← Chapters

ကျန်းရွှမ် အကဲဖြတ်မှုခံခြင်း

Vol. 18 Ch. 243

ကျန်းရွှမ် အကဲဖြတ်မှုခံခြင်း

Vol. 18 Ch. 243

ကျန်းရွှမ် မကျေနပ်သည်မှာ အံ့အားသင့်စရာမရှိချေ။

သူသည် ယန်ဆန်းရှစ်ဆန်း၏ပါရမီကို ယခင်က အကဲဖြတ်ခဲ့ဖူးသည်။ သူသည် အထူးတလည် ထူးချွန်ခြင်း မရှိခဲ့ချေ။ ခုန်းရှီယောင် ရှန်ရှောင်ထျန်းနှင့်တခြားလူများနှင့် နှိုင်းယှဉ်လျှင် သူ၏ပါရမီသည် သိသိသာသာ နိမ့်ကျနေပြီး သောက်လီထက်ပင် အနည်းငယ် နိမ့်ကျသည်။ ထိုသို့သော အခြေအနေများအောက်တွင် ဤလူသည် ပထမနေရာဖြင့် မည်သို့ အဆုံးသတ်နိုင်မည်နည်း။

"ဖြစ်နိုင်တာက သူတို့က ငါ့လိုမျိုး သိုသိုသိပ်သိပ်နေရတာကို ပိုကြိုက်တာများလား.."

အချိန်တခဏကြာမျှ အံ့အားသင့်သွားပြီးနောက် ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သူသည် သူ၏တပည့်များကို သိုသိုသိပ်သိပ်နေရန် အတိအလင်း မတောင်းဆိုခဲ့သော်လည်း သူ၏ဩဇာလွှမ်းမိုးမှုက သူတို့ကို သူ၏အမူအယာအား အတုယူရန် အားပေးခဲ့ပုံရသည်။ သူတို့သည် မလိုလားအပ်သော ဒုက္ခများကို ရှောင်ရှားရန် ယန်ဆန်းရှစ်ဆန်းကို အနိုင်ပေး၍ သူတို့၏ခြေလှမ်းများကို တမင်သက်သက် နှေးကွေးခဲ့ပုံရသည်။ ဤသည်မှာ အကောင်းဆုံးဖြေရှင်းချက်ပင်။ ကျန်းရွှမ်သည် သူတို့အားလုံးကို အကဲဖြတ်မှုအတွက် ခေါ်ဆောင်လာရခြင်း၏ ရည်ရွယ်ချက်မှာ သူတို့ကို ကံကြမ္မာဆရာသခင်များ ဖြစ်လာအောင် ကူညီရန်ဖြစ်ပြီး မလိုလားအပ်သော အာရုံစိုက်မှုများကို ဆွဲဆောင်ရန် မဟုတ်ချေ။ သိုသိပ်သောချဉ်းကပ်မှုတစ်ခုသည် သူ၏ရည်ရွယ်ချက်များနှင့် ပြီးပြည့်စုံစွာ ကိုက်ညီသည်။

ကျွီ....

ကျောက်တံခါးများပွင့်လာပြီး ထိုအုပ်စုသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။

"ဂုဏ်ယူပါတယ် ယန်ဆန်းရှစ်ဆန်း..."

"မင်းက ကျိုးယီမြို့မှာ ထိပ်သီးပါရမီရှင်ပဲ ဖြစ်ရမယ်....ဒါက မယုံနိုင်စရာပဲ"

ယန်ဆန်းရှစ်ဆန်း ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးသည် ချီးကျူးစကားများ ပြောဆိုကာ သူ၏နံဘေးပတ်လည်တွင် စုရုံးလာကြသည်။

