← Chapters

ကြယ်များတောက်ပစွာ ထွန်းလင်း နဂါးငွေ့တန်း မိုးကောင်းကင်ယံမှာ ဖြတ်သန်း

Vol. 18 Ch. 237

ကြယ်များတောက်ပစွာ ထွန်းလင်း နဂါးငွေ့တန်း မိုးကောင်းကင်ယံမှာ ဖြတ်သန်း

Vol. 18 Ch. 237

"ကျွန်တော် လုပ်မယ်"

ကျန်းယန်၏မျက်ခုံးများ မြင့်တက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူတို့သုံးယောက်အနက် သူသည် တစ်ဦးတည်းသော ယောက်ျားသားဖြစ်သဖြင့် မည်သည့်အန္တရာယ်များ ရှိနေစေကာမူ သူ ဦးဆောင်ရမည်။

"ကောင်းပြီလေ"

ပိုင်ရှောင်ရှန့်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ကျန်းယန်၏ပါရမီသည် မည်သို့ပင် ဖြစ်နေပါစေ ဤတည်ကြည်ပြတ်သားသောစိတ်ဓာတ်ကို သူ လေးစားမိသည်။

ကျန်းယန်က ရှေ့သို့ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလိုက်သည်။ သူ အလုံးစုံသိမြင်ကားချပ်၏အနီးသို့ မရောက်မီမှာပင် အစွမ်းထက်သော ဖိအားတစ်ရပ်က သူ၏ စိတ်ထဲသို့ တိုးဝင်လာသည်။ အချိန်တခဏအတွင်းမှာပင် သူသည် ထူးခြားသော လေဟာနယ်တစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤနေရာတွင် မရေမတွက်နိုင်သော လမ်းဖြောင့်များသည် ပင့်ကူအိမ်ကဲ့သို့ ယှက်နွယ်နေကာ အဆုံးမရှိဘဲ အဝေးသို့ ရှည်လျားစွာဆန့်တန်းနေသည်။ လမ်းကြောင်းတိုင်းသည် တူညီနေပြီး သိသာထင်ရှားသော ကွဲပြားခြားနားမှုများ မရှိဘဲ သူသည် ကြီးမားသော ဝင်္ကပါကြီးတစ်ခုထဲသို့ ကျရောက်သွားသည့်အလားပင်။ ပတ်ဝန်းကျင်နေရာတဝိုက်တွင် တထပ်တည်းတူသော အလင်းတန်းအကွက်များသာ ရှိနေပြီး ရှင်းလင်းသော လမ်းကြောင်းတစ်ခုကို ရှာဖွေရန်မှာ မဖြစ်နိုင်ချေ။

အလုံးစုံသိမြင်ကားချပ်သည် လောက၏ ပုံစံမျိုးစုံနှင့် ချိတ်ဆက်ထားပြီး အရာအားလုံးကို တွက်ချက်ကာ ကြီးမားသော တွက်ချက်မှုများ ပါဝင်သည်။ သာမန်လူများသည် ဤအထဲတွင် ပိတ်မိသွားပါက လွယ်လင့်တကူ လမ်းပျောက်သွားနိုင်ပြီး ထွက်လမ်းကို မရှာနိုင်ပါက အဆုံးမရှိသော အမှောင်ထုထဲသို့ ကျရောက်သွားနိုင်သည်။

ထိုကြောင့် ဤကားချပ်ကို ပါရမီစမ်းသပ်ရန်အတွက် အသုံးပြုခြင်းပင်။ ဤစမ်းသပ်မှုအောင်မြင်သွားလျှင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်သော်လည်း ကျရှုံးလျှင် အန္တရာယ်ရှိနိုင်သည်။

"အားလုံးက အတူတူဖြစ်နေမှတော့ ငါက လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး ရှေ့ဆက်သွားရုံပဲ"

ကျန်းယန်သည် လမ်းပျောက်သကဲ့သို့ မခံစားရချေ။ ထိုအစား သူသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ လှံရှည်တစ်စင်းက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ သူသည် ထိုလှံကို ပေါ့ပေါ့ပါးပါး မြှောက်တင်လိုက်ရာ ထိုအရာသည် လေထုအတွင်းတွင် ပျံဝဲနေပြီး သံလိုက်အိမ်မြှောင်တစ်ခုအလား တိကျသောလမ်းကြောင်းတစ်ခုကို ညွှန်ပြပေးနေသည်။

