ကမ္ဘာကြီး၏ အမှန်တရား
Vol. 15 Ch. 223
“ နောက်နှစ်လအကြာမှာ တစ်နိုင်ငံလုံးရဲ့ သိုင်းပညာတက္ကသိုလ် တစ်ခုချင်းစီက သူတို့ရဲ့ ဌာနနှစ်ခုစလုံးကနေ အထူးချွန်ဆုံး ကျောင်းသားကျောင်းသူတွေကို တတိယအဆင့်အထိ ရွေးချယ်ကြပြီးတော့ ပြိုင်ပွဲမှာ တိုက်ခိုက်ခိုင်းလိမ့်မယ် “
“ ထွက်လာတဲ့ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနရဲ့ ရှင်သန်ရေးကို ဆုံးဖြတ်လိမ့်မယ် “
ရှန့်ဝမ်ချန်း၏ အကြည့်သည် လူတိုင်းကို လွှမ်းခြုံလာခဲ့ပြီး၊ ဖြည်းညှင်းစွာ ပြောဆိုလာခဲ့သည် “ မင်းတို့ကို ဒီနေ့ဒီနေရာမှာ စုစည်းခိုင်းလိုက်ရတဲ့ အကြာင်းအရင်းကတော့ မင်းတို့တွေက ကွမ်ဟန် တက္ကသိုလ်က အစစ်အမှန် သိုင်းပညာဌာနရဲ့ အထူးချွန်ဆုံး ကျောင်းသူကျောင်းသားတွေ ဖြစ်နေလို့ပဲ “
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ရှုကျိုးအပါအဝင် လူအများစုသည် ထိုကဲ့သို့သော သတင်းမျိုးကို ပထမဦးဆုံး အကြိမ်အဖြစ် ကြားသိလိုက်ရခြင်းဖြစ်သည်။
ထိုအချိန်၌ ရှုကျိုးသည် တအံ့တဩဖြစ်သွားခဲ့သည်။
ဌာနမှူးစကားအရဆိုရင် လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးတော့ ကျန်တဲ့ဟာကို ဖျက်သိမ်းလိုက်တော့မှာလား?
ပြီးတော့ အဲ့တာကို တတိယအဆင့်အောက်က လူတွေရဲ့ တိုက်ပွဲတွေအပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်မယ်ပေါ့။
ဒါကြီးက တော်တော်ကြီးကို မြန်ဆန်လွန်းမနေဘူးလား?
သူတစ်ဦးသာလျှင် မဟုတ်ဘဲ တစ်ခြားလူများကပါ အဆိုပါ မေးခွန်းကို တွေးမိသွားပြီး၊ ဌာနမှူးကို မေးမြန်းနေကြတော့သည်။
အားလုံး၏ အမေးများနှင့် ရင်ဆိုင်ရသည့် အချိန်၌
ရှန့်ဝမ်ချန်းသည် အေးအေးလူလူ စကားပြောလာခဲ့သည် “ ရှေ့တန်းက အခြေအနေတွေက ကမောက်ကမဖြစ်နေတာကြောင့် လူသားမျိုးနွယ်စုက အချိန်အများကြီး ထပ်မစောင့်နိုင်ကြတော့ဘူး၊ ငါတို့က လမ်းကြောင်းတစ်ခုကို ရွေးမှဖြစ်တော့မယ် “
“ လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားနဲ့ အမြင့်ပိုင်း အဆင့်တွေရဲ့ ပြိုင်ဘက်ကင်းလမ်းကြောင်းကို ဖောက်လုပ်ရမယ် “
ထိုစကားလုံးများ ထွက်ပေါ်လာခဲ့သည်နှင့် တစ်ပြိုင်နက် အားလုံး၏ အားလုံး၏ စိတ်နှလုံးသားများ လှုပ်ခတ်သွားခဲ့သည်။
ချင်ဖုန်း၏ အမူအရာကပင် တလေးတနက် ဖြစ်သွားခဲ့သည်။
အမြင့်ပိုင်း အဆင့်များ၏ ပြိုင်ဘက်ကင်းလမ်းကြောင်း !!!
