← Chapters

ပုံသဏ္ဌာန်မဲ့ ချီခန္ဓာ၊ ကောင်းကင်ဘုံ လူသား

Vol. 10 Ch. 148

ပုံသဏ္ဌာန်မဲ့ ချီခန္ဓာ၊ ကောင်းကင်ဘုံ လူသား

Vol. 10 Ch. 148

အဆင့်စာရင်း အသစ် (၂)

~နင်ချီ၏ ဘဝမှာ ယခင်က ပုံမှန် အတိုင်း ဆက်လက် လည်ပတ် နေသည်။

စည်းကမ်း သတ်မှတ်ထားသော ကျင့်ကြံခြင်း အချိန်ဇယားကို လိုက်နာရင်း၊ ကျမ်းစာများ ဖတ်ရှုခြင်းနှင့် ဉာဏ်အလင်း ရှာဖွေခြင်း များအပြင် ..'ဉာဏ်အလင်း လက်ဖက်ပင်'.. ကို ရေလောင်း ပေးသည်။ ပျိုးပင်လေးများ တစ်နေ့တခြား ကြီးထွား လာသည်ကို ကြည့်ရသည်မှာ အတော်လေး ပျော်ရွှင် စရာ ကောင်းသည်။

ဤ လုပ်ငန်းစဉ် အတွင်း နင်ချီလည်း ထိုးထွင်း ဉာဏ်များစွာ ရရှိခဲ့သည်။

သို့သော် လက်ရှိမှာ..

သူ၏ စွမ်းအင် အများစုကို ..'ချီစွမ်းအင် ကိုယ်ပွား'.. ကို သိပ်သည်းစွာ ဖန်တီးသည့် လျှို့ဝှက် နည်းစနစ် အပေါ်တွင် မြှုပ်နှံ ထားသည်။

..'ကျောက်စိမ်းအရည် နယ်ပယ်'.. ကို ထိုးဖောက် ပြီး 'ချီစွမ်းအင်' အတွင်းတွင် ဝိညာဉ် စွမ်းအား ပိုမို ပါဝင် လာသည်ကို သတိပြု မိသည့် အချိန်မှစ၍ ဤ အတွေးကို ရရှိခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်တွင် နင်ချီ ယခု သိပ်သည်းစွာ ဖန်တီး နေသော ..'ချီစွမ်းအင် ကိုယ်ပွား'.. မှာ အတော်လေး အားကောင်း နေခဲ့လေပြီ။

နင်ချီက လက်ညှိုးတစ်ချက် ထိုးလိုက်သည်။ သူ၏ ခန္ဓာကိုယ် အတွင်းမှ 'ချီစွမ်းအင်' များ ပေါက်ထွက် လာပြီး တစ်ခဏချင်း အတွင်း ပုံသဏ္ဌာန် ဖော်သွားသည်။ နံရိုး များမှ တောင်ပံများ ထွက်ပေါ် နေသော ကြောက်မက်ဖွယ် ..'မိုးကြိုး ကျား'.. တစ်ကောင် ဖြစ်သည်။ ၎င်း၏ ကိုယ်ပေါ်တွင် လျှပ်စီးများ တဖျပ်ဖျပ် လက်နေပြီး တောင်ပံများမှာ ဓားများ ကဲ့သို့ ထက်ရှသည်။ တကယ့် ..'မိုးကြိုး ကျား သားရဲဘုရင်'.. နှင့် တူညီ နေသည်။ သို့သော် တကယ့် သားရဲဘုရင်၏ ပေါ့ပါး သွက်လက်မှု မရှိခဲ့။

'ချီစွမ်းအင်' ၏ ဝိညာဉ် စွမ်းအား ရှိနေ သော်လည်း နောက်ဆုံးတွင် ကန့်သတ်ချက်များ ရှိနေသေးသည်။

