ဒဏ္ဍာရီဆန်သော ပြောင်းလဲမှု၊ ကြယ်ပြာဂြိုဟ်သည် ရုတ်တရက် အဆပေါင်း ရာနှင့်ချီ၍ ကျယ်ပြန့်သွားပြီး၊ ဒဏ္ဍာရီထဲမှ မရေမတွက်နိုင်လောက်အောင် များပြားသော သားရဲများ ပြန်လည် ရှင်သန်နိုးထလာခဲ့ကာ ၎င်းတို့ ကြီးစိုးရာ ပိုင်နက် (သို့) နယ်မြေများ ပေါ်ပေါက်လာခဲ့သည်။ တရုတ်ဒဏ္ဍာရီထဲမှ ထူးဆန်းသော သားရဲများ၊ အနောက်တိုင်းဒဏ္ဍာရီထဲမှ ကမ္ဘာဖျက် သားရဲများ၊ ပင်လယ်အောက်မှ ဧရာမ နတ်ဆိုးကြီးများ………။ ရှုကျိုးသည် အန္တရာယ်များသော ဤအပြိုင်ကမ္ဘာကြီးဆီသို့ ရောက်ရှိလာခဲ့ပြီး၊ သူ့ထံတွင် ကြီးမားသော ကြက်ဖကိုယ်ပွားတစ်ခု ရှိနေသည်ကို ရှာတွေ့သွားခဲ့သည်။ ထို့အပြင် သူသည် အလေးချိန် တစ်ကီလိုဂရမ်ကို နေ့စဥ်နေ့တိုင်း ပိုင်ဆိုင်ရရှိသည့် စွမ်းရည်တစ်ခု ရရှိခဲ့သည်။ ၎င်းသည် ကိုယ်ပွား၏ ပြောင်းလဲမှုနှင့်အတူ တစ်နေ့လျှင် ၁၀၀၀ကီလိုဂရမ် (သို့) ၁၀၀၀၀ကီလိုဂရမ် စသည်ဖြင့် လိုက်ပါတိုးတက်သွားမည် ဖြစ်သည်။ ထိုအချိန်မှစ၍ အဆုံးအစမဲ့သော ကြီးထွားမှု စွမ်းရည်ဖြင့် မွေးဖွားလာခဲ့သော ခွန်တစ်ကောင်သည် ဒဏ္ဍာရီလာ သားရဲတစ်ကောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတော့လေသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်၌ “ ငါ့ရဲ့ လက်ရှိ အလေးချိန်က ၉၀ ထရီလီယံ ထရီလီယံ တန်ဖြစ်နေပြီ၊ ဒဏ္ဍာရီလာ သားရဲတစ်ကောင်ကိုတောင် လက်သီးတစ်ချက်နဲ့ သတ်နေနိုင်ပြီ “။ ကြယ်ရောင်စုံသော ကောင်းကင်ပြင်၌ ရှုကျိုးသည် လေဟာနယ်ထဲရှိ ဧရာမ ဒဏ္ဍာရီလာ သားရဲတစ်ကောင်အား သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေလျက်ရှိ၏၊ နောက်ထပ် စက္ကန့်အနည်းငယ်အကြာတွင်၊ ဂြိုဟ်တစ်လုံးအရွယ်ရှိ ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် …… ။