သူ၏ဆရာက သူ့ကို တစ်ချိန်က သင်ကြားပေးခဲ့ဖူးသည်။ မည်သည့် ဝင်္ကပါမျိုးဖြစ်စေ ပုံရိပ်ယောင်များဖြစ်စေ သူသည် လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး သံသယမဝင်ဘဲ တွေဝေတုံ့ဆိုင်းခြင်းမရှိ ရှေ့ဆက်သွားနေသရွေ့ အပြင်ထွက်နိုင်သည့်လမ်းကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိပေလိမ့်မည်။

အတိတ်တွင် ဟုန်ထျန်းကျောင်းတော်၌ သူ၏ဆရာနှင့် ပထမဆုံး တွေ့ဆုံချိန်တွင် ကျန်းယန်ဟာ အသည်းကွဲဝေဒနာကြောင့် စိတ်ဓာတ် ကျဆင်းနေခဲ့ပြီး သူ၏လှံသိုင်းပညာအပေါ် ယုံကြည်မှု ပျောက်ဆုံးကာ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ချေ။

ဘုန်း...

သူ၏ မယိမ်းမယိုင်သော ယုံကြည်မှုဖြင့် လမ်းပေါင်းများစွာ ရှိသော လေဟာနယ်သည် အချည်းနှီးအဖြစ်သို့ ပြိုကွဲပျက်စီးသွားသည်။ နောက်ထပ်အချိန်တခဏတွင် သူသည် ပြီးပြည့်စုံသော အမှောင်ထု ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသည်။ အကယ်၍ ယခင် စိန်ခေါ်မှုသည် သူ၏ယုံကြည်မှုနှင့် လမ်းကြောင်း အာရုံခံစားမှုကို စမ်းသပ်ခဲ့သည်ဆိုလျှင် ဤတစ်ခုက သူ၏ဇွဲသတ္တိနှင့်စိတ်ဆန္ဒခိုင်မာမှုတို့ကို စူးစမ်းနေသည်။

အပြင်ဘက်ရှိ ခန်းမထဲတွင် မဟာအကြီးအကဲသုံးဦးသည် အောက်မှ လူငယ်ကိုကြည့်ရင်း တီးတိုး ပြောဆိုနေကြသည်။

"အကြီးအကဲစွန်း....မင်းက အလုံးစုံသိမြင်ကားချပ်ကို တိုက်ရိုက် အသက်သွင်းလိုက်တာလား…

လက်ဝဲဘက်မှ အကြီးအကဲက မျက်မှောင်ကြုတ်ပြီး မေးမြန်းသည်”

"အမှန်ပဲ...."

အလယ်တွင်ထိုင်နေသော အကြီးအကဲစွန်းက သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။

"အိုးယန်ဟိုင်ကို ငါ ကိုယ်တိုင် လေ့ကျင့်ပေးခဲ့တာ...သူ့ရဲ့အကျင့်စရိုက်ကို ငါ ကောင်းကောင်း သိတယ်... သူက ဒီသုံးယောက်ကို အကြံပြုလာမှတော့ သူတို့က ထူးခြားနေရမယ်....ငါက သူတို့ရဲ့ စွမ်းအားအပြည့်ကို မြင်ချင်တယ်"

"အလုံးစုံသိမြင်ကားချပ်ကို တစ်ကြိမ်အသက်သွင်းပြီးတာနဲ့ ခြေတစ်လှမ်းတိုင်းမှာ ကမ္ဘာတစ်ခု အတွေးတစ်ခုတိုင်းမှာ စကြဝဠာတစ်ခုကို ဖန်တီးတယ်....မယိမ်းယိုင်တဲ့ ယုံကြည်ချက် ပြိုင်ဘက်ကင်းတဲ့ စိတ်ဓာတ် ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု နဲ့ အံ့မခန်း သတ္တိတွေ မရှိရင် အဆုံးထိ ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..အဲ့ဒီတုန်းက ငါ့ရဲ့ကျင့်ကြံဆင့်က ကြယ်စင်မြစ် နယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိနေတာတောင် ငါက ခြေလှမ်း ခုနစ်လှမ်းပဲ လှမ်းနိုင်ခဲ့တယ်"

