← Chapters

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အပိုင်း ( 631 )

ထပ်ပြီးတော့ ဆင့်ကဲပြောင်းပြန်ပြီ ……. ဒြပ်စင်ပေါင်းစပ်ခြင်း၊ အကန့်အသတ် ၃

ကြယ်တာရာ T-Rex နတ်ဘုရားကမူ ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို မသိပေ။

ဤအချိန်၌ သူသည် လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စု၏ ပိုင်နက်အတွင်းတွင် ရှိသည့် ချိုင့်ဝှမ်းတစ်ခုထဲတွင် ရှိနေခဲ့သည်။

အဆင့် : နဝမအဆင့် အဆင့်၃ ( ၇၀% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၄၉.၅ သန်း

“ ဆယ့်ကိုးရက် ကုန်သွားတဲ့နောက်မှာ ငါ့ရဲ့ အလေးချိန်က ကီလိုဂရမ် ၄၉.၅သန်းအထိ ရောက်လာခဲ့ပြီ “

“ တစ်နပ်ထပ်စားလိုက်တာနဲ့ ကီလိုဂရမ် သန်း ၅၀ ပြည့်ပြီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများသည် တလက်လက် တောက်ပနေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် နဝမအဆင့် သားရဲအလောင်းတစ်လောင်းကို ထုတ်ယူလိုက်သည်။

“ ဂျွတ် “

တစ်နာရီ အကြာတွင်

ကြယ်တာရာ T-Rex နတ်ဘုရား၏ စားသောက်မှု ပြီးဆုံးသွားခဲ့သည်။

သူသည် သူ၏အလေးချိန်က မြင့်တက်လာသည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေခဲ့သည်။

ကီလိုဂရမ် ၄၉.၆ သန်း

ကီလိုဂရမ် ၄၉.၇ သန်း

ကီလိုဂရမ် ၄၉.၈ သန်း

အဆုံး၌ အလေးချိန်သည် ကီလိုဂရမ် သန်း၅၀အထိ ရောက်ရှိသွားခဲ့သည်။

အဆင့် : နဝမအဆင့် အဆင့်၃ ( ၉၅% )

သူ၏ အလေးချိန်က ကီလိုဂရမ် သန်း၅၀သို့ ရောက်ရှိသွားသည့် အချိန်တွင်

ကြာရှည်စွာ မေ့လျော့နေခဲ့သည့် ခံစားချက်တစ်ခုသည် သူ၏စိတ်ထဲတွင် မြင့်တက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် စနစ်၏မျက်နှာပြင်သည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

“ ဖြစ်‌နေပြီ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို အာရုံမစိုက်ဘဲ၊ စနစ်၏မျက်နှာပြင်ကိုသာ အာရုံစိုက်နေခဲ့သည်။

တစ်ခဏအကြာတွင် သူတစ်ဦးတည်းသာ မြင်နိုင်သည့် စာသားများသည် စနစ်၏မျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

[ ဆင့်ကဲဖြစ်စဥ် စံနှုန်းများနှင့် ကိုက်ညီပါပြီ၊ ဆင့်ကဲပြောင်းလဲမှု စတင်ပါတော့မည် ]

[ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းများ ]

[ ၁ ဒြပ်စင် ပေါင်းစပ်မှု ]

[ ၂ အန္တိမ ကန့်သတ်ချက် ]

[ ၃ အန္တိမ တိုးတက်မှု ]

ကြယ်တာရာ T-Rex နတ်ဘုရားသည် တအံ့တဩ ဖြစ်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် ဆင့်ကဲဖြစ်စဥ်အတွက် ရွေးချယ်စရာများ မပေးခဲ့ဘဲ၊ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းများကိုသာ တိုက်ရိုက်ပြသလာခဲ့သည်။

၎င်းမှာ သူက ဆင့်ကဲဖြစ်စဥ် သုံးခုစလုံးကို တစ်ပြိုင်နက် ရရှိလိမ့်မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ် သုံးခု၏ အသေးစိတ် အချက်အလက်များကို ဖွင့်ကြည့်ကာ၊ ရင်ခုန်သံများ မြန်ဆန်သွားခဲ့သည်။

[ ဒြပ်စင်ပေါင်းစပ်မှု : မူလကိုယ်နှင့် ကိုယ်ပွားတို့သည် တည်ရှိမှုတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ၊ ဆန္ဒရှိသလို ပုံစံပြောင်းနိုင်ပြီး၊ နှစ်ခုစလုံးသည် တစ်ခြားတစ်ဦး၏ စွမ်းရည်များကို မျှဝေသုံးစွဲနိုင်သည် ]

[ အန္တိမ အကန့်အသတ် : ကန့်သတ်ချက်အားလုံးသည် အဆုံးမဲ့ တိုးမြှင့်လိုက်သည် ]

( လုပ်နိုင်စွမ်း၊ စွမ်းရည်တွေရဲ့ အကန့်အသတ်ကို မြှင့်တင်လိုက်တာပါ)

[ အန္တိမ တိုးတက်မှု : စွမ်းရည်အားလုံးသည် လက်ရှိနယ်ပယ်ထပ် သာလွန်သည့် သိသာထင်ရှားသော တိုးတက်မှုကို ရရှိမည် ]

…

ပထမ ဆင့်ကဲပြောင်းလဲမှုသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အံ့အားသင့်သွားစေခဲ့သည်။

“ မူလကိုယ်နဲ့ ကိုယ်ပွားက ပေါင်းစပ်သွားမှာလား “

ဒါ …. ဒါကြီးက ……. ကိုယ်ပွားရဲ့ ခန္ဓာကိုယ်က မီတာ ထောင်နဲ့ချီတယ်လေ၊ ငါက ၁.၈မီတာကို နည်းနည်းလေးပဲ ကျော်တာ၊ ဘယ်လိုလုပ် ပေါင်းစပ်နိုင်မှာလဲဟ