၎င်းမှာ နတ်သိုင်းဌာန၏ ရည်ရွယ်ချက်သာလျှင် မဟုတ်ဘဲ အစစ်အမှန် သိုင်းပညာဌာနက တစ်ချိန်လုံး လိုက်လံရှာဖွေနေခဲ့သည့် လမ်းကြောင်းတစ်ခုဖြစ်သည်။
ကျောင်းသူကျောင်းသား အများစုသည် ငယ်စဥ်ကတည်းက ယုံကြည်ချက်တစ်ခုကို ခံယူထားခဲ့ကြသည်။
သိုင်းပညာရှင်များသည် ယှဥ်ပြိုင်တိုက်ခိုက်ရမည်၊ တိုက်ရဲခိုက်ရဲရမည်။
၎င်းမှာ အရင်းအမြစ်များအတွက်သာလျှင် မဟုတ်ဘဲ၊ အဆိုပါ ပြိုင်ဘက်ကင်း လမ်းကြောင်းအတွက်သာလျှင် ဖြစ်သည်။
သတ္တမအဆင့်အောက်၌ အစစ်အမှန် သိုင်းပညာဌာနသည် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးခဲ့ပြီဖြစ်သည်။
သို့သော် သတ္တအဆင့်၏ အထက်အတွက်ကား …….
လမ်းကြောင်း ပြတ်တောက်သွားခဲ့သည်။
ရှုကျိုး၊ ကျန်းလန်နှင့် တစ်ခြားလူများသည် ဇဝေဇဝါဖြစ်သွားကြသည်။
“ ရှေ့တန်းက အခြေအနေတွေက ကမောက်ကမ ဖြစ်နေတာလား? “
သူတို့သည် သူတို့၏ ဆရာဖြစ်သူနှင့် ဌာနမှူးတို့က ပြောခဲ့သည့် ရှေ့တန်းနှင့် စစ်ပွဲဆိုသည့် စကားလုံးများက မည်သည့်အရာများ ဖြစ်လဲဆိုသည်ကို အဖြေရှာမရဖြစ်နေစဲပင် ဖြစ်သည်။
ရှန့်ဝမ်းချန်းသည် သူတို့ကို ငေးကြည့်ကာ သူတို့၏ အတွေးများကို သိနေပုံရပြီး၊ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည် “ ရှုကျိုး၊ မင်းတို့အားလုံးက ကွမ်ဟန်အကြောင်းကိုတော့ ကြားဖူးသင့်တယ်လေ၊ ဟုတ်တယ်မလား? “
ရှုကျိုးနှင့် တစ်ခြားလူများက ခေါင်းငြိမ့်ပြလိုက်သည်။
“ ငါပြောတဲ့ ရှေ့တန်းက ကွမ်ဟန်ရဲ့ အထက်မှာ ရှိတယ် “
ရှားဟောက်ချန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည် “ ဌာနမှူး၊ ကျွန်တော်တို့ရဲ့ ရန်သူက လပေါ်မှာလားဗျ? “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ အဲ့ကိစ္စတွေက မင်းတို့ ဒုတိယအဆင့်ကို ရောက်မှ သိခွင့်ရှိတဲ့ ကိစ္စတွေပဲ၊ ဒါပင်မဲ့ မင်းတို့ရဲ့ စွမ်းရည်တွေနဲ့ဆိုရင် မင်းတို့က ဒုတိယအဆင့်ကို မကြာခင်မှာပဲ ရောက်လာကြတော့မှာ၊ အဲ့တာကြောင့် မင်းတို့ကို ပြောပြရမယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး “
“ ဒီကမ္ဘာပေါ်ရှိတဲ့ လူတော်တော်များများက လူသားမျိုးနွယ်စုရဲ့ ရန်သူက ဗီဇပြောင်းသားရဲတွေလို့ပဲ ထင်နေကြတယ်။ တကယ်က အဲ့လို မဟုတ်ဘူး။ သားရဲမျိုးနွယ်စုနဲ့ လူသားမျိုးနွယ်က လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀လောက်ကတည်းက စာချုပ်ချုပ်ထားခဲ့ကြတယ် “
“ စာချုပ်ပါ အချက်အလက်တွေကတော့ စစ်ပွဲအားလုံးကို ရပ်တန့်ပြီးတော့ ကြယ်ပြာဂြိုလ်ကို ပူးပေါင်းကာကွယ်ကြဖို့ပဲ “
“ အဲ့တာက အံ့ဩဖို့မကောင်းဘူးလား? လူသားနဲ့ သားရဲတွေလို ကမ္ဘာမကြေရန်သူတွေက မဟာမိတ်တွေ ဖြစ်လာကြတယ်လေ “
“ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်၂၀၀တုန်းက လက ရုတ်တရက်ကြီး နှစ်ပိုင်းကွဲသွားခဲ့တယ်၊ တစ်ဖက်က ငါတို့နဲ့ သက်ဆိုင်တယ်၊ နောက်တစ်ဖက်ကတော့ …… နောက်ထပ် စကြာဝဌာတစ်ခုနဲ့ ဆိုင်တယ် “
ထိုစကားလုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှားဟောက်ချန်းနှင့် ကျန်းလန်တို့ကဲ့သို့သော ကျောင်းသူကျောင်းသားအသစ်အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ ကျောင်းသူကျောင်းသားဟောင်းတို့ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။
ရှားဟောက်ချန်းသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ လက နှစ်ပိုင်းကွဲသွားတာလား? ကျွန်တော်က အဲ့တာကို ဘာလို့ မမြင်ရတာလဲ? “
“ ဘာလို့လဲဆိုတော့ ကောင်းကင်ပေါ်မှာ ရှိတဲ့လက အတုဖြစ်နေလို့ပဲ “
ရှန့်ဝမ်ချန်းသည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ လတင်မဟုတ်ဘူး၊ မင်းတို့မြင်နေရတဲ့ ကောင်းကင်ကြီးကလည်း အတုပဲ။ ကျန်းမိသားစုက အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်က လေဟာနယ်ကို ချိတ်ပိတ်ထားခဲ့ပြီးတော့ ကောင်းကင်ရဲ့ ပုံရိပ်ယောင်ကို ဖန်တီးထားခဲ့တာ “
( ဟင်းလင်းပြင်နဲ့ လေဟာနယ်ကို အလျှင်းသင့်သလို အလှည့်ကျ အသုံးပြုသွားပါမယ် )
လူတိုင်း တုန်လှုပ်သွားကြသည်။
လက အတုလား?
ကောင်းကင်ကလည်း အတုကြီးပဲလား?
ငါတို့မြင်နေရတဲ့ အရာအားလုံးက အတုတွေပဲလား?
၎င်းမှာ သူတို့၏ အတွေးအမြင်များကို ပြောင်းပြန်လှန်သွားစေခဲ့သည်။
ကျန်းလန်မှ စကားဝင်ပြောလာခဲ့သည် “ ဘာလို့ အဲ့လိုလုပ်လိုက်ရတာလဲ? “
ရှန့်ဝမ်ချန်းသည် ခေါင်းကိုခါယမ်းကာ ဝမ်းနည်းတသဖြစ်နေသည့် အမူအရာမျိုးဖြင့် ပြောလာခဲ့သည် “ ဘာလို့လဲဆိုတော့ တကယ့်ကောင်းကင်အစစ်က လူတွေကို ကြောက်သွားစေနိုင်လို့ပဲ “
ကျန်းလျန်၏ ခန္ဓာကိုယ်လေး တုန်ရင်သွားခဲ့သည်။
ရှန့်ဝမ်ချန်း၏ မျက်လုံးများ ဝေဝါးသွားခဲ့သည်၊ ကြေကွဲဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု၊ ကောင်းကင်ဘုံ ပြိုကျခြင်း၊ ကြယ်ကြွေခြင်း၊ နေရာအနှံ့ ပြန့်ကြဲနေသည့် အလောင်းများ ………….
ထိုအချိန်တွင် ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ဌာနမှူး၊ လရဲ့ တစ်ခြားတစ်ဖက်က တစ်ခြားကမ္ဘာတစ်ခုနဲ့ ဆိုင်နေတယ်လို့ ပြောခဲ့တယ်မလားဗျ? “
ရှန့်ဝမ်ချန်း သတိပြန်ဝင်လာခဲ့ပြီး၊ စကားဆက်ပြောလာခဲ့သည် “ ငါတို့နဲ့ဆိုင်တဲ့ လရဲ့တစ်ဖက်ခြမ်းကို ငါတို့က ကွမ်ဟန်နယ်မြေလို့ခေါ်ကြတယ်၊ တစ်ခြားတစ်ဖက်ကတော့ တစ်ခြားကမ္ဘာတစ်ခုနဲ့ သက်ဆိုင်နေတယ် “