လက်ယာဘက်မှ အကြီးအကဲက ခေါင်းညိတ်လိုက်သည်။

"ငါက ခြေလှမ်းရှစ်လှမ်း"

လက်ဝဲဘက်မှအကြီးအကဲက ပြောဆိုသည်။

အကြီးအကဲစွန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ငါကိုယ်တိုင်တောင် ခြေလှမ်းကိုးလှမ်းပဲ လှမ်းနိုင်ခဲ့တယ်.... ငါ အများကြီး မတောင်းဆိုတော့ဘူး...ဒီကောင်လေးက ခြေလှမ်းခြောက်လှမ်း လှမ်းနိုင်ရင် ငါက သူ့ကို တိုက်ရိုက်တပည့်အဖြစ် လက်ခံမယ်"

"စောင့်ကြည့်ကြတာပေါ့... သူရဲ့ပါရမီက မြင့်မားနေရင်တောင် သူက အရမ်းငယ်သေးတယ်.... သူ့ရဲ့ကျင့်ကြံဆင့်ကလည်း အရမ်းနိမ့်သေးတယ်.... ဘာမြေတောင်မြှောက်ပေးခံရတာမှ မရှိသေးဘဲနဲ့ သူက ခြေလှမ်းသုံးလှမ်း လှမ်းနိုင်ရင်တောင် အထင်ကြီးစရာပဲ"

လက်ဝဲဘက်မှ အကြီးအကဲက ခေါင်းခါယမ်းလိုက်သည်။

သူတို့ စကားပြောနေစဉ်မှာပင် ကျန်းယန်သည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ပြတ်ပြတ်သားသားဖြင့် ရှေ့သို့ခြေလှမ်းလှမ်းလေသည်။

"ဒီလောက်ထိ မြန်တာလား...သူက လမ်းကြောင်းဝင်္ကပါထဲကနေ ထွက်သွားပြီလား"

လက်ယာဘက်မှအကြီးအကဲ အံ့အားသင့်သွားသည်။ သူ၏အတွေး မဆုံးမီမှာပင် ကျန်းယန်က ယိမ်းယိုင်ခြင်းမရှိဘဲ ပြတ်သားစွာဖြင့် ခြေလှမ်းနောက်တစ်လှမ်း ထပ်လှမ်းလိုက်သည်။

ခြေလှမ်း နှစ်လှမ်း... ခြေလှမ်း သုံးလှမ်း... ခြေလှမ်း လေးလှမ်း...

အသက်ငါးရှိုက်စာ အချိန်အတွင်းမှာပင် ကျန်းယန်သည် ခြေလှမ်းငါးလှမ်း ဖြတ်ကျော်သွားခဲ့လေပြီ။

"ဒါ..."

မဟာအကြီးအကဲသုံးဦးလုံးသည် သူတို့၏ ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရကာ တစ္ဆေတစ်ကောင်ကို မြင်တွေ့သည့်အလား သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဤသည်မှာ အလုံးစုံသိမြင်ကားချပ်ဖြစ်ပြီး ခြေတစ်လှမ်းတိုင်းသည် ကမ္ဘာတစ်ခုပင်။ ထိုကဲ့သို့အရာမျိုးသည် သူ၏ရှေ့တွင် မည်သည်ကြောင့် ကလေးကစားစရာတစ်ခုကဲ့သို့ ဖြစ်နေသနည်း။

ပုံမှန်အားဖြင့် နာရီဝက်အတွင်းတွင် ခြေလှမ်း ငါးလှမ်း လှမ်းနိုင်ခြင်းသည်ပင် ပါရမီရှင်များအနက်မှ ထိပ်သီးပါရမီရှင်တစ်ဦး၏လက္ခဏာရပ် ဖြစ်နေပြီ။ သို့ရာတွင် ကျန်းယန်သည် ဤကိစ္စကို အသက်ငါးရှိုက်စာ အချိန်အတွင်း လုပ်ဆောင်နိုင်ခဲ့သည်။

ဘုန်း...

