ကိုယ်ပွား
Vol. 1 Ch. 1
ရှုကျိုးသည် သူ့မိသားစု၏ အပြင်ဘက် ခြံဝန်းထဲတွင် ထိုင်၍ မြေပြင်ပေါ်ရှိ ကြီးမားသော ကြက်ဖကြီးတစ်ကောင်အား တအံ့တဩဖြင့် စိုက်ကြည့်နေလျက်ရှိ၏။
“ ဒီမှာ ဘာတွေ ဖြစ်နေတာလဲဟ? “
ထိုစဥ် သူသည် သူ၏စိတ်ထဲတွင် အသိစိတ်နှစ်ခုရှိနေသည်ဟု ခံစားနေရလေသည်။
တစ်ခုမှာ သူ၏ ကိုယ်ပိုင် အသိစိတ်ဖြစ်ပြီး၊ တစ်ခြားသော တစ်ခုမှာကား ….
ထိုကြက်ဖကြီး၏ အသိစိတ်ပင် ဖြစ်သည်။
“ အူးးးးး “
ကြက်ဖကြီးသည် ၎င်း၏ခေါင်းကိုစောင်း၍ စိတ်ရှုပ်ထွေးနေဟန်ဖြင့် အော်ဟစ်တွန်မြည်လာခဲ့သည်။
၎င်းသည် နှမ်းကဲ့သို့ အကွက်အကွက်များပါရှိသော အဝါရောင် အမွှေးများ၊ ရဲရဲတောက်နေသော အမောက်နှင့် သန်စွမ်းသော ကိုယ်ထည်အား ပိုင်ဆိုင်ထားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် ၎င်း၏ ခြေထောက်များသည် ကြိုးဖြင့် တုပ်နှောင်ခံထားရပြီး၊ မြေပြင်ပေါ်တွင် လှဲလျောင်းနေခဲ့ရသည်။
တစ်ခဏခန့် ကြည့်ရှုခဲ့ပြီးသည့်နောက်၌ ရှုကျိုးသည် အဆိုပါ ကြက်ဖကြီးက သူကိုယ်တိုင် ဖြစ်နေသည်ဆိုသည်ကို အံ့အားသင့်စွာ အတည်ပြုလာနိုင်တော့၏။
ရှုကျိုးသည် ခြေထောက်များ အချည်ခံထားရပြီး၊ သက်တောင့်သက်သာ မရှိဖြစ်နေသော ကြက်ဖကြီးကိုပင် သနားသွားခဲ့သည်။
“ ဘယ်လိုလုပ်ပြီးတော့ ဒီလို ဖြစ်လာရတာလဲ? “ ရှုကျိုးကား အနည်းငယ် မှင်သက်နေခဲ့သည်။
ထိုစဥ် သူသည် မူးဝေမှုကို ရုတ်တရက် ခံစားလိုက်ရပြီး၊ မရေမတွက်နိုင်လောက်သည်အထိ များပြားလှသော ဖရိုဖရဲဖြစ်နေသည့် မှတ်ဉာဏ်များသည် သူ၏ခေါင်းထဲသို့ တိုးဝှေ့ ဝင်ရောက်လာခဲ့သည်။
တစ်ခဏခန့် ကြာပြီးသည့်နောက်၌ ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါယမ်းလိုက်ပြီး၊ သူ၏မျက်နှာကား အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ ကြယ်ပြာ …….
