ဖုံးကွယ်ခြင်း၏ တစ်ခြားတစ်ဘက် ၂
Vol. 10 Ch. 146
“ ဆက်ပြီးတော့ လေ့ကျင့်တာပေါ့ကွာ “
အံ့သဖွယ်ကောင်းသည့် အတွေးအမြင်များကြောင့် ရှုကျိုး၏ စိတ်အားထက်သန်မှုသည် ပို၍ခိုင်မာအားကောင်းလာခဲ့ပြီး၊ သူသည် ဆက်၍ လေ့ကျင့်နေတော့သည်။
…
အချိန်များ ဆက်လက်၍ ကုန်ဆုံးသွားခဲ့သည်။
ရှုကျိုး မှန်းဆခဲ့သည့်အတိုင်းပင် သွေးကြောမှတ်များ ဖွင့်လှစ်သည့် အမြန်နှုန်းသည် ယခင်ကထပ် အဆပေါင်းများစွာ မြန်ဆန်နေခဲ့သည်။
ယခင်က သူသည် သွေးကြောမှတ် တစ်ခုကို ဖွင့်လှစ်ရန်အတွက် ၅ရက်မျှ အချိန်ယူခဲ့ရသည်၊ ယခုတွင်ကား နှစ်ရက်အတွင်းမှာပင် ၎င်းကို ပြုလုပ်နေနိုင်ခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် အလွန်ပျော်ရွှင်ကျေနပ်သွားခဲ့သည်။
ထိုအမြန်နှုန်းနှင့်သာဆိုပါက သူသည် သွေးကြောမှတ် အခု၃၀လုံးကို တစ်လမပြည့်ခင် အချိန်မှာပင် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
…
နောက်ကာလအတွင်း၌ ရှုကျိုးသည် လေ့ကျင့်ရင်းဖြင့်သာ သူ၏အချိန်များကို ကုန်ဆုံးသွားစေခဲ့သည်။
ရံဖန်ရံခါတွင် သူသည် အစစ်အမှန် သိုင်းပညာဌာနဆီသို့ သွားကာ လျူချင်းယွမ်ထံမှ အကြံဉာဏ်များ တောင်းခံခဲ့သည်။
သွေးကြောမှတ်များ၏ ကိစ္စများအပြင် သိုင်းပညာရပ်များနှင့် ပတ်သက်သည့် မေးခွန်းများစွာ ရှိနေခဲ့သည်။
ရှုကျိုး လေ့ကျင့်နေသည့် ကောင်းကင်ဖြိုခွင်း ဆေဘာနည်းစနစ်သည် ရှားမိသားစုဆီမှ ရရှိထားခြင်း ဖြစ်သည်။
လျူချင်းယွမ်သည် ရှားမိသားစု၏ ပြင်ပအဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း အဆိုပါ နည်းစနစ်နှင့် ပတ်သက်၍ နားလည်သဘောပေါက်မှုတစ်ချို့ ရှိနေခဲ့သည်။
ထို့ကြောင့် ရှုကျိုးသည် မိမိကိုယ်မိမိ တိတ်တဆိတ် မြှင့်တင်နေရင်းဖြင့် သွေးကြောမှတ် ၂၄ခုကို နေ့စဥ်နေ့တိုင်းဖွင့်လှစ်နေတော့သည်။
…
ရှုကျိုးမှ ကျင့်ကြံရေးဖြင့် ပိုသန်မာ အားကောင်းလာစေရန် လုံ့လစိုက်နေစဥ်တွင်
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အကြီးအကဲများ အစည်းအဝေးအခန်းထဲ၌
ဤကြီးမားကျယ်ဝန်းသော အစည်းအဝေးခန်းမသည် မည်သည့်ဌာနနှင့်မှ မသက်ဆိုင်ပေ၊ သို့သော် ၎င်းသည် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ ဥက္ကဌ ဝုချင်းရှန်အတွက် သီးသန့်ဖြစ်သည်။
ထိုအချိန်၌ ဥက္ကဌနှင့် ဌာနမှူးအများအပြားသည် အတူတကွ စုဝေးနေကြသည်။
“ အကြီးအကဲရှန့် “ ဝုချင်းရှန်သည် သူ့ဘေးနားရှိ ရှန့်ဝမ်ချန်းကို ကြည့်ကာ မေးလာခဲ့သည် “ ကျောင်းက ဘယ်လိုလဲနေလဲ? “