တိုက်ခိုက်ရန် အတွက် သက်သက် အသုံးပြု မည် ဆိုပါက ဤ အဆင့်မှာ လုံလောက် နေခဲ့ပြီ။

သို့သော် နင်ချီ အားမရသေးပါ။

'အခု 'အစစ်အမှန်သိုင်းတောင်' ကို မျက်စိဒေါက်ထောက် ကြည့်နေတဲ့ အင်အားစုတွေ အများကြီးပဲ။ ..'မိစ္ဆာဂိုဏ်း'.. နဲ့ ..'တောင်ပိုင်းနယ်စပ် မဟာမိတ်'.. နှစ်ဖွဲ့လုံးက ကြီးမားတဲ့ အဖွဲ့အစည်းတွေပဲ။ သူတို့က အာရုံနည်းနည်းပဲ စိုက်နေရင်တောင် ဂရုတစိုက် ကိုင်တွယ်ရမယ်။ ..'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်'.. ကို အရိပ်ထဲမှာ ပုန်းနေဖို့ တစ်နေ့နေ့မှာတော့ အပြင် ထွက်လာအောင် မလွဲမသွေ တွန်းပို့ လာကြမှာပဲ။'

'ငါ အစားထိုး အယောင်ဆောင်ဖို့ လုပ်နိုင်ပေမဲ့ ဒါက အဆုံးသတ် စိတ်ချရတဲ့ အစီအစဉ် မဟုတ်ဘူး။ ..'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်'.. နဲ့ ငါ တပြိုင်တည်း ပေါ်ဖို့ လိုအပ်တဲ့ အချိန်တစ်ခုများ ရှိခဲ့ရင် ဒါက မတိုက်ခိုက်ဘဲနဲ့ ကိုယ့်ကိုယ်ကို ဖော်ထုတ် လိုက်တာနဲ့ အတူတူပဲ။'

နင်ချီ အလွန် ရှင်းလင်း ပြတ်သား နေခဲ့သည်။

အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ..'ဟဲယန်'.. ပြောခဲ့သည့် ..'ကောင်းကင်ဘုံအဆင့်စာရင်း'.. အသစ် ပြန်ထုတ်မည့် အချိန် နီးလာခြင်း ကလည်း သူ့ကို သတိပေး ခဲ့သည်။ ..'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်'.. သာ စာရင်းထဲ ပါခဲ့လျှင် ပြဿနာ တက်လာနိုင်ပေလိမ့်မည်။

အကယ်၍ 'ချီစွမ်းအင် ကိုယ်ပွား' က ဆန်းပြားသားရဲ တွေကိုပဲ ပုံတူ ကူးချ တာ ဆိုရင်တော့ ရပါသည်။ သို့သော် လူ့ပုံသဏ္ဌာန် အဖြစ် သိပ်သည်းအောင် လုပ်ပြီး အချိန်ကာလ တစ်ခုအထိ ယုံကြည် လောက်အောင် တည်ရှိနေဖို့ဆိုရင် ပိုပြီး အားထုတ်ဖို့ လိုလေသည်။

ထူးခြားသော စိတ်ကူးများ နင်ချီ၏ စိတ်ထဲတွင် မြစ်ရေစီးသလို အဆက်မပြတ် ထွက်ပေါ် လာခဲ့သည်။

သူက လက်ညှိုးဖြင့် ထိုးလိုက်ရာ 'ကျောက်စိမ်းအရည် ပင်လယ်' ၏ မျက်နှာပြင် တစ်ဝက်ခန့် ပြိုကျ သွားသည်။

မယုံနိုင်လောက်အောင် များပြားသော 'ချီစွမ်းအင်' များ ပုံသဏ္ဌာန် မဲ့သော နေရာတွင် သိပ်သည်း စွာ စုစည်း သွားသည်။ ထို့နောက် အဆက်မပြတ် ဆန့်ထွက် သွားပြီး နောက်ဆုံးတွင် လူ့ပုံသဏ္ဌာန် တစ်ခု ဖြစ်လာခဲ့သည်။ မျက်နှာ အသွင်အပြင်များနှင့် လူသား လက္ခဏာများကို လျင်မြန်စွာ ပြောင်းလဲ သိပ်သည်း စေသည်။ နင်ချီ၏ 'ပုံစံပြောင်း၊ အသွင်ပြောင်း ပညာရပ်' ဖြင့် ဤသည်မှာ မခက်ခဲပါ။ သူ 'ချီစွမ်းအင်' ဖြင့် လူ့အရေပြား နှင့် အရိုး များကိုပင် ပုံတူ ဖန်တီး နိုင်စွမ်း ရှိခဲ့သည်။