ဒဏ္ဍာရီဆန်ဆန် ပြန်လည် မွေးဖွားလာတာလား? “
ဤကမ္ဘာကြီးအား ကြယ်ပြာဟုခေါ်ဆိုကြပြီး၊ ၎င်းသည် ကမ္ဘာမြေကြီးနှင့် အလွန်တူညီလှသည်။
သို့သော် သူ၏စိတ်ထဲရှိ မှတ်ဉာဏ်များအရ၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ကျော်ခန့်က ဤကမ္ဘာကြီးထံတွင် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လသည် အနီရောင်ဖြစ်သွားပြီး၊ မှော်ဆန်သော စွမ်းအင်များသည် ကုန်းမြေအနှံ့ လွှမ်းခြုံလာခဲ့ကာ ကြယ်ပြာဂြိုဟ်တစ်ခုလုံး သိသိသာသာ ပြောင်းလဲသွားပြီး၊ အဆပေါင်းရာနှင့်ချီ၍ ကြယ်ပြန့်လာခဲ့သည်။
ထို့အပြင် မှော်ဆန်သော ပြန်လည် ရှင်သန်မှု လက္ခဏာရပ်များသည် ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော အဓိက တိုင်းပြည်ကြီးများတွင် ပေါ်ပေါက်လာခဲ့ပြီး၊ ဒဏ္ဍာရီထဲမှ သားရဲများစွာ ပေါ်ပေါက်လာခဲ့ပြီး၊ တစ်ကမ္ဘာလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
ဒဏ္ဍာရီထဲမှ ထူးဆန်းသော သားရဲများ၊ ရက်စက်ကြမ်းတမ်းသော ရှေးဟောင်းသားရဲများ၊ ဒဏ္ဍာရီထဲတွင်သာ တည်ရှိသည့် ကီလိုမီတာအရွယ်အစားရှိ ဘဟိမို့များ ….
( Behemothsလို့ ရိုက်ရှာကြည့်နိုင်ပါတယ်၊ ဒဏ္ဍာရီထဲက ဧရာမ သတ္တဝါကြီးတွေပါ၊ ဂေါ်ဇီလာကားထဲကလို ကောင်တွေပါ )
၎င်းတို့သာလျှင် မဟုတ်ဘဲ၊ တောနက်ထဲရှိ သားရဲရိုင်းများပင် ဗီဇပြောင်းသွားခဲ့သည်။
အဆိုပါ ဗီဇပြောင်း သတ္တဝါများသည် သိသိသာသာ ကြီးမားသွားသည့်အပြင် သာမန်လက်နက်များကိုပင် မကြောက်ကြတော့ပေ၊ ၎င်းတို့အား ကြီးမားသော အဖျက်အစီးစွမ်းအားရှိသည့် နျူကလီးယားလက်နက်များဖြင့်သာ ဟန့်တားနိုင်တော့မည် ဖြစ်သည်။
ဗီဇပြောင်းလဲခြင်း၏ အစောပိုင်းအဆင့်များ၌ အဆိုပါ သားရဲများသည် လူသားတို့အပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုလှိုင်းလုံးများ ပြုလုပ်ခဲ့ကြသည်။
တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းသည် လူသား ဆယ်သန်းခန့် သေဆုံးသွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းလှသော အမှောင်ခေတ်ပင်
ကံကောင်းထောက်မစွာဖြင့် အချိန် အတော်အတန်ကြာခဲ့ပြီးသည့်နောက်၌ လူသားတို့အကြားတွင် အံ့ဩဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော သိုင်းပညာရှင်များ နိုးထလာခဲ့သည်။
နိုးထလာခဲ့ပြီးသည့်နောက်၌ အဆိုပါ သိုင်းပညာရှင်များသည် နျူကလီးယား လက်နက်ထပ် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး၊ လူသားတို့အား တစ်ခဏခန့် အသက်ရှူချောင်သွားစေခဲ့သည်။
၎င်းအား သိုင်းပညာရှင်များ နိုးထလာသော ခေတ်တစ်ခေတ်၏ အစကနဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။
“ ဆိုတော့ ဒီကမ္ဘာကြီးက ဘယ်လို ကမ္ဘာကြီးလဲ? “ ရှုကျိုးသည် အသက်အား ပြင်းပြင်းရှရှ ရှူရှိုက်နေတော့၏။
သူသည် ဤသည်မှာ အပြိုင်ကမ္ဘာတစ်ခုဟုသာ ထင်နေခဲ့ခြင်း ဖြစ်သည်၊ သို့သော် ဤကမ္ဘာကြီးသည် ထိုမျှလောက် အန္တရာယ်များနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့ရာတွင် ကြက်ဖကိုယ်ပွား၏ ဖြစ်တည်မှုကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သောကြောင့် အဆိုပါ ရှာဖွေတွေ့ရှိမှုက သူ့အား များစွာမအံ့ဩသွားစေခဲ့ပေ။
