← Chapters

အခန်း (၄၅၁-၄၅၅)

Vol. 31 Ch. 451-455

အခန်း (၄၅၁-၄၅၅)

Vol. 31 Ch. 451-455

Chapter 451

"ဒီစွမ်းအားက ကြောက်ဖို့ကောင်းလိုက်တာ"

ယဲ့နန်တို့သားအဖသည် ပိုင်ချင်ရီ မည်သည်ကြောင့် ထပ်ခါတလဲလဲ ပြန်ရှင်သန်လာသည်ကို မသိကြချေ။သို့ရာတွင် အစွမ်းထက်ထိပ်သီးကျင့်ကြံသူဖြစ်သည့် ပိုင်ချင်ရီသည် ပန်းချီစာလိပ်၏တိုက်ခိုက်မှုအောက်တွင် ရုပ်ပျက်ဆင်းပျက်အခြေအနေဖြင့် ထွက်ပြေးသွားသည်ကို မြင်တွေ့မိသဖြင့် သူတို့သည် အလွန်ထိတ်လန့်တုန်လှုပ်သွားပေ၏။

"ဟူး....."

"ငါတို့တွေက အခွင့်အရေးတွေအများကြီးကို လွဲချော်သွားခဲ့ပြီ"

တခြားတစ်ဖက်တွင် ဤအခြေအနေကို စောင့်ကြည့်နေကြသော မဟာဂိုဏ်းချုပ်လေးယောက်တို့ထံတွင် ခါးသည်းသောမျက်နှာအမူအယာများရှိနေကာ နောင်တကြီးစွာရနေခြင်းကြောင့် သူတို့၏ခေါင်းများကို ခါယမ်းနေကြသည်။

"အမှန်ပဲ....အဲ့ဒီသားအဖနှစ်ယောက်က မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ကို ပိုင်ဆိုင်သွားရုံတင်မကဘူး သူတို့မှာ ဒီလိုမျိုးအစွမ်းထက်တဲ့ ပန်းချီစာလိပ်တလိပ်လည်း ရှိနေတယ်...ပိုင်ချင်ရီတောင်မှ အရှက်တကွဲနဲ့ထွက်ပြေးသွားခဲ့ရတယ်...သူတို့က မြောက်ပင်လယ်ကုန်းမြေတခွင်လုံးမှာ ပြိုင်ဘက်ကင်းဖြစ်နေပြီ"

"အမှန်ပဲ"

"အခုလက်ရှိအခြေအနေတွေအောက်မှာ မဟာဂိုဏ်းကြီးလေးဂိုဏ်းလို့ ခေါ်ဆိုတဲ့ ငါတို့ရဲ့ဂိုဏ်းတွေက နာမည်ခံထက်မပိုတော့ဘူး"

"ဟူး...ငါတို့မဟာဂိုဏ်းကြီးလေးဂိုဏ်းအတွက် ...နောင်အနာဂတ်မြောက်ပင်လယ်ကုန်းမြေမှာ နေရာတောင်ရှိပါတော့မလား"

ဤကဲ့သို့အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့အားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် လက်ခံရုံသာတတ်နိုင်တော့သည်။

အချိန်ဒီရေသည် ပြောင်းလဲနေကာ ခေတ်ကာလများရွေ့လျားနေသည်။

အလှည့်အပြောင်းတစ်ခုတွင် အကယ်၍မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်နိုင်ပါက ဝက်တစ်ကောင်ပင်လျှင် လေထုအတွင်း၌ ပျံသန်းနိုင်ပေမည်။

ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ လမ်းမှားကိုရွေးချယ်မိပါက သူတို့သည် တဖြည်းဖြည်းနှင့် မေ့လျော့ခံသမိုင်း​မြစ်ကြီးအတွင်းတွင် ပျောက်ကွယ်သွားပေမည်။

ဝှီး.....

ထိုအချိန်မှာပင် စူးရှသောလေတိုးသံတစ်သံကမြောက်အရပ်မှ ထွက်ပေါ်လာသည်။

လူတိုင်းသည် သူတို့၏အကြည့်များကို အလျင်စလို ရွှေ့ပြောင်းလိုက်ကြရာ အလင်းတန်းများ ဖြာထွက်နေခြင်းနှင့်အတူ သူတို့ထံသို့ဦးတည်၍ အရှိန်ကုန်မြှင့်ပြီးပျံသန်းလာသော လှေပျံတစ်စင်းကို အံ့အားသင့်ဖွယ်တွေ့မြင်လိုက်ရသည်။

ဤသည်မှာ အဝေး၌ရှိနေဆဲဖြစ်သော်လည်း သူတို့ပေါ်သို့ ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ် သက်ရောက်နေလေပြီ။

ဤကဲ့သို့ ရုန်းရင်းဆန်ခတ်မှုသည် ဖုံးကွယ်နေသော သက်ရှိများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့လေ၏။

ဥပမာအနေဖြင့် ပကတိနယ်မြေမှ တခြားအင်အားစုများပင်။

"အရှင်...အဲ့ဒီလူက အရှင့်အတွက် အသုံးဝင်နိုင်လောက်တယ်"

လေဟာနယ်အတွင်း၌ လူအိုကြီးတစ်ယောက်သည် လူလတ်ပိုင်းကြီးတစ်ယောက်ရှေ့၌ ရိုသေလေးစားစွာ မတ်တတ်ရပ်နေကာ ညင်သာစွာပြောဆိုသည်။

"သူ့မှာအရည်အချင်းရှိမရှိဆိုတာက....စောင့်ကြည့်ရအုံးမယ်"

လူလတ်ပိုင်းကြီးက အပြုံးနှင့်ပြောဆိုသည်။

"သူ့ရဲ့ပန်းပုထုတာနဲ့ပန်းချီဆွဲတာက ကြီးမားတဲ့စွမ်းအားကို ပြသနိုင်တယ်ဆိုပေမယ့်...ငါ့အတွက်တော့ မလုံလောက်သေးဘူး"

"ဘယ်လိုမျိုးဆိုရင် လုံလောက်ပြီလို့ ယူဆနိုင်တာလဲ"

လူအိုကြီးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"အနည်းဆုံးတော့ သူက ပိုင်ယန်နန်းတော်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အတော်အသင့် ခုခံကာကွယ်နိုင်ရမယ်"

လူလတ်ပိုင်းကြီးက တည်ငြိမ်အေးဆေးစွာပြောဆိုသည်။

"ငါ့အထင်တော့ ဒါက နည်းနည်းခက်လိမ့်မယ်"

လူအိုကြီးက ခါးသည်းစွာပြုံးလိုက်၏။

ပိုင်ယန်နန်းတော်က ပကတိနယ်မြေထဲမှာ နက်နဲသိမ်မွေ့တဲ့ အင်အားစုတစ်ခုပဲ..ပြီးတော့ လုကျမ်းရီရဲ့ကျင့်ကြံဆင့်နယ်ပယ်က ကောင်းကင် အင်မော်တယ်အဆင့်ထက် ကျော်နေပြီ..မြေကမ္ဘာအင်မော်တယ်တွေ အများကြီးပူးပေါင်းတိုက်ခိုက်ရင်တောင်မှ သူကို ခုခံနိုင်မှာမဟုတ်ဘူး"

"အမှန်ပဲ...ဒါက ခက်ခဲတယ်"

လူလတ်ပိုင်းကြီးက ရယ်မောလေသည်။

"ဒါပေမဲ့ ငါက သူ ပိုင်ယန်နန်းတော်ကို အနိုင်ယူနိုင်မယ်လို့ မျှော်လင့်မထားဘူး...ဘယ်လိုပဲပြောပြော အခုချိန်ကနေစပြီးတော့ သူ့ရဲ့လုပ်ဆောင်ချက်တွေက အနည်းဆုံးတော့ ငါ့ကိုစိတ်ကျေနပ်စေသင့်တယ်"

"တကယ်လို့ သူက ငါ စိတ်ကျေနပ်အောင်လုပ်နိုင်မယ်ဆိုရင်...ငါက ကြားဝင်စွက်ဖက်ပြီးတော့ သူ့ကို ကယ်တင်ရလိမ့်မယ်"

"တကယ်လို့ သူက အသုံးမကျတဲ့အမှိုက်ကောင်တကောင် ဖြစ်နေရင်တော့..သူသေမယ်ဆိုရင်လည်း သေသွားပါစေ...ငါ ကြားဝင်စွက်ဖက်ဖို့ မထိုက်တန်ဘူး"

"ဆရာပြောတာ အမှန်ပါပဲ"

လူအိုကြီးက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကိစ္စတွေက ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ကြည့်ကြစို့"

လူလတ်ပိုင်းကြီးက ရယ်ပြုံးကာ လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေပြီး ပြပွဲကောင်းတစ်ခုစတင်လာမည့်အချိန်ကို စောင့်ကြည့်နေလေ၏။

လှေပျံ၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်သည်။

အချိန်တခဏအတွင်းမှာပင် ထိုအရာသည်မြောက်ပင်လယ်ကုန်းမြေတစ်ဝက်ခန့်ကိုဖြတ်သန်းလာကာ ပိုင်အာမြို့၏အထက်သို့ ရောက်ရှိလာလေပြီ။

ဧရာမလှေပျံကြီးကြောင့် ပိုင်အာမြို့ပေါ်သို့ကြီးမားကျယ်ပြန့်သော ပုံရိပ်ကြီး လွှမ်းမိုးသွားသည်။

လုကျမ်းရီဦးဆောင်သော အစွမ်းထက်ကျင့်ကြံသူတစ်စုသည် ပိုင်အာမြို့ထံသို့ ငုံကြည့်လိုက်ကြ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့နန်တို့သားအဖ၏စိတ်နှလုံးသားများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

လှေပျံ၏လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုံသဏ္ဍာန်အရဖြစ်စေ လှေပျံပေါ်ရှိလူများ၏ အရှိန်အဝါများအရဖြစ်စေ ဤသည်မှာ ပိုင်ချင်ရီ၏နောက်ရှိပိုင်ယန်နန်းတော်မှ လှုပ်ရှားလာခြင်းဖြစ်ကြောင်း သူတို့ ပြောဆိုနိုင်သည်။

သူတို့အား ပို၍စိုးရိမ်ပူပန်စေသည်မှာ ဤလှေပျံပေါ်ရှိ အစွမ်းထက်ကျင့်ကြံသူများအနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ပိုင်ချင်ရီထက် အားနည်းမှုရှိမနေခြင်းပင်။

တခြားစကားပြောင်းဆိုရလျှင်....

သူတို့အားလုံးသည် အနည်းဆုံးကောင်းကင် အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားပေ၏။

ယဲ့နန်တို့သားအဖ၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားကာ သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားသည်။

ပိုင်ချင်ရီတစ်ယောက်တည်းဖြင့်ပင် မြောက်ပင်လယ်ကုန်းမြေကို ဝရုန်းသုန်းကားဖြစ်သွားစေလေရာ ဤမျှထိများပြားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဆိုပါက ဆိုဖွယ်ရာပင်မရှိချေ။

"အဖေ ကျွန်မတို့ ဘာလုပ်သင့်လဲ"

အတွေ့အကြုံမရှိသော ယဲ့ရီသည် ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရချိန်၌ သူမသည် ထိတ်လန့်ကြောက်ရွံ့သွားကာ စိုးရိမ်ပူပန်တကြီးဖြင့် ယဲ့နန်ကို အလျင်စလိုမေးမြန်းလိုက်သည်။

"ဘာမှမကြောက်နဲ့...ငါတို့ရဲ့နောက်မှာ ဆရာကြီးရှိနေတယ်"

ယဲ့နန်က သူမကို စိတ်အေးအေးထားရန် နှစ်သိမ့်ပေးလေ၏။

"ပြီးတော့ အဆိုးဆုံးအနေနဲ့ ငါတို့သေရုံပဲရှိတယ်"

"အမှန်ပဲ...ဆရာကြီးက ကျွန်မတို့ရဲ့နောက်မှာရှိနေတယ်"

အဖြူရောင်ဝတ်စုံဝတ်လူ၏ပုံရိပ်ကို တွေးတောမိချိန်တွင် ယဲ့ရီသည် သက်ပြင်းတစ်ချက်ရှိုက်ကာ သူမ၏စိတ်တည်ငြိမ်သွားသည်။

"ကိစ္စက တစတစ ပိုပြီးကြီးလာပြီ...ပိုင်ယန်နန်းတော်က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ဒီလောက်ထိ အမြန်ကြီးရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

နံဘေးဘက်မှ စောင့်ကြည့်နေကြသော မဟာဂိုဏ်းချုပ်လေးယောက်တို့သည် လုကျမ်းရီတို့လူစုကိုမြင်တွေ့ချိန်တွင် စတင်၍တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

"ငါတို့ ဘာလုပ်ကြမလဲ"

ယွင်ထန်းလုံက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

"သွားကြစို့...ဒါကငါတို့ဝင်ရှုပ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး"

လျှူကူရီက တည်ကြည်လေးနက်စွာပြောဆိုသည်။

"ဒါပေမဲ့ ငါတို့အတွက် ဒါက အခွင့်အရေးတစ်ခုမဟုတ်ဘူးလား"

ယွင်ထန်းလုံ၏မျက်လုံးများ တောက်ပနေကာ သူက တခြားလူသုံးယောက်ကို ကြည့်လိုက်သည်။

"ငါတို့အတွက်တော့ ဒါက ငါတို့ကိုယ်ငါတို့ ပြန်လည်ပြင်ဆင်နိုင်မယ့် အခွင့်အရေးတစ်ခုပဲ.. ငါတို့က ပိုင်ယန်နန်းတော်ဘက်မှာ နေလိုက်မယ်ဆိုရင်...တကယ်လို့ သူတို့နိုင်သွားတာနဲ့ ငါတို့က သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ကောင်းကောင်းမွန်မွန်နေရလိမ့်မယ်"

"ဒါမှမဟုတ်..."

