← Chapters

အခန်း (၄၆၆-၄၇၀)

Vol. 32 Ch. 466-470

အခန်း (၄၆၆-၄၇၀)

Vol. 32 Ch. 466-470

Chapter 466

သို့ရာတွင်...

ရလဒ်များထွက်ပေါ်လာချိန်တွင် ရီဖုန်းသည် ချက်ချင်းအံ့အားသင့်တုန်လှုပ်သွားပေ၏။

ဤကဲ့သို့ ဆယ်နှင့်ချီသော လူငယ်များအကြားတွင် သာမာန်ပါရမီရှိသူ တစ်ယောက်မျှရှိမနေဘဲ သူတို့အားလုံး အထူးအမှိုက်များဖြစ်နေသည်။

ရီဖုန်းသည် စိတ်ဓာတ်ကျသွားကာ သူ့၏မျက်နှာ ချက်ချင်းမည်းမှောင်သွားသည်။

သူသည် မူလက ယနေ့တွင် တပည့်များခေါ်ယူရမည့်တာဝန်ကို တစ်ဝက်ခန့်ပြီးမြောက်မည်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် သူသည် တာဝန်ကို အနည်းငယ်မျှပင် ပြီးမြောက်နိုင်ခြင်းမရှိမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ဤလူအိုကြီးများနှင့်မိန်းမကြီးများကို မည်သည်နည်းဖြင့် သူ မှီခိုအားထားနိုင်မည်နည်း။

"ဒီနေ့အတွက် ဒီလောက်ပဲ...လူစုခွဲကြတော့"

ရီဖုန်းက သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။သူသည် မည်သည့်စကားကိုမျှ ထပ်မံပြောဆိုလိုစိတ်မရှိတော့ချေ။

"ဘာလို့လဲ"

"အမှန်ပဲ...အဲ့ဒီဝတုတ်ကောင်ကရပြီးတော့...ဘာလို့ ငါတို့က မရတာလဲ"

"ငါတို့ရဲ့ခွန်အားက သူ့ထက် မနိမ့်ကျဘူးဆိုတာ အသိသာကြီးလေ"

ရီဖုန်း၏စကားများသည် ကွင်းပြင်အတွင်းရှိ လူငယ်ပါရမီရှင်များထံမှ စိတ်မကျေမနပ်ဖြစ်သည့်အသံများကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားစေသည်။သူတို့အားလုံးသည် ရီဖုန်းကို မေးမြန်းလိုက်ကြ၏။

ကံကောင်းထောက်မစွာဖြင့် သူတို့၏နောက်ရှိ လူအိုကြီးများနှင့်မိန်းမကြီးများသည် အလျှင်အမြန်တုံ့ပြန်လိုက်ကြသည်။သူတို့သည် ထိုလူငယ်ပါရမီရှင်များကို မြေပြင်ပေါ်သို့လဲကျသွားသည်အထိ ရိုက်နှက်လိုက်ကြ၏။

"ပါးစပ်ပိတ်ထားစမ်း"

"မင်းတို့က အဆင်အခြင်မဲ့တဲ့ကောင်တွေပဲ"

"ဆရာကြီးရဲ့ဆုံးဖြတ်ချက်က မင်းတို့ ​ချေပလို့ရတဲ့ အရာတစ်ခုလား"

"ထွက်သွားစမ်း...ဒီနေရာက မြန်မြန်ထွက်သွားကြစမ်း"

လူအိုကြီးနှင့်မိန်းမအိုကြီးများသည် ထိုလူငယ်ပါရမီရှင်များကို အဝေးသို့ အလျှင်အမြန်မောင်းထုတ်ကာ တောင်းပန်လိုသောအကြည့်ဖြင့် ရီဖုန်းကို ကြည့်လိုက်ကြသည်။

"ကျေးဇူးပြုပြီးတော့ သူတို့ရဲ့စကားတွေကို အလေးအနက်မထားပါနဲ့ ဆရာကြီး"

"ဒါက အဆင်ပြေပါတယ်"

ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ တည်ငြိမ်စွာပြောဆိုသည်။မည်သို့ပင်ဆိုစေကာမူ သူနှင့်ထိုလူငယ်များအားလုံးသည် ကျင့်ကြံနိုင်ခြင်းမရှိသော အသုံးမဝင်သည့်အမှိုက်ကောင်များဖြစ်သဖြင့် သူတို့၏ကျင့်ကြံလိုသောစိတ်ဆန္ဒကိုသူ နားလည်သဘောပေါက်သည်။

"ဆရာကြီး စိတ်ထဲမထားရင် အဆင်ပြေပါတယ်"

"ဒါပေမဲ့ ဆရာကြီး...ငါတို့က အတင့်ရဲစွာနဲ့ တစ်ခုတော့ မေးချင်သေးတယ်...မင်း အရင်ကတပည့်အယောက်တစ်ရာ လက်ခံမယ်လို့ ပြောခဲ့တယ် မဟုတ်လား...ဒါပေမဲ့ အခုကျတော့..."

လူတိုင်းသည် သိချင်စိတ်ပြင်းပြစွာဖြင့် ရီဖုန်းကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်ကြ၏။

"ဟူး....."

ကွင်းပြင်အတွင်းမှ ထွက်ခွာသွားသောလူငယ်များကိုကြည့်ပြီး ရီဖုန်းသည် သူတို့၏ယုံကြည်ချက်များအား ရိုက်ချိုးမိမည်ကို စိုးရိမ်စရာမရှိတော့သဖြင့် လူအိုကြီးများနှင့်မိန်းမအိုကြီးများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

"တကယ်တော့ ဒါက ငါ သူတို့ကို မခေါ်ယူချင်တာကြောင့် မဟုတ်ဘူး....အဓိကအချက်ကတော့ မင်းတို့ ခေါ်ဆောင်လာတဲ့ လူငယ်တွေက...."

ထိုအချက်သို့အရောက်တွင် ရီဖုန်းက သူ့၏ခေါင်းကို ခါယမ်းကာ ဆက်လက်၍ ပြောဆိုသည်။

"သူတို့ရဲ့ပါရမီအရည်အချင်းတွေက အရမ်းနိမ့်ပါးနေတယ်"

"အရမ်းနှိမ်ပါးတဲ့ ပါရမီအရည်အချင်းရှိနေတာလား"

"အမှန်ပဲ"

ရီဖုန်းက ခေါင်းညိတ်ပြကာ သူသည် အလွန်အမင်း ပြောစရာစကားလုံး ကင်းမဲ့နေသည်။

"သူတို့ရဲ့ပါရမီအရည်အချင်းတွေက နိမ့်ပါးရုံတင်မကဘူး...အောက်ခြေအကန့်အသတ်မရှိတဲ့အထိကို အရမ်းနိမ့်ပါးနေတာ...သူတို့ကို အထူးအမှိုက်ကောင်တွေလို့ ပြောလို့ရတယ်"

ထိုစကားကို ကြားချိန်တွင်....

လူတိုင်း၏မျက်နှာပေါ်တွင် ခါးသည်းသောအမူအယာများ ထင်ဟပ်လာသည်။

တစ်ခုသိထားရသည်မှာ ဤလူငယ်ပါရမီရှင်များသည် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ထိပ်သီးအစွမ်းထက်အင်အားစုများ၏ နောင်အနာဂတ်ဆက်ခံသူများပင်။

သို့ရာတွင်.....

ဆရာကြီး၏မျက်လုံးအတွင်း၌ ဤလက်ရွေးစင်လူငယ်ပါရမီရှင်တစ်စုသည် အကန့်အသတ်မရှိသည်အထိနိမ့်ပါးသော ပါရမီအရည်အချင်းရှိသူများ ဖြစ်နေသလော.....

ဆရာကြီး၏မျက်လုံးကို ဖမ်းစားနိုင်ရန် မည်ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်မျိုး လိုအပ်သနည်း....

"ဆရာကြီး...ဒါက ငါ့မိသားစုထဲက ကောင်စုတ်လေးကို ဆိုလိုတာလား"

တစ်ဦးတည်းသော ကံကောင်းသူဖြစ်သည့် အကြီးအကဲချီက အံ့အားသင့်တုန်လှုပ်စွာဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်သည်။

"အင်း...."

"သူက မတော်တဆမူတစ်ခုပဲ"

ရီဖုန်းသည် သူ့၏နံဘေးရှိ ဝတုတ်သုတ်လူငယ်ကိုကြည့်ကာ အလွန်အမင်းဆွံ့အနေသည်။

သို့ရာတွင် သူသည် ဤတပည့်ကို လူသိရှင်ကြားလက်ခံပြီးဖြစ်သဖြင့် ပြန်ရုတ်သိမ်း၍မရတော့ချေ။

အချိန်တခဏကြာပြီးနောက်.....

