← Chapters

နှင်ထုတ်ခြင်း အမိန့်စာ၊ ကြယ်ပြာဂြိုဟ်ပေါ်ရှိ ထူးခြားသော ဖြစ်ရပ်များ

Vol. 15 Ch. 220

နှင်ထုတ်ခြင်း အမိန့်စာ၊ ကြယ်ပြာဂြိုဟ်ပေါ်ရှိ ထူးခြားသော ဖြစ်ရပ်များ

Vol. 15 Ch. 220

ထိုအချိန်၌ အားလုံးသည် စိတ်မသက်မသာ ဖြစ်သွားခဲ့ကြသည်။

စုန်ယွင့်ဟဲ့မှာ ရှုကျိုးအား လူမြင်ကွင်းတွင် အမှန်တကယ် တိုက်ခိုက်လာမည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ချေ။

အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းမှာ အမှန်တကယ် တိုက်ခိုက်လာခဲ့ခြင်းမဟုတ်ဘဲ သူ၏တည်ရှိမှုကို ထုတ်ပြ၍ ချိန်းခြောက်နေခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် ပိုအံ့ဩဖွယ်ကောင်းသည့် အရာကား အစစ်အမှန် သိုင်းပညာဌာန၏ ဌာနမှူး ရှန့်ဝမ်ချန်းသည် လူကိုယ်တိုင် ပေါ်လာခဲ့ပြီး၊ စုန့်ယွင်ဟဲ့ကို လူမြင်ကွင်းတွင် အမှန်တကယ် တိုက်ခိုက်လာခဲ့လေသည်။

တစ်ကွက်တည်းဖြင့် စုန့်ယွင်ဟဲ့သည် မြေပြင်ပေါ်သို့ လှဲသိပ်ခံလိုက်ရပြီး၊ သူ၏ အသွေးအသားများသည် နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။

အဆိုပါ မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် လူတိုင်း အလွန်တုန်လှုပ်ချောက်ခြားသွားကြသည်။

၎င်းမှာ အစစ်အမှန် သိုင်းပညာဌာနမှ ဌာနမှူး၏ စွမ်းအားဖြစ်သည်။

နှစ်ဦးစလုံးသည် ဆဌမအဆင့်များဖြစ်ကြသည်၊ သို့သော် စုန့်ယွင်ဟဲ့သည် ရှန့်ဝမ်ချန်း၏ အရှေ့တွင် မည်သို့မျှ မရုန်းကန်နိုင်ခဲ့ဘဲ၊ ခွေးသေတစ်ကောင်ကဲ့သို့သာ မြေပြင်ပေါ်တွင် လှဲလျောင်းနေခဲ့ရသည်။

ထိုအချိန်၌ ကျောပင်စိမ့်သွားစေလောက်သည့် အတွေးတစ်ခုသည် အားလုံး၏ ခေါင်းထဲသို့ ရောက်ရှိလာခဲ့သည်။

ရှန့်ဝမ်ချန်း၏လှုပ်ရှားမှုသည် ရှုကျိုးအတွက်သာလျှင် မဟုတ်ဘဲ၊ လက်စားချေလိုစိတ်များပင် ပါဝင်နေခြင်း ဖြစ်နိုင်လေသည်။

အစစ်အမှန် သိုင်းပညာဌာနက ဖိနှိပ်ခံခဲ့ရသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။

“ ရှန့်ဝမ်ချန်း၊ အခုဆိုရင် မင်းဒေါသပြေသွားပြီ၊ ရပ်လိုက်တော့ “

ပုံရိပ်တစ်ခုသည် ကောင်းကင်ယ့တွင် ပေါ်လာခဲ့ပြီး၊ ရှေ့တစ်လှမ်းတိုးလာခဲ့ရာ အကွာအဝေးပေါင်းများစွာ ဖြတ်ကျော်သွားကာ အားလုံး၏ အထက်သို့ ရောက်ရှိလာခဲ့သည်။

နတ်သိုင်းဌာန၏ ဌာနမှူး၊ လျူတုန်ဖင်း !!

