အခန်း (၇၂၁-၇၂၃)
Vol. 49 Ch. 721-723
အပိုင်း ( 721 )
ကောင်းကင်ဘုံတာအိုအသစ်ကို သန့်စင်ခြင်း၊ ကောင်းကင်ဘုံ ကပ်ဘေး ဆင်းသက်ခြင်း ၂
ဟင်းလင်းပြင်အတွင်းတွင် ဆန်စေ့တစ်စေ့မျှ အရွယ်ရှိသည့် သေးငယ်သော မီးခိုးရောင် အလင်းစက်တစ်ခု မျောလွင့်နေလျက်ရှိသည်။
၎င်း၏ အရွယ်အစားကြောင့် ၎င်း၏ စွမ်းရည်ကို အထင်မသေးသင့်ပေ။
အဆိုပါ အလင်းစက်လေးသည် တိကျွမ်း၏ တာအိုနိယာမ အကုန်လုံးကို အော်ဟစ်ညီးတွားစေခဲ့ပြီး၊ သူတို့က အဆိုပါ အလင်းစက်လေး၏ အရှေ့တွင် ဒူးထောက်ချင်နေသည့်အလား ဖြစ်နေသည့် လူသားတစ်ဦးကဲ့သို့ စိတ်ခံစားချက်များကို ဖော်ပြလာစေခဲ့သည်။
၎င်းမှာ တာအိုထပ် သာလွန်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။
“ ကောင်းကင်ဘုံ တာအို “
တိကျွမ်း၏ စိတ်နှလုံးသားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားခဲ့ပြီး၊ သူ၏နားများ အူနေခဲ့သည်။
“သူက ကောင်းကင်ဘုံတာအိုကို တကယ်ကြီး ဖန်တီးခဲ့တာလား “
တိကျွမ်း၏ အကြည့်များသည် မီးခိုရောင် အလင်းစက်၏ နောက်တွင် ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ ရောက်ရှိသွားခဲ့သည်။
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင်လည်း မောပန်းနွမ်းနွယ်မှု အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိသည်။
သို့သော် သူအပျော်လွန်နေခဲ့လေသည်။
“ နောက်ဆုံးတော့လည်း အလုပ်ကြီးတစ်ခု ပြီးသွားခဲ့ပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ အရှေ့တွင် ရှိနေသည့် မီးခိုးရောင် အလင်းစက်ကို ကြည့်ကာ၊ ပျော်ရွှင်ဝမ်းမြောက်နေလျက်ရှိသည်။
သူသည် ကောင်းကင်ဘုံတာအိုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ၎င်းသည် သူတစ်ဦးတည်းနှင့်သာ သက်ဆိုင်သည့်၊ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိသည့် ကောင်းကင်ဘုံတာအို ဖြစ်နေခဲ့သည်။
သို့သော် စကြာဝဠာ၏ အစစ်အမှန် ကောင်းကင်ဘုံတာအိုနှင့် ယှဥ်လိုက်မည်ဆိုပါက၊ သူ၏ကောင်းကင်ဘုံတာအိုမှာ ကနဦးအဆင့်တွင်သာ ရှိနေသေးသည်။
၎င်းအား ဆယ်ကျော်သက် ကောင်းကင်ဘုံ တာအိုဟု သတ်မှတ်၍ရလေသည်။
သို့သော် ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ ၎င်းသည် တာအိုနိယာမ အားလုံးကို ချေမှုန်းရန် လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။
ဖျက်စီးခြင်း နိယာမကဲ့သို့သော အန္တိမ နိယာမများကပင် ၎င်း၏အရှေ့တွင် အလွယ်တကူ ပြိုကွဲသွားမည် ဖြစ်သည်။
“ ဝရုန်းးး “
ထိုအချိန်တွင် ကြည်လင်နေသည့် ကောင်းကင်ပြင်မှာ ချက်ချင်းမည်းမှောင်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မည်းမှောင်နေသော အတိဒုက္ခ တိမ်တိုက်များ စုဝေးလာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်တစ်သန်းကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားခဲ့သည်။
“ ကောင်းကင်ဘုံ ကပ်ဘေးလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
သူဖန်တီးထားခဲ့သည့် ကောင်းကင်ဘုံတာအိုက ဤကမ္ဘာက အသိအမှတ် မပြုသည့်ပုံပင်၊ ထို့ကြောင့်ပင် ကောင်းကင်ဘုံ ကပ်ဘေး ပေါ်ထွက်လာရခြင်းဖြစ်သည်။
၎င်းမှာ မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
ဤစကြာဝဠာ တစ်ခုလုံးကို ကောင်းကင်ဘုံ တာအို၏ စည်းမျဥ်းစည်းကမ်းများက ဝိုင်းရံထားခဲ့သည်။
ယခု ကြယ်တာရာ T-Rex နတ်ဘုရား ဖန်တီးထားသည့် ကောင်းကင်ဘုံတာအိုသည် ပုန်ကန်လိုက်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
အုပ်ချုပ်သူတစ်ဦးအနေဖြင့် သူ့လက်အောက်ငယ်သားက သူ့လက်မှ လွတ်မြောက်သွားခြင်းကို သူမည်ကဲ့သို့ သည်းခံနိုင်မည်နည်း
“ ကြည့်ရတာတော့ ကောင်းကင်ဘုံ တာအိုက စိတ်ခံစားချက်မရှိ၊ လိုအင်ဆန္ဒ မရှိဘူးဆိုတဲ့စကားက လုံးဝမှန်မနေဘူးပဲ “
ကောင်းကင်ဘုံ ကပ်ဘေးနှင့် ရင်ဆိုင်နေရသော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသားမှာ အလွန်တရာ အေးဆေးတည်ငြိမ်နေလျက်ရှိသည်။
ကောင်းကင်ဘုံ တာအိုမှာ သူ့ကို အသိအမှတ်မပြုသောကြောင့်၊ သူသည် သူ၏ကိုယ်ပိုင် ကောင်းကင်ဘုံ တာအိုကို ဖန်တီးရန် ဆုံးဖြတ်လိုက်ရသည်။
ယခုတွင်ကား ကောင်းကင်ဘုံ တာအိုအသစ် ဖန်တီးခြင်းမှာ မူလကောင်းကင်ဘုံ တာအိုကို ဒေါသထွက်သွားစေခဲ့ပြီး၊ သူ့ကို သုတ်သင်ဖယ်ရှားရန်အတွက် ကပ်ဘေးများကိုပင် ခေါ်ဆောင်လာခဲ့သည်။
ထိုကဲ့သို့သော ကပ်ဘေးမှာ သာမန်ထပ်ပိုနေမည် ဖြစ်သည်။
၎င်း၏ စွမ်းအင်လှိုင်း အတက်အကျကို အာရုံခံကြည့်နေရင်းဖြင့် ၎င်းက သူ့အား သေချာပေါက် သုတ်သင်ဖယ်ရှားလိုနေသည်ကို သိရှိသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် အဆိုပါ စွမ်းအင်လှိုင်းကပင် မည်သည့်အထွတ်အထိပ် ပညာရှင်ကိုမဆို ချေမှုန်းရန် လုံလုံလောက်လောက် အားကောင်းနေသောကြောင့် ဖြစ်သည်။
“ တိကျွမ်း၊ အခုချက်ချင်း ထွက်သွားတော့ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။
တိကျွမ်းသည် သူ့ကိုကြည့်ကာ လေးလေးနက်နက် ပြန်ပြောလိုက်သည် “ မင်း ……. ဂရုစိုက်နော် “