ရီဖုန်းသည် ချီယီထုံကို မိုးမြေဂိုဏ်း၏။ပင်မခန်းမအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။မိုးနှင့်မြေကို ဂါရဝပြုပြီးနောက် ချီယီထုံသည် ရီဖုန်းကို သူ့၏ဆရာသခင်တစ်ယောက်အဖြစ် ဦးတိုက်အရိုအသေပြုလေ၏။

မြေပြင်ပေါ်၌ ဒူးထောက်နေသော ချီယီထုံကိုကြည့်ပြီး ရီဖုန်းသည် အလွန်အကြပ်ရိုက်နေသကဲ့သို့ ခံစားမိလေ၏။

သူသည် တပည့်တစ်ယောက်ကို လက်ခံခဲ့သော်လည်း တာဝန်မပြီးမြောက်သည့်အပြင် ထိုတပည့်ကို သင်ကြားပေးရမည့် တာဝန်ကိုလည်း ထမ်းဆောင်ရပေမည်။ဤသည်မှာ သူ့အတွက် ခက်ခဲသောကိစ္စတစ်ရပ်ပင်။

ဤသည်မှာ သူ့ကိုယ်သူ ဒုက္ခဖြစ်စေခြင်းမဟုတ်လော.....

သို့ရာတွင် သူ့၏ဒုက္ခများကို မည်သူ့ကိုမျှ မြင်တွေ့ခွင့်ပြု၍မရချေ။ထို့ကြောင့် ရီဖုန်းသည်ရွေးချယ်စရာမရှိတော့ဘဲ စတင်၍ဖြီးဖြန်းလိုက်တော့သည်။

"လူတိုင်း သိထားကြသလိုပဲ..လူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းတွေ ရှိတယ်...မင်းက အစားကျူးတဲ့လူဖြစ်နေမှတော့ အစားအသောက်နဲ့ပတ်သက်တဲ့ လမ်းကြောင်းမှာ တစ်စုံတစ်ခု အောင်မြင်လာနိုင်တယ်...ဒီစာအုပ်ကို ငါကိုယ်တိုင် ဖန်တီးထားတာ...မင်း ဒါကိုယူသွားပြီးတော့ နားလည်အောင်ကြိုးစားပါ"

"မင်း ဒီစာအုပ်ကို လေ့လာဆင်ခြင်ပြီးသွားတဲ့အချိန်မှာ ငါ့ကို ထပ်ပြီးလာရှာပါ"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် 'ချက်ပြုတ်နည်းအပြည့်အစုံ'စာအုပ်ကို သူ့၏သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူကာ ချီယီထုံထံသို့ ပစ်ပေးလိုက်သည်။

ချီယီထုံသည် 'ချက်ပြုတ်နည်းအပြည့်အစုံ'စာအုပ်ကို ယူပြီးနောက် ဖွင့်ကြည့်လိုက်၏။သူ့၏ ကျဥ်းမြောင်းသောမျက်လုံးတစ်စုံအတွင်းမှ ရုတ်တရက် တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး...ကျေးဇူးတင်ပါတယ် ဆရာကြီး...ကျွန်တော်က ဒါကို ကောင်းကောင်းလေ့လာဆင်ခြင်ပါ့မယ်... ဆရာကြီးကို သေချာပေါက် စိတ်မပျက်စေရဘူး"

ချီယီထုံသည် ပြင်းထန်စွာဦးတိုက်အရိုအသေပြုကာ ချက်ပြုတ်နည်းအပြည့်အစုံစာအုပ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။သူ့၏မျက်နှာပေါ်တွင် အလွန်အမင်းစိတ်လှုပ်ရှားနေသော အမူအယာတစ်ရပ်ရှိနေသည်။

"သွားတော့"

ရီဖုန်းက သူ့၏လက်ကိုဝှေ့ယမ်းကာ ချီယီထုံကို မောင်းထုတ်လိုက်တော့သည်။

မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိအချိန်၌ သူ လုပ်ဆောင်နိုင်သောအရာဟူ၍ မရှိချေ။

ယခုအချိန်၌ အစစ်အမှန်ကျင့်ကြံနည်းစနစ်များကို သူ သင်ကြားမပေးနိုင်သောကြောင့် ကိစ္စများကို အရင်ဆုံး တည်ငြိမ်နေစေရန် ဤနည်းလမ်းကိုသာ မှီခိုအားထားရပေမည်။

နောင်အနာဂတ်တွင် သူကိုယ်တိုင် ကျင့်ကြံနိုင်သောအချိန်သို့ ရောက်ရှိလာပါက သူသည် ချီယီထုံကို နည်းစနစ်အနည်းငယ်သင်ကြားပေးရန်အတွက် နည်းလမ်းတစ်ခုကိုရှာဖွေရပေမည်။

ချီယီထုံကို လွယ်လင့်တကူ လှည့်စား၍ရမည်ဟု ရီဖုန်း မျှော်လင့်မထားမိခဲ့ချေ။ချက်ပြုတ်နည်းအပြည့်အစုံစာအုပ်တစ်အုပ်ဖြင့် သူ့အား အဝေးသို့မောင်းထုတ်ရန် အမှန်တကယ်ကို လုံလောက်ခဲ့ပေ၏။

Author note... စနစ်ကိုအဆင့်မြှင့်တင်ပြီးနောက် ပါရမီအရည်အချင်းဆန်းစစ်မှုလုပ်ဆောင်ချက်အရ အင်မော်တယ်နယ်ပယ်ရဲ့အောက်ကို စနစ်မှထောက်လှမ်းရန်ပျင်းရိသည်ဟု ဆန်းစစ်မိပေမည်။အကြောင်းအရင်းမှာ ထိုလူများသည် အရည်အချင်းမပြည့်မီသောကြောင့်ပင်။လူသားအင်မော်တယ်နဲ့မြေကမ္ဘာအင်မော်တယ်တွေကို အထူးအမှိုက်ပါရမီအရည်အချင်းဟု ရလဒ်ထွက်ပေါ်ပေမည်။အမှန်အားဖြင့် ဤသည်မှာ သာမာန်ကိစ္စမျိုးအတွက်သာဖြစ်ပြီး အကြွင်းမဲ့မတိကျချေ။နောက်ပိုင်းတွင် အထူးအရိုးဖွဲ့စည်းတည်ဆောက်ပုံ ပိုင်ဆိုင်ထားသော သိုင်းဝိညာဥ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် သို့မဟုတ် တခြားထူးခြားသောအရည်အချင်းများကို ပိုင်ဆိုင်ထားသူများအား စနစ်မှ သာမာန် သို့မဟုတ် ထို့ထက်မြင့်မားသောပါရမီရှင်များအဖြစ် ပြသပေမည်။

Chapter 467

ချီယီထုံကို လက်ခံပြီးသည်မှာ လဝက်ခန့်ကြာမြင့်သွားသည့်တိုင် ရီဖုန်းသည် သာမန်အရည်အချင်းရှိသော တစ်စုံတစ်ယောက်ကို ရှာမတွေ့ချေ။ဤသည်မှာ ရီဖုန်းကို သူသည် ဤကွဲပြားခြားနားသောကမ္ဘာလောကကို အမှန်တကယ် အထင်ကြီးလွန်ခဲ့မိကြောင်း ညည်းတွားမိစေသည်။ဤနေရာရှိ လူအများစုသည် အသုံးမကျသူများ ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဟူး...."

"ငါက ဆက်ပြီးအပျင်းထူနေရုံပဲ ရှိတော့တယ်"

သူသည် စနစ်မှပေးအပ်သောတာဝန်ကို အချိန်တိုအတွင်း၌ မပြီးမြောက်နိုင်သည်ကိုကြည့်ပြီး ရီဖုန်းသည် သူ့၏အပျင်းထူသူဟူသော အဆင့်အတန်းကိုသာ ဆက်လက်၍ထိန်းသိမ်းလိုက်သည်။သူသည် ပန်းပုထုခြင်း သူ့၏ခန္ဓာကိုယ်ကိုလေ့ကျင့်ခန်းပြုလုပ်ရန် ရံဖန်ရံခါကခုန်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့တော့သည်။

ဒင်....

ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်သောအသံတစ်သံက သူ့၏စိတ်အတွင်း၌ ထပ်မံ၍မြည်ဟီးလာသည်။

"လက်ခံသူက ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်တာလဝက်ကြာပြီးတဲ့အချိန်အထိ အရည်အချင်းပြည့်မီတဲ့တပည့်တစ်ယောက်မှ လက်မခံရသေးတာကို စနစ်က ထောက်လှမ်းမိတယ်...ဒါကြောင့် လက်ကမ်းကြော်ငြာစာဆယ်စောင်ကို လက်ခံသူအတွက် အထူးပြင်ဆင်ပေးလိုက်ပါတယ်"

"လက်ခံသူက ဒါတွေကို လက်ခံချင်ပါသလား"

"လက်ကမ်းကြော်ငြာတွေလား"

သူ့၏အပျင်းထူသူဟူသော အဆင့်အတန်းကို ထိန်းသိမ်းနေသည့် ရီဖုန်းသည် ထိုင်ခုံပေါ်မှခုန်ထကာ အလျင်စလိုအော်ဟစ်လိုက်၏။

"အဲ့ဒါတွေကို လက်ခံမယ်"

ရီဖုန်း၏အသံ ထွက်ပေါ်လာပြီးနောက် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရွှေရောင်လက်ကမ်းကြော်ငြာဆယ်စောင်က ရီဖုန်း၏လက်အတွင်းသို့ ကျရောက်လာသည်။

"နှစ်ကိုယ်တူကျင့်ကြံနည်းစနစ်ကို ကျင့်ကြံဖို့အတွက် တာအိုလက်တွဲဖော်ရှာဖို့ စိတ်ညစ်နေတုန်းပဲလား"