ပုံမှန်အခြေအနေများအောက်တွင် ဤကဲ့သို့ ချီးကျူးမှုကို ကြားရခြင်းသည် ယန်ဆန်းရှစ်ဆန်းကို ဂုဏ်ယူစေပြီး ထိုအရာကို လက်ခံရန် စိတ်အားထက်သန်စေပေလိမ့်မည်။ သို့ရာတွင် ယခုချိန်၌ အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရလိုက်ချိန်တွင် သူ၏မျက်နှာသည် အရှက်ရမှုဖြင့် နီမြန်းသွားပြီး တွင်းတစ်ခုရှာကာ တွားသွားဝင်ရောက်လိုစိတ် ပေါက်ဖွားလာသည်။

သို့ရာတွင် ခုန်းရှီယောင်၏စကားလုံးများကို ပြန်အမှတ်ရသဖြင့် သူသည် အတင်းအကျပ် သည်းခံလိုက်၏။

ခုန်းရှီယောင်က သူ့ကို ရွှေရောင်ကံကြမ္မာငါးတစ်ကောင် လက်ဆောင်ပေးခဲ့သည်မှာ ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပင်။ ဤသည်မှာ သူသည် ကံကြမ္မာကို ပထမဆုံး ရှာဖွေတွေ့ရှိသူဖြစ်ကြောင်း သေချာစေရန်နှင့် တခြားလူများ၏အောင်မြင်မှုများကို လွှမ်းမိုးသွားစေရန်ပင်။ ထိုသို့မဟုတ်ပါက သူမနှင့် ဆရာတူတပည့်များ အောင်မြင်သွားရုံသာမက မြင်းတစ်ကောင်နှင့်ကြက်တစ်ကောင်ပင်လျှင် ကံကြမ္မာဆရာသခင်များ ဖြစ်လာပါက အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်ခြင်းအား ရှောင်လွှဲ၍မရနိုင်ချေ။

"ကောင်းပြီလေ...."

အကြီးအကဲကျူးရွှင်သည် အတွင်း၌ ဖြစ်ပျက်ခဲ့သည်များကို စပ်စုလိုသော်လည်း သူ၏မေးခွန်းများကို ချုပ်တည်းထားလိုက်သည်။

"နောက်အုပ်စု...ကျန်းရွှမ် လော့ယိုရှင်း လော့ချီးချီး လျိုယန် ယွမ်ထောင် လုချုံး ဝေ့ရူရန် ကျန်းကျိုးရှောင် စွန်းချန်နဲ့ ယုရှောင်ယွီ..."

"ငါ သူတို့ကို သူတို့ရဲ့ အကဲဖြတ်မှုကို ပြီးအောင်လုပ်ခွင့်ပေးလိုက်မယ်...ပြီးတော့မှ ငါ မေးမယ်"

သူက တီးတိုးရေရွတ်လိုက်သည်။

"အကြီးအကဲကျူး....ဟုန်ရီနဲ့ လျှူမင်ယွဲ့တို့ကလည်း ကျွန်တော့်ရဲ့တပည့်တွေပဲ...သူတို့ကို ကျွန်တော်တို့ အုပ်စုထဲမှာ ထည့်သွင်းပေးနိုင်မလား...ဒါက အလုပ်ရှုပ်သက်သာစေလိမ့်မယ်"

ကျန်းရွှမ်က တောင်းဆိုလိုက်သည်။

"ရပါတယ်....ဒါပေမဲ့ လူပိုများလေ ကံကြမ္မာမြစ်က ပိုပြီးမတည်ငြိမ်လေပဲ...မင်းတို့အားလုံး သတိထားရမယ်..."

အချိန်တခဏကြာမျှ တွေဝေစဥ်းစားနေပြီးနောက် အကြီးအကဲကျူးက သဘောတူလိုက်သည်။

အခန်းသည် လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်ကို လွယ်လင့်တကူ နေရာချပေးနိုင်သော်လည်း စမ်းသပ်ခံသူတစ်ဦးချင်းစီအတွက် အခွင့်အလမ်းများ မြှင့်တင်ရန် စံသတ်မှတ်ချက်မှာ ဆယ်ဦးပင်။ လူဦးရေပိုများသောအုပ်စုသည် အခွင့်အလမ်းများ သိမ်းပိုက်နိုင်ခြေကို လျော့နည်းစေသည်။

ကျန်းရွှမ်သည် စိုးရိမ်ခြင်းမရှိသောကြောင့် သူတို့ကို ထည့်သွင်းခြင်းသည် ပြဿနာတစ်ရပ် မဟုတ်တော့ချေ။

"အကြီးအကဲကို ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်က သက်ပြင်းတစ်ချက်ချပြီး ထိုလူတစ်စုကို ဦးဆောင်၍ အခန်းအတွင်းသို့ ဝင်သွားသည်။

ဝုန်း....

