← Chapters

အခန်း (၄၇၁-၄၇၅)

Vol. 32 Ch. 471-475

အခန်း (၄၇၁-၄၇၅)

Vol. 32 Ch. 471-475

Chapter 471

"နီဗားနား ပြောင်းလဲတော့မှာပါလား"

ထိုအချိန်မှာပင် စုယွင်ယွင်၏မျက်လုံးများ အနည်းငယ်ကဏာမငြိမ်ဖြစ်သွားကာ သူမ၏မျက်လုံးကို ကျဥ်းမြောင်းလိုက်၏။

သူမသည် အလှည့်အပြောင်းကိုးကြိမ်နတ်ဘုရားခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူပင်။နီဗားနားအလှည့်အပြောင်း တစ်ကြိမ်ဖြစ်တိုင်း သူမ၏အရည်အချင်းနှင့်ကံကြမ္မာတို့ကို များစွာတိုးတက်သွားစေသည်။ဤရုပ်ခန္ဓာကိုယ်ကြောင့် သူမသည် နှစ်ရာအနည်းငယ်မျှဖြင့် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပေ၏။

အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သည့်တိုင် သူမ၏အလှည့်အပြောင်းကိုးကြိမ်နတ်ဘုရားခန္ဓာကိုယ်သည် ခြောက်ကြိမ်သာ ပြောင်းလဲရသေးသည်။အကယ်၍ သူမသည် အလှည့်အပြောင်းကိုးကြိမ်ကို ဖြတ်ကျော်နိုင်ပါက ဒဏ္ဍာရီလာနတ်ဘုရားနယ်ပယ်သို့ ခြေချနိုင်ပေမည်။

ဤရုပ်ခန္ဓာကိုယ်အမျိုးအစားသည် ကောင်းကင်ဘုံ၏ချစ်မြတ်နိုးမှုကို ရရှိသည်ဟုပင် ဆိုနိုင်ပေ၏။

သို့ရာတွင်....

ဤရုပ်ခန္ဓာကိုယ်တွင် အလွန်သိသာထင်ရှားသော ချို့ယွင်းချက်တစ်ခုရှိနေသည်။သူမ နီဗားနား​ပြောင်းလဲမှု ဖြစ်ပေါ်သည့်အချိန်တိုင်း သူမ၏အာရုံငါးပါး ပိတ်ဆို့ခံရကာ သူမ၏ကျင့်ကြံဆင့်စွမ်းအားများ လုံးလုံးလျားလျားပျောက်ကွယ်သွားပြီး သာမာန်လူတစ်ယောက်အဖြစ် ဖြတ်ကျော်ရခြင်းဖြစ်သည်။

နီဗားနားပြောင်းလဲခြင်း ပြီးပြည့်စုံသွားသည့်တိုင် အဆင့်သစ်သို့ချက်ချင်း ရောက်ရှိလာမည်မဟုတ်ဘဲ တဖြည်းဖြည်းချင်း တိုးတက်လာပေမည်။

အတိတ်ဘဝတွင် သူမ သေဆုံးခဲ့ရသော အကြောင်းအရင်းမှာ လူရမ်းကားတစ်ယောက်သည် သူမ၏သတ္တမမြောက်အလှည့်အပြောင်း ဖြစ်စဥ်အတွင်း၌ ကျင့်ကြံဆင့်စွမ်းအားမရှိသည်ကို အခွင့်ကောင်းယူပြီး သူမကို အကွက်ချကြံစည်ခဲ့သောကြောင့်ပင်။

အသစ်တဖန် ပြန်လည်မွေးဖွားလာသော သူမထံတွင် ယုံကြည်ချက်များရှိနေရသော အကြောင်းအရင်းမှာ သူမသည် အလှည့်အပြောင်းကိုးကြိမ်နတ်ဘုရားခန္ဓာကိုယ်ဖြင့် ပြန်လည်မွေးဖွားလာသောကြောင့်ပင်။သူမထံတွင် ဤခန္ဓာကိုယ်ရှိနေသရွေ့ သူမ၏အတိတ်ဘဝမှ ကျင့်ကြံဆင့်နယ်ပယ်သို့ ပြန်လည်ရောက်ရှိရန် သို့မဟုတ် ပို၍အဆင့်မြင့်မားသွားစေရန်မှာ အချိန်တစ်ခုသာလိုအပ်သည်။

သို့ရာတွင်....

သူမ ကြိုတင်ပြင်ဆင်ထားခြင်း မပြုရသေးမီမှာပင် နီဗားနား၏ပထမအလှည့်အပြောင်းက ရောက်ရှိလာခဲ့သည်။သူမထံတွင် ဤနီဗားနားပြောင်းလဲခြင်းဖြစ်စဥ်ကို ကျော်ဖြတ်နိုင်ရန်အတွက် သင့်တော်သောနေရာမရှိချေ။

သူမသည် ကူကယ်ရာမဲ့စွာဖြင့် ရီဖုန်းကို ကြည့်လိုက်၏။

"နင်က ငါ နေဖို့အတွက် ဘေးကင်းလုံခြုံတဲ့နေရာတစ်နေရာကို ရှာပေးနိုင်မလား"

သူမက ကူကယ်ရာမဲ့ဖြင့် မေးမြန်းသည်။

"မင်း နေဖို့နေရာနဲ့ ပတ်သက်ပြီးတော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး...ငါနဲ့အတူ မိုးမြေဂိုဏ်းကို လိုက်ခဲ့ရုံပဲ"

ရီဖုန်းက နူးညံ့ညင်သာစွာ ပြောဆိုသည်။

"မဟုတ်ဘူး...ငါ ဆိုလိုတာက တခြားနေရာတစ်နေရာ ရှာပေးနိုင်မလား...တခြားလူတစ်ယောက်မှ မရှိတဲ့နေရာမျိုးကို ပြောတာ"

စုယွင်ယွင်က တည်ကြည်လေးနက်စွာပြောဆိုလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ နီဗာနားအလှည့်အပြောင်းသည် သူမအတွက်အလွန်အရေးကြီးပေ၏။မိုးမြေဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်းမဟုတ်သော်လည်း ထိုနေရာတွင် တခြားလူများ ရှိနေနိုင်သည်။သူမ၏နံဘေးပတ်ဝန်းကျင်တွင် လူအမြောက်အမြားရှိနေပါက တစ်စုံတစ်ခုအမှားအယွင်းဖြစ်မည်မှာ မလွဲမသွေပင်။

"တခြားနေရာတစ်နေရာလား...မင်းက ငါနဲ့အတူ မိုးမြေဂိုဏ်းကို မလိုက်ချင်တာလား"

ရီဖုန်း၏မျက်နှာ သုန်မှုန်သွားသည်။

'သောက်ချေးပဲ... ငါက လမ်းတစ်လမ်းလုံး မင်းကိုခေါ်လာပြီးမှ မင်းက မိုးမြေဂိုဏ်းထဲကို မဝင်ချင်တာလား'

"မဟုတ်ဘူး...ငါက ဒီသဘောမျိုး ဆိုလိုတာမဟုတ်ဘူး...."

စုယွင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။သူမသည် သူမ၏တောင်းဆိုမှုကို လက်ခံရန် သို့မဟုတ် ငြင်းဆန်ရန်နှင့် ပတ်သတ်ပြီး ရီဖုန်းကို အတိုချုပ်ရှင်းပြရန် ရည်ရွယ်ခဲ့သည်။သို့ရာတွင် သူမ အလွန်အကျွံပြောဆိုမိပါက ရီဖုန်း ထိတ်လန့်ကြောက်ရွံအောင် ခြောက်လှန့်မိသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။မည်သို့ပင်ဆိုစေကာမူ ရီဖုန်းကဲ့သို့ သာမာန်သေမျိုးတစ်ယောက်သည် အလှည့်အပြောင်းကိုးကြိမ်နတ်ဘုရားခန္ဓာကိုယ်ကဲ့သို့ အရာမျိုးကို မည်သည်ကြောင့် ကြုံတွေ့ဖူးမည်နည်း။

ထို့ပြင် ဤသည်မှာ သူမ၏အရေးအကြီးဆုံးဝှက်ဖဲဖြစ်သောကြောင့် တခြားသူများကို သူမ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိချေ။

သူမက ရီဖုန်းကိုစောင်းငဲ့ကြည့်ကာ သူမထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် ပြောဆိုလိုက်သည်။

"ငါက ခုလတ်တလောအချိန်မှာ နည်းနည်းမသက်မသာခံစားနေရတယ်....လူစည်ကားတဲ့နေရာမှာနေရရင် အရမ်းအဆင်မပြေဘူး...ဒါကြောင့် ငါက ရက်နည်းနည်းလောက်လိုအပ်တယ်"

"နင်က ငါ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ဖို့ နေရာတစ်နေရာ ရှာပေးနိုင်သရွေ့....နောက်ရက်အနည်းငယ်လောက်ကျရင် ငါက နင့်ရဲ့မိုးမြေဂိုဏ်းထဲကို တကယ်ဝင်မှာပါ"

"ဒါပေမယ့် အဲ့ဒီနေရာက ဘေးကင်းလုံခြုံတယ်ဆိုတာ နင် အာမခံရမယ်"

စုယွင်ယွင်သည် ရီဖုန်းကို လိမ်ညာနေခြင်းမဟုတ်ချေ။

ပထမအလှည့်အပြောင်းကို အောင်မြင်စွာဖြတ်ကျော်ပြီးနောက် သူမ၏ခွန်အား သိသိသာသာ တိုးတက်လာပေမည်။ထို့ကြောင့် သူမ ဝင်သည့်ဂိုဏ်းမှာ သေးငယ်သည်ဖြစ်စေ ကြီးမားသည်ဖြစ်စေ သူမအတွက် များစွာသက်ရောက်ခြင်းရှိမည်မဟုတ်ချေ။

တခြားတစ်ဖက်တွင် အကယ်၍ ရီဖုန်းသည် သူမ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ရန် အမှန်တကယ် စီစဥ်ပေးနိုင်ပါက သူမသည် သူ့အား မျက်နှာသာပြန်ပေးရပေမည်။

သူ့၏မိုးမြေဂိုဏ်းသို့ သူမ အချိန်တခဏခန့်ဝင်ရောင်ကာ အနည်းငယ်ကူညီထောက်ပံ့ပေးခြင်းဖြင့် သူ့အား ပြန်ပေးဆပ်သည်ဟု ယူဆနိုင်သည်။

"အော်...မသက်မသာခံစားနေရတာလား....အင်း..."

"ဒါက ရာသီလာတဲ့အချိန်လား"

ရီဖုန်းက မအောင့်အည်းနိုင်တော့ဘဲ မေးမြန်းလိုက်၏။

"ရာသီလာတယ်ဆိုတာက ဘာလဲ"

စုယွင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး...ထားလိုက်တော့"

ဤကွဲပြားခြားနားသော ကမ္ဘာလောကမှ လူများသည် ထိုကိစ္စကို နားလည်သဘောပေါက်မည်မဟုတ်ကြောင်း ရီဖုန်း သိရှိသွားသဖြင့် ထပ်မံ၍မပြောဆိုတော့ချေ။ထို့နောက် သူက စုယွင်ယွင်ကိုကြည့်ကာ ပြောဆိုလိုက်၏။

"မင်းမှာ လျှို့ဝှက်ချက်တစ်ခု တကယ်ကြီးရှိနေမှတော့ ရက်အနည်းငယ်နေဖို့ နေရာတစ်ခုရှာပေးဖို့ဆိုတာ ငါ လွယ်လွယ်လေး ဖြေရှင်းပေးနိုင်တယ်...ငါ့မှာ သိုင်းပညာခန်းမတစ်ခုရှိတယ်...မင်း အဲ့ဒီနေရာမှာ ရက်နည်းနည်းလောက်နေလို့ရတယ်"

"သိုင်းပညာခန်းမလား"

"ဒါက လုံခြုံလို့လား"

စုယွင်ယွင်က တည်ကြည်လေးနက်စွာမေးမြန်းသည်။

"ဘာမှမစိုးရိမ်နဲ့....အဲ့ဒီနေရာက အရမ်းလုံခြုံတယ်"

ရီဖုန်းက အာမခံချက်ပေးလေသည်။

စုယွင်ယွင်က ခေါင်းညိတ်ပြလိုက်၏။ သူမ၏စွမ်းအားများ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်ကို ခံစားမိသဖြင့် ယခုလက်ရှိချိန်တွင် သူမထံ၌ ရွေးချယ်စရာမရှိတော့ဘဲ ရီဖုန်းကိုသာ ယုံကြည်ရတော့ပေမည်။

"လူအိုကြီးချင်...မင်း အရင်ဆုံးပြန်သွားလိုက်တော့...ငါ သူ့ကို သိုင်းပညာခန်းမဆီ ပို့ပေးလိုက်အုံးမယ်"

ရီဖုန်းက နူးညံညင်သာစွာပြောဆိုသည်။

"ဟုတ်ကဲ့ပါ ဆရာကြီး"

ချင်ဟွမ်ရှင်းသည် ရထားလုံးကို ကျွန်းငယ်လေးထံသို့ဦးတည်၍ မောင်းနှင်သွားတော့သည်။

ချင်ဟွမ်ရှင်းထွက်ခွာသွားပြီးနောက် ရီဖုန်း၏မျက်လုံးများ အနည်းငယ်လှုပ်ရှားသွားသည်။

တပည့်လက်ခံပွဲအခမ်းအနားတွင် ဤမိန်းကလေးသည် အစွမ်းထက်သောဂိုဏ်းချုပ်အမြောက်အများကို မြင်တွေ့ခဲ့ရသဖြင့် သူမသည် သူ့၏စကားကို အနည်းငယ်မနာခံလိုသည်အား သူ တွေ့မြင်မိသည်။

ယခင်ကဆိုလျှင် ရီဖုန်း၏အကျင့်စရိုက်အရ....