"မင်း သဘောကျရတဲ့ ချောမောခန့်ညားတဲ့လူငယ်တွေနဲ့ လှပတဲ့မိန်းမပျိုလေးတွေ ရှားပါးနေလား"

"လူသစ် ခေါ်ယူတယ်...လူသစ် ခေါ်ယူနေတယ်....မိုးမြေဂိုဏ်းက လူသစ်ခေါ်ယူနေတယ်"

"တကယ်လို့ ကျင့်ကြံခြင်းအတွက် ဘယ်နတ်ဘုရားဂိုဏ်းက အကောင်းဆုံးလဲလို့မေးရင် နန်ရှားနယ်မြေ ပင်ကျင်းမြို့မှာရှိတဲ့ မိုးမြေဂိုဏ်းပဲ"

"ဒီနေရာမှာ သြဇာအာဏာကြီးမားတဲ့အမျိုးသားတွေ နူးညံ့သိမ်မွေ့တဲ့အမျိုးသမီးတွေအဖြစ်ကိုရောက်နိုင်ပြီးတော့ စိတ်ကူးယဥ်နေရုံသက်သက်မဟုတ်ဘဲ ဘဝရဲ့အထွတ်အထိပ်အခြေအနေကို ရောက်နိုင်လိမ့်မယ်...ဒါက စိတ်ကူးယဥ်သက်သက် မဟုတ်ဘူး"

သူ့၏လက်အတွင်းရှိ လက်ကမ်းကြော်ငြာများကိုကြည့်ပြီး ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။ ဤအရာများ၏ အပြင်အဆင် ပုံသဏ္ဍာန်တို့ကို အတိတ်ဘဝမှ လမ်းကြိုလမ်းကြားများတွင် သူ အလွန်အမင်းရင်းနှီးကျွမ်းဝင်ခဲ့ဖူးသကဲ့သို့ ခံစားမိသည်။

ဤအရာများဖြင့် လူများကိုဆွဲဆောင်နိုင်ရန် အမှန်တကယ် ဖြစ်နိုင်ပါသလော....

သို့ရာတွင် ယခုလက်ရှိအချိန်၌ စိတ်ပျက်လက်ပျက်ဖြစ်နေသော ရီဖုန်းအတွက် တခြားနည်းလမ်းမရှိတော့ချေ။သူသည် ဤကောက်ရိုး​မျှင်များကို ဆုပ်ကိုင်ထားရပေမည်။

"ဒါဆိုရင် ငါက ဒီလက်ကမ်းကြော်ငြာတွေကို ဘယ်လို အသုံးပြုရမှာလဲ"

ရီဖုန်းက မေးမြန်းလိုက်၏။

"လက်ခံသူက ဒီလက်ကမ်းကြော်ငြာကို ကိုင်ထားပြီးတော့ စိတ်နှလုံးသားကို လှုပ်ရှားလိုက်ဖို့ပဲ လိုအပ်တယ်....အဲ့ဒီလက်ကမ်းကြော်ငြာတွေက အလိုအလျောက် ပျံသန်းသွားပြီးတော့ လက်ခံသူရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့လူတွေရဲ့လက်ထဲကို ရောက်သွားလိမ့်မယ်"

စနစ်က တုံ့ပြန်သည်။

"အော်...."

"ဒါက တော်တော်လေး ဆန်းကြယ်တာပဲ"

ရီဖုန်း၏မျက်လုံးများ တောက်ပသွားကာ သူက အလျင်စလိုမေးမြန်းလိုက်သည်။

"ဒါဆိုရင် အဲ့ဒီလက်ကမ်းကြော်ငြာကို လက်ခံရရှိတဲ့လူက ငါ့ရဲ့တပည့် သေချာပေါက်ဖြစ်လာမှာလား"

"ဒါကတော့ ကံကြမ္မာနဲ့ပဲသက်ဆိုင်တယ်"

စနစ်သည် နောက်ထပ်စိတ်အနှောင့်အယှက်ဖြစ်ဖွယ်တုံ့ပြန်မှုတစ်ခုကို ပေးလေ၏။

ရီဖုန်း ဆွံ့အသွားသည်။

သို့သော် ယခုချိန်၌ သူ့ထံတွင် တခြားနည်းလမ်းမရှိတော့ချေ။သူသည် လက်ကမ်းကြော်ငြာတစ်စောင်ကို ကောက်ယူကာ သူ့၏စိတ်နှလုံးသားကို လှုပ်ရှားလိုက်သည်။

တိကျသေချာစွာပင်....

သူ့၏လက်အတွင်းရှိ လက်ကမ်းကြော်ငြာသည် အလင်းအမှုန်အမွှားများအဖြစ် ပြန့်ကျဲသွားကာ လေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။ရီဖုန်းသည် လက်ကမ်းကြော်ငြာဆယ်စောင်စလုံးကို စေလွှတ်လိုက်၏။

ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်၌ ပြန်လည်၍လဲလျောင်းတော့မည့် အချိန်မှာပင် မြေပြင်ပေါ်မှနေ၍ ပြင်းထန်သောခြေလှမ်းသံများ ရုတ်တရက်ထွက်ပေါ်လာသည်။

သူ မော့ကြည့်လိုက်ရာ ပန်းကန်လုံးကြီးတစ်လုံးကိုသယ်ဆောင်၍ ဒယိမ်းဒယိုင်ခြေလှမ်းများဖြင့် သူ့ထံအပြေးလာနေသော ချီယီထုံကို တွေ့မြင်မိသည်။

"ဆရာ ဆရာ...ကျွန်တော် ဒါကို နားလည်သွားပြီ"

ချီယီထုံသည် အပြေးလာနေရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"မင်းက ဘာကိုနားလည်သွားတာလဲ"

ရီဖုန်းက ချီယီထုံကို ဇဝေဇဝါဖြင့်ကြည့်ကာ မေးမြန်းလိုက်၏။

"ဆရာ....ဆရာ ကျွန်တော်ကိုပေးခဲ့တဲ့ ချက်ပြုတ်နည်းစာအုပ်ကနေပြီးတော့ ထမင်းကြော်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် အောင်အောင်မြင်မြင်နားလည်သွားပြီ...ကျွန်တော် ဒါကိုလုပ်နိုင်ပြီ"

ချီယီထုံသည် စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်ကာ သူ့၏နဖူးမှ ချွေးများကိုသုတ်လိုက်သည်။သူသည် ရွှေရောင်ထမင်းကြော်တစ်ပန်းကန်လုံးကို ယူဆောင်လာကာ ရီဖုန်း၏ရှေ့၌ ချပေးလိုက်၏။

အဆောင်လက်ဖွဲ့စက္ကူများဖြင့် ဟိုလိုလိုသည်လိုလိုလုပ်နေသော ဝူချန်အန်းသည် ဤနေရာအနီးသို့ လျှောက်လှမ်းလာခဲ့သည်။ထမင်းကြော်ကိုမြင်တွေ့ချိန်တွင် သူ ထိတ်လန့်တကြားခုန်ပေါက်လိုက်သည်။

"ဘုရားရေ...ဒီဝတုတ်ကောင်က တကယ်ထူးချွန်တာပဲ...သူက ယန်ကျိုးထမင်းကြော်ကိုတောင် လုပ်နိုင်တယ်...ဒီထမင်းကြော်မှာ မဟာတာအိုရဲ့စွမ်းအားတွေပါနေတယ်...ဒါက အံ့သြစရာပဲ"

သို့ရာတွင် ရီဖုန်း၏နှုတ်ခမ်းများ တွန့်လိမ်သွားသည်။

ဤဝတုတ်ကောင်သည် ထမင်းကြော်ကို လုပ်ဆောင်နိုင်ရုံမျှဖြင့် ဤမျှထိအလွန်စိတ်လှုပ်ရှားနေသလော....

သူသည် အမှန်တကယ်ကို အစားကြူးသူတစ်ယောက်ပင်။

သို့ရာတွင် ချီယီထုံ အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကိုကြည့်ပြီး ရီဖုန်းသည် သူ့အား စိတ်ဓာတ်​ကျမသွားစေလိုချေ။ထိုကြောင့် ရီဖုန်းသည် သူ့အား အနည်းငယ်ချီးမွမ်းပြီးနောက် ဆက်လက်၍ပြောဆိုလိုက်၏။

"ချက်ပြုတ်နည်းအပြည့်အစုံစာအုပ်ထဲမှာ မင်း လေ့လာဆင်ခြင်ဖို့လိုတဲ့အရာတွေ အများကြီးရှိသေးတယ်...ထမင်းကြော်က အခြေခံလေးပဲ... မင်း ဆက်ပြီး လေ့လာဆင်ခြင်လိုက်အုံး"

"ဟုတ်ကဲ့ပါ ဆရာသခင်"

ချီယီထုံသည် သူ့၏ကျေးဇူးတင်ကြောင်းကို စိတ်လှုပ်ရှားစွာဖြင့် ဖော်ပြပြီးနောက် ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုပြီး ထွက်ခွာသွားတော့သည်။သူ ယူဆောင်လာသော ထမင်းကြော်ကိုမူ စားပွဲပေါ်၌ချန်ထားခဲ့သည်။

"ဒါက တော်တော်မွှေးတဲ့ပုံပဲ"

ရီဖုန်းသည် အနံ့ခံကြည့်ပြီးနောက် မတ်တတ်ထရပ်ကာ သူ့၏ဗိုက်ကိုပုတ်၍ ထမင်းကြော်ကို အနည်းငယ်မြည်းစမ်းလိုက်သည်။

"ဒီဝတုတ်ကောင်လုပ်တဲ့ ထမင်းကြော်က အရသာ တော်တော်ကောင်းသားပဲ...နောင်အနာဂတ်ကျရင် ငါ ညလယ်စာ အဆာပြေစားဖို့အတွက် လုပ်ပေးမယ့် တစ်စုံတစ်ယောက်မရှိမှာကို စိုးရိမ်စရာမလိုတော့ဘူး"

"ဒီလိုတပည့်တစ်ယောက်ကို ခေါ်ထားတာ ဆိုးတဲ့ကိစ္စတော့ မဟုတ်ပါဘူး"

Chapter 468

ရက်အနည်းငယ်ကြာပြီးနောက်....