“ ဒီလိုပါပဲ “ ရှန့်ဝမ်ချန်းသည် တည်ငြိမ်နေသော အမူအရာဖြင့် ပြောလာခဲ့သည် “ ကွမ်ဟန်က မင်းရဲ့ကာလအတွင်းမှာ အစစ်အမှန် သိုင်းပညာဌာနကို နတ်သိုင်းဌာနရဲ့ ဖိနှိပ်မှုက ပိုပိုပြီး စိပ်လာတယ် “
“ ဌာနမှူးရှန့်၊ မင်းက အဲ့လိုပြောလို့ မရဘူးလေ “
မလှမ်းမကမ်းရှိ နတ်သိုင်းဌာန၏ ဌာနမှူး လျူတုန်ဖင်းမှ ပြတ်ပြတ်သားသား ပြောလာခဲ့သည် “ အဲ့တာက မျှတတဲ့ ပြိုင်ပွဲလေ၊ ဖိနှိပ်တယ်လို့ ဘယ်လိုလုပ် ခေါ်နိုင်ရတာလဲ? “
“ ငါတို့ရဲ့ နတ်သိုင်းဌာနက တစ်နေ့တစ်ခြား ပိုပိုပြီးတော့ အားကောင်းလာတာပြီးတော့ မင်းရဲ့ အစစ်အမှန် သိုင်းပညာဌာနက ပိုပိုပြီးတော့ ကျဆုံးလာတာ “
“ ငါတို့နဲ့ ပြိုင်ပွဲမှာ မင်းရှုံးတာက သာမန်ပဲ “
“ ပြိုင်ပွဲလား? “
ရှန့်ဝမ်ချန်းမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ငါ့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက ကျောင်းသူကျောင်းသားတွေက တာဝန်တွေ လုပ်တဲ့အချိန်တိုင်းမှာ မင်းတို့ ပစ်မှတ်ထားတာ ခံရပြီးတော့ အကျိုးပြုအမှတ်တွေနဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ မရကြတော့ဘူး “
“ အဲ့တာကို မျှတတဲ့ ပြိုင်ပွဲလို့ မင်းတို့က ခေါ်ကြတာလား? “
“ အဲ့တာက ကျောင်းသူကျောင်းသားတွေကြားက ကိစ္စလေ၊ ငါနဲ့ဘာဆိုင်လို့လဲ? “
လျူတုန်ဖင်းမှ အေးအေးလူလူ ပြောလာခဲ့သည် “ တကယ်လို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျောင်းသူကျောင်းသားတွေက ငါ့ရဲ့ နတ်သိုင်းဌာနနဲ့ မပြိုင်နိုင်ဘူးဆိုရင် အဲ့တာက မင်းတို့ရဲ့ အစစ်အမှန် သိုင်းပညာဌာနက ကျဆုံးနေပြီလို့ ပြရာရောက်တယ်လေ၊ အဲ့တာက ခေတ်ရေစီးကြောင်းပဲ နောက်ပြန်လှည့်လို့မရတော့ဘူး “
သူသည် အရှေ့ဘက်ရှိ ဝုချင်းရှန်ကို ကြည့်ကာ အခိုင်အမာ ပြောဆိုလာခဲ့သည် “ ကျောင်းအုပ်ကြီးခင်ဗျာ၊ အစစ်အမှန် သိုင်းပညာဌာနကို တတ်နိုင်သမျှ အမြန်ဆုံး ဖျက်သိမ်းဖို့ ဒါမှမဟုတ် နတ်သိုင်းဌာနနဲ့ ပေါင်းစည်းဖို့ ကျွန်တော် အကြုံပြုပါတယ် “
“ အဲ့လိုမှ မဟုတ်ဘဲ၊ ဒီလိုမျိုးသာ ဆက်လွှတ်ထားမယ်ဆိုရင် အစစ်အမှန် သိုင်းပညာဌာနက တကယ်ကို ပြီးဆုံးသွားပါလိမ့်မယ် “
“ အဓိပ္ပါယ် မရှိတာ “ ရှန့်ဝမ်ချန်းမှ ဒေါသတကြီး အော်ငေါက်လာခဲ့သည်။
သူသည် ဤလူ၏ ဝံပုလွေ အကြံအစည်ကဲ့သို့သော ရည်ရွယ်ချက်ကို မှန်းဆမိထားသည်မှာ ကြာနေခဲ့ပြီ ဖြစ်သည်။
လျူတုန်ဖင်းသည် အလေးအနက်ထား၍ ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းက မှားနေတယ်ဆိုတာကို သက်သေပြထားခဲ့ပြီးပြီ။ အစစ်အမှန် သိုင်းပညာဌာနရဲ့ မင်းတို့ရဲ့ အရင်ဌာနမှူးက ပေးခဲ့တဲ့ သွေးစွန်းတဲ့ သင်ခန်းစာက အဲ့တာကို ဖော်ပြပေးဖို့ မလုံလောက်ဘူးလား? ”