ကျောက်တံခါးသည် တဝုန်းဝုန်းမြည်ဟီးသံဖြင့် ပိတ်သွားလေ၏။

ကျန်းရွှမ်က သိလိုစိတ်ပြင်းပြစွာဖြင့် သူ၏နံဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

သူသည် ကံကြမ္မာအကဲဖြတ်ခြင်း လုပ်ငန်းစဉ်အကြောင်းကို ဖတ်ရှုခဲ့ဖူးသော်လည်း ဤသည်မှာ သူကိုယ်တိုင် ကြုံတွေ့ရသော ပထမဆုံးအကြိမ်ပင်။

အချိန်တခဏကြာ စောင့်ဆိုင်းပြီးနောက် ကျောက်တိုင်များပေါ်မှ မန္တန်စာလုံးများသည် တွန့်လိမ်စပြုလာပေ၏။ အချိန်တခဏအတွင်းမှာပင် ကောင်းကင်ကံကြမ္မာစွမ်းအင်နှင့် ရောနှောနေသော ရေစီးကြောင်းတစ်ခု သူတို့ရှေ့တွင် ထင်ထင်ရှားရှားပေါ်လွင်လာပြီး လူတိုင်းသည် တိုးဝင်လာသော ရေစီးကြောင်းများထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါဆိုရင် ဒါက ကံကြမ္မာမြစ်လား....ဒါက သန့်စင်ပုံမရဘူး..."

ကျန်းရွှမ်သည် သူ၏ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

ထိုမြစ်သည် ကောင်းကင်ကံကြမ္မာစွမ်းအင် တစ်ခုတည်းဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ရင်းမြစ်စွမ်းအင်အမြောက်အများ ရောယှက်ပါဝင်နေသည်။ ဤသည်မှာ စစ်မှန်သော ကံကြမ္မာမြစ် မဟုတ်ဘဲ အတုအယောင်တစ်ခုသာဖြစ်ပြီး အထူးနည်းလမ်းများဖြင့် ကံကြမ္မာမြစ်၏အတက်အလက်တစ်ခုကို လမ်းကြောင်းလွှဲခြင်းဖြင့် ဖွဲ့စည်းထားနိုင်ခြေရှိသည်။

ဤသည်မှာ ယန်ဇီမြစ်မှနေ၍ စမ်းချောင်းငယ်တစ်ခုကို လမ်းကြောင်းလွှဲခြင်းနှင့် တူညီသည်။ကျဉ်းမြောင်းသော မြစ်ကြောင်းတစ်ခုသည် ယန်ဇီမြစ်၏စီးဆင်းမှုကို အတုခိုးနိုင်သော်လည်း ထိုအရာတွင် မူလ၏နက်ရှိုင်းမှုနှင့် သိပ်သည်းမှုများ မရှိပေ။ ထိုသို့ဖြစ်နေသည့်တိုင် တစ်စုံတစ်ယောက်သည် ဤနေရာတွင် အခွင့်အလမ်းများ ရှာဖွေပြီး သူ၏ကံကြမ္မာနှင့် ပဲ့တင်ထပ်ရန် ဖြစ်နိုင်ပေ၏။ သို့ရာတွင် ဤအရာသည် စစ်မှန်သော ကံကြမ္မာမြစ်၏ ခန့်ညားထည်ဝါမှုနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်မည်မဟုတ်ချေ။

