အခန်း (၄၇၆-၄၈၀)
Vol. 32 Ch. 476-480
Chapter 476
"သေစမ်း..."
"မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး"
ချမ်ရီကျန်း၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေသည်။
သူ့သည် စုယွင်ယွင်၏အသက်ကို ယူဆောင်နိုင်မည်ဟု သူ့ထံတွင် ယုံကြည်ချက်အခိုင်အမာရှိသည်။
စုယွင်ယွင်၏နံဘေးတွင် အစွမ်းထက်သော အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက် ရှိနေသည်ကို သူ သိရှိထားသည်။ထို့ပြင် စုယွင်ယွင်ရှိနေသော သိုင်းပညာခန်းမသည် ထူးခြားကာ ဝင်ပေါက်တံခါးအထက်တွင်ချိတ်ဆွဲထားသော 'သိုင်းပညာ'ဟူသော စာလုံးမှနေ၍ ပြင်းထန်သော သိုင်းပညာစိတ်ဆန္ဒများ ထွက်ပေါ်နေသည်ကိုလည်း သူ အာရုံခံမိလေ၏။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူ့၏အမြင်အရ သူ့၏လက်ချောင်းတစ်ချောင်းဖြင့် စုယွင်ယွင်ကို သတ်ဖြတ်နိုင်သည်မှာ ချွတ်ချော်တိမ်းစောင်းမှုမရှိနိုင်သော ကိစ္စတစ်ရပ်ပင်။
ဤှသည်မှာ သူ့၏ကြီးမားသောစွမ်းအားမှ ယူဆောင်လာသည့် အကြွင်းမဲ့ယုံကြည်ချက်ဖြစ်ပေ၏။
ဤှလက်ချောင်းသည် ဖျက်ဆီးခြင်းစွမ်းအားကိုသယ်ဆောင်၍ စုယွင်ယွင်၏ခေါင်းထက်သို့ ကျရောက်သွားလေပြီ။
စုယွင်ယွင်သည် ဤကိစ္စကို လုံးလုံးလျားလျား လက်ခံလိုခြင်းမရှိချေ။
သို့ရာတွင် အကြွင်းမဲ့စွမ်းအားဖြင့် ရင်ဆိုင်ရချိန်တွင် သူမသည် ရုန်းကန်ရန်အတွက် လက်လျှော့အရှုံးပေးလိုက်တော့သည်။
ဝုန်း....
သို့ရာတွင် ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ မိုးကောင်းကင်ယံကို ထွင်းဖောက်သွားသော အရှိန်အဝါတစ်ရပ်က သိုင်းပညာခန်းမ၏အနောက်ဘက်ခြံဝန်းမှ ပွင့်အံ့ထွက်လာသည်။ဤသည်မှာ နတ်ဆိုးတစ်ကောင် နိုးထလာသည့်အလား လူအများ၏စိတ်နှလုံးသားများကို တုန်ရီသွားစေသည်။
တစ်ချိန်တည်းမှာပင်....
ကျိုင်းပင်၏သစ်ကိုင်းတစ်ကိုင်းသည် ရုတ်တရက် ဆန့်ထွက်လာကာ ချမ်ရီကျန်း၏ဖိနှိပ်ထားသောလက်ကို ချက်ချင်းရစ်ပတ်လိုက်၏။
"ဘာ....."
ဤသစ်ကိုင်းမှစွမ်းအားကို ခံစားမိချိန်တွင် ချမ်ရီကျန်း၏ပါးစပ်မှနေ၍ မယုံကြည်နိုင်သောအသံတစ်သံ ထွက်ပေါ်လာသည်။
မည်သည်ကြောင့် ဤကဲ့သို့ သစ်ကိုင်းတစ်ကိုင်းတွင် ယခုကဲ့သို့ ကြီးမားသောစွမ်းအားမျိုးရှိနေသနည်း။
ဤသည်မှာ သူ ရုန်းထွက်ရန်မစွမ်းသည်အထိ အမှန်တကယ်ကို ဖြစ်စေခဲ့သလော....
သို့ရာတွင် သူ့၏ထိတ်လန့်တုန်လှုပ်မှု ပျက်ပြယ်မသွားမီမှာပင် သူ့၏လက်ကိုရစ်ပတ်နေသော သစ်ကိုင်းမှနေ၍ ပို၍ကြီးမားသောစွမ်းအားကို ထုတ်လွှတ်လိုက်သဖြင့် သူ လုံးလုံးလျားလျား ခုခံကာကွယ်နိုင်စွမ်းမရှိတော့ချေ။
ရုတ်ချည်းဆိုသလိုပင် ချမ်ရီကျန်း၏ခန္ဓာကိုယ်တစ်ခုလုံး သိုင်းပညာခန်းမ၏အနောက်ဘက်ခြံဝန်းထံသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရတော့သည်။
ထို့နောက် သူမ သေဆုံးရတော့မည်ဟု တွေးထင်နေခဲ့သော စုယွင်ယွင်သည် ဤအချိန်အခိုက်အတန့်တွင် သူမ၏မျက်လုံးများရုတ်တရက် ပြူးကျယ်သွားကာ မယုံကြည်နိုင်ဖွယ်ကောင်းသောမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။
သူမသည် အနောက်ဖက်ခြံဝန်းထံသို့ အလျှင်အမြန် အပြေးသွားလိုက်၏။
သို့ရာတွင် အနောက်ဖက်ခြံဝင်းအတွင်း၌ ဖြစ်ပျက်နေသောမြင်ကွင်းကို သူမ မြင်တွေ့ချိန်တွင်ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူမ၏ပါးစပ်ကိုအလျှင်အမြန်ဖုံးအုပ်ကာ သူမ၏မျက်နှာဖြူရော်သွားသည်။
ချမ်ရီကျန်းသည် ခြံဝန်းအတွင်းမှ ကျိုင်းပင်အိုကြီး၏ ဆွဲခေါ်သွားခြင်းကို ခံရပြီးနောက် အနောက်ဖက်ခြံဝန်းအတွင်းရှိ ရေတွင်းမှနေ၍ ဖားပြုတ်တကောင်ခုန်တတ်လာသည်။
ထိုဖားသည် နှစ်ကြိမ်ခန့်အော်ပြီးနောက် ဝါးမြိုခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေသည့် သူ့၏ပါးစပ်ကိုဖွင့်ဟကာ တစ်လုတ်တည်းဖြင့် ချမ်ရီကျန်းကို မြိုချလိုက်သည်။
ထိုဖားပြုတ်သည် ကျေနပ်အားရစွာဖြင့် လေချဥ်တက်ပြီးနောက် စုယွင်ယွင်ကို တစ်ချက်စောင်းငဲ့ကြည့်ကာ ရေတွင်းအတွင်းသို့ ပြန်ခုန်ချသွားတော့သည်။
ထို့အပြင် တဝုန်းဝုန်းထနေသော အရှိန်အဝါများ ပွင့်အံ့ထွက်နေကာ ကြောက်မက်ဖွယ်နတ်ဆိုးတစ်ကောင်နှင့်တူညီသည့် ကျိုင်းပင်ကြီးသည် လုံးလုံးလျားလျား ပြန်လည်တည်ငြိမ်သွားပေ၏။
ဤသည်မှာ မည်သည့်အရာမျှ မဖြစ်ပွားခဲ့သည့်အလားပင်။
သို့ရာတွင် အနောက်ဖက်ခြံဝန်းသည် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသော်လည်း စုယွင်ယွင်၏စိတ်နှလုံးသားအတွင်းတွင်မူ ပြင်းထန်သောလှိုင်းများ တဝုန်းဝုန်းလှုပ်ခတ်နေဆဲပင်။သူမ၏အတိတ်ဘဝအတွင်းရှိ အင်မော်တယ်ဧကရာဇ်ဖြစ်နေစဥ် အချိန်ကပင် ဤကဲ့သို့ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော မြင်ကွင်းမျိုးကို သူမ တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။
သူမ၏စိတ်တည်ငြိမ်သွားစေရန်အတွက် အချိန်အတော်ကြာ ယူခဲ့ရသည်။
အရာအားလုံးသည် အလွန်လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့လေ၏။
ချမ်ရီကျန်း လှုပ်ရှားမှုပြုလုပ်ခဲ့သောအချိန်မှစတင်ပြီး ဖားပြုတ်၏ဝါးမျိုခြင်းကိုခံရသောအချိန်အထိ အသက်နှစ်ရှိုက်စာကြာမြင့်ခဲ့ခြင်းမရှိချေ။
ဤတိုတောင်းသော အသက်နှစ်ရှိုက်စာ အချိန်ကာလအတွင်းတွင်....
ချမ်ရီကျန်းသည် ပျောက်ကွယ်သွားခဲ့သလော....
ဤသည်မှာ ချမ်ရီကျန်း၏အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း ဤအရာ၏ခွန်အားသည် အနည်းဆုံးအနေဖြင့် နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်တွင် ရှိနေသည်။
နက်နဲသိမ်မွေ့အင်မော်တယ်တစ်ယောက်သည် ယခုကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်ဖွယ်ကောင်းပေ၏။
လုပမ်ဝေသည် သူမကို အနည်းငယ်မျှလိမ်ညာခဲ့ခြင်းမရှိကြောင်း သူမ နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။
လုပမ်ဝေသည် သူမအား မဆင်မခြင် လျှောက်ပြေးနေခဲ့ခြင်းအတွက် ဆူပူကြိမ်းမောင်းကာ မည်သည်ကြောင့် သူမအား ငတုံးငအဟု ခေါ်ဆိုခဲ့သည်ကိုလည်း သူမ နားလည်သဘောပေါက်သွားခဲ့သည်။
ယခုကြည့်ကြည့်တော့မှ သူမသည် အစောပိုင်းက ထိုလူအိုကြီးသုံးယောက်နှင့်ရင်ဆိုင်ရသောအချိန်တွင် သူမ ထွက်ပြေးရန်အနည်းငယ်မျှမလိုအပ်ချေ။အကယ်၍ သူမသည် သိုင်းပညာခန်းမအတွင်း၌ နေထိုင်ပါက သူမအတွက် အကြွင်းမဲ့ဘေးကင်းလုံခြုံပေမည်။
မည်သို့ပင်ဆိုစေကာမူ ဤသိုင်းပညာခန်းမတွင် ချမ်ရီကျန်း၏ကိုယ်ပွားကိုပင် ချက်ချင်းဝါးမြိုနိုင်ခဲ့သော တစ်စုံတစ်ခုရှိနေသည်။ထို့ကြောင့် ထိုလူအိုကြီးသုံးယောက်မျှဖြင့် မည်သည့်ကသောင်းကနင်း ကိစ္စများ ဖြစ်နိုင်မည်နည်း။
သူမသည် ကူးပြောင်းရေးအဆောင်လက်ဖွဲ့ကိုအသက်သွင်းပြီး ဤလုံခြုံဘေးကင်းသောခံတပ်နေရာမှနေ၍ ပြင်ပသို့ သူမကိုယ်သူမ ပြောင်းရွှေ့သွားစေခဲ့ခြင်းမှာ ရယ်ရွှင်ဖွယ်ကောင်းပေ၏။
သူမ၏မျက်နှာပေါ်တွင် ခါးသည်းမှုများဖြင့် ပြည့်နှက်နေသည်။
ယခုအချိန်တွင် နောက်ဆုံး၌ သူမသည် အစစ်အမှန်လူပြက်တစ်ယောက်သာဖြစ်ကြောင်း သူမ နားလည်သဘောပေါက်သွားလေပြီ။
အချိန်အတော်ကြာပြီးနောက်....
သူမ၏စိတ်နှလုံးသားအတွင်းရှိ လှိုင်းထန်နေမှုများ နောက်ဆုံး၌ အနည်းငယ်တည်ငြိမ် အေးချမ်းသွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူမ၏နီဗားနားအလှည့်အပြောင်းဖြစ်စဉ် အဆုံးသတ်တော့မည့်အချိန်သို့ ကျရောက်နေလေပြီ။
သူမ၏ ယခုလက်ရှိ အရည်အချင်းနှင့်ကံကြမ္မာတို့သည် အရည်အသွေးပြောင်းလဲခြင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရကာ သူမ၏ကျင့်ကြံဆင့်အခြေခံနှင့် အာရုံခံနိုင်မှုတို့ အလွန်လျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သို့ရာတွင် သူမသည် အပြည့်အဝပြန်လည်ကောင်းမွန်လာချိန်ထိ စောင့်ဆိုင်းနိုင်တော့ခြင်းမရှိချေ။သူမက အနောက်ဖက်ခြံဝင်းအတွင်းသို့ အလျှင်အမြန်အပြေးသွားလိုက်သည်။
သူမ ရှာဖွေလိုသည်မှာ...
ယမန်နေ့ညက လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သော ကျိုင်းပင်ကြီးသည် မည်သည့်အရာမျိုး ဖြစ်သနည်း။
ရေတွင်း၏အောက်တွင် ရှိနေသောဖားပြုတ်သည် မည်ကဲ့သို့ တည်ရှိမှုမျိုးဖြစ်သနည်း။
သို့ရာတွင် သူမ၏အမြင်အာရုံနှင့် အနောက်ဖက်ခြံဝန်းအတွင်းတွင် မည်သည့်သဲလွန်စမျိုးကိုမျှ စုံစမ်းထောက်လှမ်း၍မရချေ။
ရေတွင်းသည် သာမန်ရေတွင်းအဖြစ်သာ ရှိနေဆဲပင်။
ကျိုင်းပင်ကြီးသည်လည်း သာမန်ကျိုင်းပင်ကြီးတစ်ပင်ဖြစ်ကာ ထူးခြားမှုတစ်ခုတစ်လေကိုမျှ စုံစမ်းထောက်လှမ်း၍ မရသည့်အပြင် တခြားအရှိန်အဝါတစ်ခုခုကိုလည်း သူမ မတွေ့ရှိရချေ။
သူမ၏အာရုံခံမှုအရ ကျိုင်းပင်ကြီးနှင့်ဖားပြုတ်ထံမှနေ၍ တစ်စုံတစ်ခုကိုမျှ မတွေ့ရှိခဲ့ရချေ။သို့ရာတွင် သူမ၏ပြန်လည်ကောင်းမွန်လာသော အာရုံခံနိုင်မှုမှတစ်ဆင့် မီးဖိုချောင်၏နံဘေးရှိ သိုလှောင်ခန်းအတွင်းတွင် ပို၍မယုံကြည်နိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုရှိနေကြောင်း သူမ မြင်တွေ့ခဲ့ရသည်။
အခန်းအတွင်း၌ လက်နက်မျိုးစုံဖြင့်ပြည့်နှက်နေကာ ဆေဘာဓားများ ဓားများ လှံများ လှံစွပ်များစသဖြင့် အမှိုက်ပုံကဲ့သို့ စုပုံနေသည်။
စုယွင်ယွင်သည် ထိုအရာများကို ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်နေကာ အသက်ကိုပင်မနည်းရှုနေရသည်။
အကြောင်းအရင်းမှာ အင်မော်တယ်မြစ်ကုန်းမြေပေါ်တွင် တွေ့မြင်ရလေ့ရှိသောသူတော်စင်အဆင့်နှင့်အင်ပါယာအဆင့်ရတနာများအပြင် ဤတောင်ပုံရာပုံရှိနေသော လက်နက်များအကြား၌ အထွတ်အမြတ်ပစ္စည်းများ ရှိနေသောကြောင့်ပင်။
ထို့ပြင် အထူးသဖြင့် အင်္ကျီချိတ်တစ်ခုက သူမ၏စိတ်အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။
"ဒါကအဝတ်တွေကို လှမ်းဖို့အတွက် မဟုတ်လား"
သူမသည် မျက်တောင်ပေကလပ်လုပ်ကာ ထိုအင်္ကျီချိတ်ကို ဂရုတစိုက်ကောက်ယူပြီး လေ့လာဆန်းစစ်လိုက်၏။
သို့ရာတွင် သူမသည် ထိုအင်္ကျီချိတ်ကိုသူမ၏လက်ဖြင့် ကိုင်ပြီးသောအချိန်မှာပင် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား သူမ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
"ဒါ....ဒါက...ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းမဟုတ်လား"
ယခုအချိန်၌ သူမ၏အသံ တုန်ရီနေသည်။ ဤအချိန်အခိုက်အတန့်တွင် သူမ၏ခံစားချက်များကို သူမ စကားလုံးဖြင့်ပင် ဖော်ပြနိုင်ခြင်းမရှိတော့ချေ။
ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းတခု....