"ချင်းနျူဂိုဏ်းက စီနီယာဘက်မှာ နေမယ်ဆိုရင် ....ငါတို့က ယဲ့နန်တို့သားအဖလို အခွင့်အရေးမျိုး ရလာနိုင်တယ်"

ထိုစကားကိုကြားချိန်၌ တခြားလူသုံးယောက်သည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

ယွင်ထန်းလုံသည် အချက်ကောင်းကို ထောက်ပြခဲ့ခြင်းပင်။

ဤသည်မှာ ယခုအချိန်၌ သူတို့သည် တစ်ဖက်ဖက်ကိုရွေးချယ်ရန်အတွက် အကောင်းမွန်ဆုံးအခွင့်အရေးပင်။

သူတို့၏ပါဝင်ပတ်သက်မှုသည် များစွာထိရောက်ခြင်းမရှိနိုင်သည့်တိုင် ဤကဲ့သို့အရေးကြီးသော တည်ရှိမှုကြီးများအတွက် လိုအပ်သည်မှာ ရပ်တည်ချက်တစ်ခုပင်။

သို့ရာတွင် တစ်ဖက်ဖက်ကိုရွေးချယ်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်ဖြစ်သလော....

အကယ်၍ သူတို့၏ရွေးချယ်မှုမှန်ကန်ပါက အဆင်ပြေပေမည်။သို့ရာတွင် အကယ်၍ သူတို့၏ရွေးချယ်မှုမှားယွင်းသွားပါက သူတို့သည် ဆိုးရွားသောအကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့ရပေမည်။

"ဒီတိုက်ပွဲမှာ ဘယ်ဘက်က အနိုင်ရနိုင်​ခြေများမယ်လို့ မင်းတို့ထင်လဲ"

လီချန်းဟိုင်က မေးမြန်းသည်။

"အခုလက်ရှိအခြေအနေအရ ခြုံငုံကြည့်ရင် ပန်းချီကားက အစွမ်းထက်ပေမယ့် တကယ်လို ချင်းနျူဂိုဏ်းက စီနီယာဆီမှာ ဘာဝှက်ဖဲမှထပ်ပြီးမရှိတော့ဘူးဆိုရင်...ပိုင်ယန်နန်းတော်ရဲ့အင်အားစုဖွဲ့မှုကို ဆန့်ကျင်နိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"

ယွင်ထန်းလုံက ပြောဆိုသည်။

"ဒါက အမှန်ပဲ"

လျှူကူရီက ပြောဆိုလိုက်၏။

"ဒါပေမဲ့ ချင်းနျူဂိုဏ်းကစီနီယာရဲ့အင်္ကျီလက်ထဲမှာ ဝှက်ဖဲတစ်ခုရှိမရှိဆိုတာ ဘယ်သူမှမပြောနိုင်ဘူး"

သူတို့သည် လျှူကူရီ၏စကားများအတွင်းမှ အကြောင်းပြချက်ကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင်....

သူတို့လေးယောက်သည် အကြပ်ရိုက်နေကာမည်ကဲ့သို့ရွေးချယ်ရမည်ကို မသိတော့ချေ။

"ထားလိုက်တော့...ငါတို့ကိုယ်ငါတို့ ရှင်သန်အောင်လုပ်ဖို့ကိုပဲ ဦးစားပေးလိုက်ကြရအောင်"

အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် လျှူကူရီက ပြောဆိုသည်။

ဝမ်ချန်းဟိုင်နှင့်ယွင်ထန်းလုံတို့သည်လည်း ခါးသည်းသောအပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြသည်။

ဤဆုံးဖြတ်ချက်ပြီးကိုပြုလုပ်ရန် အမှန်တကယ်ကို လွန်စွာခက်ခဲသော်လည်း သူတို့၏အသက်ရှင်သန်နိုင်ရေးသည် ဦးစားပေးကိစ္စဖြစ်သဖြင့် ဤနေရာမှ ထွက်ခွာသွားရပေမည်။

သူတို့သုံးယောက် ထွက်ခွာသွားတော့မည်အချိန်မှာပင် ကျန်းဟန်ထျန်းသည် ယဲ့နန်တို့သားအဖထံဦးတည်၍ လျှောက်လှမ်းသွားသည်ကို သူတို့သတိပြုလိုက်မိသည်။

"ကျန်းဟန်ထျန်း....နင် ဘာလုပ်တာလဲ"

လျှူကူရီက အလေးနက်ထားသောမျက်နှာဖြင့် အော်ဟစ်လိုက်သည်။

"ငါက ချင်းနျူဂိုဏ်းက စီနီယာဘက်ကနေ ရပ်တည်မယ်"

ကျန်းဟန်ထျန်းက စိတ်ပိုင်းဖြတ်ထားသောမျက်နှာဖြင့် ပြောဆိုသည်။

"နင်.."

ကျန်းဟန်ထျန်း၏ဆုံးဖြတ်ချက်ကြောင့် လျှူကူရီ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအမူအယာမျိုး ထင်ဟပ်လာသည်။

"နင်က ချင်းနျူဂိုဏ်းကစီနီယာ ရှုံးနိမ့်သွားမှာကိုမကြောက်ဘူးလား....သူတို့ အခုရင်ဆိုင်ရမှာက ပိုင်ယန်နန်းတော်တစ်ခုလုံးဆိုတာကိုလည်း နင့်ရဲ့စိတ်ထဲမှတ်ထားအုံး"

လျှူကူရီက သတိပေးလေ၏။

"ဒီလိုဆိုရင်လည်း ငါ ငရဲကို သွားလိုက်တာပေါ့... ငါက အခွင့်အရေးတွေအများကြီးကို လွဲချော်ခဲ့ပြီးပြီ..ဒီတစ်ခုကို ငါ ထပ်ပြီးတော့ မလွဲချော်ချင်တော့ဘူး"

ကျန်းဟန်ထျန်းသည် ပြတ်ပြတ်သားသားဖြင့် ယဲ့နန်တို့သားအဖထံ လျှောက်လှမ်းသွားသည်။ သူသည် လျှူကူရီတို့သုံးယောက်ကို ပြန်လှည့်ကြည့်ကာ သူ့၏လက်ကိုဝှေ့ယမ်းလိုက်၏။

"တကယ်လို့ မင်းတို့ထွက်သွားချင်တယ်ဆိုရင် သွားကြပါတော့"

ထိုမြင်ကွင်းကိုကြည့်ပြီး လျှူကူရီတို့သုံးယောက်သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

သို့ရာတွင် ပြောရမယ်ဆိုလျှင် သူတို့သည် ကျန်းဟန်ထျန်းကို အနည်းငယ်လေးစားကြည်ညိုမိသည်။ဤကဲ့သို့အချိန်မျိုးတွင် ရပ်တည်ချက်ခိုင်မာစွာနှင့်ပြတ်သားစွာ ဆုံးဖြတ်ချက်ချခဲ့သော သူ့၏ရဲတင်းမှုအတွက် သူတို့လေးစားကြည်ညိုမိလေ၏။

လျှူကူရီတို့သုံးယောက်သည် လေထုအတွင်းသို့ ပျံသန်းကာ တိုက်ပွဲကိုလေ့လာစောင့်ကြည့်ရန်အတွက် အဝေးတစ်နေရာသို့ ဆုတ်ခွာလိုက်သည်။

"ကျန်းဟန်ထျန်း....ဒါက မင်းလား"

ယဲ့နန်သည် အနီးသို့ချဉ်းကပ်လာသော ကျန်းဟန်ထျန်းကိုကြည့်ပြီး သူ့၏အသံတွင် အံ့အားသင့်မှုများနှင့်ပြည့်နှက်နေသည်။

"ငါက ဆရာကြီးဆီကနေ အခွင့်အရေးတစ်ခုကိုရခဲ့ဖူးတယ်....ငါ့ကိုယ်ငါ သူ့ရဲ့တပည့်တစ်ဝက်လို့ ယူဆလိုက်တယ်...ဒါကြောင့် ငါက မင်းတို့နဲ့အတူရပ်တည်မယ်"

ကျန်းဟန်ထျန်းသည် ယဲ့နန်နှင့်ဘေးချင်းယှဥ်၍မတ်တတ်ရပ်ကာ ​ပြတ်ပြတ်သားသားပြောဆိုသည်။

ယဲ့နန်တို့သားအဖသည် ပြောစရာစကားဆွံ့အနေကာ ကျန်းဟန်ထျန်းကိုကြည့်သော သူတို့၏အကြည့်များတွင် လေးစားကြည်ညိုခြင်းများနှင့်ပြည့်နှက်နေသည်။

ကျန်းဟန်ထျန်းသည် မည်သည့်ကွဲပြားခြားနားမှုမျိုးကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်သော်လည်း ဤကဲ့သို့အချိန်အခိုက်အတန့်တွင် သူတို့၏နံဘေး၌ရပ်တည်ခဲ့ခြင်းကပင် သူတို့၏စိတ်ကို လှုပ်ရှားစေသည်။

ပိုင်ချင်ရီက ယဲ့နန်တို့လူစုကို ခံစားချက်ကင်းမဲ့သောအကြည့်ဖြင့် စောင်းငဲ့ကြည့်ပြီးနောက် လုံးလုံးလျားလျား လျစ်လျူရှုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏မျက်လုံးအတွင်းတွင် ပန်းချီကားနှင့် ဤကိစ္စများ၏နောက်ကွယ်မှလူသာ ရှိနေသည်။ယဲ့နန်တို့လူစုသည် သူမ၏အာရုံစိုက်မှုကိုရရှိရန် မည်သို့မျှ မထိုက်တန်ချေ။

"ဆရာသခင်...ဒါက ကျွန်မရဲ့အမှတ်အသားသုံးခုကို ပျက်စီးသွားစေတဲ့စွမ်းအားကို ထုတ်လွှတ်ခဲ့တဲ့ပန်းချီကားပဲ"

ပိုင်ချင်ရီက ပန်းချီကားကို နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် စူးစိုက်၍ကြည့်လိုက်သည်။

"အရင်က ဆရာကိုပြောခဲ့တဲ့ ပန်းချီကားနဲ့ရုပ်တုကို အဲ့ဒီလူတစ်ယောက်တည်းက ဖန်တီးခဲ့တာပဲ"

"ဒါပေမဲ့ ကျွန်မက ရုပ်တုကို ဖျက်ဆီးခဲ့ပြီးပြီ...ဒီပန်းချီကားပဲ ကျန်တော့တယ်...ကျွန်မတို့တွေ ဒီပန်းချီကားကို ဖိနှိပ်နိုင်တာနဲ့...နောက်ကွယ်ကလူကို ကျွန်မတို့ ဖော်ထုတ်နိုင်လိမ့်မယ်"

"အရမ်းကောင်းတယ်""

လုကျမ်းရီ၏မျက်လုံးသူငယ်အိမ်များကျဉ်းမြောင်းသွားကာ သူသည် ပန်းချီကားကို စူးစိုက်၍ကြည့်လိုက်၏။ပြောရမည်ဆိုလျှင်ဤပန်းချီကားသည် သူ့အား ပြင်းထန်သောအန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနိုင်သည်။

သို့ရာတွင် သူသည် ထိတ်လန့်တကြားဖြစ်သွားခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်တွင် သူသည် ပိုင်ယန်နန်းတော်၏ အင်အားအများစုကိုခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

သူတို့ကို ပန်းချီကားတစ်ချပ်မှ ရင်ဆိုင်နိုင်မည်လော....

"ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...မင်းတို့ရဲ့စွမ်းအားတွေ ပူးပေါင်းပြီးတော့ ဝင်္ကပါတစ်ခုကိုခင်းကျင်းပြီး ဒီပန်းချီကားကို ဖျက်ဆီးရမယ်"

လုကျမ်းရီက အေးစက်တင်းမာစွာ အမိန့်ပေးသည်။

သူ့၏အသံ ကျရောက်သွားသည်နှင့် ဆယ်နှင့်ချီသော ကောင်းကင်အင်မော်တယ်များသည် လှေပျံပေါ်မှဆင်းသက်ကာ အရပ်မျက်နှာအဘက်ဘက်မှနေ၍ ပန်းချီကားကိုဝိုင်းရံလိုက်ကြသည်။

"ဝင်္ကပါကို အသက်သွင်းတော့"

ဦးဆောင်သူဖြစ်သော လုကျမ်းရီသည် လက်စည်းတံဆိပ်များကိုဖွဲ့စည်းပြီးနောက် အစွမ်းထက်သောအားလှိုင်းတစ်ရပ်က ပန်းချီကားထံသို့ဦးတည်၍ ပျံ့နှံ့သွားသည်။

တခြားလူများသည်လည်း တစ်ချိန်တည်းလှုပ်ရှားလိုက်ကြကာ သူတို့၏စွမ်းအားများကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင်....

ဆယ်နှင့်ချီသောကောင်းကင်အင်မော်တယ်များ၏စွမ်းအားများ အတူတကွစုစည်းသွားကာ ဝင်္ကပါ၏စွမ်းအားမြှင့်တင်ပေးခြင်းကို ခံရပြီးနောက် စွမ်းအားလှောင်အိမ်ကြီးတစ်ခုဖြင့် ပန်းချီကားကို ပိတ်လှောင်လိုက်၏။

ပန်းချီကားမှနေ၍ ရွှေရောင်အလင်းတန်းများဖြာထွက်လာကာ အမျိုးသမီးရုပ်ပုံ၏ မျက်လုံးအတွင်းမှနေ၍ အလင်းတန်းများအဆက်မပြတ် ပျံ့လွင့်လာသည်။

သို့ရာတွင် အလင်းတန်းများ၏စွမ်းအားသည် တိုက်ခိုက်နေသော ထိပ်သီးကျင့်ကြံသူများပေါ်သို့ ဖြန့်ကျက်၍ကျရောက်နေသဖြင့် အစစ်အမှန်သက်ရောက်မှုမျိုးရရှိရန် လွန်စွာခက်ခဲသည်။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ပန်းချီကား၏တောက်ပမှုသည် တဖြည်းဖြည်းမှေးမှိန်သွားကာ ထိုအရာမှ ထုတ်လုပ်လိုက်သောတိုက်ခိုက်မှုများသည်လည်း အားနည်းစပြုလာသည်။

နောက်ဆုံး၌....

ပန်းချီကား၏စွမ်းအားများ ကုန်ဆုံးသွားလေပြီ။

လုကျမ်းရီသည် ဝင်္ကပါကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သူ့၏လက်ကို လှုပ်ခတ်လိုက်သည်။ စူးရှသောလက်သည်းပုံရိပ်ယောင်တစ်ခုက လေဟာနယ်ကိုဖြတ်သန်း၍ ပန်းချီကားကိုတိုက်ရိုက်ဆုတ်ဖြဲလိုက်၏။

ဗြိ...