"ဒါတောင်မှ ဒီလောက်ထိ ကြီးမားတဲ့ စွမ်းအင်စီးကြောင်းတစ်ခုကို ဖွဲ့စည်းနိုင်တာက အထင်ကြီးစရာပဲ....ဒီမြစ်ထဲက ကောင်းကင်ကံကြမ္မာစွမ်းအင်က သန်းခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်လောက် ရှိရမယ်"

ကျန်းရွှမ်၏စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်။

သူ မြင်ဖူးသမျှ အများဆုံး ကောင်းကင်ကံကြမ္မာစွမ်းအင်သည် ဟန်ချန်ချောင်၏ ကံကြမ္မာပြား နှစ်ထောင်မှဖြစ်ပြီး စုစုပေါင်းသန်းနှစ်ဆယ်မျှသာ ဖြစ်သည်။ ယခုချိန်၌ စွမ်းအင်တန်းသန်းခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်နှင့် ကြုံတွေ့ရသည်မှာ ထူးခြားသည်။ အကယ်၍ သူသည် ထိုအရာများကို စုပ်ယူလိုက်ပါက အလွန်များပြားသော သိုလှောင်မှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့ရာတွင် ဤသည်မှာ စွမ်းအင်စုပ်ယူရမည့် အချိန်မဟုတ်ချေ။ သူသည် လူများအားလုံး သူတို့၏ အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိသည်အထိ စောင့်ဆိုင်းရပေမည်။

သူသည် ကောင်းကင်ဘုံသောကကံကြမ္မာကို နားလည်သဘောပေါက်ခဲ့ပြီးဖြစ်သောကြောင့် ဤအခွင့်အလမ်းများသည် သူ့အတွက် အရေးမကြီးပေ။ သို့ရာတွင် သူ၏တပည့်များ စွန်းချန်နှင့် တခြားသူများ အပါအဝင် သူတို့အားလုံးသည် ထိုအရာများကို လိုအပ်သည်။

ဤသို့ဖြင့် သူသည် ကံကြမ္မာငါးကိုဖမ်းရန် အလျင်မလိုဘဲ ထိုအစား သူ၏ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

လော့ယိုရှင်း လော့ချီးချီး လျိုယန် ယွမ်ထောင်နှင့် တခြားလူများသည် ထူးကဲသော ပါရမီ ရှိကြသည်။ သူတို့သည် ကံကြမ္မာငါးဖမ်းရန် အခက်အခဲ မရှိနိုင်သဖြင့် သူ၏အကူအညီကို မလိုအပ်ချေ။ သူ၏အာရုံစိုက်မှုသည် မကြာမီမှာပင် လျှူမင်ယွဲ့ ယုရှောင်ယွီနှင့် ဟုန်ရီတို့ထံသို့ ပြောင်းရွှေ့သွားသည်။

ဤသုံးယောက်သည် သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် သာမာန်ကာလျှံကာ လက်ခံခဲ့သော တပည့်များပင်။ သူတို့သည် သူတို့၏ရင်းမြစ်ရေအိုင်များကို အောင်မြင်စွာ တည်ဆောက်ပြီး သူတို့၏မီးပြင်းဖိုများကို ထွန်းညှိနိုင်ခဲ့သော်လည်း သူတို့၏ပါရမီများသည် မထူးချွန်ခဲ့ချေ။ သူတို့၏ တစ်ခုတည်းသော အားသာချက်မှာ ကောင်းကင်လမ်း ကျင့်ကြံနည်းစနစ်များကြောင့် သူတို့ထံ၌ ခိုင်မာသော အခြေခံအုတ်မြစ်ရှိနေခြင်းပင်။

သူတို့၏ အားနည်းသောပါရမီသည် လော့ယိုရှင်းတို့လူစု လွယ်ကူစွာ ကိုင်တွယ်နေသော ကံကြမ္မာငါးကြင်းရှာရာတွင် သိသာထင်ရှားလာသည်။

ကျန်းရွှမ်သည် သူတို့ကို ကူညီပေးရန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

"ဆရာ..."