“ တော့တော့ တော့တော့ “
ထိုစဥ် နူးညံ့သိမ်မွေ့သော အသွင်အပြင်ဖြင့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး လမ်းလျှောက်လာခဲ့သည်။
“ ကျိုးလေး၊ ဗိုက်ဆာနေပြီလား? အမေက ဒီနေ့ညစာအတွက် သူဖုန်းစားကြက်သားဟင်း ချက်နေတာ “
( ကြက်သားဟင်းတစ်ခုပါ၊ အသေးစိတ် သိချင်ရင်တော့ Beggar’s Chickenလို့ ရိုက်ရှာကြည့်နိုင်ပါတယ် )
လီယန်ဖင်းသည် နောက်ဘက်သို့ လမ်းလျှောက်သွားပြီး၊ မြေပြင်ပေါ်တွင် ချည်နှောင်ခံထားရသည့် ကြက်ဖကြီးကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်သွားကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အထိတ်တလန့်ဖြစ်သွားပြီး၊ ကြက်ကို ကာကွယ်ရန်အတွက် အလောတကြီး ထရပ်ကာ အလျင်စလို ပြောလာတော့သည် “ အမေ၊ အဲ့တာကို မသတ်ပါနဲ့ “
“ ဘာဖြစ်တာလဲ? “ လီယန်ဖင်းသည် သူ့အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လာခဲ့သည်။
ရှုကျိုးသည် သင့်လျော်သော အကြောင်းပြချက်ကို အချိန်မှီ မစဥ်းစားနိုင်ခဲ့ဘဲ၊ ကူရာကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းသပ်ကာ ပြောလာခဲ့သည် “ သားက အဲ့တာကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားချင်လို့ပါ “
ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်၌ သူသည် လီယန်ဖင်းလက်ထဲမှ ကြက်ကို ဆွဲလုလိုက်ပြီး၊ အခန်းထဲသို့ လျင်မြန်စွာ ပြေးသွားတော့၏။
“ ဒီကောင်စုတ်လေးကတော့၊ ကြက်ကို ဘာအတွက် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးချင်နေရတာလဲ? “ လီယန်ဖင်းသည် သိလိုစိတ်ဖြင့် ရွေရွတ်ပြောဆိုနေတော့၏။
သူမသည် ခေါင်းကို ခါလိုက်သော်လည်း သူ့အား မတားဆီးခဲ့ပေ။
ရက်အနည်းငယ်ခန့် ကြာခဲ့ပြီးသည့်နောက်၌ သူပျင်းရိသွား၍ သူမတို့သည် ၎င်းအား ဟင်းအဖြစ် ချက်စားနိုင်မည်ဟုသာ တွေးနေတော့သည်။
ရှုကျိုးသည် ကြက်ဖကို ကိုင်ထားကာ၊ ကြိုးကို ဖြတ်ရန်အတွက် ကတ်ကြေးယူလိုက်ပြီး၊ စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
ယခုမှ ဝိညာဥ် ကူးပြောင်းလာကာစ ဖြစ်သောကြောင့်၊ သူသည် သူ၏မိသားစုနှင့် ထိတွေ့ဆက်ဆံရန် အသင့်မဖြစ်သေးပေ။
မူလခန္ဓာကိုယ်သည် မိဘနှစ်ပါးစလုံး သက်ရှိ ထင်ရှားရှိနေသည့် မိသားစုတစ်ခုမှ အထက်တန်းကျောင်းသားတစ်ဦးနှင့် သက်ဆိုင်နေခဲ့သည်၊ သူမသည် မိထွေးတစ်ဦးဖြစ်သည်။
သို့သော် စင်ဒရဲလားကဲ့သို့ ပုံပြင်များထဲမှ မိစ္ဆာမိထွေးများနှင့် မတူဘဲ၊ သူမသည် မူလခန္ဓာကိုယ်အတွက် အမှန်တကယ် ကောင်းမွန်နေခဲ့သည်။
ထို့အပြင် သူ့ထံတွင် အဆိုပါ မိထွေး၏ သမီးဖြစ်သည့် အစ်မတစ်ဦးလည်း ရှိသေးသည်။
သူမသည် လင်းဂျန် ပထမအထက်တန်းကျောင်း၏ နှစ်စဥ်အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး ဆယ်ဦးစာရင်းအထိ ဝင်ရောက်နိုင်သည့် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် မူလခန္ဓာကိုယ်သည် အားနည်းလှပြီး၊ ကလေးဘဝကတည်းက ဖျားနာလေ့ရှိကာ အသေးနှင့် အကြီးစား ဖျားနာမှုများ ဖြစ်တတ်ပြီး၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဟိုင်ပေါ့လီစီးမီးယားရောဂါပင် ခံစားနေခဲ့ရသည်။