ဤသည်မှာ မည်ကဲ့သို့ တည်ရှိမှုမျိုးဖြစ်သနည်း။
သူမ၏အတိတ်ဘဝအတွင်း၌ပင် ဤအဆင့်ပစ္စည်းမျိုးသည် သူမအတွက်ဝှက်ဖဲတစ်ခုဖြစ်ခဲ့သည်။အင်မော်တယ်ဧကရာဇ်အဖြစ် သူမ ရပ်တည်ခဲ့သော နှစ်များတစ်လျှောက်တွင် ထိပ်ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းနှစ်ခုကိုသာ ပိုင်ဆိုင်ခဲ့သည်။
သို့ရာတွင် ဤနေရာ၌...
သူမသည် ထိုကဲ့သို့ ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သလော...
သူမသည် အင်္ကျီချိတ်ကိုပြန်ချလိုက်သောအချိန်မှာပင် ရုတ်တရက် ထောင့်တစ်နေရာတွင်ရှိနေသော ပေါက်ပြားတစ်လက်ကို မြင်တွေ့လိုက်ရသည်။
အံ့အားသင့်ဖွယ်ကောင်းစွာပင်...
ဤသည်မှာလည်း ထိပ်တန်းအဆင့်အင်မော်တယ်ပစ္စည်းတစ်ခုပင်။
ဘုန်း.....
ဤသက်ရောက်မှုသည် သူမ၏စိတ်ကို ရိုက်ခတ်သွားသည်။
သို့ရာတွင် သူမ၏စိတ်အတွင်း၌ ရိုက်ခတ်နေသော လှိုင်းတစ်လှိုင်း မတည်ငြိမ်သေးမီမှာပင် နောက်ထပ်လှိုင်းတစ်လှိုင်း ထပ်မံ၍မြင့်တက်လာသည်။
သူမသည် ပေါက်ပြားကိုတွေ့ပြီးနောက် ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းခုနစ်ခု ရှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ထိုအရာများမှာ မီးဖိုချောင်သုံးဓားများ ထွန်ခြစ်များ တံစဥ်များ အစရှိသဖြင့်ပါဝင်သည်။
ထိုအရာများသည် ခြွင်းချက်မရှိဘဲ အမှိုက်များကဲ့သို့ သိုလှောင်ခန်းအတွင်း၌ စုပုံထားခြင်းခံရလေ၏။
စုယွင်ယွင်သည် ထိတ်လန့်တုန်လှုပ်သွားကာ စကားပင်မပြောနိုင်တော့ဘဲ သူမ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။
သူမသည် သိုလှောင်ခန်းအတွင်းမှ အလျှင်အမြန်ပြေးထွက်ခဲ့တော့သည်။
အကြောင်းအရင်းမှာ အကယ်၍ ဤအတိုင်းဆက်သွားပါက သူမ၏ကျင့်ကြံဆင့်အပေါ် သက်ရောက်မှုရှိလာမည်မှာ မလွဲမသွေပင်။
သို့ရာတွင် သူမသည် သိုလှောင်ခန်းအတွင်းမှ ထွက်သွားပြီးနောက် ထပ်တန်းအဆင့် အင်မော်တယ်ရတနာများကို ထပ်မံ၍မြင်တွေ့ရမည်ဟု သူမ မျှော်လင့်မထားမိချေ။
ပန်းချီကားချပ်များနှင့်လက်ရေးလှစာလိပ်များမှ အစပြု၍ ပြသထားသော ပန်းပုများ ထီးကဲ့သို့နေ့စဥ်အသုံးအဆောင် အသေးအမွှားပစ္စည်းများ ခွေးစာပန်းကန်အတွင်းမှခွေးစာများ မီးဖိုချောင်အတွင်း၌ စုပုံနေသော ထင်းများအထိ နေရာအနှံ့အပြား၌ ရှာတွေ့နိုင်သည်။၏
ထိုပစ္စည်းတစ်ခုစီတိုင်းသည် ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းတစ်ခုထက် အဆင့်နိမ့်ခြင်းမရှိချေ။
စုယွင်ယွင်သည် ထပ်မံ၍ ဆက်မကြည့်ဝံ့တော့ချေ။သူမသည် ဆေးလုံးတစ်လုံးကို အလျှင်အမြန်သောက်သုံးကာ ကျင့်ကြံရန်အတွက် ထိုင်ချလိုက်သည်။အကြောင်းအရင်းမှာ သူမ၏စိတ်အပေါ် ထပ်မံ၍သက်ရောက်လာပါက သူမ ကိုင်တွယ်နိုင်တော့မည် မဟုတ်သောကြောင့်ပင်။
အချိန်အတော်ကြာပြီးနောက်....
သူမသည် နောက်ဆုံး၌ သူမ၏မျက်လုံးများကို တဖန်ပြန်ဖွင့်လိုက်ကာ သူမ၏စိတ် အနည်းငယ်တည်ငြိမ်သွားသည်။
စုယွင်ယွင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ စိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်လိုက်၏။
ဤသိုင်းပညာခန်းမကို ဖန်တီးခဲ့သည်မှာ မည်ကဲ့သို့လူစားမျိုးဖြစ်သနည်း။
ခဏလေး....
သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို ပြန်အမှတ်ရသွားကာ ဆတ်ခနဲမတ်တတ်ထရပ်လိုက်သည်။
ဤသိုင်းပညာခန်းမ၏အရှင်သခင်....
ဤသိုင်းပညာခန်းမ၏ပိုင်ရှင်သည် မည်သူဖြစ်သနည်း....
သူမအား ဤနေရာသို့ခေါ်ဆောင်လာသည့် မိုးမြေဂိုဏ်းချုပ်ကို သူမ ရုတ်တရက် ပြန်အမှတ်ရသွားသည်။သူ့ကိုယ်သူ အလွန်အစွမ်းထက်သည်ဟုဆိုခဲ့သော အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် ရီဖုန်းကိုကြည့်ရသည်မှာ သာမာန်သေမျိုးတစ်ယောက်နှင့် တူညီသည်။
သူသည် ဤသိုင်းပညာခန်းမ၏အရှင်သခင်ဖြစ်သောကြောင့် ဖြစ်နိုင်သည်မှာ သူသည်....သူသည် သူမ ထွင်းဖောက်မမြင်နိုင်သည်အထိ အလွန်အစွမ်းထက်သော ဆရာကြီးတစ်ယောက် ဖြစ်နေသလော။
ဘုန်း....
ဤအတွေးနှင့်အတူ မိုးကြိုးလှိုင်းတစ်လှိုင်းက စုယွင်ယွင်၏စိတ်နှလုံးသားအတွင်း၌ ပေါက်ကွဲသွားသည့်အလားပင်။သူမ၏ခန္ဓာကိုယ်တစ်ခုလုံး နေရာမှာပင် တောင့်တင်းသွားကာ သူမ၏မျက်နှာပေါ်တွင် သွေးရောင်ကင်းမဲ့သွားပေ၏။
ထို့ပြင် လုပမ်ဝေသည် သူမကိုကယ်တင်ခဲ့သောအချိန်၌ သူ့၏အရှင်သခင်အကြောင်း ပြောခဲ့သည်ကို သူမ ပြန်အမှတ်ရသွားကာ....
ထိုသတင်းအစအနများအားလုံးကို အတူတကွ ချိတ်ဆက်ပြီးချိန်တွင် ရီဖုန်းသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် အမှန်တကယ်ဖြစ်နေနိုင်ချေ မြင့်မားလာသည်။
ထိုအကြောင်းကို သိနားလည်ပြီးနောက် စုယွင်ယွင်သည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်၏။သူမ အသက်ရှုမွန်းကြပ်သွားသည်ကို ခံစားရပြီး သူမ၏စိတ်အပေါ် ပြင်းထန်စွာသက်ရောက်လာမှုအောက်တွင် သူမသည် အထိန်းအကွပ်မဲ့စွာဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
သို့ရာတွင် သူမ၏စိတ်အပေါ် သက်ရောက်နေခြင်းနှင့်ပတ်သက်ပြီး သူမ ဂရုမစိုက်နိုင်ချေ။သူမ၏ဖြူရော်ရော်မျက်နှာပေါ်တွင် သူမကိုယ်သူမ လှောင်ပြောင်သရော်လိုမှုများဖြင့် ပြည့်နှက်နေသည်။
အကြောင်းအရင်းမှာ နောက်ဆုံးတွင် သူမသည် မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းခဲ့သည်ကို သူမ နားလည်သဘောပေါက်သွားသောကြောင့်ပင်။
သူမသည် ယခင်က မည်မျှထိ မိုက်မဲခဲ့သူဖြစ်သနည်း....
Chapter 477
ဤသို့ဖြင့်....
စုယွင်ယွင်သည် တစ်ညလုံး စိတ်မတည်မငြိမ်ဖြစ်နေခဲ့လေ၏။ထို့ကြောင့် သူမသည် သိုင်းပညာခန်းမ၏ပြင်ပသို့ထွက်ကာ သူမကိုယ်သူမ စိတ်တည်ငြိမ်မှုရရှိသွားစေရန်အတွက် မနက်စောစောလဖက်ရည်တစ်ခွက်ကို သောက်လိုခဲ့သည်။
သို့ရာတွင် သူမသည် သိုင်းပညာခန်းမ၏တံခါးထံသို့ ရောက်ရှိသည်နှင့် သူမ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
သူမ၏နီမြန်းသောနှုတ်ခမ်းနှစ်လွှာ အနည်းငယ်ပွင့်ဟသွားကာ တစ်ညတာအချိန်ကုန်ဆုံးပြီးနောက် ငြိမ်သက်နေသော သူမ၏စိတ် တဖန်ပြန်၍ လှိုင်းထန်လာသည်။
အကြောင်းအရင်းမှာ ယခင်ရက်အနည်းငယ်အတွင်းတွင် သူမ မကြာခဏသွားရောက်လည်ပတ်လေ့ရှိသော အမဲသားခေါက်ဆွဲဆိူင်ပိုင်ရှင်နှင့် သူ့၏မိန်းမသည် သာမာန်လူများမဟုတ်ကြောင်း သူမ ရုတ်တရက် သိနားလည်သွားသောကြောင့်ပင်။
သူတို့သည် ကောင်းမွန်စွာဖုံးကွယ်ထားသော်လည်း ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်မိရုံဖြင့် အနိမ့်ဆုံးအနေဖြင့် ကောင်းကင်အင်မော်တယ်နယ်ပယ်တွင် ရှိနေသူများဖြစ်ကြောင်း သူမ ပြောဆိုနိုင်သည်။
ဤနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။
ဤနေရာတွင် မည်သည်ကြောင့် အင်မော်တယ်အမြောက်အများရှိနေသနည်း....
သူမသည် လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်နေပေ၏။မြို့စွန်၌ သူမတွေ့ခဲ့ရသည့် နွားကိုင်ထားသောလူအိုကြီးကို ထပ်ပေါင်းလိုက်ပါက ပင်ကျင်းမြို့အတွင်းတွင် ရီဖုန်းနှင့်လုပမ်ဝေအပြင် အင်မော်တယ်သုံးယောက်ရှိနေသည်နှင့် ညီမျှသည်မဟုတ်လော။
"ဆိုင်ရှင်...အမဲသားခေါက်ဆွဲ တစ်ပွဲပေးပါ"
ထိုအချိန်မှာပင် တောင်ဝှေးတစ်ချောင်းကိုင်ထားသည့် လူအိုကြီးတစ်ယောက်က အမဲသားခေါက်ဆွဲဆိုင်ရှေ့သို့ လျှောက်လှမ်းလာသည်။
ထိုလူအိုကြီး ထွက်ပေါ်လာချိန်တွင် စုယွင်ယွင်၏မျက်လုံးသူငယ်အိမ်များ တဖန်ထပ်၍ ကျဥ်းမြောင်းသွားသည်။
ဤလူအိုကြီးသည်လည်း အင်မော်တယ်တစ်ယောက်ဖြစ်ကြောင်း သူမ တွေ့မြင်မိသည်။
"ကျူးရုံ...ငါ့အတွက် ဝက်ဗိုက်သားတစ်ကျင်လောက် ချန်ထားပြီးတော့ ဝက်နံရိုးနည်းနည်းလည်း သိမ်းထားပေးပါအုံး"
ထိုလူအိုကြီးသည် ထိုင်ခုံပေါ်၌ ထိုင်ပြီးနောက် နံဘေးရှိ ဝက်သားဆိုင်မှလူကိုကြည့်ကာ အော်ဟစ်ပြောဆိုသည်။
"ပြဿနာမရှိဘူး"
ဝက်သားရောင်းသည့် ဗလတောင့်တောင့်လူကြီးသည် သူ့၏လက်အတွင်းမှဓားဖြင့် ဝက်နံရိုးများကို သွက်သွက်လက်လက်ခုတ်ပိုင်းလိုက်၏။
စုယွင်ယွင်၏မျက်လုံးများ တဖန်ထပ်၍ ပြူးကျယ်သွားသည်။
ကြည့်ရသည်မှာ ဤဝက်သားရောင်းသော ဗလတောင့်တောင့် လူကြီးသည်လည်း အင်မော်တယ်တစ်ယောက်မဟုတ်လော....