သူသည် အဝေးရှိ ရှန့်ဝမ်ချန်းကို ကြည့်ကာ ပေါ်ပေါ်တင်တင် ပြောလာခဲ့သည် “ မင်းက သူ့ကိုသတ်ဖို့ ကြံနေတာလား? “

ရှန့်ဝမ်ချန်းသည် အေးစက်စွာ တုံ့ပြန်ပြောဆိုလာခဲ့သည် “ သူပြောခဲ့တာတွေကို မင်းခွင့်ပြုပေးလိုက်တာလား? “

လျူတုန်ဖင်းမှ ခေါင်းခါပြလာခဲ့သည် “ ငါသတိမထားခဲ့မိဘူး “

“ ဒါဆိုရင်လည်း သူ့ကို ကွမ်ဟန်ကို ပို့ပြီးတော့ သုံးနှစ်လောက် ဖိနှိပ်ထားလိုက် “

အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ရှန့်ဝမ်ချန်းဆီမှ ထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပေ။

အားလုံး၏ အမူအရာများ ပြောင်းလဲသွားပြီး၊ အဝေးရှိ ကောင်းကင်ယံသို့ အမြန်ကြည့်လိုက်ကြသည်။

ရှန့်ဝမ်ချန်း၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး၊ စုန့်ယွင်ဟဲ့ကို ဖိနှိပ်ထားသည့် သူ၏လက်ဝါးကို ပြန်ရုတ်သိမ်းလိုက်သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အဆုံးမဲ့ ကြီးကျယ်ခမ်းနားသော ဘုန်းတန်ခိုးများကို ထုတ်လွှင့်နေလျက်ရှိသည်။

၎င်းမှာ ကွမ်ဟန် သိုင်းပညာတက္ကသိုလ်၏ ကျောင်းအုပ်၊ ဝုချင်းရှန်ပင် ဖြစ်သည်။

“ ကျောင်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို လျစ်လျူရှုပြီးတော့ စိန်ခေါ်ပွဲ စည်းမျဥ်းတွေကို ပြောင်းလဲတယ်ဆိုတော့၊ စုန့်ယွင်ဟဲ့၊ ကွမ်ဟန် သိုင်းပညာတက္ကသိုလ်က မင်းပိုင်တာလို့ ထင်နေတာလား? “

ဝုချင်းရှန်မှ အေးစက်စွာ ပြောဆိုလာခဲ့သည်၊ သူ၏ အကြည့်ထဲတွင် ကြီးမားသော ဖိအားတစ်ခု ပါဝင်နေခဲ့ရာ၊ ထရပ်ရန် ပြင်နေသည့် စုန့်ယွင်ဟဲ့သည် အော်ဟစ်ညီးတွားကာ ထပ်မံ၍ ဒူးထောက်လဲသွားခဲ့ပြန်သည်။

သူသည် အော်ဟစ်၍ တောင်းပန်လာခဲ့သည် “ ယွင်ဟဲ့က ….. အမှားကို ဝန်ခံပါတယ် “

ဝုချင်းရှန်သည် သူ့ကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည် “ ဌာနနှစ်ခုကြားက ပြိုင်ဆိုင်မှုကို ကျောင်းက ခွင့်ပြုပေးထားခဲ့ရတာက အပြန်အလှန် တိုးတက်စေဖို့အတွက်ပဲ၊ ကမ္ဘာမကြေ ရန်သူတွေ ဖြစ်လာစေဖို့ မဟုတ်ဘူး “

“ ဘယ်သူမဆို နယ်ပယ်တူမှ စိန်ခေါ်လို့ရမယ်၊ အဲ့တာက ကျောင်းရဲ့ အောက်ဆုံးစည်းပဲ၊ စည်းကျော်လာခဲ့မယ်ဆိုရင်တော့ အညှာအတာမရှိ အသတ်ခံရမယ် “

