အငြိုးကို ဖြေရှင်းခြင်း၊ လှပစွာ ထွက်ခွာခြင်း (၂)..
Vol. 10 Ch. 136
~သူသာ မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်နှင့် ကောင်းကင်ဘုံဓားသိုင်း အစရှိသည့် လျှို့ဝှက်သိုင်းများကိုပါ ထုတ်သုံးလိုက်မည်ဆိုလျှင် ဤလူကို အစောကတည်းက ဇီဝိန်ဖြုတ်ပြီးလောက်ပြီ ဖြစ်သည်။
သို့သော် ယခု အခြေအနေမှာပင် တစ်ဖက်သတ် ဖြစ်နေခဲ့သည်။ သူ၏ ကိုယ်တွင်းမှ 'ပုံရိပ်ယောင် ဓားအမြုတေ' ကို ခံစားမိလိုက်ပြီးနောက် နင်ချီက အချိန် မဖြုန်း တော့ပါ။
'အကြီးအကဲ ပိန်ခြောက်' အခြားသူများ သူတို့၏ အသက်ကို စတေး၍ အချိန် ရအောင် ကြိုးစားနေသည့် ထို အခိုက်အတန့်ကို ဆုပ်ကိုင်လိုက်၏။ သူ၏ ခန္ဓာကိုယ် အတွင်းမှ ခပ်သဲ့သဲ့ အသံ တစ်ခု ပဲ့တင် ထွက်လာပြီး သူ၏ တစ်ကိုယ်လုံး အနက်ရောင် အလင်းတန်း များဖြင့် အံ့ဩဖွယ် ပေါက်ကွဲ ထွက်လာ တော့သည်။
ထို လွှမ်းမိုး နိုင်သော အရှိန်အဝါက လူတိုင်း ၏ မျက်လုံး များ ထဲတွင် မျှော်လင့်ချက် များ မြင့်တက် လာ စေသည်။
ဤ ထိုးနှက် ချက်မှာ သံသယ ရှိ ဖွယ် မရှိ သာမန် မဟုတ်။
သို့သော် သူတို့ မမျှော်လင့် ထား ခဲ့ သည် မှာ။
'အကြီးအကဲ ပိန်ခြောက်' ၏ အရှိန်အဝါ မှာ ချက်ချင်း ပြန်လည် ကျုံ့ ဝင် သွားပြီး ပြင်းထန် လှသော အနက်ရောင် အလင်းတန်း များ သူ၏ ခန္ဓာကိုယ် အရေပြား၌ သိပ်သည်း သွား ခြင်း ပင်။ တစ်ခဏ အတွင်း သူ အလွန် ပြင်းထန်သော အရှိန် ဖြင့် ပေါက်ကွဲ ထွက်ခွာ သွားပြီး အဝေး ကောင်းကင် ဆီသို့ ဦးတည် ထွက်ပြေး သွား တော့သည်။
"ဒီနေ့ ဒီ ရန်ကြွေးကို 'တောင်ပိုင်းနယ်စပ်' က ဘယ်တော့မှ မမေ့ဘူး။ မင်း ကြည့်နေလိုက်စမ်း။ မင်းရဲ့ အဆုံးသတ်က သေချာပေါက် ကြောက်စရာ ကောင်းစေရမယ်။"
'အကြီးအကဲ ပိန်ခြောက်' ၏ ယုတ်မာ ကြောက်မက်ဖွယ် အသံ အဝေးမှ ပဲ့တင် ထွက်လာ သည်။
သူ တကယ် ထွက်ပြေး သွားခဲ့လေပြီ။
အမာခံ စခန်း ရှိ လူ တိုင်း မျှော်လင့်ချက် မှ စိတ်ပျက် ခြင်း ဆီသို့ ထိုး ကျ သွား ကြ သည်။
အချို့ မှာ သေခြင်း တရား ၏ အရိပ် အောက်တွင် ကျိန်ဆဲ တိုင်းထွာ နေကြ ပြီး သူတို့ အားလုံး စစ်တုရင် နယ်ရုပ် များ ကဲ့သို့ စွန့်ပစ် ခံ လိုက်ရ ကြောင်း သဘောပေါက် သွားကြသည်။
နင်ချီ အနည်းငယ် ကြောင် အ သွားသည်။ သူ ဤ လူ ဤ မျှ ပြတ်သား လိမ့်မည် ဟု မမျှော်လင့် ထားမိပေ။
