အခန်း (၄၆၁-၄၆၅)
Vol. 31 Ch. 461-465
Chapter 461
"အရူးတစ်ကောင်ပဲ"
လုပမ်ဝေသည် ထိုစကားတစ်ခွန်းကိုပြောဆိုကာ သူ့၏အပေါင်းအဖော်တစ်စုကို ခေါ်ဆောင်၍ နောက်ထပ်အချစ်စစ်တစ်ခုကိုရှာဖွေရန် ထွက်ခွာသွားတော့သည်။
ဤနေရာတွင်...
လုရှင်းဝေ၏အရိပ်အယောင်ပင် ကျန်ရစ်ခဲ့ခြင်းမရှိချေ။
မိုးကောင်းကင်ယံအတွင်းတွင် ကြယ်တစ်စင်းပျံသန်းသွားသကဲ့သို့ အလင်းတန်းတစ်တန်းကိုသာ ဝိုးတဝါးတွေ့မြင်နိုင်ပေမည်။
မည်မျှအချိန်ကြာမြင့်သွားသည်မှန်း မသိရသေးမီမှာပင်...
မြောက်ပင်လယ်ကုန်းမြေ၏ အထက်မိုးကောင်းကင်ယံအတွင်းမှ အရာဝတ္ထုတစ်ခု သည် ကြယ်ပျံတစ်စင်းအလား အလွန်လျင်မြန်စွာကျဆင်းလာကာ ဘုန်းခနဲမြည်သံကြီးနှင့်အတူ မြေပြင်နှင့်ရိုက်ခတ်မိလေ၏။
ဘုန်း...
မြေပြင်နှင့်ရိုက်ခတ်မိပြီးနောက် လုပမ်ဝေ၏လက်သီးဖြင့် ထိုးနှက်ခြင်းခံခဲ့ရသော လုရှင်းဝေသည် မူးဝေသွားကာ သွေးအလုတ်အမြောက်အများ အန်ထုတ်လိုက်ရသည်။
သူ့၏မျက်လုံးများအတွင်းတွင် ပြင်းထန်သောထိတ်လန့်ကြောက်ရွံ့မှုများရှိနေကာ သူ၏မျက်လုံးအိမ်များ ပေါက်ထွက်တော့လုမတတ်ပင်။
သူ့၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများအပြည့်ဖြစ်နေကာ သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါငါးခု တုန်ခါနေသည်ကို သူ ခံစားမိလေ၏။လုရှင်းဝေသည် အသက်ပြင်းပြင်းရှိုက်ကာ ကျင်းနက်ကြီးအတွင်း၌ လဲလျောင်းနေပြီး သူသည် လှုပ်ရှားနိုင်စွမ်းမရှိသဖြင့် သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။
"မြန်မြန်လေး..မြောက်ပင်လယ်ကုန်းမြေကိုလာပြီး ငါ့ကိုလာခေါ်စမ်း...ငါ ပြန်ချင်တယ်...ငါ အိမ်ကိုပြန်ချင်တယ်"
သူသည် ကျောက်စိမ်းပြားကိုအသက်သွင်းပြီးသည်နှင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။
လုပမ်ဝေ၏ ပြတင်းပေါက်မှ ပစ်ချခြင်းကိုခံခဲ့ရသော လူအိုကြီးသည်ဒဏ်ရာပြင်းထန်သော်လည်း သူ့၏ဆရာသခင်သည် လုပမ်ဝေနှင့်တိုက်ခိုက်နေနိုင်သည်ဟု သူတွေးတောခဲ့မိသည်။ထို့ကြောင့် သူ့၏ဒဏ်ရာများကိုလျစ်လျူရှုပြီး သူသည် စားသောက်ဆိုင်သို့ အပြေးပြန်သွားလိုက်သည်။
သို့ရာတွင် လမ်းတစ်ဝက်သို့အရောက်မှာပင် သူသည် လုရှင်းဝေ၏သတင်းပို့ကျောက်စိမ်းပြားမှ အသံကို လက်ခံရရှိသည်။
"ဆရာ...မင်းက ဘယ်လိုလုပ်ပြီးတော့ မြောက်ပင်လယ်ကုန်းမြေကို ဒီလောက်ထိ မြန်မြန်ကြီးရောက်သွားတာလဲ"
သူသည် ကူကယ်ရာမဲ့စာဖြင့် ကျောက်စိမ်းပြားမှတဆင့် အသံပြန်လည်ပေးပို့လိုက်၏။
ထိုစကားကိုကြားချိန်တွင် လုရှင်းဝေသည် ပေါက်ကွဲသွားတော့လုနီးပါးပင်။
"ငါ ဘယ်နေရာကိုပဲရောက်နေနေ မင်းနဲ့ဘာမှမဆိုင်ဘူး...ငါ့ဆီကို မြန်မြန်လာခဲ့စမ်း"
ထိုသို့ပြောဆိုပြီးနောက်....
လုရှင်းဝေသည် ကျင်းနက်ကြီးအတွင်း၌လဲလျောင်းကာ အစောပိုင်းကမြင်ကွင်းကို ပြန်မြင်ယောင်နေမိပြီး သူ ထိတ်လန့်ကြောက်ရွံ့နေဆဲပင်။
ပကတိနယ်မြေမှဟူသော သူ၏မောက်မာထောင်လွှားမှုသည် သူ့အား ပိုင်ယန်နန်းတော်နှင့်တူညီသောအမှားမျိုးကို ကျူးလွန်စေခဲ့မိကြောင်း လုရှင်းဝေက နားလည်သဘောပေါက်သွားသည်။
ကွဲပြားခြားနားချက်မှာ သူသည် အနည်းငယ်ကံကောင်းသွားသဖြင့် ဤလက်သီးချက်ဖြင့်သတ်ဖြတ်ခြင်းမခံရခြင်းပင်။
အမှန်အားဖြင့်....
ဤသည်မှာ အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့ကို သနားငဲ့ညှာလိုက်ခြင်းဖြစ်ကြောင်း သူ ကောင်းစွာနားလည်သဘောပေါက်ထားသည်။
ထို့ပြင် ထိုအနက်ရောင်ဝတ်ရုံဝတ်လူ၏ ထိန်းချုပ်နိုင်မှုစွမ်းအားသည် သူ့အား ထိတ်လန့်ကြောက်ရွံမှုအရှိစေဆုံးပင်။သူ့ကို သေဆုံးသွားခြင်းမရှိစေဘဲ လက်သီးတချက်ဖြင့် မြောက်ပင်လယ်ကုန်းမြေသို့ ရောက်ရှိသွားစေသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
ရက်အနည်းငယ်ကြာပြီးနောက်....
လူအိုကြီးသည် နောက်ဆုံး၌ ရောက်ရှိလာလေပြီ။
"အိုး ဆရာ...ဘယ်လိုဖြစ်တာလဲ"
လုရှင်းဝေသည် ကျင်းနက်ကြီးအတွင်း၌လဲလျောင်းနေကာ မလှုပ်ရှားနိုင်သည်ကိုကြည့်ပြီး လူအိုကြီးက ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း""
လုရှင်းဝေက ထိုလူအိုကြီးကို စူးစူးဝါးဝါးကြည့်ကာ အော်ငေါက်လိုက်၏။
"မြန်မြန်လေး...ငါ့ကိုကျောပိုးပြီးတော့ ပကတိနယ်မြေဆီ ပြန်ခေါ်သွားပေးစမ်း"
"ပကတိနယ်မြေကို ပြန်မလို့လား"
လူအိုကြီးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးမြန်းသည်။
"ဆရာ...မင်းက အဲ့ဒီအနက်ရောင်ဝတ်ရုံဝတ်လူကို သိမ်းသွင်းဖို့သွားတာ မဟုတ်ဘူးလား"
ထိုစကားကိုကြားချိန်တွင်.....