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
“ လျူတုန်ဖင်း၊ ငါ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ အရင်ဌာနမှူးကိစ္စက မင်းဝေဖန်ရမဲ့ ကိစ္စ မဟုတ်ဘူး “
ရှ့န်ဝမ်ချန်းမှ အေးစက်စွာ ပြောလာခဲ့သည် “ အရင်ဌာနမှူးနဲ့ သူ့ရဲ့ မျိုးဆက်တွေက ကွမ်ဟန် တက္ကသိုလ်နဲ့ ရန်ပြည်ထောင်ကို အကြိမ်ပေါင်းများစွာ အကျိုးပြုခဲ့တယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်ပဲ။ သူက ကျဆုံးသွားခဲ့ပြီ ဆိုရင်တောင်မှ မင်းလိုကောင်မျိုးက သူ့ကို ဝေဖန်ပြောဆိုလို့ မရဘူး “
၎င်းကို ကြားလိုက်ရသောအခါတွင် လျူတုန်ဖင်းမှ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ အရင်ဌာနမှူးရဲ့ အောင်မြင်မှုတွေကို မှတ်ချက်ပေး ဝေဖန်ဖို့အတွက် ငါက တကယ်ကို အဆင့်မမှီပါဘူး။ ဒါပင်မဲ့ သူလုပ်ခဲ့တာတွေက အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းက မှားနေတယ်လို့ သက်သေပြဖို့ လုံလောက်တယ်လေ၊ မဟုတ်ဘူးလား? “
ရှန့်ဝမ်ချန်းမှ အေးစက်စွာ ပြောလာခဲ့သည် “ အရင်ဌာနမှူးရဲ့ ကိစ္စက ဘယ်လိုပဲဖြစ်နေခဲ့ပါစေ၊ အနည်းဆုံးအနေနဲ့ ငါ့လက်ထက်မှာတော့ ဘာပြဿနာမှ မရှိဘူး။ ဒီမျိုးဆက်ရဲ့ လမ်းကြောင်းက မမှားဘူး “
“ ဘာအမှားမှ မပေါ်လာသေးတာပါ “
လျူတုန်ဖင်းမှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ တကယ်လို့ အဆုံးမှာ မင်းတို့ အရင်ဌာနမှူးလုပ်ခဲ့သလိုမျိုး ကမ္ဘာမြေကွဲခြားသွားစေနိုင်တဲ့ ကိစ္စမျိုးပေါ်လာမလားဆိုတာကို ဘယ်သူက သိမှာလဲ? “
“ အခု တစ်နိုင်ငံလုံးက အဓိက သိုင်းပညာ တက္ကသိုလ်ကြီးတွေမှာ မင်းရဲ့နောက်ကိုလိုက်နေတဲ့ အကြွင်းအကျန်လေးတွေ ရှိတယ် “
“ မင်းရဲ့ ဌာနက သာမန်လူတွေကို လက်မခံဘဲ၊ ထိပ်တန်းပါရမီရှင်တွေကိုပဲ လက်ခံခဲ့တယ် “
သူ၏ အမူအရာသည် ပို၍လေးနက်လာခဲ့သည် “ တကယ်လို့ မင်းတို့က မှားနေခဲ့ပြီးတော့ အဲ့လူတွေ အကုန်လုံး သေသွားမယ်ဆိုရင်၊ မင်းက အဲ့တာကို တာဝန်ယူနိုင်ပါ့မလား? “
လျူတုန်ဖင်း၏ အသံသည် အလွန်အေးစက်နေခဲ့သည်။
ရှန့်ဝမ်ချန်းသည် သူ့ကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ပြောလာခဲ့သည် “ တကယ်လို့ သေမယ်ဆိုရင်တောင်မှ၊ ငါ၊ ဒီအဘိုးကြီးက အရင်ဦးဆုံး သေပေးလိုက်မယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် လျူတုန်ဖင်းသည် ရယ်မောကာ စကားဆက်ပြောရန် ပြင်လာခဲ့သည်။
“ တော်လောက်ပြီ “