ရီဖုန်းသည် စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"ဒီအသုံးမဝင်တဲ့ စနစ်ကတော့ ငါ့ကို ထပ်ပြီးလှည့်စားပြန်ပြီ"

ရီဖုန်းက အသံထွက်၍ကျိန်ဆဲလိုက်သည်။အကြောင်းအရင်းမှာ သူသည် လက်ကမ်းကြော်ငြာများကို ဖြန့်ဝေပြီးသည်မှာ ရက်ပေါင်းများစွာကြာမြင့်ပြီးဖြစ်သော်လည်း သူ့၏တပည့်ဖြစ်ရန် မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလားသောကြောင့်ပင်။

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ဒုန်ရှန်းကျိုးနယ်မြေအတွင်းရှိ ဂိုဏ်းများသည် မြောက်ပင်လယ်ကုန်းမြေနှင့်မတူညီချေ။ဤနေရာတွင် ကျင့်ကြံနိုင်သော တပည့်အမြောက်အများရှိနေသည်။

နှစ်အနည်းငယ်ကြာမြင့်ချိန်တိုင်း ဂိုဏ်းပေါင်းစုံမဟာမိတ်သည် တပည့်သစ်များအတွက် ဝင်ခွင့်အခမ်းအနားတစ်ခုကို စီစဉ်ပေးခဲ့သည်။

ထိုဝင်ခွင့်အခမ်းအနား ကျင်းပခြင်းမှာ အဓိကအားဖြင့် တစ်ပည့်သစ်များ ခေါ်ယူနိုင်ရန်အတွက်ပင်။

ဤအခန်းအနားကို နေရာတစ်ခုတွင် ဂိုဏ်းပေါင်းစုံမဟာမိတ်မှ ပူးပေါင်း၍စီစဉ်ပေးသည်။ ကျင့်ကြံခြင်းဆိုင်ရာ လိုအပ်ချက်များဖြင့် ကိုက်ညီသောမည်သူမဆို ဤအခမ်းအနားအတွက်ရွေးချယ်ခံများ ဖြစ်လာပေမည်။

ထို့နောက် ဂိုဏ်းအသီးသီးသည် သူတို့၏ဂိုဏ်းများအတွက် သင့်လျော်သည့်တပည့်များကို ထိုရွေးချယ်ခံများအကြားမှနေ၍ ရွေးချယ်နိုင်သည်။

သူ့၏မိုးမြေဂိုဏ်းသည်လည်း တပည့်တစ်ယောက်ကိုရွေးချယ်နိုင်ရန်ခွဲတမ်းနေရာရှိနေကြောင်း ရီဖုန်းက သတိပြုမိသွားပေ၏။

ဤသည်မှာ ဂိုဏ်းပေါင်းစုံမဟာမိတ်မှ ချီးမြှင့်သော အကျိုးကျေးဇူးတစ်ခုပင်။မည်သို့ပင်ဆိုစေကာမူ သူ၏မိုးမြေဂိုဏ်းသည် ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အသိအမှတ်ပြုထားသော နဝမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။

ရုတ်ချည်းဆိုသလိုပင်....

ရီဖုန်းသည် ချင်ဟွမ်ရှင်းနှင့်အတူ ထွက်ခွာခဲ့တော့သည်။

မည်သို့ပင် ဆိုစေကာမူ....

သူသည် အလကားရရှိမည့် တပည့်တစ်ယောက်ကို လက်လွတ်ခံ၍မဖြစ်ချေ။

ထို့ပြင် ဝင်ခွင့်အခမ်းအနားကို နန်ရှားနယ်မြေတွင် ကျင်းပခြင်းဖြစ်သည်။ရီဖုန်းသည် ချင်ဟွမ်ရှင်းကိုခေါ်ဆောင်၍ ဓားပျံကိုစီးနင်းပြီး လေထုအတွင်းမှနေ၍ နန်ရှားနယ်မြေထံဦးတည်ပြီး ပျံသန်းခဲ့တော့သည်။

ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက်သည် နန်ရှားနယ်မြေအတွင်းသို့ ရောက်ရှိခဲ့လေ၏။

အမှန်အားဖြင့်....

ရီဖုန်း၏ဓားပျံသည် အမှန်အားဖြင့် အလွန်လျှင်မြန်စွာသွားနိုင်သည်။သို့ရာတွင် ပင်ကျင်းမြို့မှ ထွက်ခွာခဲ့ပြီးနောက် သူတို့နှစ်ယောက်သည်သစ်ပင်တစ်ပင်ကို ဝင်တိုက်လုနီးပါးဖြစ်သွားခဲ့သည်။ထိုအချိန်ကျမှသာ ရီဖုန်းသည် သူ့၏အရှိန်နှုန်းကို လျှော့ချလိုက်၏။

ထိုသို့ဆိုသည့်တိုင် တစ်နေ့လုံး သူတို့ထံဦးတည်၍တိုက်ခတ်လာသော လေပြင်းများကြောင့် သူတို့အား ခေါင်းကိုက်စေခဲ့သည်။

ဝင်ခွင့်အခန်းအနားသို့ သူတို့နှစ်ယောက် ရောက်ရှိသွားသောအချိန်တွင် အခန်းအနားသည် ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။အဆင့်မြင့်ဂိုဏ်းကြီးများသည် သူတို့၏ပါရမီရှင်တပည့်များနှင့်အတူ ထွက်ခွာသွားပြီးဖြစ်သည်။

ကွင်းပြင်ပေါ်၌ ကျန်ရှိနေသောဂိုဏ်းများမှာ အဋ္ဌမအဆင့်နှင့်နဝမအဆင့်ဂိုဏ်းများပင်။

ထို့ပြင် ကြွင်းကျန်နေသောလူများသည်လည်း ဆိုးရွားပြီး ချို့ယွင်းနေသည့် အရည်အချင်းများရှိသော တပည့်များပင်။

အမှန်အားဖြင့်.....

အဋ္ဌမအဆင့်နှင့်နဝမအဆင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များကို ကြည့်ရသည်မှာပင် နက်နဲသိမ်မွေ့ပြီး ခံ့ညားထည်ဝါသော ပုံပန်းသွင်ပြင်များရှိနေသည်။

ရီဖုန်းသည် သူ့၏ခွဲတမ်းနေရာအရ ထိုအဋ္ဌမအဆင့်နှင့်နဝမအဆင့်ဂိုဏ်းချုပ်များ၏နံဘေးတွင် ဘေးချင်းယှဥ်၍ မတ်တတ်ရပ်လိုက်သည်။

သူ့၏ကျောရိုးကို ဖြောင့်တန်းထားကာ သူ့ထံတွင်လည်း ဂိုဏ်းချုပ်တစ်ယောက်၏အရှိန်အဝါမျိုးရှိနေသည်။

သို့ရာတွင်...

သူ၏စိတ်အတွင်း၌ အလွန်အမင်းစိတ်လုပ်ရှားနေပေ၏။

သူ့ကဲ့သို့ အသုံးမကျသော သေမျိုးတစ်ယောက်သည် ကျင့်ကြံသူတစ်ယောက်အဖြစ်ဟန်ဆောင်၍ ဤကဲ့သို့အခမ်းအနားတစ်ခုတွင် ပါဝင်ဆင်နွှဲရသည်မှာ အမှန်တကယ်ကိုခက်ခဲလှသည်။

တစ်ခုသိထားရမည်မှာ ဤနေရာတွင်ရှိနေသောလူများသည် သူ့ကဲ့သို့အခွံလွတ်ကြီးများမဟုတ်ဘဲ အစစ်အမှန်ကျင့်ကြံသူများပင်။

သူသည် ထိုလူများအကြား၌ ကြောက်မက်ဖွယ်ကောင်းသော သိုင်းဝိညာဉ်အဆင့်ကျင့်ကြံသူများကိုပင် မြင်တွေ့မိလေ၏။

"လူအိုကြီးချင် ငါက အရမ်းအစွမ်းထက်ပေမယ့် ...ငါတို့က သိုသိုသိပ်သိပ်နေပြီးတော့ ဘာပြဿနာကိုမှ လုံးဝရှာလို့မရဘူး...နားလည်လား"

ရီဖုန်းသည် အလေးအနက်ထားသောလေသံဖြင့်သူ့၏နံဘေးရှိ ချင်ဟွမ်ရှင်းကို တိတ်တဆိတ်ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာကြီး"