သူ၏ ရှေ့မှ ငှက်ကျား တစ်ကောင်ကဲ့သို့ အရှိန်အဝါများ ထုတ်လွှင့် နေသည့် တာအို ဝတ်ရုံဝတ် အဘိုးအိုကို ကြည့်ရင်း နင်ချီ စဉ်းစားခန်း ဝင်သွားသည်။

အဘိုးအို၏ မျက်ဆံများမှာ မည်သည့် ခံစားချက်မှ မရှိဘဲ လုံးဝ ဥပေက္ခာ ပြု နေသည်။ သို့သော် အရေးကြီးဆုံးမှာ လက်ရှိတွင် ၎င်းမှာ ဗလာ ခန္ဓာကိုယ် သက်သက်သာ ဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲ တစ်ခုတွင် လျင်မြန်စွာ ပြိုကွဲ သွားနိုင်ခြင်းပင်။

'ဖြစ်နိုင်တာက သူ့မှာ ..'အဓိက အနှစ်သာရ'

တစ်ခု လိုနေတာ ဖြစ်မယ်။'

နင်ချီ၏ မျက်လုံးများ အရောင် တောက်လာသည်။

သူ 'ချီစွမ်းအင်' ကို ထိန်းချုပ် လိုက်ရာ 'အဘိုးအို' ၏ ခန္ဓာကိုယ် အတွင်းတွင် 'မူလအမြုတေ' တစ်ခု ချက်ချင်း သိပ်သည်းစွာ ဖြစ်ပေါ် လာသည်။ ယခင်က 'ပုံရိပ်ယောင် ဓားအမြုတေ အရည်ဖျော် နည်းစနစ်' အတွေ့အကြုံ ရှိခဲ့ သဖြင့် ဤသည်ကို အောင်မြင်အောင် လုပ်ဆောင် ရသည်မှာ နင်ချီ့ အတွက် ပို၍ပင် လွယ်ကူ လာခဲ့သည်။

နင်ချီ ဂရုတစိုက် အာရုံခံ ကြည့်လိုက်သည်။

'မူလအမြုတေ' ဖြစ်ပေါ် လာပြီးနောက် 'ချီစွမ်းအင် ကိုယ်ပွား' မှာ များစွာ ပိုမို ခိုင်မာ သွားသည်မှာ ထင်ရှားသည်။

'အနည်းငယ်တော့ လိုသေးတဲ့ ပုံပဲ။ ဒါပေမဲ့ ဒါက ပြဿနာ မဟုတ်ဘူး။ ..'စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်'.. ကို သုံးပြီး 'ချီစွမ်းအင်' ကို တည်ငြိမ်အောင် ထိန်းထားလိုက်ရင် ကာကွယ်မှုလည်း ရနိုင်သလို ကိုယ်ပွား ပျက်စီး သွားမယ့် စိုးရိမ်မှုကိုလည်း ဖယ်ရှား နိုင်မယ်။'

..'ဉာဏ်အလင်း လက်ဖက်ပင်'.. ဘေးတွင် ထိုင်နေသော နင်ချီ၏ စိတ်ထဲတွင် ထိုးထွင်း ဉာဏ်များ ပေါက်ကွဲ ထွက်လာခဲ့သည်။

အတိတ်က ဖန်တီးခဲ့သော လျှို့ဝှက် နည်းစနစ် အမျိုးမျိုး သူ့ စိတ်ထဲတွင် ပေါ်လာပြီး အနှစ်သာရများကို အဆက်မပြတ် ထုတ်ယူ နေသည်။ ယခင်က ဖတ်ရှုခဲ့သော 'တာအိုကျမ်းစာ' များကလည်း လှုံ့ဆော်မှုများ ပေးခဲ့သည်။ နင်ချီ 'ချီစွမ်းအင် ကိုယ်ပွား' ၏ အားနည်းချက် များကို အခါအားလျော်စွာ ပြင်ဆင် လိုက်ရာ ၎င်းမှာ တဖြည်းဖြည်း ပိုမို အားကောင်း လာပြီး တည်ငြိမ် လာခဲ့သည်။