( လူတစ်ယောက်ရဲ့ သွေးတွင်းသကြားဓာတ်က ပုံမှန်အောက် ရောက်နေတဲ့ ရောဂါပါ၊ ရောဂွ လက္ခဏာတွေကတော့ တုန်ရင်ခြင်း၊ ချွေးထွက်ခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်နှုန်း မြန်ဆန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်းစသည်ဖြင့် …… )
ဤတစ်ကြိမ်၌ သူသည် အဆိုပါ ရောဂါကြောင့်ပင် ရုတ်တရက် မေ့မျောသွားခဲ့ပြီး၊ ကံကောင်းထောက်မစွာဖြင့် အိမ်တွင် လူမရှိသည့်အချိန်တွင် ရှုကျိုးသည် ဝိညာဥ် ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကို တွေးတောနေသည့်အချိန်မှာပင် ရှုကျိုးသည် မူးဝေမှုကို နောက်ထပ်တစ်ကြိမ် ခံစားလာရတော့သည်။
သူ၏ အမူအရာ ပြောင်းလဲသွားတော့၏၊ ငါက နောက်တစ်ခါ မေ့လဲဦးမှာလား?
သို့သော် အပြာဖျော့ရောင် မျက်နှာပြင်တစ်ခုသာ ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။
ဒင် !!
[ လုပ်ဆောင်နေပါသည် ………. ]
[ ဝိညာဥ်နှစ်ခု ပါရှိသော အိမ်ရှင်ကို ရှာဖွေတွေ့ရှိပါသည်၊ စတင်နေပါပြီ ]
[ စတင်ခြင်း အောင်မြင်ပါပြီ !! ]
( အိမ်ရှင်လို့ သုံးပေးရမလား စနစ်ရှင်လို့ သုံးပေးရမလား၊ ကျွန်တော်တို့ novel author teams telegramမှာ လာပြောလို့ရပါတယ် )
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၇၁ကယ်လိုရီ
စိတ်ဝိညာဥ် : 1Hz
ကိုယ်ပွား : အကွက်အပြောက်ပါသော ကြက်ဖ
အဆင့် : ၀
အသားတင် အလေးချိန် : ၂ကီလိုဂရမ်
စွမ်းရည် : တစ်နေ့လျှင် တစ်ကီလိုဂရမ် ရရှိမည်
ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားသည့်အချိန်တွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ် စတင်မည် ဖြစ်သည်
“ … “
ရှုကျိုးသည် သူ့ရှေ့တွင် ရှိနေသည့် စကားလုံးများကို ကြည့်ကာ ရင်တလှပ်လှပ် ဖြစ်နေတော့သည်။
အဲ့တာများ …….
သူသည် ၎င်းကို အလျင်အမြန်လေ့လာကြည့်လိုက်ရာ သူနှင့် သူကိုယ်ပွား၊ နှစ်စလုံးမှာ အလွန်အားနည်းနေသည်ကို နားလည်သွားခဲ့သည်။
ကိုယ်ပွား၏ စွမ်းရည်ကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် ကြက်သေသေသွားခဲ့သည်။
တစ်နေ့ကို တစ်ကီလိုဂရမ် ရမယ်ဆိုတော့ ဘယ်လိုကြက်မျိုးလဲဟ?
ဒါမှမဟုတ် ဒီစွမ်းရည်က အစွမ်းတစ်ခုခုများလား?
သူတွေးတော စဥ်းစားနေသည့်အချိန်တွင် သူ့လက်ထဲရှိ ကြက်ဖသည် ရုတ်တရက် လည်ပင်းဆန့်ကာ တွန်မြည်လာခဲ့သည် “ အော် အီးအီး အွတ် “
ထို့နောက်၌ အမွှေးများ တုန်ရင်လာခဲ့ပြီး၊ ၎င်းသည် ထင်သာမြင်သာ ရှိသည်အထိ အရွယ်အစား ကြီးမားလာခဲ့ကာ ခေါင်းပေါ်ရှိ အမောက်မှာလည်း ပို၍လှပတင့်တယ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှုကျိုးသည် သူ့လက်များထဲရှိ တုန်ရင်မှုကို ခံစားလိုက်ရသည်။
သူသည် မျက်နှာပြင်ကို အမြန်ကြည့်လိုက်ရာ၊ အလေးချိန်သည် ၂ကီလိုဂရမ်မှ ၃ကီလိုဂရမ်အဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
“ ဒါက …. “
ရှုကျိုးသည် အဆိုပါ ဖြစ်ရပ်ကြောင့် လုံးဝမှင်သက်သွားခဲ့သည်။
ဘာမှတောင် မလုပ်ရသေးဘူးလေ၊ တစ်ကီလိုဂရမ် ရနေပြီလားဟ?