ပန်းချီကားသည် ချက်ချင်းဆိုသလိုပင် စက္ကူအစအနများအဖြစ် ပြောင်းလဲသွားပြီး စွမ်းအားများအားလုံး ဆုံးရှုံးသွားတော့သည်။

"ဟား ဟား ဟား ဟား"

ထိုမြင်ကွင်းကိုကြည့်ပြီး လှေပျံပေါ်တွင် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် မတ်တတ်ရပ်နေသော ပိုင်ချင်ရီသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

ယခင်က ဤပန်းချီကား၏စွမ်းအားကြောင့် သူမသည် အလွန်အမင်းအရှက်ကွဲသောပုံစံနှင့် ထွက်ပြေးခဲ့ရသည်။ယခုလက်ရှိအချိန်၌ ပိုင်ယန်နန်းတော်၏စွမ်းအားအောက်တွင် ထိုအရာသည် အမှိုက်စက္ကူတစ်ရွက်ထက် မပိုတော့ချေ။

Chapter 452

ပန်းချီကားကိုဖျက်ဆီးပြီးနောက် လုကျမ်းရီ ပိုင်ချင်ရီနှင့် ပိုင်ယန်နန်းတော်မှ ကျင့်ကြံသူများ၏အကြည့်များသည် နောက်ဆုံး၌ ယဲ့နန်လူစုပေါ်သို့ ကျရောက်လာသည်။

"ပန်းချီကားက ပျက်စီးသွားပြီ...မင်းတို့ရဲ့အဓိကမှီခိုအားထားရာကြီး မရှိတော့ဘူး....တကယ်လို့မင်းတို့မှာ လှည့်ကွက်တခုခုကျန်နေဦးမယ်ဆိုရင် အခုချက်ချင်း အသုံးပြုလိုက်စမ်း...မဟုတ်ရင် မင်းတို့မှာ တခြားအခွင့်အရေးရှိတော့မှာမဟုတ်ဘူး"

လုကျမ်းရီသည် ယဲ့နန်တို့ကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ထိုအခြင်းအရာကိုကြည့်ပြီး ကျန်းဟန်ထျန်းသည် ယဲ့နန်ကို လှည့်ကြည့်လိုက်၏။

"ယဲ့နန်...မင်းမှာ ပန်းချီကား ဒါမှမဟုတ် ပန်းပုရုပ်ထုတို့လိုမျိုး တစ်ခုခုရှိသေးလား"

ကျန်းဟန်ထျန်းက စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းသည်။

ထိုစကားကိုကြားချိန်တွင် ယဲ့နန်၏မျက်နှာသည် အဆုံးစွန်ဆုံးအဆင့်ထိ တည်ကြည်လေးနက်ကာ ရှုံမဲ့သွားသည်။

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် သူသည် ကျန်းဟန်ထျန်းကိုကြည့်ပြီး ခေါင်းခါပြလေသည်။

ကျန်းဟန်ထျန်းသည် သူ့၏နှုတ်ခမ်းကိုကိုက်လိုက်ကာ သူ့၏မျက်နှာထက်တွင် မလိုလားသောအရိပ်အရောင်များ ထင်ဟပ်နေသော်လည်း သူသည် တခြားမည်သည့်စကားကိုမျှ ထပ်မံပြောဆိုခြင်းမရှိချေ။

"မင်းတို့မှာ ဘာလှည့်ကွက်မှမရှိတော့ဘူးဆိုရင် ...မင်းတို့ရဲ့နောက်မှာရှိနေတဲ့ ဆရာကြီးဆိုတဲ့ကောင်ကို ထွက်လာဖို့ မြန်မြန်အကြောင်းကြားလိုက်စမ်း...သူ့ရဲ့သေကြေပျက်စီးခြင်းကို သူကြုံတွေ့ရမယ်...သူရဲဘောကြောင်တဲ့ လိပ်တစ်ကောင်လို ထပ်ပြီးပုန်းမနေခိုင်းစမ်းနဲ့"

လုကျမ်းရီက အေးစက်စက်မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

"မဟုတ်ရင်လည်း...ငါကိုယ်တိုင် သူ့ကိုသွားရှာရလိမ့်မယ်"

"ဟမ့်...အပျော်လွန်တာ မစောစမ်းနဲ့"

ဤအခြေအနေအတွင်း၌ပင် ယဲ့နန်သည် ယိမ်းယိုင်သွားခြင်းမရှိချေ။ထိုအစား သူသည် ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာအမူအယာဖြင့် သူ့၏ခေါင်းကိုမော့ကာ ပြောဆိုသည်။

"ငါတို့မှာ မင်းတို့ကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိရုံလေးသက်သက်ပဲ...ဆရာကြီးရဲ့အင်္ကျီလက်ထဲမှာ ဘာဝှက်ဖဲမှမရှိတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး"

"ဟား ဟား ဟား ဟား....တကယ်တော်တဲ့ ဆရာကြီးပဲ"

လုကျမ်းရီက လှောင်ပြောင်သရော်လိုက်သည်။

"တကယ်လို့ မင်းတို့ပြောနေတဲ့ ဆရာကြီးကအရမ်းအစွမ်းထက်တယ်ဆိုရင်...ဘာလို့ တစ်ချိန်လုံး သူ့ကိုယ်သူ ထုတ်မပြခဲ့တာလဲ"

"သူက ငါတို့ပိုင်ယန်နန်းတော်ရဲ့အင်အားစုဖွဲ့မှုကို မြင်တဲ့အချိန်မှာ ထိတ်လန့်ကြောက်ရွံ့နေလောက်ပြီလို့ ငါသံသယဝင်မိတယ်"

လုကျမ်းရီက အလေးနက်ထားသောလေသံဖြင့်ပြောဆိုသည်။

"တကယ်လို့ အဲ့ဒီလိုမဟုတ်ရင် သူ ဘာလို့ထွက်မလာတာလဲဆိုတဲ့ အကြောင်းပြချက် ငါ့ကိုပေးစမ်းပါ"

လုကျမ်းရီ၏စကားများသည် ယဲ့နန်တို့လူစု၏စိတ်ကို ရိုက်ခတ်မိသွားကာ သူတို့၏ဆုံးဖြတ်ချက်အတွက် ကြီးလေးသောထိုးနှက်ချက်တစ်ခုကို ရင်ဆိုင်လိုက်ရသည်။

"အဖေ...ဖြစ်နိုင်တာတော့ ဆရာကြီးက တကယ့်ကိုပဲ...."

ယဲ့ရီက စိတ်မသက်မသာဖြစ်သွားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။

ကျန်းဟန်ထျန်းသည်လည်း ယဲ့နန်ကိုကြည့်လိုက်၏။

"မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး"

ယဲ့နန်သည် အံ့တင်းတင်းကြိတ်ထားကာ သူ့၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် သူသည် သူ့၏ယုံကြည်ချက်ကိုနက်ရှိုင်းစွာ ဆုပ်ကိုင်ထားခဲ့သော်လည်း ရီဖုန်းသည် ယခုထိတိုင် မည်သည့်ကြောင့် ထွက်ပေါ်မလာသည်ကို သူ ရှင်းပြနိုင်ခြင်းမရှိချေ။

ယဲ့နန်သည် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး အချိန်အတော်ကြာသည်အထိ မည်သည့်စကားမျှ မပြောဆိုနိုင်သည်ကိုကြည့်ပြီး လုကျမ်းရီ၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်မူများဖြင့် ပြည့်နှက်နေသည်။

အမှန်တကယ်ကို သူ မျှော်လင့်ထားသည့်အတိုင်းပင်...

သူသည် ရီဖုန်း၏ခွန်အားနှင့်ပတ်သက်ပြီး အထူးနည်းလမ်းတစ်ခုခုဖြင့် ကျင့်ကြံထားသော တစုံတစ်ယောက်ဖြစ်မည်ဟု သူ ကောက်ချက်ချထားပြီးဖြစ်သည်။

ထိုလူများသည် အဆောင်လက်ဖွဲ့များကိုထိန်းချုပ်ခြင်း သို့မဟုတ် သားရဲများကိုထိန်းချုပ်ခြင်း စသောကိစ္စများကို လုပ်ဆောင်နိုင်ကြသည်။တစ်ချို့သည် ကွယ်လွန်သွားသောစိတ်ဝိညာဥ်များကိုပင်လသူတို့၏အကူအညီများအဖြစ် အသုံးပြုနိုင်သည်။မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ကျင့်ကြံသူအမျိုးအစားသည် ထူးဆန်းသောအရာအမျိုးမျိုးကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

သို့ရာတွင် သူတို့၏နည်းစနစ်များ မည်သို့ပင်ရှိနေပါစေ သူတို့ထံတွင် တူညီသောဝိသေသလက္ခဏာတစ်ရပ်ရှိနေသည်။ဤသည်မှာ သူတို့၏ကိုယ်ပိုင်စွမ်းအားသည် သန်မာအားကောင်းမှုမရှိခြင်းပင်။

ဥပမာအနေဖြင့် ပကတိနယ်မြေအတွင်းတွင် ရုပ်သေးပညာရပ်ဖြင့် နာမည်ကျော်ကြားသည့် ထန်ဂိုဏ်းဟုခေါ်သော ဂိုဏ်းတစ်ဂိုဏ်းရှိသည်။

သူတို့ထိန်းချုပ်သော ရုပ်သေးများတွင် နက်နဲသိမ်မွေ့သော တိုက်ခိုက်မှုစွမ်းအားများရှိနေသည်။သို့ရာတွင် ထိုကျင့်ကြံသူများကိုယ်တိုင်သည် သူတို့ထိန်းချုပ်သောရုပ်သေးများလောက် အားကောင်းခြင်းမရှိချေ။

ထိုကြောင့် ယဲ့နန်ပြောဆိုနေသော ဆရာကြီးဟူသည်မှာ....

သူသည် ထိုကဲ့သို့ လူတစ်ယောက်ဖြစ်ပေမည်။

တစ်ခုတည်းသော ကွဲပြားခြားနားချက်မှာ သူသည် ရုပ်သေးရုပ်များ ကွယ်လွန်သူစိတ်ဝိညာဉ်များကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ သူသည် ယခင်ကပျက်စီးသွားခဲ့သော သစ်သားပန်းပုရုပ်နဲ့ပန်းချီကားချပ်ကဲ့သို့ အရာများကို အသုံးပြုခြင်းပင်။

ထို့ကြောင့် မည်သည့်ဝှက်ဖဲမျှမရှိသော ဤသမားရိုးကျမဟုတ်သည့် ကျင့်ကြံသူကို ထိတ်လန့်ကြောက်ရွံ့နေရန်အတွက် မထိုက်တန်ချေ။

ထို့ပြင် ရီဖုန်း၏ အချိန်အတော်ကြာသည့်တိုင် ရောက်ရှိမလာမှုသည် သူ့၏အတွေးများကို ထပ်မံ၍အတည်ပြုလိုက်သည်အလားပင်။

အဝေးတစ်နေရာ၌...

လျှူကူရီတို့သုံးယောက်သည် ထိုအခြေအနေကိုကြည့်ပြီးနောက် သူတို့၏ခေါင်းများကိုခါယမ်းကာ လေးလံစွာသက်ပြင်းရှိုက်လိုက်၏။

ကျန်းဟန်ထျန်းသည် အမှန်တကယ်ကိုပင် မှားယွင်းသောလှုပ်ရှားမှုကို ပြုလုပ်ခဲ့မိသည်။

ချင်းနျူဂိုဏ်းမှစီနီယာသည် သန်မာအားကောင်းသော်လည်း ယခုတွင် သူတို့သည် ပိုင်ယန်နန်းတော်တစ်ခုလုံးနှင့် ရင်ဆိုင်ရပေမည်။

ကြည့်ရသည်မှာ ယခုချိန်ထိ သူထွက်ပေါ်မလာသဖြင့် သူသည် ပိုင်ယန်နန်းတော်ကို အမှန်တကယ်ကြောက်ရွံ့နေခြင်း ဖြစ်ပေမည်။

ပိုင်ယန်နန်းတော်၏နည်းလမ်းများအရ ကျန်းဟန်ထျန်းသည် သူတို့၏ရန်သူအဖြစ် ရပ်တည်ခဲ့သောကြောင့် ဟန်ထျန်းဓားအိမ်တော်သည်လည်း ဆက်လက်၍တည်ရှိနိုင်တော့မည်မဟုတ်ချေ။

တခြားတစ်ဖက်ရှိ လေဟာနယ်အတွင်းတွင် လူလတ်ပိုင်းကြီးတစ်ယောက်နှင့်လူအိုကြီးတစ်ယောက်က ထိုမြင်ကွင်းကို စောင့်ကြည့်နေသည်။

"ဆရာ...မင်း ဘယ်လိုထင်လဲ"

လူအိုကြီးက မေးမြန်းသည်။

"အဲ့ဒီလူက ထန်ဂိုဏ်းကလူတွေနဲ့ အတူတူဖြစ်နေမှာကို ငါလည်း စိုးရိမ်မိတယ်..အများဆုံးအနေနဲ့သူက သူ့ရဲ့ပန်းချီကားတွေနဲ့သစ်သားပန်းပုရုပ်တွေကစွမ်းအားကို ဖြန့်ကျက်နိုင်ရုံပဲရှိလိမ့်မယ်"

လူလတ်ပိုင်းကြီးက တုံ့ပြန်သည်။

"ငါက ငါအသုံးချနိုင်လောက်တဲ့ အလားအလာရှိတဲ့ပါရမီရှင်တစ်ယောက်ကို တွေ့ခဲ့ပြီလို့ ငါတွေးထင်ခဲ့တာ..ဒါပေမဲ့ အခုကြည့်ရတာတော့ ငါ သူ့ကို ပိုပြီးခန့်မှန်းခဲ့မိပုံပဲ"

သူသည် ဆက်လက်၍ပြောဆိုကာ သူ့၏ခေါင်းကို ခါယမ်းလိုက်၏။

"ကောင်းပြီလေ...မင်းတို့သုံးယောက်က ခွင့်လွှတ်ဖို့အတွက် အသနားမခံကြဘူးလား"

ထိုအချိန်မှာပင် လုကျမ်းရီသည် ယဲ့နန်တို့သုံးယောက်ကိုစိုက်ကြည့်ကာ ရေခဲတမျှအေးစက်သောအသံဖြင့် ပြောဆိုသည်။

"ဟမ့်...ငါတို့က ဆရာကြီးရဲ့နောက်လိုက်တွေပဲ...ငါတို့က မင်းတို့ကို အရှုံးမပေးနိုင်ဘူး"

ယဲ့နန်က ခိုင်မာပြတ်သားစွာ ပြောဆိုသည်။

"သူ ထွက်ပေါ်လာမှာ သေချာတယ်...သူက မင်းတို့ကို ညှာတာပေးမှာမဟုတ်ဘူး"

"အိုး..."