ထို့နောက်တွင် သူသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ ကောင်းကင်ထက်ရှိ အတိဒုက္ခ မိုးတိမ်တိုက်များကို နောက်ဆုံးတစ်ခေါက် ငေးကြည့်ကာ၊ ကျောချမ်းသွားခဲ့သည် “ ဒီလိုကောင်းကင်ဘုံ ကပ်ဘေးမျိုးကို၊ အန္တိမ ပညာရှင်ကတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ငါ့သူငယ်ချင်း ……. မင်းတောင့်ထားမှဖြစ်မယ် “
သူသည် ၎င်းက ကြယ်တာရာ T-Rex နတ်ဘုရားအတွက် နောက်ဆုံးသော အတားအဆီးဆိုသည်ကို သိနေခဲ့သည်။
၎င်းကို ကျော်ဖြတ်နိုင်သည်နှင့်တစ်ပြိုင်နက်၊ သူ၏လမ်းကို မည်သူကမှ တားဆီးနိုင်တော့မည် မဟုတ်ပေ။
အန္တိမ နယ်ပယ်နှင့် ကျော်ဖြတ်ခြင်းတို့ကိုပင် လက်လှမ်းမှီသွားမည် ဖြစ်သည်။
တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို နက်နက်နဲနဲ ငေးကြည့်ကာ အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ကောင်းကင်ဘုံ ကပ်ဘေး ဆင်းသက်လာတော့မည်ဖြစ်သောကြောင့် သူဤနေရာမှ ထွက်သွားရမည် ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘဲ သူပါဝင်ပတ်သက်မိသွားမည်ဆိုပါက၊ သူသေဆုံးသွားရုံတင် မဟုတ်ဘဲ၊ ကြယ်တာရာ T-Rex နတ်ဘုရား ရင်ဆိုင်ရမည့် ကပ်ဘေးမှာ ပိုမိုအားကောင်းပြင်းထန်သွားမည် ဖြစ်သည်။
…
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ထက်ရှိ ကြောက်မက်ဖွယ်ကောင်းသော လှုပ်ခတ်မှုများကို လျစ်လျူရှုထားခဲ့သည်။
ကောင်းကင်ဘုံ ကပ်ဘေး အမှန်တကယ် ဆင်းသက်လာရန်အတွက် တစ်ခဏခန့် အချိန်ယူရမည် ဖြစ်သည်။
အချိန်ပိုယူရလေလေ၊ အဆိုပါ ကပ်ဘေးက ပိုမိုကြောက်စရာကောင်းလေလေ ဖြစ်သည်။
ထိုကာလအတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာ မည်သို့မျှ ပုန်းအောင်းနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သူက ပင်လယ်အနက်ပိုင်းသို့ သွားရောက်ပုန်းအောင်းနေမည်ဆိုလျှင်တောင်မှ၊ ကပ်ဘေးသည် အရာအားလုံးကို ကျော်ဖြတ်ထိုးဖောက်ကာ၊ သူ့ထံသို့ တိုက်ရိုက်ဆင်းသက်လာမည် ဖြစ်သည်။
ထို့ကြောင့် ထိုအချိန်အား သူ့ကိုယ်သူ အားကောင်းလာစေရန်အတွက်သာ အသုံးချသင့်ပေသည်။
“ လာစမ်း “
သူသည် သူ၏ပါးစပ်ကို ကျယ်ကျယ်ဟကာ၊ မီးခိုးရောင် အလင်းစက်ကို မြိုချလိုက်သည်။
တိကျွမ်းကသာ အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားခဲ့မည်ဆိုပါက၊ နောက်ထပ်တစ်ကြိမ် ထပ်မံ၍ အံ့ဩတုန်လှုပ်သွားမည် ဖြစ်သည်။
ကောင်းကင်ဘုံတာအိုကို မြိုချခြင်း၊ ၎င်းက တစ်ကြိမ်တစ်ခါမှ မကြားဖူးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို မြိုချရန်သပ်သပ်သာ ကြံရွယ်ထားခြင်း မဟုတ်ဘဲ၊ ၎င်းကို သန့်စင်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
အကယ်၍ ၎င်းကသာ ဤစကြာဝဠာ၏ မူလကောင်းကင်ဘုံ တာအိုဖြစ်နေမည်ဆိုပါက၊ သူထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် သူမြိုချလိုက်သည့် ကောင်းကင်ဘုံ တာအိုကမူ သူဖန်တီးထားခဲ့သည့် အရာဖြစ်နေသောကြောင့် ၎င်းကို သန့်စင်ခြင်းမှာ ပိုမိုလွယ်ကူချောမွေ့နေမည် ဖြစ်သည်။
သို့သော် သူသည် အလွန်တရာ အားကောင်းသော စိတ်ဆန္ဒတစ်ခုကို အာရုံခံမိနေသေးသည်။
“ ဗွီ “
သူ၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ပေါက်ထွက်လာခဲ့သည်။
“ ဒီစိတ်ဆန္ဒက ……… ကောင်းကင်ဘုံတာအိုဆိုတဲ့ နာမည်နဲ့ တကယ်ထိုက်တန်တာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။
၎င်းက ဆယ်ကျော်သက်အရွယ် ကောင်းကင်ဘုံ တာအိုဖြစ်နေခဲ့သော်လည်း၊ ကိုယ်ပိုင်စိတ်ဆန္ဒကို မွေးဖွားပေးနိုင်ခဲ့ပြီ ဖြစ်သည်။
သူဖန်တီးထားခဲ့သည့် အရာဖြစ်နေခဲ့သော်လည်း၊ ၎င်းသည် အရာအားလုံး၏ အထက်တွင် ရှိနေသည့် သူကြားဝင်စွက်ဖက်နိုင်စွမ်းထပ် ကျော်လွန်နေသော စိတ်ဆန္ဒတစ်ခုကို မွေးဖွားပေးခဲ့သည်။
၎င်းက ကောင်းကင်ဘုံ တာအိုပင် ဖြစ်သည်။
၎င်းသည် မည်သည့်အရာကိုမှ သူ၏အထက်တွင် ရှိနေခွင့်ပေးမည် မဟုတ်ပေ။
လူတစ်ဦးက ကျော်ဖြတ်ခြင်းကို မပြုလုပ်နိုင်ခဲ့ဘူးဆိုပါက၊ ကောင်းကင်ဘုံ တာအိုကို ဆန့်ကျင်ရန် ပြုလုပ်သည့် ကြိုးပမ်းမှုတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော နှိမ်နင်းမှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ စိတ်ဆန္ဒကို မလိုအပ်ဘဲ၊ ကောင်းကင်ဘုံ တာအိုက သူ့ထံတွင် အပြည့်အဝ အညံ့ခံလာရန်ကိုသာ လိုအပ်နေခဲ့သည်။
ထိုအချိန်မှသာလျှင် သူသည် ကောင်းကင်ဘုံတာအိုနှင့် အမှန်တကယ် ပေါင်းစည်းနိုင်မည် ဖြစ်သည်။
“ ဖိနှိပ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သန့်စင်သော နိယာမကို အသက်သွင်းကာ၊ မီးခိုးရောင် အလင်းစက်အတွင်းတွင် ရှိနေသည့် စိတ်ဆန္ဒကို အတင်းအကြပ် ဖိနှိပ်နေတော့သည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင် နန်းတော်အတွင်းတွင် တင်ပျဥ်ခွေထိုင်နေသည့် ရှေးဦးဝိညာဥ်သည် အရှေ့သို့ တက်လာခဲ့ကာ၊ အားကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်၊ ၎င်းမှာ မီးခိုးရောင် အလင်းစက်ကို ဖုံးလွှမ်းသွားခဲ့သည်။
“ ဇွီ ဇွီ “
သူ၏ကောင်းကင်ဘုံ တာအိုထံမှ ပုန်ကန်နေသည့် အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။
သို့သော် ၎င်းမှာ မွေးခါစနှင့် ကြယ်တာရာ T-Rex နတ်ဘုရားက ဖန်တီးခဲ့သည့် အရာတစ်ခုသာ ဖြစ်နေခဲ့သောကြောင့်၊ ရှေးဦးဝိညာဥ်၏ ကြီးမားသော ဖိအားအောက်တွင်၊ တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
သို့ရာတွင် ၎င်းမှာ မည်သို့မျှ အညံ့မခံလာသေးပေ။