“ ဘာလို့လဲဆိုတော့ မင်းက အဲ့ဒီဘက်ကို ရောက်သွားပြီးတော့ နောက်ပြန်လှည့်လိုက်မယ်ဆိုရင် ကြယ်ပြာဂြိုဟ်ကို မြင်ရတော့မှာ မဟုတ်လို့ပဲ။ မင်းက နောက်ထပ် အပြာရောင်ဂြိုဟ်တစ်လုံးကိုပဲ မြင်ရလိမ့်မယ် “
“ နောက်ထပ် အပြာရောင် ဂြိုဟ်တစ်လုံးလား? “
ရှုကျိုးနှင့် တစ်ခြားလူများ ဇဝေဇဝါ ဖြစ်သွားကြသည်။
“ ဟုတ်တယ်၊ အဲ့ဒီ ကမ္ဘာမှာလည်း ငါတို့က ကမ္ဘာ့ကြယ်လို့ ခေါ်ကြတဲ့ ကြယ်ပြာဂြိုဟ်တစ်ခု ရှိတယ် “
“ လူသားတွေနဲ့ သားရဲမျိုးနွယ်စုရဲ့ ဘုံရန်သူက အဲ့ကနေ ရောက်လာခဲ့တာပဲ …….. “
…
ထို့နောက်တွင် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး၊ ရှန့်ဝမ်ချန်း၏ အသံတစ်ခုတည်းသာလျှင် ပေါ်ထွက်နေခဲ့သည်။
သူသည် ကမ္ဘာ့ကြယ်ဟု ခေါ်ဆိုသည့် ကြယ်ပြာဂြိုဟ်အကြောင်းကို ရှင်းပြနေခဲ့သည်။
ကျောင်းသူကျောင်းသားဟောင်းများကပင် တိတ်တဆိတ်ဖြင့် သေချာအာရုံစိုက်၍ နားထောင်နေခဲ့ကြသည်။
သူတို့သည် အဆိုပါ အချက်အလက်များကို သိထားကြပြီးသားဖြစ်သော်လည်း ပထမဦးဆုံးအကြိမ်အဖြစ် ကြားသိလိုက်ရသကဲ့သို့ ခံစားနေကြရသည်။
ကမ္ဘာ့ကြယ်အကြောင်းကို မည်မျှပင် ကြားသိခဲ့ရပါစေ၊ ၎င်းသည် အမြဲလိုလို အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။
ကျောင်းသူကျောင်းသားဟောင်းများကပင် ထိုကဲ့သို့ ဖြစ်နေသောကြောင့် အသစ်လေးများသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
အဆိုပါ သင်ခန်းစာသည် ရှုကျိုးနှင့် တစ်ခြားလူများအတွက် ကမ္ဘာသစ်တစ်ခုပွင့်ဟလာသကဲ့သို့ ခံစားသွားခဲ့ရသည်။
ရှန့်ဝမ်ချန်း၏ စကားများအရ ကမ္ဘာ့ကြယ်သည် ကြယ်ပြာဂြိုဟ်နှင့် အလွန်တူညီသော ဂြိုဟ်တစ်လုံးဖြစ်သည်။
၎င်းထံတွင် နယ်မြေခုနစ်ခုနှင့် သမုဒ္ဒရာငါးစင်းရှိနေခဲ့သည်။
၎င်းက တစ်ခြားသော စကြာဝဌာတစ်ခုမှ ဖြစ်သည်ဟု သတ်မှတ်လိုက်ရသည်မှာ အဆိုပါ ဂြိုဟ်မှ နည်းပညာများသည် ဤဂြိုဟ်ပေါ်တွင် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိသောကြောင့် ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များသည် ၎င်းက စကြာဝဌာဆိုင်ရာ နိယာမများနှင့် သက်ဆိုင်နေလိမ့်မည်ဟု အကဲဖြတ်ခဲ့ကြသည်။
ကြယ်ပြာ ဂြိုဟ်၏ စည်းမျဥ်းစည်းကမ်းများသော်လည်းကောင်း၊ ဓာတုဗေဒဆိုင်ရာ နည်းပညာသော်လည်းကောင်း ဇီဝဗေဒဆိုင်ရာ နည်းပညာများသော်လည်းကောင်း၊ မည်သည့်အရာကမှ ထိုဂြိုဟ်ပေါ်တွင် အလုပ်ဖြစ်နေလိမ့်မည် မဟုတ်ပေ။
ထိုစကြာဝဌာ၌ အစွမ်းထက်သိုင်းပညာရှင်များကသာလျှင် ရှင်သန်နေထိုင်နိုင်မည် ဖြစ်သည်။
သို့သော် ၎င်းသည် ကမ္ဘာ့ကြယ်ပေါ်တွင် သာမန်လူသားများ မရှိဘူးဟု မဆိုလိုပေ။ အဆိုပါ ဂြိုဟ်ပေါ်ရှိ ဒေသခံများမှာ သေချာပေါက် ရှင်သန်နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။