ဒါပင်မဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ တစ်ယောက်ရဲ့ စွမ်းရည်အကုန်လုံးကို တစ်ခြားတစ်ယောက်က ရသွားမှာလား

တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင်၊ မူလကိုယ်ကလည်း ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုနဲ့ တာအို အရှင်သခင် စွမ်းရည်တွေကိုပါ ရသွားမှာလား

ငါ့ရဲ့ ကိုယ်ပွားကလည်း လူသားစွမ်းရည်တွေကို ရသွားမှာပေါ့

၎င်းကို အထင်မသေးသင့်ပါလေ။ လူသားဧကရာဇ် စည်းတံဆိပ်နှင့် ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်တို့ကို ဥပမာ ယူပါလေ၊ ၎င်းတို့က လူသားကျင့်ကြံရေး နည်းစနစ်များဖြစ်သောကြောင့်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းတို့၏ အစစ်အမှန် စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်ပေ။

သို့သော် မူလကိုယ်နှင့် ပေါင်းစည်းသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် သူက အထွတ်အထိပ်အဆင့် နည်းစနစ်များကို ကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

အရေးအကြီးဆုံးအရာမှာ သူသည် မူလကိုယ်၏ ကျင့်ကြံရေး မြန်ဆန်သော စွမ်းရည်ကို ရရှိခြင်းပင် ဖြစ်သည်။

သူ၏ ကြီးထွားမှု အမြန်နှုန်းက အတော်လေး မြန်ဆန်နေခဲ့သော်လည်း၊ ၎င်းမှာ စနစ်၏ ကူညီမှုကြောင့်သာ ဖြစ်နေခဲ့သည်။

သို့သော် သူကသာ လူသားခန္ဓာကိုယ်၏ ကျင့်ကြံရေး မြန်ဆန်မှုကို အမွေဆက်ခံနိုင်မည်ဆိုပါက၊ သူ၏ ကြီးထွားမှု အမြန်နှုန်းမှာ တစ်ဖန်ပြန်၍ ထောင်တက်သွားတော့မည် ဖြစ်သည်။

“ အန္တိမ အကန့်အသတ်၊ အန္တိမ တိုးတက်မှု “

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် နောက်ထပ် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းနှစ်ခုကို အာရုံထပ်စိုက်နေခဲ့ကာ၊ မျက်လုံးများ တောက်ပသွားခဲ့သည်။

အဆိုပါ လမ်းကြောင်းနှစ်ခု၏ ဖော်ပြချက်များမှာ အလွန်တရာ ရိုးရှင်းနေခဲ့သည်၊ သူသည် ၎င်းတို့က အံ့ဖွယ်ကောင်းသည့် အပြောင်းအလဲများကို ယူဆောင်ပေးလာလိမ့်မည်ဟု နားလည်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက တွေးတောစဥ်းစားနေသည့် အချိန်မှာပင်

ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ် စတင်လာခဲ့သည်။

“ ဂျိန်းးး “

သူ၏မီတာထောင်နှင့်ချီ၍ ရှည်လျားသော ခန္ဓာကိုယ်ထဲတွင် မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် မြေပြင်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤဖြစ်စဥ်နှင့် အလွန်တရာ ရင်းနှီးနေခဲ့သည်။

သို့ရာ၌ ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှု အကြီးမားဆုံးသော ပြောင်းလဲမှုမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မဟုတ်ဘဲ၊ သူ၏ ခရမ်းရောင် နန်းတော်နှင့် စိတ်ဝိညာဥ်ပင်လယ်တို့သာ ဖြစ်နေခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော အပြောင်းအလဲတစ်ခု မွေးဖွားလာခဲ့ပြီး၊ သူ၏ခရမ်းရောင် နန်းတော်ကို အဆပေါင်းဒါဇင်နှင့်ချီ၍ ပိုမိုကြီးမားပြန့်ကားသွားစေခဲ့သည်။

ထိုစဥ ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားတို့မှာလည်း တစ်စုံတစ်ခုကို တုံ့ပြန်နေသကဲ့သို့ အလိုအလျောက် မြင့်တက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်မှာ စတင်၍ ဖောင်းကားလာခဲ့သည်။

မီတာ တစ်ထောင်

မီတာ နှစ်ထောင်

မီတာ သုံးထောင်

မီတာ ငါးထောင်

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်သည် ငါးဆတိတိ ကြီးမားလာခဲ့သည်။

၎င်းမှာ သူ၏ စွမ်းအားက ငါးဆတိတိ တိုးမြင့်သွားပြီဟု ဆိုလိုနေခြင်း မဟုတ်ပေ၊ အစစ်အမှန် တိုးတက်မှုမှာ ငါးဆထပ်ပိုများနေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤကမ္ဘာကြီးကို ကြည့်နေရင်းဖြင့် မျက်လုံးများ တောက်ပလာခဲ့သည် “ ဓာတ်ကြီးငါးပါး တာအို၊ အသက်နဲ့ မရဏ တာအိုတာအို၊ ဟင်းလင်းပြင် တာအို …….. ဒီတာအိုမူလတွေက ထပ်ပြီးတော့ ပေါ်လာပြန်ပြီ “

“ ဒါက ကြာပန်းစင်မြင့်မှာ ရှိနေခဲ့တဲ့ အချိန်တုန်းကလိုပဲ ဖြစ်နေတယ် “

မကြာခင် အချိန်မှာပင် သူသည် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။

သူ၏ တာအို အရှင်သခင် စွမ်းရည်မှာ အန္တိမ တိုးတက်မှုကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူကြာပန်းစင်မြင့်ထက်တွင် ရှိခဲ့စဥ် အချိန်ကနှင့် ယှဥ်နိုင်သည့် ဉာဏ်အလင်းရခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ တာအို အရှင်သခင် စွမ်းရည်သာလျှင် ဖြစ်ပြီး၊ သူ့ထံတွင် တစ်ခြားသော စွမ်းရည်များစွာ ရှိနေသေးသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏ကိုယ်ပိုင် အပြောင်းအလဲများကို မကြည့်ရှု မစစ်ဆေးရသေးခင် အချိန်မှာပင် ……….