ကျန်းယန်က သူ၏ခြေလှမ်းခြောက်လှမ်းမြောက်ကို လှမ်းလိုက်သည်။

"အကြီးအကဲစွန်း... မင်း သူ့ကို တပည့်အဖြစ် လက်ခံမှာလား...မင်း လက်မခံရင် ငါ ခေါ်ထားမယ်"

လက်ယာဘက်မှ အကြီးအကဲသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပေ၏။

အကယ်၍ သူတို့သည် ယခင်က အိုးယန်ဟိုင်၏ ပါရမီရှင်သုံးဦး တွေ့ရှိခဲ့သည်ဟူသော အခိုင်အမာပြောဆိုချက်ကို သံသယများ ရှိနေခဲ့လျှင်ပင် ယခုချိန်၌ ထိုသံသယများအားလုံး ပျောက်ကွယ်သွားလေပြီ။

"ငါ..."

အကြီးအကဲစွန်း စကားပြောရန်ဟန်ပြင်လိုက်စဥ်တွင် မေးခွန်းထုတ်ခံရသူ လူငယ်က ထပ်မံ၍ ရှေ့တိုးလိုက်သည်။

ခြေလှမ်း ခုနစ်လှမ်း... ခြေလှမ်း ရှစ်လှမ်း... ခြေလှမ်း ကိုးလှမ်း....

အကြီးအကဲများ၏မျက်စိထဲတွင် မကျော်လွှားနိုင်သော အတားအဆီးများဟု ထင်ရသည့် အရာများသည် ကျန်းယန်အတွက် ကလေးကစားစရာများထက် မပိုချေ။ သူ၏ ခြေလှမ်းဆယ်လှမ်းမြောက်တွင် သူသည် အလုံးစုံသိမြင်ကားချပ်ထံသို့ ရောက်ရှိသွားပြီး သူ၏လက်ကို ထိုအရာအပေါ်သို့ ညင်သာစွာ တင်လိုက်သည်။

"ခြေလှမ်း ဆယ်လှမ်းလား....ဒါက အစစ်အမှန်ပါရမီရှင်ပဲ...အကြွင်းမဲ့ ပါရမီရှင်..."

မဟာအကြီးအကဲသုံးဦးလုံး တပြိုင်နက်တည်း မတ်တတ်ထရပ်လိုက်ကြသည်။ အကယ်၍ သူတို့သည် ယခင်က ဂရုမစိုက်ခဲ့လျှင်ပင် ယခုချိန်၌ သူတို့သည် အလွန်အမင်းတက်ကြွနေကြလေပြီ။

သူတို့အနက်မှ အစွမ်းထက်ဆုံးလူသည်ပင် ခြေလှမ်းကိုးလှမ်းသာ လှမ်းနိုင်ခဲ့သည်။ သို့ရာတွင် ဤလူငယ်သည် ခြေလှမ်းဆယ်လှမ်းကို လွယ်လင့်တကူ အောင်မြင်ခဲ့သည်။ ဆိုလိုသည်မှာ ဤလူငယ်၏ရှေ့အလားအလာသည် နောင်အနာဂတ်တွင် သူတို့ထက် ကျော်လွန်သွားနိုင်ခြင်းပင်။

သူတို့၏ လက်ရှိစွမ်းအားသည် ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ်အဆင့်နှင့် လက်တစ်ကမ်းအကွာတွင် ရှိနေလေပြီ။ သူတို့ထက် သာလွန်သွားခြင်းသည် အကြီးမားဆုံးထိပ်သီးအင်အားစုများကို စိန်ခေါ်နိုင်သော အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ဆိုလိုခြင်းပင်။

"ခြေလှမ်းဆယ်လှမ်းကို ဒီလောက်ထိ အလွယ်တကူ လျှောက်လှမ်းနိုင်တယ်... သူက ကားချပ်ပေါ်မှာ ကြယ်ဘယ်နှစ်လုံးကို လင်းစေမယ်လို့ မင်းတို့ ထင်လဲ"

"ငါက ကိုးလုံး လင်းစေခဲ့တယ်...ငါ့အထင်တော့ သူက အနည်းဆုံး ဆယ်လုံးတော့ ရောက်လိမ့်မယ်"

ဝီ....