သူ့၏လက်အတွင်းရှိ ဝက်သတ်ဓားပင်လျှင် အင်မော်တယ်အဆင့်ပစ္စည်းတစ်ခု ဖြစ်နေပေ၏။
သို့ရာတွင်....
ကျူးရုံသည် သူမ မြင်တွေ့ရသည့် နောက်ဆုံးအင်မော်တယ်မဟုတ်ချေ။
တိတိကျကျပြောဆိုရလျှင် သိုင်းပညာခန်းမ၏တံခါးမှ ကြည့်နေသည့် သူမ၏မြင်ကွင်းအတွင်းရှိ လူတစ်ယောက်စီတိုင်း ထူးခြားပုံရနေသည်။
ဥပမာအနေဖြင့် လမ်းတစ်ဖက်ရှိ သစ်ပင်တ၀်ပင်အောက်တွင် ကျားကစားရင်း မျက်နှာများနီမြန်းသည်အထိ ငြင်းခုံနေကြသော လူအိုကြီးနှစ်ယောက်....
သူမနှင့် ဓားလွယ်ခုတ်နေရာရှိ လမ်းပေါ်တွင်ရှိနေသော ဟင်းရွက်ဆိုင်တွင် တို့ဟူးတစ်တုံးကိုဖြတ်ပိုင်းကာ မတ်တတ်ရပ်နေသော လူနှစ်ယောက်...
မလှမ်းမကမ်းရှိ လမ်းထောင့်တွင်ရှိနေကာ သူမတို့၏အင်္ကျီလက်များကိုလိပ်တင်၍ ကြက်ဥတစ်လုံးအတွက် တစ်ယောက်ယောက်နှင့်တစ်ယောက် လက်ညှိုးထိုးကာ ဆဲဆိုနေသော အဒေါ်ကြီးနှစ်ယောက်....
ထိုလူများအားလုံးသည် ချွင်းချက်မရှိ အင်မော်တယ်နယ်ပယ် တည်ရှိမှုကြီးများဖြစ်ပေ၏။
ထို့ပြင်....
လမ်းထောင့်ရှိ ရေမြောင်းအတွင်းမှ တွားသွားတက်လာသော ကြွက်တစ်ကောင်ပင်လျှင် သူမ၏လက်ရှိခွန်အားနှင့် ညီမျှနေသည်မဟုတ်လော။
စုယွင်ယွင်သည် ထိတ်လန့်တုန်လှုပ်သွားကာ စကားပင်မပြောနိုင်တော့ချေ။
ဤမြို့အတွင်း၌....
ဤနေရာရှိ လူတိုင်းနီးပါးသည် အင်မော်တယ်များ ဖြစ်နေကြသလော.....
သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များရှိနေကာ သူမသည် လမ်းဆုံလမ်းခွကို အလျှင်အမြန်ဖြတ်ကူး၍ တခြားလမ်းတစ်လမ်းထံသို့ ရောက်ရှိသွားသည်။
ဟူး...
တိကျသေချာစွာပင်....
ထိုလမ်းတစ်လမ်းလုံးပေါ်တွင်လည်း အင်မော်တယ်များဖြင့် ပြည့်နှက်နေပေ၏။
သူမသည် သိုင်းပညာခန်းမသို့ အလျှင်အမြန်ပြန်သွားကာ တံခါးကိုပိတ်ပြီး သူမ၏အသက်ကို အလျှင်အမြန်ရှုရှိုက်၍ သူမ၏စိတ်တည်ငြိမ်မှုရရှိစေရန် ကြိုးစားလိုက်သည်။
သူမသည် ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်မိသည်။
သူမ ရောက်ရှိလာသည်မှာ မည်ကဲ့သို့နေရာမျိုးဖြစ်သနည်း....
သေမျိုးလောက၏အငွေ့အသက်များဖြင့် ပြည့်နှက်နေပုံရသော ထိုမြို့ငယ်လေးသည် အမှန်တကယ်ကိုပင် ဆရာကြီးအမြောက်အများရှိနေလေ၏။
ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ဤအင်မော်တယ်များအကြားတွင် သူတို့၏စွမ်းအားအတိအကျကို သူမ ခွဲခြားသိမြင်နိုင်စွမ်းမရှိသော်လည်း သာလွန်ထူးကဲသည်ဟု သူမ ပြောဆိုနိုင်သော လူတချို့ရှိနေခြင်းပင်။
ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်သနည်း....
ဆိုလိုသည်မှာ ထိုလူများ၏ယခုလက်ရှိစွမ်းအားသည် သူမ၏အတိတ်ဘဝမှ ကျင့်ကြံဆင့်နယ်ပယ်ထက် အားနည်းခြင်းမရှိချေ။
အတိုချုပ် ပြောဆိုရလျှင်....
သူမသည် မနက်ခင်းလက်ဖက်ရည် သောက်သုံးလိုခဲ့သော်လည်း မသောက်ရသေးမီမှာပင် လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်ခဲ့မှုဖြင့် အဆုံးသတ်ခဲ့ရသည်။
ဒေါက်...ဒေါက်...
ထိုအချိန်မှာပင် တံခါးခေါက်သံများက ပြင်ပမှထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
စုယွင်ယွင်က သတိနှင့်မေးမြန်းလိုက်၏။
"ငါပါ..."
တံခါး၏ပြင်ပမှနေ၍ ရီဖုန်း၏အသံ ထွက်ပေါ်လာသည်။
"ဒါက သူလား"
စုယွင်ယွင်၏ခန္ဓာကိုယ် တုန်ရီသွားပေ၏။
သူမ၏မျက်နှာ ရုတ်တရက်တင်းမာစပြုလာကာ သူမသည် ရီဖုန်းနှင့် မျက်နှာချင်းဆိုင်ရန်အတွက် အနည်းငယ်စိုးရိမ်ထိတ်လန့်နေမိသည်။
သူမ၏နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ကာ အချိန်အတော်ကြာတွေဝေတုံ့ဆိုင်းပြီးနောက် သတိကြီးစွာထား၍ တံခါးကိုဖွင့်လိုက်သည်။
တံခါးဝ၌....
ရီဖုန်းသည် သူ့၏ဓားပျံကိုစီးနင်းကာ လေထုအတွင်း၌ မတ်တတ်ရပ်နေသည်။
တံခါးပွင့်လာသည်ကိုကြည့်ပြီး သူသည် ဓားပျံကိုစီးနင်းကာ ဝင်ရောက်လာလေ၏။
ထိုဓားပျံကို တစ်ဖန်ပြန်၍မြင်တွေ့မိချိန်တွင် စုယွင်ယွင်၏အသက်ရှူနှုန်းများ လျှင်မြန်စပြုလာသည်။
အကြောင်းအရင်းမှာ သူမ၏ပြန်လည်ရရှိထားသော ကျင့်ကြံဆင့်နယ်ပယ်ကြောင့် ဤဓားပျံသည် မည်မျှထိထူးခြားသည်ကို သူမ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပြီဖြစ်သောကြောင့်ပင်။
သို့ရာတွင် ဤဓားပျံသည် ထူးခြားကြောင်း သူမပြောဆိုနိုင်ရုံသာရှိပြီး ထိုအရာ၏အတိအကျအဆင့်ကိုမူ သူမ ခွဲခြားသိမြင်နိုင်စွမ်းမရှိချေ။
ဆိုလိုသည်မှာ...
ရီဖုန်း၏ခြေထောက်အောက်ရှိ ဓားပျံသည် ထိပ်တန်းအဆင့်အင်မော်တယ်ပစ္စည်းထက် သာလွန်နေသော တည်ရှိကြီးတစ်ခုဖြစ် ဖြစ်သည်မှာ အကြွင်းမဲ့သေချာသည်။
ဟူး....
အင်မော်တယ်အဆင့်ထက် သာလွန်နေသောတစ်စုံတစ်ခုသည် နတ်ဘုရားအဆင့်၌ရှိနေပေ၏။
နတ်ဘုရားအဆင့်ပစ္စည်း....
ဤသည်မှာ သူမ၏အလှည့်အပြောင်းကိုးကြိမ်နတ်ဘုရားခန္ဓာကိုယ်ဖြင့်ပင် သူမ စိတ်ကူးယဥ်တွေးတောကြည့်ဝံ့ခြင်းမရှိသော အရာဖြစ်သည်။
ဤဓားပျံအပေါ် သူမ၏ယခင်အကဲဖြတ်ခဲ့မှုကို ပြန်အမှတ်ရချိန်တွင် သူမသည် မြေပြင်ပေါ်၌ကျင်းတစ်ကျင်းရှာဖွေကာ အတွင်းသို့ဝပ်တွားဝင်လိုစိတ်များ ပေါက်ဖွားလာသည်။
"မင်း အနားယူနေတာ အခြေအနေဘယ်လိုရှိလဲ"
ရီဖုန်းက သူ့၏ဓားပျံကို ပြန်ရုတ်သိမ်းပြီးနောက် နူးညံ့ညင်သာစွာ မေးမြန်းလိုက်၏။
"ငါ အဆင်ပြေပါတယ်...စီနီယာကို ကျေး...ကျေးဇူးတင်ပါတယ်"
ယခုချိန်တွင် ရီဖုန်းနှင့် တစ်ဖန်ထက်၍ မျက်နှာချင်းဆိုင်ရချိန်တွင် စုယွင်ယွင်၏အပြုအမူများ လုံးလုံးလျားလျားပြောင်းလဲသွားသည်။
အကြောင်းအရင်းမှာ သူမ၏စိတ်အတွင်း၌ ရှင်းရှင်းလင်းလင်းသိရှိထားသည်မှာ....
အကယ်၍ သူမ၏အတိတ်ဘဝမှ အထွတ်အထိပ်အခြေအနေ၌ ရှိနေလျှင်ပင် သူမသည် ဤလူ၏ရှေ့၌ မောက်မာထောင်လွှားနိုင်မည်မဟုတ်ချေ။
"ကောင်းပြီလေ....မင်း ကောင်းကောင်းအနားယူပြီးပြီဆို...ငါတို့ အရေးကြီးတဲ့ကိစ္စကို ပြောကြစို့"
ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။
"စီနီယာ...ကျေးဇူးပြုပြီးတော့ ဆက်ပြောပါ"
စုယွင်ယွင်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
"မိုးမြေဂိုဏ်းကို ဝင်ပြီးတော့ ငါ့ရဲ့တပည့်အဖြစ်နေပါ"
ရီဖုန်းက ပွင့်ပွင့်လင်းလင်း ပြောဆိုသည်။
"စီနီယာရဲ့တပည့်အဖြစ် ခံယူရမှာလား"
စုယွင်ယွင်၏မျက်လုံးများ ပြူးကျယ်နေကာ အံ့အားတသင့် အော်ဟစ်လိုက်၏။
"မင်း ဆန္ဒမရှိဘူးလား"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤသို့ဖြစ်၍ မရချေ။
အချိန်များစွာဖြုန်းတီးခဲ့ပြီးနောက် သူ၏လှည့်စားမှု အောင်မြင်မှရမည်ဖြစ်သောကြောင့် သူက စိတ်အားထက်သန်စွာ ပြောဆိုသည်။
"မင်းက ငါ့ကို ဆရာအဖြစ် အရိုအသေပြုလိုက်တာနဲ့....မင်း သေချာပေါက် နောင်တမရစေရဘူး....ငါက မင်းကို ကောင်းကင်ဘုံရဲ့ အစစ်အမှန်ချီးမြှောက်ခံတစ်ယောက်ဖြစ်အောင် ကူညီပေးပြီးတော့ မင်းကို အင်မော်တယ်တည်ရှိမှုကြီးတစ်ယောက်ဖြစ်လာအောင် ပြောင်းလဲပေးမယ်"
မည်သို့ပင်ဆိုစေကာမူ ကြွားဝါခြင်းသည် လှည့်စားခြင်းထက် ပို၍ကောင်းမွန်ပေ၏။
ရီဖုန်းသည် ကြီးကျယ်ခမ်းနားစွာ ကြွားဝါရသည်ကို ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။ပထမဆုံး ကြွားလုံးထုတ်ပြီးနောက် ကိစ္စများကို သူ တဖြည်းဖြည်းဖြေရှင်းရပေမည်။
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ့၏ခေါင်းကို အနည်းငယ်မော့ကာ ထိပ်သီးအစွမ်းထက်ဆရာကြီးတစ်ယောက်၏ အရှိန်အဝါမျိုးအသွင်ဆောင်၍ စုယွင်ယွင်၏တုံ့ပြန်မှုကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်၏။
"အင်မော်တယ် တည်ရှိမှုကြီးတစ်ယောက် ဖြစ်လာမှာလား"
"ဒါက ငါ့ကို တိုက်ရိုက်တက်လှမ်းနိုင်အောင် စီနီယာက ကူညီပေးနိုင်တယ်လို့ ဆိုလိုတာလား"
စုယွင်ယွင်၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။
ရီဖုန်း၏သိုင်းပညာခန်းမအတွင်းရှိ အရာရာတိုင်းကို သူမသည် နက်ရှိုင်းစွာ သဘောကျနှစ်ခြိုက်ခဲ့ပြီးဖြစ်ပေ၏။သူမအား တိုက်ရိုက်တက်လှမ်းနိုင်ရန် ကူညီပေးမည်ဟု ရီဖုန်းမှ ကတိပေးခဲ့သောကြောင့် ဤကိစ္စမှာ ပို၍ပင်သဘောကျဖွယ်ကောင်းလာသည်။
"တပည့်က ဆရာကြီးကို အရိုအသေပြုပါတယ်"
စုယွင်ယွင်က ချက်ချင်းဆိုသလိုပင် ဒူးထောက်ကာ ရိုးသားဖြူစင်သောအသံဖြင့် ပြောဆိုလိုက်သည်။
"အရမ်းကောင်းတယ်"
ရီဖုန်းထံမှနေ၍ စိတ်ကျေနပ်စွာ ရေရွတ်လိုက်သော အသံတစ်သံထွက်ပေါ်လာသည်။
ကြည့်ရသည်မှာ သူ့၏လှည့်စားခြင်းသည် အလုပ်ဖြစ်သွားပုံပင်။
ယနေ့တွင် သူ့အပေါ် ဤမိန်းကလေး၏စိတ်နေသဘောထား ပြောင်းလဲသွားခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ထိုအချိန်မှာပင် စနစ်၏ရင်းနှီးကျွမ်းဝင်သောအသံ ထွက်ပေါ်လာသည်။
"ဒင်...."
"တပည့်တစ်ယောက်ကို လက်ခံနိုင်တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်"
"တပည့်တိုးတက်လာမှု...၁၀၀ပုံ၅ပုံ"
"ဂိုဏ်းတည်ထောင်ပြီးတဲ့နောက်မှာ လက်ခံသူက ပထမဆုံးတပည့်ရမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုလာဘ်တွေပေးအပ်ပါ့မယ်"
Chapter 478
"ဆုလာဘ်တွေ အများကြီးလား"
"အဲ့ဒီဆုတွေက ဘာတွေများဖြစ်နိုင်လဲ"
ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။ဤသုံးစားမရသောစနစ်၏ ယခင်ကပေးခဲ့သော နာကျင်မှုများကို သူ ခံစားခဲ့ရသော်လည်း သူ့၏စိတ်နှလုံးသားအတွင်းတွင် မျှော်လင့်ချက်အလင်းရောင်တစ်ခု ရှိနေဆဲပင်။
သို့ရာတွင်....