အကယ်၍သာ သူ၏ စွမ်းအား မှာ သူ ယခု ပြသ ခဲ့ သလောက် မျှ သာ ကန့်သတ် ထား ခဲ့ လျှင် ထို လူ အမှန်တကယ် လွတ်မြောက် သွား နိုင် ပေ လိမ့်မည်။ သို့သော် ကံဆိုး စွာ ပင် နင်ချီ့ ထံတွင် လျှို့ဝှက် တိုက်ကွက် များစွာ ရှိ နေသေး သည်။
'ကျောက်စိမ်းအရည် ပင်လယ်' ၏ အထက်၌ နေ တစ်စင်း ကဲ့သို့ 'ပုံရိပ်ယောင် ဓားအမြုတေ' ချက်ချင်း ပေါက်ကွဲ ထွက် သွား သည်။
လှိုင်းထန် နေသော 'ချီစွမ်းအင်' များ ကောင်းကင် ကို တုန်ခါ သွား စေ နိုင် လောက် အောင် အား ပြင်း စွာ ဟိန်းဟောက် လိုက် ပြီး သူ၏ အရှိန်အဝါ ကောင်းကင် သို့ ထိုးတက် သွားသည်။ သိပ်သည်း လှသော အစိမ်းရောင် အဆိပ် မြူ များ နင်ချီ၏ ပတ်လည်တွင် ပေါက်ကွဲ ထွက်လာ ရာ သူ မိစ္ဆာ ဘုရင် တစ်ပါး ကဲ့သို့ ထင် မှတ် ရသည်။
နင်ချီ၏ စိတ် လှုပ်ရှား သွားသည်။
အဆိပ် ပြင်း လှသော အစိမ်းရောင် မြူ ခိုး များက ကြီးမား လှသော အစ်ိမ်းပုပ်ရောင်် ဖား ဘီလူး ကြီး တစ်ကောင် အဖြစ် သိပ်သည်း သွားသည်။ ၎င်း မှာ တောင် တစ်လုံး သဖွယ် ကြီးမား လှသည်။
ထို နေ့ က 'အကြီးအကဲ ဝမ်' ဤ သိုင်းကွက် ကို အသုံးပြု ခဲ့ သော်လည်း 'မြို့စောင့်မြောက်ပိုင်းဘုရင်' ၏ လက်သီး တစ်ချက် တည်း ဖြင့် ကြေမွ သွား ခဲ့ ရသည်။
နင်ချီ ဤ သိုင်းကွက် ကို ပုံတူ ကူး လိုက် ရာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်း သော စွမ်းအား များ ပါဝင် နေခဲ့သည်။
ကောင်းကင် ကို မျို ချ နိုင်သော ဖား ဘီလူး ကြီးက လူ တိုင်း ကို ထိတ်လန့် သွား စေသည်။
အဝေး တွင် အနက်ရောင် အလင်းတန်း အဖြစ် ပြောင်းလဲ ၍ ထွက်ပြေး နေသော 'အကြီးအကဲ ပိန်ခြောက်' သူ၏ နောက်မှ ကြောက်မက်ဖွယ် လှုပ်ရှား မှု ကို ခံစား မိ လိုက် ရာ မျက်လုံးအစုံမှာ အကြောက်တရား ကြီးစိုးသွားသည်။
အစ်ိမ်းပုပ်ရောင်် ဧရာမ ဖား ဘီလူး ကြီး ဟိန်းဟောက် နေသည် ကို မြင် လိုက်ရ ပြီး အစိမ်းပုပ်ရောင် အလင်းတန်း တစ်ခုက ပို၍ပင် ကြောက်မက်ဖွယ် ကောင်း သော အရှိန် ဖြင့် သူ့ ထံ ပစ်လွှတ် လာ နေသည်ကို 'အကြီးအကဲ ပိန်ခြောက်’ တွေ့လိုက်ရ၏။
ဖား ဘီလူး ကြီး ၏ လျှာ တစ်ခု ကဲ့သို့ ပင်။ ၎င်း၏ အရှိန် မှာ မယုံ နိုင် လောက် အောင် မြန်ဆန် လှသည်။
'အကြီးအကဲ ပိန်ခြောက်' ထူးဆန်း သော အော်သံ ကြီး တစ်ချက် အော်ဟစ် လိုက်သည်။
သူသည် 'သံမဏိ ချပ်ဝတ် ကူ' ၏ ဇာစ်မြစ် ကို ပျက်စီး သွား မည် ကို မ ဂရု စိုက် နိုင် တော့ ဘဲ 'သံမဏိ ချပ်ဝတ် ကူ' ကို သဲ သဲ မဲမဲ လှုံ့ဆော် လိုက်ရာ သံမဏိ ချပ်ဝတ် အလွှာ များ သူ၏ ခန္ဓာကိုယ် ပေါ် တစ်ဖန် ပြန်လည် ဖုံး အုပ် လာပြန်သည်။