"ခွဲဖို့ခက်တဲ့ အခွံမာသီးတွေပဲ...ဟမ့်..."

လုကျမ်းရီ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ သူ့၏လက်ဝါးကိုမြှောက်၍ ထိုလူသုံးယောက်ထံဦးတည်ပြီး ရိုက်နှက်လိုက်သည်။

ဘုန်း...

ဤကဲ့သို့ကြီးမားသောစွမ်းအောက်တွင် သူတို့သုံးယောက်၏ပါးစပ်မှ သွေးများအန်ထွက်လာကာ သူတို့၏ခန္ဓာကိုယ်အောက်ပိုင်းများ မြေကြီးအတွင်းသို့ နစ်ဝင်သွားသည်။သူတို့၏မျက်နှာများသည် အလွန်အမင်းဖြူရော်သွားပေ၏။

"ဟမ့်...ငါ မင်းတို့ကို အမှန်အတိုင်း​ပြောလိုက်မယ်....မင်းတို့ဆရာကြီးလို့ ခေါ်နေတဲ့ကောင်က ထွက်ပြေးသွားလောက်ပြီ...ဘာလို့လဲဆိုရင် သူ့မှာက ပန်းချီကားနဲ့သစ်သားပန်းပုရုပ်တွေကိုအသုံးပြုနိုင်တဲ့ အရည်အချင်းပဲရှိတာ...အခု အဲ့ဒီအရာတွေ ပျက်စီးသွားတာကြောင့် သူကထွက်ပေါ်လာဝံ့မှာမဟုတ်ဘူး"

"တကယ်တော့ မင်းတို့ စိတ်အေးအေးထားကြပါ..သူက ငါတပည့်ရဲ့အမှတ်အသားသုံးခုကိုဖျက်ဆီးခဲ့မှတော့ သူ ဘယ်နေရာကိုပဲ ထွက်ပြေးနေပါစေ....ငါက သူ့ကို ဖမ်းဆီးရလိမ့်မယ်"

လုကျမ်းရီသည် သရော်တော်တော်အမူအယာဖြင့်ပြောဆိုကာ ယဲ့နန်ကို လှောင်ပြောင်သရော်လိုက်သည်။

"ဟမ့်..."

"ဆရာကြီးရဲ့အရည်အချင်းတွေက သစ်သားပန်းပုထုတာနဲ့ပန်းချီဆွဲတာမှာပဲ အကန့်အသတ်ရှိတယ်လို့ ဘယ်သူ ပြောတာလဲ"

ယဲ့နန်က ခေါင်းကိုမော့ကာ သရော်တော်တော်အမူအယာဖြင့် တုံ့ပြန်သည်။

"အဲဒီပစ္စည်းတွေက ငါတို့ရဲ့ဆရာကြီး သူ့ရဲ့တပည့်ကို အချိန်လဝက်အတွင်းမှာ သင်ကြားပေးခဲ့တဲ့ အရာလေးတွေပဲ...အများဆုံးအနေနဲ့ သူက အဲ့ဒီပန်းချီကားပေါ်မှာ စုတ်ချက်နည်းနည်းလောက်ရေးဆွဲခဲ့ရုံပဲရှိတယ်"

"ငါတို့ရဲ့ဆရာကြီးက ဒီလိုအဆင့်ရှိတဲ့ ပန်းပုရုပ်ထုနဲ့ပန်းချီကားတွေကို အလွယ်လေးဖန်တီးနိုင်တယ်"

"ဟား ဟား ဟား ဟား"

ယဲ့နန်၏စကားများကြောင့် ပိုင်ယန်နန်းတော်မှလူများ၏မျက်နှာများပေါ်တွင် သရော်တော်တော်အပြုံးများ ထင်ဟပ်လာသည်။

"ဒါတွေကို အလွယ်တကူဖန်တီးနိုင်တာလား"

"ဖြစ်နိုင်တာတော့ ပကတိနယ်မြေကိုတည်ထောင်ခဲ့တဲ့ဘိုးဘေးတောင် ဒီလိုရုပ်ထုနဲ့ပန်းချီကားတွေကို ပေါ့ပေါ့တန်တန်ဖန်တီးနိုင်တဲ့အရည်အချင်းမျိုး ရှိနိုင်ပါ့မလား...သူကဘယ်လိုလူစားမျိုးမို့လို့ ဒီလိုမျိုးအတင်ရဲတဲ့စကားတွေကို ထုတ်ဖော်ပြောဆိုဝံ့တာလဲ"

လုကျမ်းရီက ဒေါသတကြီးအော်ဟစ်လိုက်၏။

"ဟမ့်..."

"ပိုးဖလံကောင်တွေက ပူပြင်းတဲ့နေမင်းကြီးရဲ့ရောင်ခြည်ကို မသိကြဘူး...မင်းတို့က ဒါကိုမယုံကြည်မှာ မဟုတ်ပေမယ့်...မင်းတို့က ငါတို့ဆရာကြီးရဲ့အစွမ်းအစကိုသိဖို့ အရည်အချင်းမမီဘူး"

ယဲ့နန်က အသက်နက်ကြီးဖြင့် ပြောဆိုသည်။

လုကျမ်းရီ၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ၏မျက်နှာမှ ကြွက်သားများ အထိန်းအကွပ်မဲ့စွာ ရှုံမဲ့သွားသည်။သူ့၏မျက်နှာပေါ်တွင် မှုန်တေတေ​အမူအယာတစ်ရပ် ထင်ဟပ်လာပေ၏။

အကယ်၍ သာမန်အခြေအနေမျိုးအောက်တွင်ဆိုပါက သူသည် ယဲ့နန်ကို လက်ဝါးတစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ရိုက်နှက်နိုင်သည်။

သို့ရာတွင် သူ အချိန်ဆွဲနေခဲ့သည်။

အကြောင်းအရင်းမှာ ဤသမားရိုးကျမဟုတ်သော ကျင့်ကြံသူထံတွင် ထွက်ပြေးရန်အတွက်နည်းလမ်းတချို့ သေချာပေါက်ရှိနေပေမည်။

အထူးသဖြင့် ပန်းချီကားနဲ့ရုပ်ထုပျက်စီးသွားခြင်းကြောင့် ဤအရာများ၏နောက်ကွယ်မှလူကို ဖမ်းဆီးရန် အမှန်တကယ်မလွယ်ကူတော့ချေ။

တစ်ခုတည်းသောနည်းလမ်းမှာ ယဲ့နန်တို့လူစုကို ရန်စ၍ ဖိအားပေးပြီး ထိုလူအားထွက်ပေါ်လာစေခြင်းဖြင့် သူ့၏အင်အားစိုက်ထုတ်ရမှုအား များစွာသက်သာစေပေမည်။

ဤသည်ကြောင့် ယဲ့နန်သည် သူနှင့်အပိုစကားများစွာပြောဆိုပြီး အချိန်ဖြုန်းနိုင်ခွင့်ရရှိနေခြင်းပင်။

"သူ့ကိုခေါ်ထုတ်ဖို့ ငါ မင်းတို့ကို အခွင့်အရေးတစ်ခုထပ်ပေးမယ်...သူ့ရဲ့လက်ရာဖြစ်တဲ့ ပန်းပုရုပ်ထုတွေနဲ့ပန်းချီကားတွေက ဘယ်လောက်ထိကြောက်ဖို့ကောင်းတယ်ဆိုတာ ငါတို့ ကြည့်ကြရအောင်"

လုကျမ်းရီက သရော်တော်တော်ပြောဆိုသည်။

သို့ရာတွင်...

သူ၏စကားလုံးများ ပျက်ပြယ်သွားသောအချိန်မှာပင် အနီးမှနေ၍ အလင်းတန်းတတန်းဖြာထွက်လာသည်နှင့်အတူ လေတိုးသံတစ်သံကို ကြားလိုက်ရသည်။

"အို ဘုရားရေ....အို ဘုရားရေ..."

"ဒါက အခုလို အဆင်ခြင်မဲ့တဲ့တောင်းဆိုမှုတစ်ခုကို ငါ ကြုံတွေ့ရတဲ့ပထမဆုံးအကြိမ်ပဲ"

"ဒီလိုဆိုမှတော့ ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

Chapter 453

ရုတ်တရက်ထွက်ပေါ်လာသောအသံသည်လေထုကိုထွင်းဖောက်လာကာ လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏စိတ်အာရုံများကို ဖမ်းစားသွားနိုင်ခဲ့သည်။ထွက်ခွာသွားရန်ဟန်ပြင်နေခဲ့သော လူလတ်ပိုင်းကြီးနှင့်လူအိုကြီးပင်လျှင် အဝေးတစ်နေရာ၌ရပ်တန့်ကာ သူတို့၏ခေါင်းများကို ပြန်လှည့်ကြည့်လိုက်ကြ၏။

သူတို့သည် တိုက်ပွဲ၏အပျက်အစီးများအလယ်မှနေ၍ လူငယ်တစ်ယောက်သည် နောက်ကျောပေါ်တွင် အိတ်တစ်အိတ်ကိုသယ်ဆောင်လာကာ သူတို့ထံဦးတည်၍ ​ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်ကို တွေ့မြင်မိသည်။ထိုလူငယ်သည် လမ်းလျှောက်နေရင်း တီးတိုးရေရွတ်နေသည်။

"အစတုန်းကတော့ ဒီလိုအခြေအနေမျိုးကို ငါတစ်ယောက်တည်း ရင်ဆိုင်ရမယ်ဆိုရင် ...အသက်ရှင်သန်နိုင်ဖို့ အခွင့်အရေးက အပုံတစ်သောင်းမှာ တစ်ပုံပဲရှိမယ်"

"ဒါပေမဲ့ အခုကတော့ အပုံ ထရီလီယံ ထရီလီယံ ထရီလီယံ ထရီလီယံ ထရီလီယံ ထရီလီယံရဲ့ တစ်ပုံလောက်ပဲ ဖြစ်နိုင်တော့တယ်"

"အစွမ်းထက်တဲ့ ဆရာသခင်တစ်ယောက်ရှိတာ အရမ်းကောင်းတာပဲ"

"ဒီဘဝအတွင်းမှာ ငါက နတ်ဘုရားတစ်ပါးဖြစ်လာဖို့ မျှော်လင့်ချက်ရှိလာပြီးတော့...အချိန်မတိုင်ခင် သေရမှာကို ကြောက်နေစရာမလိုတော့ဘူး"

သူသည် တီးတိုးရေရွတ်ပြီးနောက် မသိလိုက်မသိဘာသာဖြင့် သူ့၏ခန္ဓာကိုယ်နောက်ကျောမှ အိတ်ကို ပုတ်လိုက်သည်။

"ဒါက သခင်လေးဝူ...ဒါက တကယ့်ကို သခင်လေးဝူပဲ"

"ငါတို့ ကယ်တင်ခံရတော့မယ်"

ယခုရောက်ရှိလာသူကိုကြည့်ပြီး ယဲ့နန်နှင့်ယဲ့ရီတို့သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။ကျန်းဟန်ထျန်း၏မျက်နှာပေါ်ရှိ မလိုလားမှုများပင်လျှင် ချက်ချင်းပျက်ပြယ်သွားလေ၏။အဝေးတစ်နေရာမှနေ၍တိုက်ပွဲကိုစူးစမ်းလေ့လာနေကြသော လျှူကူရီတို့သုံးယောက်၏မျက်နှာများပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ဖြစ်နိုင်သည်မှာ အပြောင်းအလဲတစ်ခု ဖြစ်ပွားလာတော့မည်လော....

ရီဖုန်းကိုယ်တိုင် ထွက်ပေါ်လာခြင်းမရှိသော်လည်း ဝူချန်အန်းသည် ချင်းနျူဂိုဏ်းမှဂိုဏ်းသားတစ်ယောက်ဖြစ်ကာ ရီဖုန်းနှင့် အတူနေထိုင်သူဖြစ်ကြောင်း သူတို့ ကောင်းစွာသတိပြုမိသည်။

"မင်းက သူတို့ ဆရာကြီးလို့ ခေါ်နေတဲ့လူလား"

လုကျမ်းရီသည် အဝေးမှနေ၍ သူတို့ထံသို့ လျှောက်လှမ်းလာသောလူငယ်ကို စူးစိုက်ကြည့်ကာ အလေးနက်ထားသောလေသံဖြင့် မေးမြန်းသည်။

"အိုး မဟုတ်ဘူး..ငါက မဟုတ်ပါဘူး"

ဝူချန်အန်းက သူ့၏ခေါင်းကိုမော့ကာ ပြောဆိုသည်။

"ငါက သူ့ရဲ့တပည့်လေးတစ်ယောက်ပါ"

"တပည့်လား"

လုကျမ်းရီ၏မျက်နှာ သုန်မှုန်သွားကာ သူကအေးစက်တင်းမာစွာ ပြောဆိုလိုက်၏။

"သူက အရမ်းကြောက်နေတာကြောင့် ပုန်းအောင်းနေပြီးတော့ ထွက်မလာတာလား... ဒါကြောင့် သူက မင်းလိုမျိုးတပည့်တစ်ယောက်ကို အသေခံဖို့လွှတ်လိုက်တာမဟုတ်လား"

ဝူချန်အန်းက လုကျမ်းရီကို ခံစားချက်ကင်းမဲ့စွာဖြင့်စောင်းငဲ့ကြည့်ကာက တည်ငြိမ်စွာပြောဆိုသည်။

"ငါ့ရဲ့ဆရာက တောင်ပေါ်မှာ အကတမျိုးကိုလေ့ကျင့်နေပြီးတော့ နောက်ကျတဲ့အထိ အလုပ်ရှုပ်နေခဲ့တယ်...ဒါကြောင့် သူ့မှာ မင်းတို့အားလုံးကိုရင်ဆိုင်ဖို့အတွက် အချိန်မရှိဘူး"

"တကယ်တော့ မင်းတို့လို ပန်းသီးပုပ်တစ်သိုက်ကိုရင်ဆိုင်ဖို့ဆိုတာ...ဆရာကြီးကိုယ်တိုင် ဆောင်ရွက်ဖို့လည်း မလိုအပ်ပါဘူး"

"ဟား ဟား ဟား ဟား...မင်းက တော်တော်လေးစကားကြီးစကားကျယ် ပြောတတ်တာပဲ...မင်း တအားလေကြီးလွန်းလို့ မင်းရဲ့လျှာ ထွက်ကျလာမှာကို မင်း မကြောက်ဘူးလား"

လုကျမ်းရီက ရေခဲတမျှအေးစက်သောအသံဖြင့် ပြောဆိုလေသည်။

"ပိုင်ယန်နန်းတော်ကို ရင်ဆိုင်ဖို့အတွက် မင်းလိုမျိုးတစ်ပည့်တစ်ယောက်ကို စေလွှတ်လိုက်တာက အလွယ်ပြောရရင် သေလမ်းလာရှာခိုင်းတာပဲ"

"နေကြပါအုံး...မင်းတို့ တစ်ခုခုကို နားလည်မှုလွဲနေပြီလို့ ငါ ထင်တယ်"

ဝူချန်အန်းက အလျှင်အမြန်ပြောဆိုသည်။

"အမ်...."