ထိုဆုလာဘ်များသည် မည်သည့်အရာများဖြစ်သည်ကို မြင်တွေ့ချိန်တွင် သူ့၏မျက်နှာ ချက်ချင်းမည်းမှောင်သွားသည်။
အကြောင်းအရင်းမှာ ဤဆုလာဘ်ဟူသောအရာများသည် သူ့ကို ဆွံ့အသွားစေသောကြောင့်ပင်။
ယခုကြည့်ကြည့်တော့မှ ဆုလာဘ်ဟူသည်မှာ သူ့၏အတိတ်ဘဝမှ အမျိုးအစားစုံလင်သောစာအုပ်များဖြစ်နေသည်။
'ကိုးနှစ်မသင်မနေရပညာရေးမူဝါဒ....ဆွန်းဇူး၏စစ်ပွဲအနုပညာကျမ်း.....မြင်းထိုင်ထိုင်ခြင်းမှ
တိုက်ခိုက်ခြင်းချီသို့ပြောင်းလဲခြင်း...ကောင်းကင်ဘုံ၏သိုင်းပညာရွေ့လျားမှုရတနာသိုက်....တိုက်ပွဲကုန်းမြေပေါ်သို့ဆင်းသက်ခြင်း(စိတ်ဝိညာဥ်ကုန်းမြေ)... ကြက်ငှက်မွေးမြူခြင်း....မိန်းကလေးများကို ချဥ်းကပ်ခြင်းနည်းလမ်းသုံးဆယ့်ခြောက်သွယ်...ကျိုးကုန်း၏အိမ်မက်အနက်ပြန်ကျမ်း...မဟာပညာရပ်လေးခုအနက်မှတစ်ခု မျက်နှာချေလိမ်းခြယ်ခြင်းကျမ်းစာ အစရှိသဖြင့်.....'
အတိုချုပ်ပြောဆိုရလျှင် ဤသည်မှာ အမျိုးအစားစုံလင်သည့် ထောင်နှင့်ချီသော စာအုပ်များပင်။
ထိုစာအုပ်များအပြင် သူ့၏အတိတ်ဘဝမှ နာမည်ကြီးရုပ်ရှင်နှင့်အမ်နီမေးရှင်းများကို ကျောက်စိမ်းပြားများအသွင်ဖြင့် ကူးယူထားခဲ့သည်။
'နီကျား၏ပြန်လည်ဝင်စားခြင်း....အနောက်သို့ခရီးသွားမှတ်တမ်း...တစ်ချက်ထိုးကတုံး...ကောက်ရိုးဦးထုပ်....ရှေးဟောင်းသဲကန္တာရတိုက်ပွဲ...စုန်းနတ်ဆိုး၏ကပ်ဘေး....မျိုးဆက်သစ်များအတွက် အခြေခံသိပ္ပံပညာရပ်များ....နာရူတို'
စသဖြင့် သူ့၏အတိတ်ဘဝမှ ကျော်ကြားသောအရာအမြောက်အများလည်း ထောင်နှင့်ချီ၍ရှိနေလေ၏။
"သောက်ချေးပဲ"
ရီဖုန်းက ဘွင်းဘွင်းရှင်းရှင်း ကျိန်ဆဲလိုက်တော့သည်။
အင်္သချေများပြားသော ဒေါသများက သူ့၏စိတ်အတွင်းသို့ တဟုန်ထိုးပြေးဝင်လာသည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် ဤချီးထုပ်စနစ်ကို ဖျက်သိမ်းပစ်နိုင်ရန် သူ ဆုတောင်းနေမိသည်။
စနစ်မှကတိပေးထားသော ကျင့်ကြံနိုင်မည်ဟူသည်မှာ မည်သည့်နေရာတွင်ရှိနေသနည်း....
ပထမဆုံးတပည့်ကြောင့် ရရှိလာသောဆုလာဘ်များသည် မည်သည့်နေရာတွင် ရှိနေသနည်း...
ဤအရာများသာ ဖြစ်သလော....
ကောင်းကင်ဘုံ၏အလိုဆန္ဒအရ အနည်းဆုံးအနေဖြင့် ကျင့်ကြံနည်းစနစ်များနှင့်သိုင်းပညာရပ်နည်းလမ်းများကို ပေးသင့်သည်မဟုတ်လော....
ရီဖုန်းသည် လုံးလုံးလျားလျား ဆွံ့အသွားလေ၏။
သို့ရာတွင်....
ကံကောင်းထောက်မစွာဖြင့် စနစ်၏စိတ်ပျက်ဖွယ် အစီအစဥ်များအောက်တွင် 'လောကတွင်အစွမ်းထက်ဆုံး ဆရာကြီး လုပမ်ဝေ'ကဲ့သို့ အတက်အကျများကို သူ ကြုံတွေ့ရပြီးဖြစ်ရာ မည်သည်ကြောင့် သူ ဤကိစ္စလေးအတွက်မျှဖြင့် စိတ်ညစ်သွားမည်နည်း။
ထို့ကြောင့် သူ့၏စိတ် အလျှင်အမြန် ပြန်လည်တည်ငြိမ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ သူ ဂရုတစိုက်စဥ်းစားကြည့်မိချိန်တွင် ဤစာအုပ်များနှင့်အန်နီမေးရှင်းများသည် သူ့၏အတိတ်ဘဝမှ နာမည်ကျော်ကြားသော လက်ရာများဖြစ်သည်။နောင်အနာဂတ်တွင် သူ ပျင်းရိငြီးငွေ့ချိန်၌ ဖဲကစားမည့်အစား အနည်းဆုံး စာအုပ်ဖတ်ခြင်း ရုပ်ရှင်ကြည့်ခြင်းတို့ကို ပြုလုပ်နိုင်ပေမည်။
"ထတော့"
ရီဖုန်းသည် ဒူးထောက်နေသော စုယွင်ယွင်ကို တွဲထူကာ သူ့၏စတ်နှလုံးသားအတွင်း၌ အလွန်စိတ်ကျေနပ်နေသည်။
ဤမိန်းကလေး၏အပြုအမူများတွင် ယခင်က ပြဿနာတချို့ရှိခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် သူ၏တပည့်တစ်ယောက် ဖြစ်လာလေပြီ။
တပည့်အယောက်တစ်ရာပြည့်ရန်ဟူသော ရည်မှန်းချက်ပန်းတိုင်သည် ဝေးကွာနေဆဲဖြစ်သော်လည်း ယခုချိန်တွင် သူ့ထံ၌ တပည့်လေးယောက်ရှိနေလေပြီ။
ခဏလေး...
ရုတ်တရက် ရီဖုန်းသည် တစ်စုံတစ်ခုလွဲချော်နေသည်ကို အာရုံခံမိသွားလေ၏။
စနစ်သည် တာဝန်၏တိုးတက်မှုဖြစ်စဉ်၌ လူငါးယောက်ကို ပြသခဲ့သည်အား သူ အမှတ်ရမိသည်။
ဤသည်က မဟုတ်သေးချေ။
သူ့ထံတွင် အရည်အချင်းပြည့်မီသော တပည့်လေးယောက်သာ ရှိသည်မဟုတ်လော....
ဤကိစ္စတွင် အမှားအယွင်းတစ်ခုရှိနေခြင်း ဖြစ်သလော....
သူသည် စနစ်ကို အလျှင်အမြန်ဆင့်ခေါ်လိုက်၏။
တာဝန်တိုးတက်မှုဖြစ်စဉ်ကို စစ်ဆေးမယ်....
'ဒင်....'
'တိုးတက်မှုဖြစ်စဉ်...တပည့်အရေအတွက် တစ်ရာပုံငါးပုံ'
အမှန်တကယ်ကို ငါးယောက်ဖြစ်နေသည်။
ထိုအခြင်းအရာကိုကြည့်ပြီး ရီဖုန်းသည် ကြက်သေသေသွားလေ၏။
သူ့ထံတွင် တပည့်ငါးယောက်ရှိနေသော်လည်း ချီယီထုံသည် အရည်အချင်းမပြည့်မီသည်မှာ သိသာထင်ရှားသည်။
ဖြစ်နိုင်သည်မှာ ချီယီထုံထံတွင် တစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့သလော....
သူ ထိုကိစ္စကို ပို၍စဉ်းစားတွေးတောမိလေလေ ထိုသို့ဖြစ်နိုင်ချေများသည်ဟု ပို၍ယူဆမိလေလေပင်။
သူ ကျွန်းငယ်လေးသို့ ပြန်လည်ရောက်ရှိချိန်၌ ချီယီထုံ၏ပါရမီအရည်အချင်းကို ထပ်မံ၍စစ်ဆေးရပေမည်။
သို့ရာတွင်...
ဤအချိန်အခိုက်အတန့်တွင် သူ့ထံ၌ လုပ်ဆောင်ရန် တခြားကိစ္စများရှိနေသောကြောင့် သူ့နောက်သို့လိုက်ပါနေသည့် ချင်ဟွမ်ရှင်းနှင့်စုယွင်ယွင်တို့ကိုကြည့်ကာ ပြောဆိုလိုက်သည်။
"လူအိုကြီးချင်...မင်းက မိုးမြေဂိုဏ်းဆီ သူ့ကိုခေါ်သွားလိုက်ပါ"
"ဟုတ်ကဲ့ပါ ဆရာကြီး"
ချင်ဟွမ်ရှင်းက ခေါင်းညိတ်ပြလေ၏။
"ဆရာက မပြန်သေးဘူးလား"
စုယွင်ယွင်က စိုးရိမ်ပူပန်တကြီးမေးမြန်းသည်။
ငါက အခုမှ မြို့ကိုပြန်ရောက်လာတဲ့ မိတ်ဆွေတချို့နဲ့ တွေ့ရအုံးမယ်...သူတို့က ညစာစားဖို့ ငါ့ကိုဖိတ်ထားတယ်...ဒါကြောင့် ငါက သိုင်းပညာခန်းမမှာ ရက်နည်းနည်းလောက်နေဖို့ စီစဉ်ထားတယ်...မင်းတို့ပဲ အရင်ပြန်နှင့်ကြပါ"
ရီဖုန်းက နူးညံ့သောအပြုံးနှင့်ပြောဆိုကာ သူ၏အကြည့်သည် လမ်းတဖက်ရှိဝက်သားဆိုင်၏ထိုင်ခုံပေါ်သို့ ကျရောက်သွားသည်။
တိကျသေချာစွာပင်...
ဝက်သားဆိုင် ပြန်ဖွင့်နေလေပြီ။
"ဒါပေမဲ့....ဒါပေမဲ့...."
စုယွင်ယွင်သည် တွေဝေတုံ့ဆိုင်းနေလေ၏။
သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
အကြောင်းအရင်းမှာ သူမနှင့်ချမ်ရီကျန်းကြားမှ ရန်ငြိုးကြောင့်ပင်။ချမ်ရီကျန်း၏အကျင့်စရိုက်အရ သူသည် သူမအား လွယ်လင့်တကူအလွတ်ပေးမည်မဟုတ်ချေ။
ထို့ပြင်....
သူသည် အချိန်တိုအတွင်း၌ သူမထံသို့ ရောက်ရှိလာနိုင်သည်။
ဤကဲ့သို့ အခြေအနေမျိုးရှိနေသောကြောင့် သူမသည် ပင်ကျင်းမြို့ထွက်ခွာသွားရန် မဆိုထားနှင့် သိုင်းပညာခန်းမအတွင်းမှပင် ထွက်ခွာသွားလိုစိတ်မရှိချေ။
အကယ်၍ သူမ ထွက်ခွာသွားလျှင်ပင် ရီဖုန်းကိုသူမ၏နံဘေး၌ ရှိနေစေလိုသည်။
သို့ရာတွင် သူမ၏အနီးတွင် ရီဖုန်းရှိမနေပါက သူမသည် သိုင်းပညာခန်းမမှ ထွက်ခွာသွားလိုခြင်းမရှိချေ။အကယ်၍ ချမ်ရီကျန်းကိုယ်တိုင်ကိုယ်ကျရောက်ရှိလာပါက...
ရီဖုန်းသည် စုယွင်ယွင်ကို စောင်းငဲ့ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
ဤမိန်းကလေးသည် အလွန်ရှက်ကြောက်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
အမှန်အားဖြင့် ဤကိစ္စကို သူ နားလည်ပေးနိုင်သည်။မည်သို့ပင်ဆိုစေကာမူ ပတ်ဝန်းကျင်အသစ်သို့ သွားရမည်ဖြစ်သောကြောင့် ရှက်ကြောက်ခြင်းကို ရှောင်လွှဲ၍ရမည်မဟုတ်ချေ။
ဥပမာအနေဖြင့် သူ့၏အတိတ်ဘဝတွင် တက္ကသိုလ်သို့ စာရင်းသွင်းရန် သူတစ်ယောက်တည်းသွားခဲ့သည့်အချိန်၌ သူသည်လည်း ဤကဲ့သို့ ရှက်ကြောက်မှုမျိုးကိုဘခံစားခဲ့ရသည်။
"ဘာမှ ကြောက်နေစရာမလိုဘူး"
ရီဖုန်းက အပြုံးနှင့် နှစ်သိမ့်ပေးလိုက်သည်။
"မင်း မိုးမြေဂိုဏ်းကို ရောက်သွားတဲ့အချိန်မှာ လူအိုကြီးချင်ရှိနေလိမ့်မယ်....လူအိုကြီးချင်အပြင် အဲ့ဒီနေရာမှာ မင်းရဲ့စီနီယာအစ်ကိုအစ်မတွေလည်း ရှိနေတယ်...သူတို့အားလုံးက အရမ်းကောင်းတယ်"
"ကောင်းပါပြီ....ကောင်းပါပြီ ဆရာ"
ထိုစကားကိုကြားချိန်တွင် စုယွင်ယွင်သည် ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်လိုက်၏။
စုယွင်ယွင်ကို အခြေကျအောင်ပြုလုပ်ပေးပြီးနောက် ရီဖုန်းသည်ရယ်ပြုံးကာ စီစဉ်ထားသောညစာစားရန်အတွက် လူအိုကြီးဝမ်၏အိမ်သို့သွားလေသည်။
ဤအချိန်အခိုက်အတန့်တွင် ချင်ဟွမ်ရှင်းသည် စုယွင်ယွင်ကို မိုးမြေဂိုဏ်းထံသို့ ခေါ်ဆောင်လာခဲ့သည်။
လမ်းတစ်လျှောက်၌...