ယုရှောင်ယွီတို့သည် လမ်းညွှန်မှုရရန်အတွက် သူ့ကို ကြည့်လိုက်ကြ၏။

"ငါ မင်းတို့ကို ကူညီမယ်"

ကျန်းရွှမ်က မြစ်ထံသို့ လက်လှမ်းလိုက်သည်။

လွန်ခဲ့သောအချိန်တခဏက ကံကြမ္မာငါးများသည် ဦးတည်ချက်မဲ့စွာ ကူးခတ်နေခဲ့ကြသည်။ သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် မြစ်ထဲမှ ကံကြမ္မာငါးတိုင်းသည် သူ့ထံသို့ ပြေးဝင်လာကြပြီး ဖမ်းဆုပ်ခံရရန် တောင်းပန်နေသကဲ့သို့ စိတ်အားထက်သန်စွာဖြင့် လေထဲသို့ ခုန်တက်လာကြသည်။

“.....”

ကျန်းရွှမ် ကြက်သေသေသွားသည်။

သူသည် ဤသို့သော အရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ချေ။

ယုရှောင်ယွီတို့သည်လည်း ထပ်တူထပ်မျှ ကြက်သေသေနေကြသည်။

သူတို့သည် သူတို့ဆရာ၏ပါရမီ ထူးကဲပြီး သူတို့ထက် များစွာပို၍သာလွန်သည်ကို သိရှိထားသည်။ သို့ရာတွင် ယခုမြင်ကွင်းကို မြင်ရခြင်းက ကွာခြားချက်ကို ပို၍ပင် သိသာထင်ရှားသွားစေသည်။ တခြားလူများ ငါးတစ်ကောင်ဖမ်းရန် ရုန်းကန်ရသော်လည်း သူသည် ထိုအကြောင်းကို စဉ်းစားရုံမျှဖြင့် ငါးများသည် သူ၏လက်ထဲသို့ ဆန္ဒအလျောက် ခုန်ဝင်လာကြ၏။

"ကောင်းပြီလေ....လောလောဆယ် သုံးကောင်ဆိုရင် ရပြီ"

ကျန်းရွှမ်သည် ကံကြမ္မာငါးများ၏ စိတ်အားထက်သန်နေမှုကြောင့် ခေါင်းခါယမ်းပြီး သူ၏လက်ကို ဆန့်တန်းလိုက်သည်။

ဗွမ်း...ဗွမ်း...ဗွမ်း...

ရွှေရောင်ကံကြမ္မာငါးသုံးကောင်သည် သူ၏လက်ထဲသို့ ခုန်ဝင်လာပြီး စိတ်လှုပ်ရှားမှုကြောင့် သူတို့၏ပါးစပ်များ ဟစိဟစိဖြစ်နေသည်။

"ဒီမှာ...မင်းတို့အတွက် တစ်ယောက် တစ်ကောင်..."

ကျန်းရွှမ်သည် ထိုငါးများကို ယုရှောင်ယွီတို့ထံသို့ လက်ကမ်းပေးလိုက်ပြီး စိတ်သက်သာရာရသွားသည်။

"ဒီအခွင့်အလမ်းတွေကို စုပ်ယူပြီးတော့ ကံကြမ္မာမြစ်နဲ့ ပဲ့တင်ထပ်လိုက်တော့... မင်းတို့က ကံကြမ္မာရဲ့ဆွဲငင်မှုကို ခံစားမိတာနဲ့ စွမ်းအားကို မင်းတို့ရဲ့ခန္ဓာကိုယ်ထဲကို ဆွဲသွင်းရမယ်...ပြီးရင် မင်းတို့ရဲ့ ကောင်းကင်ကံကြမ္မာကို ဖွဲ့စည်းကာ ကံကြမ္မာရဲ့နှလုံးသားကို လေ့လာဆင်ခြင်ကြတော့"

"ဟုတ်ကဲ့ ဆရာ"