'သောက်ချေးပဲ...တကယ်လို့ မင်း ငါ့စကားကို မနာခံဘူးဆိုရင် မင်း သွားနိုင်သလောက် ဒီနေရာကနေ ချက်ချင်းထွက်သွားစမ်း'ဟု ပြောဆိုကာ မောင်းထုတ်မိပေမည်။

သို့ရာတွင် စနစ်မှာပေးအပ်သောတာဝန်အရ သူ့ထံတွင် ရွေးချယ်စရာမရှိချေ။သာမန်အရည်အချင်းရှိသော တပည့်တစ်ယောက်ရရှိရန်မှာ အလွန်အမင်းခက်ခဲသဖြင့် သူသည် သူမကို ထွက်သွားခွင့်မပြုနိုင်​ချေ။

ထိုကြောင့် သူသည် အနည်းငယ်ဟန်ရေးပြသည့်အနေဖြင့် ဤမိန်းကလေးထံတွင် အမြင်ကောင်းရှိလာစေရန် ထူးချွန်ပြောင်မြောက်စွာဟန်ဆောင်ပြရပေမည်။

ထို့ကြောင့်...

သူ့၏လက်ဝါးကို တစ်ချက်လှန်လိုက်ခြင်းနှင့်အတူ ဓားပျံတစ်လက်ကိုထုတ်ယူပြီး ထိုအရာပေါ်သို့ ညင်သာစွာခုန်တက်လိုက်၏။

"အပေါ်ကို တက်ခဲ့ပါ"

ရီဖုန်းက ဓားပျံပေါ်၌ မတ်တပ်ရပ်ကာ နူးညံ့ညင်သာစွာပြောဆိုသည်။

စုယွင်ယွင်က ရီဖုန်းကို စောင်းငဲ့၍ကြည့်လေသည်။ထို့နောက် အဝေးရှိ ပင်ကျင်းမြို့ကိုကြည့်ကာ ဓားပျံပေါ်သို့ တက်လိုက်တော့သည်။

ရီဖုန်း၏စိတ် လှုပ်ရှားသွားခြင်းနှင့်အတူ ဓားပျံသည် မြေပြင်နှင့်နီးကပ်သောနေရာမှနေ၍ ပင်ကျင်းမြို့ထံသို့ဦးတည်၍ ပျံသန်းသွားလေ၏။

"ကြည့်လိုက်အုံး...ငါက တကယ့်ကို အရမ်းအစွမ်းထက်တဲ့သူပဲ...ဒါပေမယ့် ငါက သိုသိုသိပ်သိပ်နေချင်တဲ့လူစားမျိုး ဖြစ်နေတာကြောင့် ဟန်ရေးပြရတဲ့အလုပ်တွေကို မကြိုက်ဘူး...မင်းမိုးမြေဂိုဏ်းကို ဝင်ပြီးတာနဲ့ ငါ မင်းကိုကောင်းကောင်းသင်ကြားပေးမယ်...ဘာမှ မစိုးရိမ်နဲ့"

ရီဖုန်းသည် ပျံသန်းနေစဉ်အတောအတွင်း သူ့၏နောက်ရှိ စုယွင်ယွင်ကိုကြည့်ကာ အလွန်နူးညံ့ညင်သာစွာ ပြောဆိုလိုက်သည်။

စုယွင်ယွင် မျက်ဖြူလန်သွားသည်။

ရီဖုန်း ဤဓားပျံကိုထုတ်ယူလိုက်သောအချိန်တွင် အနည်းငယ်ထူးခြားသည်ဟု သူမ ခံစားမိသည်။သို့ရာတွင် ဤသည်မှာ မည်သည့်နေရာတွင် ထူးခြားနေကြောင်း သူမ မမြင်တွေ့မိချေ။ မည်သို့ပင်ဆိုစေကာမူ ဤအချိန်အခိုက်အတန့်တွင် နီဗာနားအလှည့်အပြောင်းကြောင့် သူမ၏ကျင့်ကြံဆင့်စွမ်းအားများ ပျောက်ကွယ်နေခဲ့သည်။

သို့ရာတွင် အကယ်၍ သူမသည် ထိုအရာကိုရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်လျှင်လည်း ကိစ္စမရှိချေ။

အကြောင်းအရင်းမှာ အကယ်၍ ဤသည်မှာအနည်းငယ်ထူးဆန်းနေလျှင်ပင် ဓားပျံလေးတစ်လက်သာဖြစ်ပေ၏။အများဆုံးအနေဖြင့်ထိုဓားပျံသည် မိုးကောင်းကင်အတွင်း၌ ပျံသန်းနိုင်လျှင်ပင် အနည်းငယ်ပို၍လျှင်မြန်ရုံသာ ရှိပေမည်။

ဤအဆင့်ဓားပျံမျိုးသည် ကျင့်ကြံခြင်းလောက၌ အမှိုက်တစ်စသာဖြစ်သည်။

ဤကဲ့သို့ အမှိုက်တစ်စဖြင့် သူသည် သူမရှေ့တွင် အမှန်တကယ်ကို ဟန်ရေးပြနေခဲ့သလော....

သူမသည် ရယ်ရမည်လော ငိုရမည်လော မသိတော့ချေ။

သူမ၏နီးဗားနားပထမအကြိမ်အလှည့်အပြောင်းပြီးနောက် သူမ၏ကိုယ်ပိုင်အင်မော်တယ်ဓားကို ဆင့်ခေါ်ချိန်တွင် ရီဖုန်း မည်ကဲ့သို့တုံ့ပြန်မည်ကို သူမ အမှန်တကယ် မသိတော့ချေ။

Chapter 472

သူတို့နှစ်ယောက်သည် နောက်ဆုံး၌ ပင်ကျင်းမြို့အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

လမ်းများပေါ်တွင် လူများစည်ကားနေကာ အဆက်မပြတ်အော်ဟစ်နေသံများနှင့် ပဲ့တင်ထပ်နေသည်။

ဤအချိန်တွင် ရီဖုန်းသည် စုယွင်ယွင်နှင့်အတူ ဓားပျံကိုစီးနင်းကာ လမ်းများတလျှောက် ဖြတ်သန်းလာခဲ့သည်။

သူတို့ ဖြတ်သန်းသွားစဥ်တွင် လမ်းဘေးစျေးသည်များနှင့် သက်ကျားအိုကြီးများက ရီဖုန်းကို နှုတ်ဆက်ကြသည်။သူ ဓားပျံကိုစီးနင်းကာ ပျံသန်းလာသည့်လမ်းတလျှောက်လုံး အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

"ဝိုး...."

"ဆရာကြီးက တကယ့်ကိုတော်တာပဲ"

"ဆရာကြီးက တကယ့်ကိုအစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ"

"ဆရာကြီးရဲ့ဓားပျံ...အိုး ဘုရားရေ...ဒါက တကယ့်ကို အံ့သြစရာပဲ"

မြှောက်ပင့်ချီးမွမ်းသောအသံများ ပဲ့တင်ထပ်လာသဖြင့် ရီဖုန်းသည် ရှက်ကိုးရှက်ကန်းဖြင့် သူ့၏လက်ကို မြှောက်လိုက်၏။

"ကျေးဇူးတင်ပါတယ်...အားလုံးပဲ...ကျေးဇူးတင်ပါတယ်"

ဤမြင်ကွင်းကြောင့်....

ရီဖုန်း၏နောက်ရှိ စုယွင်ယွင်က သရော်တော်တော် ပြုံးမိသွားစေသည်။

မည်သို့ပင်ဆိုစေကာမူ သေမျိုးနယ်မြေသည် သေမျိုးနယ်မြေသာ ဖြစ်နေဆဲပင်။ဤသည်မှာ ဓားပျံတစ်လက်သာဖြစ်သော်လည်း သူတို့သည် အစစ်အမှန်ခွန်အားမရှိသော ရီဖုန်းကို နတ်ဘုရားတစ်ပါးကဲ့သို့ မြှောက်ပင့်ချီးမွမ်းနေကြသည်။

သူမသည် အမှန်တကယ်ကို မည်ကဲ့သို့ပြောဆိုရမည်အား မသိတော့ချေ။

သို့ရာတွင် အင်မော်တယ်ဧကရာဇ်ဖြစ်ခဲ့သော သူမအနေဖြင့် ဤကဲ့သို့ကိစ္စများဖြင့် စိတ်အနှောက်အယှက်အဖြစ်မခံနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ အကြောင်းအရင်းတချို့ကြောင့် ဤမြို့အတွင်းသို့ ဝင်ခဲ့ပြီးချိန်မှစ၍ သူမထံတွင် စိတ်မသက်မသာဖြစ်နေသော ခံစားချက်တစ်ခုရရှိနေသည်။

ဤနေရာတွင် မလုံခြုံခြင်း ဖြစ်နိုင်သလော....

"ဒါက ငါ့စိတ်ထင်လို့ပဲဖြစ်မှာပါ"

စုယွင်ယွင်သည် သူမ၏ခေါင်းကိုခါယမ်းကာ သူမကိုယ်သူမ ဖြေသိမ့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ နီဗားနားအပြောင်းအလဲကို ကြုံတွေ့နေရစဥ်၌ သူမထံတွင် မည်သည့်ကျင့်ကြံဆင့်စွမ်းအားမျှရှိမနေသည့်အပြင် သူမဉအာရုံငါးပါးပင် ပိတ်ဆို့ခံထားရသည်။

အတိတ်ဘဝတွင် သူမ ရရှိထားသော စိတ်ဒဏ်ရာနှင့် သူမ၏သတိကြီးသောစရိုက်သဘာဝတို့ပေါင်းစပ်ကာ သူမကို စိတ်မသက်မသာခံစားရစေသည်။

နောက်ဆုံး၌ သူတို့နှစ်ယောက်သည် သိုင်းပညာခန်းမ၏အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။

သိုင်းပညာခန်းမသည် ယခင်အတိုင်း မပြောင်းလဲသော်လည်း ရီဖုန်းသည် ယခုချိန်တွင် ကျွန်းပေါ်၌ အနေများသဖြင့် ဤနေရာပတ်ဝန်းကျင်တွင် ယခင်ကဲ့သို့ လူအမြောက်အများမရှိတော့ချေ။

"သိုင်းပညာခန်းမ"

စုယွင်ယွင်သည် သူမ၏ခေါင်းအထက်ရှိ သိုင်းပညာခန်းမဆိုင်းဘုတ်ကိုကြည့်ပြီး ထူးခြားသောခံစားချက်တစ်ခုကို ခံစားမိသည်။

သို့ရာတွင် ဤခံစားချက်သည် မည်သည့်အရာဖြစ်သည်ကို သူမ အတိအကျမပြောနိုင်ချေ။

ဝင်ကြစို့ အထဲကိုဝင်ကြရအောင်

ဒီဖုန်းကခပ်ဖြော့ဖြော့ပြုံးကာ သူ့၏ သိုင်းပညာခန်းမအတွင်းသို့ခေါ်ဆောင်သွားလိုက်သည်။

သိုင်းပညာခန်းမ၏အတွင်း၌ ခန်းမ၏ဘေးတစ်ဖက်တချက်ရှိ နံရံများပေါ်တွင် အမျိုးမျိုးသောလက်နက်များ၏ပန်းချီကားများကိုချိတ်ဆွဲထားလေ၏။

ထိုအခြင်းအရာကိုမြင်တွေ့ချိန်တွင် စုယွင်ယွင်၏စိတ်နှလုံးသားအတွင်းရှိ ထူးခြားသောခံစားချက်သည် တစ်ဖန်ပြန်၍ထွက်ပေါ်လာကာ သူမ၏စိတ်မသက်မသာခံစားရမှုသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားသည်။

"ဒီနေရာမှာ ဘေးကင်းလုံခြုံတယ်လို့ နင် သေချာပြောနိုင်လား"

စုယွင်ယွင်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"ဒါက ရွှေလိုမျိုး ကျစ်လစ်ခိုင်မာတဲ့နေရာလို့ ငါ အာမခံတယ်"