ကောင်းကင်ဘုံ တာအိုသည် မြင့်မြတ်ကာ၊ ထာဝရတည်တံ့သည့် အရာတစ်ခု ဖြစ်သောကြောင့် မည်သူ့ကို အရှုံးပေးလိမ့်မည် မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ဖန်တီးမှု ဖြစ်နေမည်ဆိုလျှင်တောင်မှ၊ ကောင်းကင်ဘုံ တာအို၏ သဘာဝအရ သူသည် မည်သူ့ကိုမှ သူ့အထက်တွင် ရှိနေခွင့်ပေးမည် မဟုတ်ပေ။
“ သန့်စင် “
၎င်းကို နားလည်သွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် စကားပြောမနေတော့ဘဲ၊ သန့်စင်မှုကိုသာ ဆက်လက်လုပ်ဆောင်လုပ်နေတော့သည်။
ရှေးဦးဝိညာဥ်၏ အဆုံးမဲ့ စွမ်းအင်သည် ရှေးဦးဝိညာဥ် မီးတောက်အဖြစ် အသွင်ပြောင်းကာ၊ ကောင်းကင်ဘုံ တာအို၏ စိတ်ဆန္ဒကို ဆက်တိုက်အရည်ဖျော်နေတော့သည်။
သူသည် ကောင်းကင်ဘုံ တာအိုတစ်ခုလုံးကို သူ၏ကိုယ်ပိုင် ပုံစံအဖြစ် ပုံသွင်းရန် ကြံရွယ်ထားခဲ့သည်။
၎င်းက အသစ်စက်စက် ကောင်းကင်ဘုံ တာအိုတစ်ခုဖြစ်သော်လည်း၊ သန့်စင်ခြင်း ဖြစ်စဥ်မှာ အံ့ဖွယ်ကောင်းလောက်အောင် ကြာရှည်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီဝက် ကုန်ဆုံးသွားခဲ့သည်။
သန့်စင်ခြင်း ဖြစ်စဥ်မှာ မပြီးဆုံးသေးပေ။
ထို့အစား ကောင်းကင်ထက်ရှိ ထူထဲသိပ်သည်းနေသော ကပ်ဘေးတိမ်တိုက်များမှာ ပိုမိုများပြားလာခဲ့သည်။
၎င်းတို့သည် မိုင်သန်းနှင့်ချီ၍ ကျယ်ဝန်းသော ဧရိယာတစ်ဝိုက်ကို ဖုံးလွှမ်းနေခဲ့သည်။
“ ဂျိန်းးး “
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော မိုးခြိမ်းသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ သာမန်မိုးကြိုးမဟုတ်ပေ၊ အမျက်ဒေါသကို သယ်ဆောင်ထားသည့် ကောင်းကင်ဘုံ တာအို၏ အသံဖြစ်သည်။ ၎င်းမှာ ကောင်းကင်နှင့် ကမ္ဘာအကြားတွင် ပဲ့တင်ထပ်ပျံ့လွင့်နေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မည်းနက်နေသော မိုးကြိုးလျှပ်စီး ကပ်ဘေးမှာ ကောင်းကင်ထက်မှ စတင်၍ ဆင်းသက်လာခဲ့သည်။
ဝရုန်းး
ထိုအချိန်တွင် ကမ္ဘာတစ်ခုလုံး မှောင်မည်းသွားသည့်အလား ဖြစ်နေခဲ့သည်။
တာအိုနိယာမများကပင် အဆိုပါ ကပ်ဘေးအလင်းတန်းကြောင့် လည်ပတ်မှုများ ရပ်တန့်သွားခဲ့သည်။
အလယ်အလတ်အဆင့်သော်လည်းကောင်း၊ အဆင့်မြင့်သော်လည်းကောင်း၊ အန္တိမအဆင့်သော်လည်းကောင်း၊ အရာအားလုံး ရပ်ဆိုင်းသွားခဲ့သည်။
၎င်းမှာ ကောင်းကင်ဘုံ တာအို၏ ဘုန်းတန်ခိုး ဖြစ်သည်။
ကောင်းကင်ဘုံ တာအိုအောက်တွင် အရာအားလုံးက ပုရွက်ဆိတ်များသဖွယ် ဖြစ်နေမည် ဖြစ်သည်။
အန္တိမ နိယာမဆိုသည်မှာ ဤစကြာဝဠာ အတွင်းတွင်သာ တည်ရှိနေခြင်း ဖြစ်သောကြောင့်၊ ၎င်းတို့မှာလည်း ကောင်းကင်ဘုံ တာအို၏ အရှေ့တွင် ကျိုးပဲ့ပျက်စီးလွယ်နေမည်သာဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် တာအိုရာပေါင်းများစွာကို ဖန်တီးထားခဲ့ပြီး၊ ၎င်းတို့မှာလည်း ဤစကြာဝဠာနှင့် မည်သို့မျှ ချိတ်ဆက်မနေခဲ့ပေ။
“ သွား “
သူ၏လက်အတွင်းမှ နတ်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ဖရိုဖရဲ အလင်းတန်းသည် ကပ်ဘေးအလင်းတန်းနှင့် တွေ့ဆုံရန်အတွက် ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။
ဘုမ်းးး
ချက်ချင်းဆိုသလိုပင် အလင်းတန်းနှစ်ခု တိုက်မိသွားခဲ့သည်။
မူလနယ်မြေအတွင်းရှိ သက်ရှိသတ္တဝါတိုင်းမှာ နားပင်းသွားပုံရကာ၊ မည်သည့်အသံကိုမှ မကြားနိုင်ကြတော့ပေ။
၎င်းမှာ အသံမရှိခြင်း မဟုတ်ဘဲ၊ အသံက အလွန်တရာ ကျယ်လောင်နေသောကြောင့်၊ နားကွဲလုမတတ် ဖြစ်သွားရခြင်း ဖြစ်သည်။
၎င်းသည် ဤကမ္ဘာအတွင်းရှိ ဆူညံသံအားလုံးကို ဝါးမြိုသွားကာ၊ ကမ္ဘာတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။
ထို့နောက်တွင် အားကောင်းပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးအေးလူလူ ရပ်နေခဲ့ကာ၊ မုန်တိုင်းအား သူ့ကို ကျော်ဖြတ်ခွင့်ပြုလိုက်သည်။
“ ဆိုတော့ ကောင်းကင်ဘုံ ကပ်ဘေးဆိုတာက ဒီဟာလား။ အဲ့လောက်လည်း မဟုတ်ပါဘူး “
သူသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး၊ ကပ်ဘေးတိမ်တိုက်များက ပြန့်ကျဲမသွားဘဲ၊ ပိုမိုထူထပ်သိပ်သည်းလာသည်ကိုသာ မြင်တွေ့သွားခဲ့သည်။
ပထမဦးဆုံး ကပ်ဘေးလှိုင်းလုံး ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင်၊ ဒုတိယမြောက် လှိုင်းလုံးကပါ လျင်မြန်စွာ လိုက်ပါလာခဲ့သည်။
ဒုတိယ ကပ်ဘေးလှိုင်းသည် ပထမတစ်ခုထပ် ဆယ်ဆတိတိ ပိုမိုထူထဲသိပ်သည်းနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာရာနှင့်ချီ၍ ထူထဲသိပ်သည်းသော ကောင်းကင်ဘုံ ကပ်ဘေးတစ်ခု ဆင်းသက်လာခဲ့သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 722 )
ကောင်းကင်ဘုံ တာအိုကို ဖြုတ်ချသင့်တယ်
မီတာတစ်ရာကျော် ကျယ်ဝန်းသော ကောင်းကင်ဘုံ ကပ်ဘေးတစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ မီတာ တစ်သောင်း ရှည်လျားသော ခန္ဓာကိုယ်ကြီးနှင့် ယှဥ်လိုက်မည်ဆိုပါက ၎င်းက မထင်မရှားသေးငယ်နေပုံရသည်။
သို့သော် ၎င်းက သယ်ဆောင်လာသည့် အရှိန်အဝါသည် တစ်ကမ္ဘာလုံးကို လှုပ်ရမ်းသွားစေခဲ့သည်။
၎င်းမှာ ကောင်းကင်ဘုံ၏ ဘုန်းတန်ခိုးဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ သူ့လက်ထဲတွင် ရှိနေသည့် ဖရိုဖရဲ အလင်းတန်းကို အသက်သွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် တောက်ပသော နတ်အလင်းတန်းတစ်ခုမှာ လုံးဝန်းသော ဧရာမ ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကပ်ညိလာခဲ့သည်။