ဆွေးနွေးမှု မပြီးဆုံးသေးမီမှာပင် အလုံးစုံသိမြင်ကားချပ်မှ မျက်စိကျိန်းလောက်မတတ် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ကြယ်များသည် တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံတစ်ခွင်လုံးကို ပုံဖော်လိုက်သည်။ ထိုအရာများအနက် လှံရှည်ပုံသဏ္ဍာန် ကြယ်တစ်လုံးသည် အတောက်ပဆုံး ထွန်းလင်းနေပေ၏။

"ကောင်းကင်တစ်ခုလုံး ပြည့်နေတဲ့ ကြယ်တွေ.... အထက်က နဂါးငွေ့တန်း... ဒါက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ရဲ့ လက္ခဏာရပ်ပဲ...သူ့မှာ ဒုတိယတန်းစား ကံကြမ္မာကို နားလည်သဘောပေါက်နိုင်တဲ့ အရည်အချင်းတွေ ရှိနေတယ်"

"ဒါက ထောင်စုနှစ်တစ်နှစ်မှာ တစ်ကြိမ်ပဲထွက်ပေါ်တဲ့ ပါရမီရှင်ပဲ.... ငါ သူ့ကို ငါ့ရဲ့တပည့်အဖြစ် ခေါ်ယူရမယ်"

"အကြီးအကဲစွန်း.... မင်းက တပည့်တွေ ထပ်မခေါ်တော့ဘူးလို့ ပြောခဲ့တာ မဟုတ်လား...သူ့ကို ကျွန်တော့်ဆီ ထားခဲ့လိုက်...တခြား နှစ်ယောက်လည်း ပါရမီ ရှိကြတာပဲ... မင်း သူတို့ထဲက တစ်ယောက်ကို ရွေးလိုက်.... ဒါပေမဲ့ ဒီတစ်ယောက်ကတော့ ငါ့ရဲ့အပိုင်ပဲ"

ကြယ်များဖြင့် ပြည့်နေသော ခန်းမကို ကြည့်ရင်း မဟာအကြီးအကဲသုံးဦးသည် စိတ်မထိန်းနိုင်ကြတော့ချေ။

ပိုင်ရှောင်ရှန့်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ တုန်တုန်ရီရီဖြစ်နေကာ နေရာမှာပင် မတ်တတ်ရပ်နေသည်။

ဤပါရမီသည် ဧကရာဇ်အဆင့်ထက်ပင် ကျော်လွန်ပြီး သူ၏ပါရမီအရည်အချင်းထက် များစွာပို၍ သာလွန်နေသည်။ ဤကမ္ဘာလောကကြီးတွင် ထိုကဲ့သို့ ပါရမီရှင်မျိုး အမှန်တကယ် ရှိနိုင်ပါသလော။

"သူ ထူးခြားနေလိမ့်မယ်လို့ ကျွန်တော် သိသားပဲ..."

အိုးယန်ဟိုင်က သက်ပြင်းချလိုက်သည်။

ကျန်းယန်သည် ကံကြမ္မာအမွှေးတိုင် ကိုးဆယ့်ကိုးတိုင်ကို ထွန်းညှိနိုင်ခဲ့သည်အား သိခဲ့သော်လည်း သူ၏တခြားပါရမီများကို စမ်းသပ်ရာတွင် သူ မည်မျှအထိ သွားနိုင်မည်ကို အိုးယန်ဟိုင် မသိခဲ့ချေ။ သူ သတိထားရန်ပြောဆိုခဲ့သော အကြံပြုချက်မှာ ကျန်းယန်ကို ပို၍ကြာကြာတောင့်ခံနိုင်စေရန် အားပေးရုံသက်သက်ပင်။ ဤကဲ့သို့ ပွင့်အံ့ထွက်လာသော ပါရမီအရည်အချင်းမျိုးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

ကြည့်ရသည်မှာ သူသည် အပြစ်ပေးခံရခြင်းမှ ရှောင်တိမ်းနိုင်ရုံသာမက သူ၏ကူညီပံ့ပိုးမှုများကြောင့် သူ့အား ကြီးမားသော ဆုလာဘ်များကို ရရှိစေပေလိမ့်မည်။

"ကောင်းပြီလေ....အခု ဆင်းလာတော့ နောက်တစ်ယောက် ဘယ်သူလဲ"

ပိုင်ရှောင်ရှန့်က သူ၏စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ပြီး နောက်တစ်ဦးကို ခေါ်လိုက်သည်။

"စီနီယာအစ်မ....ကျွန်မ သွားမယ်"

ကျောက်ယာက ရှေ့တိုးရန်ဟန်ပြင်လိုက်စဥ်တွင် ဝမ်ယင်းက ထိတ်လန့်တကြားဖြင့် ကြားဖြတ်ပြောဆိုလိုက်၏။

"ကောင်းပြီလေ...နင် သွားလိုက်..."

