမက အင်မော်တယ်ဖြစ်လာရန် အလှမ်းဝေးလွန်းသေးရာ မောင်ငယ်ကို ကူညီရှာဖွေပေးရန် မဖြစ်နိုင်ပေ။
ကျန်းလန်က သူမကို နှစ်သိမ့်လိုက်သည်။
"ဒီကိစ္စ အဆင်ပြေသွားမှာပါ"
လုန်ရဲ့ သေရည်မူးပြီး ပြဿနာထပ်ဖြစ်ပြန်ပြီလားဟု ကျန်းလန် တွေးမိသည်။
ထားပါတော့။ သူတို့ မည်သည့်ကိစ္စများ ရင်ဆိုင်ခဲ့ရသည်ကို ကျန်းလန်လည်း မသိနိုင်ပေ။ သူတို့ အသက်ရှင်သန်နိုင်ရန်ကတော့ ကံတရားအပေါ်တွင်သာမူတည်သည်။
နဂါးမျိုးနွယ်များက နတ်မိစ္ဆာများလက်ချက်ဟု ထင်ကော်းထင်မည်ဖြစ်ရာ နတ်မိစ္ဆာများကို အနည်းနှင့်အများ ပြဿနာရှာမည် ဖြစ်သည်။
ရှောင်ယွိက…
"မွေးရာပါအင်မော်တယ်တွေမှာက နဂါးမျိုးနွယ်တွေရဲ့ ဘိုးဘေးတွေက အန္တရယ်ကိုကာကွယ်ပေးတဲ့ တန်ခိုးစွမ်းအားတွေ ချီးမြှင့်ထားတယ် ၊ ဒီတော့ သူ ဘာမှမဖြစ်နိုင်ပါဘူး"
ပြီးမှ သူမက စိတ်အားလျော့သွားဟန်ဖြင့်…
"ဒါပေမဲ့ ကျွန်မကတော့ သာမန်နဂါးပဲဆိုတော့ အဲဒီလိုမျိုး ဘိုးဘေးတွေရဲ့ကာကွယ်ပေးမှုကို မရရှိဘူးလေ"
"ဒါဆိုလည်း ကိုယ်က ဂိုဏ်းတူအစ်မကို ကာကွယ်ပေးမှာပေါ့ဗျာ"
ကျန်းလန်က ရှောင်ယွိကိုကြည့်ပြီး ပြောလိုက်လေသည်။