“ ဘုမ်းး “
ကောင်းကင်ဘုံ ကပ်ဘေး ဆင်းသက်လာခဲ့သည်။
မည်းနက်နေသော ကောင်းကင်ဘုံ မိုးကြိုးများက ကြယ်တာရာ T-Rex နတ်ဘုရား၏ ဒိုင်းကာကို တိုက်မိသွားသော အချိန်တွင် မျက်စိကျိန်းသွားစေလောက်သော အလင်းတန်းနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ တုန်ခါမှုလှိုင်းလုံးမှာ လျင်မြန်စွာ ပျံ့လွင့်သွားခဲ့သည်။
ယနေ့၌ မူလနယ်မြေအတွင်းတွင် ရှိနေသည့် လူတိုင်း၊ အန္တိမ အထွတ်အထိပ်မှ သာမန်လူများအထိ၊ အကုန်လုံးသည် ထိုစွမ်းအင်လှိုင်းအတက်အကျကို ခံစားသိရှိသွားကြသည်။
ကြယ်ပြာဂြိုဟ်တစ်ခုလုံးမှာ ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သေမျိုးများကို မဆိုထားနှင့်၊ အဌမအဆင့်နှင့် နဝမအဆင့် ပညာရှင်များကပင် အထိတ်တလန့် ဖြစ်နေကြသည်။
ကောင်းကင်ဘုံ ကပ်ဘေး၏ အလယ်ဗဟိုတွင် ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားကပင် ကြီးမားသော ဖိအားတစ်ခုကို ခံစားသွားခဲ့ရသည်။
“ ဒုတိယမြောက် ကပ်ဘေးက အရင်တစ်ခုထပ် ဆယ်ဆတောင် ပိုအားကောင်းနေတာပဲ “
“ ဒါပင်မဲ့ ငါတောင့်ခံနေနိုင်သေးတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဒိုင်းကာကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး၊ အပေါ်သို့ ထောင်တက်သွားတော့သည်။
တစ်ခဏ အကြာတွင် ဒုတိယမြောက် ကပ်ဘေးပါ ပြီးဆုံးသွားခဲ့သည်။
သို့ရာတွင် ကပ်ဘေးတိမ်တိုက်များမှာ ယခင်ကထပ် ပိုမိုထူထဲ သိပ်သည်းလာခဲ့သည်။
အနက်ရောင်နှင့် ခရမ်းရောင် လျှပ်စီးတို့သည် မိုးတိမ်တိုက်များအတွင်းတွင် အဆက်မပြတ် လင်းလက်နေလျက်ရှိပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
“ ဘုမ်းးးး “
ရုတ်တရက်ဆိုသလိုပင် တတိယမြောက် ကောင်းကင်ဘုံ ကပ်ဘေး ပေါ်ထွက်လာခဲ့သည်။
ကြီးမားသော ခရမ်းနက်ရောင် မိုးကြိုးအတိဒုက္ခသည် အနက်ရောင် မြစ်တစ်စင်းအလား မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းလာခဲ့သည်။
အဝေးမှ လှမ်းမျှော်ကြည့်ရှုလိုက်မည်ဆိုပါက၊ မီတာတစ်ထောင် ကျယ်ဝန်းသည့် မိုးကြိုးကပ်ဘေးက ကောင်းကင်ပြင်ကို ဖုံးအုပ်ကာ၊ နေမင်းကို ပိတ်ဆို့နေသကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
“ တတိယမြောက် ကောင်းကင်ဘုံ ကပ်ဘေးက ဒုတိယတစ်ခုထပ် အဆတစ်ရာ ပိုစွမ်းနေတာလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး၊ သူ၏လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဖန်တီးခြင်း
ချက်ချင်းဆိုသလိုပင် အန္တိမ နယ်မြေနှင့်ပင် ယှဥ်နေနိုင်သည့် ကြီးမားသော အစစ်အမှန် ကမ္ဘာတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ စွမ်းအားနှင့်ဆိုပါက၊ တကယ့်လက်တွေ့ဘဝမှ စကြာဝဠာနှင့် ဆင်တူသည့် အရာတစ်ခု ဖန်တီးရန်မှာ မည်သို့မျှ ခက်ခဲမနေတော့ပေ။
သို့ရာတွင် သူက ကောင်းကင်ဘုံ တာအိုကို အပြည့်အဝ မသန့်စင်နိုင်သေးသောကြောင့်၊ သူက စကြာဝဠာတစ်ခုကို ဖန်ဆင်းနိုင်ခဲ့မည်ဆိုလျှင်တောင်မှ၊ ၎င်းထံတွင် ချို့ယွင်းချက်များ ရှိနေဦးမည် ဖြစ်သည်။
သူက ကောင်းကင်ဘုံ တာအိုကို အပြည့်အဝ သန့်စင်နိုင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းကပါ အမှန်တကယ် ပြီးပြည့်စုံသွားမည် ဖြစ်သည်။
ယခုသူဖန်တီးထားသည့် ကမ္ဘာက ယခင်ကထပ် သာလွန်နေပြီဟု ပြောဆိုနိုင်ပေသည်။
သူဖန်တီးထားသော ကမ္ဘာအတွင်းတွင်၊ သူ၏စွမ်းအားမှာ အနည်းဆုံးအနေဖြင့် အဆတစ်ရာတိတိ မြင့်တက်လာနိုင်ပေသည်။
ဘုမ်း ဝုန်း အုမ်း
ကမ္ဘာကြီး အတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှိန်အဝါမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာကာ၊ အန္တိမ အထွတ်အထိပ်၏ အကန့်အသတ်ကိုပင် ကျော်လွန်သွားခဲ့သည်။
ယခုလက်ရှိ စွမ်းအားနှင့်သာဆိုပါက၊ ထိုနေ့က လူသားဧကရာဇ်ကို ထပ်မံ၍ ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ၊ သူရှုံးနေတော့မည် မဟုတ်ပေ။
“ သတ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အော်ဟစ်ကြုံးဝါးလာခဲ့ကာ၊ လျှပ်စီးတန်းတစ်ခုအဖြစ် အသွင်ပြောင်း၍ ကောင်းကင်ထက်သို့ ထောင်တက်သွားတော့သည်။
သူသည် လက်သီးတစ်လုံး ပစ်သွင်းကာ ကောင်းကင်ဘုံ ကပ်ဘေးကို တိုက်ခိုက်လိုက်သည်။
အပြင်လူများကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ နေရာမှာတင် ရူးသွပ်သွားနိုင်ပေသည်။
ကောင်းကင်ဘုံ ကပ်ဘေးနှင့် ရင်ဆိုင်ရချိန်တွင်၊ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုလုပ်ဘဲ၊ ထိပ်တိုက်ရင်ဆိုင်ကာပြန်လည် တိုက်ခိုက်ခြင်း
အဆိုပါ လုပ်ရပ်သည် ကောင်းကင်ဘုံ တာအိုကို ကောင်းစွာလှုံ့ဆော်ပေးကောင်းပေးသွားနိုင်သည်။
“ ဘုမ်းးး “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မီတာတစ်ထောင် ကျယ်ဝန်းသည့် ခရမ်းနက်ရောင် မိုးကြိုးကပ်ဘေးသည် မည်သို့မျှ မရပ်တန့်သွားဘဲ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို တိုက်ခိုက်လာခဲ့သည်။
တောက်ပသော လက်သီးအလင်းတန်းသည် ကောင်းကင်ယံသို့ ထောင်တက်လာခဲ့ပြီး၊ မိုးကြိုးကပ်ဘေးကို ဆန့်ကျင်ကာ၊ ကောင်းကင်ထက်သို့ ထိုးဖောက်လာခဲ့သည်။