ရီဖုန်းက သူ့၏ရင်ဘတ်ကိုပုတ်ကာ သူမကို အာမခံချက်ပေးလိုက်သည်။

စုယွင်ယွင်သည် သူမ၏နှုတ်ခမ်းကိုမဲ့လိုက်ရုံမှတစ်ပါး တခြားမတတ်နိုင်တော့ချေ။

အတိတ်ဘဝတွင် ဧကရီတစ်ပါးဖြစ်သောသူမ၏တော်ဝင်နန်းတွင်း၌ပင် ရွှေကဲ့သို့ကျစ်လစ်ခိုင်မာသည်ဟု ပြောဆို၍မရချေ။သို့ရာတွင် ဤကဲ့သို့အသုံးအနှုန်းတစ်ခုကို သာမာန်သိုင်းပညာခန်းမအတွက် အသုံးပြုခဲ့လေ၏။

'ဟူး....ကောင်းပြီလေ'

ဤသည်မှာ မတူကွဲပြားသောအတွေးအမြင်များရှိနေခြင်းသာ ဖြစ်သည်။

ဤကိစ္စကို သူမ အလေးနက်ထား၍ စဉ်းစားနေရန် မလိုအပ်ချေ။

အကယ်၍ သူမသည် သာမန်သေမျိုးတစ်ယောက် ပြောဆိုသောစကားများကို အမှန်တကယ်ဂရုစိုက်နေပါက သူမ ဒေါသထွက်၍ သေဆုံးပြီးဖြစ်ပေမည်။

"ကောင်းပြီလေ...မင်း ဒီနေရာမှာ လွတ်လွတ်လပ်လပ်နေခဲ့တော့....ငါက မိုးမြေဂိုဏ်းကို ပြန်တော့မယ်...နောက်ထပ်ရက်နည်းနည်းလောက်ကြာရင် ငါ မင်းကို လာရှာမယ်"

စုယွင်ယွင်ကို သိုင်းပညာခန်းမအား သာမာန်ကာလျှံကာ လှည့်ပတ်ပြပြီးနောက် ရီဖုန်းသည် တံခါးဝထံသို့ဦးတည်သွားကာ သူမကို အသိပေးလိုက်၏။

သို့ရာတွင် သူ တံခါးထံသို့ ရောက်ရှိစဥ်တွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တချို့၏အရိပ်အယောင်များကို တွေ့မြင်မိသည်။

အနက်ရောင်ဝတ်ရုံတစ်ခု....

ခွေးတစ်ကောင်...

ကင်းခြေမျှားတစ်ကောင်....

ဝက်ဝံနက်တစ်ကောင်....

ထို့ပြင် သူတို့၏နံဘေးတွင် ဆွဲဆောင်မှုရှိပုံရသော မရင်းနှီးသည့် မိန်းကလေးတစ်ယောက်ရှိနေသည်။

သူတို့သည် ရီဖုန်း၏အကြည့်ကို အာရုံခံမိသည်နှင့် သူတို့သည် အပြစ်တစ်ခုကိုကျူးလွန်ထားသည့်အလား မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားကြသည်။

"ဝိုး...ဒီကောင်တွေက နောက်ဆုံးတော့ သူတို့ရဲ့စွန့်စားခန်းထွက်နေတာကနေ ပြန်ရောက်လာပြီပဲ"

ရီဖုန်းသည် သူ့၏နှာခေါင်းကိုညှစ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားကာ စုယွင်ယွင်ဘက်သို့လှည့်ပြီး မေးမြန်းလိုက်၏။

"ကြည့်ရတာတော့...ဒီကြီးမားတဲ့သိုင်းပညာခန်းမထဲမှာ မင်းတစ်ယောက်တည်းနေရင် နည်းနည်းတော့ကြောက်နေမယ့်ပုံပဲ...ဟုတ်တယ်မလား"

"ငါက ဘာကိုကြောက်ရမှာလဲ"

စုယွင်ယွင်က မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။

ကြီးကျယ်ခမ်းနားသော ဧကရီတစ်ယောက်ဖြစ်ခဲ့သည့် သူမသည် အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံမှုအား ခံစားခဲ့ရသည်မှာ အလွန်ရယ်ရွှယ်ဖွယ်ကောင်းပေ၏။

သို့ရာတွင် ပင်ကျင်းမြို့အတွင်းရှိ ဖိနှိပ်မှုကိုခံစားခဲ့ရသောကြောင့် သူမ၏စိတ်ခံစားချက်များမသိမသာယိုစိမ့်သွားမှုကို ရီဖုန်းမှ ရိပ်မိသွားမည်ဟု သူမ မျှော်လင့်မထားမိချေ။

ပြောရမည်ဆိုလျှင် သူမရှေ့ရှိလူသည် ခွန်အားကင်းမဲ့သော်လည် သူမအား အမှန်တကယ်ကိုအလွန်ဂရုစိုက်သည်။

အကယ်၍ သူမတို့၏အဆင့်အတန်းသည် အလွန်ကွာဟခြင်းမရှိဘဲ တန်းတူဖြစ်နေပါက သူ့အား သူမ၏အမျိုးသားအချစ်တော်အဖြစ် ထားရှိသည်မှာ ဆိုးရွားမည့်ပုံမပေါ်ချေ။

စုယွင်ယွင်၏ခေါင်းမာနေသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရီဖုန်းသည် ရှက်ကိုးရှက်ကန်းပြုံးကာ ဖော်ထုတ်ခြင်းမပြုတော့ဘဲ ထိုအစား ပြောဆိုလိုက်၏။

"ငါက မင်းကို ကာကွယ်ဖို့အတွက်တစ်ယောက်ယောက်ကို ရှာပေးခဲ့မယ်...အဲ့ဒီလိုမှာပဲ ငါ စိတ်ချလက်ချနေနိုင်လိမ့်မယ်"

"ငါ့ကို ကာကွယ်ပေးဖို့လား"

စုယွင်ယွင်သည် အချိန်တခဏကြာခန့် ကြက်သေသေနေပြီးနောက် ပြန်လည်အသိဝင်လာချိန်၌ အော်ဟစ်ရယ်မောလိုက်လုနီးပါးပင်။

ဤဧကရီသည် သူမအားကာကွယ်ပေးရန်အတွက် တစ်စုံတစ်ယောက်အား သေမျိုးတစ်ယောက်မှနေ၍စေလွှတ်ရန် မည်သည့်အချိန်မှစတင်၍ လိုအပ်သွားခဲ့သနည်း.....

"အင်း..."

"ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့"

ရီဖုန်းက သူ့၏လက်ကိုဝှေ့ယမ်းကာ သူမ၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ ထွက်ခွာခဲ့တော့သည်။

အမှန်အားဖြင့်...

သူသည် အပြောအရသာ ကာကွယ်ရန်ဟုပြောဆိုခဲ့ခြင်းပင်။

သူ့၏ အစစ်အမှန်ရည်ရွယ်ချက်မှာ တစ်စုံတစ်ယောက်ကိုစေလွှတ်၍ သူမကို စောင့်ကြည့်လိုခြင်းဖြစ်ပေ၏။မည်သို့ပင်ဆိုစေကာမူ အကယ်၍ ရှားပါးသော သာမန်အရည်အချင်းရှိသည့် တပည့်တစ်ယောက် ထွက်ပြေးသွားပါကာ ဤသည်မှာ ဆိုးဝါးသွားမည်မဟုတ်လော။

သူမအား ကာကွယ်စောင့်ရှောက်ပေးရန် ရွေးချယ်ခံရသူအတွက်မှာမူ....

ရီဖုန်း၏စိတ်အတွင်း၌ တစ်စုံတစ်ယောက်ရှိနေလေပြီ။

သူ့၏ဓားပျံပေါ်၌ခြေချကာသူသည်လိုက်လံဖမ်းဆီးလိုက်တော့သည်။

"အစ်ကိုကြီး အစ်ကိုကြီး....သခင်က ငါတို့နောက်ကနေ လိုက်ဖမ်းနေပြီ...ငါတို့ ဘာလုပ်သင့်လဲ"

ခွေးက ထိတ်ထိတ်ပျာပျာဖြင့် အော်ဟစ်လိုက်သည်။

"အိုး ကယ်ကြပါဦး"

"ငါက နောက်ဆုံးမှ ရွှေပြားတချို့ကို ချွေတာစုဆောင်းပြီးတော့ အတူသောက်စားဖို့အတွက် လှပတဲ့ မိန်းကလေးတစ်ယောက်ကို ဖိတ်ခေါ်နိုင်ခဲ့တာ...အခု ငါတို့ ဘာလုပ်ကြမလဲ"

လုပမ်ဝေသည် သူနှင့်နီးကပ်လာသော ရီဖုန်းကိုကြည့်ပြီးနောက် သူ့၏နံဘေးရှိ မိန်းကလေးကိုကြည့်ကာ ထွက်ခွာသွားရန်အတွက် သူ အလွန်ဝန်လေးနေသည်။

ဤကိစ္စ၏ ကောင်းကျိုးနှင့်ဆိုးကျိုးကိုချိန်ဆပြီးနောက် သူသည် မိန်းကလေး၏နူးညံ့သေးသွယ်သောလက်ကိုကိုင်ပြီး တစ်ချက်ကိုက်ကာ တုံ့ဆိုင်းစွာဖြင့်ပြောဆိုလိုက်၏။

"အချစ်လေး ငါ့ကိုစောင့်နေအုံး..ဒီနေ့ည ငါတို့အတူတူသီချင်းတွေဆိုပြီး ကကြရအောင်"

ထိုသို့ပြောဆိုပြီးနောက်...

လုပမ်ဝေတို့တစ်စုသည် မလိုလားမှုများပြည့်နှက်နေသည့်မျက်နှာများနှင့် ရီဖုန်းထံသို့ဦးတည်၍သွားလိုက်ကြ၏။

သို့ရာတွင်.....

သူတို့အား စောင့်ကြိုနေသည်မှာ ရီဖုန်း၏ လျင်မြန်သောခြေထောက်များပင်

လုပမ်ဝေသည် ကန်ကျောက်ခံရမှုကြောင့် မြေပြင်ပေါ်သို့လဲကျသွားသည်။

"ကလိမ်ကကျစ်ကောင်...မင်း ထပ်ပြီးတော့မိန်းကလေးတွေကို အခွင့်အရေးယူပြန်ပြီလား"

ရီဖုန်းက ပြင်းထန်စွာပြောဆိုသည်။

"ဒါက နားလည်မှုလွဲတာလေးတစ်ခုပါ"

လုပမ်ဝေကိုကြည့်ရသည်မှာ အလွန်သနားစဖွယ် ကောင်းနေပေ၏။

"မင်းက ခုထိနားလည်မှုလွဲတာလို့ ပြောနေတုန်းပဲလား...ငါ အကုန်မြင်ပြီးပြီ"

ရီဖုန်းက ပြင်းထန်စွာဆူပူကြိမ်းမောင်းလိုက်သည်။

"တကယ်လို့ မင်း မိန်းကလေးတွေအပေါ် ထပ်ပြီးအခွင့်အရေးယူတာကို....ငါ ဖမ်းမိမယ်ဆိုရင် ငါ မင်းကို ခွင့်လွှတ်တော့မှာမဟုတ်ဘူး"

"ဒီနေရာကို လာခဲ့အုံး...ငါ့မှာ မင်းကိုခိုင်းဖို့ ကိစ္စတစ်ခုရှိနေတယ်"

ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် လုပမ်​ဝေတို့ကိုခေါ်ဆောင်ကာ သိုင်းပညာခန်းမထံသို့ဦးတည်၍ လျှောက်လှမ်းခဲ့တော့သည်။

လုပမ်ဝေသည် နောက်မှအလျင်စလိုလိုက်သွားလေ၏။

"မင်း ခုဏက အရမ်းမနာသွားဘူးမလား...မင်း ဘယ်လိုနေသေးလဲ"

ရီဖုန်းသည် အနက်ရောင်ဝတ်ရုံကိုမကာ လုပမ်ဝေ၏အရိုးများကို တို့ထိလိုက်သည်။ဤကောင်စုတ်၏အရိုးများသည် အလွန်မာကြောသည့်တိုင် သူ စိုးရိမ်ကြောင့်ကြစွာဖြင့် မမေးမြန်းဘဲမနေနိုင်ချေ။

ဤကောင်စုတ်လားသည် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသော်လည်း....

သူ့ထံတွင် ဤကောင်စုတ်အပေါ်စိတ်ခံစားချက်တချို့ရှိနေလေပြီ။

"ဟူး...."