အပြင်းအထန်ဒဏ်ရာရရှိထားသော လုရှင်းဝေ၏မျက်နှာရှုံ့မဲ့သွားကာ သူသည် နေရာမှာပင်အသက်ထွက်သွားလုမတတ်ပင်။သူသည် လူအိုကြီးကိုလက်ညိုးညွှန်ကာ ဆူပူကြိမ်းမောင်းလိုက်၏။
"မင်းရဲ့ခွန်အားကမဆိုးပေမယ့် ပကတိနယ်မြေတစ်ခုလုံးမှာရှိတဲ့ ဘယ်သူကမှ မင်းကို မလိုချင်တာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းရဲ့ဦးနှောက်မရှိပုံမျိုးနဲ့ ငါ လုရှင်းဝေတစ်ယောက်ကပဲ မျက်လုံးကန်းပြီးတော့ မင်းကို ငါ့နောက်ကိုလိုက်ခွင့်ပြုခဲ့မိတယ်"
"အပိုစကားတွေပြောနေတာ ရပ်လိုက်တော့...ငါ့ကို ပကတိနယ်မြေဆီ မြန်မြန်ပြန်ခေါ်သွားပေးစမ်း"
ဤအခြေအနေသို့ရောက်ရှိလာချိန်တွင် လုရွှမ်ဝေသည် သူ့၏မိခင်ကိုပင် အော်ငေါက်လိုစိတ်ပေါက်နေခဲ့သည်။
သူသည် နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း အင်မော်တယ်မြစ်ကုန်းမြေသို့လာရောက်ချိန်တွင် ရက်အနည်းငယ်အတွင်း၌ သူသည် လူနှစ်ယောက်ကိုသာ အာရုံစူးစိုက်ခဲ့မိသည်။သို့ရာတွင် သောက်ရေးမပါလှစွာဖြင့် ထိုလူနှစ်ယောက်လုံးသည် သူ ရန်စ၍မရသော တည်ရှိမှုကြီးများဖြစ်နေပြီး တစ်ယောက်ထက်ပင် တခြားတစ်ယောက်ကပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။
သူသည် ပထမလူကိုမြင်တွေ့ဖူးခြင်းမရှိသော်လည်း ထိုလူ၏သစ်သားပန်းပုရုပ်မှလက်သီးတချက်ဖြင့် သူ အသက်ထွက်သွားလုနီးပါးပင်။
ဒုတိယတစ်ယောက်ဖြစ်သော အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့အား လက်သီးတချက်ဖြင့် ဗဟိုကုန်းမြေမှ မြောက်ပင်လယ်ကုန်းမြေသို့ရောက်ရှိသွားစေခဲ့သည်။
သူသည် နောက်လိုက်များရရှိရန် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေခြင်းမပြုရသေးမီမှာပင် ဤနေရာတွင် သေဆုံးသွားလုနီးပါး ဖြစ်ခဲ့ပေ၏။
အထူးသဖြင့် အင်မော်တယ်ကုန်းမြေတွင် မည်သည့်ဆရာကြီးမှမရှိဟု ပြောဆိုခဲ့သော အရူးပင်။လုရှင်းဝေသည် သူ့၏ဓားကိုချက်ချင်းဆွဲထုတ်၍ ထိုအရူး၏မိသားစုတစ်စုလုံးကို သတ်ဖြတ်လိုစိတ်ပေါက်နေသည်။
သူသည် ထိုခွေးမသားကိုဆွဲခေါ်လာကာ ထိုသံပြားကြီးနှစ်ချပ်ကို ပြသပြီး 'ဒါက ဆရာကြီးတွေမရှိတဲ့ အင်မော်တယ်မြစ်ကုန်းမြေလား'ဟု ပြောဆိုလိုစိတ်များပင် ပို၍ပေါက်ဖွားလာသည်။
မည်သည့်နည်းဖြင့်မဆို လုရှင်းဝေသည် ဤနေရာမှ အလျင်အမြန်ထွက်သွားလိုသည်။
ဤအင်မော်တယ်မြစ်ကုန်းမြေသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
အကယ်၍ သူ့၏ဘဝအတွင်း၌ ဤနေရာသို့ထပ်၍မလာလျှင် အကောင်းဆုံးဖြစ်ပေမည်။
နောက်ဆုံး၌....
လူအိုကြီးသည် လုရှင်းဝေကို ကျောပိုးကာ အလင်းတန်းအသွင်ပြောင်းလဲ၍ ပကတိနယ်မြေသို့ဦးတည်ကာ ပျံသန်းခဲ့တော့သည်။
သူသည် ပကတိနယ်မြေသို့ ပြန်လည်ရောက်ရှိတော့မည်ကိုကြည့်ပြီး လုရှင်းဝေသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်ပြီး သူ့၏စိတ်နှလုံးသားအတွင်းမှ လေးလံနေမှုများ အမြောက်အများပျက်ပြယ်သွားသည်။
ထိုအချိန်မှာပင် လူအိုကြီးက ရုတ်တရက်ပြောဆိုသည်။
"စကားမစပ်...ဆရာ မင်းက ဗဟိုကုန်းမြေကနေမြောက်ပင်လယ်ကုန်းမြေကို ရုတ်တရက်ကြီး ဘယ်လိုရောက်သွားတာလဲဆိုတာ ငါ့ကို မပြောပြရသေးဘူးမလား"
ထိုစကားကိုကြားချိန်၌ လုရွှမ်ဝေသည် လုံးလုံးလျားလျား ပေါက်ကွဲသွားလေ၏။
"မင်း အလုပ်ကိုပဲမင်းလုပ်လို့ ငါ မင်းကို မပြောခဲ့ဘူးလား...မင်း အလုပ်ကိုပဲမင်းလုပ်လို့ ငါ မင်းကို မပြောခဲ့ဘူးလား...ငါ ပြန်ရောက်တာနဲ့ မင်းကို အရင်ဆုံး ကွပ်မျက်ပစ်မယ်"
လုရှင်းဝေသည် လူအိုကြီး၏ကျောပေါ်မှခုန်ထကာ သူ့အား တစ်ချက်ပြီးတစ်ချက်ရိုက်နှက်လိုက်သည်။
သို့ရာတွင် မတော်တဆဖြင့် သူဒဏ်ရာရရှိထားသော ဥများကို ပွတ်တိုက်သကဲ့သို့ ဖြစ်သွားလေရာ နာကျင်မှုကြောင့် ကျယ်လောင်စွာအော်ဟစ်လိုက်သောအသံက လေထုအတွင်း၌ပျံ့နှံ့သွားသည်။
Chapter 462
ဒုန်ရှန်းကျိုး...
"ငါ နောက်ဆုံးတော့ ပြန်ရောက်လာနိုင်ပြီ"
ရီဖုန်းက စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။
ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် သူသည် နောက်ဆုံး၌ ချင်းနျူဂိုဏ်း၏တပည့်တံဆိပ်ပြားကို ရရှိခဲ့သည်။
ထိုမျှသာမက....
ထိုတံဆိပ်ပြားကိုရရှိသည်နှင့် သူပြုလုပ်ခဲ့သည့် ပထမဆုံးသောအရာမှာ သူသည် ဒုန်းရှန်းကျိုးနယ်မြေသို့ပြန်ပြီး ဂိုဏ်းပေါင်းစုံမဟာမိတ်သို့သွားကာ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန် ခွင့်ပြုချက်ကို အောင်မြင်စွာရယူနိုင်ခဲ့သည်။
"ဒါက နဝမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဆိုပေမယ့်...ပြဿနာမရှိဘူး"
သူ့၏လက်အတွင်းရှိ ခွင့်ပြုချက်စာရွက်ကိုကြည့်ပြီး ရီဖုန်း၏စိတ်အတွင်း၌ အနည်းငယ် အံ့အားသင့်နေမိသည်။
သူသည် ကျွန်းသို့ပြန်ရောက်ပြီး ဂိုဏ်းတစ်ဂိုဏ်းကိုတည်ထောင်ကာ တပည့်အယောက်တစ်ရာကိုခေါ်ယူနိုင်သည်နှင့် သူ စတင်၍ကျင့်ကြံနိုင်ပေမည်။
ပျံသန်းခြင်း အသက်ရှည်ခြင်း နှစ်မြွှာကျင့်ကြံခြင်း စသောအရာများသည် သူ့အား လက်ယပ်ခေါ်နေသည့်အလားပင်။
နှစ်ရက်ကြာပြီးနောက် ရီဖုန်းသည် ကျွန်းထံသို့ ပြန်လည်ရောက်ရှိသွားလေ၏။
"ဒုန်ရှမ်းကျိုးနယ်မြေက အကောင်းဆုံးဖြစ်နေတုန်းပဲ"
သူ့အား ဆီးကြိုနှုတ်ဆက်သော လူအိုကြီးနှင့်မိန်းမကြီးများကိုကြည့်ပြီး ရီဖုန်းသည် နွေးထွေးမှုကို ခံစားမိလေ၏။
သူ အဝေးသို့သွားနေခဲ့သော ရက်များအတွင်းတွင် ကျွန်းပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအားလုံး အပြည့်အဝ အဆုံးသတ်သွားလေပြီ။
ထိုမျှသာမက ...