ကျောက်ယာက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့..."

ဝမ်ယင်းက ယခုလေးတင် ပြန်လာသော ကျန်းယန်ကို စူးစမ်းသကဲ့သို့ တစ်ချက်ကြည့်လိုက်သည်။

"စီနီယာအစ်ကို...ဒီစမ်းသပ်မှုက ခက်လား..."

ကျန်းယန်က ခေါင်းခါသည်။

"အရမ်းမခက်ပါဘူး....ကားချပ်ဆီကို သွားပြီးတော့ အဲ့ဒါကို လက်နဲ့ဖိလိုက်ရုံပဲ...လမ်းတလျှောက်က စိန်ခေါ်မှုတွေကတော့..ဆရာက ငါတို့ကို အဲ့ဒီကိစ္စတွေအတွက် ပြင်ဆင်ပေးထားပြီးသားပါ"

"ကျွန်မ သိပြီ"

သူ၏ရှင်းပြချက်ကို ကြားပြီးနောက် ဝမ်ယင်းက ပြုံးလိုက်ပြီး ရှေ့သို့ ခုန်ဆွခုန်ဆွဖြင့် သွားလိုက်သည်။

ဤအချိန်တွင် မဟာအကြီးအကဲသုံးဦးက ကျန်းယန်ကို မည်သူက တပည့်အဖြစ် ခေါ်ယူနိုင်မည်ဟူသော ကိစ္စဖြင့် ပြင်းပြင်းထန်ထန် ငြင်းခုံနေကြလေပြီ။

"ဒါက အထွတ်အထိပ်အဆင့်ပဲ....တခြားနှစ်ယောက်က ပါရမီ ရှိနိုင်ပေမယ့် ဒီတစ်ယောက်ကို ကျော်လွန်စရာ အကြောင်းမရှိဘူး.... သူ့ရဲ့ပါရမီက ပြိုင်ဘက်ကင်းပဲ.... မင်းတို့ထဲက တစ်ယောက်ယောက်က သူ့ကိုယူဖို့ ကြိုးစားရင် ငါ မင်းတို့နဲ့ အဆက်အသွယ်ဖြတ်မယ်"

"ကောင်းပြီလေ...အဆက်အသွယ်ဖြတ်ပေါ့... ငါက ကြောက်နေမယ် ထင်လို့လား... သူက ငါ့အပိုင်....မင်းတို့ တခြား နှစ်ယောက်ကို ယူချင် ယူ ငါ ဂရုမစိုက်ဘူး....ဒါပေမဲ့ ဒီတစ်ယောက်အတွက်ကတော့ ငါနဲ့ ညှိနှိုင်းလို့ မရဘူး"

"တော်ကြတော့....ငါက သူ့ကို တပည့်အနေနဲ့ခေါ်မယ်လို့ အရင်ဆုံး အခိုင်အမာ ပြောခဲ့တာ...သူက ငါရဲ့အပိုင်ဆိုတာ သိသာထင်ရှားတယ်..မင်းတို့ နှစ်ယောက်က တခြားလူတွေကို ခွဲယူလိုက်လေ"

"ဘာလို့ ငါတို့က ခွဲယူရမှာလဲ"

တခြားအကြီးအကဲနှစ်ဦးက စူးစိုက်၍ကြည့်လိုက်သည်။

"အဟမ်း..."

ပိုင်ရှောင်ရှန့်၏အသံက ကြားဖြတ်ဝင်ရောက်လာသည်။

"ခင်ဗျားတို့သုံးယောက်က ငြင်းခုန်နေတာကို ခဏရပ်ပြီးတော့ တခြားနှစ်ယောက်ရဲ့ စမ်းသပ်မှုကို အရင်ကြည့်လို့မရဘူးလား"

အကြီးအကဲစွန်းက ခေါင်းခါလိုက်သည်။

"မလိုတော့ဘူး...အကြီးအကဲလီ ပြောတာ အမှန်ပဲ.... ခုဏက ကောင်လေးရဲ့ပါရမီက အထွတ်အထိပ်မှာရှိနေတာ သေချာတယ်... တခြား ဘယ်သူမှ မကျော်လွန်...လွန်....."