ရုတ်တရက်ဆိုသလိုပင် ကြီးမားသော အနက်ရောင် တွင်းပေါက်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ သူ့ကို ဝါးမြိုသွားခဲ့သည်။

…………………………………………………………………………………………………………………………………..

( ပကတိ အထွတ်အထိပ်/ အထွတ်အထိပ်အဆင့်

အဆင့်နိမ့် အထွတ်အထိပ်

အလယ်အလတ် အထွတ်အထိပ်

အဆင့်မြင့် အထွတ်အထိပ်

အန္တိမ အထွတ်အထိပ်

အန္တိမတစ်ပိုင်း

အန္တိမအဆင့် ) ( အနိမ့်မှ အမြင့်အထိ အစဥ်လိုက်ပါ )

…

အပိုင်း ( 632 )

လူသားဧကရာဇ် ဖြစ်လာခြင်း၊ ယခင်လူသားဧကရာဇ်ထပ် သာလွန်ခြင်း

ဤအချိန်၌ ရွှေရောင်မီးလျှံမှာလည်း အလွန်တရာ အံ့အားသင့်နေလျက်ရှိသည်။

တစ်ချိန်က သူမသည် လူသားဧကရာဇ်နောက်သို့ လိုက်ခဲ့ဖူးပြီး၊ သူမ၏ အသိပညာနှင့် ဗဟုသုတတို့မှာ အလွန်တရာ ကြီးမားကျယ်ပြန့်နေခဲ့သော်လည်း၊ သူမသည် ယခုလက်ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားရသေးသည်။

“ အစားစားပြီးတဲ့နောက်မှာ ဒီလူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ဆယ်ဆကျော်အထိ ရုတ်တရက်ကြီး မြင့်တက်လာခဲ့တယ် “

“ ပိုပြီးတော့ အရေးကြီးတာက သူ့ရဲ့ ခရမ်းရောင် နန်းတော်ကလည်း အဆပေါင်းဒါဇင်နဲ့ချီပြီးတော့ ချက်ချင်းကြီးမားကျယ်ပြန့်လာခဲ့တာပဲ “

ရွှေရောင်မီးလျှံမှာ အလွန်တရာ အံ့ဩတုန်လှုပ်နေခဲ့သည်။

နဝမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ခရမ်းရောင် နန်းတော်က လုံးဝတည်ငြိမ်သွားကာ မည်သို့မျှ ပြောင်းလဲ၍ မရတော့ဘူးဆိုသည်ကို သိကြရမည် ဖြစ်သည်။

သူမသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခရမ်းရောင် နန်းတော်က အဆပေါင်း ဒါဇင်နှင့်ချီ၍ ပိုမိုကြီးမားလာခဲ့သည်ကို ယခုလေးတင် မြင်တွေ့ခဲ့ရသည်။

အကယ်၍ သူမ၏ ဆရာဖြစ်သူက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရမည်ဆိုပါက၊ သူသည်လည်း တအံ့တဩ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

သို့ရာ၌ သူမက များများစားစား တွေးတော မစဥ်းစားရသေးခင် အချိန်မှာပင်

သူမသည် ကြယ်တာရာ T-Rex နတ်ဘုရားက အနက်ရောင် တွင်းပေါက်တစ်ခု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး၊ အတွင်းပိုင်း နယ်မြေကဲ့သို့သော နေရာထံသို့ ရောက်ရှိလာသည်ကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။

“ ဟေး။ နင်အဆင်ပြေရဲ့လား “

ရွှေရောင်မီးလျှံမှ အော်ပြောလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် စကားပြန်ပြောလိုက်သည် “ အဆင်ပြေပါတယ် “

ထိုအချိန်မှသာလျှင် သူမသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့ပြီး၊ သူမ၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေတော့သည် “ ခုနက ဘာဖြစ်သွားတာလဲ။ အခု ငါတို့က ဘယ်နေရာကို ရောက်နေတာလဲ “

၎င်းမှာ သူမတို့က တစ်ခြား ကမ္ဘာတစ်ခုဆီသို့ ရုတ်တရက် ရောက်ရှိလာသည့်အလား ဖြစ်နေခဲ့သည်။

သူမတို့အရှေ့တွင် ရှိနေသည့် ကမ္ဘာကြီးသည် မီးခိုးရောင်တို့ဖြင့် ပြည့်နှက်နေခဲ့ပြီး၊ အရှေ့တည့်တည့်တွင် မှိန်ဖျော့ဖျော့သာ မြင်တွေ့ရသည့် ခမ်းနားထည်ဝါသော တံခါးတစ်ချပ်သာ ရှိနေခဲ့သည်။

ရွှေရောင်မီးလျှံသည် ဤကမ္ဘာကြီးက တကယ့်ကမ္ဘာ့မဟုတ်ဘဲ တစ်ခုခုမှားယွင်းနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။

ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် မှိန်ဖျော့ဖျော့သာ မြင်တွေ့ရသည့် တံခါးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

အနီးအနားသို့ ရောက်ရှိသွားသောအခါတွင် ရွှေရောင်မီးလျှံ၏ အမူအရာ ပြောင်းလဲသွားခဲ့သည် “ ဒါ … ဒါက …. ခရမ်းရောင် နန်းတော်ရဲ့ တံခါးပေါက်လား “

“ မကောင်းတော့ဘူး၊ နင်က တစ်ခုခုရဲ့ ဝါးမြိုတာကို ခံလိုက်ရပြီးတော့ အဲ့တာရဲ့ ခရမ်းရောင် နန်းတော်ထဲကို ရောက်နေတာပဲ “