“ ချိုးဖျက်စမ်း “
ကြယ်တာရာ T-Rex နတ်ဘုရား လက်ထဲတွင် ရှိနေသည့် နတ်အလင်းတန်းသည် ကပ်ဘေးအလင်းတန်ကိုပင် မည်းမှောင်သွားစေခဲ့သည်။
သူသည် တတိယမြောက် မိုးကြိုးကပ်ဘေးကို တစ်ချက်တည်းဖြင့် ဖျက်စီးနိုင်ခဲ့သည်။
“ ထပ်ရှိသေးတာလားဟ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ယံသို့ မော့ကြည့်လာခဲ့သည်။
ကောင်းကင်ဘုံ ကပ်ဘေးသုံးခုကို ဆက်တိုက်ရင်ဆိုင်ခဲ့ရကာ အသက်ပင် ဝဝမရှူနိုင်ခဲ့ပေ။
အကယ်၍ သူကသာ ပြန်လည်မွေးဖွားခြင်းဖြစ်စဥ်ကို မခံယူခဲ့ရဘူးဆိုပါက၊ ယခင်က သူ၏ရုပ်ခန္ဓာကပင် ကောင်းကင်ဘုံ ကပ်ဘေးသုံးခုအောက်တွင် အမှန်တကယ် ပျက်စီးသွားမည် ဖြစ်သည်။
ကောင်းကင်ဘုံ ကပ်ဘေးသည် ရုပ်ခန္ဓာကိုသာလျှင် မဟုတ်ဘဲ၊ ရှေးဦးဝိညာဥ်ကိုပါ ဖျက်စီးပစ်နိုင်ပေသည်။
ကပ်ဘေးကို မကျော်ဖြတ်နိုင်ဘူးဆိုပါက၊ မည်သို့မျှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ဘဲ၊ သေချာပေါက် သေဆုံးသွားရမည် ဖြစ်သည်။
“ ဗွီ “
ထိုအချိန်၌ ကောင်းကင်ထက်တွင် ရှိသည့် ကပ်ဘေးတိမ်တိုက်များမှာ ငြိမ်သက်သွားသည့်အလား ဖြစ်နေခဲ့သည်။
သို့သော် ၎င်းတို့သည် မည်သို့မျှ မပြန့်ကျဲသွားခဲ့ပေ၊ ထို့အစား အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် စုစည်းလာခဲ့သည်။
ကောင်းကင်ဘုံ တာအိုသည် ပို၍ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးတစ်ခုကို ဖန်တီးနေခဲ့သည်။
“ ခရက် ခရက် “
များပြားလွန်းလှသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပွင့်ထွက်လာခဲ့ပြီး၊ နိယာမ ပြိုကွဲခြင်းနှင့် တာအို ပြိုကွဲခြင်း ကမ္ဘာပျက်ကပ်မြင်ကွင်းများကို ဖော်ထုတ်ပြသလာခဲ့သည်။
စတုတ္ထမြောက် ကောင်းကင်ဘုံ ကပ်ဘေး မရောက်ရှိလာသေးပေ၊ သို့သော် ထိတ်လန့်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းလုံးကြီးများ ပေါ်ထွက်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကပင် အဆိုပါ စွမ်းအင်လှိုင်းကို ခံစားမိသွားကာ၊ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
“ စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးက ငါတို့ထင်ထားတာထပ်တောင် ပိုပြီးတော့ ကြောက်ဖို့ကောင်းနေနိုင်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့ကာ၊ လူသားဧကရာဇ်ဓား ပေါ်ထွက်လာခဲ့သည်။
သူ၏ အသက်နှင့်ရင်းကာ တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်။
“ ဘုမ်းးး “
ထိုစဥ် မှင်ကဲ့သို့ မည်းနက်ကာ အနီရောင် ခပ်ဖျော့ဖျော့သန်းနေသည့် မိုးကြိုးကပ်ဘေးတစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။
ဤတစ်ကြိမ် မိုးကြိုးကပ်ဘေးမှာ မီတာတစ်သောင်း ကျယ်ဝန်းနေခဲ့သည်။
ကောင်းကင်ပြင်တစ်ခုလုံးတွင် မိုးကြိုးကပ်ဘေး အလင်းတန်းဖြင့် ဖုံးလွှမ်းလုနီးပါး ဖြစ်သွားခဲ့သည်။
“ ဇွီ ”
မီတာတစ်သောင်း ကျယ်ဝန်းသည် မိုးကြိုးကပ်ဘေး ဆင်းသက်လာခဲ့ပြီး၊ ပြင်းထန်သော ဖိအားသော ပေါက်ထွက်လာခဲ့သည်။ ၎င်းမှာ သာမန်အန္တိမ နယ်ပယ်ထပ် ကျော်လွန်အားကောင်းနေပုံရသည်။
တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များကမူ ခန္ဓာကိုယ်များ ကွေးညွတ်သွားကာ၊ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားမည် ဖြစ်သည်။
အဆိုပါ ဖိအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ အထွတ်အထိပ် ပညာရှင်များ ခုခံနိုင်သည်ထပ် များစွာကျော်လွန်နေလျက်ရှိသည်။
အန္တိမ ပညာရှင်ကပင် အဆိုပါ ကောင်းကင်ဘုံ ဘုန်းတန်ခိုးနှင့် ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။
“ သတ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့ရာ၊ တောက်ပသော ဓားအလင်းတန်းမှာ ကောင်းကင်ယံသို့ ထိုးခွင်းသွားခဲ့သည်။
ဓားအလင်းတန်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကို ပိုင်းခြားသွားခဲ့သည်၊ များပြားလွန်းလှသော တာအိုများ ပေါ်ထွက်လာခဲ့ပြီး၊ အားလုံးသည် အဆိုပါ ဓားအလင်းတန်း၏ ခုတ်ပိုင်း ဖျက်စီးခြင်းကို ခံလိုက်ရသည်။
အဆိုပါ ဓား၏ စွမ်းအားမှာ အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့ပြီး၊ သမိုင်းကြောင်းတွင် စာတင်ရလောက်သည်အထိ ထူးခြားနေခဲ့သည်။
သို့သော် ထိုကဲ့သို့သော ဓားအလင်းတန်းကပင် မီတာ တစ်သောင်းကျယ်ဝန်းသည့် မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ရသော အခါတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်း ကွယ်ပျောက်သွားကာ၊ မိုးကြိုးကပ်ဘေး ဆင်းသက်လာခဲ့သည်။
“ ဘုမ်းးးး “
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများ စီးဆင်းလာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ကို မြေပြင်အတွင်းသို့ ဖိချလာခဲ့သည်။
“ ခရက် ခရက် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် ရာနှင့်ချီ(သို့) ထောင်နှင့်ချီသော အက်ကွဲကြောင်းများ တစ်ပြိုင်နက် ပေါ်ထွက်လာခဲ့သည်။
အဆိုပါ မိုးကြိုးကပ်ဘေး၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ပြန်လည်မွေးဖွားခြင်းကို ခံယူထားခဲ့ရသည့် ရုပ်ခန္ဓာကပင် ၎င်းကို မခုခံနိုင်ခဲ့ပေ။
……………………………………………………………………………………………………………………………………….