ချင်ဟွမ်ရှင်းက ရိုသေလေးစားစွာ ခေါင်းညိတ်ပြလေသည်။

ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အချိန်များကုန်လွန်လာသည်နှင့်အမျှ အဋ္ဌမအဆင့်ဂိုဏ်းများသည် နောက်ဆုံး၌ သူတို့၏တပည့်များကိုရွေးချယ်၍ ပြီးစီးသွားလေပြီ။ထို့နောက် သူတို့ နဝမအဆင့်ဂိုဏ်းများ၏အလှည့်သို့ ကျရောက်လာခဲ့သည်။

"ငါတို့ ထျန်းယွီဂိုဏ်းက ဒီတပည့်ကို လိုချင်တယ်...မင်းတို့ထဲက ဘယ်သူမှ ကန့်ကွက်စရာမရှိဘူးမလား"

လူလတ်ပိုင်းကြီးတစ်ယောက်သည် ရှေ့သို့ထွက်လာကာ တပည့်များအကြားမှနေ၍ ပိုးထည်ဝတ်စုံဝတ်ထားသော တပည့်တစ်ယောက်ကိုကြည့်ပြီး ပြောဆိုသည်။

"ဟမ့်...ငါတို့မိုထျန်းဂိုဏ်းကလည်း သူ့ကိုလိုချင်တယ်"

တခြားလူအိုကြီးတစ်ယောက်လည်း ရှေ့သို့ထွက်လာကာ ထိုတပည့်အတွက် ယှဉ်ပြိုင်လေသည်။

"ဟမ့်...မင်းက ငါ့ရဲ့ထျန်းယွီဂိုဏ်းကို ဆန့်ကျင်ချင်တာ သေချာသွားပြီလား"

လူလတ်ပိုင်းကြီးက အလေးနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါရဲ့မိုထျန်းဂိုဏ်းက မင်းကို ကြောက်နေရမှာလား"

လူအိုကြီးက ပြန်လည်ချေပသည်။

"ဒါဆိုရင်လည်း ယှဉ်ပြိုင်ကြတာပေါ့"

လူလတ်ပိုင်းကြီးသည် လူအိုကြီးထံဦးတည်၍ လက်ဝါးတချက်ရိုက်ထုတ်လိုက်ပြီးနောက် သူတို့နှစ်ယောက်သည် တိုက်ပွဲတစ်ခုကို ချက်ချင်းဆင်နွှဲလိုက်ကြတော့သည်။

ကြွင်းကျန်နေသောတပည့်များအားလုံးသည် တခြားဂိုဏ်းများမှ ဖယ်ထုတ်ခြင်းခံရသည့် ညံ့ဖျင်းသူများဖြစ်နေသော်လည်း နဝမအဆင့်ဂိုဏ်းများအတွက်မူ ကောင်းမွန်သောပျိုးပင်များ ဖြစ်နေဆဲပင်။

ဤတိုက်ပွဲတွင် ထျန်းယွီဂိုဏ်းမှ ပြတ်ပြတ်သားသား အနိုင်ရရှိသွားခြင်းနှင့် အဆုံးသတ်သွားခဲ့သည်။

ဤဂိုဏ်းနှစ်ဂိုဏ်း၏တိုက်ပွဲ အဆုံးသတ်ပြီးနောက် တပည့်များလုယက်သည့် ယှဥ်ပြိုင်ပွဲအမြောက်အများ ဆက်လက်၍ဖြစ်ပွားလာသည်။

ရီဖုန်းကမူ....

သူသည် နေရာမှာပင် တစ်ချိန်လုံး အမူအယာကင်းမဲ့စွာဖြင့် မတ်တပ်ရပ်နေသည်။

သူ ရှေ့သို့သွားပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်၍ တပည့်များကို လုယူရမည်လော....

မည်သို့ပင်ဆိုစေကာမူ သူ ထိုကိစ္စများအတွင်း၌ ပါဝင်ပတ်သက်၍မရချေ။သူ့အတွက် တပည့်တစ်ယောက် ကျန်ရှိနေလျှင် အဆင်ပြေသွားလေပြီ။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ သူသည် ဤဂိုဏ်းများအနက်မှတစ်ဂိုဏ်းကို ရန်စမိပါက သူ့၏မိုးမြေဂိုဏ်းသည် ထိုဂိုဏ်းမှာလာရောက်တိုက်ခိုက်မည်ကို ခုခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် နှစ်နာရီခန့်ကြာမြင်ပြီးနောက် ကွင်းပြင်ပေါ်တွင်ရှိနေသော တပည့်များအားလုံးကို အကုန်အစင်ရွေးချယ်ပြီးသွားကာ တစ်ယောက်တလေမျှ မကျန်ရှိခဲ့ချေ။

ရီဖုန်း၏မျက်နှာ မင်ကဲ့သို့ နက်မှောင်နေသည်။

သူသည် အကျိုးမရှိသောခရီးတစ်ခုကို မည်သည်ကြောင့် ထွက်လာခဲ့မိသနည်း...

ယခုချိန်၌ သူ မည်သို့ ပြုလုပ်သင့်သနည်း....

သူသည် ကူကယ်ရာမဲ့ဖြစ်နေကာ သူ၏အကြည့်သည် သူ့နံဘေးရှိ လူအိုကြီးထံသို့ ကျရောက်သွားလေ၏။

ထိူလူအိုကြီးသည်လည်း နဝမအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော နဝမကောင်းကင်ဂိုဏ်း၏ဂိုဏ်းချုပ်ပင်။သူ့၏ဂိုဏ်း တည်ထောင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် သူ့ထံတွင် ခွဲတမ်းနေရာအမြောက်အများရရှိထားကာ တပည့်များကို ရွေးချယ်ထားသည်။

"အင်း....အစ်ကိုကြီး ငါက မိုးမြေဂိုဏ်းရဲ့ဂိုဏ်းချုပ်ပါ...ငါက အဝေးကြီးကနေလာခဲ့ရပေမယ့် တပည့်တစ်ယောက်ကိုတောင် မရခဲ့ဘူး... ဒါကြောင့် မင်းရဲ့တပည့်တွေထဲကနေ တစ်ယောက်လောက် ငါ့ကိုပေးနိုင်မလားလို့ ငါ သိချင်မိတယ်"

ရီဖုန်းက ပြုံးရွှင်နေသောမျက်နှာဖြင့် ပြောဆိုလိုက်၏။

"ညီငယ်လေး ငါတို့အားလုံးက ခက်ခဲနေကြတာပဲလေ...မင်းက တကယ့်ကို သနားစရာကောင်းတာပဲ...ဒီလိုဆိုမှတော့ ငါ့ရဲ့တပည့်တွေထဲကနေ မင်းကို တစ်ယောက်ပေးမယ်"

ထိုလူအိုကြီးသည် ရီဖုန်း၏စကားကိုကြားချိန်၌ ချက်ချင်းသဘောတူညီလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူ ရွေးချယ်ထားသော တပည့်တချို့သည် အရည်အချင်းညံ့ဖျင်းပြီး ချို့ယွင်းချက်ရှိသူများပင်။ထိုကဲ့သို့ တပည့်တစ်ယောက်ကိုပေးကမ်းရသည်မှာ သူ့အတွက် ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။

ထို့ကြောင့်....

ဤညံ့ဖျင်းပြီး ချို့ယွင်းချက်ရှိသောတပည့်အုပ်စုအကြားမှနေ၍ လူအိုကြီးသည် အညံ့ဖျင်းဆုံး တပည့်မတစ်ယောက်ကို ရွေးချယ်ပြီး ရီဖုန်းထံသို့ ပေးအပ်လေသည်။

ရီဖုန်းက ထိုတပည့်မကို စူးစိုက်၍ကြည့်လိုက်သည်။

သူမထံတွင် အေးစက်ပြီး ဆွဲဆောင်မှုရှိသောပုံပန်းသွင်ပြင်နှင့် လှပချောမောသောရုပ်ရည်ရှိသည်။

သူမသည် ထူးချွန်ထက်မြက်ပုံရကာ အရပ်မြင့်ပြီး လန်းဆန်းရွှင်ပြနေပုံရသည်။သူမနှင့်ပတ်သက်ပြီး ထူးခြားသောအကျင့်စရိုက်မျိုးလည်း ရှိနေပုံရပေ၏။

သိသာထင်ရှားစွာပင်....

ကျင့်ကြံသူအများစု၏ မျက်လုံးများအတွင်းတွင်ပါရမီအရည်အချင်းသည်သာ အရာရာပင်။ အကယ်၍ သူမသည် လှပချောမောသူဖြစ်သည့်တိုင် အရည်အချင်းမရှိပါက အသုံးဝင်မည်မဟုတ်ချေ။

ရီဖုန်းသည် သူမကိုအကဲဖြတ်ရန်အတွက် စနစ်ကို အလျှင်အမြန်အသုံးပြုလိုက်သည်။

အိုး ဘုရားရေ....

သာမန်အရည်အချင်း...