သို့သော် ထို့နောက်တွင် ဆာလောင်မှု လှိုင်းလုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကြက်ဖ၏ အမြင်တွင်ကား ၎င်း၏ အစာအိမ်သည် လုံးဝဗလာဖြစ်နေသည်ဟု ခံစားနေခဲ့ရပြီး၊ အလေးချိန် တစ်ကီလိုဂရမ် တိုးတက်သွားခဲ့သော်လည်း ၎င်းသည် မည်သို့မျှ မခံစားခဲ့ရပေ။
အဆိုပါ တစ်ကီလိုဂရမ်သည် ၎င်း၏ အစာအိမ်ထဲရှိ အစာများကို သုံးစွဲသွားခဲ့သည်မှာ သိသာလှပေသည်။
ရှုကျိုးကား စိတ်မပျက်သွားခဲ့ပေ၊ ထို့အစား သူသည် စတင်၍ တွေးတောနေတော့၏။
“ တစ်နေ့ကို တစ်ကီလိုဂရမ် ရမယ်ဆိုတော့၊ ရက်အနည်းငယ်အတွင်းမှာပဲ မျိုးစိတ် အကန့်အသတ်ကို ရောက်သွားမှာ မဟုတ်ဘူးလား? အဲ့အခါကျရင် ဘာဖြစ်လာမှာလဲ? “
ရှုကျိုးသည် သူ့လက်ထဲရှိ ကြက်ဖကို မျှော်လင့်တကြီးဖြင့် ကြည့်နေတော့သည်။
ဤသည်မှာ ဒဏ္ဍာရီဆန်ဆန် ပြန်လည် ရှင်သန်ထမြောက်လာခဲ့သော ကမ္ဘာမြေဖြစ်ပြီး၊ တစ်ပြိုင်နက်ဆိုသလိုပင် သိုင်းပညာရှင်များ အောင်ပွဲဆင်သော ခေတ်၊ ဒဏ္ဍာရီလာ သားရဲများ သောင်းကျန်းလာကြပြီး၊ ကျင့်ကြံသူများ လွှမ်းမိုးကြီးစိုးသော ခေတ်တစ်ခေတ် ဖြစ်တည်လာခဲ့သည်။
ဤနေရာ၌ သန်မာသော လက်သီးကသာလျှင် စစ်မှန်သော စည်းမျဥ်းဖြစ်သည်။
မူလကိုယ်၏ အားနည်းမှုနှင့် ဖျားနာမှုတို့ကြောင့် သူသည် ဤကမ္ဘာကြီး၌ အတော်လေး နောက်ကျကျန်နေခဲ့ပြီ ဖြစ်သည်။
သို့သော် ယခုတွင်ကား တစ်နေ့လျှင် တစ်ကီလိုဂရမ် ရရှိမည့် စွမ်းရည်နှင့်အတူ နောင်အနာဂတ်၌ သူ့ထံတွင် မရေမတွက်နိုင်လောက်အောင် များပြားသော အလားအလာများ ရှိလာတော့မည် ဖြစ်သည်။
“ ဟူးးးး “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူထုတ်လိုက်ပြီး၊ သူ့မျက်လုံးများထဲရှိ မျှော်လင့်ချက်မှာလည်း တဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။ ယခုတွင် ၎င်းကို တွေးတောစဥ်းစားရန် စောလွန်းနေသေးသည်။
ခန္ဓာနှစ်ခုစလုံးမှ ဆာလောင်မှုကို ခံစားလိုက်ရသဖြင့် ရှုကျိုးသည် ကြက်ကို မြေပြင်ပေါ်တွင် ချထားကာ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာတော့သည်။