စုယွင်ယွင်ထံတွင် စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်နေဆဲပင်။
သူမ၏ရန်သူသည် အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်သဖြင့် သိုင်းပညာခန်းမမှထွက်ခွာလာခဲ့ရခြင်းကို သူမ မလုံခြုံသကဲ့သို့ အစဉ်အမြဲခံစားနေရသည်။
ချင်ဟွမ်ရှင်းသည် အလွန်အစွမ်းထက်သည်ကို သူမ တွေ့မြင်မိသော်လည်း မည်သို့ပင်ဆိုစေကာမူ ရီဖုန်းနှင့်သိုင်းပညာခန်းမ မဟုတ်ပါက သူမအား ဘေးကင်းလုံခြုံသည်ဟူသော ခံစားချက်မျိုးကို အပြည့်အဝပေးနိုင်ခြင်းမရှိချေ။
နောက်ဆုံး၌...
ကျွန်းငယ်လေးတစ်ကျွန်းက သူမ၏ရှေ့၌ ထွက်ပေါ်လာသည်။
ချင်ဟွမ်ရှင်းသည် လှေတစ်စင်းကိုလှော်ခတ်ကာ သူမကို ကျွန်းထံသို့ ခေါ်ဆောင်သွားလေ၏။
လှေပေါ်၌ သူမသည် ကျွန်းကိုလေ့လာဆန်းစစ်သည်အနေဖြင့် ပတ်ဝန်းကျင်ရှိရှုခင်းများကို ကြည့်လိုက်သည်။
ဤနေရာရှိရှုခင်းများသည် ကောင်းမွန်သော်လည်း သူမ တွေးတောထားသကဲ့သို့ ပြိုင်ဘက်ကင်းဂိုဏ်းတစ်ဂိုဏ်းဟူသော ခံစားချက်မျိုး သူမကို ပေးအပ်နိုင်ခြင်းမရှိချေ။
"ငါတို့ ရောက်ပြီ"
ချင်ဟွမ်ရှင်းက နူးညံ့ညင်သာစွာပြောဆိုသည်။
"ဟုတ်ကဲ့"
စုယွင်ယွင်သည် ညင်သာစွာခေါင်းတစ်ချက်ညိတ်ကာ သူမ၏အတွေးများကို ပြန်ရုတ်သိမ်းပြီး ကျွန်းပေါ်သို့ ခြေချလိုက်သည်။
သို့ရာတွင်....
သူမ ကျွန်းပေါ်သို့ ခြေချလိုက်သောအချိန်အခိုက်အတန့်တွင် သူမ၏နံဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်မှ ဥပဒေသများ ရုတ်တရက် ပြောင်းလဲသွားသည်ကို သူမ ခံစားမိသည်။
"ဒါ...ဒါက...."
"ဒီလို ကျစ်လစ်သိပ်သည်းတဲ့ လေဟာနယ်မျိုး...."
"ပြီးတော့ မြေဆွဲအားကလည်း...."
"ဒါက အင်မော်တယ်နယ်မြေထက်တောင် ပိုပြီးအဆင့်မြင့်သေးတယ်"
သူမ၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်နေကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
အင်မော်တယ်ဧကရာဇ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော သူမသည် အင်မော်တယ်မြစ်ကုန်းမြေ၏လေဟာနယ်ကို လွယ်လင့်တကူ ဆုတ်ဖြဲနိုင်သည်။သို့ရာတွင် ဤကျွန်းပေါ်တွင်မူ ခုန်ပေါက်ရန်မူ သူမအတွက် ခက်ခဲနေသည်။
ဤသည်မှာ သူမ၏ကျင့်ကြံဆင့်စွမ်းအားများ ပျောက်ကွယ်သွားခြင်းကြောင့်မဟုတ်ဘဲ ဤကျွန်းပေါ်ရှိ မြေဆွဲအားနှင့်လေဟာနယ်တို့သည် အလွန်မြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိနေခြင်းကြောင့်ပင်။
သူမအား ပို၍ထိတ်လန့်တုန်လှုပ်စေသည်မှာ ဤကိစ္စချည်းသက်သက်ကြောင့် မဟုတ်ချေ။
ကျွန်းပေါ်သို့ဆင်းသက်ပြီးနောက် စျေးလမ်းငယ်တစ်လမ်းပေါ်တွင် ယခင်က ပင်ကျင်းမြို့အတွင်း၌ သူမ မြင်တွေ့ခဲ့ရသောမြို့ကို ပြန်လည်တွေ့မြင်လိုက်ရသည်။
နေရာအနှံ့အပြား၌ အင်မော်တယ်များ ရှိနေလေ၏။
ထို့ပြင် ဤနေရာရှိ အင်မော်တယ်များ၏စွမ်းအားသည် ပင်ကျင်းမြို့အတွင်းမှလူများထက် အဆင့်တစ်ဆင့်မက ပို၍မြင့်မားပုံရသည်။
ထို့ပြင် မိုးမြေဂိုဏ်း၏တံခါးမှ ဝင်ရောက်ပြီးနောက် သူမသည် မယုံကြည်နိုင်ဖွယ်ကောင်းသော အရာအမြောက်အများကို မြင်တွေ့လိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင်...
သူမ၏စိုးရိမ်ပူပန်ခဲ့မှုများသည် လုံးလုံးလျားလျား အသုံးမဝင်ကြောင်း သူမ သိနားလည်သွားတော့သည်။
သူမသည် ဘေးကင်းလုံခြုံသောနေရာတနေရာမှနေ၍ ပို၍ဘေးကင်းလုံခြုံသောနေရာသို့ ပြောင်းရွှေ့ခဲ့ခြင်းပင်။
သူမ၏စိတ်နှလုံးသားများ နောက်ဆုံး၌ တည်ငြိမ်သွားလေပြီ။
ဤနေရာတွင်နေထိုင်ပါက ချမ်ရီကျန်းဆယ်ယောက်ရောက်လာလျှင်ပင် သူမ၏ဆံပင်တစ်ချောင်းကျွတ်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။
တချိန်တည်းမှာပင်....
သူမ၏စိတ်အခြေအနေသည်လည်း ပြောင်းလဲမှုတစ်ခုနှင့် တိတ်ဆိတ်ငြိမ်သက်စွာ ကြုံတွေ့လိုက်ရသည်။
မူလက သူမသည် အတိတ်ဘဝမှ အင်မော်တယ်ဧကရာဇ်ဟူသော အဆင့်အတန်းကိုဆုပ်ကိုင်ထားကာ အလှည့်အပြောင်းကိုးကြိမ်နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။
ယခုအချိန်၌ သူမသည် ဤနေရာသို့ရောက်ရှိလာပြီးနောက် သူမ၏မူလအတွေးအမြင်များ မည်မျှထိနိမ့်ပါးခဲ့သည်ကို သိနားလည်သွားခဲ့သည်။
အင်မော်တယ်ဧကရာဇ်တစ်ယောက်ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း....
ချမ်ရီကျန်းသည် မည်သည့်လူမျိုးဖြစ်သနည်း....
မိုးမြေဂိုဏ်းကိုဝင်ရောက်ပြီးနောက် သူမသည် ယခင်က တစ်ကြိမ်တစ်ခါမျှ စိတ်ကူးယဉ်တွေးတောကြည့်ဝံ့ခြင်းမရှိသော နောက်ထပ်အထွတ်အထိပ်အခြေအနေတစ်ခုသို့ ရောက်ရှိနိုင်ပေမည်။
...
နေ့ရက်များ....
အလွန်သာမန်ဆန်စွာ ကုန်ဆုံးသွားခဲ့သည်။
"ဟူး...ဒီဇာတ်လမ်းတွဲက အရမ်းပျင်းဖို့ကောင်းတယ်...တခြားတစ်ခု ပြောင်းကြည့်ရမယ်"
ရီဖုန်းသည် မိုးမြေဂိုဏ်းအတွင်း၌ နောက်မှီကုလားထိုင်တစ်လုံးပေါ်တွင် လဲလျောင်းနေသည်။သူသည် ခြေထောက်နှစ်ချောင်းကိုချိတ်ထားကာ ကျောက်စိမ်းပြားတစ်ခုကိုဖြန့်၍ကြည့်နေပြီး သူ့၏စိတ်အခြေအနေ အလွန်အမင်းကောင်းမွန်နေသည်။
အကြောက်အရင်းမှာ စုယွင်ယွင်ကို သူ လက်ခံပြီးနောက် ပို၍ပျော်ရွှင်ဖွယ်ကောင်းသောကိစ္စတချို့ ဖြစ်ပွားလာခဲ့သောကြောင့်ပင်။
ပထမဆုံးအနေဖြင့် သူသည် ချီယီထုံ၏ပါရမီအရည်အချင်းကို ပြန်လည်စမ်းသပ်ခဲ့သည်။မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း ဤဖက်တီးကောင်၏ပါရမီအရည်အချင်းသည် သာမန်အဆင့်သို့ရောက်ရှိနေပေ၏။ကြည့်ရသည်မှာ သူ မတော်တဆခေါ်ယူခဲ့မိသော တပည့်တစ်ယောက်သည် စနစ်၏စိတ်ကျေနပ်မှုကို ရသွားပုံပင်။
နောက်ထပ်ကိစ္စတစ်ခုမှာ စုယွင်ယွင်သည် သူ၏တပည့်ဖြစ်လာပြီးနောက် လူငယ်အမြောက်အများသည် သူ့ထံသို့ တပည့်ခံရန်ရောက်ရှိလာကြသည်။ဤသည်မှာ သူ့အား စနစ်မှနေ၍ လက်ဆောင်ပေးအပ်ခဲ့သော လက်ကမ်းကြော်ငြာများကို ကျေးဇူးတင်ရပေမည်။
သို့ရာတွင်...
ထိုတပည့်များသည် သူ့အား ဆွံ့အအောင်ပြုလုပ်နိုင်ခဲ့သည်။
သူတို့အားလုံးသည် ကျင့်ကြံခြင်းအပေါ်တွင်စိတ်နှစ်မြုပ်ထားကာ တိုးတက်မှုကိုရှာဖွေလိုသော လူငယ်များဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။
သို့ရာတွင် သူ၏တပည့်တစ်ယောက်ချင်းစီသည် တစ်ယောက်ထက် တခြားတစ်ယောက်ကပို၍ မှီခိုအားထားရခြင်းရှိမည်မဟုတ်ဟု မည်သူကသိရှိနေမည်နည်း။
အသစ်ရောက်လာသော တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် စာကြည့်ဆောင်အတွင်း၌သာ အချိန်ကုန်ဆုံးနေကြကာ မစားမသောက်ဘဲ ဝတ္ထုများကိုဖတ်၍ အန်နီမေးရှင်းများကို ကြည့်ရှုနေကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချီယီထုံသည် မှီခိုအားထားရဆုံးဖြစ်ပုံရကာ နေ့စဥ်နေ့တိုင်း သူ့အတွက် ညလယ်စာချက်ပေးခဲ့သည်။ယခုလတ်တလောအချိန်တွင် သူသည် ခေါက်ဆွဲကြော်ကို ကျွမ်းကျင်သွားသဖြင့် ရီဖုန်းသည် အရသာမျိုးစုံရရှိကာ စိတ်ကျေနပ်ခဲ့လေ၏။
သို့ရာတွင် ထိုမှီခိုအားထားရခြင်းမရှိသော တပည့်များကြောင့် ရီဖုန်း အလွန်စိတ်သက်သာရာရနေခဲ့သည်။
အကယ်၍ သူတို့သည် ကျင့်ကြံရန်နည်းလမ်းများ ကျင့်ကြံနည်းစနစ်များကို တောင်းဆိုလာပါက သူ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို အမှန်တကယ် မသိရှိချေ။
Chapter 479
စုယွင်ယွင်သည် ရီဖုန်း၏နံဘေး၌ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကာ သူ့အား လဖက်ရည်ဖျော်စပ်ရာ၌ ရေထည့်ရန်ကူညီပေးနေသည်။
တခြားတစ်ဖက်တွင် သူမ၏စိတ်အခြေအနေသည် ရီဖုန်း၏လွှမ်းမိုးခြင်းကိုခံရသောကြောင့် အလွန်လျှင်မြန်စွာ တိုးတက်လာခဲ့သည်။
ထိုအချိန်မှာပင်....
ကျုံးချင်က ခန်းမအတွင်းသို့ ပြေးဝင်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် ကျောက်စိမ်းပြားကိုအောက်သို့ချကာ ကျုံးချင်ထံသို့ကြည့်လိုက်၏။
"စီနီယာအကိုကြီးကို နှုတ်ဆက်ပါတယ်"
စုယွင်ယွင်သည် သူမ၏ခေါင်းကို အလျှင်အမြန်အောက်သို့ငုံကာ သူ့အားအရိုအသေပြုလိုက်သည်။
"ဆရာသခင်နဲ့ဂျူနီယာညီမလေးကို နှုတ်ဆက်ပါတယ်"
ကျုံးချင်သည် သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပြီးနောက် ပြောဆိုသည်။
"ဆရာ...ခုဏက အပြင်ကို ရူးနေတဲ့လူတစ်ယောက် ရောက်လာတယ်...အဲ့ကောင်က အရမ်းမောက်မာရိုင်းစိုင်းတယ်....သူက လှေလှော်တဲ့ လူအိုကြီးကျန်းကို ဒဏ်ရာရစေရုံတင်မကဘူး...သူက စုယွင်ယွင်ရဲ့နာမည်ကို အော်ခေါ်ပြီးတော့...သူ့ကိုသတ်ချင်တယ်လို့ ပြောနေခဲ့တာ....ဒါကြောင့် ငါက သူ့ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်"
"ဘာ...သူက မင်းရဲ့ဂျူနီယာညီမလေးကို သတ်ချင်နေတာလား"
ရီဖုန်း၏အကြည့်သည် စုယွင်ယွင်ထံ မသိမသာရွှေ့ပြောင်းသွားပြီးနောက် သူက ပြောဆိုလေ၏။
"အဲ့ဒီကောင်ရဲ့အလောင်းကို ဆွဲယူလာခဲ့စမ်း...ငါ တစ်ချက်ကြည့်ကြည့်ရအောင်"
စုယွင်ယွင်ကမူ သူမထံသို့ လူတစ်ယောက်ရောက်လာသည်ကိုကြားချိန်တွင် သူမသည် ချက်ချင်းစိတ်လှုပ်ရှားသွားကာ မည်သူဖြစ်နိုင်သည်ကို သူမ၏စိတ်နှလုံးသားအတွင်းမှ မှန်းဆလိုက်သည်။
မကြာမီမှာပင်....
ကျုံးချင်သည် ပြင်ပမှနေ၍ အလောင်းတစ်လောင်းကို တရွတ်တိုက်ဆွဲလာကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး....
စုယွင်ယွင်၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
အကြောင်းအရင်းမှာ....