လုကျမ်းရီက ဝူချန်အန်းကို စူးစိုက်၍ကြည့်လိုက်သည်။

"ငါက မင်းတို့ကို ရင်ဆိုင်ဖို့ ဒီနေရာကို ရောက်လာတာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါကလည်း ဆရာကြီးရဲ့တပည့်တစ်ယောက်လေ... ငါကိုယ်တိုင် မင်းတို့ကိုရင်ဆိုင်လိုက်မယ်ဆိုရင် ငါ့ရဲ့အဆင့်အတန်းက အရမ်းနိမ့်ကျသွားလိမ့်မယ်"

ဝူချန်အန်းက တည်ငြိမ်စွာပြောဆိုသည်။

ထို့နောက် သူသည် သူ့၏နောက်ကျောရှိအိတ်ကိုမြေပြင်ပေါ်သို့ချကာ အဝတွင်စည်းထားသောကြိုးကို ​ဖြည်းညှင်းစွာ​ဖြည်လိုက်၏။

ထိုကြိုးကိုဖြည်နေစဉ်အတောအတွင်းတွင် သူကပေါ့ပေါ့တန်တန် ပြောဆိုသည်။

"မင်းက ငါဆရာရဲ့သစ်သားပန်းပုရုပ်တွေကို မြင်ချင်နေတာမဟုတ်လား"

"ငါက မင်းကို စိတ်ကျေနပ်အောင် လုပ်ပေးမယ်"

ထိုစကားကိုကြားချိန်၌ လုကျမ်းရီတို့လူစုသည် သူတို့၏အကြည့်များကို အိတ်ပေါ်တွင် အာရုံစူးစိုက်လိုက်ကြကာ သူတို့အားလုံးမျက်မှောင်ကြုတ်ထားလေ၏။

အကြောင်းအရင်းမှာ ဝူချန်အန်း၏အလွန်အကျွံ တည်ငြိမ်အေးဆေးနေမှုသည် သူတို့အား မူမမှန်သကဲ့သို့ ခံစားစေရသောကြောင့်ပင်။

ပိုင်ယန်နန်းတော်နှင့်ရင်ဆိုင်ရချိန်တွင် ဤကဲ့သို့တည်ငြိမ်အေးဆေးမှုမျိုးရှိနေခြင်းမှာ သာမန်အသိအမြင်များနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။

သူတို့၏မျက်လုံးများနှင့် မြင်တွေ့ရသည်ထက် ပို၍ ဤနေရာတွင် တခြားအရာများရှိနေအုံးမည်ဟု သူတို့အား ပြောဆိုနေသည့်အလားပင်။

"ဆရာသခင် အရူးလုပ်မခံပါနဲ့...သူက လှည့်ကွက်တွေ အသုံးပြုနေတာပဲဖြစ်မယ်...ဒီလိုစုတ်ပြတ်သတ်နေတဲ့အိတ်ထဲမှာ ဘယ်လိုမျိုးပစ္စည်းကောင်းတွေ ရှိနိုင်မှာမလို့လဲ"

နံဘေးတဖက်မှနေ၍ ပိုင်ချင်ရီက အေးစက်တင်းမာစွာ ပြောဆိုသည်။

ထိုစကားကိုကြားချိန်တွင် လုကျမ်းရီသည် မသိမသာ ခေါင်းညိတ်ပြလိုက်၏။

အမှန်တကယ်ကိုပင်...

စုတ်ပြတ်သတ်နေသော အိတ်တစ်အိတ်အတွင်းတွင် မည်သည့်ပစ္စည်းကောင်းများ ရှိနေနိုင်မည်နည်း....

ထို့ပြင် ဤနေရာတွင် ပိုင်ယန်နန်းတော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိနေလေရာ မည်သည်ကြောင့် သူတို့ရှုံးငြိမ်းနိုင်မည်နည်း။

သူ အလွန်အမင်း သတိကြီးနေခြင်းဖြစ်ပေမည်။

လုကျမ်းရီက ခေါင်းမော့ကာ ဝူချန်အန်းကိုကြည့်ပြီး အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။

"လှည့်ကွက်တွေလုပ်နေတာကို ရပ်ပြီးတော့ မင်းမှာဘာရှိလဲဆိုတာ ငါတို့ကို ပြစမ်း..ငါ အဲ့ဒါကိုသေချာကြည့်ဦးမယ်...မဟုတ်လို့ကတော့ မင်းမှာ တခြားအခွင့်အရေး ရှိမှာမဟုတ်ဘူး"

"ဟမ့်..."

လုကျမ်းရီ၏မျက်နှာပေါ်တွင် သရော်တော်တော်အမူအယာတစ်ခု ထင်ဟပ်နေသည်။

အိတ်ကို​ဖြည်ရန် အချိန်အတော်​ကြာကြိုးစားပြီးနောက် ရီဖုန်းသည် အလွန်တင်းကျပ်စွာချည်နှောင်ထားခဲ့သဖြင့် ဝူချန်အန်းက ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်သည်။ထို့နောက်သူ့၏သွားကို အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။

နောက်ဆုံး၌ ကြိုးအားကိုက်ဖြတ်ပြီးချိန်၌ ဝူချန်အန်းက မိုးကာအိတ်ကိုဟလိုက်သည်။

"မင်းတို့ သွားကြတော့"

ဝူချန်အန်းသည် မိုးကာအိတ်ကိုမပြီးနောက် အိတ်အတွင်း၌အပြည့်ရှိနေသော သစ်သားပန်းပုရုပ်များကို သွန်ချလိုက်သည်။

ရုတ်တရက်....

ရာနှင့်ချီသောပန်းပုရုပ်ထုများသည် မြေပြင်ပေါ်တွင်စုပုံသွားကာ အမှိုက်ပုံတစ်ပုံနှင့်တူညီနေသည်။

သို့ရာတွင်...

ဤတန်ဖိုးမရှိပုံရသော အစုအပုံကြီးသည် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုတစ်ခုကို ဖြစ်ပွားသွားစေသည်။

"ဟား ဟား ဟား ဟား...သစ်သားပန်းပုရုပ်တွေ ...ဒါတွေအားလုံးက ဆရာကြီး ထွင်းထုထားတာပဲ...ဆရာကြီးမှာ အစီအစဉ်တစ်ခု ရှိနေခဲ့တယ်...အရာအားလုံးက သူ့ရဲ့တွက်ချက်မှုအတွင်းမှာပဲရှိနေတယ်"

ယဲ့နန်က ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ သူ့၏စိတ်နှလုံးသားအတွင်း၌ ရီဖုန်းအပေါ် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

"အမှန်ပဲ...ဆရာကြီးကတော့ တကယ်ကိုဆရာကြီးပါပဲ... သူက အခုလိုမျိုး အရေးကြီးတဲ့အချိန်ကာလတွေမှာ ငါတို့ကို အမြဲတမ်းအံ့အားသင့်စေတယ်"

ယဲ့ရီသည် ပျော်ရွှင်မှုကြောင့် မျက်ရည်များယိုစီးကျလာသည်။ရီဖုန်းသည် သူမ၏စံပြပုဂ္ဂိုလ်ဖြစ်လာပေ၏။

ကျန်းဟန်ထျန်းသည်လည်း ပျော်ရွှင်မှုကြောင့်ကခုန်နေခဲ့သည်။

"ငါ အလောင်းအစားလုပ်တာ မှန်သွားပြီ...ဟန်ထျန်းဓားအိမ်တော်က မြင့်တက်လာတော့မယ် ...ဒါက မြင့်တက်လာတော့မယ်..ဟား ဟားဟား...."

တခြားတစ်ဖက်တွင် ပိုင်ယန်နန်းတော်မှ လုကျမ်းရီတို့လူစု၏မျက်နှာများပေါ်တွင် ကြက်သေသေနေသောအမူအယာများရှိနေသည်။

အထူးသဖြင့် ပိုင်ချင်ရီပင်။သူမသည် အမှုမဲ့အမှတ်မဲ့ဖြင့် လုကျမ်းရီ၏နောက်သို့ဝင်ပြီး ပုန်းအောင်းလိုက်၏။သစ်သားပန်းပုရုပ်ထုမှနေ၍ အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလဲပြီး သူမအား ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်ပွားစေခဲ့သော ဖြစ်ရပ်က သူမ၏မှတ်ဉာဏ်အတွင်းတွင် လတ်လတ်ဆက်ဆက်ရှိနေဆဲပင်။

သူ၏လက်အောက်ငယ်သားများထံမှ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာများကိုကြည့်ပြီး လုကျမ်းရီက သူ့၏လက်ကိုဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။

"ဘာမှမကြောက်ကြနဲ့...ဒီသစ်သားပန်းပုရုပ်တွေက အရင်ကနဲ့တူညီတဲ့ စွမ်းအားမျိုးရှိနေဖို့ဆိုတာမဖြစ်နိုင်ဘူး...ဒါက ငါတို့ကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ထားတဲ့ အာရုံလှည့်စားမှုမြင်ကွင်းတစ်ခုပဲဖြစ်မယ်"

ထိုစကားကိုကြားချိန်တွင် တခြားလူများသည်လည်း နားလည်သဘောပေါက်သွားသည်။

အမှန်တကယ်ကိုပင်....

ဤသစ်သားပန်းပုရုပ်များသည် ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ထားသော သာမန်အရာများသာ ဖြစ်နေနိုင်သည်။

အကယ်၍ ဤသစ်သားပန်းပုရုပ်များထံတွင် ယခင်နှင့်တူညီသော စွမ်းအားများရှိနေပါက အလွန်အမင်း ဆိုးဝါးသွားပြီမဟုတ်လော....

ဤအင်မော်တယ်မြစ်ကုန်းမြေတစ်ခုလုံးပင်လျှင် ထိုလူ၏ဖျက်ဆီးခြင်းကို ခံရနိုင်သည်မဟုတ်လော....

"ဆရာသခင်...ကျွန်မတို့က သူတို့ကိုအရှင်လတ်လတ် ဖမ်းဆီးပြီးတော့ ဆိုးဆိုးရွားရွားနှိပ်စက်ညှဉ်းပန်းရမယ်...ဒါမှသာ သူတို့ကဆိုးရွားတဲ့အဆုံးသတ်ဆိုတာကို သိသွားကြမှာ"

အစောပိုင်းက သူမ ရရှိခဲ့သော ထိတ်လန့်ကြောက်ရွံမှုကို အမှတ်ရချိန်တွင် ပိုင်ချင်ရီ၏မျက်နှာပေါ်၌ ဒေါသများဖြင့် ပြည့်နှက်သွားသည်။ထိုကြောင့် သူမက အံ့တင်းတင်းကြိတ်ကာ ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်၏။

"ဘာမှ မစိုးရိမ်နဲ့...သူတို့ထဲကတစ်ယောက်မှ မလွတ်စေရဘူး"

လုကျမ်းရီက သူ့၏မျက်လုံးများကိုမှေးစင်းကာ ဝူချန်အန်းကို ကြည့်လိုက်သည်။

"ဟမ့်...ကောင်လေး မင်းက ဘာအတွေ့အကြုံမရှိဘဲနဲ့ ငါ လုကျမ်းရီရဲ့ရှေ့မှာလာပြီး...လှည့်ကွက်တွေ သုံးချင်သေးတယ်...မင်းရဲ့လှည့်စားမှုကို ငါက တစ်ချက်ကြည့်ရုံနဲ့ ထွင်းဖောက်မြင်နိုင်တယ်"

"ငါက မင်းနဲ့ အပိုစကားတွေပြောဖို့ အချိန်မရှိတော့ဘူး...အခုချက်ချင်း သေလိုက်စမ်း..ဒါက ကြိုပြီးတော့ အကြွေးပြန်ယူတာလို့ ယူဆနိုင်တယ်"

ထိုစကားနှင့်အတူ သူက မိုးကောင်းကင်ယံမှဆင်းသက်လိုက်၏။

လုကျမ်းရီ၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဝူချန်အန်းသည် သူ့အားလှည့်ကြည့်ခြင်းပင်မပြုချေ။ထိုအစား သူသည် အပျက်အစီးများကြားမှနေ၍ နောက်မှီကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်သည်။

"တချို့လူတွေက အမြဲတမ်းမောက်မာထောင်လွှားတယ်"

"သူတို့က သက်တောင့်သက်သာနေလာတာ အချိန်အတော်ကြာလာတော့...မောက်မာထောင်လွှားလာပြီးတော့ သူတို့ကိုယ်သူတို့ ဘာတွေလဲဆိုတာ မေ့သွားကြတယ်"

"ကောင်းပြီလေ...ငါက ပျော်ပျော်ပါးပါးထိုင်ကြည့်တာပေါ့"

ဝူချန်အန်းသည် တီးတိုးရေရွတ်ကာ နောက်မှီကုလားထိုင်ပေါ်ရှိ ဖုန်မှုန့်များကိုမှုတ်ထုတ်ပြီး ထိုအရာပေါ်တွင် လဲလျောင်းလိုက်၏။

Chapter 454

ဝူချန်အန်း လဲလျောင်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လုကျမ်းရီ၏လက်ဝါးပုံရိပ်ရောင်ကြီးက သူ့၏ခေါင်းထက်သို့ ရောက်ရှိလာလေပြီ။

"ဟမ့်...."