အသံသည် အံ့ဖွယ်ကောင်းလောက်အောင် လွှမ်းမိုး ကြီးစိုးနေခဲ့သည်။

စုန့်ယွင်ဟဲ့၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ရင်သွားခဲ့သည်၊ သူသည် မည်သည့်စကားမှ ထပ်မပြောလာခဲ့ပေ။

လျူတုန်ဖင်းမှာလည်း တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေပြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျွန်တော်က သူ့ကို ကွမ်ဟန်ကို ပို့လိုက်ပါ့မယ်။ သူ့ကို ကြယ်ပြာဂြိုဟ်မှာ သုံးနှစ်တိတိ ခြေချခွင့် မပေးဘူး “

ဝုချင်းရှန်သည် သူ၏ဖိအားကို ရုတ်သိမ်းလိုက်သည်။

လျူတုန်ဖင်းသည် အသာအယာ သက်ပြင်းချနေခဲ့ပြီး၊ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည့် စုန့်ယွင်ဟဲ့ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ထွက်သွားတော့သည်။

…

ကျောင်းအုပ်ကြီး၏ ပုံရိပ် ပျောက်ကွယ်သွားသည့်အချိန်မှသာလျှင် လူအုပ်ကြီးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အားလုံး၏ မျက်နှာများပေါ်တွင် တအံ့တဩဖြစ်နေသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ယနေ့ဖြစ်ရပ်သည် အစစ်အမှန် သိုင်းပညာဌာန၏ ဌာနမှူးကိုသာလျှင် မဟုတ်ဘဲ၊ နတ်သိုင်းဌာန၏ ဌာနမှူးနှင့် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်၏ ကျောင်းအုပ်တို့ပါ ဆွဲဆောင်သွားလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။

နတ်သိုင်းဌာနမှ ပညာရှင်တစ်ဦးဖြစ်သည့် စုန့်ယွင်ဟဲ့သည် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီး၊ ကွမ်ဟန်သို့ပင် နှင်ထုတ်ခံလိုက်ရသည်။

ထိုကဲ့သို့သော ကိစ္စမျိုးသည် အလွန် ရှားပါးလွန်းလှသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။

အဆိုပါဖြစ်ရပ်က အသစ်ရောက်လာသည့် ပထမနှစ်ကျောင်းသားအသစ်တစ်ဦးကြောင့် ဖြစ်လာရသည်ဆိုသည်မှာ တစ်ကြိမ်တစ်ခါမှ မပေါ်လာခဲ့ဖူးသော ကိစ္စတစ်ခုဖြစ်သည်။

လူအုပ်ထဲရှိ ဟွမ်ရိချန်း၏ အမူအရာမှာ အလွန်မည်းမှောင်နေလျက်ရှိသည်။

သူ၏ နည်းပြဆရာသည် ကွမ်ဟန်သို့ အပို့ခံလိုက်ရပြီဖြစ်သောကြောင့် သူ၏ နောင်အနာဂတ် တိုးတက်မှုလမ်းကြောင်းမှာ ဖြောင့်ဖြူးနေတော့မည် မဟုတ်ပေ။

သူ့ဘေးနားရှိ လျူတျန်မု၏ အမူအရာမှာလည်း ရှုပ်ထွေးနေခဲ့သည်။

သူသည် ရှုကျိုးရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်၊ တစ်ချိန်က သူအထင်အမြင် သေးခဲ့သည့် လူငယ်လေးတစ်ဦးက သူ့ဆရာကိုပင် ဒုက္ခရောက်သွားစေလိမ့်မည်ဟု သူတစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးချေ။

သို့သော် အမှန်တိုင်းပြောရမည်ဆိုပါက လျူတျန်မုသည် ယနေ့တွင် သူ၏ဆရာဖြစ်သူက မည်သည့်အတွက်ကြောင့် ပေါ့ပေါ့ဆဆ ဖြစ်နေခဲ့ရလဲဆိုသည်ကို ပို၍နားမလည်နိုင် ဖြစ်နေခဲ့သည်။