ပင်ကျင်းမြို့မှ လူအိုကြီးများနှင့်မိန်းမကြီးများသည် ရီဖုန်း၏ဂိုဏ်းနံဘေးပတ်လည်တွင် အိမ်များကို ကောက်ခါငင်ကာဆောက်လုပ်ပြီးစီးနေလေပြီ။
ထိုကြောင့် ယခုချိန်တွင် ကျွန်းငယ်လေးပေါ်၌ လှုပ်ရှားမှုများဖြင့် စည်ကားသက်ဝင်နေကာ ရံဖန်ရံခါ၌ ဝါးဖောင်များက ရေအိုင်အတွင်း၌ မျောလွင့်နေသည်။
"အိုး ဘုရားရေ...ငါက တကယ့်ကို ဖုန်းရွှေရတနာမြေတစ်ခုကို ရှာတွေ့ခဲ့တာပဲ..လူအိုကြီးတွေနဲ့မိန်းမကြီးတွေ အများကြီးက ဒီနေရာကို ကြိုက်ကြတယ်"
"ဒီနေရာက စည်ကားသက်ဝင်နေတာ အရမ်းကောင်းတာပဲ"
ရီဖုန်းက ရယ်မောလိုက်သည်။
ကျွန်းထံသို့ပြန်ရောက်ပြီးနောက် ရီဖုန်းသည် ဂိုဏ်းတည်ထောင်ရန်အတွက် စိတ်အားထက်သန်နေခဲ့သည်။
သူသည် ချက်ချင်းဆိုသလိုပင် ဂိုဏ်း၏အဓိကအဖွဲ့ဝင်များကို စုစည်းလိုက်၏။
အမှန်အားဖြင့်...
အဓိကအဖွဲ့ဝင်များမှာ လူနည်းစုသက်သက်ပင်။
ချင်ဟွမ်ရှင်း ကျုံးချင် လုချင်ရှန်း ယွင်ဝူ ဝူချန်အန်း ကွမ်ယွင်ဖန်း ယဲ့ပေ ဟန်ထန်းကြွယ်နှင့် တခြားလူနည်းစုမျှသာရှိသည်။
"အင်း...ငါ စစ်ဆေးပြီးတဲ့နောက်မှာ ဒီနေ့က နေ့ကောင်းတစ်နေ့ပဲ....နှောင့်နှေးနေတာထက် စတင်တာက ပိုကောင်းတယ်...ဂိုဏ်းကို ဒီနေ့ပဲ တည်ထောင်လိုက်ကြစို့"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
"တကယ်တော့ အနာဂတ်မှာ ဂိုဏ်းကို လည်ပတ်အောင်လုပ်နိုင်ဖို့က လူတိုင်းရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်"
"ကွမ်ယွင်ဖန်း...ယဲ့ပေ...ဟန်ထန်းကြွယ်"
"ရှိပါတယ်"
"မင်းတို့သုံးယောက်က တပည့်သစ်တွေအတွက် နေရာထိုင်ခင်းစီစဉ်တာစတဲ့ ဂိုဏ်းရဲ့နေ့စဉ်ကိစ္စတွေကို စီမံခန့်ခွဲရမယ်"
ရီဖုန်းက အမိန့်ပေးသည်။
"ဟုတ်ကဲ့"
သူတို့သုံးယောက်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။
ရီဖုန်း၏ဂိုဏ်းတွင် ယခုကဲ့သို့ ရာထူးနေရာမျိုးကိုတာဝန်ယူရမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"ကောင်းပြီလေ...လူအိုကြီးချင် ဒီတစ်ကြိမ်မှာ မင်း ရှာလာခဲ့တဲ့ စာအုပ်တွေက အရမ်းကောင်းတယ်...ငါ တော်တော်လေး စိတ်ကျေနပ်မိတယ် ...ဒါကြောင့် မင်းကို ကျမ်းစာဆောင်ရဲ့အကြီးအကဲအဖြစ် ငါ ခန့်အပ်လိုက်ပြီ"
ရီဖုန်းက ညွှန်ကြားလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
ချင်ဟွမ်ရှင်းက ရိုသေလေးစားစွာ ခေါင်းညိတ်ပြလေသည်။
"ကောင်းပြီလေ...ဒါဆိုရင် ဒီလောက်ပဲ"
အရာအားလုံးကိုစီစဉ်ပြီးနောက် ရီဖုန်းသည် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် လူနည်းစုသာ ရှိနေသေးသဖြင့် ဤမျှနှင့်လုံလောက်ပေ၏။
အရေးအကြီးဆုံးအချက်မှာ သူသည် တပည့်အယောက်တစ်ရာကို အမြန်ဆုံးလက်ခံ၍ ကျင့်ကြံရေးလမ်းကြောင်းပေါ်တွင် အလျှင်အမြန်လျှောက်လှမ်းနိုင်ရန်ပင်။ထိုကြောင့် ဂိုဏ်း၏ဖွင့်ပွဲကဲ့သို့သော အရာရာတိုင်းကို လျစ်လျူရှု၍ သူသည် ဂိုဏ်းကို တိုက်ရိုက်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
"အမ် ဒါနဲ့...ဆရာကြီး...ငါတို့ဂိုဏ်းရဲ့နာမည်ကဘာလဲ"
ချင်ဟွမ်ရှင်းက ပျာပျာသလဲ အော်ဟစ်လိုက်သည်။
"အော် ငါ ဒီကိစ္စကို မေ့နေတယ်"
ရီဖုန်းက သူ့၏နဖူးကိုပုတ်ကာ အလျှင်အမြန်ပြောဆိုသည်။
"မင်းတို့တွေရော ဘာကကောင်းမယ်လို့ထင်လဲ"
"ငါတို့က ဆရာကြီးဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်"
လူများအားလုံးသည် ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
ရီဖုန်းသည် ထိုကိစ္စကို စဉ်းစားတွေးတောပြီးနောက် သူတို့အားလုံးသည် တူညီနေသည်ဟုခံစားမိသဖြင့် သူသည် နာမည်တစ်ခုကို ကြုံရာကျပန်းရွေးချယ်ကာ ပြောဆိုလိုက်သည်။
"မိုးမြေဂိုဏ်းလို့ ခေါ်ကြစို့"
တခြားအကြောင်းပြချက်မရှိဘဲ ဤနာမည်သည် ကြီးကျယ်ခမ်းနားသည်ဟု သူ ခံစားမိသောကြောင့်ပင်။
ရီဖုန်းသည် ဂိုဏ်း၏နာမည်ကို ဆုံးဖြတ်လိုက်သော အချိန်အခိုက်အတန့်တွင် ရင်းနှီးကျွမ်းဝင်သောအသံတစ်သံက သူ့၏စိတ်အတွင်း၌ မြည်ဟီးလာသည်။
"ဒင်...."
"ဂိုဏ်းတစ်ဂိုဏ်းကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုတဲ့အနေနဲ့ ဓားပျံတစ်လက်ကို ဆုလာဘ်အဖြစ် ပေးအပ်ပါတယ်"
"မိုးမြေဂိုဏ်း ချည်နှောင်ပေါင်းစည်းခြင်း...."