ရွှေရောင်မီးလျှံသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

ဤသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော အခြေအနေမျိုး ဖြစ်သည်။

ခရမ်းရောင် နန်းတော်က အစွမ်းထက် တည်ရှိမှုတစ်ခုက ဖန်တီးထားသည့် ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်ကို အမှတ်ရကြရမည် ဖြစ်သည်။ ဤကမ္ဘာအတွင်း၌ ခရမ်းရောင် နန်းတော်၏ ပိုင်ရှင်မှာ ပြိုင်ဘက်ကင်း တည်ရှိမှု ဖြစ်နေမည် ဖြစ်သည်။

လူတစ်ဦး၏ နယ်ပယ်က တစ်ဖက်လူထပ် မသာလွန်သရွေ့ ဤနေရာမှ ထွက်သွားရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခင်က ကြယ်တာရာ T-Rex နတ်ဘုရား မြိုချခံလိုက်ရသည့် ဖြစ်စဥ်ကို ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်မည်ဆိုပါက၊ ပြိုင်ဘက်၏ နယ်ပယ်က ကြယ်တာရာ T-Rex နတ်ဘုရားထပ် များစွာသာလွန်နေမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် ရွှေရောင်မီးလျှံသည် စိတ်ဂဏာ မငြိမ် ဖြစ်သွားခဲ့သည်။

အကယ်၍ သူမတို့ကသာ ထွက်ပေါက်ကို ရှာမတွေ့ဘူးဆိုပါက၊ ဤနေရာမှာပင် သေဆုံးသွားနိုင်ပေသည်။

သို့ရာ၌ ကြယ်တာရာ T-Rex နတ်ဘုရားကမူ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။ သူသည် ဤခရမ်းရောင် နန်းတော်ကို ကြည့်ကာ ဉာဏ်အလင်းရသွားခဲ့သည် “ ဆိုတော့ ဒြပ်စင် ပေါင်းစပ်တယ်ဆိုတာက ဒီဟာပေါ့ “

“ ဒြပ်စင်ပေါင်းစပ်တာလား “ ရွှေရောင်မီးလျှံသည် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလာခဲ့သည် “ နင်က ဘာအကြောင်းပြောနေတာလဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြောပြလိုက်သည် “ ဒီခရမ်းရောင် နန်းတော်ရဲ့ တံခါးပေါက်ကနေ ဖြတ်သွားမယ်ဆိုရင်၊ အဲ့တာကို နားလည်လာလိမ့်မယ် “

“ ခရမ်းရောင် နန်းတော်ရဲ့ တံခါးပေါက်ကနေ ထွက်သွားရမှာလား “ ရွှေရောင်မီးလျှံမှ ပြန်ပြောလာခဲ့သည် “ ဒီနန်းတော်ရဲ့ အရှင်သခင်ကပဲ အဲ့တာကို ဖွင့်နိုင်တာလေ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလာခဲ့သည် “ ဘာတွေ ဒီလောက်ခက်ခဲနေတာလဲ။ ငါ့အတွက် ဖွင့်လိုက် “

ထို့နောက်တွင် သူသည် သူ၏လက်ကို မြှောက်၍ လက်ညှိုးထိုးလိုက်သည်၊ ရုတ်တရက်ဆိုသလိုပင် ခရမ်းရောင် နန်းတော်၏ တံခါးပေါက်မှာ မြည်ဟီး၍ ပွင့်ဟလာခဲ့သည်။

“ ဒါက ….. “

ရွှေရောင်မီးလျှံသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

…

ကြယ်တာရာ T-Rex နတ်ဘုရားမှ တိုက်တွန်းလာခဲ့သည် “ သွားလိုက် “

ရွှေရောင်မီးလျှံသည် သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်ကာ၊ တံခါးပေါက်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။

တစ်ခဏအကြာတွင် သူမသည် ခရမ်းရောင် နန်းတော်အတွင်းမှ ထွက်ခွာသွားခဲ့သည်။

အပြင်ဘက်သို့ ရောက်လာသည့် အချိန်တွင် သူမသည် ရှုကျိုး၏ လူသားခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရသည်။

“ ဒါက ……. အဆင့်၇ အထွတ်အထိပ်လား “

ရွှေရောင်မီးလျှံသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သတ္တမအဆင့် အထွတ်အထိပ် လူသားတစ်ယောက်က နဝမအဆင့်မှာရှိတဲ့ ကြယ်တာရာ T-Rex နတ်ဘုရားကို သူ့ရဲ့ ခရမ်းရောင်နန်းတော်ကို ဘယ်လိုလုပ် ဖမ်းထည့်နိုင်ရတာလဲ

ထိုအခိုက်အတန့်တွင် ရှုကျိုးမှ စကားစပြောလာခဲ့သည် “ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါရစေ၊ ငါက ရှုကျိုး၊ လူသားဧကရာဇ်ရဲ့ အမွေဆက်ခံသူပါ “

ဗွီ

ရွှေရောင် အလင်းတန်းတို့ဖြင့် တောက်ပနေသည့် ပြီးပြည့်စုံသော လူသားဧကရာဇ် စည်းတံဆိပ်သည် သူ၏လက်ဝါးတွင် ဖြစ်ပေါ်လာခဲ့သည်။

ရွှေရောင်မီးလျှံသည် လူသားဧကရာဇ် စည်းတံဆိပ်ကို မြင်လိုက်ရသောအခါတွင် အေးခဲတောင့်တင်းသွားပုံရကာ၊ မလှုပ်မယှက် ဖြစ်သွားခဲ့သည်။