သို့သော် လုံခြုံ မှု ရောက် ရှိ မ လာ ခဲ့ပါ။ သူ အနည်းငယ် တုန် ရီ သွားသည်။ 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' များ သူ၏ ရှေ့ တွင် စုစည်း သွားသည်။ သူ ထွက်ပြေး ရန် လက်လျှော့ လိုက် ပြီး ဤ သို့ သော အရှိန် မျိုး မှ မလွတ်မြောက် နိုင် ကြောင်း သဘောပေါက် သွားရ၏။ သူက တားဆီး ရုံ သာ တတ် နိုင် တော့ သည်။
"တား။ တား။ တားထား စမ်း။"
'အကြီးအကဲ ပိန်ခြောက်' ၏ ဆံပင် နှုတ်ခမ်းမွေး များ ထောင် ထ သွားသည်။
သို့သော် အစ်ိမ်းပုပ်ရောင်် အလင်းတန်း က 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' အလွှာ များကို ရက်စက်စွာ ထိုးဖောက် ဝင်ရောက် သွားသည်။ သံမဏိ ချပ်ဝတ် များ ကြေမွ သွား ပြီး သူ၏ အသက်နှင့် ချိတ်ဆက် ထားသော 'ကူ'က စူးရှစွာ အော်ဟစ် လိုက် ၏။
ထို့နောက် အစ်ိမ်းပုပ်ရောင်် အလင်းတန်းက 'အကြီးအကဲ ပိန်ခြောက်' ၏ ခန္ဓာကိုယ် ကို ဆက်လက် ထိုးဖောက် ဝင်ရောက် သွား ကာ သူ့ ကို လုံးဝ မလှုပ် ရှား နိုင် အောင် ပြုလုပ် လိုက်၏။ 'ကောင်းကင်နှင့်မြေကြီး စွမ်းအား' အလွှာ များ က သူ့ ကို ဖိနှိပ် ထား သဖြင့် သွေး များ မထိန်း နိုင် မသိမ်း နိုင် အန် ထွက် လာ ရသည်။
ဖား ဘီလူး ကြီး ၏ လျှာ ကဲ့သို့ အစ်ိမ်းပုပ်ရောင်် အလင်းတန်း က 'အကြီးအကဲ ပိန်ခြောက်' ကို ရစ် ပတ် လိုက်ပြီး တောင်ကြား ထဲ သို့ ပြင်းထန်စွာ ပြန်လည် ပစ် ချ လိုက်သည်။
အမှိုက် တစ်စ ကို စွန့်ပစ် လိုက် သကဲ့သို့ ပင်။
အားလုံး ဤ မြင်ကွင်း ကို ကြည့် ရင်း သူတို့၏ နှလုံးသား များ ထဲ သို့ ထိတ်လန့် မှု များ တိုး ဝင် လာ တော့သည်။
'အကြီးအကဲ ပိန်ခြောက်' ပြန် အဖမ်း ခံ လိုက်ရလေပြီ။ သို့သော် ဤ လူ က သူတို့ ကို အသက် ချမ်းသာ ပေး မည် မဟုတ်။
‘ပြေးရမယ်’
ဤ အတွေး လူ တိုင်း ၏ စိတ်ထဲ ဖြတ် ပြေးလာသည်။
သို့သော် သူတို့ ပြေး နိုင် ပါ့ မလား။
နင်ချီ၏ အကြည့် များ တည်ငြိမ် နေဆဲ။ ညင်သာ စွာ လက်ညှိုး ထိုး လိုက် ရာ ကောင်းကင် ပေါ် မှ ဖား ဘီလူး ကြီးက အစိမ်းရောင် အလင်းတန်း များ ကို ကြွေ ကျ စေ သည်။ ၎င်း မှာ ထူးဆန်း စွာ လှပ နေ သော်လည်း အမာခံစခန်းမှ အခြား လူများ အတွက် လုံးဝ မ လှပ။ ၎င်း မှာ သေမင်း ၏ တံစဉ်ပင်။ မည်သူ တစ်ဦး တစ်ယောက် မျှ မခုခံနိုင်ခဲ့ချေ။
အော်ဟစ် ညည်းညူသံများ အဆုံး မရှိ ပဲ့တင် ထွက်ပေါ် လာသည်။