"အခုထိ လှည့်ကွက်တွေ သုံးနေတုန်းပဲလား"

"သေစမ်း"

ဝူချန်အန်း၏ လျစ်လျူရှုထားပုံရသော အမူအယာကြောင့် လုကျမ်းရီသည် အလွန်ဒေါသထွက်သွားပေ၏။သို့ရာတွင် ဝူချန်အန်းသည် မကြာမီမှာပင် သူ့၏လက်ဝါးအောက်၌ သေဆုံးရတော့မည်ကို သိရှိနေသဖြင့် အပြုံးတစ်ခုကသူ့၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....

သူ့၏မျက်နှာပေါ်ရှိအပြုံး တောင့်တင်းသွားသည်။

အကြောင်းအရင်းမှာ မျောက်တကောင်သည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရဘဲ သူ့၏နံဘေး၌ ရောက်ရှိနေကြောင်း သူ သတိပြုလိုက်မိသောကြောင့်ပင်။

ထိုအရာတွင် ​မျောက်တကောင်၏မျက်နှာရှိပြီး သားမွှေးများက ခန္ဓာကိုယ်တစ်ကိုယ်လုံး ဖုံးလွှမ်းနေကာ သူ့၏လက်အတွင်း၌ သံတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။

ဤ​မျောက်၏ရုတ်တရက်ထွက်ပေါ်လာမှုသည် လုကျမ်းရီကို အံ့အားသင့်တုန်လှုပ်သွားစေသည်။သူသည် မျောက်ထံမှလာသော ကြီးမားသည့်အန္တရာယ်အငွေ့အသက်ကို ခံစားမိလေ၏။

သူသည် အလျှင်အမြန် ဆုံးဖြတ်ချက်တစ်ခုချလိုက်ကာ သူ တိုက်ခိုက်နေသည့် လက်ဝါးကိုပြန်လည်ရုတ်သိမ်းပြီး နောက်သို့လှိမ့်ထွက်လိုက်သည်။

သူ အဝေးသို့ လှိမ့်ထွက်လိုက်သော အချိန်တစ်ခဏမှာပင် မျောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ဟေး...ငါ့ရဲ့တုတ်ကို မြည်းစမ်းကြည့်ပါအုံး"

ထိုအသံနှင့်အတူ ကြီးမားသောတုတ်ကြီးတစ်ချောင်းက သူ မတ်တတ်ရပ်နေခဲ့သောနေရာသို့ ကျရောက်လာသည်။

ဘုန်း....

ရိုက်ချက်တစ်ချက်တည်းဖြင့်ပင် ထိုတုတ်သည် နက်ရှိုင်းပြီး အောက်ခြေမဲ့သော ​ချောက်ကြီးကိုမြေပြင်ပေါ်၌ ဖန်တီးခဲ့သည်။ပိုင်အာမြို့တမြို့လုံးတုန်ရီသွားကာ ​မြေငလျင်တစ်ခုဖြစ်ပွားသွားသည့်အလားပင်။

လုကျမ်းရီသည် ထိုတုတ်ဖြင့်ရိုက်နှက်ခြင်းကို မခံရသော်လည်း ထိုအရာမှလေလှိုင်းအရှိန်ကြောင့် သူ လွင့်ထွက်သွားခဲ့သည်။

"ဒါက..."

ဤတုတ်ရိုက်ချက်ကြောင့် လက်ရှိနေရာတွင်ရှိနေသောလူတိုင်း အံ့အားသင့်တုန်လှုပ်သွားသည်။

အထူးသဖြင့် ပိုင်ယန်နန်းတော်မှလူများ၏ မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုအရာ၏လေလှိုင်းအရှိန်သက်သက်ဖြင့် လုကျမ်းရီကို လွင့်ထွက်သွားစေခဲ့သည်။ထိုတုတ်ရိုက်ချက်သာ သူ့၏ခေါင်းပေါ်သို့ အမှန်တကယ်ကျရောက်သွားပါက မည်သို့ဖြစ်ပျက်သွားနိုင်သနည်း။

ဤသည်ကို တွေးတောကြည့်ရုံသက်သက်ဖြင့်ပင် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။

လုကျမ်းရီသည်လည်း သူ့၏ကျောရိုးများတစ်လျှောက် ချမ်းစိမ့်လာသည်ကို ခံစားလိုက်ရကာ သူ့၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အရောင်များဖြင့် ပြည့်နှက်နေသည်။

သူသည် လေဟာနယ်တစ်နေရာသို့ ခြေဆောင့်နင်းကာ နောက်သို့ပျံသန်းလိုက်ပြီ တုန်ရီနေသောနှုတ်ခမ်းတစ်စုံဖြင့် သူ၏မျက်လုံးများကိုမှေးစင်းကာ ​မျောက်ကို စူးစိုက်၍ကြည့်လိုက်သည်။ထို့နောက် သူက ဝူချန်အန်းကိုကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒီအမှိုက်တွေကြားမှာ နက်နဲသိမ်မွေ့တဲ့သစ်သားပန်းပုရုပ်တစ်ရုပ် တကယ်ကြီးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဒါပေမဲ့...ဒီလိုဆိုရင်ရော ဘာဖြစ်လာမှာမလို့လဲ"

"ငါရဲပိုင်ယန်နန်းတော်က ဒါကိုရင်ဆိုင်နိုင်ဖို့ ဘာနည်းလမ်းမှမရှိဘူးလို့ မင်း တကယ်ကြီးထင်နေတာလား"

ထိုစကားနှင့်အတူ လုကျမ်းရီသည် အေးစက်စက်ရယ်မောကာ သူ့၏လက်ကိုဝှေ့ယမ်းပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ဒီသစ်သားပန်းပုရုပ်က အရမ်းအစွမ်းထက်တယ်.... ဒါပေမဲ့ ဒါက စွမ်းအားကုန်ဆုံးသွားနိုင်တဲ့ ပစ္စည်းလေးတစ်ခုပဲ...ပြီးတော့ ဒါက တစ်ခုတည်းပဲရှိတာ...ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း....အားလုံးပဲ အတူပူးပေါင်းတိုက်ခိုက်ပြီးတော့ အဲ့ဒီအရာကို အရင်ဆုံးဖျက်ဆီးကြစို့"

"ဟုတ်ကဲ့"

ပိုင်ရန်နန်းတော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြ၏။သူတို့သည် မိုးကောင်းကင်ယံမှ ဆင်းသက်လာချိန်တွင် ကြီးမားသောအရှိန်အဝါများကို ထုတ်လွှတ်ထားကြသည်။

သူတို့သည် ဆင်းသက်လာချိန်တွင် သူတို့၏နည်းစနစ်များအားလုံးကို ထုတ်ဖော်အသုံးပြုလိုက်ပြီးနောက် ဆယ်နှင့်ချီသောကောင်းကင်အင်မော်တယ်များသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ မျောက်ကိုတိုက်ခိုက်ကြတော့သည်။

"ဟမ့်..."

"သစ်သားပန်းပုရုပ်တစ်ရုပ်က ဘယ်လိုလုပ်ပြီးတော့ ငါရဲ့ပိုင်ယန်နန်းတော်က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ တိုက်ခိုက်တာကို ခုခံနိုင်မှာလဲ"

"ငါက နင်တို့ကိုဖမ်းဆီးမယ်...ညှဉ်းပန်းနှိပ်စက်မယ်...ပြီးတော့ နင်တို့ကို သရဲတစ်သောင်းလှိုဏ်ဂူထဲကိုပစ်ချပြီးတော့ ဘယ်တော့မှ လူပြန်ဝင်စားခွင့်မရစေရဘူးလို့ ငါ ကျိန်ဆိုတယ်"

လေပျံပေါ်တွင်ရှိနေသော ပိုင်ချင်ရီသည် ထိုမြင်ကွင်းကိုကြည့်ပြီး သူမ၏နှုတ်ခမ်းကိုတွန့်ကွေးကာ နာကြည်းမုန်းတီးသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

ထိုလူတစ်စု၏တိုက်ခိုက်မှုသည် မျက်တောင်တစ်ခတ်စာအချိန်မှာပင် ​မျောက်၏ခေါင်းထက်သို့ ရောက်ရှိသွားသည်။

ရုတ်တရက်....

တောက်ပသောရွှေရောင်အလင်းတန်းတတန်းက မျောက်၏ခြေထောက်နံဘေးမှနေ၍ ဖြာထွက်လာသည်။

ဘုန်း.....

ထိုရွှေရောင်အလင်းတန်းနှင့်အတူ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးလာပေ၏။

ထို့နောက် အမြှီးကိုးချောင်းမြေခွေးတစ်ကောင်က မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းတက်လာသည်

ထိုအရာကို အနီရောင်အလင်းတန်းများကလွှမ်းခြုံထားကာ သူ့၏ကြီးမားသောခန္ဓာကိုယ်ကြောင့် မြေပြင်ပေါ်တွင် အရိပ်ကြီးတစ်ခုထင်ဟပ်လာသည်။ထိုအရာ၏ ယုတ်မာကောက်ကျစ်သောမျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် တောက်ပနေကာ အကြည့်တချက်ဖြင့်ပင် လူတစ်ယောက်ကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေရန် လုံလောက်သည်။

"ဘာလဲ"

"ဒါက သစ်သားပန်းပုရုပ်တစ်ခုပဲ မဟုတ်ဘူးလား"

ထိုအမြှီးကိုး​ချောင်းမြေခွေးကိုကြည့်ပြီး လုကျမ်းရီ၏မျက်နှာသုန်မှုန်သွားကာ သူက လေးလံသောအသံဖြင့် ပြောဆိုလိုက်၏။

"အရှင်...ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

လူတိုင်းသည် အမြှီးကိုးချောင်းမြေခွေးထံမှ ထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်ကိုခံစားမိသဖြင့် သူတို့သည် အဖြေရရန်အတွက် ကူကယ်ရာမဲ့စွာဖြင့် လုကျမ်းရီကို လှည့်ကြည့်ကာ မေးမြန်းလိုက်ကြသည်။

"မကြောက်ကြနဲ့"

"ဒါက နှစ်ယောက်ပဲမဟုတ်လား...ငါတို့ပိုင်ယန်နန်းတော်က အဲ့ဒီသစ်သားပန်းပုရုပ်နှစ်ခုကိုတောင် မကိုင်တွယ်နိုင်ဘူးလို့ မင်းတို့ ပြောမလို့လား"

လုကျမ်းရီက လက်အောက်ငယ်သားများ ၏စိတ်ဓာတ်များကို တည်ငြိမ်အောင် အလျှင်အမြန်ထိန်းသိမ်းလိုက်သည်။

ထိုစကားကိုကြားချိန်တွင် လူတိုင်းသည်သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများစုဝေးနေသဖြင့် ဤကဲ့သို့ အင်အားစုဖွဲ့မှုများကို ထိပ်သီးဂိုဏ်းကြီးများ၏စစ်ပွဲ အတောအတွင်း၌သာ သူတို့ အသုံးချခဲ့ကြသည်။သူတို့သည် ဤသစ်သားရုပ်ထုနှစ်ခုခန့်ကို အမှန်တကယ် အနိုင်ယူနိုင်သင့်သည်မဟုတ်လော.....

လူတိုင်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သို့ရာတွင်...

သူတို့သည် ထိုသစ်သားရုပ်တုနှစ်ခုကို မည်ကဲ့သို့ရင်ဆိုင်ရမည်အား ရှာဖွေဖော်ထုတ်နေစဉ်မှာပင် အမှိုက်ပုံကြီးအတွင်းမှနေ၍ ရွှေရောင်အလင်းတန်းဆယ်တန်း ရုတ်တရက်လင်းလက်သွားသည်။

မကြာမီမှာပင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူဆယ်ယောက်သည် မင်္ဂလာတိမ်တိုက်များကိုစီးနင်း၍ ​မျောက်၏နံဘေး၌ ထွက်ပေါ်လာသည်။

"ဒါက...."

လှေပျံပေါ်တွင်ရှိနေသော ပိုင်ချင်ရီသည် တောင့်တင်းသွားကာ လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား သူမ၏မျက်နှာဖြူရော်သွားသည်။

အထူးသဖြင့် ထိုလူစုအား ဦးဆောင်လာသူသည် ယခင်တကြိမ်က သူမအား သတ်ဖြတ်ခဲ့သည်တစ်ယောက်မဟုတ်လော.....

ထို့ပြင် ပိုင်ချင်ရီက သူမရှေ့ရှိလူသည် ယခင်တစ်ယောက်ထက် ပို၍အားကောင်းနေကြောင်း သူမ ခံစားမိသည်။

ဤလူဆယ်ယောက်၏ ရုတ်တရက်ထွက်ပေါ်လာမှုသည် လုကျမ်းရီတို့လူစုကို ကြက်သေသေသွားစေသည်။

သို့ရာတွင်....

သူတို့သည် ထိတ်လန့်တုန်လှုပ်နေစဉ်အတောအတွင်းမှာပင် အမှိုက်ပုံအတွင်းမှနေ၍ ရွှေရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခုဆက်လက်၍ ဖြာထွက်လာကာ.....

အနီရောင်ဖဲအင်္ကျီကိုဝတ်ဆင်ထားကာ လှံရှည်တစ်လက်ကိုကိုင်ဆောင်ထားပြီး သူ့၏နဖူးပေါ်တွင် အနီရောင်နှလုံးသားပုံရှိနေကာ လေနှင့်မီးဘီးတစ်ခုကိုစီးနင်းပြီး ပျံသန်းလာသောလူငယ်တစ်ယောက်....

ဆယ်နှင့်ချီသောလူများသည် အနီနှင့်အဖြူရောင်ကိုယ်ကျပ်ဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့၏ခေါင်းများထက်တွင် ဘဲငန်းဥနှစ်လုံးနှင့်တူညီသော ဘုနှစ်ဘုရှိနေသည်။သူတို့သည် ပေရာနှင့်ချီမြင့်မားသော လူဘီလူးကြီးများအဖြစ်အသွင်ပြောင်းလဲကာ မြေပြင်ပေါ်မှ ကြွတက်လာကြသည်။

အင်္ကျီလက်ပြတ်​ကိုဝတ်ဆင်ထားကာ သူတို့၏ရင်ဘတ်များကိုဖော်ထားပြီး ကျွမ်းထိုး၍ထွက်ပေါ်လာကြသည့် သူတို့၏ခေါင်းထက်တွင် ဘူးညွန့်လေးများရှိနေသော ခေါင်းကြီးအရုပ်လေးခုနစ်ရုပ်....