ရှုကျိုးသည် အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည် “ နင်ခုနက မြင်ခဲ့ရတဲ့ သားရဲကြီးက ငါ့ရဲ့ ကိုယ်ပွားပဲ၊ ဒါပင်မဲ့ သီအိုရီအရ ပြောရမယ်ဆိုရင်တော့ အဲ့တာကလည်း ငါပဲ “

“ ဒါပင်မဲ့ နင်အခု မြင်နေရတာကတော့ ငါ့ရဲ့ မူလကိုယ်ပဲ “

ရွှေရောင်မီးလျှံသည် မှင်သေသေဖြင့် စိုက်ကြည့်နေမိခဲ့သည်။

သူမသည် တစ်ခဏခန့် မှင်သက်နေခဲ့ပြီးမှ သတိပြန်ဝင်လာခဲ့သည်။

“ မူလကိုယ်နဲ့ ကိုယ်ပွားလား။ ဝိညာဥ်တစ်ခု ခန္ဓာနှစ်ခုလား “

ရွှေရောင်မီးလျှံသည် မယုံကြည်နိုင် ဖြစ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်နေခဲ့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။

“ ဒီအဆင့်၇ အထွတ်အထိပ်က မူလကိုယ်ဖြစ်ပြီးတော့၊ အဆင့်၉ သားရဲကောင်က ကိုယ်ပွားလို့ နင်ပြောနေတာလား “ ရွှေရောင်မီးလျှံမှ မေးမြန်းလာခဲ့သည်။

ရှုကျိုးသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ အမှန်ပဲ “

ရွှေရောင်မီးလျှံသည် သံသယဖြစ်သွားပုံရသည် “ အခြေအနေက ပြောင်းပြန်ဖြစ်နေတာတော့ မဟုတ်ဘူးမလား “

ရှုကျိုး၏ အမူအရာ မည်းမှောင်သွားကာ၊ ပြန်ပြောလာခဲ့သည် “ လူသားဧကရာဇ်က သူ့ရဲ့ အမွေဆက်ခံသူအဖြစ် သားရဲမျိုးနွယ်စုကို ရွေးလိမ့်မယ်လို့ နင်ထင်နေတာလား “

“ အမ် …… အဲ့တာက ဟုတ်သားပဲ “

ရွှေရောင်မီးလျှံသည် တွေးတွေးဆဆဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည် “ ငါပြောတာက ဆရာ့ရဲ့ အမွေဆက်ခံသူက လူသားမျိုးနွယ်စုကပဲ ဖြစ်သင့်ပါတယ်၊ ဒါပင်မဲ့ နင်က တော်တော်ကြီးကို အားနည်းနေသေးတယ်လေ “

သူမ၏အသံသည် အဆုံးတွင် ပိုပို၍ တိုးညှင်းသွားခဲ့သည်။

သို့ရာတွင် ရှုကျိုးသည် ၎င်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး၊ သူ၏မျက်နှာသည် မီးသွေးကဲ့သို့ မည်းမှောင်သွားခဲ့သည်။

“ ကြည့်ရတာတော့ ငါ့ရဲ့ ခွန်အားကို မြန်မြန်ဆန်ဆန် မြှင့်ရတော့မဲ့ပုံပဲ၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီလူကတောင် ငါ့ကို အထင်သေးနေမှာ “

ရှုကျိုးသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ အခုငါနဲ့ ကိုယ်ပွားက ပေါင်းစပ်သွားတာကတော့ တော်တော်ကြီးကို ကံကောင်းတယ်၊ ငါ့ရဲ့ စွမ်းအားက မြန်မြန်ဆန်ဆန် တက်လာလိမ့်မယ်လို့ ခံစားနေရတယ် “

ဤအချိန်၌ သူသည် ဒြပ်စင်ပေါင်းစပ်ခြင်းဆိုသည့် အဓိပ္ပါယ်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

ဒြပ်စင်ပေါင်းစပ်ခြင်းဟု ခေါ်ဆိုသော အရာသည် စွမ်းရည်ပေါင်းစပ်ခြင်းသာလျှင် မဟုတ်ဘဲ၊ စွမ်းအား ပေါင်းစပ်ခြင်းပါ ဖြစ်နေခဲ့သည်။

၎င်းမှာ ယခုလက်ရှိ အချိန်မှစပြီး၊ သတ္တမအဆင့်နှင့် နဝမအဆင့်တွင် သူ့အတွက် မည်သည့်အတားအဆီး/ပိတ်ဆို့မှုမှ မရှိတော့ဘူးဟု ဆိုလိုနေခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကိုယ်ပွားက သူ့အတွက် လမ်းဖောက်ထားခဲ့ပြီးပြီ ဖြစ်သောကြောင့် ဖြစ်သည်။

“ ငါ့ကို ရက်ပေါင်းများစွာ ချုပ်နှောင်နေခဲ့တဲ့ အချုပ်အနှောင်တွေက လုံးဝပျက်စီးသွားပြီ “

ရှုကျိုးသည် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားနေခဲ့ရသည် “ တကယ်လို့ ငါသာလိုချင်တယ်ဆိုရင်၊ အဆင့်၈ကို အခုချက်ချင်း တက်လိုက်လို့ရတယ် “

“ ဒါပင်မဲ့ အဲ့တာနဲ့ ယှဥ်လိုက်မယ်ဆိုရင် ဒြပ်စင်ပေါင်းစပ်ခြင်းရဲ့ အကြီးမားဆုံး အားသာချက်က …… ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ပုံစံတွေ စိတ်ကြိုက်ပြောင်းလဲလို့ရတာပဲ “

ရှုကျိုးသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်။

ဗွီ

သူ၏ပုံရိပ်သည် မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူပြန်ပေါ်လာသည့် အချိန်တွင်၊ သူသည် ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာရှိ လူသူကင်းမဲ့သော တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့သည်။