ရှုကျိုးမှ နတ်သိုင်းဌာနဆီသို့ ရောက်လာခဲ့ပြီး၊ ဌာနမှ ပါရမီရှင်များကို စိန်ခေါ်ကာ သူတို့အားလုံးကို အနိုင်ယူသွားပြီး၊ နတ်သိုင်းဌာနတစ်ခုလုံးကို မျက်နှာပျက်သွားစေခဲ့သော်လည်း၊ ပညာရှင်တစ်ဦးဖြစ်သည့် စုန့်ယွင်ဟဲ့ကဲ့သို့သော လူတစ်ဦးမှာ လူကိုယ်တိုင် ကြားဝင်စွက်ဖက်လာပြီး၊ ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို မချလာသင့်ပေ။

ပထမအဆင့် လူသစ်လေးတစ်ဦးအား ဒုတိယအဆင့် ပညာရှင်ကို တိုက်ခိုက်ခိုင်းလိုက်ခြင်းမှာ ကျောင်း၏ အာဏာပိုင်များကို ပေါ်ပေါ်တင်တင် စိန်ခေါ်နေခြင်းပင် ဖြစ်သည်။

နတ်သိုင်းဌာနက ထိုကဲ့သို့သော ကိစ္စများကို တိတ်တဆိတ် ပြုလုပ်လေ့ရှိသော်လည်း ဤကဲ့သို့ ပေါ်ပေါ်တင်တင် ပြုလုပ်လာခဲ့သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

၎င်းမှာ ရွေးချယ်စရာ မရှိတော့သည့်အတွက် အလောတကြီးပြုလုပ်နေခဲ့ရသကဲ့သို့ ခံစားနေခဲ့ရသည်။

“ အမြင့်ပိုင်း အဆင့်တွေမှာ တစ်ခုခု ထပ်ဖြစ်နေတာများလား? “ လျူတျန်မုသည် တိတ်တဆိတ်တွေးတောနေတော့သည်။

…

နတ်သိုင်းဌာနအတွင်း၌ မျက်လုံးပေါင်းများစွာသည် ရှုကျိုးဆီသို့ ထပ်မံ၍ ရောက်ရှိလာခဲ့သည်။

ပထမအဆင့်နယ်ပယ်မှ ကျောင်းသူကျောင်းသားအားလုံးသည် လေးစားကြောက်လန့်မှုများကို ဖော်ထုတ်ပြသလာကြသည်။

ဤဖြစ်ရပ်ပြီးဆုံးသွားသည့်နောက်၌ ရှုကျိုးအား မည်သူက စော်ကားရဲတော့မည်နည်း?

လူတစ်ဦးတည်းဖြင့် နတ်သိုင်းဌာန၏ ပထမအဆင့်နယ်ပယ်မှ ထိပ်တန်းပါရမီရှင်အကုန်လုံးကို ဖြုတ်ချခဲ့ပြီး၊ နတ်သိုင်းဌာနမှ ပညာရှင်တစ်ဦးကိုပင် ဖိနှိပ်နိုင်ခဲ့သည်။

သူကိုယ်တိုင် ဖိနှိပ်ခဲ့ခြင်း မဟုတ်သော်လည်း၊ အနည်းနှင့်အများဆိုသလို သက်ဆိုင်ပေသည်။

ထိုကဲ့သို့သော ကိစ္စမျိုးသည် အတိတ်နှင့် နောင်အနာဂတ်တွင် လုံးဝကို ထပ်မဖြစ်လာနိုင်လောက်တော့သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။

ဒုတိယအဆင့် ကျောင်းသူကျောင်းသားများကမူ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