"မိုးမြေဂိုဏ်း ချည်နှောင်ပေါင်းစည်းခြင်း အောင်မြင်သွားပါပြီ"
"တပည့်...သုံးယောက်
"တပည့်အယောက်တစ်ရာအထိ အောင်မြင်စွာရောက်ရှိလာတဲ့အချိန်ကျရင် လက်ခံသူအတွက် ကျင့်ကြံခြင်းလမ်းကြောင်း ပွင့်သွားပါလိမ့်မယ်"
Chapter 463
စနစ်၏အသံ မြည်ဟီးလာသည်နှင့် တချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်က ကျွန်းငယ်လေးနှင့်ပတ်ဝန်းကျင်ရှိရေပြင်ပေါ်သို့ ရုတ်တရက်ဆင်းသက်လာသည်။
"ကျွန်းငယ်လေးပေါ်က လေဟာနယ်က ပိုပြီးကျစ်လစ်သိပ်သည်းသွားပြီ"
"လေဟာနယ်တင်မကဘူး...မြေဆွဲအားစတဲ့ ကျွန်းပေါ်မှာရှိတဲ့ အရာရာတိုင်းကလည်း ပြောင်းလဲသွားပုံရတယ်"
"အမှန်ပဲ....ငါရဲ့ နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်နဲ့တောင် ငါ ဒီကျွန်းပေါ်မှာမပျံသန်းနိုင်တော့ဘူး"
"ဒီခံစားချက်မျိုးက ငါတို့တွေ အရမ်းအဆင့်မြင့်တဲ့နယ်မြေတစ်ခုကို ရောက်သွားတဲ့အတိုင်းပဲ"
ကျွန်းငယ်လေးပေါ်ရှိလူများသည် ရုတ်တရက်ဖြစ်ပွားလာသော အပြောင်းအလဲများနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးနေကြသော်လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်းမရှိချေ။
သူတို့သည် ရီဖုန်း၏နည်းလမ်းများနှင့် ကျင့်သားရပြီးဖြစ်သဖြင့် ဤအပြောင်းအလဲများသည် သာမန်ကိစ္စများထက် များစွာမပိုချေ။
"ဓားပျံလား"
ရီဖုန်းသည် စနစ်၏အသံကိုကြားချိန်တွင်သူ့၏မျက်လုံးများတောက်ပသွားကာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။
ဤခွေးစနစ်သည် သာမန်လမ်းကြောင်းအစား သူ့အား ဝမ်းသာဖွယ်ကောင်းသော အံ့အားသင့်မှုတစ်ခုကိုပေးမည်ဟု သူ မျှော်လင့်ထားမိခြင်း မရှိချေ။
"ဒါဆိုရင် ဒီနေရာမှာပဲ အဆုံးသတ်ကြတာပေါ့.. ငါ့မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးတယ်"
ရီဖုန်းက သုတ်သုတ်ပျာပျာဖြင့် ထွက်ခွာခဲ့တော့သည်။
ထို့နောက် သူသည် ကျွန်းငယ်လေးပေါ်ရှိ လူသူကင်းမဲ့သောနေရာသို့ ရောက်ရှိသွားကာ စနစ်မှသူ့ကို လက်ဆောင်အဖြစ်ပေးသော ဓားပျံကို ထုတ်ယူလိုက်၏။
ထိုဓားပျံထွက်ပေါ်လာချိန်တွင် တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။
ဓားပျံကိုအသုံးပြုသောနည်းလမ်းနှင့်စွမ်းဆောင်ရည်များသည်လည်း ရီဖုန်း၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ဤသည်မှာ တိုက်ခိုက်ရန်အတွက် လက်နက်တစ်ခုမဟုတ်ဘဲ ပျံသန်းခြင်းရတနာတစ်ခုသက်သက်ပင်။
စနစ်၏လမ်းညွှန်ချက်အရ ရီဖုန်းသည် ဤဓားပျံပေါ်သို့ခြေချကာ သူ့၏စိတ် ရွေ့လျားလိုက်သည်နှင့် ဓားပျံကိုစီနင်းပြီး သူ ပျံသန်းနိုင်ပေမည်။
စိတ်လှုပ်ရှားနေသောရီဖုန်းသည် ထိုဓားပျံကိုစမ်းသပ်ကြည့်ရန်အတွက် မအောင့်အည်းနိုင်တော့ချေ။အတွေးတချက်ဖြင့် သူသည် ဓားပျံပေါ်၌မတ်တပ်ရပ်ပြီး တုန်တုန်ရီရီဖြင့် လေထုအတွင်းသို့ ပျံသန်းသွားကာ သူ မြေပြင်ပေါ်သို့ပြန်လည်ပြုတ်ကျလုနီးပါးပင်။
အမှန်အားဖြင့် သူ အလွန်မြင့်မားစွာ မပျံသန်းဝံ့ချေ။မည်သို့ပင်ဆိုစေကာမူ သူသည် ဓားပျံကိုမှီခို၍ မြေပြင်မှကင်းလွတ်အောင် ပျံသန်းနိုင်သည်မှာ မငြင်းဆန်နိုင်သောကိစ္စဖြစ်သည်။
"ဟား ဟား ဟား ဟား...ငါ အခု ပျံသန်းနိုင်ပြီ"
ရီဖုန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရယ်မောလိုက်၏။
ဤကဲ့သို့ သူကိုယ်တိုင် ပျံသန်းနိုင်မှုသည် သူ့၏အတိတ်ဘဝတွင် လေယာဉ်ပျံများစီးနင်းခဲ့ခြင်း သို့မဟုတ် ဤကမ္ဘာလောကအတွင်းတွင် တခြားလူများသည် သူ့အား ပျံသန်းရန်ဆွဲခေါ်သွားခြင်းတို့ကို ကြုံတွေ့ခဲ့ရခြင်းတို့ထက် လွန်စွာသာလွန်သည်။
ထို့ပြင် ဤဓားပျံ၏အချိန်ကိုက်ရောက်ရှိလာမှုမှာ အလွန်ပြီးပြည့်စုံသည်။မူလက သူသည် သူ့၏တပည့်ဖြစ်လာသော ဝူချန်အန်းတို့ကိုလှည့်စားခဲ့သကဲ့သို့ တခြားလူအိုကြီးများနှင့်မိန်းမကြီးများ၏ မျိုးဆက်သစ်လူငယ်များကိုလည်း ခေါ်ယူရန်ကြံရွယ်ထားခဲ့သည်။သို့ရာတွင် သူသည် သူတို့အား မည်ကဲ့သို့ခေါ်ဆောင်ရမည်ကို ကြံရာမရဖြစ်နေဆဲပင်။
မည်သို့ပင်ဆိုသည်ကာမူ ဂိုဏ်းတစ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော သူ့အနေဖြင့် စွမ်းအားပြသနိုင်ခြင်း ရှိမနေခဲ့ချေ။ဤကိစ္စကိုပြောရလျှင် သူ အရှက်ရသကဲ့သို့ ခံစားမိသည်။
သို့ရာတွင် ဤဓားပျံနှင့်ဆိုပါက အရာအားလုံး ကွဲပြားခြားနားသွားလေပြီ။
သူသည် ဤဓားပျံကိုအသက်သွင်းကာ သူ့ကိုယ်သူကျင့်ကြံသူတစ်ယောက်ဟု လူများအားလုံးကို တည်ငြိမ်စွာလှည့်စားနိုင်ပေမည်။
ဤနည်းလမ်းဖြင့် ထိုလူအိုကြီးနှင့်မိန်းမအိုကြီးများသည် သူ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို မြင်တွေ့သဖြင့် သူတို့၏မျိုးဆက်သစ်လူငယ်များကို သူ၏ဂိုဏ်းအတွင်းသို့ဝင်ရန် အလျှင်အမြန် ဆွဲခေါ်လာကြမည် မဟုတ်လော။
ထို့ကြောင့် သူသည် ပြန်လည်ရောက်ရှိသည်နှင့် ကျွန်းပေါ်ရှိ အလုပ်သမားများအားလုံးနှင့် လူအိုကြီးများ မိန်းမကြီးများအားလုံးကို ဆင့်ခေါ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် မိုးမြေဂိုဏ်း၏ရင်ပြင်အတွင်း၌ လူများနှင့်ပြည့်နှက်နေသည်။
"အဟွတ်..အဟွတ်..."
ရီဖုန်းသည် သူ့၏လက်နှစ်ဖက်ကို နောက်ပစ်ထားကာ လူအုပ်ကြီးကိုဝေ့ဝိုက်ကြည့်ပြီး တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။
"ငါ ဒီနေ့ မင်းတို့အားလုံးကိုဒီနေရာမှာ စုဝေးခိုင်းတာက....ကိစ္စတစ်ခု ကြေညာစရာရှိနေလို့ပဲ... ကျေးဇူးပြုပြီးတော့ မင်းတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကို နည်းနည်းလောက် ပြင်ဆင်ထားကြပါ"
လူအုပ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားကာ ရီဖုန်း ဆက်လက်ပြောဆိုမည့်စကားများကို ရိုသေလေးစားစွာ စောင့်ဆိုင်းလိုက်ကြ၏။
"တကယ်တော့.. "
ဤအချိန်တွင် ရီဖုန်းက မျက်ခုံးပင့်လိုက်သည်။
သူ့၏လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရင်ကော့ပြီး အင်မော်တယ်တည်ရှိမှုကြီးတစ်ယောက်၏အရှိန်အဝါမျိုးကို သူက ထုတ်ဖော်လိုက်သည်။ထို့နောက် သူက အလွန်အမင်းအလေးနက်ထားသောလေသံဖြင့် ဆက်လက်၍ပြောဆိုလိုက်၏။
"ငါက သာမန်လူတစ်ယောက်မဟုတ်ဘူး...အရမ်းအစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ"
"ငါ့ကိုယ်ငါ အရင်က မဖော်ထုတ်ခဲ့ရတဲ့အကြောင်းအရင်းက တိုက်ခိုက်သတ်ဖြတ်ရတဲ့ဘဝမှာ ရှင်သန်နေရတာကို ငါ ငြီးငွေ့လာလို့ပဲ..ဒါကြောင့် ငါက ငါ့ရဲ့စွမ်းအားကိုကိုဖုံးကွယ်ပြီးတော့ ပင်ကျင်းမြို့မှာနေထိုင်ခဲ့တယ်"
ထိုသို့ပြောဆိုပြီးနောက် သူ့၏လက်ဝါးကိုလှုပ်ရှားလိုက်ရာ ဓားပျံထွက်ပေါ်လာပြီး သူ့အားလေထုအတွင်းသို့ ညင်သာစွာမျောလွင့်သွားစေသည်။
လေညှင်းတစ်ချက် တိုက်ခတ်လာသည်နှင့်အတူ....
သူ့၏ဝတ်စုံများသည် သိသိသာသာမျောလွင့်နေကာ သူ့၏အထင်ကြီးဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ကို အပြည့်အဝဟန်ရေးပြနေလေ၏။
တချိန်တည်းမှာပင် ရီဖုန်း၏စိတ်အတွင်း၌ လှုပ်ခတ်သွားခြင်းနှင့်အတူ အလင်းရောင်ဖြာထွက်စေရုံမှအပ အသုံးမဝင်သောရောင်ဝါသည်လည်း သူ၏ခေါင်းထက်၌ မြင့်တက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည် လေထုအတွင််းရှိ သူ့၏ဓားပျံပေါ်၌ မတ်တတ်ရပ်နေကာ သူ၏ခေါင်းထက်၌ တောက်ပနေသောနေအသေးစားလေး ရှိနေသည်နှင့် တူညီနေသောကြောင့် အင်မော်တယ်တည်ရှိမှုကြီးတစ်ယောက်၏ ပြီးပြည့်စုံသောပုံရိပ်ပင်။
Chapter 464
သို့ရာတွင်....