သူတို့အုပ်စုသည် သူတို့၏မျက်လုံးများကို မှိတ်ပြီး ကံကြမ္မာမြစ်နှင့်ပဲ့တင်ထပ်ခြင်းကို စတင်လိုက်ကြသည်။

သူတို့ ကျင့်ကြံနေသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် သူ၏နံဘေးပတ်လည်တွင် ဝိုင်းဖွဲ့နေဆဲဖြစ်သော ကံကြမ္မာငါးများထံသို့ သူ၏စိတ်အာရုံကို ပြန်ပြောင်းလိုက်သည်။ အတွေးတစ်ခုက သူ၏စိတ်ထဲသို့ ဝင်ရောက်လာပေ၏။

"အခွင့်အလမ်းတစ်ခုကို စုပ်ယူတာက ကံကြမ္မာတစ်ခုကို နားလည်သဘောပေါက်ခွင့်ပြုတယ်... ငါက ကံကြမ္မာတွေအများကြီးကို နားလည်သဘောပေါက်နိုင်တာကြောင့် ငါပိုပြီး စုပ်ယူလို့ရနိုင်မလား"

ထိုအတွေးအတိုင်း လုပ်ဆောင်လိုက်ကာ သူသည် သူ၏လက်ကို နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်၏။

ဗွမ်း..ဗွမ်း...ဗွမ်း....

ရွှေရောင်ကံကြမ္မာငါးများ တစ်ကောင်ပြီးတစ်ကောင် သူ၏ခန္ဓာကိုယ်နှင့် တိုက်မိကြသည်။ ထိတွေ့မိသည်နှင့် ထိုငါးများသည် ရွှေရောင်စွမ်းအင်စီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

"သိုလှောင်စမ်း"

သူ၏စိတ်ဆန္ဒအတိုင်း ထိုငါးများသည် ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ စုပ်ယူခြင်းခံလိုက်ရပြီး ထိုအရာအတွင်း၌ ပျံဝဲနေသော ငွေရောင်စာအုပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။

"ငါထင်တဲ့အတိုင်းပဲ... အဆင်ပြေတယ်"

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။

သူသည် ကံကြမ္မာငါးကြင်းများကို ဆက်လက်၍ သိမ်းဆည်းခဲ့သည်။ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ငွေရောင်စာအုပ်ထောင်ပေါင်းများစွာသည် စာကြည့်တိုက်ထဲတွင် စုစည်းသွားသည်။ ဤအချိန်တွင် မြစ်ထဲ၌ ရွှေရောင်ကံကြမ္မာငါးများ ကုန်ဆုံးသွားပြီး နှေးကွေးစွာကူးခတ်နေသော ငွေရောင်နှင့်မီးခိုးရောင်ငါးများကိုသာ ချန်ထားခဲ့သည်။

"ထားလိုက်ပါတော့.... ဒါတွေက ငါ စိတ်အနှောင့်အယှက်ခံဖို့ အရမ်းအားနည်းလွန်းတယ်..."

ကျန်းရွှမ်က ခေါင်းခါယမ်းပြီး သူ၏စိတ်အာရုံကို စီးဆင်းနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များထံသို့ ပြောင်းရွှေ့လိုက်သည်။

"ငါက စွမ်းအင်တချို့ကို တိတ်တိတ်လေး စုပ်ယူလိုက်ရင် ဘယ်သူမှ သတိပြုမိမှာ မဟုတ်ဘူး..."