ရုတ်တရက်ဆိုသလိုပင် အရှေ့ဘက်ရှိ ဝုချင်းရှန်မှ စကားပြောလာခဲ့သည် “ ငါက မင်းတို့နှစ်ယောက် ငြင်းခုန်နေတာကို နားထောင်ဖို့အတွက် ဒီကိုလာခဲ့တာ မဟုတ်ဘူး “
ဝုချင်းရှန်သည် ပင်ပန်းနွမ်းနယ်နေသော လေသံမျိုးဖြင့် ပြောလာခဲ့သည် “ ကွမ်ဟန်မှာ လူသားမျိုးနွယ်တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ တစ်ချို့အရာတွေ ရှာတွေ့ခဲ့တယ် “
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် သူ့အား လူတိုင်း ကြည့်လာကြသည်။
ရှ့န်ဝမ်ချန်းနှင့် လျူတုန်ဖင်းတို့အပြင်၊ ဌာနမှူးနှင့် ဒုဌာနမှူးတို့ပါ ရှိနေခဲ့သည်။
သူတို့သည် အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့မှ ဌာနမှူးတို့၏ ငြင်းခုန်မှုကို ခေါင်းကိုက်သည်အထိ နားထောင်နေခဲ့ရသည်။
ယခုတွင် တစ်စုံတစ်ဦးမှ စကားပြောလာခဲ့ပြီ ဖြစ်သည်။
မလှမ်းမကမ်းရှိ သားရဲထိန်းချုပ်ဌာန၏ ဌာနမှူး၊ ကျိုးရှုယွင်မှ လျင်မြန်စွာ မေးမြန်းလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ အဲ့တာက ဘာလဲဗျ? “
ဝုချင်းရှန်သည် အလေးအနက်ထား၍ ပြောလာခဲ့သည် “ ကွမ်ဟန်မှာ သေဆုံးသွားပြီးသား အဆင့်မြင့် လူသား ပညာရှင်တစ်ယောက် အသက်ပြန်ရှင်လာတယ် “
“ ဘာ!!! “
၎င်းကို ကြားလိုက်ရသောအခါတွင် လူတိုင်း အနည်းငယ် အံ့ဩသွားကြသည်။
၎င်းမှာ သတင်းကောင်းသကဲ့သို့ ဖြစ်နေပုံရသည်။
သေသွားတဲ့ အဆင့်မြင့် လူသားပညာရှင်တစ်ယောက်က အသက်ပြန်ရှင်လာတယ် !!
ဒါပင်မဲ့ …..
လူသားမျိုးနွယ်ရဲ့ လက်ရှိ နည်းပညာ အဆင့်အတန်းအရဆိုရင် အဲ့လိုမျိုး လုပ်နိုင်သေးလို့လားဟ?
ထိုအချိန်တွင် ဝုချင်းရှန်မှ ဆက်လက်၍ စကားပြောလာခဲ့သည် “ အဲ့လူက ရန်သူ့ဘက်မှာ ပေါ်လာတယ် “
လူတိုင်း ထပ်မံ၍ မှင်သက်သွားရပြန်သည်။
လျူတုန်ဖင်းသည် မျက်မှောင်ကြုတ်ကာ မေးမြန်းလာခဲ့သည် “ ဘာကိုဆိုလိုတာလဲ? ရန်သူ့ဘက်မှာ ပေါ်လာတာလား? “
“ မင်းနားမလည်ဘူးလား? “
ဝုချင်းရှန်သည် သူ့ကို ကြည့်လာခဲ့သည် “ အဲ့ဒီ အဆင့်မြင့် လူသားပညာရှင်က ရန်သူ့ဘက်မှာ အသက်ပြန်ရှင်လာတယ် “
ချက်ချင်းဆိုသလိုပင် ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
“ ဘယ်အဆင့်မြင့် ပညာရှင်က လူသားမျိုးနွယ်စုကို သစ္စာဖောက်သွားတာလဲ? “ ကျိုးရှုယွင်မှ အက်ရှရှ အသံဖြင့် မေးလာခဲ့သည်။
“ သစ္စာဖောက်သွားတာ မဖြစ်နိုင်ဘူး “ ဝုချင်းရှန်မှ သူ၏ ဦးခေါင်းကို ခါရမ်း၍ ပြောလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက အခြေအနေအရဆိုရင် အဲ့လူက ငါတို့ဘက်ကလူတွေက လုံးဝမမှတ်မိတဲ့ပုံပဲ “