အပိုင်း ( 723 )
ကောင်းကင်ဘုံ တာအိုကို ဖြုတ်ချသင့်တယ် ၂
“ ချိုးဖျက် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အော်ဟစ်ကြုံးဝါးလာခဲ့ရာ၊ သူ၏ခန္ဓာကိုယ်ထံမှ တလက်လက် တောက်ပနေသည့် အဆုံးမဲ့ နတ်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
သူသည် ကောင်းကင်ဘုံ ကပ်ဘေးကို ခုခံကာ၊ ၎င်းကို အတင်းအကြပ် တောင့်ခံရန် ကြိုးပမ်းနေတော့သည်။
သို့ရာတွင် ဤတစ်ကြိမ် ကောင်းကင်ဘုံ ကပ်ဘေးမှာ မိနစ်ဝက်တိတိ ကြာရှည်နေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အဆိုပါ ကောင်းကင်ဘုံ ကပ်ဘေးသည်၊ တစ်စက္ကန့်ချင်းစီတိုင်းသည် ရာနှင့်ချီသော အန္တိမ အထွတ်အထိပ် ပညာရှင်များကို ချေမှုန်းရန် လုံလောက်နေခဲ့သည်။
မိနစ်ဝက်တိတိ ကြာရှည်ခြင်း၊ အန္တိမ ပညာရှင်ကပင် ၎င်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ကမ္ဘာတစ်ခုလုံး တုန်ခါ လှုပ်ရမ်းသွားခဲ့သည်။
ဓာတ်ကြီးငါးပါး၊ အချိန်နှင့် ဟင်းလင်းပြင်နှင့် ကြောင်းကျိုးဆက်စပ်မှု တာအိုနိယာမများမှာ ကောင်းကင်ဘုံ အမျက်ဒေါသ၏ သက်ရောက်မှုကို ခံလိုက်ရကာ၊ ပြောင်းပြန်စီးဆင်းသွားခဲ့ပြီး၊ ၎င်းတို့၏ မူလလည်ပတ်မှုများကို ယာယီဆုံးရှုံးသွားခဲ့သည်။
ထို့နောက် မိနစ်ဝက်မျှအကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရား၏ ရုပ်ခန္ဓာမှာ အပိုင်းပိုင်း အစစအဖြစ် ထပ်မံ၍ ပြိုကွဲသွားခဲ့ပြန်သည်။
ကံကောင်းထောက်မစွာဖြင့် ပြန်လည်မွေးဖွားခြင်းကို ခံယူခဲ့ရပြီးသည့်နောက်တွင်၊ သူ၏ အသက်စွမ်းအင်မှာ အလွန်တရာ ပေါများ ကြယ်ဝနေခဲ့သည်။
အင်မော်တယ်စွမ်းရည်၏ ကူညီထောက်ပံ့မှုနှင့် ပေါင်းစည်းလိုက်သောအခါတွင် သူ၏ခန္ဓာကိုယ်မှာ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် သက်သာပျောက်ကင်းလာခဲ့သည်။
အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ရုပ်ခန္ဓာ အသစ်တစ်ခုကို ထပ်မံ၍ ဖွဲ့စည်းနိုင်ခဲ့ပြန်သည်။
“ ငါ့ရဲ့ ရုပ်ခန္ဓာနဲ့ ရှေးဦးဝိညာဥ် နှစ်ခုစလုံးက တစ်ပြိုင်နက် အဖျက်စီးမခံလိုက်ရဘူးဆိုရင်၊ အသက်ရှူကြိမ် တစ်ကြိမ်ပဲ ကျန်နေမယ်ဆိုရင်တောင်မှ၊ ငါက ပြန်ပြီးတော့ မွေးဖွားလာနိုင်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ကိုယ်ပိုင်ခွန်အားကို ပိုမိုနားလည်သွားခဲ့သည်။
သေဆုံးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းတို့ကို ကြုံတွေ့ခဲ့ပြီးသည့်နောက်တွင်၊ သူ၏ ရှေးဦးဝိညာဥ်မှာ ကြီးမားသော အသွင်ပြောင်းမှုကို ခံယူခဲ့ရပြီး၊ အန္တိမ အထွတ်အထိပ်ကို ကျော်ဖြတ်ကာ၊ ထိုနယ်ပယ်ထဲသို့ ခြေချနိုင်ခဲ့သည်။
ထိုနယ်ပယ်၏ အမှတ်အသားမှာ ………. မသေမျိုး၊ ထာဝရ၊ အဆုံးမဲ့
ထို့အပြင် ကြယ်တာရာ T-Rex နတ်ဘုရားကိုယ်တိုင်မှာ အင်မော်တယ်စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီး၊ ၎င်းက ဒဏ်ရာများ ပျောက်ကင်းခြင်းကို အရှိန်မြှင့်တင်ပေးခဲ့သည်။
ထို့ကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် သွေးတစ်စက်မျှသာ ကျန်ရှိတော့သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားမည်ဆိုလျှင်တောင်မှ၊ ပြန်လည်မွေးဖွားလာနိုင်သေးသည်။
အကယ်၍ သူက အပိုင်းပိုင်း အစစအဖြစ် ထပ်မံ၍ ပေါက်ကွဲသွားမည်ဆိုလျှင်တောင်မှ၊ သူသည် သွေးစက်တစ်စက်မှတစ်ဆင့် ပြန်လည်မွေးဖွားလာနိုင်ဦးမည် ဖြစ်သည်။
“ ဝူးးး “
သူ၏ခန္ဓာကိုယ်အတွင်းတွင် ယခင်က တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးသော စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားက အဆိုပါ ခံစားချက်ကို ကြာရှည်စွာ အရသာမခံနိုင်ခင် အချိန်မှာပင်၊ ကောင်းကင်ယံတွင် စွမ်းအင်လှိုင်းတစ်ခု ထပ်မံ၍ ပေါက်ထွက်လာခဲ့ပြန်သည်။
“ ဂျိန်းးး “
ယခင်က စတုတ္ထမြောက် ကောင်းကင်ဘုံ ကပ်ဘေးထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ထပ်ရှိသေးတာလားဟ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ယံတွင် ရှိနေသည့် ကပ်ဘေးတိမ်တိုက်များကို မော့ကြည့်ကာ အနည်းငယ် မှင်သက်သွားခဲ့သည်။
ယခင်က ရင်ဆိုင်ခဲ့ရသည့် ကပ်ဘေးအနည်းငယ်ကပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီးပြီ ဖြစ်သည်။
ပထမဦးဆုံး သုံးခုသည် အန္တိမ အထွတ်အထိပ်နယ်ပယ်မှ မည်သည့်ပညာရှင်ကိုမဆို ချေမှုန်းရန် လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။
ခုနကလေးတင် ပျောက်ကွယ်သွားခဲ့သည့် စတုတ္တမြောက် ကောင်းကင်ဘုံ ကပ်ဘေးကမူ အန္တိမနယ်ပယ်မှ ပညာရှင်ကိုပင် ခြိမ်းခြောက်နိုင်(သို့) သတ်ဖြတ်နိုင်သည်အထိ အားကောင်းနေခဲ့သည်။
ယုတ္တိရှိရှိပြောရမည်ဆိုပါက၊ ကောင်းကင်ဘုံ ကပ်ဘေးက သူ၏နယ်ပယ်ထပ် ပိုမိုအားကောင်းနေမည်ဆိုပါက၊ အဆိုပါ ကပ်ဘေးက ၎င်း၏အကန့်အသတ်သို့ ရောက်ရှိနေရမည် ဖြစ်သည်။
၎င်းမှာ ကပ်ဘေး၏ အဆုံးသတ် ဖြစ်သင့်ပေသည်။
သို့သော် မထင်မှတ်ထားစွာဖြင့် ကပ်ဘေးမှာ ဆက်လက်တည်ရှိနေသေးသည်။
“ ဒီဖိအားက ……. “
အဆိုပါ စွမ်းအင်လှိုင်းကို ခံစားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ အေးစက်သွားခဲ့သည် “ အဲ့တာက စတုတ္ထမြောက် ကောင်းကင်ဘုံ ကပ်ဘေးထပ် အဆတစ်ထောင်အထိ ပိုစွမ်းနေနိုင်တယ် “