"ဝိညာဉ် စွမ်းအား ပါဝင်တဲ့ 'ချီစွမ်းအင်' ကို အခြေခံ အုတ်မြစ် အဖြစ်၊ 'ပုံစံပြောင်း၊ အသွင်ပြောင်း ပညာရပ်' ကို ပုံသဏ္ဌာန် အဖြစ်၊ 'ပုံရိပ်ယောင် ဓားအမြုတေ အရည်ဖျော် နည်းစနစ်' ကို အဓိက အနှစ်သာရ အဖြစ်၊ ..'စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်'.. ကို တည်ငြိမ် အောင် ထိန်းဖို့ အသုံးပြုမယ်။ ဒါဆို ဒီ ..'ပုံသဏ္ဌာန်မဲ့ ချီခန္ဓာ'က ပြီးပြည့်စုံ သွားပြီ။"

နင်ချီ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွားသည်။

ဆံပင် ဖြူနေသော တာအို ဝတ်ရုံနှင့် အဘိုးအို တစ်ယောက် သူ့၏ မျက်နှာချင်းဆိုင်တွင် စကားမပြောဘဲ ထိုင်နေသည်။ အဝေးမှ ကြည့်လျှင် နင်ချီ တစ်စုံတစ်ယောက်နှင့် အတူ ဆော့ကစား နေသည်ဟု ထင်ရသည်။

"ဂါရဝ ပြုပါတယ် တာအို မိတ်ဆွေ။" နင်ချီ ရယ်မော လိုက်ရင်း အရိုအသေ ပေးလိုက်သည်။

သို့သော် အဘိုးအိုမှာ တိတ်ဆိတ် နေဆဲ ဖြစ်ပြီး သူ၏ အကြည့်များမှာ အလွန် ဥပေက္ခာ ပြု နေသည်။

နင်ချီ အံ့ဩမှု မရှိခဲ့။ သူ တုံ့ပြန်မှု တစ်ခုခုကို ရလိမ့်မည်ဟု မမျှော်လင့် ခဲ့ပါ။

ဤ ..'ချီစွမ်းအင် ကိုယ်ပွား'.. မှာ 'ချီစွမ်းအင်' ကို သိပ်သည်းစွာ ဖန်တီး ထားခြင်း သက်သက်သာ ဖြစ်ပြီး အမှန်တကယ် ဉာဏ်ရည် ရှိသော ကိုယ်ပွား မဟုတ်။ နင်ချီ က ရိုးရိုးသားသားပင် ဆော့ကစား နေခြင်း ဖြစ်သည်။

'ကိုယ်ပွားက ငါ့ဆီကနေ ဆယ်မိုင်ထက် ပိုဝေးသွားရင် ထိန်းချုပ်ရ ခက်ခဲ သွားပြီး ပြိုကွဲ သွားနိုင်တယ်။ အသင့်တော်ဆုံး အကွာအဝေးက ငါးမိုင် ပဲ။'

နင်ချီ ပြုံးလျက် 'ချီစွမ်းအင် ကိုယ်ပွား' ကို ဖျက်ဆီး ပစ်လိုက်သည်။

'ချီစွမ်းအင် ကိုယ်ပွား' ကို ဖြေရှင်းပြီး နင်ချီ၏ ရင်ထဲတွင် စိတ်ကျေနပ်မှု ရှိနေခဲ့သည်။ သူ ထိုင်ခုံတွင် လဲလျောင်း လိုက်ပြီး 'တာအိုကျမ်းစာ' နောက်တစ်အုပ်ကို နှစ်သက်စွာ ဖတ်ရှု နေလိုက်သည်။

—-------

သို့နှင့် အချိန်များ ကုန်လွန် သွားသည်။

နွေရာသီ အပူဒဏ်က ပြင်းထန် လာပါသည်။

နင်ချီသည် သူ၏ တတိယမြောက် 'သွေးကျောက်စိမ်း ဆေးလုံး' ကို သောက်သုံး ပြီးစီးခဲ့ပြီး သူ၏ စွမ်းအားမှာ နောက်ထပ် အဆင့် အချို့ ပိုမို မြင့်တက် လာခဲ့သည်။

'သွေးကျောက်စိမ်း ဆေးလုံး' နှင့် 'ကောင်းကင်နဲ့မြေကြီး ကြိတ်စက်ဝန်း ချီစွမ်းအင်သန့်စင်ခြင်း နည်းစနစ်' တို့၏ ပေါင်းစပ် အကျိုး သက်ရောက်မှု အောက်တွင် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ အလွန် မြန်ဆန် လာခဲ့သည်။ 'ကျောက်စိမ်းအရည် ပင်လယ်' မှာ တည်ငြိမ်စွာ ကျယ်ပြန့် လာပြီး နက်ရှိုင်း ခိုင်မာ လာခဲ့သည်။ ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိ သွားသည့်အခါ သူ 'မူလအမြုတေ' ကို စတင် သိပ်သည်း စေတော့မည်။