ထို့နောက်...

သူ့၏လက်အတွင်းတွင် မျှော်စင်တခုကိုကိုင်ထားပြီး ဖြောင့်မတ်မှန်ကန်သော အရှိန်အဝါရှိသည့် လူလတ်ပိုင်းကြီးတစ်ယောက်....

ကတုံးဆံတောက်ဆံပင်ပုံစံရှိပြီး ထူထဲသောမျက်ခုံးနှင့်ကြီးမားသောမျက်လုံးများရှိသည့် လူငယ်တစ်ယောက်....

ခြေညှပ်ဖိနပ်စီးထားပြီး ကောက်ရိုးခမောက်ကို ဆောင်းထားသည့် လူငယ်တယောက်...

လက်ဝဲဘက်လက်တွင် ဒိုင်းတစ်ခုကိုကိုင်ထားပြီး လက်ယာဘက်လက်တွင် လှံရှည်တစ်လက်ကိုကိုင်ထားသည့် ရွှေရောင်ဆံပင်ရှိသော လူကြီးတစ်ယောက်....

ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားကာ သူ့၏အတွင်းခံကို ပြင်ပတွင်ထုတ်ဝတ်ထားသော လူကြီးတစ်ယောက်....

အနီရောင်ဝတ်စုံဝတ်ဆင်ထားပြီး သူ၏နောက်ကျောတွင် ဘူးသီးခြောက်တလုံးကိုလွယ်ထားကာ နဖူးပြင်ပေါ်တွင် အနီရောင် 'ချစ်ခြင်းမေတ္တာ' အမှတ်အသားရှိနေသည့် လူကြီးတစ်ယောက်...

ထွန်​ခြစ်တစ်ခုကိုကိုင်ထားပြီး ဝက်ခေါင်းလူခန္ဓာကိုယ်ရှိသော လူတစ်ယောက်အပါအဝင် အမျိုးအစားပေါင်းစုံသော လူများသည် နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပေါ်လာကြသည်။

ဟိန်းဟောက်သံများနှင့်အတူယှဉ်တွဲ၍....

တောင်တစ်လုံးခန့်မြင့်မားသော ဧရာမလူဝံကြီးတကာာင်

တောင်တန်းကြီးတစ်ခုစာမျှရှိသော ဒိုင်နိုဆောများ

ခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင်လွှမ်းခြုံနေသည့် လူဘီလူးကြီးများ...

လက်သည်းငါးချောင်း ရွှေရောင်နဂါးများ...

ကခုန်နေသော ဖီးနစ်ငှက်များ အစရှိသဖြင့်...

အမျိုးအစားစုံလင်သော မှော်သားရဲများသည် မြေပြင်အတွင်း၌ငုပ်လျှိုးခြင်း မိုးကောင်းကင်ယံ၌ပျံသန်းခြင်းတို့ကို ပြုလုပ်နေကြသည်။

ဤအချိန်အခိုက်အတန့်တွင်....

အမျိုးအစားစုံလင်သော အစွမ်းထက်အရှိန်အဝါများအောက်၌ ပိုင်အာမြို့တစ်မြို့လုံးသည် တမူထူးခြားသော ကြေးချွတ်သန့်စင်ဘုံအဖြစ် ပြောင်းလဲသွားပေ၏။

ဤ​မြင်ကွင်းကြောင့်....

လက်ရှိနေရာတွင်ရှိနေသူများအားလုံး နေရာမှာပင် ကြက်သေသေနေသည်။

ထိုလူများနှင့်မှော်သားရဲများထံမှ ထွက်ပေါ်လာသော ကြီးမားသည့်အရှိန်အဝါများသည် သူတို့အား ဇောချွေးများ ပွင့်အံ့ထွက်လာစေသည်။

အထူးသဖြင့် ပိုင်ယန်နန်းတော်မှာလူများပင်။သူတို့၏နဖူးများပေါ်တွင် ဇောချွေးများရွှဲနစ်နေကာ သူတို့၏ခြေထောက်များ တုန်ရီနေပြီး သူတို့၏တံတွေးကိုပင် ခက်ခက်ခက်ခဲမျိုချနေရလေ၏။

"ဘယ်လို သဘောရလဲ..သဘောကျရဲ့လား"

နောက်မှီကုလားထိုင်ပေါ်၌ ထိုင်နေသော ဝူချန်အန်းက အပြုံးနှင့်စိမ်ပြေနပြေ မေးမြန်းလိုက်သည်။

လုကျမ်းရီသည် ခက်ခက်ခဲခဲ တံတွေးမြိုချကာ အသက်ပြင်းပြင်းရှိုက်ပြီး သူ့၏မျက်နှာ နီမြန်းနေသည်။အချိန်တခဏကြာခန့် ရုန်းကန်ပြီးနောက် နောက်ဆုံး၌ သူက ပြောဆိုသည်။

"ငါ ဒီနေ့ နေလို့သိပ်မကောင်းဘူး...နောက်ရက်ကျမှ တိုက်ခိုက်ကြရအောင်"

ထိုသို့ပြောဆိုပြီးနောက် သူ့၏ဂုဏ်သိက္ခာကိုဂရုစိုက်ခြင်းမရှိတော့ဘဲ လေထုအတွင်း၌ခြေတစ်ဖက်ဆောင့်နင်းကာ လေပျံထံသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။

သူသည် ပျံသန်းနေစဉ်အတောအတွင်း၌ အော်ဟစ်လိုက်၏။

"ချင်ရီ မြန်မြန်လေး...လှေပျံကို အသက်သွင်းထားစမ်း"

သို့သော် ထိုအချိန်အခိုက်အတန့်မှာပင်....

အဝါရောင်ဆံပင်ရှိသော ကောင်တကောင်သည်ရုတ်တရက် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းလာကာ လေပျံ၏နံဘေး၌ ထွက်ပေါ်လာသည်။

"အင်မော်တယ်နည်းစနစ်...သောက်ချေးပဲ....ငါ့ရဲ့ရာဆင်းရှရင်းဂန်းကိုပဲ ငါ သုံးရတော့မယ်"

ကျယ်လောင်သောအော်သံတစ်သံနှင့်အတူ လည်ပတ်နေသော အပြာရောင်စွမ်းအားလုံးကြီးသည် သူ့၏လက်အတွင်း၌ သိပ်သည်းသွားကာ ပိုင်ယန်နန်းတော်၏လှေပျံထံသို့ဦးတည်၍ ပျံ့လွင့်လာသည်။

ထိုစွမ်းအားကိုအာရုံခံမိချိန်တွင် ပိုင်ချင်ရီသည် လေပျံပေါ်မှနေ၍ အလျှင်အမြန်ခုန်ဆင်းလိုက်၏။သူမ ခုန်ဆင်းလိုက်သည့် အချိန်အခိုက်အတန့်မှာပင် ကြီးမားသောစွမ်းအားလုံးကြီးက လှေပျံပေါ်သို့ ကျရောက်လာသည်။

ဘုန်း....

အလွန်ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ လှေပျံသည် အစိတ်စိတ်အမွှာမွှာပေါက်ကွဲသွားကာ အစအနများက အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။ကြီးမားသောတုန်ခါမှုလှိုင်းများအောက်တွင် မိုးကောင်းကင်ယံတခွင်လုံး တုန်ခါသွားပေ၏။

ထိုပေါက်ကွဲမှုအားလှိုင်း၏ ရိုက်ခတ်ခြင်းခံလိုက်ရသော ပိုင်ချင်ရီသည် သွေးတလုတ်အန်ထုတ်လိုက်ရကာ လွင့်ထွက်သွားပြီး မြေပြင်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသည်

"ဘာ..."

"ငါတို့နန်းတော်ရဲ့လှေပျံ...ဒါက တကယ့်ကိုပဲ..."

လုကျမ်းရီက အံ့အားသင့်တုန်လှုပ်နေသည်။

ဤလှေပျံကို သူတို့ဂိုဏ်း၏အဖိုးတန်ရတနာဟု ယူဆနိုင်သည်။ထိုအရာကို မရေမတွက်နိုင်သောအဖိုးတန်ပစ္စည်းများနှင့် ကြိုးစားပမ်းစားတည်ဆောက်ထားရခြင်းဖြစ်ကာ ရွေ့လျားနေသော ခံတပ်ကြီးတစ်ခုဟု ခေါ်ဆိုနိုင်ပေ၏။ သို့ရာတွင် ထိုအရာသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဖျက်ဆီးခြင်းခံလိုက်ရသလော။

ဤဆံပင်အဝါရောင်နှင့်လူသည် မည်သူဖြစ်သနည်း....

မည်သည်ကြောင့် သူတို့သည် အလွန်အစွမ်းထက်နေသနည်း....

ဤသည်မှာ သူ့အား နှလုံးကွဲကြေလုမတတ်ခံစားရစေရုံသာမက ပြင်းထန်သောထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့သည် ရတနာတစ်ခုပျက်စီးသွားခြင်းထက် သူတို့၏အသက်များနှင့်ပတ်သက်ပြီး ပို၍စိုးရိမ်ပူပန်နေရသည်။

ထိုလှေပျံရှိနေပါက သူတို့သည် အလွန်အမင်းလျှင်မြန်သောအရှိန်နှုန်းကို အသုံးပြု၍ ဤနေရာမှ ထွက်ပြေးသွားနိုင်သည်။သို့ရာတွင် ယခုချိန်၌ လှေပျံပျက်စီးသွားသဖြင့် သူတို့သည် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ နောက်ဆုတ်ရန်မှာ မဖြစ်နိုင်တော့ချေ။

ထိုအတွေးသည် သူ့၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်နှင့်အတူ သူသည် တင်းမာခက်ထန်သောမျက်နှာဖြင့် နောက်သို့လှည့်လိုက်သည်။

သူ၏အကြည့်က ဝူချန်အန်းပေါ်သို့ အခိုင်အမာကျရောက်သွားပေ၏။

"ငါ တကယ်ကိုပဲ မင်းကို လျှော့တွက်ခဲ့မိတယ်"

"ဒီသစ်သားပန်းပုရုပ်တွေက တကယ့်ကို အရမ်းအစွမ်းထက်တယ်"

"ဒီလိုဆိုမှတော့ ငါတို့ပိုင်ယန်နန်းတော်က မင်းတို့ကို ဘာရန်ငြိုးရန်စမှ ဆုပ်ကိုင်မထားတော့ဘူး... အခုချိန်ကစပြီးတော့ ငါတို့အင်အားစုနှစ်ခုကြားမှာ ငြိမ်းချမ်းရေးယူဖို့ သဘောတူကြရအောင်... မင်း ဘယ်လိုသဘောရလဲ"

Chapter 455

"မင်းကို ဒီလိုပြောစေတဲ့ စိတ်အားထက်သန်မှုမျိုး ဘာက ပေးလိုက်တာလဲ"

ဝူချန်အန်းက သူ့၏ခြေထောက်ကိုဆန်တန်းကာ သူ့၏မျက်လုံးများကိုမှေးစင်းပြီး ပြောဆိုသည်။

"မင်းက ပြီးခဲ့တာတွေကို ပြီးစေချင်တာမလား"

ဤသည်မှာ ဝူချန်အန်းကို သဘောတကျ ပြုံးမိသွားစေသည်။

အဓိကဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်သည် ဤမျှထိဦးနှောက်မဲ့သလော...

သို့ရာတွင် သူ နောက်တဖန် ပြန်တွေးကြည့်ချိန်၌....

သူ့၏အတိတ်ဘဝတွင်ဖြစ်စေ ဤနေရာတွင်ဖြစ်စေ သူတို့ကိုယ်သူတို့ မသိရှိဘဲ အခွင့်အာဏာကိုစိန်ခေါ်လိုသော ငတုံးငအတချို့ အစဉ်အမြဲရှိနေဆဲပင်။

သူတို့စိတ်ကူးထားသည့်ကိစ္စများ အဆင်မပြေဖြစ်လာချိန်၌ သူတို့ကိုယ်သူတို့ အစဉ်အမြဲနှစ်သိမ့်မှုပေးကာ သူတို့ရှေ့ရှိဖြစ်ရပ်မှန်ကို ဝန်ခံရန် ငြင်းဆန်ကြသည်။

လုကျမ်းရီ၏မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

"ဒါဆိုရင် မင်းက ဘာကိုလိုချင်တာလဲ"

"အဲ့ဒီမိန်းမကို ချန်ထားခဲ့ရမယ်"

ဝူချန်အန်းက ပိုင်ချင်ရီကို လက်ညှိုးညွှန်ပြကာပြောဆိုသည်။

"အဲ့ဒီမိန်းမက ငါ့ရဲ့ဆရာကို ထပ်ခါတလဲလဲ စော်ကားခဲ့တယ်...ဒါက ခွင့်လွှတ်နိုင်ဖွယ်မရှိတဲ့ အပြစ်ကြီးတစ်ခုပဲ"

"ပြီးတော့ မင်းတို့ကောင်တွေက ငါ့ရဲ့ဂျူနီယာညီမလေး သူ့ရဲ့မိဘတွေကိုပေးထားတဲ့ ပန်းချီကားနဲ့ပန်းပုရုပ်ထုကို ဖျက်ဆီးခဲ့တယ်....ဒါကြောင့် လျော်ကြေးအနေနဲ့ မင်းတို့ဂိုဏ်းမှာရှိတဲ့ရတနာတွေအားလုံး ငါတို့ကို ပေးရမယ်"

ပိုင်ယန်နန်းတော်မှလူများ၏ မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။

"မင်းတို့ အရမ်းကြီးအခွင့်အရေးမယူနဲ့"

လုကျမ်းရီက အက်ရှရှလေသံဖြင့် ပြောဆိုသည်။

"အဲ့ဒီပန်းပုရုပ်ထုတွေက အစွမ်းထက်တယ်ဆိုပေမယ့် ငါတို့ပိုင်ယန်နန်းတော်ကလည်း အဆင့်နိမ့်တဲ့ နေရာမျိုးမဟုတ်ဘူး...တကယ်လို့ အဆိုးဆုံးဖြစ်လာမယ်ဆိုရင် ငါတို့ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့"