“ နှမြောစရာပဲ၊ ငါတို့က သူ့ကို စိန်ခေါ်လို့မရတော့ဘူးလို့ ထင်တယ် “

“ အာ၊ အကျိုးပြုအမှတ် ၃၀၀တောင်ကွာ “

လူတော်တော်များများသည် စိတ်ထဲတွင် ကြိတ်၍သက်ပြင်းချနေခဲ့ကြသည်၊ အကျိုးပြုအမှတ် ၃၀၀ဆိုသည်မှာ သူတို့၏ အာရုံများကို ဆွဲဆောင်နိုင်သော အရာတစ်ခုဖြစ်သည်။

…

အားလုံး၏ အကြည့်များကို ခံယူနေခဲ့ရသော်လည်း ရှုကျိုးသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။

သူသည် နတ်သိုင်းဌာနတွင် ကြာကြာဆက်မနေခဲ့ဘဲ သူ၏ဓားကို သယ်ဆောင်ကာ အမြန်ထွက်သွားခဲ့သည်။

နတ်သိုင်းဌာန၏ ဂိတ်တံခါးဝမှ ထွက်လာခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့သည်။

“ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ “

သူသည် အနောက်ဘက်သို့ တစ်ခဏခန့် လှည့်ကြည့်ကာ ဖြည်းညှင်းစွာ အသက်ရှူသွင်းနေတော့သည်။

အရိုးသားဆုံးပြောရမည်ဆိုပါက ယခုလေးတင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များသည် သူ၏စိတ်ကို မလှုပ်ခတ်သွားစေခဲ့ဘူးဆိုသည်မှာ မဖြစ်နိုင်လှပေ။

ကံကောင်းထောက်မစွာဖြင့် သူသည် ရှ့န်ဝမ်ချန်းထံသို့ ကြိုတင်သတင်းပို့ထားနိုင်ခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ယနေ့တွင် သူသည် စုန့်ယွင်ဟဲ့၏ဖိနှိပ်ခြင်းကို အမှန်တကယ် ခံလိုက်ရမည် ဖြစ်သည်။

“ ရှုကျိုး “

ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် ရှုကျိုး၏ အရှေ့သို့ ဆင်းသက်လာခဲ့သည်၊ သူသည် ရှန့်ဝမ်ချန်းဖြစ်သည်။

သူ့အနောက်ဘက်တွင် ရှား‌ဟောက်ချန်း၊ ကျန်းလန်နှင့် တစ်ခြားလူများလည်း လိုက်ပါလာကြသည်။

“ ဌာနမှူး “ ရှုကျိုးသည် လက်သီးဆုပ်ကာ ကိုယ်ကိုကိုင်း၍ အရိုအသေပေးလိုက်သည်။

အိုမင်းကာ ဆံပင်ဖြူများဖြင့် ပြည့်နှက်နေသည့် ရှန့်ဝမ်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သူသည် ရှုကျိုး၏ ပခုံးကို ပုတ်ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ လျူချင်းယွမ်ရဲ့ မျက်လုံးတွေက တော်တော်ကောင်းတာပဲ၊ ဒီနေ့ မင်းရဲ့ဖျော်ဖြေမှုက ငါ့ကိုတောင် အံ့ဩသွားစေခဲ့တယ် “

“ ဌာနမှူး၊ ခင်ဗျားက ကြင်နာလွန်းနေပါပြီ “ ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

ရှန့်ဝမ်ချန်းသည် သူ၏ဦးခေါင်းကို ခါရမ်းကာ မုတ်ဆိတ်ကို ပွတ်ဆွဲ၍ ပြောလာခဲ့သည် “ ဒီလိုပျော်ရွှင်မှုမျိုးကို ငါမခံစားခဲ့ရတာ တော်တော်ကြာနေပြီ၊ ပြီးတော့ အဲ့ခွေးသူတောင်းစားလေး စုန့်ယွင်ဟဲ့၊ ငါသူ့ကို မျက်စိဆံပင်မွှေးစူးနေတာ တော်တော်ကြာနေပြီ “

All Chapters