“ ကိုယ်ပွား၊ ထွက်လာခဲ့ “

ရှုကျိုး၏ အတွေးတစ်ခု လှုပ်ရှားသွားခဲ့သည်၊ ထို့‌နောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ဤကမ္ဘာအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မီတာ ငါးထောင် ရှည်လျားသည့် ဧရာမ သားရဲတစ်ကောင်သည် မူလနေရာတွင် ပြန်ပေါ်လာခဲ့သည်။

၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားပင် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ခရမ်းရောင် နန်းတော် အတွင်းတွင်၊ ရှုကျိုး၏ ရှေးဦးဝိညာဥ်ဖြစ်သော သေးငယ်သည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 633 )

လူသားဧကရာဇ် ဖြစ်လာခြင်း၊ ယခင်လူသားဧကရာဇ်ထပ် သာလွန်ခြင်း ၂

“ ဒြပ်စင်ပေါင်းစပ်မှုကို ရခဲ့ပြီးတဲ့နောက်မှာ ကိုယ်ပွားက မူလကိုယ် ဖြစ်လာပြီးတော့၊ မူလကိုယ်ကလည်း ကိုယ်ပွားဖြစ်လာခဲ့တယ်။ နှစ်ခုစလုံးက တစ်ကွဲတစ်ပြား ဖြစ်မနေတော့ဘူး “

“ အဲ့တာက တကယ်လို့ ငါက မူလကိုယ်ရဲ့ အသွင်အပြင်ကို ယူထားမယ်ဆိုရင်တောင်မှ၊ ငြှိမ်းသက်၍မရသော ကြယ်မီးဖိုနဲ့ တာအို အရှင်သခင်တို့လို ကိုယ်ပွားရဲ့စွမ်းရည်တွေကိုပါ ထုတ်သုံးနိုင်ပြီဟု ဆိုလိုနေတာပဲ “

“ ကိုယ်ပွားရဲ့ အသွင်အပြင်နဲ့ဆိုရင်လည်း လူသားဧကရာဇ် စည်းတံဆိပ်နဲ့ မဟာနေမင်းကျမ်းတို့လို အထွတ်အထိပ် လူသားနည်းစနစ်တွေကိုပါ ထုတ်သုံးနိုင်ပြီ “

“ အဲ့တာတွေ အပြင် ဒီတစ်ခါ ဆင့်ကဲပြောင်းလဲမှုက ယူလာပေးတဲ့ တကယ့်တိုးတက်မှုက ………… “

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ကြည့်လိုက်သည်။

အဆင့် : နဝမအဆင့် အဆင့်၃ ( ၉၅% )

အသားတင် အလေးချိန် : ကီလိုဂရမ် သန်း၅၀

စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၁၀သန်း ရရှိခြင်း၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း(pas)၊ ဟင်းလင်းပြင်၊ အင်မော်တယ်၊ အသက်ရှူသံ ဖုံးကွယ်ခြင်း၊ သားရဲတစ်သောင်း တုပခြင်း၊ ငြှိမ်းသက်၍ မရသော ကြယ်မီးဖို၊ တာအို အရှင်သခင် ………

…

“ နေ့တိုင်းရတဲ့ အလေးချိန်က ကီလိုဂရမ် ၁၀သန်းအထိ မြင့်တက်သွားပြီပဲ “

ရှုကျိုးသည် ပြုံးစိစိ ဖြစ်သွားခဲ့သည်။

ဒြပ်စင်ပေါင်းစပ်ခြင်းနှင့် ယှဥ်လိုက်မည်ဆိုပါက၊ ၎င်းကသာလျှင် သူ့ကို အမှန်တကယ် အံ့ဩသွားစေခဲ့သည်။

အန္တိမ အကန့်အသတ်နှင့် အန္တိမ တိုးတက်မှု …..

အဆိုပါ ဆင့်ကဲပြောင်းလဲမှုနှစ်ခုကြောင့်ပင် သူ၏ စွမ်းရည် အကုန်လုံးက ကြောက်ခမမ်းလိလိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ကြီးထွားမှုဖြစ်စေ၊ ဟင်းလင်းပြင်(သို့) အင်မော်တယ်စွမ်းရည်ဖြစ်စေ၊ ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုပင် ဖြစ်စေ၊ အရာအားလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိုးတက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ စွမ်းရည်များကို စမ်းသပ်နေခဲ့သည်။

“ ငြှိမ်းသက်၍ မရသော ကြယ်မီးဖို “

သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် နတ်စွမ်းအားများ ပေါ်ထွက်လာခဲ့ပြီး၊ သူ၏အကြေးခွံများသည် အပြာရောင် ဖျော့ဖျော့ သမ်းနေသည့် အဖြူရောင် အလင်းတန်းတစ်ခုကို လျင်မြန်စွာ ထုတ်လွှတ်လာခဲ့သည်။

၎င်းနှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရားတည်ရှိရာ ဟင်းလင်းပြင်၏ အပူချိန်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

ဒီဂရီ ဆဲစီးယပ် သန်း ၅၀

ဒီဂရီ ဆဲစီးယပ် သန်း ၈၀

ဒီဂရီ ဆဲစီးယပ် သန်း ၁၀၀

ဒီဂရီ ဆဲစီးယပ် သန်း ၂၀၀

ဒီဂရီ ဆဲစီးယပ် သန်း ၅၀၀

…

ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ မြင့်မားသော အပူချိန်သည် ဟင်းလင်ပြင်ကို လောင်ကျွမ်းစေကာ၊ ဟင်းလင်းပြင်ကို ဆက်တိုက်ပြိုကျသွားစေသည့် အနက်ရောင် တွင်းပေါက်များကို ဖန်တီးနေခဲ့သည်။

ကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏ အပူချိန် အကုန်လုံးကို သူ့အနားတွင် ရှိနေသည့် ဟင်းလင်းပြင် နေရာငယ်တစ်ခုတွင်သာ စုစည်းထားပြီး၊ ၎င်းကို မည်သို့မျှ ပျံ့နှံ့မသွားစေခဲ့ခြင်းပင် ဖြစ်သည်။

၎င်းမှာ ဟင်းလင်းပြင် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းသာလျှင် မဟုတ်ဘဲ၊ ငြှိမ်းသက်၍ မရသော ကြယ်မီးဖို၏ စွမ်းအားကို အမြင့်ဆုံး ထုတ်သုံးထားခြင်းပါ ဖြစ်သည်။

အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက ကြယ်တာရာ T-Rex နတ်ဘုရားသည် အလွန်ပူပြင်းသော အပူချိန်ကို ထုတ်လွှတ်နေသည့် ဖြူပြာရောင် ကြယ်တစ်လုံးကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ကို ခံစားလိုက်ရသောအချိန်၌ ခရမ်းရောင် နန်းတော်အတွင်းတွင် ရှိနေသည့် ရွှေရောင်မီးလျှံကပင် လျင်မြန်စွာ ပုန်းအောင်းသွားခဲ့ရသည်။

“ ဒီလိုစွမ်းရည်မျိုးကို ငါတစ်ခါမှ မကြားခဲ့ဖူးဘူး “

ခရမ်းရောင် နန်းတော်အတွင်းရှိ ရွှေရောင်မီးလျှံသည် ပြောစရာ စကားလုံးများ ပျောက်ရှသွားခဲ့သည်။

သူမကိုယ်တိုင်က မီးလျှံ/မီးတောက်တစ်ခု ဖြစ်နေခဲ့သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားက ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုကို အသုံးပြုလိုက်သည့်နောက်တွင် သူမကပင် အဖိအနှိပ်ခံခဲ့ရသည်။

သူမ၏ ခန္ဓာကိုယ်ထဲတွင် လူသားဧကရာဇ်၏ အသက်အရင်းအမြစ် ပါဝင်သည်ကို အမှတ်ရကြရမည် ဖြစ်သည်။

သူမ၏ အပူချိန်ကပင် ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားလောက် မြင့်မားမနေခဲ့ပေ။

သို့သော် ၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားက အန္တိမနယ်ပယ်၏ မူလစွမ်းအားကို ဖိနှိပ်နိုင်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ၊ လူသားဧကရာဇ်၏ အသက်အရင်းအမြစ်မှာ အပူနှင့် အလင်းထုတ်လွှတ်ခြင်းအတွက် ရည်ရွယ်ထားခြင်း မဟုတ်ပေ။

ယခုလက်ရှိ အခြေအနေအရ ကြယ်တာရာ T-Rex နတ်ဘုရားသည် အပူချိန်အပိုင်းတွင် ရွှေရောင်မီးလျှံကို လုံးဝဖိနှိပ်ထားနိုင်သည်။

၎င်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။

“ အန္တိမ တိုးတက်မှုကို ရခဲ့ပြီးတဲ့နောက်မှာ ငါ့ခန္ဓာကိုယ်ရဲ့ အပူချိန်က ဒီဂရီ ဆဲစီးယပ် တစ်ဘီလီယံအထိ ချက်ချင်းမြင့်တက်သွားခဲ့တယ် “

“ အဲ့တာက အကန့်အသတ်နဲ့ အဝေးကြီး လိုသေးတယ်၊ အန္တိမ အကန့်အသတ်ကြောင့် ဒီစွမ်းရည်က ထုတ်လွှတ်တဲ့ အပူချိန်က ဒီဂရီ ဆဲစီးယပ် ဘီလီယံပေါင်း ရာနဲ့ချီ၊ ဒါမှမဟုတ် ထရီလီယံနဲ့ချီတဲ့အထိတောင် မြင့်တက်သွားနိုင်တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မအောင့်ထားနိုင်တော့ဘဲ စိတ်ကူးယဥ်မိနေတော့သည်။

အဲ့လို အပူချိန်မျိုးနဲ့ဆိုရင် အန္တိမနယ်ပယ်က တည်ရှိမှုကိုတောင် ပြဿနာရှာနိုင်လောက်တယ်လေ၊ ဟုတ်တယ်မလား

“ အခုတော့ ငါက ငြှိမ်းသက်၍ မရသော ကြယ်မီးဖိုတစ်ခုတည်းနဲ့ သာမန် အဆင့်၉ အထွတ်အထိပ် ပညာရှင်တွေကို ယှဥ်နိုင်စွမ်း ရှိနေပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ အလွန်တရာ ကျေနပ်ပီတိ ဖြစ်နေခဲ့သည်။

ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုမှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။

“ နောက်ပြီးတော့ မူလကိုယ်က အဆင့်၈ကို ရောက်သွားအောင် အရင်လုပ်ကြတာပေါ့ကွာ ”

သူ့ထံတွင် ကျင့်ကြံရေးအတွက် အစီအစဥ်တစ်ခု ရှိနေခဲ့ပြီးပြီ ဖြစ်သည်။

ကိုယ်ပွားက ကီလိုဂရမ် ၁၀သန်းအထိ နေ့စဥ် ကြီးထွားတော့မည်ဖြစ်သောကြောင့် ၎င်း၏ အဆင့်အတွက် စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။

သို့သော် မူလကိုယ်မှာလည်း နောက်တွင် ပြတ်ကျန်မနေခဲ့သင့်ပေ။

ယခုတွင် ဒြပ်စပ်ပေါင်းစပ်ခြင်းကို ရရှိခဲ့ပြီဖြစ်သောကြောင့်၊ မူလကိုယ်နှင့် ကိုယ်ပွားတို့၏ စွမ်းအားများက ပိုမိုနီးကပ်လာလေလေ၊ သူ၏ အလုံးစုံ စွမ်းအားက ပိုမိုကြီးမားလာလေလေ ဖြစ်သည်။