'မူလအမြုတေနယ်ပယ်' သို့ ခြေချ ပြီးနောက် သူ မည်မျှ အစွမ်းထက် လာမည်ကို နင်ချီ ကိုယ်တိုင် အနည်းငယ် မျှော်လင့် နေခဲ့သည်။ ဖြစ်နိုင်သည်မှာ 'ကောင်းကင်ဘုံလူသားနယ်ပယ်' တွင် သူ့ကို ယှဉ်နိုင်သူ အလွန် နည်းသွားပေလိမ့်မည်။

ကျင့်ကြံခြင်း အပြင် နင်ချီ 'သွေးမိုးမျှော်စင်' နှင့် ထို အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့် နေခဲ့သည်။

ယခင်က လက်အောက်ငယ်သား အချို့ ကျန်ရှိ နေသေးသည်။ အလွန်အမင်း ဖော်ထုတ် ခံရခြင်းကို ရှောင်ရှား ရန် နင်ချီက သူတို့ကို လုံးဝ မရှင်းလင်း ခဲ့။ သူတို့ကို ချန်ထားခဲ့ခြင်းက 'တောင်ပိုင်းနယ်စပ် မဟာမိတ်' ၏ လှုပ်ရှားမှုများကို ခန့်မှန်း ရန် အသုံးပြု နိုင်ပေလိမ့်မည်။

သို့သော် သူ့ကို ရှုပ်ထွေး စေသော အရာမှာ လအနည်းငယ် ကြာမြင့် သွားပြီးနောက်တွင် 'တောင်ပိုင်းနယ်စပ် မဟာမိတ်' ထံမှ မည်သည့် လှုပ်ရှားမှု အရိပ်အယောင်မျှ မရှိခဲ့ခြင်းပင်။

သူတို့ 'အကြီးအကဲ ပိန်ခြောက်' သေဆုံး သွားသည်ကို မသိသေးခြင်းလား သို့မဟုတ် သိရှိ သွားသော်လည်း လောလောဆယ် ပုန်းအောင်း နေရန် ဆုံးဖြတ် ခဲ့ခြင်းလား မသိတတ်။

နင်ချီ 'တာအိုဆရာလုံရှန်း' ကို စောင့်ကြည့် နေရန်သာ တောင်းဆို ထားခဲ့ပြီး ကျန်တာကို သဘာဝ အတိုင်း ဖြစ်စေခဲ့သည်။ တက်ကြွစွာ စူးစမ်း စစ်ဆေး ခြင်းက သူတို့ ကိုယ်တိုင် ဖော်ထုတ် ခံရစေနိုင်ပြီး ရန်သူက သူ့ကို ထောင်ချောက် ထဲသို့ ကျရောက် လာရန် စောင့်ဆိုင်း နေခြင်းလည်း ဖြစ်နိုင်သည်။

လက်ရှိတွင် ငြိမ်သက်စွာ နေနေခြင်းက ပိုမို ကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်။ သူ သတိ အမြဲ ထားနေရန်သာ လိုအပ်ပါသည်။

'တာအိုဆရာလုံရှန်း' အကြောင်း ပြောရလျှင်..

မကြာသေးမီက ဆရာက အတော်လေး အလုပ်များ နေခဲ့သည်။

သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုဖြင့် အလုပ်များ နေခြင်း မဟုတ်။ 'ကောင်းကင်ဘုံလူသားနယ်ပယ်' တွင် တိုးတက်မှုမှာ နှေးကွေး ပြီး ကြီးမားသော ပါရမီရှင် ရှိသည့်တိုင် စုဆောင်း ရန် အချိန် လိုအပ်သည်။

'တာအိုဆရာလုံရှန်း’က ‘ကျွမ်းချန်' ကို သင်ကြား ပေးနေခြင်းဖြင့် အလုပ်များ နေခဲ့ခြင်း ဖြစ်ပါသည်။

