ပထမအဆင့်နယ်ပယ်၏ ချန်ပီယံ ၃
Vol. 19 Ch. 276
ဝုန်းးးးး !!!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပုံရိပ်တစ်ခု လွင့်ထွက်သွားသည်ကို လူတိုင်း မြင်လိုက်ရသည်။
ဘုတ်ဟူသောအသံနှင့်အတူ ၎င်းသည် စင်အောက်ရှိ မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားခဲ့သည်။
၎င်းက ဝမ်တျယ်ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“ ရှုကျိုး အနိုင်ရပါတယ် “
ဝုချင်းရှန်၏ အသံ ထွက်ပေါ်လာခဲ့သည်။
ရင်ပြင်ထဲရှိ လူအားလုံးသည် ရင်ခုန်သံများပင် ရပ်တန့်သွားရတော့သည်။
သူတို့က ရလဒ်ကို သိနေပြီးသားဖြစ်သော်လည်း၊ ရှုကျိုးက ဝမ်ချောင်ခုန်းကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသောအခါတွင် လူတော်တော်များများသည် မနေနိုင်တော့ဘဲ တုန်လှုပ်သွားကြသည်။
၎င်းမှာ သွေးကြောမှတ် အခု၁၆၀ဖွင့်ထားသည့် နတ်သိုင်းဌာနမှ ထိပ်တန်းပါရမီရှင်ဖြစ်ပြီး သာမန်လူ မဟုတ်ပေ။
သူသည် ရှုကျိုးထံမှ ဓားတစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ချေ။
ရှုကျိုး၏ ခွန်အားသည် ပထမအဆင့်နယ်ပယ်ထပ် များစွာသာလွန်နေပြီဖြစ်သည် !!!
…
“ ဌာနနှစ်ခုကြားက တိုက်ပွဲ၊ ပထမအဆင့်နယ်ပယ်တွေကြားက ပြိုင်ပွဲတွေ ပြီးသွားပါပြီ “
“ နောက်ဆုံးရလဒ်က ၁၁ : ၈ “
ဝုချင်းရှန်မှ အေးစက်စွာ ကြေညာလာခဲ့သည် “ ပထမအဆင့်နယ်ပယ်ရဲ့ ချန်ပီယံ၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ ရှုကျိုး “
“ ဒုတိယအဆင့်နယ်ပယ်တွေရဲ့ ပြိုင်ပွဲက မနက်ဖြန်စပါမယ်၊ အားလုံးပဲ ပြန်လို့ရပါပြီ “
ပထမအဆင့်နယ်ပယ်တို့၏ ပြိုင်ပွဲသည် မျှော်မှန်ထားသည်ထပ်ပို၍ မြန်ဆန်စွာ ပြီးဆုံးသွားခဲ့သည်။
ဝုချင်းရှန်၏ စကားများ ပြီးဆုံးသွားသည့်နောက်တွင် နဝမအဆင့်ပညာရှင်နှစ်ဦးသည် သူတို့၏နေရာများမှ ပျောက်ကွယ်သွားကြသည်။
အဠမအဆင့် ပညာရှင်တို့မှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
သူတို့သည် ပထမအဆင့်နယ်ပယ်၏ အဆုံးသတ်ရမှတ်ကို ဆွေးနွေးပြောဆိုကြရန် ထွက်သွားကြသည်။
ရင်ပြင်ထဲ၌ လူတစ်ဦးပြီးတစ်ဦး စတင်၍ ထွက်ခွာနေကြပြီဖြစ်သည်။
နတ်သိုင်းဌာနမှ ပညာရှင်များသည် မရွှင်မလန်းဖြစ်နေကြပြီး၊ ပြိုင်ပွဲ၏ ရလဒ်သည် သူတို့၏စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေခဲ့သည်။
ထို့အပြင် ပထမအဆင့်နယ်ပယ်၏ ကျရှုံးမှုသည် ဒုတိယအဆင့်နှင့် တတိယအဆင့်နယ်ပယ်တို့၏ စိတ်ဓာတ်များကိုပါ အနည်းနှင့်အများဆိုသလို ထိခိုက်သွားစေမည် ဖြစ်သည်။
အရေးအကြီးဆုံး အရာမှာ ပထမအဆင့်နယ်ပယ်တွင် ရှုကျိုးကဲ့သို့သော လူထူးဆန်းတစ်ဦးရှိနေခြင်းဖြစ်သည်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်နယ်ပယ်များတွင်ပါ တစ်ခြားလူတစ်ဦးဦး ရှိနေမည်လား???