“ ဒါပင်မဲ့ မူလကိုယ်က အဆင့်တက်နေတဲ့ အချိန်မှာ၊ ငါက အစားစားဖို့အတွက် ကိုယ်ပွားအဖြစ် ပြောင်းလဲလိုက်လို့ မရတော့ဘူး၊ အဲ့တာက ဒီဒြပ်စင်ပေါင်းစပ်တာရဲ့ တစ်ခုတည်းသော အားနည်းချက်ပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဦးခေါင်းကို အသာအယာ ခါရမ်းကာ၊ အတွေးတစ်ခုနှင့်အတူ မူလကိုယ်အဖြစ် ပြန်လည်အသွင်ပြောင်းသွားခဲ့သည်။

သူသည် ဟင်းလင်းပြင်ကို ချက်ချင်းဆုတ်ဖြဲကာ၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဆီသို့ ဦးတည်သွားတော့သည်။

မူလကိုယ်၏ အဆင့်တက်ခြင်း ဖြစ်စဥ်မှာ အလွန်တရာ အရေးကြီးနေခဲ့သည်၊ ထို့ကြောင့် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် အဆင့်တက်ခြင်းက ပိုမိုလုံခြုံဘေးကင်းလိမ့်မည် ဖြစ်သည်။

…

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင်

ရှုကျိုးသည် ချက်ချင်း တင်ပျဥ်ခွေထိုင်လိုက်သည်။

အဆင့်တက်လှမ်းခြင်းက သေချာသလောက်နီးပါး ဖြစ်နေခဲ့သော်လည်း၊ သူသည် လိုရမယ်ရအဖြစ် အဌမအဆင့် ဆေးလုံးတစ်ချို့ကို ပြင်ဆင်ထားခဲ့သေးသည်။

သူ၏ယခုလက်ရှိ အဆင့်အတန်းအရ အဌမအဆင့်ဆေးလုံးကို မဆိုထားနှင့်၊ နဝမအဆင့် ဆေးလုံးကိုပင် ရယူနိုင်မည် ဖြစ်သည်၊ သို့သော် ရရှိရန်အတွက် အနည်းငယ် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

“ စလိုက်ကြတာပေါ့ကွာ “

ရှုကျိုးသည် မျက်လုံးများ မှိတ်ကာ သူ၏ကျင့်ကြံရေး နည်းစနစ်ကို အသက်သွင်းလိုက်သည်။

သတ္တမအဆင့်မှ အဌမအဆင့်သို့ သွားရာ လမ်းကြောင်းကို ကိုယ်ပွားက လျှောက်လှမ်းခဲ့ပြီးပြီဖြစ်သည်၊ ထို့ကြောင့် မည်သည့်အတားအဆီးမှ ရှိနေလိမ့်မည် မဟုတ်ပေ။

သူ၏ အခြေခံအုတ်မြစ်မှာလည်း အလွန်တရာ နက်ရှိုင်းနေခဲ့သည်၊ ထို့ကြောင့် အဆင့်တက်ခြင်း ဖြစ်စဥ်မှာ အလွန်တရာ ချောမွေ့နေခဲ့သည်။

အဌမအဆင့် ကျင့်ကြံရေးတွင် ရှေးဦးဝိညာဥ်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအိုနှင့် ပေါင်းစပ်ရန် လိုအပ်သည်၊ တာအိုနှင့် ပေါင်းစည်းသွားမှသာလျှင်၊ ဓမ္မပုံရိပ်က အလိုအလျောက် ပေါ်လာမည် ဖြစ်သည်။

“ ဗွီ “

ရှုကျိုး၏ ရှေးဦးဝိညာဥ်သည် သူ၏ ခရမ်းရောင် နန်းတော်အတွင်းမှ ပျံသန်းထွက်ခွာလာခဲ့သည်။

ရွှေရောင်မီးလျှံသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် တအံ့တဩဖြစ်သွားခဲ့သည် “ အဲ့တာက ….. ဘာလို့ နင့်ကိုယ်ပွားရဲ့ ရှေးဦးဝိညာဥ် ဖြစ်နေရတာလဲ “

သူ၏ ခရမ်းရောင် နန်းတော်အတွင်းမှ ထွက်လာခဲ့သည့် အရာမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ် ဖြစ်နေခဲ့သည်။

ရှုကျိုးသည် မျက်လုံးဖွင့်၍ ကြည့်လာခဲ့ပြီး၊ ၎င်းကို မြင်တွေ့လိုက်ရသော်လည်း မည်သို့မျှ မအံ့ဩသွားခဲ့ပေ “ ဒြပ်စင်ပေါင်းစပ်ပြီတဲ့နောက်မှာ၊ မူလကိုယ်နဲ့ ကိုယ်ပွားရဲ့ ရှေးဦးဝိညာဥ်တွေက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတယ်၊ အဲ့တာကလည်း ရုပ်ခန္ဓာလိုမျိုး စိတ်ရှိတိုင်း အသွင်ပြောင်းလို့ရတယ် “

အတွေးတစ်ခုနှင့်အတူ အဆိုပါ ရှေးဦးဝိညာဥ်သည် လူသားပုံသဏ္ဍာန် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ဒါပင်မဲ့ ရှေးဦးဝိညာဥ်ဆိုမှ ……. ငါ့မူလခန္ဓာကိုယ်ရဲ့ ရှေးဦးဝိညာဥ်က အဆင့်၈ကို မရောက်သေးဘူး ဆိုပင်မဲ့၊ အဆင့်၉ရဲ့ မူလနိယာမကို နားလည်နေပြီးသားလေ၊ အခု တာအိုနဲ့ ပြန်ပေါင်းစပ်ရမယ်ဆိုတော့ ဘာတွေများ ဖြစ်လာနိုင်မလဲ “

All Chapters