ဤသည်မှာ ရီဖုန်းကို စိတ်ကျေနပ်သွားစေသည်။

ဂိုဏ်းပေါင်းစုံမဟာမိတ်မှ ရွေးချယ်ထားသောတပည့်တစ်ယောက်ဟု မျှော်လင့်ထားသည့်အတိုင်းပင်။အညံ့ဖျင်းဆုံး တပည့်တစ်ယောက်ထံတွင်ပင် သာမန်အရည်အချင်းရှိနေလေ၏။အနည်းငယ်ပို၍ကောင်းမွန်ပုံရသောတပည့်များကို သူ အကဲဖြတ်ကြည့်ရာတွင်မူ စနစ်ထံမှ ဆန်းစစ်ရန်ပျင်းရိသည်ဟု ရလဒ်ထွက်ပေါ်ခဲ့သည်။

ဤတပည့်မ၏အရည်အချင်းသည် ပင်ကျင်းမြို့အတွင်းရှိ လူအိုကြီးများနှင့်မိန်းမအိုကြီးများ ခေါ်ယူလာသော လူငယ်များထက် ပို၍သာလွန်သည်။

Chapter 469

သို့ရာတွင်...

ထိုအမျိုးသမီးက မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့လိုအင်မော်တယ်တစ်ယောက်က ဒီလိုဂိုဏ်းအစုတ်အပြတ်တွေရဲ့ စွန့်လွှတ်တာကိုခံရတဲ့ဘဝမျိုးကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ"

သူမ၏မျက်လုံးအတွင်းရှိ ဒေါသအရိပ်အယောင်များကို သူမ ဖုံးကွယ်မထားနိုင်တော့ချေ။

အတိတ်ဘဝတွင် သူမ၏အစစ်အမှန်ပုံစံသည် အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သစ္စာဖောက်များ​ကြောင့် ဒဏ်ရာရရှိပြီးသေဆုံးခဲ့ရကာ ဤနေရာ၌ ပြန်လည်မွေးဖွားလာရခြင်းပင်။

မူလက...

သူမသည် ဤဂိုဏ်းများအနက်မှ ဂိုဏ်းတစ်ဂိုဏ်းကိုဝင်ရောက်ရန် အထင်အမြင်သေးနေခဲ့သည်။

သို့ရာတွင် သူမ၏ကျင့်ကြံဆင့်စွမ်းအားကို ပို၍လျှင်မြန်စွာ ပြန်လည်ရရှိပြီး သူမ၏အတိတ်ဘဝရှိ သစ္စာဖောက်များကို လက်စားချေနိုင်ရန်အလို့ငှာ သူမသည် အရင်ဆုံး ဂိုဏ်းတစ်ဂိုဏ်းအတွင်း၌ ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်၏။

သူမ၏ပါရမီအရည်အချင်းနှင့် နည်းလမ်းများကြောင့် အားအကောင်းဆုံးဂိုဏ်းတစ်ဂိုဏ်းအတွင်းသို့ပင် သူမ လွယ်လင့်တကူ ရောနှောဝင်လာကာ သူတော်စင်မိန်းမပျိုဖြစ်လာမည်ဟု သူမ တွေးထင်ခဲ့သည်။

သို့ရာတွင် သူမ၏ခန္ဓာကိုယ်အတွင်းရှိ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံသည် ပုန်းကွယ်နေသဖြင့် ထိုမျက်လုံးကန်းနေသောလူတစ်သိုက်သည် တညီတညွတ်တည်း မမြင်တွေ့နိုင်ဖြစ်မည်ဟု သူမ မျှော်လင့်ထားမိခြင်းမရှိချေ။သူမ၏အဆင့်သည် အလွန်အမင်းနိမ့်ပါးသောနေရာတွင် ရှိနေပြီး ရွေးချယ်ခံတစ်ယောက်ဖြစ်ရန် အရည်အချင်းပြည့်မီရုံမျှသာရှိသည်။

သို့ရာတွင် ဤသည်မှာ သူမအတွက် အဆင်ပြေပေ၏။

သူမအတွက် အားနည်းသောဂိုဏ်းတစ်ဂိုဏ်းဟူသည်မှာ သူမကိုယ်သူမ ပြန်လည်ထူထောင်ရန် အချိန်ပိုယူရမည်ဟု ဆိုလိုရုံသက်သက်ပင်။သူမ ပုန်းအောင်းနေနိုင်ပြီး အတိတ်ဘဝမှ ရန်သူများ သူမကို ရှာမတွေ့သွားသရွေ့ အဆင်ပြေသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဤဂိုဏ်းငယ်လေးသည် သူမအား အရုပ်တစ်ရုပ်ကဲ့သို့ဆက်ဆံကာ တခြားသေးငယ်သောဂိုဏ်းတစ်ဂိုဏ်းထံသို့ လွှဲပြောင်းပေးနေသလော....

မည်မျှထိ ဒေါသထွက်ဖွယ်ကောင်းသနည်း...

အကယ်၍ ထိုသစ္စာဖောက်များ သူမ၏အရိပ်အယောင်ကို ရှာတွေ့သွားမည်အား စိုးရိမ်သဖြင့် သူမကိုယ်သူမ မထုတ်ဖော်ဝံ့သည့် အချက်ကြောင့်သာမဟုတ်ပါက သူမ၏အကျင့်စရိုက်ဖြင့် ဤလူများကို ရိုက်သတ်ပြီးဖြစ်ပေမည်။

'မိန်းကလေး...မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"

ရီဖုန်းက သူမကိုကြည့်ကာ နူးညံ့ညင်သာစွာမေးမြန်းသည်။

သို့ရာတွင်...

အမျိုးသမီးသည် ရီဖုန်းကို အေးစက်စက်တစ်ချက်ကြည့်ပြီး ပို၍ပင်အထင်အမြင်သေးသွားလေ၏။

အနည်းဆုံးအနေဖြင့် ယခင်နဝမကောင်းကင်ဂိုဏ်း၏ဂိုဏ်းချုပ်ထံတွင် ကျင့်ကြံဆင့်တချို့ရှိနေသည်။သို့ရာတွင် သူမရှေ့ရှိ လူထံတွင်မူ ကျင့်ကြံဆင့်စွမ်းအား တစိုးတစိမျှရှိမနေချေ။

"မိုးမြေဂိုဏ်းချုပ်က မင်းကို မေးနေတာလေ...မင်း မကြားဘူးလား"

ထိုမြင်ကွင်းကိုကြည့်ပြီး နဝမကောင်းကင်ဂိုဏ်းချုပ် လူအိုကြီးက ရုတ်တရက်ဆူပူကြိမ်းမောင်းလိုက်သည်။

အမျိုးသမီး၏မျက်လုံးများသည် ရေခဲတမျှ အေးစက်တင်းမာသွားကာ သူမထံတွင် ချက်ချင်းလှုပ်ရှားလိုစိတ်များ ပေါက်ဖွားလာခဲ့သည်။

သို့ရာတွင် သူမ သည်းခံနိုင်ခဲ့လေ၏။

သူမကိုယ်သူမ တိတ်တဆိတ် နှစ်သိမ့်လိုက်သည်။

'စုယွင်ယွင်...ဟူး...စုယွင်ယွင်...နင့်ရဲ့အတိတ်ဘဝမှာ အနည်းဆုံးတော့ နင်က အမျိုးသမီးအင်မော်တယ်တစ်ယောက်ပဲ'

'ဒီလိုသေးငယ်တဲ့ အင်မော်တယ်မြစ်ကုန်းမြေကတောင် နင် သတိထားမိဖို့ မထိုက်တန်တာ...ဘာလို့ ဒီလိုလူစားမျိုးတွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်ခံနေမှာလဲ'

'အင်း...ကောင်းပြီလေ'

'အခုချိန်အတွက်ကတော့ ငါ့ရဲ့စွမ်းအားကို အမြန်ဆုံးပြန်ရဖို့ နေရာတစ်နေရာရှာလို့ရရင်လုံလောက်ပြီ'

'ဘယ်နေရာပဲဖြစ်ဖြစ် ဘာကွာခြားချက်မှ ရှိမှာမဟုတ်ဘူး'

'ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကို ပြန်ရဖို့က အရေးအကြီးဆုံးကိစ္စပဲ'

'ငါ့ရဲ့ကျင့်ကြံစင်စွမ်းအားတွေ ပြန်မရခင် ဘာပြဿနာမှမလုပ်တာက အကောင်းဆုံးဖြစ်လိမ့်မယ်'

အမှိုက်ဂိုဏ်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမ၏အမြင်အရ ဤဂိုဏ်းများအားလုံးသည် အမှိုက်များထက်မပိုချေ။

"စုယွင်ယွင်"

သူမက လေသံပြတ်ပြတ်ဖြင့်ပြောဆိုလိုက်သည်။

"ဒါဆိုရင် စုယွင်ယွင်...မင်း ငါ့ရဲ့မိုးမြေဂိုဏ်းထဲကို လာခဲ့ပါ"

ရီဖုန်းက နူးညံညင်သာစွာပြောဆိုသည်။

စုယွင်ယွင်သည် အမူအယာကင်းမဲ့စွာဖြင့်စကားပြောဆိုခြင်းမပြု ငြင်းဆန်ခြင်းလည်းမပြုချေ။သူမသည် မတုန်မလှုပ်ဖြင့် မိုးမြေဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုက်တော့သည်။

နဝမကောင်းကင်ဂိုဏ်းမှ လူအိုကြီးကိုကျေးဇူးတင်စကားပြောဆိုပြီးနောက် ရီဖုန်းသည် စုယွင်ယွင်နှင့်ချင်ဟွမ်ရှင်းတို့ကို ခေါ်ဆောင်ကာ ပင်ကျင်းမြို့ထံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

ကူကယ်ရာမဲ့စွာဖြင့်...