သူသည် နောက်ဆုံးတွင် ပါရမီရှင် တစ်ဦးကို သင်ကြား ပြသရခြင်း၏ ပျော်ရွှင်မှုကို ခံစား မိလိုက်သည်။ ထိုကလေးက လျင်မြန်စွာ သဘောပေါက် နားလည် နိုင်ပြီး အရာများစွာကို ကိုယ်တိုင် တွက်ချက်နိုင်စွမ်း ရှိသည်။ ကျေနပ် အားရမှုမှာ ဖော်ပြ၍ မရနိုင်ပါ။

ပို၍ အရေးကြီးသည်မှာ သူ၏ ဆရာ တစ်ယောက်၏ သိက္ခာကို ထိန်းသိမ်း ထားနိုင်ခြင်းပင်။ သူ ကိုယ့်ကိုယ်ကို ကျေနပ် နေခဲ့သည်။

ဤသည်က သူ နင်ချီ့ကို သင်ကြား ပေးခဲ့သော နေ့ရက်များ ကို သတိရ စေသည်။

ထို အမှတ်ရ စရာများမှာ ပြန်လည် အမှတ်ရရန်ပင် မစွမ်းနိုင် လောက်အောင် ဖြစ်နေခဲ့သည်။

ထိုစဉ်က နင်ချီက သူ့ကို အဆက်မပြတ် စိတ်ပျက် စေခဲ့သည်။ အချိန် တိုအတွင်း သူ လိုက်မမီ နိုင်ဘဲ ပင်ပန်း နွမ်းနယ် သွားခဲ့ပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို အရန် နေရာသို့သာ ပို့ဆောင် ခဲ့ရသည်။

နင်ချီက ပါရမီရှင် တစ်ဦးသာ မဟုတ်။ နင်ချီက မိစ္ဆာ တစ်ဦး ဖြစ်သည်။

တစ်ခါတစ်ရံ ပါရမီ အလွန် နည်းသော တပည့်များသည် သင်ကြား ပေးရန် စိတ်ပျက် စရာ ကောင်းနိုင် သော်လည်း ပါရမီ အလွန် များခြင်းကလည်း အောင်မြင်မှု ခံစားချက်ကို မချန် ထားခဲ့။ သို့သော် 'ကျွမ်းချန်' မှာမူ အလွန် အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။

သာ်တစ်ကြိမ်တွင် သူ့ဆရာ အလွန် တက်ကြွ နေသည်ကို မြင်သောအခါ နင်ချီ မနေနိုင်ဘဲ ခါးသက်စွာ ပြုံးလိုက်သည်။

သူ သိသည်။ သူ၏ ဆရာမှာ နှစ်များတစ်လျှောက် အတားအဆီး ခံနေခဲ့ ရပြီး ယခု ပါရမီရှင် တပည့် တစ်ဦး ရရှိ ခဲ့သဖြင့် သူ၏ အသိပညာ အားလုံးကို လက်ဆင့်ကမ်း ပေးချင်နေခဲ့ခြင်း ဖြစ်သည်။

'အစစ်အမှန်သိုင်းတောင်' တွင် ဘဝမှာ ငြိမ်းချမ်း ပြီး သက်သောင့် သက်သာ ရှိပါသည်။ အကယ်၍ ဖြစ်နိုင်ပါက နင်ချီ ဤသို့ ဆက်လက် တည်ရှိ နေနိုင်ရန် မျှော်လင့်သည်။ သူ လောကတွင် ပြိုင်ဘက်ကင်း ဖြစ် သွားသည် အထိ။

သို့သော် ကံမကောင်း စွာပင် အရာရာတိုင်းသည် အမြဲတမ်း တူညီ နေခြင်း မရှိ။ ၎င်းတို့သည် လူတစ်ဦး၏ ဆန္ဒနှင့် အညီ ဖြစ်ခဲ လှပါသည်။

နင်ချီ၏ စတုတ္ထ စီနီယာ အစ်ကို 'ဟဲယန်' မှာ တစ်ညလုံး မနားဘဲ 'အစစ်အမှန်သိုင်းတောင်' သို့ ပြန်လည် အပြေးအလွှား ရောက်ရှိ လာခဲ့ပြီး အရေးကြီးသော သတင်း တစ်ခုကို သယ်ဆောင် လာခဲ့လေသည်။

'မဟာယန် ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' အသစ် ထုတ်ပြန် ခဲ့ပြီ ဟူ၍တည်း။

All Chapters