လူတိုင်းသည် အမူအယာကင်းမဲ့နေသောမျက်နှာများဖြင့် ရီဖုန်းကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေကြလေ၏။
ရီဖုန်း၏ကျင့်ကြံသူတစ်ယောက်ဟူသော သရုပ်မှန်ကို သူတို့သည် အနည်းငယ်မျှ အံ့အားသင့်သွားပုံမရချေ။
"အမ်...."
ထိုအခြင်းအရာကိုကြည့်ပြီးနောက် ရီဖုန်းသည်အနည်းငယ် ဇဝေဇဝါဖြစ်သွားလေ၏။
ဖြစ်နိုင်သည်မှာ သူတို့ကိုသူတို့ သေမျိုးယောင်ဆောင်နေသောကျင့်ကြံသူအမြောက်အများရှိနေသောကြောင့် သူတို့ မအံ့ဩခြင်းဖြစ်သလော....
ထို့ကြောင့် သူက ရှက်ကိုးရှက်ကန်းဖြင့် အလျှင်အမြန် မေးမြန်းလိုက်သည်။
"မင်းတို့...မင်းတို့တွေ နည်းနည်းလေးတောင် အံ့အားသင့်မသွားကြဘူးလား"
"ဆရာကြီးက ရယ်စရာပြောနေပြန်ပြီ....ဒါက သဘာဝကျတာပဲလေ"
လူအုပ်ကြီးက အပြုံးများပြည့်နှက်နေသောပြုံးရွှင်နေသောမျက်နှာများဖြင့် ပြောဆိုသည်။
ရီဖုန်းသည် အံ့အားသင့်သွားလေ၏။
သဘာဝကျသည်ဟူသည်မှာ မည်သည့်အရာကိုဆိုလိုသနည်း။
ဖြစ်နိုင်သည်မှာ ဤလူများသည် သူ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်သည်ကို မြင်တွေ့ပြီးနောက် သူတို့၏စိတ်အတွင်း၌ သူ့အား အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ဟု ယခင်ကတည်းက တွေးထင်ပြီးဖြစ်သလော....
သူ ထိုအရာကို ဂရုတစိုက်တွေးတောပြီးနောက် ဤသို့သာ ဖြစ်ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ သာမန်သေမျိုးများ၏အတွေးများအရ မည်သည့်နည်းဖြင့်သာမန်သေမျိုးတစ်ယောက်သည် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်နိုင်မည်နည်း။
ထိုကြောင့် ဤလူများသည် သူ့အား ကျင့်ကြံသူတစ်ယောက်ဟု ယခင်ကတည်းက တွေးထင်ပြီးဖြစ်ပေမည်။
ဤသည်မှာ မည်သည်ကြောင့် ပင်ကျင်းမြို့အတွင်းရှိ လူအိုကြီးများနှင့်မိန်းမကြီးများသည်စိတ်အားထက်သန်စွာဖြင့် သူ့ထံသို့ အပြေးရောက်လာကာ သူတို့၏နေအိမ်များကို ကျွန်းထံသို့ပင်တိုက်ရိုက်ရွှေ့ပြောင်းခဲ့သည်ကိုလည်း ရှင်းပြနိုင်သည်။
ထိုသို့မဟုတ်ပါက ကျွန်းပေါ်တွင် သက်တောင့်သက်သာနေရရုံဖြင့် ကောင်းမွန်သောဖုန်းရွှေရတနာမြေတစ်ခုဖြစ်သည်ဟု ရှင်းပြ၍မရနိုင်ချေ။
ထိုသို့တွေးတောပြီးနောက် အရာအားလုံး ကြောင်းကျိုးဆီလျော်သွားလေပြီ။
သို့ရာတွင်....
ဤသည်မှာ ရီဖုန်းအလိုရှိနေသောအရာ အတိအကျပင်။
ဤလူများသည် သူ့၏စကားများကို မယုံကြည်မည်အား သူ စိုးရိမ်ပူပန်နေခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ကြည့်ရသလောက် သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး စကားများစွာပြောဆိုရန် လိုအပ်ပုံမရချေ။
'အဟွတ် အဟွတ်...ငါက ကျင့်ကြံသူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သရုပ်မှန်ကို လူတိုင်းသိသွားပြီဆိုမှတော...."
ရီဖုန်းက တည်ငြိမ်စွာ ဆက်လက်ပြောဆိုသည်။
"ဒါကြောင့်မလို့ မင်းတို့ရဲ့ဆွေမျိုးတွေ မိတ်ဆွေတွေ မျိုးဆက်သစ်လူငယ်တွေနဲ့ မိသားစုဝင်တွေကို ငါရဲ့မိုးမြေဂိုဏ်းထဲကိုဝင်ပြီးတော့ ငါ့ရဲ့တပည့်အဖြစ် တရားဝင်ဖြစ်လာဖို့ မင်းတို့ မိတ်ဆက်ပေးနိုင်တယ်...ငါက စိတ်ရောကိုပါအကောင်းဆုံးကြိုးစားပြီးတော့ သူတို့ကိုလမ်းညွှန်မှုပေးမယ်လို့ ငါ ကတိပေးတယ်"
ရီဖုန်း ထိုသို့ပြောဆိုပြီးသည်နှင့်...
မူလက တိတ်ဆိတ်ငြိမ်သက်နေသော ရင်ပြင်တစ်ခုလုံး ချက်ချင်းဆူညံပွက်လောရိုက်သွားသည်။
"ဆရာကြီး...ဒါက တကယ်ပြောနေတာလား"
"ဟုတ်တယ် ဆရာကြီး....ဒါက ရယ်စရာပြောနေတာတော့ မဟုတ်ဘူးမလား"
"ဆရာကြီး...မင်းကိုယ်တိုင် တပည့်တွေကိုလက်ခံမှာလား"
ရုတ်ချည်းဆိုသလိုပင် လူအများသည် စူးရှတောက်ပနေသောမျက်လုံးအကြည့်များဖြင့် ရီဖုန်းကိုကြည့်လိုက်ကြကာ သူတို့အားလုံးထံမှနေ၍ စိတ်လှုပ်ရှားနေသောအသံများ ထွက်ပေါ်လာသည်။
"ငါ ရယ်စရာပြောနေတာ မဟုတ်ဘူး... ငါကိုယ်တိုင် တပည့်လက်ခံရုံတင်မကဘူး...ငါက သူတို့ထဲကနေ အယောက်တစ်ရာတိတိ တပည့်အဖြစ်လက်ခံမယ်"
ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။
ဝှီး...
ရီဖုန်း၏စကားလုံးများ ကျရောက်သွားသည်နှင့်...
ရင်ပြင်အတွင်း၌ရှိနေသော လူအမြောက်အများသည် အရူးများအလား အဝေးသို့ပြေးထွက်သွားတော့သည်။
ဤနေရာတွင် ကျန်ခဲ့သော လူတစ်စု၏မျက်နှာများပေါ်တွင်မူ နောင်တများက ရေးမှတ်ထားသည့်အလားပင်။သူတို့ထံတွင် မျိုးဆက်သစ်များမရှိသဖြင့် ဤကဲ့သို့ နတ်ဘုရားတစ်ပါးမှပေးအပ်သော အခွင့်အရေးကို လွဲချော်သွားခဲ့သဖြင့် သူတို့ကိုယ်သူတို့ တိတ်တဆိတ်ကျိတ်၍ မုန်းတီးနေကြသည်။
ဤသည်မှာ ဆရာကြီး၏တပည့်များ ဖြစ်လာနိုင်သော အခွင့်အရေးပင်။
ဤကဲ့သို့ နတ်ဘုရားတစ်ပါးမှ ပေးအပ်သောအခွင့်အရေးသည် လောကကြီးအတွင်း၌ ပထမဆုံးအကြိမ်ရရှိလာခြင်းဖြစ်ပေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းက တောက်ပစွာပြုံးလိုက်သည်။
ကြည့်ရသည်မှာ သူသည် ဤလူအိုကြီးများနှင့်မိန်းမအိုကြီးများကို အောင်မြင်စွာအရူးလုပ်နိုင်ခဲ့ကာ သူသည် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဟု သူတို့အားလုံး အမှန်တကယ်တွေးထင်သွားပုံပင်။
သို့ရာတွင် တဖန်ပြန်ကြည့်ပါက သူသည် အခွံလွတ်ကြီးဖြစ်နေသော်လည်း ဓားပျံနှင့်သူ့၏ကြီးကျယ်ခမ်းနားသော အသွင်အပြင်တို့ကြောင့် ဤလူများသည် သူ့အား ပြိုင်ဘက်ကင်းဆရာကြီးတစ်ယောက်ဟု ထင်မှတ်သွားကြပေမည်။
ထိုသက်ကျားအိုကြီးများ၏ကူညီမှုသာရှိနေပါက သူ တပည့်အယောက်တစ်ရာ လက်ခံရမည့်တာဝန်သည် လွယ်လင့်တကူ အောင်မြင်ပြီးမြောက်နိုင်ပေမည်။
ရီဖုန်းသည် စိတ်ကျေနပ်မှုကို ခံစားရပြီးနောက် သူ့၏အခန်းသို့ပြန်ကာ ထိုလူအိုကြီးများနှင့်မိန်းမကြီးများထံမှ သတင်းကိုစောင့်ဆိုင်းရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေ၏။
နေ့ဝက်ခန့်ကြာပြီးနောက်...