အကြောင်းအရင်းမှာ သူမ၏စီနီယာအကိုပြောဆိုသည့် မောက်မာရိုင်းစိုင်းသူဟူသည်မှာ သူမ၏အဓိကကပ်ဘေးဆိုးကြီး ချမ်ရီကျန်းဖြစ်နေသောကြောင့်ပင်။
ထို့ပြင် ဤသည်မှာ ချမ်ရီကျန်း၏ကိုယ်ပွားမဟုတ်ဘဲ သူ့၏အစစ်အမှန်ခန္ဓာကိုယ်ဖြစ်ပေ၏။
ယခုချိန်တွင် သူသည် မြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ လဲလျောင်းနေပြီး သူ့၏ဒဏ်ရာအရကြည့်ပါက ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံရခြင်းဖြစ်ပေမည်။
စုယွင်ယွင်သည် ကူကယ်ရာမဲ့စွာဖြင့် ကျုံးချင်ကိုကြည့်လိုက်၏။
မူလက....
ဤစီနီယာအကိုကြီးတွင် မည်သည့်အရည်အချင်းမျိုး ပိုင်ဆိုင်ထားသည်ကို သူမ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့မိချေ။သူ့ကိုကြည့်ရသည်မှာ ရိုးသားပြီး နုံအသူတစ်ယောက်ဖြစ်ပုံရသည်။သူသည် ချမ်ရီကျန်းကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည်ဟု မည်သူက တွေးထင်မိမည်နည်း။
သို့ရာတွင် သူမသည် ထိုအကြောင်းကို နောက်တစ်ကြိမ်ပြန်တွေးမိချိန်၌...
.
သူမ၏စီနီယာအကိုကြီးကို မဆိုထားနှင့် ပင်ကျင်းမြို့၏လမ်းများပေါ်ရှိ လူအိုကြီးများနှင့်မိန်းမအိုကြီးများထံတွင်ပင် နက်နဲသိမ်မွေ့သောစွမ်းအားများ ပိုင်ဆိုင်ထားသည်။
မည်သည်ကြောင့် ဆရာကြီး၏တပည့်အကြီးဆုံးသည် သာမာန်လူတစ်ယောက် ဖြစ်နိုင်မည်နည်း။
"တပည့်လေး...ဘာမှမကြောက်နဲ့...သူက အမှိုက်လေးတစ်စပဲ....မင်းရဲ့စီနီယာအကိုကြီးက မင်းအတွက် သူ့ကို ဂရုစိုက်ပေးပြီးပြီ"
စုယွင်ယွင်၏တုံ့ပြန်မှုကို မြင်တွေ့ချိန်တွင် ရီဖုန်းက သူမကို နှစ်သိမ့်စကားပြောဆိုလိုက်သည်။
မိန်းကလေးတစ်ယောက်သည် မည်သို့ပင်ဆိုစေကာမူ မိန်းကလေးများပင်။
ဤကဲ့သို့ အလောင်းတစ်လောင်းကို မြင်တွေ့ချိန်တွင် သူမ ထိတ်လန့်ကြောက်ရွံသွားမည်မှာ မလွဲမသွေဖြစ်ပေ၏။
သူကိုယ်တိုင်ကမူ....
သူသည် ဤအလောင်းကို အနည်းငယ်မျှအလေးအနက်ထားခြင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ စိတ်ကူးယဉ်ကမ္ဘာလောကတစ်ခုပင်။ဤနေရာသို့ ကူးပြောင်းလာခဲ့ပြီး နှစ်ပေါင်းများစွာကြာမြင့်သည်ဖြစ်သဖြင့် တိုက်ခိုက်သတ်ဖြတ်မှုများဖြစ်လေ့ရှိသည်ကို သူ မြင်တွေ့ဖူးပြီးဖြစ်သည်။အလောင်းတလောင်းနှစ်လောင်းဟူသည်မှာ အမှန်တကယ်ကိုပင် ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။
ထို့ပြင် ကျုံးချင်၏ဓားချက်တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့သည်မှာ အမှိုက်ကောင်တစ်ကောင်မဟုတ်လျှင် တခြားမည်သည့်လူစားမျိုးဖြစ်နိုင်သနည်း။နောက်ဆက်တွဲဖြစ်လာနိုင်သည့် ရှုပ်ထွေးမှုများ သို့မဟုတ် ပြဿနာများရှိလာမည်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။
"ကျုံးချင်...အဲ့ဒီအမှိုက်ကောင်က ဒီနေရာကိုပြဿနာလာရှာရဲပြီးတော့ မင်းရဲ့ဂျူနီယာညီမလေးကို ထိခိုက်နာကျင်အောင် လုပ်ချင်ခဲ့တယ်.... သူ့ရဲ့အလောင်းကို ဆွဲယူသွားပြီးတော့ ငါးစာကျွေးဖို့ ရေအိုင်ထဲကိုပစ်ချလိုက်စမ်း"
ရီဖုန်းသည် သူ့၏လက်ကိုဝှေ့ယမ်းကာ ကျုံးချင်ကိုအမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာ...ငါက ဒီအမှိုက်ကောင်ကို အခုချက်ချင်း ဆွဲထုတ်သွားလိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက်....
ကျုံးချင်သည် အလောင်းကို အဝေးသို့ဆွဲထုတ်သွားတော့သည်။
သို့ရာတွင်....
သူမ၏ဆရာသခင်နှင့်စီနီယာအစ်ကိုကြီးတို့သည် ချမ်ရီကျန်းကို အမှိုက်ကောင်ဟုခေါ်ဆိုနေကြသည်ကို နားထောင်နေရင်း စုယွင်ယွင်၏မျက်နှာအမူအယာ အမျိုးမျိုးပြောင်းလဲနေသည်။
မည်သို့ပင်ဆိုစေကာမူ....
ချမ်ရီကျန်းသည် အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်နေဆဲပင်။
တစ်ခုသိထားရမည်မှာ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက မည်ကဲ့သို့ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလာမည်ကို မည်သူမျှမသိနိုင်ချေ။
သို့ရာတွင် သူမ၏ဆရာသခင်နှင့်စီနီယာအကိုကြီးတို့သည် ဤကိစ္စကို လုံးလုံးလျားလျားဂရုစိုက်ခြင်းမရှိချေ။
သူတို့သည် မြင့်မြတ်သောအင်မော်တယ်ဧကရာဇ်တစ်ယောက်၏အလောင်းကို တရွတ်တိုက်ဆွဲသွားကာ ငါးစာကျွေးရန် ရေအိုင်အတွင်းသို့ ပစ်ချလိုသလော...
ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်၌ဆက်လက်၍ထိုင်ကာ ကျောက်စိမ်းပြားကိုကြည့်နေပြီး ဤကိစ္စကို အနည်းငယ်မျှအလေးအနက်မထားသည်ကို မြင်တွေ့ချိန်၌ သူ့အပေါ် စုယွင်ယွင်၏လေးစားကြည်ညိုမှုများသည် အထွတ်အထိပ်အဆင့်သို့ရောက်ရှိသွားပေ၏။
အစစ်အမှန်ဆရာကြီးဆိုသည်မှာ မည်သည့်ပုံစံမျိုးဖြစ်သနည်း....
ဖြစ်နိုင်သည်မှာ ဤကမ္ဘာလောကအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေပါစေ ယိမ်းယိုင်ခြင်းမရှိသော သူမ၏ဆရာသခင်ကဲ့သို့ တစ်စုံတစ်ယောက်ကိုသာ အစစ်အမှန်ဆရာကြီးဟု ခေါ်ဆိုနိုင်ပေမည်။
အင်မော်တယ်ဧကရာဇ်တယောက်သေဆုံးသွားခြင်းကပင် သူမဆရာသခင်၏စိတ်အခြေအနေကို အနည်းငယ်မျှ အနှောင့်အယှက်ဖြစ်စေခြင်းမရှိချေ။သူမ၏ဆရာသခင်သည် မည်သည့်ကျင့်ကြံဆင့်နယ်ပယ်၌ ရှိနေသည်ကိုလည်း သူမ အမှန်တကယ်မသိရှိချေ။
ပြန်ပြောင်းတွေးကြည့်ပါက....
သူမ၏အတိတ်ဘဝအတွင်း၌ သူမ လေ့လာလိုက်စားခဲ့သော အရာများအားလုံးသည် အနည်းငယ်မျှ အရေးမပါတော့ချေ။
ထိုအရာများသည် သူမဆရာသခင်၏စိတ်ဝင်စားမှုကို ရရှိနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ အတိတ်ဘဝ၌ သူမ ဂုဏ်ယူဝင့်ကြွားခဲ့ရသော အဆင့်အတန်းဖြစ်သည့် အင်မော်တယ်ဧကရာဇ်ပင်လျှင် သူမဆရာသခင်အတွက် ကြက်သေတကောင်နှင့် ကွဲပြားခြားနားမည့်ပုံမရချေ။
သို့ရာတွင်....
သို့ရာတွင် ဤကဲ့သို့အကာအကွယ်နှင့် ကျောထောက်နောက်ခံရရှိသည်မှာ အလွန်ကောင်းသည်ဟု သူမ ခံစားမိပေ၏။
စုယွင်ယွင်သည် ဤခံစားချက်ကြောင့် အလွန်အမင်းပျော်ရွှင်နေမိသည်။
သူမ၏အတိတ်ဘဝတွင် ဤကဲ့သို့ခံစားချက်တစ်ခုကို တစ်ကြိမ်တခါမျှ မကြုံတွေ့ခဲ့ဖူးချေ။မည်သို့ပင်ဆိုစေကားမူ အတိတ်တွင် အင်မော်တယ်ဧကရာဇ်တစ်ယောက်ဟူသော သူမ၏အဆင့်အတန်းဖြင့် သူမသည် အစဉ်အမြဲ တခြားသူများကိုကာကွယ်ပေးသော လူတစ်ယောက်သာဖြစ်ခဲ့သည်။
ထိုအချိန်မှာပင်....
သူမ၏အကြည့်သည် ကျမ်းစာဆောင်ထံသို့ရောက်ရှိသွားပြီး သူမ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ကျမ်းစာဆောင်အတွင်း၌....
ချီယီထုံအပါအဝင် လူများအားလုံးသည် ခေါင်းငုံထားကြကာ သူတို့၏လက်များအတွင်းရှိ စာအုပ်များကို လှန်လှောဖတ်ရှုနေကြသည်။
"ဒီ 'ဝတ်ရုံခြုံကတုံး' ရုပ်ပြစာအုပ်က အရမ်းကောင်းတာပဲ"
"အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ...ငါက ကတုံးတုံးလိုက်တာ...ငါ ကတုံးတုံးလိုက်တာပဲ...ဟား ဟား ဟား"
ဝတ်ရုံတစ်ထည်ဝတ်ဆင်ထားသော ကတုံးတစ်ယောက်သည် သူ့၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ကာ သူ့၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။
"ခုချိန်ကနေစပြီးတော့ အရာရာတိုင်းကို ငါက လက်သီးတစ်ချက်နဲ့ ဖြေရှင်းနိုင်ပြီ...ဘာအတွက် ငါက ဓားတစ်လက် လိုအပ်နေအုံးမှာလဲ"
ထိုသို့ပြောဆိုပြီးနောက် သူသည် နေရာမှာပင် သူ့၏အသက်ကယ်ရတနာဓားကို ချက်ချင်းဖျက်ဆီးလိုက်တော့သည်။
တစ်ချိန်တည်းမှာပင်....
ရေအိုင်နံဘေးရှိ သဲသောင်ပြင်ပေါ်တွင် လူကြီးတစ်ယောက် ဆောင့်ကြောင့်ထိုင်နေပြီး ကြက်ဖနှင့်ကြက်မတစ်ကောင်ကို သားဖောက်နေသည်။
သူ့၏လက်အတွင်းရှိ "ကြက်ငှက်မွေးမြူနည်း"စာအုပ်အတွင်းမှ လမ်းညွှန်ချက်များအတိုင်း ကြက်မတစ်ကောင်ဝပ်နေသော ဥများကို သားဖောက်လိုက်သည်။
နေ့ဝက်ခန့်ကြာပြီးနောက်...
အခွံအတွင်းမှနေ၍ ကြက်ပေါက်လေးတစ်ကောင် ထွက်လာသည်။
ထို့ပြင် ထိုကြက်ပေါက်လေး၏ခန္ဓာကိုယ်ပေါ်ရှိ သက်တန့်ရောင်ငှက်မွှေးများမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ထိုလူသည် အရူးအမူး အော်ဟစ်ရယ်မောလိုက်၏။
"ဟား ဟား ဟား...နတ်ဘုရားဖီးနစ်သွေးမျိုးဆက်...ငါက နတ်ဘုရားဖီးနစ်သွေးမျိုးဆက်ရှိတဲ့ ကြက်တစ်ကောင်ကို မွေးနိုင်ခဲ့ပြီ...သားရဲထိန်းချုပ်သူမျိုးဆက်ရဲ့ ဆယ့်ရှစ်ဆက်မြောက်ဆက်ခံသူဖြစ်တဲ့ ငါက ဘိုးဘေးတွေအတွက် ဂုဏ်ကျက်သရေကို ယူဆောင်ပေးနိုင်မှာ သေချာတယ်....ငါက ငါ့ရဲ့ဘိုးဘေးတွေထက် သာလွန်သွားလိမ့်မယ်"
"ဟား ဟား ဟား..."
တစ်ချိန်တည်းမှာပင်....