ဓားပျံပေါ်တွင် လူသုံးယောက်ထိုင်၍မရချေ။

ရီဖုန်းထံတွင် ရွေးချယ်စရာမရှိတော့သောကြောင့် ရထားလုံးတစ်စီးကို ငှားရမ်းကာ ချင်ဟွမ်ရှင်းကို မောင်းနှင်စေသည်။ထို့နောက် သူတို့သည် ပင်ကျင်းမြို့ထံသို့ဦးတည်၍ အလျှင်အမြန် မောင်းနှင်ခဲ့တော့သည်။

"အင်း...စုယွင်ယွင်...ငါ နားလည်ပါတယ်...နဝမကောင်းကင်ဂိုဏ်းက မင်းကို ငါ့ဆီ ပေးခဲ့တယ်... မင်းရဲ့စိတ်နှလုံးသားထဲမှာ ရှုပ်ထွေးတဲ့ခံစားချက်တွေ ရှိနေမှာပဲ...ငါ ဒါကို နားလည်သဘောပေါက်တယ်"

တိတ်ဆိတ်ငြိမ်သက်နေသော စုယွင်ယွင်ကိုကြည့်ပြီး ရီဖုန်းက နူးညံညင်သာစွာ နှစ်သိမ့်လိုက်၏။

"ဒါပေမဲ့ မင်း စိတ်မပျက်ပါနဲ့...နဝမကောင်းကင်ဂိုဏ်းချုပ်က အစွမ်းထက်ပေမယ့် ငါကလည်း အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက်ပဲ"

သူမ၏မျက်လုံးများကို စုံမှိတ်ကာ အနားယူနေသော စုယွင်ယွင်သည် ယခုချိန်၌ သူမ၏မျက်လုံးကိုဖွင့်ပြီး ရီဖုန်းကိုကြည့်လိုက်သည်။

သူသည် သူကိုယ့်သူ အလွန်အစွမ်းထက်သူဟု ဆိုလိုက်သလော...

သူမသည် အော်ဟစ်ရယ်မောလိုက်မိလုမတတ်ပင်။

ရှုပ်ထွေးသောခံစားချက်များဟူသည်မှာမူ ဤသည်မှာ အနည်းငယ်မျှအခြေအမြစ်မရှိသောကိစ္စသာဖြစ်သည်။

အမှိုက်ဂိုဏ်းတစ်ကိုင်းမှ တခြားအမှိုက်ဂိုဏ်းတစ်ဂိုဏ်းကို သွားရသဖြင့် မည်သည်ကြောင့် သူမထံတွင် ရှုပ်ထွေးသောခံစားချက်များ ရှိနေနိုင်မည်နည်း။သူမသည် နဝမကောင်းကင်ဂိုဏ်းသို့ အမှန်တကယ်ဝင်ရောက်လိုသည်ဟု သူ တွေးထင်နေသလော။

သို့ရာတွင်...

ဤလူငယ်သည် နဝမကောင်းကင်ဂိုဏ်းမှလူအိုကြီးထက် ပို၍မျက်စိပသာဒဖြစ်ဖွယ်ကောင်းသည်ကို သူမ ရုတ်တရက်ရှာဖွေတွေ့ရှိသွားသည်။

အထူးသဖြင့် သူ့ထံတွင် ကောင်းမွန်သောစိတ်နေသဘောထားရှိကာ သူ့၏မျက်နှာပေါ်တွင် အပြုံးတစ်ခုအစဉ်အမြဲရှိနေသည်။ဤသည်ကြောင့် သူမသည် သူ့အား အထင်သေးရန်ခက်ခဲနေသည်။ထို့ပြင် သူသည် သူမအား မည်ကဲ့သို့ နှစ်သိမ့်အားပေးရမည်ကိုလည်း သိရှိနေပေ၏။

သူသည် လူကောင်းလေးတစ်ယောက်ပင်

အနာဂတ်တွင် သူမ၏ အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်စွမ်းအားများ ပြန်လည်ရရှိပါက သူမသည် သူ့အား အနည်းငယ်ထောက်ပံ့ကူညီပေးနိုင်ပေမည်။

ထိုအချိန်မှစ၍ သူမ ထောက်ပံ့ပေးမည်ဖြစ်သောကြောင့် မိုးမြေဂိုဏ်းသည် အင်မော်တယ်တစ်ယောက်ဖြစ်သော သူမ၏ဂုဏ်ကျက်သရေနှင့်အတူ အရိပ်ခိုနိုင်ပေမည်။

'နင့်ကိုယ်နင် ကံကောင်းတယ်လို့ ယူဆလို့ရတယ်'

Chapter 470

လဝက်ခန့်ကြာပြီးနောက် ရီဖုန်းတို့လူစုသည် နောက်ဆုံး၌ ပင်ကျင်းမြို့၏အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။

ရထားလုံးအတွင်း၌ထိုင်နေသော စုယွင်ယွင်သည် လိုက်ကာကိုမကာ ပြင်ပသို့ကြည့်လိုက်၏။

ရုတ်တရက်...

သူမသည် ရှေ့တွင်ရှိနေသော နွားထီးတစ်ကောင်ကိုဆွဲထားသည့် လူအိုကြီးတစ်ယောက်ကိုကြည့်ကာ သူမ၏မျက်လုံးများကျဥ်းမြောင်းသွားသည်။

ထိုလူအိုကြီးသည် အစပ်အဖာများပါသည့် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားကာ သူ့၏ခြေလှမ်းများကိုကြည့်ရသည့်မှာ ချည့်နဲ့နေပုံရသည်။သို့ရာတွင် အမှန်အားဖြင့် သူ့၏ခြေလှမ်းတစ်လှမ်းစီတိုင်းသည် ကျောက်တောင်ကြီးကဲ့သို့ တည်ငြိမ်ပေ၏။

"သန်မာတဲ့လူပဲ...အရမ်းသန်မာတယ်...."

"ခုလောက်ထိ သန်မာအားကောင်းတဲ့လူတစ်ယောက်ကို ဒီလိုနေရာမျိုးမှာတွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ပြီးတော့ သူက အင်မော်တယ်တစ်ယောက်ပဲ"

စုယွင်ယွင်သည် ထိုလူအိုကြီးကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိသည်။

ထို့ပြင် သူမရှေ့ရှိ လူအိုကြီးသည် သာမန်အင်မော်တယ်တစ်ယောက် မဟုတ်သည့်အပြင် အဆင့်နိမ့်လူသားအင်မော်တယ် သို့မဟုတ် မြေကမ္ဘာအင်မော်တယ်တစ်ယောက် မဟုတ်သည်ကို သူမ အာရုံခံမိသည်။

အကယ်၍ သူမ၏ အတိတ်ဘဝတွင်ဆိုပါက သူမသည် ထိုလူအိုကြီးကို ဂရုစိုက်မိမည်မဟုတ်ချေ။သို့ရာတွင် ယခုချိန်၌ ကိစ္စများသည် ကွဲပြားခြားနားသွားလေပြီ။အထူးသဖြင့် သူမသည် တစ်ကြိမ်သေဆုံးပြီးပြီ ဖြစ်သောကြောင့် ပို၍သတိကြီးစွာထားရမည်ကို သူမ သိရှိထားသည်။

ထို့ကြောင့် ဤကဲ့သို့တည်ရှိမှုကြီးတစ်ခုကို မည်သို့မျှ ရပ်စစော်ကား၍မဖြစ်ဘဲ ရှောင်ကြဉ်သည်မှာ ပို၍ကောင်းမွန်ကြောင်း သူမ နားလည်သဘောပေါက်သည်။

"လှည်းကို ရပ်လိုက်ပါ"

သူမက အလျင်စလိုပြောဆိုသည်။

ချင်ဟွမ်ရှင်းသည် သူမကို ကြည့်လိုက်သော်လည်း သူမ၏စကားကို အနည်းငယ်မျှဂရုမစိုက်ချေ။သူသည် ထိုအစား ရီဖုန်းကိုကြည့်လိုက်၏။

"လှည်းကို ရပ်လိုက်တော့"

ရီဖုန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။

ထိုနောက် သူသည် စုယွင်ယွင်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"ဘာကိစ္စ ရှိလို့လဲ""

"လှည်းကိုရပ်ထားပြီးတော့ အဲ့ဒီလူအိုကြီးကို ဖြတ်သွားခိုင်းလိုက်ပါ"

စုယွင်ယွင်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ထိုစကားကိုပြောဆိုရင်း စုယွင်ယွင်သည် သူမ၏ကိုယ်ပိုင်အရှိန်အဝါကို အပြည့်အဝဖုံးကွယ်ထားကာ ရထားလုံးအတွင်း၌ပုန်းအောင်းလိုက်သည်။

သိသာထင်ရှားစွာပင်....

ထိုလူအိုကြီးသည် သူမ၏သရုပ်မှန်ကို သိရှိသွားပါက မလိုလားအပ်သော ပြဿနာများဖြစ်လာမည်ကို သူမ စိုးရိမ်နေမိသည်။

'အော်...'