"မင်းရဲ့ မောက်မာမှုတွေကို ထိန်းသိမ်းထားရမယ်....မင်းကိုယ်မင်း အကြီးဆုံးစီနီယာတပည့်လို့ သုံးနှုန်းနေတာက ဒီနေရာမှာ ဘာမှအရေးမပါဘူး...မင်း နားလည်ရဲ့လား...ဒီနေ့ ဒီနေရာကို လာခွင့်ရတာက မင်းအတွက် ကောင်းချီးပေးမှုတစ်ခုပဲ"
ရေအိုင်နံဘေး၌ လူအိုကြီးတစ်ယောက်က သူ့၏ဂိုဏ်းမှ အကြီးဆုံးစီနီယာတပည့်ကို တည်ကြည်လေးနက်စွာ ညွှန်ကြားနေလေသည်။
"နောက်ပိုင်းကျရင် မင်းကိုယ်မင်း ကောင်းမွန်အောင်နေတာ အကောင်းဆုံးဖြစ်လိမ့်မယ်...တကယ်လို့ မင်းက ဆရာကြီးရဲ့တပည့်ဖြစ်လာရင် မင်းရဲ့ကံကြမ္မာ ပြောင်းလဲသွားလိမ့်မယ်"
တခြားတစ်ဖက်တွင် မိန်းမအိုကြီးတစ်ယောက်သည်လည်း သူမ၏မြေးကို တူညီသောနည်းလမ်းအတိုင်း သတိပေးဆုံးမနေသည်။
"နင် မှတ်ထားရမှာက....တကယ်လို့ ဆရာကြီးကသာ နင့်ကိုခေါ်ထားမယ်ဆိုရင်...သူ နင့်ကို ဘာလုပ်ဖို့ပဲ တောင်းဆိုနေပါစေ အိမ်မှုဝေယျာဝစ္စတွေလုပ်ရမယ်ဆိုရင်တောင်....ဒါက နင့်အတွက် ကောင်းချီးပေးမှုတစ်ခုပဲ...နင် နားလည်ရဲ့လား"
ဤအချိန်တွင် လူအိုကြီးနှင့်မိန်းမအိုကြီးများသည် သူတို့၏ဂိုဏ်းအသီးသီးမှ ဂုဏ်ယူဝံ့ကြွားရသော တပည့်များနှင့်သူတော်စင်မိန်းမပျိုများကို ခေါ်ဆောင်လာပြီး ဤနေရာသို့ အပြေးရောက်ရှိလာကြသည်။သူတို့တစ်ယောက်ချင်းစီထံတွင် ဝတ်ပြုခရီးထွက်လာကြသည့်အလား ရိုသေကိုင်းရှိုင်းသောအသွင်အပြင်မျိုးရှိနေလေ၏။
Chapter 465
"ဆရာ ဂိုဏ်းရင်ပြင်မှာ လူတွေအများကြီး စုဝေးနေကြတယ်....သူတို့အားလုံးက ဆရာ့ရဲ့လက်အောက်မှာ တပည့်ခံဖို့လာကြတာပဲ"
ကျုံးချင်က အခန်းအတွင်းသို့ ဝင်ရောက်လာကာ နူးညံ့ညင်သာစွာပြောဆိုသည်။
"အော်...."
ရီဖုန်းသည် အချိန်တခဏခန့် ကြက်သေသေသွားကာ သူ့၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။သူ ပြင်ပသို့ထွက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့၏နံဘေးရှိ ကျုံးချင်သည် သူ့အား တစ်စုံတစ်ခုကို ပြောဆိုရန်အတွက် တွေဝေတုံ့ဆိုင်းနေသည်ကို သူ သတိပြုမိလေ၏။
"တပည့်လေး...မင်းမှာ ငါ့ကို ပြောချင်တာတစ်ခုခုရှိနေတာလား"
ရီဖုန်းက နူးညံ့ညင်သာစွာ မေးမြန်းသည်။
"ဆရာ....ဆရာက တကယ်ကြီး ကျင့်ကြံသူတစ်ယောက်လားဆိုတာ ကျွန်တော်သိချင်မိတယ်"
ကျုံးချင်က မျှော်လင့်ချက်များပြည့်နှက်နေသောအသံဖြင့် ပြောဆိုသည်။
"ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ပြောလို့မရဘူး...အချိန်ကျရင် မင်း သိလာလိမ့်မယ်"
ရီဖုန်းသည် ချစ်မြတ်နိုးစွာဖြင့် ကျုံးချင်၏ခေါင်းငယ်လေးကို ပွတ်သပ်လိုက်၏။
ဤကဲ့သို့ အလုပ်ကြိုးစားသည့်တပည့်ကို သူ လှည့်စားရန် စိတ်ကူးမရှိချေ။သို့ရာတွင် တစ်ချိန်တည်းမှာပင် သူသည် ကျုံးချင်ကို စိတ်ပျက်သွားစေလိုခြင်း မရှိချေ။
ထိုကြောင့် ဤမေးခွန်းအတွက် အချိန်အတိုင်းအတာတစ်ခုထိ ရှောင်ကြဉ်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။
တပည့်အယောက်တစ်ရာကိုစုဆောင်းပြီးနောက် သူကိုယ်တိုင် ကျင့်ကြံနိုင်သည့်အချိန်သို့ ရောက်ရှိလာပါက အကောင်းဆုံးအဖြေကို သူ ပေးနိုင်ပေမည်။
သူ့၏ခေါင်းကိုပွတ်သပ်နေကာ မျက်နှာပေါ်၌ ကြောင်စီစီအမူအယာမျိုးရှိနေသော ကျုံးချင်ကို စောင်းငဲ့ကြည့်ပြီးနောက် ရီဖုန်းသည် ပြုံးလိုက်ကာ သူ့အားအာရုံစိုက်နေခြင်းကို ရပ်တန့်လိုက်သည်။သူက ဂိုဏ်းရင်ပြင်ထံသို့ အလျှင်အမြန် လျှောက်လှမ်းသွားလိုက်၏။
သူ ထိုနေရာကို မျှော်လင့်တကြီးဖြင့် တစ်ချက်ကြည့်လိုက်မိချိန်တွင် ထိတ်လန့်တုန်လှုပ်သွားသည်။
လူအိုကြီးများနှင့်မိန်းမကြီးများ၏ ဦးဆောင်မှုအောက်တွင် ရင်ပြင်တစ်ခုလုံး၌ လူများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ တခြားတစ်ယောက်သာ ဤနေရာတွင်ရှိနေပါက ထိုလူ၏မျက်လုံးအိမ်များ ကျွတ်ထွက်လုမတတ်ဖြစ်သွားပေမည်။
အကြောင်းအရင်းမှာ ဤအချိန်အခိုက်အတန့်တွင် ရင်ပြင်အတွင်း၌ ကျင့်ကြံဆင့်နယ်ပယ်ဖုံးကွယ်ထားသော အကြီးအကဲများမှလွဲ၍ လူငယ်များအားလုံးသည် ချင်းချွက်မရှိ ကောင်းကင်ဘုံ၏ချီးမြှောက်ခံများဖြစ်ကာ အနိမ့်ဆုံးကျင့်ကြံဆင့်နယ်ပယ်သည် လူသားအင်မော်တယ်နယ်ပယ်၌ ရှိနေသည်။
အမှန်အားဖြင့်...