နင်ချီ၏ ပုံမှန် မဟုတ် သော အာရုံခံ စွမ်းအား ၏ အထောက်အပံ့ ဖြင့် မည်သူ တစ်ဦး တစ်ယောက် မျှ အသက် မကျန် ခဲ့ပေ။
ထို ဖြစ်စဉ် တစ် လျှောက် လုံး နင်ချီ၏ မျက်နှာ အမူအရာ မှာ မယုံ နိုင် လောက် အောင် တည်ငြိမ် အေးဆေး နေခဲ့သည်။
ဤ လူများ သေ သော်လည်း သနား စရာ မရှိချေ။
'အကြီးအကဲ ပိန်ခြောက်’ သူ၏ ကိုယ်တွင်း အနည်းငယ် လှုပ်ခတ် သွား မှု ကို သာ ခံစား လိုက်ရသည်။ အသား များ အနည်းငယ် ထုံ ကျင် သွားသည်။
'ပုံရိပ်ယောင် ဓားအမြုတေ အရည်ဖျော် နည်းစနစ်' မှာ ဘေးထွက် ဆိုးကျိုး အနည်းငယ် ရှိ နေ သေး ပြီး လုံးဝ မရှိ ခြင်း တော့ မဟုတ်ပေ။ ဤ အချက် က နင်ချီ့ ကို သူ၏ အကောင်းဆုံး အခြေအနေ သို့ ပြန် ရောက် ရန် ရက် အနည်းငယ် အနား ယူ ရန် လိုအပ် ကြောင်း သဘောပေါက် သွား စေသည်။
ခဏ အကြာ တွင် အမာခံ စခန်း တစ်ခုလုံး လုံးဝ တိတ်ဆိတ် ငြိမ်သက် သွား ခဲ့ ပြီး ရံဖန်ရံခါ တိုက်ခတ် သွား သော လေ က ညှီစို့စို့ သွေး ညှီ နံ့ များ ကို သယ်ဆောင် လာ သည်။
'အကြီးအကဲ ပိန်ခြောက်' အနည်းငယ် ထိတ်လန့် နေသည်။ လွတ်မြောက် ရန် လမ်း မရှိ တော့ ကြောင်း သူ သိ လိုက်ရ ပြီး ငယ်သံပါအောင် အော်ဟစ် လိုက်သည်။
"မင်း။ မင်း။ တကယ်ပဲ ဘယ်သူလဲ။ 'တောင်ပိုင်းနယ်စပ်' နဲ့ မင်း မှာ ဘာ ရန်ငြိုး မှ မရှိဘူး။"
'အကြီးအကဲ ပိန်ခြောက်’စိတ်ထဲ တွင် ဤ လူ ၏ တိုက်ခိုက် ပုံ ကို အသည်းအသန် ပြန် စဉ်းစား ကြည့် နေမိသည်။
သို့သော် လောက ကြီး မှာ ကျယ်ပြန့် လှပြီး ပုန်းကွယ် နေသော ကျွမ်းကျင်သူ များ များပြား လှသည်။ သူက အားလုံး ကို တစ်ယောက် ချင်း လိုက် တွဲ ကြည့် နိုင် မည် မဟုတ်။ သို့သော် ရုတ်တရက် 'အကြီးအကဲ ပိန်ခြောက်’သည် တစ်စုံတစ်ခု ကို သတိရ သွား ဟန် တူ သည်။
"မနှစ် က 'မိစ္ဆာဂိုဏ်း' က သခင် တစ်ယောက် ရုတ်တရက် ပေါ်ထွက် လာ ပြီး 'ကောင်းကင်ဘုံလူသား' လေးယောက် ကို ဦးဆောင် ပြီး 'အစစ်အမှန်
သိုင်းတောင်' ကို မျိုးဖြုတ် ဖို့ လုပ် ခဲ့ တယ်။ ကြား ရ တာ က သူတို့ ခေါင်းဆောင် ရဲ့ ပုံစံက အခု ဒီ လူ အတိုင်း ပဲ တဲ့။"
ဟုတ်၏။ သူ တစ်ခါ က အမှတ် မထင် ဖတ် လိုက် မိ သော အစီရင်ခံစာ တစ်ခု ရှိပေသည်။ ယခု 'အကြီးအကဲ ပိန်ခြောက်’သည် သူ၏ မှတ်ဉာဏ် ကို အစွမ်းကုန် ညှစ် ထုတ် ပြီး ပြန် အမှတ် ရ ကြည့်နေတော့သည်။
‘အဲ့ဒီ လူ က 'မြို့စောင့်မြောက်ပိုင်းဘုရင်' ရဲ့ လက် က နေ လွတ်မြောက် နိုင် ခဲ့ တယ်။ သူ့ စွမ်းအား က ကိုက်ညီ နေ ပြီ’