"ငါက တကယ်တော့ မင်းကို နားလည်တယ်... ဒါပေမဲ့ ငါ မင်းကို သတိထပ်ပေးရဦးမယ်... တကယ်လို့ မင်းမှာ အစွမ်းအစမရှိဘူးဆိုရင် မင်းရဲ့စွမ်းဆောင်ရည်ထက် ကျော်လွန်တဲ့ကိစ္စတွေကို မလုပ်နဲ့"

ရီဖုန်းက ထိုကိစ္စကို အထူးအလေးပေး၍ ဆုံးမသွန်သင်လိုက်သည်။

"မင်း ငါပြောတာကို နားလည်ရဲ့လား"

"နားမလည်ဘူး"

လုပမ်ဝေသည် ကြောင်စီစီအမူအယာဖြင့် ရီဖုန်းကို ကြည့်နေလေ၏။

"ငါ ဆိုလိုတာက တကယ်လို့ မင်းမှာအစွမ်းအစမရှိရင် မိန်းကလေးတွေကို သွားပြီးမနှောက်ယှက်နဲ့....ခံစားချက်အစစ်အမှန်တွေ ဖြစ်တည်လာတဲ့အချိန်ကျရင် မင်းရဲ့ပုံစံနဲ့ တခြားလူတွေအားလုံး ကြောက်လန့်ပြီးထွက်ပြေးသွားကြလိမ့်မယ်.... မင်း အဲ့ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မှာလဲ....ငါ့ကို ပြောစမ်းပါ...အဲ့ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မှာလဲ"

ရီဖုန်းသည် စူးစမ်းသောမေးခွန်းနှစ်ခုကို လုပမ်ဝေအား ဆက်တိုက်ဖိနှိပ်၍ မေးမြန်းလိုက်သည်။ ဤမေးခွန်းများသည် လုပမ်ဝေ၏စိတ်ဝိညာဥ် အနက်ရှိုင်းဆုံးနေရာကို ထိတွေ့မိသည်။

လုပမ်ဝေသည် လုံးလုံးလျားလျား ကြက်သေသေသွားတော့သည်။

"ဒီကိစ္စကို မင်းရဲ့စိတ်ထဲကနေ သေချာစဉ်းစားထားပါ...သွားကြစို့...သိုင်းပညာခန်းမကို ပြန်ကြရအောင်....မင်းလုပ်ပေးဖို့လိုတဲ့ ကိစ္စတစ်ခု ငါ့မှာရှိနေတယ်"

လမ်းတစ်လျှောက်၌ ရီဖုန်းသည် စုယွင်ယွင်ကို ဂရုတစိုက်စောင့်ကြည့်ကာ ထွက်ပြေးခွင့်မပြုရန် လုပမ်ဝေကို ညွှန်ကြားလိုက်သည်။နောက်ပိုင်းတွင် ဆုလာဘ်အဖြစ် ရွှေပြားတပြားအပိုပေးမည်ဟု သူသည် လုပမ်ဝေကို ကတိပေးလိုက်၏။

လုပမ်ဝေသည် ကျေကျေနပ်နပ် သဘောတူညီလိုက်သည်။

ရီဖုန်းသည် အနက်ရောင်ဝတ်ရုံဝတ်စုံလူတစ်ယောက်ကို အမှန်တကယ်ခေါ်ဆောင်လာသည်ကိုမြင်တွေ့ချိန်တွင် စုယွင်ယွင်က မျက်မှောင်ကြုတ်လေသည်။

"ငါ ဒီကိစ္စကို အရင်ကပြောပြီးပြီလေ....ငါ့ကို ကာကွယ်ပေးဖို့ မလိုအပ်ဘူး"

စုယွင်ယွင်က အခိုင်အမာပြောဆိုသည်။

"မင်း ပြောတာကို ငါ ထည့်မတွက်ဘူး....တကယ်လို့ မင်း အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့ရရင် ဘယ်လိုလုပ်မလဲ"

ရီဖုန်းက သူမကို မျက်စောင်းတချက်ထိုးပြီးနောက် အော်ငေါက်ကာ မည်သည့်စကားမျှ ထပ်မံမပြောဆိုတော့ဘဲ ထွက်ခွာသွားတော့သည်။

စုယွင်ယွင်သည် နေရာမှာပင် မတ်တတ်ရပ်နေကာ ကြက်သေသေနေသည်။

အန္တရာယ်ဟု ဆိုလိုက်သလော....

အကယ်၍ သူမထံတွင် အန္တရာယ်နှင့်အမှန်တကယ်ကြုံတွေ့ရလျှင်ပင် သူမသည် နီဗားနားအလှည့်အပြောင်းအခြေအနေ၌ ရှိနေသည့်တိုင် သေမျိုးတစ်ယောက်၏ကာကွယ်ပေးမှုကို သူမ လိုအပ်သလော......

သို့ရာတွင် အချိန်တခဏကြာ စဉ်းစားတွေးတောပြီးနောက် သူမသည် ဝန်လေးစွာဖြင့်လက်ခံလိုက်တော့သည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏နီဗားနားအလှည့်အပြောင်း အချိန်အတွင်းတွင် သူမသည် ​ချီစွမ်းအားကို ထုတ်လွှတ်နိုင်မည်မဟုတ်သဖြင့် အနီးပတ်ဝန်းကျင်တွင် တစ်စုံတစ်ယောက်ရှိနေသည်မှာ အသုံးဝင်ပေမည်။

ထို့ကြောင့်...

သူမက လုပမ်ဝေကို စောင်းငဲ့၍ကြည့်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် လုပမ်ဝေသည်လည်းသူမထံသို့ လျှောက်လှမ်းလာပေ၏။

ခြေလှမ်းငယ်နှစ်လှမ်းကိုလှမ်းကာ...

တစ်လှမ်း....နှစ်လှမ်း....

လုပမ်ဝေသည် နေရာတွင်တစ်ပတ်လှည့်လိုက်ပြီးနောက် ပန်းပွင့်ငယ်တစ်ပွင့်ကိုကိုင်ဆောင်ကာ စုယွင်ယွင်၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။

"မိန်းကလေး မင်းကို ပထမဆုံးအကြိမ်တွေ့ရတာ ဝမ်းသာပါတယ်"

"ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ...အစွမ်းထက်ပြီး ချောမောခံ့ညားတဲ့ လုပမ်ဝေ...ပြီးတော့ ငါ့ကိုဆန်ကုန်မြေလေးလို့ လူသိများကျော်ကြားတယ်"

"ဒီနေ့ကနေစပြီးတော့ ငါက မင်းရဲ့သန်မာအားကောင်းပြီးခိုင်ခံ့တဲ့ ကူညီထောက်ပံ့သူပဲ...ငါ့အချစ်တွေရဲ့ကာကွယ်ပေးမှုနဲ့ဆိုရင် မိုးပြိုကျရင်တောင် မင်းဆီကဆံပင်တစ်ချောင်း မကျွတ်စေရဘူး"

ထိုသို့ပြောဆိုပြီးနောက် လုပမ်ဝေသည် အလွန်အမင်းလူကြီးလူကောင်းဆန်စွာဖြင့် ဦးညွှတ်လိုက်သည်။

စုယွင်ယွင်၏မျက်နှာ မည်းမှောင်သွားကာ သူမ၏ခန္ဓာကိုယ်အနှံ့ ကြက်သီးမွေးညှင်းများထလာသည်။

သူမ၏ခြေချောင်းများကို တင်းတင်းကြပ်ကြပ်ကုတ်ထားလေ၏။

ဤကဲ့သို့ အလွန်အရပ်ပုပြီး မသတီချင်ဖွယ်ကောင်းကာ အစွမ်းအစမဲ့ပုံရသောလူသည် ဤနေရာ၌နေ၍ သူမကို ကာကွယ်ပေးမည်ဟုဆိုလိုက်သလော။

Chapter 473

အနည်းဆုံးအနေဖြင့် ရီဖုန်းသည် သူမ၏အနီးတွင် သာမန်လူတစ်ယောက်ကို မထားခဲ့နိုင်သလော.....

စုယွင်ယွင်သည် လုပမ်ဝေကို လုံးလုံးလျားလျားလျစ်လျူရှုထားကာ အခန်းအတွင်းသို့ဝင်ပြီး ပလ္လင်ခွေထိုင်လိုက်တော့သည်။

"အစ်ကိုကြီးရဲ့အချစ်လမ်းခရီးကတော့ မစရသေးခင် အဆုံးသတ်သွားပြန်ပြီ"

ဝက်ဝံနက်၏ပခုံးပေါ်တွင် ထိုင်နေရင်း ခွေးသည် ရှေ့မှကာဆီးထားသောနံရံပေါ်မှနေ၍ ခြံဝင်းအတွင်းရှိမြင်ကွင်းကို စောင့်ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။

"ကောင်းကင်ဘုံက ပါရမီရှင်တွေကို မနာလိုတာပဲ....ဒါက ကောင်းကင်ဘုံက ပါရမီရှင်တွေကို မနာလိုတာပဲဖြစ်မယ်"

သူ့၏နံဘေးတွင်ရှိနေသော ကင်းခြေမျှားကလည်း တရားမမျှတမှု​ကိုကြုံနေရသည့်အလား စောဒကတက်လိုက်၏။

"အမှန်ပဲ...ကောင်းကင်ဘုံက ပါရမီရှင်တွေကို မနာလိုဘူး"

ခွေးကသက်ပြင်းတစ်ချက်လိုက်ကာပြောဆိုသည်။

"ဒါပေမဲ့ သူ့ရဲ့ညီငယ်လေးတွေဖြစ်တဲ့ ငါတို့က....အစ်ကိုကြီးရဲ့စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်အောင် ပိုပြီးကြိုးစားရလိမ့်မယ်"

"ဒါက အမှန်ပဲ...ငါတို့က အစ်ကိုကြီးအတွက် မိန်းကလေးတစ်ယောက်ရှာပေးဖို့ နည်းလမ်းတစ်ခုကို အမြန်ဆုံးရှာဖွေရမယ်"

အခန်းအတွင်း၌....

စုယွင်ယွင်၏မျက်နှာ သုန်မှုန်နေကာ ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူမသည် မူလက သူမ၏စိတ်ကိုတည်ငြိမ်အောင်ကျင့်ကြံကာ သူမ၏နီဗားနားအလှည့်အပြောင်းကျော်ဖြတ်နိုင်မည့်အချိန်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုခဲ့သည်။သို့ရာတွင် သူမအား အနက်ရောင်ဝတ်ရုံဝတ်လူပုလေးမှနေ၍ အဆက်မပြတ် စိတ်အနှောင့်အယှက်ပေးနေခဲ့သည်။

သူသည် ရံဖန်ရံခါ ပြတင်းပေါက်မှ ထွက်ပေါ်လာသည်။

ရံဖန်ရံခါ သူသည် ခြံဝန်းအတွင်း၌ ဟန်ဆောင်တိုက်ခိုက်နေလေ၏။

ရံဖန်ရံခါ သူသည် ပြင်ပ၌သီချင်းညည်းနေခဲ့သည်။

ရီဖုန်းသည် မည်သည်ကြောင့် ဤကဲ့သို့ထူးဆန်းသောလူတစ်ယောက်ကို သူမထံသို့ ခေါ်ဆောင်လာခဲ့သည်ကို သူမ အမှန်တကယ်ကိုနားမလည်နိုင်ချေ။

အကယ်၍ သူမသည် ဤလူပုလေးကို လျစ်လျူရှုထားပါက သူ့၏စိတ်ဝင်စားမှုလျော့နည်းသွားကာ သူမအား စိတ်အနှောင့်အယှက်ပေးနေခြင်းကို ရပ်တန့်သွားမည်ဟု သူမ တွေးထင်ခဲ့သည်။သို့ရာတွင် သူမသည် ထိုလူပုလေး၏ဇွဲလုံလကို လုံးလုံးလျားလျား လျှော့တွက်ခဲ့မိလေ၏။

ယနေ့တွင် သူသည် သူမအတွက် မီးပုံးပန်းတစ်ပွင့်ကို ခူးဆွတ်လာခဲ့သည်။

မနက်ဖြန်တွင် နွေးထွေးသောယောက်ျားတစ်ယောက်၏ဂရုစိူက်မှုဟုဆိုကာ သူသည် သူမအတွက် ရေနွေးတစ်ခွက်ကို ယူဆောင်လာပေးလေ၏။

သူမအမုန်းဆုံးအရာမှာ လရောင်အောက်တွင်ထိုလူပူလေးသည် သူမ၏အခန်းအနီးရှိနံရံပေါ်သို့မတ်တပ်ရပ် လေညှင်းခံရင်း သူမည်သည့်နေရာမျှကြားခဲ့ဖူးမှန်းမသိရသော ဆိုးရွားသည်ကဗျာများကိုရွတ်ဆိုနေခြင်းပင်

ညမိုးချုပ်လာသည်နှင့်...

တိကျသေချာစွာပင်

ထိုလူပုလေးသည် နံရံပေါ်သို့ တဖန်တွယ်တက်ကာ သူမ၏အခန်းကို ရံဖန်ရံခါစောင်းငဲ့ကြည့်ပြီး ဆိုးရွားသောကဗျာများကို အလေးအနက်ထား၍ ရွတ်ဆိုနေလေ၏။

"အချစ်က မစင်နဲ့တူတယ်...အချိန်ကျလာရင် မင်း ဒါကိုဟန့်တားလို့မရဘူး"

"အချစ်က မစင်နဲ့တူတယ်...မင်း ဒါကို ရေနဲ့တစ်ကြိမ်ဆေးပြီးရင် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး...."