ဤအချက်သည် သူတို့ထံတွင် အလွန်အမင်းမြင့်မားသော ပါရမီအရည်အချင်းရှိသည်ဟု ဆိုလိုခြင်းမဟုတ်ချေ။
ထိုသို့ဖြစ်ရသောအကြောင်းအရင်းမှာ ယခု လတ်တလော၌ အင်မော်တယ်မြစ်ကုန်းမြေအနှံ့ ရွာသွန်းခဲ့သော အင်မော်တယ်မိုးသည် ကုန်းမြေတစ်ခုလုံးရှိ ကျင့်ကြံသူများအားလုံးကို အလွန်အမင်းတိုးတက်သွားစေခဲ့သည်။
အထူးသဖြင့် ထိုလူငယ်များအနက်မှအများစုသည် ပင်ကျင်းမြို့အတွင်း၌နေထိုင်သော စီနီယာများထံမှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိခဲ့ခြင်းဖြစ်သည်။
ဤကောင်းကင်ဘုံ၏ချီးမြှောက်ခံ လူငယ်တစ်စုကို သိုင်းပညာခန်းမ၏ပြင်ပရှိ အမှိုက်ပုံမှ ထုတ်ယူလာသည်ဟုပင် ချဲ့ကားပြောဆိုနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဤဂျူနီယာများအတွက် ထိုအမှိုက်ပုံမှ စုတ်ပြတ်နေသောစက္ကူစတစ်ရွက်ပင်လျှင် သူတို့၏ဘဝအတွက် ထိုးထွင်းသိမြင်မှုများ ရရှိစေနိုင်သည်။
ထိုကြောင့် ဤကောင်းကင်ဘုံ၏ချီးမြှောက်ခံ လူငယ်တစ်စုသည် ကျင့်ကြံဆင့်နယ်ပယ်ခွဲခြားမသိနိုင်သော အကြီးအကဲများနှင့်အတူ ရင်ပြင်အတွင်း၌ ရိုသေလေးစားစွာ မတ်တတ်ရပ်နေကာ သူတို့၏မျက်နှာများပေါ်တွင် ကြည်ညိုလေးစားသောအရပ်အယောင်များ ရှိနေသည်။
ရီဖုန်းသည် အကြမ်းဖျင်းရေတွက်ကြည့်လိုက်ရာ တပည့်အဖြစ်ခံယူရန်လာသော လူငယ်များသည် ဆယ်နှင့်ချီ၍ရှိနေလေ၏။
ရီဖုန်း အလွန်ပျော်ရွှင်သွားသည်။
ဤသက်ကျားအိုကြီးများသည် တပည့်များစုဆောင်းရမည့် သူ၏တာဝန်ကို ချက်ချင်းဆိုသလိုပင် တစ်ဝက်ခန့်အောင်မြင်ပြီးမြောက်သွားစေခဲ့သည်။
ထိုအချိန်မှာပင် ဆူပူကြိမ်းမောင်းနေသောအသံတစ်သံက အဝေးတစ်နေရာမှထွက်ပေါ်လာသည်။
"ဘိုးဘေး....ဘိုးဘေးက ကျွန်တော့်ကို လူသားအင်မော်တယ်နယ်ပယ်ကို ရောက်သွားစေခဲ့ပေမယ့်...ကျွန်တော်ရဲ့ရုပ်ခန္ဓာကိုယ်က အဋ္ဌမအဆင့်သိုင်းအင်ပါယာတစ်ယောက်နဲ့ တိုက်ခိုက်နိုင်ဖို့တောင် အရမ်းခက်ခဲတယ်...ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲချင်ဘူး"
တောင်ငယ်တလုံးစာပမာဏမျှ ဝဖြိုးသော လူဝကြီးတယောက်သည် ဝန်လေးစွာဖြင့်သူ့၏ခြေထောက်များကို နှေးတုံ့နှေးတုံ့လုပ်နေသည်။သူ့၏မျက်လုံးများက စူးရှနေကာ သူက မကျေမနပ်ဖြင့် ပြောဆိုသည်။
"ချီယီထုံ...မင်း အဲ့ဒီနေရာကို ချက်ချင်းသွားလိုက်တာ ပိုကောင်းလိမ့်မယ်...ဒီလိုအခွင့်အရေးကို လိုချင်ပြီးတော့ မရနိုင်တဲ့လူတွေ ဘယ်လောက်များများ ရှိနေလဲဆိုတာ မင်း သိလား...မင်းက ဒီအခွင့်အရေးကိုရနေရတာတောင် အခုထိ တန်ဖိုးထားရကောင်းမှန်း မသိဘူး"
လူအိုကြီးသည် ဒေါသထွက်နေကာ ချီယီထုံ၏တင်ပါးကို အကြိမ်အနည်းငယ်ခန့်ကန်လိုက်၏။
ချီယီထုံ၏ဝဖြိုးသောခန္ဓာကိုယ်ကြောင့် လူအိုကြီး၏ကန်ချက်များသည် လုံးလုံးလျားလျား နာကြင်မှုမရှိချေ။သို့ရာတွင် လူအိုကြီး၏အခွင့်အာဏာကို လေးစားသောအနေဖြင့် ခေါင်းငုံလက်ခံလိုက်ရုံမှတပါး သူ့ထံ၌ တခြားရွေးချယ်စရာမရှိတော့ပေ။
"ဟီး ဟီး...တောင်းပန်ပါတယ် ဆရာကြီး...ငါတို့နောက်ကျသွားတယ်"
လူအိုကြီးသည် တောင်းပန်စကားပြောဆိုကာ ချီယီထုံကို အတင်းအကြပ်ဆွဲခေါ်၍ လူအုပ်အကြားသို့ တိုးဝင်လိုက်သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ဤပုန်ကန်တတ်သောတပည့်သည် ဝက်ခြေထောက်ကင်တစ်ချောင်းကို တိတ်တဆိတ်ထုတ်ယူ၍ ဖြည်းညှင်းစွာဝါးစားနေလေ၏။
"ထပ်စားနေပြန်ပြီလား...မင်း ဒါကိုပဲ သိတယ်... ငါတို့ချီမိသားစုကတော့ မင်းကြောင့် မျက်နှာပျက်ရတော့မယ်"
"ဘိုးဘေး...ဒါပေမဲ့ ကျွန်တော် တကယ်ကြီး ဗိုက်ဆာနေတယ်"
"မင်းက ပြန်ပြောရဲသေးတာလား"
လူအိုကြီးသည် ချီယီထုံကို ကြိမ်ဖန်များစွာရိုက်ပုတ်ကာ ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။
ဤလူဝကြီးကိုမြင်တွေ့ချိန်တွင် ချောမောခန့်ညားပြီး ပါရမီရှိသော တခြားလူငယ်များ၏မျက်နှာများပေါ်၌ အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ ဤကဲ့သို့လူတစ်ယောက်သည် ဤနေရာသို့ရောက်ရှိလာရန် မည်သည့် အရည်အချင်းမျိုးရှိနိုင်မည်နည်း။
"ဟီး ဟီး...အားလုံးပဲ...ငါ့ကို ခွင့်လွှတ်ပေးကြပါ...စိတ်မရှိကြပါနဲ့"
လူအိုကြီးသည် ရှက်ကိုးရှက်ကန်းဖြင့် တောင်းပန်စကား ဆက်လက်ပြောဆိုကာ သူသည် ချီယီထုံ၏တင်ပါးကို ကြိမ်ဖန်များစွာထပ်မံ၍ တိတ်တဆိတ်ကန်လိုက်၏။
"ဒါက အဆင်ပြေပါတယ်"
ရီဖုန်းက ရယ်မောနေလေသည်။
ထိုလူအိုကြီးများသည် သူတို့၏မျိုးဆက်သစ်များကိုခေါ်လာနိုင်သရွေ့ အနည်းငယ်နောက်ကျသည်ကို သူ လျစ်လျူရှုထား၍ရသည်။မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် လူတစ်ယောက်ပို၍ရှိလာသည်မှာ သူ့အတွက် အနည်းငယ်တိုးတက်လာခြင်းဖြစ်သည်။
အချိန်တခဏကြာ ထပ်မံ၍စောင့်ဆိုင်းပြီးနောက် လူအားလုံးနီးပါးရောက်ရှိလာသည်ကိုကြည့်ပြီး ရီဖုန်းက တပည့်များကို စတင်၍ခေါ်ယူတော့သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူသည် အရင်ဆုံး ချီယီထုံကို တိုက်ရိုက်ရွေးချယ်ခဲ့သည်။ချီယီထုံ၏ရုပ်ခန္ဓာကိုယ်နှင့် တခြားအမျိုးမျိုးသောအခန်းကဏ္ဍများကိုကြည့်ပြီး ထူးချွန်သူတစ်ယောက်ဟု သူ ယူဆခဲ့သည်။
"မင်း ဒီနေရာကို လာခဲ့စမ်း"
ရီဖုန်းက ညင်သာစွာပြောဆိုသည်။
ဝတ်ခြေထောက်ကို ကြိတ်ဝါးနေသော လူဝကြီးသည် သူ့၏ခေါင်းကို မော့ကြည့်လိုက်၏။
တခြားသူများသည် မယုံကြည်နိုင်ဖြစ်သွားကာ သူတို့၏အကြည့်များက ချီယီထုံထံသို့ ကျရောက်သွားသည်။
"မင်း ခုထိ ဘာတွေ ကြောင်တောင်တောင်လုပ်နေတာလဲ...ဆရာကြီးက မင်းကို ခေါ်နေတာလေ"
ချီမိသားစုဘိုးဘေးသည် ချီယီထုံ၏တင်ပါးကိုထပ်မံ၍ကန်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထိုစကားကိုကြားချိန်တွင် ချီယီထုံသည် နောက်ဆုံး၌ အသိစိတ်ပြန်ဝင်လာကာ သူ့၏ပါးစပ်ရှိဆီများကို ပျာပျာသလဲသုတ်ပြီး ရိုသေလေးစားစွာဖြင့် ရီဖုန်းထံသို့ အပြေးသွားလေသည်။
"မင်းရဲ့အရည်အချင်းကို စစ်ဆေးကြည့်ရအောင်"
ရီဖုန်းသည် ဟန်ဆောင်ပန်ဆောင်ပြုမူကာ ချီယီထုံ၏ပခုံးကို သူ့၏လက်ဝါးဖြင့် ပွတ်သပ်ပြီး ညင်သာစွာခေါင်းညိတ်ပြလိုက်၏။
အမှန်အားဖြင့်....