အကယ်၍ အဆိုပါ ကပ်ဘေးသာ ဆင်းသက်လာမည်ဆိုပါက၊ အန္တိမနယ်ပယ်မှ ပညာရှင်ကပင် မည်သို့မျှ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“ ကောင်းကင်ဘုံ တာအိုက ဒီနေ့မှာ ငါ့ကို အသေသတ်ဖို့ စဥ်းစားထားတာများလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲတွင် ဒေါသများ ပေါက်ထွက်လာခဲ့သည်။
သူအန္တိမနယ်ပယ်သို့ တက်လှမ်းချင်သော်လည်း၊ ကောင်းကင်ဘုံ တာအိုက ၎င်းကို ခွင့်မပြုခဲ့ပေ။
ထို့ကြောင့် အခက်အခဲပေါင်းများစွာကို တောင့်ခံ၍၊ သူ၏ကိုယ်ပိုင်တာအိုကို ဖန်တီးနိုင်ခဲ့သော်လည်း၊ ကောင်းကင်ဘုံ တာအိုသည် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို ဖယ်ရှားရန်အတွက် ကပ်ဘေးများကို ထပ်ခါတလဲလဲ စေလွှတ်နေခဲ့သည်။
“ ဒီနေ့မှာ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်၊ မင်းကို သေချာပေါက် အစားထိုးမယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ အေးစက်သွားခဲ့သည်။
သူကပ်ဘေးကို ကျော်ဖြတ်နိုင်၊ မဖြတ်နိုင်ဆိုသည်မှာ မသေချာသေးပေ။
အဘယ့်ကြောင့်ဆိုသော် အဆိုပါ ဖိအားက သူ၏စိတ်ဝိညာဥ်ကိုပါ တုန်လှုပ်သွားစေသောကြောင့် ဖြစ်သည်။
“ ဗွီ “
ထိုအချိန်၌ အနက်ရောင် ကောင်းကင်ထက်တွင် ခရမ်းရွှေရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ အဆုံးမဲ့ မိုးကြိုးကပ်ဘေး တိမ်တိုက်အတွင်းတွင် ရှေးခေတ် အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ဧရာမ တောင်တစ်လုံး ပေါ်ထွက်လာခဲ့ပြီး၊ ထောင့်တစ်ထောင့်ကို လှစ်ဟပြသလာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
“ တောင်လား “
ကိုယ်တိုင်မြင်တွေ့လိုက်ရခြင်းသာ မရှိဘူးဆိုပါက၊ ၎င်းကို မည်သူမှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။
အဆုံးမဲ့ မိုးကြိုးကပ်ဘေးများ အကြားတွင် တောင်တစ်လုံး ပေါ်ထွက်လာခဲ့သည်။
သို့သော် အနီးကပ် ကြည့်ရှုစစ်ဆေးလိုက်မည်ဆိုပါက၊ အဆိုပါ တောင်တန်းက ခိုင်ခံ့မှု မရှိဘူးဆိုသည်ကို မြင်တွေ့သွားမည် ဖြစ်သည်။
၎င်းသည် သန့်စင်သော မိုးကြိုးများဖြင့် ဖန်တီးထားသော မိုးကြိုးတောင်တန်းတစ်ခု ဖြစ်သည်။
အဆိုပါ မိုးကြိုးတစ်ခုချင်းစီတိုင်းမှာ မည်သည့်အန္တိမ အထွတ်အထိပ်ကိုမဆို ချေမှုန်းနိုင်သည်အထိ လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။
မိုးကြိုးတောင်သည် ထောင့်တစ်နေရာကိုသာ ဖော်ထုတ်ပြသခဲ့သော်လည်း၊ မူလနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
မြေငလျင်ကြီးတစ်ခု လှုပ်ခါသွားသကဲ့သို့၊ များပြားလွန်းလှသော အဆောက်အဦးများစွာ ပြိုကျပျက်စီးသွားခဲ့သည်။
မူလနယ်မြေတစ်ခုလုံး အဆိုပါ မိုးကြိုးတောင်ကြောင့် အထိတ်တလန့်ဖြစ်သွားကြပြီး၊ ကမ္ဘာပျက်ကပ် မြင်ကွင်းတစ်ခုကို ဖန်တီးလာခဲ့သည်။
“ မိုးကြိုးတောင်လား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ပြင်ကို အာရုံစိုက်ကြည့်ရှုနေခဲ့သည်။
ထိုအချိန်၌ မိုးကြိုးတောင်တန်းသည် ၎င်း၏ ပုံစံကို တဖြည်းဖြည်း ဖော်ထုတ်ပြသလာခဲ့သည်။
၎င်း၏ တောင်နံရံတွင် ကြီးမားသော ခရမ်းရွှေရောင် စာလုံးတစ်လုံး ရှိနေခဲ့သည်။
“ ဖိနှိပ်ခြင်း “
စာလုံးတစ်လုံးမျှသာ ဖြစ်နေသော်လည်း၊ ကောင်းကင်ဘုံ၏ စွမ်းအားကို သယ်ဆောင်ထားပြီး၊ ကောင်းကင်ဘုံအား ဆန့်ကျင်လာသူတိုင်းကို ချေမှုန်းရန် ရည်ရွယ်ထားပုံရသည်။
“ ငါ့ကို ဖိနှိပ်ချင်တာလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တဟားဟား ရယ်မောကာ၊ အေးစက်စွာ အော်ပြောလိုက်သည် “ လာခဲ့ “
သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အရှိန်အဝါမှာ ပိုပို၍ မြင့်တက်လာခဲ့ပြီး၊ နောက်ဆုံး တိုက်ပွဲအတွက် ပြင်ဆင်နေတော့သည်။
တစ်ချိန်တည်းမှာပင်
ကောင်းကင်ထက်ရှိ မိုးကြိုးတောင်တန်းမှာလည်း အနည်းငယ် လှုပ်ခါသွားခဲ့သည်။
“ ဗွီ “
ချက်ချင်းဆိုသလိုပင် တောင်နံရံတွင် ရှိနေသည့် ဖိနှိပ်ခြင်းဆိုသည့် စာလုံးထံမှ ရွှေရောင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
အဆိုပါ အလင်းတန်းသည် အံ့ဖွယ်ကောင်းလောက်အောင် တောက်ပနေခဲ့ပြီး၊ အဆုံးမဲ့ အမှောင်ထုကိုပင် ထိုးဖောက်နေခဲ့သည်။
အကယ်၍ ဤအခိုက်အတန့်တွင် လူတစ်ဦးဦးကသာ မူလနယ်မြေ၏ အပြင်ဘက်တွင် ရပ်၍ စကြာဝဠာ အထက်သို့ မော့ကြည့်လာခဲ့မည်ဆိုပါက၊ အလွန်တရာ အံ့ဩတုန်လှုပ်သွားမည် ဖြစ်သည်။
အဆိုပါ ရွှေရောင်အလင်းတန်းသည် ဘီလီယံပေါင်းများစွာအထိ ထိုးဖောက်နေကာ၊ စကြာဝဠာ တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေခဲ့သည်။
၎င်းမှာ ကောင်းကင်ဘုံ တာအို၏ အလင်းတန်းဖြစ်သည်။
ထိုအလင်းတန်းနှင့် ရင်ဆိုင်ရသည့် မည်သူမဆို နေရာမှာပင် မျက်လုံးကွယ်သွားနိုင်ပေသည်၊ အန္တိမ အထွတ်အထိပ် ပညာရှင်ကပင် ချွင်းချက်တစ်ခုဖြစ်နေလိမ့်မည် မဟုတ်ပေ။
…
ကြယ်တာရာ T-Rex နတ်ဘုရားက နောက်ဆုံးတိုက်ပွဲကို ရင်ဆိုင်ရန် ပြင်ဆင်နေစဥ်အချိန်တွင်
မူလနယ်မြေအတွင်းရှိ
လူများမှာလည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းကို ခံစားမိသွားကြသည်။
တိကျွမ်း၊ လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူများသည် ကောင်းကင်ဘုံ ကပ်ဘေးရှိရာဘက်သို့ သူ၏ စိတ်စွမ်းအင်လှိုင်းများ ထုတ်လွှတ်လာကြသည်။