ထိုသို့ တွက်ချက်မိသောအခါ 'အကြီးအကဲ ပိန်ခြောက်' ၏ မျက်လုံးများ ပြူးကျယ် သွားသည်။
"မင်းက 'မိစ္ဆာဂိုဏ်း' က တစ်ယောက် ပဲ။"
နင်ချီက အေးစက်စွာ ရယ်မော လိုက်သည်။
"ငါ 'မိစ္ဆာဂိုဏ်း' 'တစ္ဆေဂိုဏ်း' က ဘယ် ဂိုဏ်း က မှ မဟုတ်ဘူး။ မင်းတို့ရဲ့ 'သွေးသန့်စင် ဘုရင် ကူ' က ငါ့ မိတ်ဆွေ ဟောင်း တစ်ယောက် ရဲ့ မြေး ချွေးမ မိသားစု ကို မျိုးဖြုတ် ခဲ့ လို့ ငါ ကလဲ့စား လာ ချေ တာ။"
'အကြီးအကဲ ပိန်ခြောက်' ဤ သို့ သော ယုတ္တိမတန် သည့် အကြောင်းပြချက် ကြောင့် အလွန်အမင်း တုန်လှုပ် သွားပြီး သွေး များ ထပ်မံ အန် ထွက် လာ ကာ ဒေါသ တကြီး ကျိန်ဆဲ လိုက်သည်။
"မင်း။ မင်း။ ယုတ်မာ ရိုင်းစိုင်း တဲ့ စကား တွေ လျှောက် ပြော နေ တယ်။ 'တောင်ပိုင်းနယ်စပ်' နဲ့ 'မိစ္ဆာဂိုဏ်း' က ပုံမှန် အတိုင်း ကိုယ့် နယ်မြေ နဲ့ ကိုယ် နေ ကြ တာ။ မင်း အခု 'ချင်ပြည်နယ်' က ငါတို့ ဌာနခွဲ ကို ဖျက်ဆီး ခဲ့ မှ တော့ 'တောင်ပိုင်းနယ်စပ်' က လက်စား ပြန် ချေ မှာ မကြောက် ဘူး လား။ ကျား နှစ်ကောင် ကိုက် ရင် 'မဟာယန်' ပဲ အကျိုး ရှိ သွား မှာ ကွ။"
သူ့စကားအား ကြားသော် နင်ချီက ကြောက်မက်ဖွယ် ရယ်မော လိုက် ပြီး လုံးဝ ဂရုမစိုက် ဟန် ဖြင့် ဆိုသည်။
"မင်းတို့ သတ္တိ ရှိရင် လာ ခဲ့ ကြ ပေါ့။"
တူညီသော အခိုက်အတန့်မှာပင် 'ချီစွမ်းအင်' လက် တစ်ဖက် ထွက်ပေါ် လာပြီး 'အကြီးအကဲ ပိန်ခြောက်' ကို ဆုပ် ကိုင် လိုက်သည်။ အလားတူ ပင် 'အကြီးအကဲ ပိန်ခြောက်’၏ စိတ် ခံစားချက် လှုပ်ရှား နေချိန် ကို အခွင့်ကောင်း ယူ ၍ 'ဝိညာဉ်ဖမ်း မျက်လုံးသိုင်း' ကို အသုံးပြု လိုက်သည်။
ခဏ အကြာ တွင်..
'အကြီးအကဲ ပိန်ခြောက်' ရုန်းကန် ရင်း နိုးထ လာသည်။ သူ၏ ရှေ့မှ လူ ကို ထိတ်လန့် တကြား ကြည့် လိုက် ပြီး သူ၏ စိတ်မှာ ဓား တစ်လက် ဖြင့် မွှေ နှောက် ခံ လိုက်ရ သလို ခံစား လိုက်ရ တော့ သည်။
"မင်း။ မင်း။"
သူ တစ်စုံတစ်ခု ပြော လို သေး သော်လည်း နင်ချီက သူ့ ကို အခွင့်အရေး မပေး တော့ချေ။ 'ချီစွမ်းအင်' လက်ဖြင့် ဆုပ် ညှစ် လိုက် ရာ 'အကြီးအကဲ ပိန်ခြောက်' ၏ ခန္ဓာကိုယ်သည် စုတ်ပြတ် သွား တော့သည်။
ပြီးသွားသောအခါမှ နင်ချီက ရှည်လျား သော သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက်သည်။
'အကြီးအကဲ ပိန်ခြောက်' ထံမှ 'မျက်လုံးသိုင်း' သုံး ၍ သိ လိုက် ရသော သတင်း အချက်အလက် များကို သူ ပြန်လည် ဆင်ခြင် သုံးသပ်လိုက်သည်။