စုယွင်ယွင်သည် သူမ၏ခေါင်း ပေါက်ကွဲတော့လုမတတ် ခံစားနေရသဖြင့် နောက်ဆုံးတွင် အခန်းအတွင်းမှပြေးထွက်ကာ အော်ဟစ်လိုက်သည်။

"နင် ထပ်ပြီး စိတ်အနှောက်အယှက်ပေးနေအုံးမှာလား...ငါ့ကို ပြောစမ်း...နင် ဘယ်အချိန်ထွက်သွားမှာလဲ"

"မိန်းကလေး...မင်းက အရမ်းအားနည်းတယ်...ဒါကြောင့် မင်းက ငါ့ရဲ့ကာကွယ်ပေးမှုကို လိုအပ်နေတုန်းပဲ"

လုပမ်ဝေက အလေးအနက်ထား၍ ပြောဆိုသည်။

"ငါက အားနည်းတာလား"

စုယွင်ယွင်က အော်ဟစ်ရယ်မောလိုက်သည်။ပြန်လည်မွေးဖွားလာသော အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်သည့် သူမ၏စွမ်းအားသည် ယခုချိန်ထိ ပြန်လည်ကောင်းမွန်ခြင်းမရှိသည်မှာအမှန်ပင်။သို့ရာတွင် သူမသည် နီးဗားနားဒုတိယအလှည့်အပြောင်းကို ကျော်ဖြတ်ပြီးသည်နှင့် သိုင်းအင်ပါယာနယ်ပယ်သို့ ချက်ချင်းချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

သူမ၏အတိတ်ဘဝတွင် ထိုကျင့်ကြံဆင့်နယ်ပယ်သည် အရေးမပါသည့်အရာပင်။

သို့ရာတွင် အင်မော်တယ်မြစ်ကုန်းမြေအတွင်း၌ ဤသည်မှာ ထိပ်သီးတိုက်ခိုက်ရေးစွမ်းအားရှိသူဖြစ်ပေ၏။သို့ရာတွင် ဤလူပုလေး၏ပါးစပ်အတွင်း၌ သူမသည် အလွန်အမင်းအားနည်းသည်ဟုဆိုသလော။

"သိုင်းအင်ပါယာဆိုတာ ဘာလဲ နင် သိလား"

သူမက အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။

"သိုင်းအင်ပါယာ...."

"အဲဒါကဘာလဲ"

လုပမ်ဝေက ခေါင်းခါယမ်းလိုက်လေ၏။

စုယွင်ယွင်သည် စကားတစ်ခွန်းမှမပြောနိုင်တော့ဘဲ တစ်ဆို့သွားခဲ့သည်။

သူသည် သိုင်းအင်ပါယာတစ်ယောက်ကို တစ်ခါမှမကြုံဖူးလျှင်ပင် အနည်းဆုံးအနေဖြင့် ကြားဖူးရပေမည်။ ရလဒ်အနေဖြင့် ဤလူပုလေးသည် သိုင်းအင်ပါယာဆိုသည်ကိုပင် သိမနေခဲ့ချေ။မည်မျှထိ မထီမဲ့မြင်နိုင်သနည်း။

"မေ့လိုက်တော့..ငါ့ဆီမှာ နင်နဲ့ ငြင်းခုန်ချင်တဲ့ စိတ်မျိုး ရှိမနေဘူး...ငါက နင့်ရဲ့ကာကွယ်ပေးမှုကို မလိုဘူးလို့ပဲ ငါ နင့်ကိုပြောပါရစေ...တကယ်လို့ ငါ အန္တရာယ်တစ်ခုခုနဲ့ ကြုံရရင်တောင်...ဘယ်လိုပဲဖြစ်ဖြစ် နင့်လိုခွန်အားမရှိတဲ့လူတစ်ယောက် ကာကွယ်ပေးနိုင်မယ့် အရာမျိုးမဟုတ်ဘူး"

စုယွင်ယွင်က ရေခဲတမျှအေးစက်သော မျက်နှာဖြင့် ပြောဆိုသည်။

"မိန်းကလေး...ဒီဆန်ကုန်မြေလေးကို မင်း အရမ်းအထင်သေးခဲ့တဲ့အတွက် မင်း နောင်တရစေရမယ်"

လုပမ်ဝေက ဒေါသတကြီး ပြောဆိုသည်။

"နောင်တလား"

စုယွင်ယွင်သည် လုံးလုံးလျားလျား ပြောစရာစကားဆွံ့အသွားပေ၏။

သူမသည် မည်သည်ကြောင့် နောင်တရရမည်နည်း.....

ဤလူပုလေး ထွက်ခွာသွားစေရန်ကို သူမ မျှော်လင့်နေမိသည်။

"ကောင်းပြီလေ...ကြည့်ရတာတော့ မင်းက ငါ့ရဲ့အချစ်နဲ့ မထိုက်တန်တဲ့မိန်းမပဲ...ဒီဆန်ကုန်မြေလေး ထွက်သွားတော့မယ်....ဒါပေမယ့် ငါ မင်းကို သတိပေးလိုက်မယ်....တကယ်လို့ မင်း အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ဒီသိုင်းပညာခန်းမထဲမှာပဲ ပုန်းအောင်းနေပါ...အပြင်ကို ထွက်မသွားနဲ့"

"နှုတ်ဆက်ပါတယ်"

လုပမ်ဝေသည် ဒေါသတကြီးဖြင့် ခွေးနှင့်တခြားသူများကိုခေါ်ဆောင်ကာ ယခင်ရက်အနည်းငယ်ခန့်က ချိန်းတွေ့ရန် သူ စီစဥ်ထားခဲ့သည့် မိန်းကလေးများနှင့်တွေ့ဆုံရန် ထွက်ခွာခဲ့တော့သည်။

လုပမ်ဝေ ထွက်ခွာခဲ့ပြီးနောက်....

စုယွင်ယွင်သည် လောကကြီးတခွင်လုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ ခံစားမိသည်။

ဟူး....

သူမသည် တံခါးအနီး၌ မတ်တတ်ရပ်ပြီး လေပူတစ်ချက်မှုတ်ထုတ်ကာ သိုင်းပညာခန်းမအတွင်းသို့ဝင်ရောက်ရန်အတွက် နောက်သို့ပြန်လှည့်လိုက်သည်။ထိုအချိန်မှာပင် ရုတ်တရက် သူမနောက်ရှိ အမှောင်ထုအတွင်းမှနေ၍ လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာသည်။

လေဟာနယ်အတွင်းမှနေ၍ လူရိပ်သုံးရိပ်ထွက်လာသည်။

"အင်မော်တယ်ဧကရာဇ်ယွင်ယွင်....ဒါဆို မင်း ခုထိ မသေသေးဘူးပေါ့...မတွေ့ရတာကြာပြီနော်"

ထိုလူသုံးယောက်သည် အေးစက်စက်လေသံဖြင့်ပြောဆိုကာ စုယွင်ယွင်ကိုကြည့်ပြီး ပြုံးလိုက်ကြ၏။

ထိုအသံကိုကြားချိန်တွင် စုယွင်ယွင်၏ခန္ဓာကိုယ် တုန်ရီသွားပြီး နောက်သို့ချာခနဲလှည့်ကြည့်လိုက်ရာ သူမနောက်ရှိ လူသုံးယောက်ကို တွေ့မြင်မိသည်။သူမ၏မျက်နှာ ချက်ချင်းတည်ကြည်လေးနက်သွားသည်။

"နင်တို့တွေက....."

"ချမ်ရီကျန်းရဲ့ လူတွေလား"

စုယွင်ယွင်သည် ခြေလှမ်းတစ်လှမ်းနောက်ဆုတ်ကာ သူမက အလွန်အမင်း တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။

"ဒါက အမှန်ပဲ"

ထိုလူသုံးယောက်သည် အေးစက်စက်လေသံဖြင့် သရော်တော်တော်တုံ့ပြန်သည်။

ထိုအတည်ပြုချက်ကိုကြားချိန်တွင် စုယွင်ယွင်က မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။

သူမ သေဆုံးသွားစေရန် ထောင်ချောက်ဆင်ခဲ့သော ချမ်ရီကျန်းသည် သူမ သေဆုံးမသွားခြင်းကို သိရှိသွားကာ အလွတ်မပေးဘဲ လူများစေလွှတ်၍ သူမအား ဤနေရာထိ လိုက်လံသတ်ဖြတ်စေမည်ဟု သူမ မျှော်လင့်မထားမိချေ။

"ငါတို့ ဒီနေ့လာခဲ့တာက အင်မော်တယ်ဧကရာဇ်ချမ်ရီကျန်းအတွက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးပြီးတော့ နောက်အနာဂတ်မှာ ကြုံတွေ့လာနိုင်တဲ့ပြဿနာတွေကို ရှောင်တိမ်းနိုင်ဖို့အတွက် ဘေးဒုက္ခတွေကို အမြစ်ပျက်ချေမှုန်းဖို့ပဲ"

သူတို့သုံးယောက်၏မျက်နှာများပေါ်တွင် အေးစက်စက်အမူအယာများရှိနေကာ စုယွင်ယွင်ထံသို့ ခြေလှမ်းတစ်လှမ်းခြင်း ချဥ်းကပ်လာကြသည်။

"ဟမ့်....ချမ်ရီကျန်းကိုယ်တိုင် ရောက်လာပြီးတော့ ငါ့ကိုရင်ဆိုင်မယ်ဆိုရင် ငါ ထိတ်လန့်ကြောက်ရွံအောင် လုပ်နိုင်မယ်ဆိုတာအမှန်ပဲ.... ဒါပေမဲ့ နင်တို့လို အမှိုက်ကောင်သုံးယောက်ကတော့ ငါ့ကိုရင်ဆိုင်နိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား"

ထိုလူသုံးယောက်သည် သူမအား ဖိနှိပ်နေသည်ကိုကြည့်ပြီး စုယွင်ယွင်က အေးစက်တင်းမာစွာပြောဆိုသည်။

"ဟား ဟား ဟား...."

ထိုလူအိုကြီးသုံးယောက်အနက်မှ တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

"စုယွင်ယွင်....အိုး...စုယွင်ယွင်....အတိတ်မှာဆိုရင်တော့ မင်းရဲ့လက်ချောင်းတစ်ချောင်းလှုပ်လိုက်ရုံနဲ့ ငါတို့သေသွားအောင် အလွယ်လေးခြေမွှဖျက်ဆီးနိုင်လိမ့်မယ်...ဒါပေမဲ့ အခုကတော့......"

"မင်းက အတိတ်က အခြေအနေမျိုးမှာ ရှိနေတုန်းပဲလို့ မင်း တကယ်ကြီးထင်နေတာလား...ငါတို့ဘာမှမသိဘူးလို့ မင်း ထင်နေတာလား"

ထိုလူအိုကြီး၏စကားများသည် စုယွင်ယွင်၏မျက်နှာကို ချက်ချင်းသုန်မှုန်သွားစေသည်။

သူမသည် မည်ကဲ့သို့တုံ့ပြန်ရမည်ကို အဖြေရှာရန်အတွက် အချိန်တချို့လိုအပ်နေသောကြောင့် သူတို့ကို လှည့်ဖျားခဲ့သည်။သို့ရာတွင် ဤလူအိုကြီးများသည် သူမ၏အခြေအနေကို ထွင်းဖောက်မြင်နိုင်မည်ဟု သူမ မျှော်လင့်မထားမိချေ။

"မလိုအပ်ဘဲ ရုန်းကန်နေတာတွေကို ရပ်လိုက်တော့...အရှုံးပေးစမ်း"

လူအိုကြီးသုံးယောက်သည် အေးစက်တင်းမာနေသောမျက်နှာများဖြင့် စက်ဝိုင်းပုံသဏ္ဍာန်ဖွဲ့စည်းကာ စုယွင်ယွင်ထံဦးတည်၍ ဖိအားပေးလိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင်....

သူတို့သုံးယောက်သည် တပြိုင်နက်တည်းတိုက်ခိုက်လိုက်ကြ၏။သူတို့၏အစွမ်းထက်သောတိုက်ခိုက်မှုများနှင့် လိမ္မာပါးနပ်သောလှုပ်ရှားမှုများက စုယွင်ယွင်ကို လွှမ်းခြုံသွားသည်။

စုယွင်ယွင်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

သူမသည် နောက်သို့ဆုတ်ပြေးလိုသော်လည်းသူမ၏နောက်တွင် သိုင်းပညာခန်းမသာရှိနေသည်။

အကယ်၍ သူမသည် ခန်းမအတွင်းသို့ဝင်သွားပြီး ချောင်ပိတ်ခံရပါက သူမ၏ယခုလက်ရှိ နီဗားနားအလှည့်အပြောင်းအခြေအနေနှင့် သေဆုံးခြင်းဖြင့် ပက်ပင်းရင်ဆိုင်ရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

လုပမ်ဝေသည် ထွက်ခွာမသွားခင် သတိပေးခဲ့မှုကို စုယွင်ယွင်သည် လုံးလုံးလျားလျား လျစ်လျှူရှုလိုက်၏။

သူမှာရှေ့ရှိလူသုံးယောက်သည် အနည်းဆုံးအနေဖြင့် ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိနေသည်။

ဤသေမျိုးလောကမှ သိုင်းပညာခန်းမတစ်ခုသည် သူမရှေ့ရှိ ကောင်းကင်အင်မော်တယ်များကို ပိတ်ဆို့ဟန့်တားပေးနိုင်မည်ဟု သူမ မယုံကြည်ချေ။

ကံကောင်းထောက်မစွာဖြင့်.....