ထိုအချိန်၌ အန္တိမ အထွတ်အထိပ် ပညာရှင် အားလုံး၏ မျက်လုံးများပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။
“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ စွမ်းအားလဲ ……….. တကယ်လို့ ငါသာဆိုရင်၊ အသက်ရှူကြိမ်တစ်ကြိမ်လောက်တောင် ခံနိုင်မှာ မဟုတ်ဘူး “
လူငယ်မျက်နှာ အကြီးအကဲသည် သူ၏လက်ချောင်းများဖြင့် တက်ကြွနေကာ၊ ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။
သူတို့သည် ယခင်က ကောင်းကင်ဘုံ ကပ်ဘေးလေးခုကို အဝေးမှ စူးစမ်းကြည့်ရှုနေခဲ့ကြသည်။
သူတို့သည် ပထမနှင့် ဒုတိယ ကပ်ဘေးကို ကိုင်တွယ်နိုင်ကြသည်။
သို့သော် တတိယမြောက် ကပ်ဘေးမှာ သူတို့၏ ဦးရေပြားများကို ထုံကျင်သွားစေခဲ့ပြီး၊ သေခြင်းရှင်ခြင်း အကြပ်အတည်းကိုပင် ခံစားသွားရစေခဲ့သည်။
စတုတ္ထမြောက် ကပ်ဘေးကမူ သေဆုံးခြင်းသာလျှင် ဖြစ်သည်။
တိကျွမ်းသည် အဝေးတွင် ရှိနေသည့် ခမ်းနားထည်ဝါသော မိုးကြိုးတောင်တန်းကို ငေးမောကြည့်ရှုကာ၊ သူတို့၏ ကျင့်ကြံရေးများ ယိမ်းယိုင်သွားပြီး၊ သေဆုံးသွားတော့မယောင် ဖြစ်နေသည်ဟု ခံစားသွားကြရသည်။
“ ငါတို့က မိုင်သန်းနဲ့ချီပြီးတော့ ဝေးနေတာလေ၊ အဲ့တာကိုတောင် ဒီလိုဖိအားမျိုးကို ခံစားခဲ့ရတယ်ပေါ့ “
လျူမေ့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေလျက်ရှိသည် “ ကပ်ဘေးကို ရင်ဆိုင်နေတဲ့ အဲ့လူက အဲ့အဆင့်ကို မရောက်ထားဘူးဆိုရင်၊ ဘယ်လိုလုပ် ခုခံနိုင်မှာလဲ “
၎င်းကို ပြောနေရင်းဖြင့် သူမတို့သည် အကြည့်များ ဖလှယ်လိုက်ကြသည်။
လူတိုင်း အံ့ဩတကြီး ဖြစ်သွားကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားက အဲ့အဆင့်ကို ရောက်သွားတာများလား
သူမတို့သည် ကြယ်တာရာ T-Rex နတ်ဘုရားက ပြန်လည်မွေးဖွားလာခဲ့သည်ဆိုသည့်အကြောင်းကို တိကျွမ်းထံမှ ကြားသိခဲ့ရပြီး၊ အလွန်တရာ အံ့ဩတုန်လှုပ်သွားကြသည်။
ထိုအကြောင်းကို တွေးတောစဥ်းစားမိသွားသောအခါတွင် သူတို့၏ စိတ်ခံစားချက်များ အလွန်တရာ ရှုပ်ထွေးသွားကြသည်။
အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားကသာ ထိုအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားမည်ဆိုပါက …….
အန္တိမ ပညာရှင်ရဲ့ အစေခံဖြစ်ရတာက …… ဘာမှားလို့လဲ
“ ဒါပင်မဲ့ အန္တိမ ပညာရှင်ကတောင် အဲ့လို ကောင်းကင်ဘုံ ကပ်ဘေးမျိုးကို တောင့်မခံနိုင်လောက်ဘူးလေ “
လူငယ်မျက်နှာ အကြီးအကဲ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ဖုံးလွှမ်းနေခဲ့သည်။
သူတို့၏ အသက်များမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ခုပ်အတွင်းတွင် ရှိနေစဲဖြစ်သည်။
အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားကသာ ပျောက်ကွယ်သွားမည်ဆိုပါက၊ သူတို့မှာလည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“ ဘုမ်း “
ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှု လှိုင်းလုံးများသည် ကောင်းကင်ဘုံ ကပ်ဘေးရှိရာဘက်မှ ပျံ့လွင့်လာခဲ့သည်။
ခရက် ခရက်
ထိုကဲ့သို့ပင် ကြယ်ပြာဂြိုဟ်တစ်ခုလုံး၏ မျက်နှာပြင်တွင် မိုင်သောင်းနှင့်ချီ၍ ကျယ်ဝန်းကာ၊ မိုင်သန်းနှင့်ချီသော အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်လာခဲ့သည်။
လူငယ်မျက်နှာ အကြီးအကဲသည် မူလနယ်မြေကို တည်ငြိမ်သွားစေရန် အလောတကြီး လှုပ်ရှားလာခဲ့သည်။
ထို့နောက်တွင် သူသည် ကောင်းကင်ဘုံ ကပ်ဘေးရှိရာဘက်သို့ လှမ်းကြည့်ကာ၊ အံ့ဩတကြီး ဖြစ်သွားကြသည်။
“ ငါးခုမြောက် ကောင်းကင်ဘုံ ကပ်ဘေး ဆင်းသက်လာပြီ။ လူသားဧကရာဇ်က အဲ့တာကို ခုခံနိုင်ပါ့မလား “
…
ထိုစဥ်
ကောင်းကင်ဘုံ ကပ်ဘေးရှိရာဘက်၌
ခမ်းနားထည်ဝါသော မိုးကြိုးတောင်တန်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားအပေါ်သို့ ကျဆင်းလာခဲ့သည်။
ဖျက်စီးခြင်း စွမ်းအင်တစ်ခု ဆင်းသက်လာခဲ့ကာ၊ မကြာခင် အချိန်ကမှ ပြန်လည်ကောင်းမွန်လာခဲ့သော ကြယ်တာရာ T-Rex နတ်ဘုရား၏ ရုပ်ခန္ဓာမှာ ထပ်မံ၍ ပြိုကွဲသွားခဲ့ပြီး၊ ထောင်နှင့်ချီသော အပိုင်းအစများအဖြစ် ပြိုကွဲသွားခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် အရိုးတိုင်း ကြေမွကာ၊ အမှုန့်ဖြစ်သွားခဲ့သည်။
ဖိနှိပ်မှုတစ်ခုတည်းဖြင့် သူရရှိထားခဲ့သည့် ဒဏ်ရာများမှာ ယခင်က လူသားဧကရာဇ်၏ တိုက်ခိုက်မှုကို ခံယူခဲ့ရသည့် အချိန်တွင် ရရှိခဲ့သော ဒဏ်ရာများထပ် မည်သို့မျှ လျော့နည်းမနေခဲ့ပေ။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ အပိုင်းပိုင်း အစစ ကွဲထွက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရား၏ အသက်ဓာတ်မှာ အလွန်တရာ ခိုင်မာအားကောင်းနေခဲ့ပြီး၊ သူ၏အသွေးအသားများ လျင်မြန်စွာ ပြန်လည်ဖြစ်တည်လာခဲ့သည်။
“ ဝရုန်းးး “
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ မိုးကြိုးတောင်တန်းတစ်ခုသည် အလင်းတန်းအဖြစ် ပေါက်ထွက်သွားကာ၊ သူ့ကို ထပ်မံ၍ ဖိချလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ခရမ်းရောင် နန်းတော်နှင့် ရှေးဦးဝိညာဥ်တို့မှာ နေရာမှာပင် ပေါက်ကွဲသွားနိုင်ပြီး၊ သူ၏သေဆုံးခြင်းကိုပင် ဖြစ်ပေါ်သွားစေနိုင်ပေသည်။
အရေးကြီးသော အချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းတွင် အလင်းစက်တစ်ခု ရုတ်တရက် တောက်ပလာခဲ့သည်။