မိုးမြေဂိုဏ်းအတွင်းရှိ ဝေးလံခေါင်သီသော ချောက်ကမ်းပါးစွန်းတစ်ခုတွင် 'ခပ်ညံ့ညံ့ပြက်လုံးတစ်သန်း'ဟု ခေါင်းစဥ်ရှိသော စာအုပ်တစ်အုပ်ကိုကိုင်ထားသည့် မုတ်ဆိတ်မွှေးများရှိသော လူတစ်ယောက်ရှိနေသည်။
ထိုစာအုပ်ကို စူးစိုက်၍လေ့လာနေရင်း သူသည် သူ့၏ဓားရှည်ကို ထပ်ခါတလဲလဲ အသွင်းအထုတ်ပြုလုပ်နေလေ၏။
ဤသည်ကို အဆုံးမရှိသော သံသရာစက်ဝိုင်းအလား သူ လုပ်ဆောင်နေခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် အဝေးတစ်နေရာ၌ မြေလွတ်မြောက်ခြင်းနည်းစနစ်ကို လေ့ကျင့်နေသော ဝူချန်အန်းသည် ရုတ်တရက် မြေကြီးအတွင်းမှ ထွက်လာခဲ့သည်။
သို့ရာတွင် သူ ထွက်လာပြီးနောက် မမြင်နိုင်သော အားလှိုင်းတစ်ရပ်၏လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။သူ မြေပြင်ပေါ်၌ ဒူးထောက်ကျသွားကာ သူ့၏ခန္ဓာကိုယ်ကို အလိုအလျောက်ရွေ့လျားသွားပြီး သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ သူ့ရှေ့ရှိဓားသွားကို လက်ဗလာဖြင့်ဖမ်းဆုပ်လိုက်၏။
ထို့နောက် ဝူချန်အန်းသည် ပြူးကျယ်နေသောမျက်လုံးတစ်စုံဖြင့် ဓားအသွင်းအထုတ်လေ့ကျင့်နေသော မုတ်ဆိတ်မွှေးနှင့်လူကို စူးစိုက်၍ကြည့်လိုက်သည်။
သူ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
"အိုး ဘုရားရေ....သူက ဒီထူးဆန်းတဲ့နည်းစနစ်ကို တစ်ရာရာနှုန်းပြည့် ကျင့်ကြံနိုင်ပြီးတော့ လက်ဗလာနဲ့ဖမ်းဆုပ်စေနိုင်တဲ့အဆင့်ကိုတောင် ရောက်သွားပြီ"
Chapter 480
ဝူချန်အန်းသည် အလွန်အမင်းအံအားသင့်နေလေ၏။
ဤနည်းစနစ်သည် ကမ္ဘာဂြိုလ်အတွင်းရှိ နာမည်ကျော်ကြားသော ဟာသအန်နမီတစ်ခုအတွင်းရှိ ဇာတ်ကောင်များအနက်မှတစ်ယောက်၏ အထူးသီးသန့်စွမ်းရည်ဖြစ်သည်။
ထိုနည်းစနစ်ကိုအသုံးပြုသောလူများသည် သူတို့၏ဓားများကိုဆွဲထုတ်လိုက်သည်နှင့် ပစ်မှတ်သည် အထိန်းအကွပ်မဲ့စွာ ဒူးထောက်လိုက်ရပြီး ဓားသွားကို လက်ဗလာဖြင့် ခံယူရပေမည်။
ဤသည်မှာ ရန်သူကိုပြုသမျှနုစေသောအထူးထိန်းချုပ်မှုစွမ်းရည်တစ်ခုပင်။
အကြောင်းအရင်းမှာ ထိုနည်းစနစ်သည် လူများအပေါ်ထိန်းချုပ်နိုင်ရန် ရာနှုန်းပြည့်အခွင့်အရေးရှိနေသောကြောင့်ပင်။
ပြောရမည်ဆိုလျှင် ဤနည်းစနစ်သည်ထူးဆန်းသော်လည်း နတ်ဘုရားနည်းစနစ်တစ်ခုဟု ယူဆနိုင်သည်။
တွေးတောကြည့်ရုံ သက်သက်ဖြင့်ပင်အကယ်၍ တစ်စုံတစ်ယောက်သည် ရန်သူနှင့်တိုက်ခိုက်နေစဉ်တွင် ဓားသွားကို လက်ဗလာဖြင့်ခံယူရန်ထိန်းချုပ်နိုင်မည်ဆိုပါက ဤအချိန်အခိုက်အတန့်တွင် ရန်သူသည် စဥ့်နီတုံးပေါ်တင်ထားသော ငါးတစ်ကောင်နှင့်တူညီသွားပေမည်။
အချိန်များတရွေ့ရွေ့ ဖြတ်သန်းလာကာ...
နှစ်ဝက်ကုန်ဆုံးသွားလေပြီ။
မိုးမြေဂိုဏ်းသည်လည်း ပို၍လှုပ်ရှားသက်ဝင်စပြုလာသည်။
ရီဖုန်းသည် တပည့်ဆယ်ယောက်ကို အောင်မြင်စွာခေါ်ယူနိုင်ခဲ့သောကြောင့် အနည်းငယ်မှီခိုအားထား၍ရလာသောစနစ်သည် သူ့အား ဆုလာဘ်အဖြစ် လက်ကမ်းကြော်ငြာအစောင်သုံးဆယ်ကို ချီးမြှင့်ခဲ့သည်။
ထို့ကြောင့်....
ထိုလက်ကမ်းကြော်ငြာများနှင့် အစောပိုင်းကခေါ်ယူထားသောတပည့်များ၏ကူညီမှုတို့ကြောင့် ရီဖုန်း၏တပည့်အရေအတွက်သည် နှစ်ဆယ့်ကိုးယောက်ထိ ရောက်ရှိလာခဲ့ပေ၏။။
သို့ရာတွင်....
ဤတပည့်များကိုကြည့်ရသည်မှာ ကျင့်ကြံခြင်း၌ အနည်းငယ်မျှသာ စိတ်ဝင်စားပုံရသည်။
"ငါ တကယ်ကို ဆွံ့အနေပြီ"
ရီဖုန်းသည် သူ့၏နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းကာ သူ့၏ဘဝကို ပေါ့ပေါ့ပါးပါးဆက်လက်၍ဖြတ်သန်းနေခဲ့သည်။
ဤသည်မှာ အဆင်ပြေသောကိစ္စပင်။ထိုသို့မဟုတ်ပါက တပည့်များသည် နေ့စဉ်နေ့တိုင်း ကျင့်ကြံခြင်းနည်းစနစ်များကိုသင်ပေးရန် သူ့အားနားပူနားဆာလုပ်မည်ကို သူ စိုးရိမ်ထိတ်လန့်နေရပေမည်။
"ဖက်တီး....ပဲတီစိမ်းတချို့ သွားခူးပြီးတော့... ပဲတီစိမ်းထမင်းကြော်လုပ်လိုက်အုံး"
ရီဖုန်းက သူ့၏နံဘေးတွင်ရှိနေသော ချီယီထုံကို ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာသခင်"
ချီယီထုံသည် ခြင်းတောင်းတစ်လုံးကိုယူဆောင်ကာ ထွက်ခွာသွားတော့သည်။
သူက အနောက်ဘက်တောင်သို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။
လမ်းတစ်လျှောက်၌ အနက်ရောင်ဝတ်စုံဝတ်ဝတ်ဆင်ထားသော ကြီးကျယ်ခမ်းနားသည့်သက်ရှိလေးယောက်သည် မြက်ခင်းများပေါ်၌ အေးအေးလူလူ လဲလျောင်းနေကာ 'နဂါးဘောလုံး'အန်နမီကို ပြသနေသည့် ကျောက်စိမ်းစာလိပ်ကိုကြည့်နေကြသည်အား သူ မြင်တွေ့မိသည်။
"ချောမောခံ့ညားတဲ့ ဂိုဏ်းအစောင့်အရှောက်လေးယောက်ကို အရိုအသေပြုပါတယ်"
ချီယီထုံက အလျှင်အမြန်အရိုအသေပြုလိုက်၏။
"အား ဖက်တီးလေး...မင်းက အရမ်းလိမ္မာတာပဲ ...သွားတော့ ဆက်သွားတော့"
မဟာအစောင့်အရှောက်လေးယောက်သည် သူအား စိတ်ကျေနပ်စွာဖြင့် စောင်းငဲ့ကြည့်ကာ သူတို့၏လက်များကို ဝှေ့ယမ်းလိုက်သည်။
ချီယီထုံသည် သူ့၏လမ်းကြောင်းအတိုင်း ဆက်လက်၍ လျှောက်လှမ်းသွားသည်။
ထိုနောက် သူသည် စာအုပ်တစ်အုပ်ကိုကိုင်ထားသော ဘုန်းတော်ကြီးတစ်ပါးကို တွေ့မြင်မိလေ၏။ထိုဘုန်းတော်ကြီးသည် မိုးမြေဂိုဏ်းသို့လွန်ခဲ့သောသုံးလခန့်က ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရီဖုန်း၏တပည့်တစ်ယောက် မဟုတ်ချေ။သူသည် သူ့၏စိတ်ဝိညာဥ်ကို အားဖြည့်ရန်အတွက် အရာတချို့ကို လာရောက်ရှာဖွေသည်ဟု ပြောဆိုကာ ဂိုဏ်းအတွင်း၌ အစောင့်တစ်ယောက်ဖြစ်လာခဲ့သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်လွင်သူ၏အပြုအမူများသည် အနည်းငယ်ထူးဆန်းနေပေ၏။သူသည် အနောက်ဖက်ကိုမျက်နှာမူပြီး မတ်တပ်ရပ်နေကာ ထောင့်တစ်နေရာ၌ တစ်စုံတစ်ခုကို လှန်လှောရှာဖွေနေသည်။
"ခွန်ပန်ဘုန်းတော်ကြီးကို အရိုအသေပြုပါတယ်"
ချီယီထုံက သူ့အား ယဉ်ကျေးသိမ်မွေ့စွာနှုတ်ဆက်လိုက်သည်။
"ကောင်းတယ်...ကောင်းတယ်"
ဂိုဏ်းစောင့်ကြီးသည် သူ့၏လက်အတွင်းမှ စာအုပ်ကို အလျှင်အမြန်သိမ်းဆည်းက သူ့၏ဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုလုပ်ပြီးနောက် နောက်သို့ချာခနဲလှည့်ကာ သူ့၏လက်များကို တည်ကြည်လေးနက်စွာမြှောက်လိုက်၏။
နောက်ဆုံး၌...
ချီယီထုံသည် အနောက်ဘက်တောင်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းထံသို့ ရောက်ရှိသွားတော့သည်။
ဤနေရာတွင် ဟင်းသီးဟင်းရွက်ပင်များကိုဂရုတစိုက်ပြုပြင်နေသည့် ကောက်ရိုးဦးထုပ်ဆောင်းထားသော လူငယ်တစ်ယောက်ရှိနေသည်။
"ဆယ့်လေး...မင်း ဘာလုပ်နေတာလဲ"
ချီယီထုံက အော်ဟစ်ပြောဆိုလိုက်သည်။
"အိုး...စတုတ္ထစီနီယာအစ်ကိုကြီးပါလား"
ကောက်ရိုးဦးထုပ်ဆောင်းထားသော လူငယ်ဖြစ်သည့် ရှမ်းနွန်သည် နူးညံညင်သာသောအပြုံးနှင့် နောက်သို့လှည့်လာကာ ပြောဆိုသည်။
"အခုလတ်တလောမှာ ဒီအသီးအရွက်တွေပေါ်ကို ပိုးကျနေတယ်...အဲ့ဒီပိုးမွှားတွေကို ကြည့်ရတာ အင်မော်တယ်တစ်ယောက်လို အစွမ်းထက်တဲ့ ကျင့်ကြံဆင့်စွမ်းအားတွေ ရှိနေပုံရတယ်...ဒါကြောင့် ငါက သူတို့ကို ရှင်းထုတ်နေတာ.... တကယ်လို့ ဒီကောင်တွေကို ရှင်းမထုတ်ဘူးဆိုရင်....ဒီပိုးမွှားတွေက အင်မော်တယ်တွေဖြစ်လာနိုင်တယ်"
"အင်း...ဒါဆိုရင်လည်း မင်း ဆက်ပြီးတော့ ရှင်းလင်းလိုက်အုံး....ငါကဆရာ့အတွက် ပဲတီစိမ်းတချို့ခူးသွားရလိမ့်မယ်....သူက ပဲတီစိမ်းထမင်းကြော်စားချင်နေတယ်"
ချီယီထုံက ပြောဆိုသည်။
"ပြဿနာမရှိဘူး...ဆရာ့အတွက်ကို မပြောနဲ့...တကယ်လို့စီနီယာအကိုကြီးတွေ တစ်ခုခုလိုအပ်တာရှိရင်လည်း ငါ့ကိုအသိပေးပါ"
ရှန်းနွန်က နူးညံ့သိမ်မွေ့စွာဖြင့်တုံ့ပြန်သည်။
"ကောင်းပြီလေ...ဂျူနီယာညီလေး တကယ်လို့မင်း တစ်ခုခုစားချင်တာရှိရင်လည်း ငါ့ကိုလွတ်လွတ်လပ်လပ် ပြောလို့ရတယ်"
ချီယီထုံကလည်း ထပ်တူထပ်မျှဖော်ရွေစွာပြောဆိုလိုက်၏။
"စကားမစပ် စတုတ္ထစီနီယာအစ်ကိုကြီး...စီနီယာအစ်ကိုကြီးဆယ့်သုံးကိုကြည့်ရတာ မင်းကို ရှာနေပုံပဲ...သူ ဘာလိုအပ်တာလဲဆိုတာ မင်း သွားကြည့်သင့်တယ်"
ရှန်းနွန်သည် သူ့၏လက်အတွင်းမှ ပိုးမွှားတချို့ကို ခြေမွဖျက်ဆီးပြီးနောက် ချီယီထုံကိုကြည့်ကာ ပြောဆိုသည်။
"ကောင်းပြီလေ ငါ သွားကြည့်လိုက်မယ်...ဂျူနီယာညီလေး မင်းက ငါ့ကိုကူညီတဲ့အနေနဲ့ ပဲတီစိမ်းတချို့ကို ခူးပေးထားနိုင်မလား"
ချီယီထုံသည် တိုတောင်းပြီးတုတ်ခိုင်သောခြေထောက်များဖြင့် အဝေးတစ်နေရာသို့ချက်ချင်းပြေးထွက်သွားတော့သည်။
ဤနေရာနှင့် မလှမ်းမကမ်းအကွာတွင် ထျန်းရွှမ်နတ်ဘုရားသံများကို အုတ်အဖြစ်အသုံးပြု၍ ကြီးကျယ်ခမ်းနားသော နန်းတော်တခုကိုတည်ဆောက်နေသည့် လူငယ်တစ်ယောက်ရှိနေသည်။
ဤသည်မှာ ပုံစံငယ်တစ်ခုမျှသာဖြစ်သော်လည်း ထိုနန်းတော်၏ကြီးကျယ်ခမ်းနားမှုနှင့်အတွင်းရှိဖွဲ့စည်းမှုပုံစံများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
"ဆယ့်သုံး မင်း ငါ့ကို ဘာလို့ခေါ်တာလဲ"
ချီယီထုံက အော်ဟစ်လိုက်သည်။