သူသည် တစ်စုံတစ်ယောက်၏အရည်အချင်းနှင့်ပတ်သက်ပြီး မည်သည်ကြောင့် ခွဲခြားသိမြင်နိုင်မည်နည်း...
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လူအမြောက်အများ၏ရှေ့တွင် ဂိုဏ်းချုပ်တယောက်ဖြစ်သော သူသည် သင့်လျော်သောအပြုအမူကို စောင့်ထိန်းထားရန် လိုအပ်သည်။
အမှန်အားဖြင့်...
သူသည် စနစ်ကိုအသုံးပြု၍ ထိုလူများအား စစ်ဆေးနေခြင်းပင်။
ချီယီထုံသည် အထူးအမှိုက်အရည်အချင်းရှိသူပင်။
သို့ရာတွင် ရီဖုန်းသည် ချီယီထုံ၏အရည်အချင်း အမှိုက်ဟုတ်မဟုတ်ကို ဂရုမစိုက်ချေ။အဓိကသော့ချက်မှာ သူသည် တပည့်များအား လက်ခံနိုင်ရန်ပင်။
"အင်း...အရည်အချင်းကသာမန်ဆိုပေမယ့် နည်းနည်းလောက်ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် ပါရမီမြင့်မားလာအောင် လုပ်လို့ရတယ်"
ရီဖုန်းက တည်ကြည်လေးနက်သော အမူအယာဖြင့် လိမ်လည်ပြောဆိုလိုက်သည်။
ထိုစကားကိုကြားချိန်တွင်....
လူအုပ်ကြီးအကြားမှာနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။
မြောက်များစွာသော မနာလိုအားကျသည့်မျက်လုံးအကြည့်များသည် ချီယီထုံပေါ်သို့ကျရောက်လာသည်။
ချီယီထုံကိုယ်တိုင်သည်လည်း နေရာမှာပင် ကြက်သေသေနေသည်။
စိတ်အလှုပ်ရှားဆုံးလူတစ်ယောက်မှာ ချီမိသားစုဘိုးဘေးပင်။
သူသည် ပင်ကျင်းမြို့၌ မတော်တဆနေထိုင်နိုင်ခဲ့သော်လည်း သူ၏နောက်ပိုင်းမျိုးဆက်များသည် အမှန်တကယ်ကို အရည်အချင်းမရှိကြချေ။ထိုကြောင့်သူသည် ချီယီထုံကို ကံစမ်းရန်အတွက် ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။
သူသည် အစကတည်းက မည်သည့်မျှော်လင့်ချက်ကိုမျှ ဆုပ်ကိုင်မထားခဲ့ချေ။
သို့ရာတွင် မမျှော်လင့်ဘဲ ပထမဆုံးရွေးချယ်ခံရသူသည် ချီယီထုံဖြစ်နေပေ၏။
"ဟား ဟား ဟား ဟား....ငါ့ရဲ့ချီမိသားစု အောင်မြင်တိုးတက်တော့မယ်"
နံဘေးတစ်ဖက်တွင်ရှိနေသော ချီမိသားစုဘိုးဘေးသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ရီဖုန်းကိုထပ်ခါတလဲလဲ ဦးညွတ်အရိုအသေပြုလိုက်သည်။
ရီဖုန်းက ရှက်ကိုးရှက်ကန်းဖြင့် သူ့၏နဖူးကို ပွတ်သပ်လေသည်။
သူ လုံးလုံးလျားလျား ဆွံ့အနေမိသည်။
ဤမျှဖြင့် အလွန်စိတ်လှုပ်ရှားရန် လိုအပ်သလော....
အကယ်၍ ထိုလူအိုကြီးမှနေ၍ ရီဖုန်းသည်
အခွံလွတ်ကြီးသက်သက်ဖြစ်သည်ကို ရှာဖွေတွေ့ရှိသွားပါက သူ့၏တုံ့ပြန်မှုသည် မည်သို့ဖြစ်လာမည်ကို မည်သူသိနိုင်မည်နည်း။
သို့ရာတွင် ဤသည်မှာ ပြဿနာမရှိချေ။
သူသည် တပည့်အယောက်တစ်ရာကို စုဆောင်းနိုင်သည်နှင့် ကျင့်ကြံသူတစ်ယောက်ဟူသော အဆင့်အတန်းနှင့် သူ ကိုက်ညီသွားပေမည်။
သူသည် မသိမသာပြုံးလိုက်၏။
ဂိုဏ်းချုပ်တစ်ယောက်၏အရှိန်အဝါမျိုးကို သူ ဆက်လက်၍ ထုတ်လွှတ်ထားကာ ကောင်းမွန်စွာဟန်ဆောင်ရင်း လူအုပ်အကြားသို့ ကြည့်ရှုစစ်ဆေးလိုက်သည်။
ရီဖုန်း၏အကြည့်အောက်တွင် လူငယ်ပါရမီရှင်များသည် လှုပ်လှုပ်ရွရွဖြစ်လာကာ သူတို့အားလုံးသည် မျှော်လင့်စောင့်စားနေသောအကြည့်များဖြင့် ရီဖုန်းကို ကြည့်နေကြသည်။
သို့ရာတွင်....
ရီဖုန်းသည် နောက်ထပ်တပည့်တစ်ယောက်အဖြစ် တစ်စုံတစ်ယောက်ကို သာမန်ကာလျှံကာ ရွေးချယ်တော့မည့်အချိန်မှာပင် အသံတစ်သံက ရုတ်တရက် သူ့၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
"ဒင်..."
"လက်ခံသူရဲ့အသစ်လက်ခံလိုက်တဲ့တပည့်မှာအရည်အချင်း ကင်းမဲ့နေတယ်...ဒါကြောင့်တာဝန်ရဲ့တိုးတက်မှုက တစ်ရာပုံသုံးပုံမှာရှိနေတုန်းပဲ"
"သောက်ကျိုးနည်း..."
ထိုရင်းနှီးကျွမ်းဝင်သောအသံကိုကြားချိန်တွင် ရီဖုန်းသည် အံ့အားသင့်တုန်လှုပ်မှုကြောင့် ချက်ချင်း ကြက်သေသေသွားသည်။
"ဘာလဲ...တပည့်လက်ခံတဲ့နေရာမှာ လိုအပ်ချက်တွေ ရှိသေးတာလား"
ရီဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ့၏စိတ်အတွင်းရှိစနစ်ကို မေးမြန်းလိုက်၏။
"ဒင်..."
"တပည့်လက်ခံခြင်းအတွက် လိုအပ်ချက်များ.... အနိမ့်ဆုံးအရည်အချင်း သာမာန်"
"သာမန်အရည်အချင်းလား"
ဒီဖုန်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားကာ သူသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။
ဤသည်မှာ သတင်းကောင်းပင်။
သာမန်အရည်အချင်းသက်သက်သာ ဖြစ်သဖြင့်....
သူ စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။
မည်သို့ပင်ဆိုစေကာမူ သူ့၏အသုံးမကျသောတပည့်လေးကျုံးချင်ထံတွင်ပင် သာမန်အရည်အချင်းရှိနေသည်။ထိုကြောင့် ဤကဲ့သို့ဆယ်နှင့်ချီသောလူစုလူဝေးအကြားတွင် သာမန်အရည်အချင်းရှိသောလူများ ရှိနေနိုင်သည်မဟုတ်လော...
"အရည်အချင်းစစ်ဆေးခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းမယ်"
"လက်ရှိနေရာမှာရှိတဲ့ လူတွေအားလုံးကို စစ်ဆေးစမ်း"
ရီဖုန်းသည် သူ့၏အသံကို စနစ်ထံသို့ပေးပို့လိုက်ကာ ရလဒ်ကိုစောင့်ဆိုင်းရင်း သူ့၏နှုတ်ခမ်းထောင့်မြင့်တက်သွားသည်။
Thank For Reading.