သူ၏အသံ ရပ်တန့်သွားပြီး သူ၏မျက်လုံးအကြည့်သည် ခန်းမထဲသို့ ကျရောက်သွားပေ၏။

ကျန်းယန်၏ပါရမီကို မည်သို့မျှ ကျော်လွန်နိုင်မည် မဟုတ်ဟု သူတို့ တွေးထင်ခဲ့သော မိန်းကလေးဝမ်ယင်းသည် အလုံးစုံကားချပ်ထံသို့ ခုန်ဆွခုန်ဆွသွားခဲ့သည်။ သူမ၏ကျစ်ဆံမြှီးဆံပင်သည် လှုပ်ယမ်းနေပြီး သူမထံမှ နုပျိုပြီး လန်းဆန်းတက်ကြွသော စွမ်းအားများ ထွက်ပေါ်နေသည်။

ခုန်ဆွခုန်ဆွ... သူမသည် ခြေလှမ်းဆယ်လှမ်းလုံးကို ခုန်ဆွခုန်ဆွ သွားခဲ့သလော....

ဤရတနာအတွင်းမှ အတားအဆီးများသည် သူမအပေါ်သို့ မည်သည့်သက်ရောက်မှုမျှ မရှိခဲ့သလော...

ဝုန်း....

သူတို့၏ထိတ်လန့်တုန်လှုပ်မှုများ မပြေပျောက်သေးမီမှာပင် ဝမ်ယင်းက သူမ၏လက်ကို ကားချပ်ပေါ်သို့ တင်လိုက်သည်။ ယခင်အတိုင်း အလားတူပင် မိုးကောင်းကင်ယံတခွင်လုံးအနှံ့ ပြည့်နေသော ကြယ်များ ထွက်ပေါ်လာပြီး ကြယ်တစ်လုံးက ထူးခြားစွာ ထွန်းလင်းတောက်ပနေပေ၏။

"ဒါက... စိတ်ဝိညာဉ်...သူက စိတ်ဝိညာဉ်ကံကြမ္မာကို ကျွမ်းကျင်တာများ ဖြစ်နေမလား..."

အကြီးအကဲသုံးဦးလုံးသည် ဤအဖြစ်အပျက်ကို လက်ခံရန် ရုန်းကန်နေရသဖြင့် သူတို့၏ အမြင်အာရုံများ မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လှံကံကြမ္မာသည် အမှန်တကယ်ကို အစွမ်းထက်ပြီး တတိယအဆင့်သို့ ရောက်ရှိနိုင်ဖွယ် ရှိသည်။ သို့ရာတွင် ကံကြမ္မာဒုတိယအဆင့်သို့ တက်လှမ်းရန်မှာ မယုံနိုင်လောက်အောင် ခက်ခဲပေလိမ့်မည်။

စိတ်ဝိညာဉ်ကံကြမ္မာကမူ ပင်ကိုယ်အတိုင်း ဒုတိယအဆင့်တွင် ရှိနေသည်။ စိတ်ဝိညာဉ်မျိုးနွယ်စုအတွက် သူတို့၏မျိုးနွယ်စု ခေါင်းဆောင်သည် အလုံးစုံသိမြင်ဂိုဏ်း၏ မဟာအကြီးအကဲနှင့် တန်းတူအဆင့်အတန်းရှိသော ပုဂ္ဂိုလ်တစ်ဦးပင်။

ဤသည်သာ အမှန်ဖြစ်လျှင် ဝမ်ယင်း၏ပါရမီသည် ကျန်းယန်ထက်ပင် ပို၍အံ့အားသင့်ဖွယ်ကောင်းနေလေပြီ။

"အကြီးအကဲစွန်း...အဲ့ဒီကောင်လေးက မင်းရဲ့အပိုင်....ဒီမိန်းကလေးက ငါ့ရဲ့အပိုင်...ဒီအချိန်ကစပြီးတော့ သူက ငါ့ရဲ့တပည့်ပဲ..."