'သူက သက်ကြီးရွယ်အိုတွေကို တော်တော်လေးလေးစားတာပဲ'

ရီဖုန်းသည် အံ့အားသင့်စွာဖြင့် စုယွင်ယွင်ကိုကြည့်ကာ ရထားလုံးကိုရပ်တန့်ရန်ကို ချင်ဟွမ်ရှင်းကို ပြောဆိုလိုက်၏။ထို့နောက် သူသည် နွားထီးကိုဆွဲလာသော လူအိုကြီးကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဟေး လူအိုကြီး...မင်း ဘာလို့အဝတ်စုတ်တွေဝတ်နေတာလဲ"

ထိုစကားကိုကြားချိန်တွင် နွားထီးကိုဆွဲလာသော လူအိုကြီးသည် သူ့၏ခေါင်းကိုအလျှင်အမြန်မော့လိုက်သဖြင့် အရေးအကြောင်းများဖြင့်ပြည့်နှက်နေသော သူ့၏မျက်နှာ ပေါ်လွင်လာသည်။

ထိုနောက် သူသည် ရထားလုံးထံသို့ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး...

စုယွင်ယွင်၏အာရုံကြောများ စူးရှစွာတင်းကျပ်သွားသည်။

အထူးသဖြင့် လူအိုကြီး၏နက်ရှိုင်းသောမျက်လုံးများကိုကြည့်ပြီး သူမ၏စိတ်ဖိစီးမှုများနှစ်ဆတိုးလာခဲ့သည်။

ဤသောက်ရေးမပါသော သာမာန်သေမျိုးသည် မည်သည့်ပတ်သတ်ဆက်နွယ်မှုမျှမရှိဘဲ ဤလူအိုကြီးကို ရှောင်ရှားနိုင်သော်လည်း ထိုအစား ရန်စစကားတစ်ခွန်းပြောကာ ထိုလူကို ဤနေရာသို့ ရောက်ရှိလာစေသည်။

အကယ်၍ သူ သေဆုံးလိုသည်ကို သူမ ဂရုမစိုက်သော်လည်း ဤကိစ္စသည် သူမကို ငြိစွန်းစေနိုင်သည်။

ယခုချိန်၌....

ဤပြဿနာကိုဖြေရှင်းရန် ခက်ခဲတော့မည် မဟုတ်လော....

မည်သို့ပင်ဆိုစေကာမူ....

မည်သည့်အင်မော်တယ်မဆို 'လူအိုကြီး'ဟု တိုက်ရိုက်ခေါ်ဆိုခံရသည့်အပြင် အဝတ်စုတ်များ ဝတ်ဆင်ထားသည်ဟု ပြောဆိုခံရသည်ကို ဒေါသမထွက်ဘဲနေမည်လော....

ထိုလူအိုကြီး တစတစနီးကပ်လာသည်ကိုကြည့်ပြီး စုယွင်ယွင်သည် စိုးရိမ်ပူပန်သွားကာ ဒယ်အိုးပူတစ်အိုးပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်အလားပင်။သူမ၏ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို နှိုးဆွကာ အချိန်မရွေးထွက်ပြေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားခဲ့သည်။

သို့ရာတွင်....

လူအိုကြီး ပြောဆိုသည့် သူမ မထင်မှတ်ထားသော စကားလုံးများကြောင့် သူမ အသက်ရှုမွန်းကြပ်လုနီးပါး ဖြစ်သွားခဲ့သည်။

"ဆရာကြီးကို အရိုအသေပြုပါတယ်"

လူအိုကြီးသည် ပြုံးရွှင်နေသောမျက်နှာဖြင့် ရီဖုန်းကိုကြည့်ကာ သူ့၏ခန္ဓာကိုယ်ကိုညွှတ်ကိုင်း၍ ရိုသေလေးစားစွာပြောဆိုသည်။

ဤအပြုအမူသည် စုယွင်ယွင်ကို ကြက်ဥတစ်လုံးအံ့ဝင်ခွင်ကျဝင်စွာ ဖြစ်သည်အထိ ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။သူမ၏နူးညံသိမ်မွေ့သောမျက်နှာပေါ်တွင် လေးနက်သောအံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ဤသည်မှာ....

မည်သို့ဖြစ်ပျက်သွားခဲ့သနည်း....

စုယွင်ယွင်သည် သူမ၏မျက်လုံးကိုပွတ်သပ်ကာ သူမ အမြင်မှားမည်ကို စိုးရိမ်ထိတ်လန့်နေမိသည်။

ဤအစွမ်းထက်သော တည်ရှိမှုကြီးသည် ရီဖုန်း၏ရိုင်းပျမှုကို အနည်းငယ်မျှ ဒေါသမထွက်ရုံသာမက အလွန်ယဥ်ကျေးစွာပင် တုံ့ပြန်ဆက်ဆံသလော....

အထူးသဖြင့် ယခုချိန်၌ ရီဖုန်းသည် လူအိုကြီးနှင့် သာမာန်ကာလျှံကာ စကားစမြည်ပြောနေသည်ကိုကြည့်ပြီး သူမသည် ပို၍ပင်မယုံကြည်နိုင် ဖြစ်နေလေ၏။

ကြည့်ရသည်မှာ....

သူတို့နှစ်ယောက်သည် အချင်းချင်း သိကျွမ်းနေပုံပင်။

ထို့ပြင် သူတို့သည် အလွန်ရင်းနှီးကျွမ်းဝင်နေကြသည်မဟုတ်လော....

ရထားလုံးက လမ်းပေါ်ပြန်တက်သွားသည်။လူအိုကြီး ပျောက်ကွယ်သွားမှသာ နောက်ဆုံး၌ စုယွင်ယွင်သည် အသိစိတ်ပြန်ဝင်လာသည်။သူမ၏မျက်နှာပေါ်တွင် ဘေးကပ်ဆိုးတစ်ခုမှ အသက်ရှင်လွတ်မြောက်လာသူတစ်ယောက်၏အမူအယာမျိုး ထင်ဟပ်နေသည်။

သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ရီဖုန်းကို အလျင်စလို မေးမြန်းလိုက်၏။

"နင်က အဲ့ဒီလူအိုကြီးကို သိတာလား...သူက ဘယ်သူလဲ"

"အဲ့ဒီ လူအိုကြီးလား"

ရီဖုန်းက ပြုံးရယ်ကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"သူက ကျွဲနွားကုန်သည်တစ်ယောက်ဆိုတာ ငါ သိတယ်... ဒါပေမယ့် သူ့ရဲ့နာမည်ကိုတော့ ငါ မေ့သွားပြီ"

"ကျွဲ...ကျွဲနွားကုန်သည်လား...."

စုယွင်ယွင်သည် မျက်လုံးအပြူးသားဖြစ်သွားကာ သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။

သို့ရာတွင် မကြာမီမှာပင် မည်သို့ဖြစ်ပျက်သွားသည်ကို သူမ နားလည်သဘောပေါက်သွားသည်။

အတိတ်ဘဝ၌ အင်မော်တယ်တစ်ယောက်ဖြစ်ခဲ့သော သူမသည် အစွမ်းထက်သောတည်ရှိမှုကြီးများ သေမျိုးလောကအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်ကာ ရောနှောနေထိုင်သည်ကို သူမ ကြားခဲ့ဖူးသည်။သူတို့သည် သာမာန်သေမျိုးများ၏ဘဝအတွေ့အကြုံကိုခံစားရန် သာမာန်သေမျိုးများအဖြစ် မည်သည်ကြောင့် နေထိုင်ကြသည်ကို သူမ နားမလည်နိုင်ခဲ့ချေ။

အမှန်အားဖြင့် သူမ၏အတိတ်ဘဝတွင် အချိန်တစ်ခုယူ၍ သာမာန်ဘဝတစ်ခုကို အတွေ့အကြုံယူရန် သူမ ပြင်ဆင်ထားပြီးဖြစ်သည်။

ဤသည်မှာ အမှန်တကယ်ကို...

ထိုအချက်ကြောင့်သာ ဖြစ်ပေမည်။

သူမရှေ့ရှိလူအိုကြီးသည် ဤနေရာငယ်လေးအတွင်း၌ သာမာန်သေမျိုးဘဝကို အတွေ့အကြုံယူနေဆသာ လူတစ်ယောက်ဖြစ်ပေမည်။သာမာန်လူများသည် သူ့၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။သူမသည်သာ သူမ၏အထူးစွမ်းရည်ဖြင့် သူ့၏အစွမ်းထက်မှုကို တွေ့မြင်နိုင်ခဲ့ခြင်းဖြစ်သည်။

မသိလိုက်မသိဘာသာဖြင့်....

သူမက ရီဖုန်းထံသို့ ကြည့်လိုက်မိသည်။

ဤကောင်ထံတွင် အမှန်တကယ်ကို ကံကောင်းမှုကြီးရှိနေကာ သေမျိုးဘဝကို အတွေ့အကြုံယူနေသော အစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်နှင့် ပက်ပင်းတိုးခဲ့သည်။ဤသည်ကြောင့် သူသည် ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ပေ၏။

အကယ်၍ ထိုလူအိုကြီးသည် သူ့၏သာမာန်သေမျိုးနှလုံးသား အနှောက်အယှက်ဖြစ်သွားရန် မလိုလားခြင်းကြောင့်သာမဟုတ်ပါက ရီဖုန်း၏ရိုင်းပျသောစကားနှစ်ခွန်းဖြင့် သူ အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခံရရန်လုံလောက်သည်။

သူသည် အသိပညာဗဟုသုတမရှိသည့်အပြင် အမှန်တကယ်ကို အကြောက်အလန့်ကင်းသူတစ်ယောက်ပင်။

All Chapters