သူမ ပြန်လည်မွေးဖွားလာစဉ် အချိန်အတောအတွင်းတွင် လုံးလုံးလျားလျား မပြင်ဆင်ထားခြင်းမဟုတ်ပေ။

သူမ၏အင်္ကျီလက်ကြားမှ စာလိပ်တစ်လိပ်ကိုထုတ်ယူကာ ဖြန့်လိုက်၏

ရုတ်ချည်းဆိုသလိုပင် စုယွင်ယွင်သည် သူမ၏မူလနေရာမှ ပျောက်ကွယ်သွားကာ ပင်ကျင်းမြို့၏ပြင်ပသို့ ရောက်ရှိသွားတော့သည်။

တိုက်ခိုက်သူသုံးယောက်သည် ပါးလွှာသောလေထုကိုသာ ဖမ်းဆုပ်မိလေ၏။

"ဟမ့် မင်းမှာ နည်းလမ်းတစ်ခုရှိမယ်ဆိုတာ ငါတို့ မျှော်လင့်ထားပြီးသားပဲ....ကံကောင်းချင်တော့ ငါတို့လည်း ဒီအတွက်ပြင်ဆင်ထားပြီးပြီ"

လူအိုကြီးတစ်ယောက်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုသံလိုက်အိမ်မြှောင်ပေါ်တွင် အလင်းတန်းများတောက်ပနေကာ အနည်းငယ်တုန်ရီနေသည်။ ထို့နောက် ထိုသံလိုက်အိမ်မြှောင်သည် နေရာတစ်နေရာကို ညွှန်ပြနေလေ၏။

"သိပ်မဝေးဘူး...လိုက်ကြစို့"

သူတို့သုံးယောက်သည် အလင်းတန်းသုံးခုအသွင်သို့ပြောင်းလဲကာ ချက်ချင်းဆိုသလို ပင်ကျင်းမြို့ပြင်သို့ ပျံသန်းသွားတော့သည်။

Chapter 474

နီဗားနားအလှည့်အပြောင်းအချိန်တွင် သူမထံ၌ ကျင့်ကြံဆင့်စွမ်းအားမရှိချေ။

စုယွင်ယွင်သည် အတိတ်ဘဝတွင် မြင့်မြတ်သောဧကရာဇ်တစ်ယောက်ဖြစ်ကာ နည်းလမ်းများစွာရှိခဲ့သော်လည်း ယခုချိန်တွင်ထိုကောင်းကင်အင်မော်တာ်သုံးယောက်ထက် ပို၍လျှင်မြန်အောင် ပြေးနိုင်ရန်မှာ မဖြစ်နိုင်ချေ။

အသက်နှစ်ရှိုက်စာကုန်ဆုံးသွားပြီးနောက် ထိုလူသုံးယောက်သည် စုယွင်ယွင်ကို ဖမ်းမိသွားလေ၏။

"ဟား...ဟား...ဟား...စုယွင်ယွင်...မင်း ဘယ်နေရာကို ပြေးနိုင်အုံးမှာလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ထိုလူသုံးယောက်သည် စုယွင်ယွင်ကို ဝိုင်းရံထားကာ အေးစက်စက်လေသံများဖြင့် ပြောဆိုသည်။

"ကြယ်သံလိုက်အိမ်မြှောင်...အံ့အားသင့်စရာမရှိတော့ဘူး"

စုယွင်ယွင်သည် လူအိုကြီး၏လက်အတွင်းရှိ သံလိုက်အိမ်မြှောင်ကို စူးစိုက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ သူမထံ၌ တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။ဤသံလိုက်အိမ်မြှောင်ဖြင့် သူမ၏အငွေ့အသက်ကိုချိတ်ပိတ်ခံထားရသရွေ့ သူမ မည်သည့်နေရာသို့ထွက်ပြေးသည်ဖြစ်စေ ဤလူသုံးယောက်၏လိုက်လံဖမ်းဆီးခြင်းကို ခံရပေမည်။

"ငါ ဘာလုပ်ရမလဲ"

စုယွင်ယွင်သည် သူမ၏နူးညံ့သေးသွယ်သောလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။ သူမ၏ထက်ရှသောလက်သည်းများသည် အသားအတွင်းသို့ စူးနစ်ဝင်နေကာ မလိုလားခြင်းများပြည့်နှက်နေသော မျက်နှာအမူအယာဖြင့် သူမ၏နီမြန်းသောနှုတ်ခမ်းကို ကိုက်ထားသည်။

သူမ ပြန်လည်မွေးဖွားလာခဲ့သည်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။သူမသည် မူလက သူမ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိကာ သူမပိုင်ဆိုင်သမျှအရာအားလုံးကို ပြန်ယူမည်ဟု တွေးတောထားခဲ့သည်။သို့ရာတွင် ရန်သူများသည် သူမအား အလျှင်အမြန်ရှာတွေ့သွားမည်ဟု သူမ မျှော်လင့်မထားမိပေ။

ဖြစ်နိုင်သည်မှာ...

သူမသည် အမှန်တကယ်သေဆုံးရတော့မည်လော....

သူမ နာကျည်းမုန်းတီးမိသည်။

ကောင်းကင်ဘုံ၏တရားမမျှတမှုကို သူမ မုန်းတီးမိသည်။

သို့ရာတွင်...

သူမ သေကြေပျက်စီးရတော့မည်ဟု တွေးတောနေစဉ်မှာပင် အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်သည် ရုတ်တရက် မြူခိုးများဝေနေသော ညကောင်းကင်ယံမှ ဆင်းသက်လာကာသူမ၏ရှေ့သို့ ရောက်ရှိလာသည်။

"ဒါက သူလား"

"ဒါက ငါ့ကို အမြဲစိတ်အနှောင့်အယှက်ပေးနေတဲ့ လူပုလေး မဟုတ်လား"

"သူ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"

ရင်းနှီးကျွမ်းဝင်သော အနက်ရောင်ဝတ်ရုံ ထွက်ပေါ်လာသည်ကိုကြည့်ပြီး စုယွင်ယွင်၏မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်သောအသံဖြင့် ရေရွတ်လိုက်၏။

"မင်းတို့အမှိုက်သုံးကောင်က တစ်ယောက်ယောက်ကိုသတ်ချင်တယ်ဆိုရင် ဒီဆန်ကုန်မြေလေးရဲ့ သဘောတူညီချက်ကို ရထားပြီလား"

အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော လုပမ်ဝေသည် ခါးထောက်ပြီးမတ်တတ်ရပ်နေကာ အသံနက်ကြီးဖြင့်မေးမြန်းသည်။

"မင်းက ဘယ်သူလဲ"

လုပမ်ဝေ၏ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် လူအိုကြီးသုံးယောက်၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ မေးခွန်းထုတ်သောလေသံဖြင့် မေးမြန်းလိုက်သည်။

"ဆန်ကုန်မြေလေး လုပမ်ဝေ"

လုပမ်ဝေက ခါးထောက်လျက် တုံ့ပြန်ပြောဆိုသည်။

"မင်း ဘယ်သူပဲဖြစ်နေနေ ငါတို့ရှေ့ကနေထွက်သွားပြီးတော့ ဒီကိစ္စထဲကို ဝင်မရှုပ်တာ အကောင်းဆုံးဖြစ်လိမ့်မယ်"

လုပမ်ဝေကို ဂရုတစိုက်ကြည့်ပြီးနောက် လူအိုကြီးသုံးယောက်အနက်မှတစ်ယောက်က ပြောဆိုသည်။

"ထွက်သွားရမှာလား"

"ဒီဆန်ကုန်မြေလေးက သဘောတူထားလို့လားလို့ မင်းတို့ကို ငါ မေးနေတယ်မဟုတ်ဘူးလား"

လုပမ်ဝေသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။

သို့ရာတွင် သူ၏စကားများသည် စုယွင်ယွင်၏စိတ်ကို လှုပ်ရှားသွားစေကာ ရှက်ရွံမှုများဖြင့် ပြည့်နှက်သွားစေသည်။

သူမ စိတ်ပျက်အားငယ်နေသော သေရေးရှင်ရေး အချိန်အခိုက်အတန့်တွင် သူမ ရွံရှာစက်ဆုပ်ခဲ့သော လူပုလေးသည် သူမ၏ရှေ့၌ ကာကွယ်ပေးထားမည်ဟု သူမ တစ်ကြိမ်တခါမျှ တွေးတောထားမိခြင်းမရှိချေ။

မသိစိတ်မှနေ၍....

သူမ၏စိတ်နှလုံးသားအတွင်းတွင်....

ဤထူးဆန်းသောလူပုလေးသည် ခံ့ထည်ဝါပုံပေါက်လာသည်။

ဤလူပုလေးသည် ကြောင်တောင်တောင်နိုင်သော်လည်း သူမအတွက် အန္တရာယ်များကို ကာကွယ်တားဆီးပေးရန် သူ့ထံ၌ သတ္တိရှိနေသည်။

သို့ရာတွင် သူမ ဒုတိယအကြိမ် တွေးတောမိချိန်၌...

သူ့ထံတွင် သတ္တိရှိနေလျှင်ပင် မည်သို့လုပ်နိုင်မည်နည်း...

သိုင်းအင်ပါယာတစ်ယောက်ဟူသည်ကိုပင် မသိသော လူပုလေးသည် မည်သည့်နည်းဖြင့်ကောင်းကင်အင်မော်တယ်သုံးယောက်ကို တားဆီးဟန့်တားနိုင်မည်နည်း။ဤသည်က သေလမ်းရှာဖွေခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ထို့ကြောင့်...

သူမသည် သေဆုံးရမည်မှာ သေချာနေပြီဖြစ်ကြောင်း သိရှိသွားသဖြင့် လုပမ်ဝေကို ငြိစွန်းစေလိုစိတ်မရှိသောကြောင့် သူမက ပျာပျာသလဲအော်ဟစ်လိုက်သည်။

"မြန်မြန်သွားတော့...ငါ့ကို ဂရုမစိုက်နဲ့ ...မဟုတ်ရင် နင်သေရလိမ့်မယ်"

သို့ရာတွင် သူမ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် သူမသည် လုပမ်ဝေ၏ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရလေ၏။

"ပါးစပ်ပိတ်ထားစမ်း...နံစော်နေတဲ့ခွေးမ"

"မင်း ဘာလို့ သိုင်းပညာခန်းမထဲမှာ အေးအေးဆေးဆေး မနေနိုင်တာလဲ..ဒီတီကောင်သုံးကောင်က မင်းကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...ပြေးတယ်...မင်းက ​ထွက်တောင်ပြေးခဲ့သေးတယ်....သောက်ရေးမပါဘဲနဲ့ မင်းကဘာကြောင့် ပင်ကျင်းမြို့ကနေ ပြေးထွက်သွားရတာလဲ"

"ငါက မင်းကို ကူညီချင်တယ်လို့ မင်း တကယ်ကြီးထင်နေတာလား.....ငါ အခု အပျော်ရှာနေတာ....တကယ်လို့ သခင်ရဲ့အမိန့်ကြောင့်သာ မဟုတ်ဘူးဆိုရင် မင်း သေသေရှင်ရှင် ငါ ဂရုစိုက်မှာမဟုတ်ဘူး"

လုပမ်ဝေက ဒေါသတကြီးအော်ငေါက်လိုက်သည်။

သူသည် နောက်ဆုံးလက်ကျန်ရွှေပြားများကိုအသုံးပြု၍ မိန်းကလေးငယ်တစ်ယောက်ကိုငှားရမ်းပြီး အချိန်ကောင်းတခုရယူတော့မည့်အချိန်တွင် ဤကိစ္စဖြစ်ပွားလာခဲ့သည်။သူသည်အလွန်အမင်း ဒေါသထွက်သွားသဖြင့် မြစ်ပွားနာဖြစ်လုနီးပါးပင်။

ဤပြင်းထန်သောဆဲဆိုသံများကို ကြားချိန်တွင်....

စုယွင်ယွင်သည် ကြက်သေသေသွားလေ၏။

သူမ၏ဘဝတစ်လျှောက်လုံးတွင် သူမထံ၌ အလှည့်အပြောင်းကိုးကြိမ် နတ်ဘုရားခန္ဓာကိုယ်ရှိနေသဖြင့် တကြိမ်တစ်ခါမျှ ဤကဲ့သို့ အော်ငေါက်ခံရဖူးခြင်း မရှိချေ။

မည်သည့်စွမ်းအားမှမရှိသော လုပမ်ဝေသည် သူမအား မည်သည်ကြောင့် ဤသို့အော်ငေါက်ဝံ့သနည်း။

သို့ရာတွင် သူမ ထပ်မံ၍မစူးစမ်းနိုင်သေးမီမှာပင် လူအိုကြီးသုံးယောက်သည် ရုတ်တရက် တိုက်ခိုက်လာကြကာ အလင်းတန်းသုံးခုအသွင်သို့ပြောင်းလဲ၍ လုပမ်ဝေထံဦးတည်ပြီး တိုးဝင်လာသည်ကို သူမ မြင်တွေ့မိသည်။

"ဂရုစိုက်...."