နန်းတော်ပုံစံငယ်ကိုတည်ဆောက်နေသော လူငယ်သည်လည်း အနည်းငယ်ဝဖြိုးသောပုံစံရှိသည်။သူသည် မိုးမြေဂိုဏ်းအတွင်း၌ နံပါတ်ဆယ့်သုံးဖြစ်ကာ သူ၏နာမည်မှာ ကျူးကျီရှန်းပင်။
ချီယီထုံ၏ခေါ်သံကိုကြားချိန်တွင် သူကမော့ကြည့်ပြီးပြောဆိုသည်။
"စတုတ္ထစီနီယာအစ်ကိုကြီး...နောက်ဆုံးတော့ မင်း ဒီနေရာကို ရောက်လာပြီ...မကြာသေးခင်အချိန်က သတ္တမစီနီယာအစ်ကိုကြီးကျားကျားချင်က ကြက်ပေါက်လေးတစ်သိုက်ကို မွေးမြူထားတယ်...အဲ့ဒီကောင်တွေကြီးပြင်းလာရင် ငါတို့ စီးနင်းဖို့အတွက် ငါတို့ကို တစ်ကောင်စီပေးမယ်လို့ သူက ပြောထားတယ်...အဲ့ဒီအချိန်တုန်းက မင်းက ကျောက်ပုစွန်ချက်နည်းကျင့်ကြံဖို့နဲ့အလုပ်ရှုပ်နေတာကြောင့် ငါ မင်းကို မနှောင့်ယှက်ခဲ့ဘူး...သတ္တမ စီနီယာအစ်ကိုကြီးက မင်းနဲ့ငါအတွက် ကြက်ပေါက်လေးတွေ ပေးခဲ့တယ်...ဒါကြောင့်မလို့ မင်း အဲ့ဒါကို အခုယူသွားလို့ရပြီ"
ထိုစကားကိုပြောဆိုရင်း ကျူးကျီရှန်းသည် အရောင်အသွေးစုံလင်သော အမွေးအတောင်ရှိသည့် ကြက်ပေါက်လေးနှစ်ကောင်ကို ထုတ်ယူလိုက်၏။
"စကားမစပ်....ဆရာ လိုအပ်ပါ့မလားဆိုတာ မသိပေမယ့် ဆရာ့အတွက်လည်း တစ်ကောင်ယူသွားပါအုံး"
ကျူးကျီရှန်းက ပြောဆိုသည်။
"ဆရာ့အတွက်ကို မေ့လိုက်တော့"
ချီယီထုံက တုံ့ပြန်သည်။
"ငါက ဒီကြက်ပေါက်တွေကို မီးဖိုချောင်ဆီယူသွားပြီးတော့ သူ့အတွက် ချက်ပြုတ်ပေးရမှာပဲရှိတယ်...နောက်ဆုံးတကြိမ်က သတ္တမဂျူနီယာညီလေး သန္ဓေပြောင်းဝက်တစ်ကောင်ကိုမွေးခဲ့တဲ့အချိန်တုန်းက ဆရာက အဲ့ဒါကိုကင်စားလိုက်တယ်...သူက ဒီလိုအရာတွေကို သဘောမကျဘူး"
"အမှန်ပဲ ဒါဆိုရင်လည်း စတုတ္ထအကိုကြီးချက်ကျွေးလိုက်တော့...တကယ်လို့ ဆရာစားချင်တယ်ဆိုရင် အစ်ကိုကြီးက ငါ့ရဲ့ကြက်ကိုကောင်းကောင်းချက်ကျွေးလို့ရတယ်...ငါက သတ္တမစီနီယာအစ်ကိုကြီးဆီကနေ ငါ့အတွက် နောက်တစ်ကောင်ထပ်ပေးဖို့ တောင်းလို့ရတယ်"
ထိုသို့ပြောဆိုနေချိန်တွင် ကျူးကျီရှန်း၏မျက်လုံးအတွင်း၌ ရိုသေလေးစားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"မလိုဘူး...တစ်ကောင်ဆိုရင် လုံလောက်ပြီ.... တကယ်လို့ မလုံလောက်ဘူးဆိုရင် ငါ့ရဲ့ကြက်ပေါက်ကိုလည်း ဆရာ့အတွက်ချက်ကျွေးလိုက်မယ်"
ချီယီထုံက အပြုံးနှင့်ပြောဆိုကာ တောင်၏အနောက်ဖက်ကိုကြည့်ပြီး မေးမြန်းလိုက်၏။
"ဆဋ္ဌမဂျူနီယာညီမလေး ဘာတွေလုပ်နေလဲ...ငါ နောက်ဆုံးတကြိမ် သူ့ကို တွေ့ခဲ့ရတာ တော်တော်ကြာနေပြီ"
"သူ့ကိုကြည့်ရတာ ပိုင်ကိန်းဂဏန်းတွေကို ရွတ်ဆိုနေပုံပဲ....ရိုးရိုးသားသားပြောရရင် စတုတ္ထစီနီယာအစ်ကိုကြီး တကယ်လို့ မင်းမှာအချိန်ရရင် ကျေးဇူးပြုပြီးတော့ သူ့အတွက် အစားကောင်းကောင်းလေးတွေ ယူလာပေးပါအုံး...သူ့ရဲ့သင်္ချာစွမ်းရည်က ငါတို့ထက်ပိုထူးချွန်ပြီးတော့ ဒီနယ်ပယ်မှာ ငါတို့ထက် အများကြီးပိုပြီး အလားအလာရှိတယ်... တောက်ပတဲ့အနာဂတ်တွေရှိလာကြမယ့် ဂိုဏ်းတူမောင်နှမတွေကြားမှာ သူက တစ်ယောက်ဖြစ်လာမှာသေချာတယ်"
"တကယ်တော့ ငါတို့လည်း နောက်ကျကျန်နေလို့မရဘူး...ငါတို့ အပြင်ကိုထွက်တဲ့အချိန်မှာ ဆရာ့ကို အရှက်ရစေလို့မဖြစ်ဘူး"
ကျူးကျီရှန်းက နူးညံညင်သာစွာပြောဆိုသည်။
'မင်း ပြောတာအမှန်ပဲ"
ချီယီထုံသည် တည်ကြည်လေးနက်စွာခေါင်းညိတ်ပြပြီးနောက် ပြောဆိုလိုက်သည်။
"ကောင်းပြီလေ ဆယ့်သုံး မင်းအလုပ်ကို မင်းပြန်ပြီး အာရုံစိုက်လိုက်တော့...ငါလည်း ဆရာသခင်အတွက် ချက်ပြုတ်ပေးဖို့ပြန်တော့မယ်"
စိုက်ခင်းထံသို့ပြန်ကာ ခြင်းတောင်းကိုယူပြီးနောက် ချီယီထုံသည် မောပန်းနေလေ၏။
ကံကောင်းထောက်မစွာဖြင့် သူသည်အစိမ်းရောင်နွားထီးတစ်ကောင်ကို စီးလာသောကျောင်းတော်သားတစ်ယောက်ကို တွေ့မြင်မိသည်။
"ငန်း ငန်း ငန်း...သူ့ရဲ့လည်ပင်းကိုကွေးပြီးရွတ်ကောင်းကင်ယံတေးသွားကို ရွတ်ဆိုနေတယ်...."
ထိုကျောင်းတော်သားသည် နံပါတ်ဆယ့်တစ်ဖြစ်ကာ သူ၏အမည်မှာ လီထန်းပိုင်ပင်။သူ၏အင်္ကျီလက်အတွင်းတွင် သုံးပေခန့်ရှည်လျားသော အစိမ်းရောင်ဓားတစ်လက်ကို ကွယ်ဝှက်ထားကာ နွားထီးတကောင်ကိုစီးနင်းရင်း ကဗျာစာပိုဒ်တချို့ကို တီးတိုးရေရွတ်နေသည်။
"အိုး ဒါက စတုတ္ထစီနီယာအစ်ကိုကြီးပါလား"
"အစ်ကိုကြီး နွားလိုက်စီးဖို့က အဆင်ပြေပါတယ်...ဒါပေမဲ့ မင်းမှာ ဝိုင်အရက်လေးနည်းနည်းလောက် ပါမလာဘူးလား"
ကျောင်းတော်သားက ပြုံးဖြဲဖြဲနှင့်ပြောဆိုသည်။
"ငါက မင်းရဲ့စီနီယာအစ်ကိုကြီးဆိုတာ မင်း မေ့သွားတာလား"
ချီယီထုံသည် သူ့အား အထင်အမြင်သေးစွာတစ်ချက်ကြည့်ကာ ဘူးသီးခြောက်တလုံးကို သူ့ထံသို့ ပစ်ပေးလိုက်၏။
"ဒါက ဝိုင်အရက်ကောင်းလေးပဲ...ဝိုင်အရက်ကောင်းလေး"
ကျောင်းတော်သားသည် ဘူးသီးခြောက်အဖုံးကိုဖွင့်ကာ အနံ့ခံကြည့်ပြီးနောက် မူးယစ်ရီဝေသွားသော မျက်နှာအမူအယာမျိုး ထင်ဟပ်လာသည်။သူသည် သူ့၏လက်ဝါးကိုဆန့်တန်းကာ ချီယီထုံကို အစိမ်းရောင်နွားထီးပေါ်သို့ ဆွဲတင်လိုက်သည်။
ထိုအစိမ်းရောင်နွားထီးသည် မီးဖိုချောင်ထံဦးတည်၍ တရွေ့ရွေ့လျှောက်လှမ်းသွားတော့သည်။
အချိန်တခဏကြာပြီးနောက်....
မွှေးပျံ့သော ပဲတီစိမ်းထမင်းကြော်တစ်ပန်းကန်ရရှိလာခဲ့သည်။
ရီဖုန်းသည် အလွန်စိတ်ကျေနပ်နေလေ၏။
"ဒီတပည့်က ဆရာ့ဆီကနေ ခွင့်ပြုချက်တစ်ခုကို တောင်းခံချင်ပါတယ်"
ထိုအချိန်မှာပင် ရိုးရှင်းသောဝတ်စုံတစ်စုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ချဥ်းကပ်လာကာ ဒူးထောက်ပြီး ရိုသေလေးစားစွာပြောဆိုသည်။
"ဆရာ ကျွန်တော့်ရဲ့အိမ်မှာ ကိစ္စတစ်ခုဖြစ်သွားခဲ့တယ်...ဒါကြောင့် ကျွန်တော် ပြန်သွားဖို့ လိုအပ်တယ်...ကျွန်တော်က ဆရာ့ရဲ့ခွင့်ပြုချက်ကို လာပြီးတောင်းခံတာပါ"
"အော် မင်းက နံပါတ်ဘယ်လောက်လဲ...ပြီးတော့ မင်းရဲ့နာမည် ငါ့ကို ထပ်ပြောပါအုံး"
ရီဖုန်းသည် ထမင်းကြော်ပန်းကန်ကို ဘေးသို့ချလိုက်သည်။ရီဖုန်းသည် ဤတပည့်ကို ခေါ်ယူခဲ့သော်လည်း ရောက်ရှိလာသည်မှာ မကြာသေးသဖြင့် သူ၏နံပါတ်စဥ် နာမည်တို့နှင့် ပတ်သတ်ပြီးမသိရှိချေ။
"ဆရာ ဒီတပည့်က နံပါတ်နှစ်ဆယ့်ရှစ်ဖြစ်ပြီးတော့ ရှောင်ကျန်းလို့ ခေါ်ပါတယ်"
လူငယ်က ရိုသေလေးစားစွာပြောဆိုသည်။
"အော်..နှစ်ဆယ့်ရှစ်လား...ဘာအရေးကြီးကိစ္စ မင်းရဲ့အိမ်မှာရှိနေလို့ မင်း ချက်ချင်းပြန်ဖို့ လိုအပ်တာလဲ"
ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"ဆရာ ကျွန်တော်ရဲ့မိသားစုမှာ လက်ထပ်စာချုပ်တစ်ခုရှိတယ်...ဒါပေမဲ့ ရှေ့အလားအလာကောင်းတွေရှိတဲ့ သတို့သမီးလောင်းက ကျွန်တော်မိသားစုရဲ့အဆင့်အတန်း နိမ့်ပါးတာကို သဘောမကျဖြစ်ပြီးတော့ ကျွန်တော့်ရဲ့ပါရမီအရည်အချင်းကလည်း မလုံလောက်ဘူးလို့ သူက တွေးထင်ခဲ့တယ်...သူက ကျွန်တော်ရဲ့အိမ်ကိုလာပြီးတော့ စေ့စပ်ပွဲကိုဖျက်သိမ်းဖို့ ကျွန်တော့်ကို ဖိအားပေးနေတယ်"
ရှောင်ကျန်း၏မျက်လုံးများအတွင်းတွင် ထိုင်းမှိုင်းမှုများနှင့်နာကျင်မှုများ ထင်ဟပ်နေကာ သူ့၏ခေါင်းကို အောက်သို့ငုံထားသည်။
"စေ့စပ်ပွဲကို ဖျက်သိမ်းတာလား"
ရီဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ နာကြည်းမုန်းတီးမှုကို ဖိတ်ခေါ်သောကိစ္စပင်။
အကယ်၍ သူ့၏တပည့်သည် စေ့စပ်ပွဲကိုဖျက်သိမ်းရန် ဖိအားပေးခံရပါက ဆရာသခင်ဖြစ်သော သူ့အနေဖြင့် တစ်စုံတစ်ခုကိုပြုလုပ်ရပေမည်။
"ဒီလိုဆိုမှတော့ မင်း အိမ်ပြန်လို့ရတယ်..ငါက မင်းကိုကူညီဖို့အတွက် မင်းရဲ့စီနီယာအစ်ကိုအစ်မတချို့ကို ထည့်ပေးလိုက်မယ်"
ဤတပည့်သည် ဘေးဒုက္ခများဖြင့် ရင်ဆိုင်ရမည်ကို ရီဖုန်းက စိုးရိမ်ပူပန်မိသည်။ထိုကြောင့်သူသည် လူများများစေလွှတ်လိုက်ပါက ရှောင်ကျန်းကို ကူညီထောက်ပံ့ပေးနိုင်ပေမည်။သူသည် နောက်သို့ချာခနဲလှည့်ကာ စုယွင်ယွင်ကို ညွှန်ကြားလိုက်၏။
"တပည့် နှစ်ဆယ့်ရှစ်ကို အဖော်ပြုပြီးတော့ မင်း ဒီခရီးကို သွားလိုက်စမ်း..တခြားတပည့်တွေကိုလည်း ထပ်ပြီးခေါ်သွားလိုက်အုံး"
"ဟုတ်ကဲ့ပါ ဆရာသခင်"
စုယွင်ယွင်က ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်သည်။
တချိန်တည်းမှာပင် သူမ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။
သူမ၏ဂျူနီယာမောင်လေးကို အနိုင်ကျင့်ဝံ့သည်မှာ အလွယ်ပြောရပါက ထိုလူများသည် သေလမ်းရှာဖွေနေခြင်းပင်။
ရှောင်ကျန်း၏မျက်လုံးများသည်လည်း တောက်ပသွားပေ၏။
သူ့ထံ၌ မည်သည်ကျင့်ကြံဆင့်စွမ်းအားမျှ ရှိမနေဘဲ ယခုမှ စတင်သင်ယူကာစဖြစ်သဖြင့် အိမ်သို့ပြန်ရန် ဤလမ်းခရီးတွင် သူ့ထံ၌ ယုံကြည်ချက်တစ်ခုတစ်လေမျှရှိမနေချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ သူနှင့်အတူ စီနီယာအစ်ကိုအစ်မများကို ခေါ်ဆောင်သွားရမည်ဖြစ်သောကြောင့် သူတို့၏ခွန်အားကို သူ မသိရှိသည့်တိုင် သူ့၏စိတ်နှလုံးသားအတွင်း၌ စိတ်အေးချမ်းမှုတချို့ ရရှိသွားသည်။
Thank For Reading.