"ဒါဆိုရင်လည်း မင်းတို့အားလုံး ကံကောင်းပါစေ"

ဝူချန်အန်းက ခပ်ဖျော့​ဖျော့ပြုံးလိုက်သည်။သူသည် ထပ်မံ၍စကားများများပြောဆိုခြင်းမပြုတော့ဘဲ နောက်မှီကုလားထိုင်ပေါ်၌ ပြန်လည်၍လဲလျောင်းလိုက်သည်။

ဝူချန်အန်း လဲလျောင်းလိုက်သော အချိန်အခိုက်အတန့်တွင် ရာနှင့်ချီသော ပန်းပုရုပ်ထုများမှ ထွက်လာသည့် လူများနှင့်မှော်သားရဲများသည် ပိုင်ယန်နန်းတော်မှလူများကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်ကြ၏။

ထိုအခြင်းအရာကိုကြည့်ပြီးနောက် ပိုင်ယန်နန်းတော်မှ လူများ၏မျက်နှာအမူအယာများ တည်ကြည်လေးနက်စပြုလာသည်။

"အရှင်...ကျွန်တော်တို့ ဘာလုပ်သင့်လဲ"

လူတိုင်းက လုကျမ်းရီကို ကြည့်လိုက်ကြသည်။

"ဟမ့်...အရမ်းကြီး အခွင့်အရေးယူလွန်းတယ်...ငါတို့ပိုင်ယန်နန်းတော်က အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့နေရာလို့ မင်း တကယ်ကြီး ထင်နေတာလား"

လုကျမ်းရီက ရှူသိုးသိုးဖြင့် ပြောဆိုသည်။

"အားလုံးပဲ...ဘာမှ မကြောက်ကြနဲ့...အဲ့ဒီပန်းပုရုပ်ထုတွေက ကြည့်ရတာအစွမ်းထက်ပုံရပေမယ့်...ဘယ်လိုပဲပြောပြော သူတို့တွေအားလုံးက စွမ်းအားကုန်ခမ်းနိုင်တဲ့ သက်မဲ့အရာဝတ္ထုတွေပဲ...သူတို့ရဲ့စွမ်းအားတွေ အသုံးပြုပြီးသွားတဲ့အထိ ငါတို့က အချိန်ဆွဲထားနိုင်တာနဲ့...သူတို့က ငါတို့အတွက် စဥ့်နီတုံးပေါ်မှာရှိတဲ့ငါးတွေ ဖြစ်သွားပြီ"

ထိုစကားကိုကြားချိန်၌ ပိုင်ယန်နန်းတော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် တည်ကြည်လေးနက်စွာဖြင့် သူတို့၏ခေါင်းများကို ညိတ်လိုက်ကြသည်။

ထို့နောက် သူတို့၏မှော်ရတနာများကို တစ်ခုပြီးတစ်ခု ဆွဲထုတ်လိုက်ကြသဖြင့် တောက်ပသောအေးစက်စက်အလင်းရောင်များကပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားသည်။

"သတ်စမ်း"

အလွန်ကျယ်လောင်သော တိုက်ပွဲခေါ်သံများက သူတို့၏ပါးစပ်များမှ ထွက်ပေါ်လာသည်။သူတို့သည် ရာနှင့်ချီသောသစ်သားပန်းပုရုပ်များထံသို့ အပြေးသွားကာ တိုက်ခိုက်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် လွတ်မြောက်နိုင်ခြင်းမရှိတော့သဖြင့် ကြီးမားသောအရှိန်အဟုန်ဖြင့် ဦးစွာတိုက်ခိုက်သည်ကပို၍ကောင်းမွန်ကြောင်း သူတို့ သိရှိထားသည်။

သူတို့၏လှုပ်ရှားမှုစတင်သည်နှင့် ဓားနည်းစနစ်များ လက်ဝါးနည်းစနစ်များစသည့် နည်းစနစ်မျိုးစုံ၏ တုန်လှုပ်​ချောက်ချားဖွယ်စွမ်းအားများ ရောယှက်ကာ ပျံ့နှံ့သွားသည်။မိုးကောင်းကင်ယံတစ်ခွင်လုံးတုန်ခါနေကာ လေဟာနယ်အက်ကွဲကြောင်းများ ကွဲထွက်လာသည်။

ပိုင်ယန်နန်းတော်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ လှုပ်ရှားလာသကဲ့သို့ ရာနှင့်ချီသောသစ်သားပန်းပုရုပ်ထုများ၏ လှုပ်ရှားမှုလည်းစတင်လာခဲ့သည်။

ရှင်းယွင်ဇာတ်ကောင်ဖြစ်သော အနက်ရောင်ဝတ်စုံဝတ်လူဆယ်ယောက်သည် အရပ်မျက်နှာအဘက်ဘက်သို့လူစုခွဲကာ သူတို့၏မျောလွင့်နေသောပုံရိပ်များက အပျက်အစီးများကြား၌ လူးလွန့်နေသည်။သူတို့သည် လူးလွန့်နေစဉ်အတောအတွင်း သူတို့၏လက်ဝါးများဖြင့် လက်စည်းတံဆိပ်များကို အဆက်မပြတ်ဖွဲ့စည်းလိုက်ကြ၏။

"ကောင်းကင်အစပ်ပြိုင်ပွဲ..."

"ရေစီးဆင်းခြင်း နည်းစနစ်"

"..."

သူတို့သည်တစ်ယောက်ပြီးတစ်ယောက် နည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင်....

မိုးကောင်းကင်ယံအတွင်း၌ မရေမတွက်နိုင်သော ကျီးကန်းနက်များ စုဝေးလာသည့်အလား အနက်ရောင်​မြူခိုးများနှင့် ပြည့်နှက်သွားသည်။

မြေပြင်ပေါ်၌ ကြီးမားသောရေလွှမ်းမိုးမှုများ တလိမ့်လိမ့်ထလာသည်။

လေဟာနယ်တခုလုံးအတွင်း၌ ရေ မီး လျှပ်စီးနှင့်မိုးကြိုးများ၏စွမ်းအားများ ရောယှက်နေသည်။

တခြားတစ်ဖက်တွင် ဆယ်နှင့်ချီသော လူဘီလူးကြီးများသည် အော်ဟစ်ကြုံးဝါးပြီးမတ်တတ်ထရပ်ကြရာ မြေပြင်ပေါ်၌ အက်ကွဲကြောင်းကြီးများ ကျန်ရစ်ခဲ့သည်။တစ်ချိန်တည်းမှာပင် သူတို့၏လက်ဝါးများကို ကြက်ခြေခတ်ပုံစံပြုလုပ်ကာ သူတို့၏လက်ယာဘက်လက်များဖြင့် တောက်ပသော ဖျက်ဆီးခြင်းရောင်ခြည်များကို အဆက်မပြတ် ပစ်ခတ်လိုက်ကြသည်။

ထို့ပြင် တခြားသစ်သားပန်းပုရုပ်များသည်လည်း နည်းလမ်းအမျိုးမျိုးဖြင့် သူတို့၏မှော်နည်းစနစ်များကို ထုတ်ဖော်ပြသကာ သူတို့၏စွမ်းအားများကို ထုတ်လွှက်ကြလေ၏။

ရုတ်ချည်းဆိုသလိုပင်...

နှစ်ဖက်အကြားရှိတိုက်ပွဲ စတင်လာခဲ့သည်။

မိုးကောင်းကင်ယံအတွင်း၌ ပေါက်ကွဲသံများက အဆက်မပြတ် မြည်ဟီးနေသည်။

ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါအမြောက်အများသည် လေထုအတွင်း၌ရောယှက်နေကာ လေဟာနယ်ကိုစုတ်ပြဲစေသည့် ဓားသွားများအဖြစ်သို့ပြောင်းလဲသွားသည်။

ပြင်းထန်သောအရှိန်အဝါသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။ပိုင်အာမြို့တစ်မြို့လုံးသည် လူသားကြေးချွတ်သန့်စင်ဘုံအလား ဖြစ်လာခဲ့သည်။

ပိုင်ယန်နန်းတော်မှ အကြီးအကဲတစ်ယောက်သည် ညှို့အားပြင်းပြီးမလုံတလုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်နှင့်ရင်ဆိုင်နေရသည်။သူ့၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ဤကဲ့သို့ နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ယောက်တွင် မည်သည့်စွမ်းရည်မျိုး ရှိနေနိုင်မည်နည်း။

သို့ရာတွင် သူ လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အမျိုးသမီး၏လက်အတွင်းမှ အနီရောင်နှလုံးသားတစ်ခု ပျံ့လွင်လာပြီး သူ့၏ရင်ဘတ်ကို လာရောက်ရိုက်ခတ်သည်။

"အမ်..."

"ဘာတွေ ဖြစ်နေတာလဲ"

ထိုအကြီးအကဲသည် ရုတ်တရက် ကြက်သေသေသွားသည်။

သူ့၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာဖြင့် သူမထံသို့ ဦးတည်ပြီး အမှန်တကယ်ရွေ့လျားနေသလော...

သူသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ထိုမိန်းကလေးကို စူးစိုက်၍ကြည့်လိုက်သည်။

မိန်းကလေးသည် သူ့အားပြုံးပြကာ ညှို့အားကောင်းသောအသံတစ်သံဖြင့် နူးညံ့သိမ်မွေ့စွာပြောဆိုလေ၏။

"တကျီက ရှင်နဲ့ကစားချင်တယ်"

သူမ၏အသံကျရောက်လာသည်နှင့်အတူ အမျိုးသမီးသည် သူ့၏နံဘေးသို့ ဖျတ်ခနဲရောက်ရှိလာသည်။တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က ထိုအကြီးအကဲ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပေ၏။

အကြီးအကဲ၏ခန္ဓာကိုယ် တောင့်တင်းသွားကာ သူ့၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။သူသည် မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသေဆုံးသွားတော့သည်။

တခြားတစ်ဖက်တွင် လူလတ်ပိုင်းကောင်းကင်အင်မော်တယ်တစ်ယောက်သည် သူ့၏ဓားကိုဝှေ့ယမ်းကာ အထက်သို့ပျံသန်းပြီး ရှည်လျားသောဓားချီတစ်လှိုင်းကို ထုတ်လွှက်လိုက်သည်။

သို့ရာပင် သူ့၏ဓားကို ခုတ်ပိုင်းတော့မည့်အချိန်မှာပင် လူထွားကြီးတယောက်က သူ့ပေါ်သို့ ခုန်အုပ်လေ၏။

"သေစမ်း"

ကြီးမားသောဓားပြားကြီးတလက်သည် ထိုလူလတ်ပိုင်းကြီး၏ခေါင်းကို ထွင်းဖောက်သွားတော့သည်။

ထိုလူလတ်ပိုင်းကြီး သေဆုံးသွားလေပြီ။

အပျက်အစီးများကြားတွင် မဟာအကြီးအကဲသုံးယောက်သည် ယခင်ကလှေပျံကိုဖျက်ဆီးခဲ့သော ဆံပင်အဝါရောင်လူနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်။

"အဲ့ဒီလူက အရမ်းအစွမ်းထက်တယ်...ငါတို့တွေ ပြတ်ပြတ်သားသားတိုက်ခိုက်ပြီးတော့ ငါတို့ဂိုဏ်းရဲ့စိတ်ဝိညာဥ်အဆောင်လက်ဖွဲ့တွေကို အသုံးပြုကြစို့...ငါတို့ရဲ့ကိုယ်ပွားတွေကို အသုံးပြုပြီးတော့ သူ့ကို အရေအတွက်နဲ့လွှမ်းမိုးကြမယ်"

မဟာအကြီးအကဲတစ်ယောက်က ပြောဆိုသည်။

ထိုစကားသံနှင့်အတူ သူတို့သုံးယောက်သည် ရွှေရောင်အဆောင်လက်ဖွဲ့ဆယ်ခုကို ဆက်တိုက်ဆွဲထုတ်လိုက်ကြသည်။

ထိုအဆောင်လက်ဖွဲ့များမှ အလင်းတန်းများဖြာထွက်လာခြင်းနှင့်အတူ လူတယောက်ဆီတွင် ကိုယ်ပွားဆယ်ခုထင်ဟပ်လာသည်။

"စိတ်ဝိညာဥ်အဆောင်လက်ဖွဲ့တွေက အချိန်တခဏပဲခံတယ်ဆိုပေမယ့် ကိုယ်ပွားတစ်ခုစီမှာ ငါတို့ရဲ့စွမ်းအားအပြည့်ရှိနေတယ်...ငါတို့အယောက်သုံးဆယ်က ဒီဆံပင်အဝါနဲ့ကောင်ကို ခြေမွှဖျက်ဆီးဖို့ လုံလောက်နိုင်တယ်"

ခေါင်းဆောင်သော မဟာအကြီးအကဲကအော်ဟစ်လိုက်သည်။

"သွားကြတော့"

ကိုယ်ပွားသုံးဆယ်သည် အရပ်မျက်နှာအဘက်ဘက်မှ အပြေးဝင်သွားကာ ဆံပင်အဝါရောင်နှင့်လူကို ဝိုင်းရံလိုက်ကြသည်။

သို့ရာတွင် သူတို့၏ဝိုင်းရံထားမှုကို ရင်ဆိုင်ရချိန်တွင် ဆံပင်အဝါရောင်နှင့်လူသည် သူ့၏လက်ဖြင့် လက်စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်၏။

"အရိပ်ဆတိုး ကိုယ်ပွားနည်းစနစ်"

သူ၏စည်းတံဆိပ်များ ကျရောက်သွားချိန်တွင် အဖြူရောင်အခိုးအငွေ့များက သူ့၏နံဘေးပတ်လည်မှထွက်ပေါ်လာသည်။ထိုမီးခိုးငွေများအကြားမှနေ၍ ဆံပင်အဝါရောင်လူ၏ကိုယ်ပွားများ တစ်ယောက်ပြီးတစ်ယောက်ထွက်ပေါ်လာကာ အရေအတွက်အားဖြင့်တစ်ထောင်ကျော်ရှိနေသည်။

ဂေ့....

အကြီးအကဲသုံးယောက်လုံး ကြက်သေသေသွားလေ၏။

All Chapters