လုပမ်ဝေသည် ဤလူသုံးယောက်၏တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ခြင်းမရှိမည်ကို သူမ သိရှိသော်လည်း မသိစိတ်၏စေ့ဆော်မှုကြောင့် အော်ဟစ်လိုက်သည်။

သို့ရာတွင်.....

သူမ၏အသံ ကျရောက်သွားသောအချိန်မှာပင် မယုံကြည်နိုင်မှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူမ၏မျက်လုံးရှေ့၌ ဖြစ်ပျက်သွားသောမြင်ကွင်းသည် သူမအား နေရာမှာပင် ချက်ချင်ကြက်သေသေသွားစေခဲ့သည်။

ယခုချိန်တွင်....

သူမ မည်သည့်အရာကို မြင်တွေ့လိုက်ရသနည်း။

ဤလူပုလေးသည် သူ့၏အနက်ရောင်ဝတ်ရုံအကြားမှ လက်ညှိုးတစ်ချောင်းကိုဆန့်ထုတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ချမ်ရီကျန်း၏လက်အောက်ရှိ ကောင်းကင်အင်မော်တယ်သုံးယောက်ကို လွင့်ထွက်သွားစေသည်ကို သူမ မြင်တွေ့လိုက်ရသလော....

အမှန်တကယ်ကိုပင်....

ထိုလူများအား လွင့်ထွက်သွားစေခဲ့သည်။

ထို့ပြင် ထိုလွင့်ထွက်သွားခြင်းနှင့်အတူ သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားခဲ့သည်။

မြေပြင်ပေါ်သို့ကျရောက်သွားပြီးနောက် သူတို့သုံးယောက်၏ အသက်စွမ်းအားများကုန်ဆုံးသွားပုံရကာ သေဆုံးသွားတော့သည်။

ဤရုတ်တရက်အပြောင်းအလဲသည် သူမ၏စိတ်အတွင်း၌ မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသည့်အလားပင်။

မည်သို့ ဖြစ်သွားသနည်း....

ဤသည်မှာ မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း...

ဤသည်က သူမ ထင်ယောင်ထင်မှားဖြစ်နေခြင်း မဟုတ်လော....

သူမသည် မျက်လုံးများကို ပြင်းပြင်းထန်ထန်ပွတ်သပ်ကာ သူမ အမြင်မှားမည်ကို စိုးရိမ်ထိတ်လန့်နေမိသည်။

သို့ရာတွင် သူမ၏မျက်လုံးရှေ့ရှိ အဖြစ်မှန်များသည် အစောပိုင်းက သူမထင်ယောင်ထင်မှားဖြစ်ခဲ့ခြင်း မဟုတ်ကြောင်း သူမကို ပြောဆိုနေသည်။ထိုလူပုလေးသည် လက်ချောင်းတစ်ချောင်းဖြင့် ကောင်းကင်အင်မော်တယ်သုံးယောက်ကို ချက်ချင်းအမြစ်ပြတ်​ချေမှုန်းလိုက်သလော။

သူမ၏စိတ်နှလုံးသားအတွင်းရှိ အံ့အားသင့်တုန်လှုပ်မှုသည် သူမကို အချိန်အတော်ကြာ ကြက်သေသေနေစေသည်။

အချိန်အတော်ကြာသည်အထိ သူမသည် ပြူးကျယ်နေသော မျက်လုံးတစ်စုံဖြင့် လုပမ်ဝေကို စူးစိုက်ကြည့်ကာ သူမထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် လုပမ်ဝေသည်ဘသူ၏လက်ချောင်းကို ပြန်ရုတ်သိမ်းပြီးနောက် သူမကို စူးစူးဝါးဝါး ကြည့်ကာ အော်ဟစ်လိုက်၏။

"မင်း ဘာကြည့်နေတာလဲ...မြန်မြန်လေး မင်းရဲ့ဖင်ကိုမပြီး သိုင်းပညာခန်းမကိုပြန်သွားတော့"

စုယွင်ယွင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

သို့ရာတွင် လူပတ်ဝေ၏အော်ငေါက်ခြင်းနှင့်ပတ်သက်ပြီး စူးစမ်းလေ့လာနေရန်အတွက် သူမထံတွင် အချိန်မရှိချေ။လုပမ်ဝေထံတွင် မည်သည်ကြောင့် ဤမျှထိကြီးမားသောစွမ်းအားရှိနေသည်ကို သူမ ရှာဖွေဖော်ထုတ်လိုသည်။

သူသည် မည်သူဖြစ်သနည်း....

မည်သည်ကြောင့် သူသည် ဤမျှထိ အစွမ်းထက်နေသနည်း....

သူ့၏အစွမ်းထက်မှုအဆင့်သည် သူမ၏အတိတ်ဘဝမှ အထွတ်အထိပ်အခြေအနေမျိုး၌ပင် သူမသည် သူ့၏ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ဟု သူမ ခံစားမိသည်။

သို့ရာတွင် သူမ စကားမပြောနိုင်သေးမီမှာပင် ခန္ဓာကိုယ်တစ်ဝက်သာကျန်တော့သော လူတစ်ယောက်က ရုတ်တရက် ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လေသည်။

"စုယွင်ယွင်....မင်းရဲ့ဘေးနားမှာ ဒီလိုမျိုးဆရာကြီးတစ်ယောက်ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဒါပေမဲ့ မင်း အရမ်းကြီးဝမ်းသာမနေနဲ့...အဲ့ဒီလူပုလေးက ဘယ်လောက်ပဲအစွမ်းထက်နေပါစေ...သူက အင်မော်တယ်ဧကရာဇ်ရီကျန်းရဲ့ဒေါသကို တောင့်ခံနိုင်မှာလား...ငါက ဒီနေရာမှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေအားလုံး အင်မော်တယ်ဧကရာဇ်ရီကျန်းကို သတင်းပို့ပြီးပြီ...မင်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိတော့သောလူက ရူးသွပ်စွာရယ်မောလိုက်၏။

"ဘာ....."

ထိုစကားကိုကြားချိန်တွင် အစောပိုင်းက ကျားခံတွင်းမှ လွတ်မြောက်လာသော စုယွင်ယွင်ထံတွင် တည်ကြည်လေးနက်သောမျက်နှာအမူအယာ ထင်ဟပ်လာသည်။

သူမသည် ချမ်ရီကျန်း၏နည်းလမ်းများကို ကောင်းစွာသိရှိထားသည်။

အကယ်၍ ဤလူပြောဆိုသည်မှာ အမှန်ဖြစ်ပါက အကန့်အသတ်မရှိသောဘေးဒုက္ခများ သူမ၏နောက်မှ လိုက်ပါလာပေမည်။

အိုး...

"ငါစွမ်းအားရဲ့ အပုံဆယ်သန်းပုံတစ်ပုံကို တောင့်ခံနိုင်ပြီးတော့ မသေသေးဘူး....မဆိုးပါဘူး"

ထိုအချိန်မှာပင် လုပမ်ဝေ၏အသံ မြည်ဟီးလာသည်။

"ဒါပေမဲ့ မင်း မဆင်မခြင်ပြောနေတဲ့လူက ဘယ်သူလို့ မင်း ထင်နေတာလဲ"

ဆိုးရွားသောစိတ်အခြေအနေတွင်ရှိနေကာ အလွန်အမင်းဒေါသထွက်နေသော လုပမ်ဝေသည် သူ့၏လက်ချောင်းကိုထပ်မံ၍ ထုတ်ဖော်လိုက်၏။

ထိုလက်ချောင်းတစ်ချောင်းနှင့်အတူ...

တခြားနယ်မြေအတွင်းတွင်ရှိနေသော ဤလူ၏ဆွေစဥ်မျိုးဆက်ကိုးဆက်လုံး အပြည့်အဝ အမြစ်ပြတ်သုတ်သင်ခြင်းခံလိုက်ရသည်။

သူ့၏မျိုးဆက်တစ်ဆယ့်ရှစ်ဆက်မှ ဘိုးဘေးများ၏ သင်္ချိုင်းဂူများအားလုံး အစုလိုက်အပြုံလိုက် ပေါက်ကွဲသွားလေ၏။

Chapter 475

ဤအမြစ်ပြတ်သုတ်သင်ခြင်းနှင့်ပတ်သတ်ပြီး မည်သည့်စကားမျှ ပြောဆိုရန်မရှိချေ။

လုပမ်ဝေသည် အကြည့်တစ်ချက်ဖြင့်ပင် ဤလူ၏မျိုးဆက်တစ်ဆယ့်ရှစ်ဆက်လုံးသည် လူကောင်းများမဟုတ်ဘဲ သူတို့၏စွမ်းအားကို မြှင့်တင်ရန်အတွက် သက်ရှိလူသားများကို စတေးခဲ့သူများဖြစ်ကြောင်း သူ ပြောဆိုနိုင်သည်။

အမှန်အားဖြင့်...

လုပမ်ဝေ ဒေါသအထွက်ဆုံးကိစ္စမှာ ဤလူတစ်စု၏ထွက်ပေါ်လာခြင်းသည် သူ့၏စိတ်ခံစားချက်ကို ပျက်ပြားစေကာ သူ နှစ်ဝက်ခန့်ချွေတာစုဆောင်းခဲ့ရသော ရွှေပြားများကို အလဟဿဖြစ်သွားစေခဲ့ခြင်းပင်။

သူ့၏စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း ကျဆင်းနေပေ၏။

ဤသည်မှာ ရှေ့တွင်ရောက်ရှိလာမည့် အလွန့်အလွန်ရှည်လျားသော ညကာလများတွင် သူ၏အပေါင်းအဖော်များသည် ခွေးနှင့်တခြားကောင်တစ်သိုက်သာ ဆက်ဖြစ်နေမည့်ပုံပင်။

"ဆရာကြီး...ကျေးဇူးပြုပြီးတော့...ကျေးဇူးပြုပြီးတော့ ခဏစောင့်ပါအုံး"

လုပမ်ဝေ ထွက်ခွာသွားတော့မည်ကိုမြင်တွေ့ချိန်၌ စုယွင်ယွင်သည် အချိန်တခဏကြာတွေဝေတုံ့ဆိုင်းနေပြီးနောက် အော်ခေါ်လိုက်သည်။

လုပမ်ဝေက သူမကို ပြန်လှည့်ကြည့်လေ၏။

"ငါ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ်...ဆရာကြီး ငါ အရင်က နင့်အပေါ်ကို အရမ်းရိုင်းပျခဲ့မိတယ်...ငါ တောင်းပန်ပါတယ်"

စုယွင်ယွင်သည် လုပမ်ဝေကို ဦးညွှတ်အရိုအသေပြုကာ ရိုးသားစွာဖြင့်ပြောဆိုသည်။

ထို့နောက် သူမက ဆက်လက်၍ပြောဆိုလိုက်သည်။

"ဒါပေမဲ့ ခုဏကလူပြောသွားတာကို နင် ကြားတာတဲ့အတိုင်းပဲ...ချမ်ရီကျန်းက ငါ့ကိုသတ်ဖို့ တစ်ယောက်ယောက်ကို ထပ်ပြီးလွတ်လိုက်လိမ့်မယ်...ဒါကြောင့် အခုချိန်မှာ နင် ထွက်မသွားဖို့ကျေးဇူးပြုပြီးတော့ နင့်ကို ငါ တောင်းဆိုပါရစေ...နင်က ငါ့ကို နှစ်ရက်လောက်...ကာကွယ်ပေးပါလား...."

စုယွင်ယွင်သည် သူမ၏ခေါင်းကိုငုံ့ထားကာ ဤတောင်းဆိုမှုကို ပြုလုပ်ရန်အတွက် သူမကိုယ်သူမ အလွန်အမင်းအားတင်းခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏စိတ်နှလုံးသားအတွင်းတွင် သိသာထင်ရှားစွာသိရှိထားလေ၏။

အကယ်၍ ချမ်ရီကျန်းသည် သူမကိုသတ်ဖြတ်ရန်အတွက် တစ်စုံတစ်ယောက်ကို ထပ်မံ၍စေလွှတ်လိုက်ပါက သူမ၏ကိုယ်ပိုင်ခွန်အားဖြင့် ခုခံနိုင်ရန် သူမထံတွင် နည်းလမ်းရှိမည်မဟုတ်ချေ။သူမ၏တစ်ခုတည်းသောအဆုံးသတ်သည် သေခြင်းတရားသာဖြစ်ပေမည်။

ထို့ကြောင့် ယခုလက်ရှိချိန်တွင် သူမအားကာကွယ်ပေးရန် လုပမ်ဝေကို တောင်းဆိုရုံမှတပါး သူမထံတွင် တခြားရွေးချယ်စရာမရှိတော့ချေ။

"မင်းကို ကာကွယ်ပေးရမှာလား"

"ဟမ့်..ဒီအမှိုက်ကောင်တွေလောက်နဲ့ မင်းကို ကာကွယ်ပေးဖို့ ဘယ်သူမှမလိုအပ်ဘူးလို့ ငါ ထပ်တလဲလဲပြောနေတာကို မင်း မကြားဘူးလား"

လုပမ်ဝေက မေးခွန်းထုတ်လေသည်။

ထိုစကားကိုကြားချိန်တွင်...