လက်ဝဲဘက်မှအကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်ပြီး ရယ်ပြုံးလိုက်သည်။

"မဟုတ်သေးဘူးလေ..စောစောက မင်းက အဲ့ဒီကောင်လေးကို ယူမယ်လို့ အခိုင်အမာ ပြောခဲ့တာ....ငါ အလျှော့ပေးခဲ့တယ်....ဒါကြောင့် ဒီမိန်းကလေးက ငါ့ရဲ့အပိုင်ပဲ"

အကြီးအကဲစွန်းက လက်မခံသည့်အမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းတို့နှစ်ယောက်က အရှက်ကိုမရှိဘူးး... သူ့ကို တပည့်အဖြစ် မယူဘူးလို့ အခိုင်အမာ ပြောခဲ့တာ မင်းတို့ မဟုတ်ဘူးလား...သူက ငါ့ရဲ့အပိုင်ဆိုတာ သိသာထင်ရှားတယ်"

အကြီးအကဲသုံးဦး ထပ်မံ၍ ငြင်းခုံနေကြစဉ် နောက်ဆုံးစမ်းသပ်ခံမည့်သူဖြစ်သည့် ကျောက်ယာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

"ဒါက ပါရမီစမ်းသပ်မှုလေး တစ်ခုပဲလေ.... ဘာလို့ ရှင်တို့အားလုံးက ဒီလောက်ထိ ဆူညံနေကြတာလဲ"

သူမ၏ပုံရိပ် လှုပ်ခတ်သွားပြီးနောက် နေရာရွှေ့ပြောင်းမှုတစ်ခုကဲ့သို့ ပုံစံမျိုးဖြင့် အလုံးစုံသိမြင်ကားချပ်၏ရှေ့၌ တိုက်ရိုက်ထွက်ပေါ်လာသည်။

"သူက... ပြေးသွားတာလား"

အကြီးအကဲသုံးဦးလုံး လုံးလုံးလျားလျား ကြက်သေသေသွားကြသည်။

သူတို့သည် ခြေလှမ်း ခုနစ်လှမ်း ရှစ်လှမ်း သို့မဟုတ် ကိုးလှမ်း လှမ်းနိုင်ခဲ့ခြင်းသည် ထူးခြားပြီး သူတို့၏ ပြိုင်ဘက်ကင်းပါရမီကို သက်သေပြခြင်း ဖြစ်သည်ဟု အစဥ်အမြဲ ယုံကြည်ခဲ့ကြသည်။ သို့ရာတွင် ယခုချိန်၌ တစ်ယောက်သည် ခြေလှမ်းဆယ်လှမ်းကို ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားခဲ့သည်။ နောက်တစ်ယောက်က ခုန်ဆွခုန်ဆွဖြင့် ဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံးတစ်ယောက်ကမူ အတားအဆီးများကို ပြောင်ပြောင်တင်းတင်း ပြေးလွှားကျော်ဖြတ်သွားခဲ့လေ၏။

သူတို့ အသိမဝင်သေးမီမှာပင် ကျောက်ယာက လက်လှမ်းလိုက်ပြီး ကားချပ်ကို ထိတွေ့လိုက်ကာ ချွေးတစ်စက်မှ မထွက်ဘဲ သူမ၏ စမ်းသပ်မှုကို အောင်မြင်ပြီးမြောက်သွားစေသည်။

"ကြည့်ရတာတော့ ငါတို့ရဲ့ 'အထွတ်အထိပ်ပါရမီ' ဆိုတာက တော်တော်ကို နိမ့်လွန်းနေခဲ့ပုံပဲ..."

အကြီးအကဲစွန်းက ညည်းတွားလိုက်သည်။

ကျန်းယန်သည် အထွတ်အထိပ်ပါရမီရှင်ဟု သူ တွေးထင်ခဲ့သော အချိန်တွင် ထိုလူငယ်သုံးဦးလုံး၏ပါရမီများသည် သူတို့တွေးထင်ထားသည်ထက် များစွာပို၍ ကျော်လွန်နေကြောင်း ထွက်ပေါ်လာသည်။ သူတို့ ပြောခဲ့သော "အထွတ်အထိပ်"သည် ဤပါရမီရှင်များက လွယ်လင့်တကူ ချိုးဖျက်နိုင်သော ကြေမွှလွယ်သည့် အရာတစ်ခုထက် မပိုခဲ့ချေ။

All Chapters