သန်းခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်မျှသော ကောင်းကင်ဘုံကံကြမ္မာစွမ်းအင်တန်းများသည် အလွန်များပြားသော သိုလှောင်မှုတစ်ခုဖြစ်ပြီး ကျိုးယီကံကြမ္မာခန်းမဆောင်၏ အဓိကအခြေခံအုတ်မြစ် ဖြစ်နိုင်ခြေရှိသည်။ ထိုအရာများသည် လုံးလုံးလျားလျား ကုန်ဆုံးသွားပါက ဒုက္ခဖြစ်စေပေလိမ့်မည်။ သို့ရာတွင် မြစ်သည် မပျက်စီးသရွေ့ တစ်စိတ်တစ်ပိုင်း ယူသွားခြင်းသည် ပြဿနာတစ်ရပ် ဖြစ်လာမည်မဟုတ်ချေ။

အခြားလူများသည် သင့်တော်သော အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်ကို အတည်ပြုပြီးနောက် ကျန်းရွှမ်သည် သူ၏စိတ်ဆန္ဒကို အသက်သွင်းလိုက်ပြီး ကောင်းကင်ဘုံကံကြမ္မာစွမ်းအင်များကို စတင်၍စုပ်ယူလိုက်သည်။

ဘုန်း....

ပြင်းထန်သော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်နှင့်စိတ်ထဲသို့ တိုးဝင်လာပြီး သူ၏ ကောင်းကင်ဘုံသောကကံကြမ္မာထံသို့ စီးဆင်းသွားသည်။

ဤကံကြမ္မာအတွက် ကြီးမားသော စွမ်းအင်ပမာဏကို လိုအပ်သည်။ ဤကိစ္စအတွက် အခွင့်အလမ်း မရှိသဖြင့် သူသည် ထိုအရာကိုစွမ်းအင်ဖြည့်တင်းရန် လက်လျှော့ခဲ့သည်။ ယခုချိန်၌ သူသည် အခွင့်အရေးကို လက်လွှတ်ခံတော့မည် မဟုတ်ပေ။

ဘုန်း...ဘုန်း...ဘုန်း....

လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအင်များ စီးဝင်လာခြင်းကြောင့် ကောင်းကင်ဘုံသောကကံကြမ္မာသည် ပျော်ရွှင်နေသည့်အလား တုန်ခါသံများကို ထုတ်လွှတ်လိုက်ပြီး ပို၍ကြီးမားကျယ်ပြန့်ကာ ပို၍ခိုင်မာလာသည်။

အချိန်တခဏအတွင်းမှာပင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတစ်သန်း စုပ်ယူခြင်းခံလိုက်ရသည်။

နှစ်သန်း....သုံးသန်း.... ရှစ်သန်း...

အသက်ဆယ်ရှိုက်ကျော်စာ အချိန်အတွင်းမှာပင် သူသည် စွမ်းအင်တန်းဆယ်သန်း စုပ်ယူခဲ့ပြီးဖြစ်သော်လည်း ကံကြမ္မာစွမ်းအင်မြစ်သည် အနည်းငယ် ပိုကြီးမားလာရုံသာရှိပြီး အဆင့်ချိုးဖျက်မှုတစ်ခုသို့ ရောက်ရှိရန် ဝေးကွာနေဆဲပင်"

"စွမ်းအားဝါးမျိုမှုက ဒီလောက်ထိ မြင့်မားတာလား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

ဤကံကြမ္မာစွမ်းအင်မြစ်ကို ဖွဲ့စည်းခြင်းသည် စွမ်းအင်တန်းသန်းနှစ်ဆယ်ကို ကုန်ဆုံးစေခဲ့ပြီးဖြစ်ကာ ထိုအရာသည် အဆုံးစွန်ဆုံးဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် နောက်ထပ် စွမ်းအင်တန်းဆယ်သန်း စုပ်ယူပြီးသည့်တိုင် ထိုအရာသည် အသေးစားပြောင်းလဲမှုများကိုသာ ပြသခဲ့ပြီး ဒုတိယအဆင့်သို့ တိုးတက်မည့် လက္ခဏာများ မရှိချေ။

ဤသည်မှာ အမှန်တကယ်ကို စိုးရိမ်ဖွယ်ရာပင်။

ဤဝါးမျိုနှုန်းအတိုင်းဆိုလျှင် လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို သူ မည်သည့်နေရာ၌ ရှာဖွေနိုင်မည်နည်း။

ကျန်းရွှမ်သည် စိတ်ပျက်အားငယ်နေသော်လည်း ဤသည်မှာ ပြန်မရနိုင်သော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူ နားလည်သဘောပေါက်သည်။ သူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ စွမ်းအင်စုပ်ယူခြင်းကို ပြန်လည်၍ စတင်လိုက်၏

ဘုန်း....