စုယွင်ယွင်၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။

သူမ၏မျက်နှာသည် လည်ပင်းအထိတလျှောက်လုံး နီမြန်းသွားကာ သူမ၏စိတ်နှလုံးသားနာကျင်လာမှုကို သူမ ခံစားလိုက်ရသည်။

ဤသည်မှာ အမှန်ပင်။

သူမသည် ယခင်က လုပမ်ဝေအပေါ် အထင်အမြင်သေးခဲ့ကာ သူ့အား အဝေးသို့မောင်းထုတ်ရန်ပင် ကြိုးစားခဲ့သည်။ယခုချိန်၌ သူမသည် သူ့အား ပြန်လာရန် တောင်းဆိုခဲ့လေ၏။မည်သည်ကြောင့် သူ သဘောတူညီနိုင်မည်နည်း။

"ငါ တောင်းပန်ပါတယ် ဆရာကြီး...ငါ အရင်က မဆင်မခြင်လုပ်ခဲ့မိတယ်"

သို့ရာတွင် စုယွင်ယွင်သည် လက်လျှော့အရှုံးပေးရန်အတွက် မလိုလားချေ။သူမသည် အံ့တင်းတင်းကြိတ်ကာ ထပ်မံ၍တောင်းပန်ပြီးဆက်လက်ပြောဆိုသည်။

"ဒါပေမဲ့ အရင်ကရှိခဲ့တဲ့ မကျေနပ်မှုတွေကို နင် မေ့လိုက်ပြီးတော့ ငါ့ရဲ့တောင်းဆိုမှုကိုသဘောတူညီပေးဖို့ နင့်ကို တောင်းပန်ပါတယ်"

"ဒီဆန်ကုန်မြေလေးကောင်မှာ မင်းအတွက်အချိန်မရှိတော့ဘူး"

လုပမ်ဝေသည် သူ့၏အင်္ကျီလက်ကို ဒေါသတကြီးဝှေ့ယမ်းကာ စိတ်ဆိုးမာန်ဆိုးဖြင့် ငြင်းဆန်လိုက်၏။

လုပမ်ဝေ၏ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်ပြီး စုယွင်ယွင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

သို့ရာတွင် သူမသည် လုပမ်ဝေကို အပြစ်တင်နိုင်ခြင်းမရှိကြောင်း သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကောင်းစွာသိရှိထားသည်။

သူသည် သူမကို တစ်ကြိမ်ကယ်တင်ပေးခဲ့ခြင်းကပင် သူ၏သဘောထားကြီးမှုကို ပြသပြီးဖြစ်သည်။

စုယွင်ယွင်သည် မည်သည့်နေရာမျှ သွားစရာမရှိတော့သောကြောင့် သူမသည် သိုင်းပညာခန်းမထံသို့ ပြန်သွားခဲ့တော့သည်။

သူမသည် သိုင်းပညာခန်းမအတွင်း၌ နေထိုင်ပါက လုံခြုံမည်ဖြစ်ကြောင်း ပြောခဲ့သောစကားများကို သူမ အမှတ်ရနေဆဲပင်။သူမသည်နောက်ဆုံးမျှော်လင့်ချက် ကြိုးတစ်မျှင်ကို ဆုပ်ကိုင်ကာ သိုင်းပညာခန်းမ၏နံဘေးပတ်လည်တွင် ထပ်မံ၍အလျင်စလိုစူးစမ်းလေ့လာလိုက်သည်။

အချိန်တခဏကြာ စူးစမ်းလေ့လာပြီးနောက် သူမ၏မျှော်လင့်ချက်များအားလုံး လွင့်ပြယ်သွားခဲ့သည်။

စုယွင်ယွင်သည် သူမ၏ခေါင်းကိုငိုက်စိုက်ချထားကာ သူမ၏နှုတ်ခမ်းထောင့်တွင် ခါးသည်းမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

အကြောင်းအရင်းမှာ သူမ အစောပိုင်းက စူးစမ်းမှုများပြုလုပ်စဉ်တွင် ဤသိုင်းပညာခန်းမနှင့်ပတ်သက်ပြီး ထူးခြားချက်တစ်စုံတစ်ခုရှိနေသည်ကို ဝိုးတဝါးအာရုံခံမိသည်။သို့ရာတွင် ဤသည်မှာ ချမ်ရီကျန်းကဲ့သို့ အင်မော်တယ်ဧကရာဇ်တစ်ယောက်၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်မည်ဟု ပြောဆိုပါက အလွန်ရယ်ရွှင်ဖွယ်ကောင်းပေမည်။

ထို့ကြောင့် လုပမ်ဝေသည် အစောပိုင်းက သူမ၏တောင်းဆိုမှုကို ငြင်းဆန်ရန် ဆင်ခြေတခုပေးသည့်အနေဖြင့် သူမကို မောင်းထုတ်လိုက်ခြင်းဖြစ်ပေမည်။

"ဟူး...ချမ်ရီကျန်းရဲ့လူတွေက အချိန်တခဏလောက်ထိ ရောက်မလာသေးဖို့ပဲ ငါ မျှော်လင့်တယ်....ငါရဲ့နီဗားနားအလှည်အပြောင်းပြီးသွားတာနဲ့ ငါ့ကိုယ်ငါ ကာကွယ်နိုင်ဖို့ ငါ့မှာစွမ်းရည်တချို့ရှိလာလိမ့်မယ်"

စုယွင်ယွင်သည် အိပ်ယာပေါ်၌ထိုင်နေရင်း ညင်သာစွာသက်ပြင်းရှိုက်ကာ သူမကိုယ်သူမ နှစ်သိမ့်အားပေးလိုက်၏။

သူမ၏စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းကာ....

သူမ၏နီဗားနားအလှည့်အပြောင်းဖြစ်စဉ်ကိုသာ ခံစားလိုက်တော့သည်။

ဤကိစ္စပြီးမြောက်အောင်မြင်ရန်အတွက် နောက်ထပ်တစ်ရက်ခန့် အချိန်ပို၍လိုအပ်နေသည်။

ဤနီဗားနားအလှည့်အပြောင်းပြီးဆုံးပြီးနောက် နောက်ထပ်တစ်ရက်အကြာတွင် သူမ၏ကျင့်ကြံဆင့်စွမ်းအားများ ပြန်လည်ရရှိမည်ဖြစ်ကာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပေမည်။

မည်သို့ပင်ဆိုစေကာမူ အချိန်နှစ်ရက်သာလိုအပ်သည်။

အချိန်နှစ်ရက်သည် ကြာမြင့်ခြင်းမရှိသော်လည်း တိုတောင်းခြင်းလည်းမရှိချေ။

အကယ်၍သာ ချမ်ရီကျန်းသည် သူမကို အလျှင်အမြန်သတ်ဖြတ်လိုပါက သူ့၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် ဤနေရာသို့ရောက်ရှိလာရန်မှာ သူ့အတွက် အချိန်နေ့ဝက်ပင် ယူရမည်မဟုတ်ချေ။

စုယွင်ယွင်သည် စိတ်မသက်မသာဖြင့် အိပ်ယာပေါ်၌ ဆက်လက်၍ပလ္လင်ခွေထိုင်နေကာ သူမ၏စိတ်ကို နိုးကြားအောင်ဆက်လက်၍ထိန်းသိမ်းထားလိုက်သည်။

ရုတ်တရက်...

သူမ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။

အလွန်အမင်းကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ်သည် သိုင်းပညာခန်းမ၏နံဘေးပတ်လည်မှ ထွက်ပေါ်လာသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိသည်။

သူမသည် အလျင်စလို မတ်တတ်ထရပ်ကာ တံခါးထံသို့ လျှောက်လှမ်းသွားလိုက်သည်။

သိုင်းပညာခန်းမ၏အထက်ရှိ လေထုအတွင်း၌ ပုံရိပ်တစ်ခု မတ်တတ်ရပ်နေသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မိုးကောင်းကင်ယံအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး စုယွင်ယွင် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေလေ၏။

စုယွင်ယွင် ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ ထိုလူသည် နောက်ဆုံး၌ သူ့၏မျက်နှာကိုအနည်းငယ်မော့ကာ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သည်။

"ယွင်ယွင် မတွေ့ရတာကြာပြီနော်...မင်း ကောင်းကောင်းမွန်မွန်ရှိနေဖို့ ငါ မျှော်လင့်မိတယ်"

"ချမ်ရီကျန်း...."

ထိုလူကိုကြည့်ပြီး စုယွင်ယွင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။သူမက အံ့တင်းတင်းကြိတ်လိုက်ကာ သူမ၏မျက်နှာပေါ်တွင် နာကြည်းမုန်းတီးမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။

"ချမ်ရီကျန်း...ငါက နင့်ရဲ့ပါရမီအရည်အချင်းကိုသဘောကျတာကြောင့် ငါကိုယ်တိုင် နင့်ကို မြေတောင်မြှောက်ပေးခဲ့တယ် ...ဒါပေမဲ့ နင်က ငါ့ရဲ့နေရာကို လိုချင်တပ်မက်နေပြီးတော့...ငါသတ္တမအကြိမ် နီဗားနားအလှည့်အပြောင်းဖြစ်စဉ်အတွင်းမှာ နင်က အခွင့်ကောင်းယူပြီး ငါ့ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့တယ်...ဒါက ငါသေသွားလုနီးပါးပဲ...အခုချိန်ထိတောင် နင်က ငါ့ကို အလွတ်မပေးဘဲနေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး...နင့်ရဲ့နည်းလမ်းတွေက တကယ်ကိုတစ်ခုခုပဲ"

စုယွင်ယွင်သည် စကားတစ်လုံးခြင်းပြောဆိုကာ သူမ၏နှုတ်ခမ်းကို သွေးထွက်သည်အထိကိုက်ထားလေ၏။

"ဒါက အမှန်ပဲ...ငါ ဒီနေရာကို လာခဲ့တာက...အတိအကျပြောရရင် မင်းကို အမြစ်ပြတ်သတ်ဖြတ်ဖို့ပဲ"

"ငါ ချမ်ရီကျန်းက ဘာကိစ္စကိုပဲလုပ်လုပ် ဘေးဒုက္ခဖြစ်စေမယ့်အရာတွေကို ငါ ဘယ်တော့မှ ချန်မထားခဲ့ဘူး"

ချန်ရီကျန်းက ခပ်ဖျော့​ဖျော့ပြုံးကာ ပေါ့ပေါ့ပါးပါးပြောဆိုသည်။

သူ့ထံတွင် ရှက်ရွံသောအရိပ်အယောင် အနည်းငယ်မျှရှိမနေဘဲ မှန်ကန်သောကိစ္စတစ်ခုကို ပြောဆိုနေသည့်အလားပင်။

ထိုသို့ပြောဆိုပြီးနောက်....

သူ့၏လက်ချောင်းကိုမြှောက်လိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုထင်ဟပ်လာပြီး စုယွင်ယွင်ထံဦးတည်ကာ ဖိနှိပ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင်...

စုယွင်ယွင်သည် အလွန်ကြီးမားသောသေရေးရှင်ရေးအကြပ်အတည်းကို ခံစားမိလေ၏။

သူမ၏အကျင့်စရိုက်အရ ကူးပြောင်းရေးစာလိပ်တစ်လိပ်ကိုထုတ်ယူကာ ထွက်ပြေးရန် ကြံရွယ်လိုက်သည်။

သို့ရာတွင် ထိုစာလိပ်ကိုထုတ်ယူပြီးနောက် သူမအနည်းငယ် တွေဝေတုံ့ဆိုင်းသွားသည်။

အကြောင်းအရင်းမှာ သူ့မရှေ့ရှိလူသည် ချမ်ရီကျန်း၏အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘဲ သူ၏စိတ်ဆန္ဒငွေရောင်ကြိုးမျှင်မှ သယ်ဆောင်လာသော ကိုယ်ပွားတစ်ခုသာဖြစ်ကြောင်း သူမ သိရှိထားသည်။ဤသည်မှာ သူ့၏အစစ်အမှန်ခန္ဓာကိုယ်မှ စွမ်းအား၏တစ်သောင်းပုံတစ်ပုံပင်ရှိမနေချေ။

သို့ရာတွင် ယခင်က လူအိုကြီးသုံးယောက်၏လိုက်လံဖမ်းဆီးမှုကိုပင် သူမ ထွက်ပြေးနိုင်ခဲ့ခြင်းမရှိရာ ယခုလက်ရှိ ချမ်ရီကျန်းနှင့်ရင်ဆိုင်ရချိန်တွင် ပြောဆိုရန်ပင်မလိုတော့ချေ။သူမထံတွင် မည်သည့်မျှော်လင့်ချက်မျှ မရှိတော့ပေ။

ထိုကြောင့်...

သူမက အံ့တင်းတင်းကြိတ်ကာ...

သေခြင်းတရား သူမထံ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းလိုက်သည်။

သို့ရာတွင် သူမ၏စိတ်နှလုံးသားအတွင်း၌....

သူမသည် အဆုံးမရှိသော မလိုလားမှုများကို ခံစားနေရဆဲပင်။

All Chapters