သူ၏ လျင်မြန်သော စုပ်ယူမှုသည် မြစ်တစ်ခုလုံးကို တိမ်းစောင်းသွားစေပြီး ပြောင်းပြန်ဖြစ်နေသော ကြယ်စင်စုတစ်ခုအလား သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

"ဒါက..."

ကံကြမ္မာမြစ်နှင့် ပဲ့တင်ထပ်နေသူများသည် သူတို့၏အာရုံစူးစိုက်မှုမှ လွတ်မြောက်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် စူးစိုက်ကြည့်နေကြသည်။ ကြယ်စင်စုကဲ့သို့သော ရေစီးကြောင်းတစ်ခုသည် ကျန်းရွှမ်အပေါ်သို့ ကျဆင်းလာသည့် မြင်ကွင်းသည် သူတို့ကို ဆွံ့အသွားစေသည်။

လော့ယိုရှင်းနှင့်လော့ချီးချီးတို့သည် သူ၏ နားလည်ရခက်သော စွမ်းဆောင်မှုများကို အသားကျနေသဖြင့် တည်ငြိမ်နေကြသည်။ သို့ရာတွင် ယုရှောင်ယွီတို့လူစုနှင့် ထိုသို့သော ပြသမှုများနှင့် မရင်းနှီးကြသူများမှာမူ ကြက်သေသေနေကြသည်။

သူတို့သည် သူတို့၏ဆရာ သန်မာအားကောင်းသည်ကို အမြဲတစေ သိခဲ့ကြသော်လည်း ဤသည်မှာ သူတို့၏တွေးထင်ထားသည်ထက် ကျော်လွန်နေသည်။

"ကံကြမ္မာတွေနဲ့ မချိတ်ဆက်ရသေးတဲ့သူတွေက မြန်မြန်လုပ်တော့... နင်တို့ရဲ့အခွင့်အရေးတွေ ဆုံးရှုံးတော့မယ်..."

လော့ယိုရှင်းသည် လျှင်မြန်စွာ သတိပြန်ဝင်လာပြီး သူတို့ကို တိုက်တွန်းလိုက်သည်။

သူမသည် သူမခင်ပွန်း၏အကြောင်းကို ကောင်းစွာသိရှိထားသည်။ သူ စွမ်းအင်စုပ်ယူခြင်းကို စတင်သည်နှင့် သူ့ကို တားဆီးရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ သူသည် ဤစမ်းသပ်ခန်းမကို လုံးလုံးလျားလျား ခမ်းခြောက်သွားအောင် လုပ်ရန်မှာ အချိန်အနည်းငယ်သာ လိုတော့သည်။

"ဟုတ်ကဲ့...."

သူတို့အုပ်စုသည် သူတို့၏ ကံကြမ္မာပဲ့တင်ထပ်မှုအပေါ် အာရုံစိုက်ရန် အလျင်အမြန် ကြိုးစားလိုက်ကြ၏။

အခန်းအတွင်း၌ စစ်မြေပြင်တစ်ခုနှင့် တူညီနေပြီး အပြင်ဘက်တွင်မူ အကြီးအကဲကျူးရွှင်နှင့် တခြားလူများ ပို၍ပို၍စိုးရိမ်ပူပန်လာကြသည်။

သူတို့ ဝင်ရောက်သွားသည်မှာ ဆယ့်ငါးမိနစ်ကျော် ကြာပြီဖြစ်ပြီး မည်သူမျှ သူတို့၏ ကံကြမ္မာနှင့် ပဲ့တင်မထပ်နိုင်သေးချေ။ ဤသည်မှာ သူတို့အားလုံး ရှုံးနိမ့်သွားခြင်း ဖြစ်နေမလော....

All Chapters