လူအုပ်ထဲရှိ ယန်တျန်ဒုံသည် ရှုကျိုးရှိရာဘက်သို့ ငေးကြည့်ကာ အမူအရာ မှုန်မှိုင်းသွားတော့သည်။
ထို့နောက်တွင် သူသည် ချန်းရှင်ဘက်သို့ ကြည့်ကာ မျက်လုံးများ တောက်ပသွားပြီး၊ သူ့ဘေးနားရှိ အသင်းဖော်များဘက်သို့ လှည့်ကာ တစ်ခုခုပြောလိုက်သည်။
တစ်ဖြားတစ်ဘက်၌
လျူတျန်မုမှာလည်း အလွန်စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ရှုကျိုးကို ငေးကြည့်နေတော့သည်။
“ ဒီကလေး၊ သူ့ကို အချိန်နည်းနည်းလောက် ထပ်ပေးလိုက်မယ်ဆိုရင်၊ သူက ငါ့ကို တကယ်ကြီး အမှီလိုက်တာနိုင်တယ် “
လျူတျန်မုသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ကြည့်ရတာတော့ ငါက သေချာလေ့ကျင့်ရတော့မဲ့ပုံပဲ “
သူသည် ရှုကျိုးကို နက်နက်နဲနဲကြည့်ကာ နေရာမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
…
ရှုကျိုးသည် ၎င်းတို့ကို အာရုံစိုက်မနေဘဲ၊ တစ်ခြားလူများ ထွက်သွားသည်ကို မြင်လိုက်ရသောအခါတွင် သူသည်လည်း ရင်ပြင်ထဲမှ ထွက်ခွာသွားတော့သည်။
“ ရှုကျိုး၊ မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် သန်မာလာရတာလဲ? “
ရှားဟောက်ချန်းသည် လေးစားမှုများ ပြည့်နှက်နေသော အမူအရာကို ဆင်မြန်းကာ ကျန်းလန်၊ ရှားရှီယောက်တို့နှင့်အတူ ရောက်လာခဲ့သည်။
“ ငါက သွေးကြောမှတ် အခု၇၀ဖွင့်ထားပြီးတော့ မင်းကို လိုက်မှီလုနီးပါးဖြစ်နေပြီလို့ ထင်နေခဲ့တာ၊ ဒါပင်မဲ့ မင်းက ဒုတိယအဆင့် ပညာရှင်တွေကိုတောင် တိုက်နေနိုင်မယ်လို့ မထင်ထားခဲ့မိဘူး “
ရှားဟောက်ချန်းသည် သက်ပြင်းတချချ ဖြစ်သွားတော့သည် “ လူတွေကြားက ကွာဟချက်က ဒီလောက်တောင် ကြီးတာလား? “
ရှုကျိုးသည် ခေါင်းခါပြ၍ ပြောလာခဲ့သည် “ တကယ်တော့၊ အပြင်းအထန် ကြိုးစားအားထုတ်ခဲ့လို့ ဒီအခြေအနေအထိ ရောက်လာခဲ့တာပါ “
“ ပြင်းပြင်းထန်ထန် ကြိုးစားတာလား? “ ရှားဟောက်ချန်းသည် သူလက်သီးများကို ဆုပ်ကာ ရေရွတ်ပြောဆိုနေတော့သည် “ မှန်တယ်၊ ငါက အလုံအလောက် မကြိုးစားရသေးဘူး။ ငါက တစ်နေ့ကို ၁၈နာရီလောက်ပဲ လေ့ကျင့်တာ၊ ဒီထပ်ပိုပြီးတော့ ကြိုးစားရမယ် “
တစ်ဖက်ရှိ ရှားရှီယောက်သည် သူမ၏နဖူးကို ဖုံးအုပ်လိုက်သည် “အစ်ကို၊ လူတွေက ဒီတိုင်းလေးပဲ ပြောလိုက်တာလေ၊ နင်က အဲ့တာကို အတည်ကြီးမှတ်နေတယ်ပေါ့။ တကယ်လို့ အဲ့တာကသာ အလုပ်ဖြစ်နေမယ်ဆိုရင်၊ ဘာလို့ စွမ်းရည်နိုးထတာကို လိုနေဦးမှာလဲ? “
ရှားဟောက်ချန်း၏ အမူအရာ မည်းမှောင်သွားတော့သည်။
“ နင့်ရဲ့အစ်ကိုကို အပြင်လူတွေရှေ့မှာ နှိမ့်ချပြောဆိုနေတာ ရပ်လိုက်လို့မရဘူးလား? “
ရှားရှီယောက်သည် အသာအယာ သက်ပြင်းချနေတော့သည် “ ငါက နင်ရုတ်တရက်ကြီး သေသွားမှာကို ကြောက်တာပါ “
“ ငါက ဘယ်လိုလုပ် ရုတ်တရက် သေသွားရမှာလဲ? “ ရှားဟောက်ချန်းမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်၊ သို့သော် သူ၏စိတ်ထဲတွင်မူ နွေးထွေးမှုတစ်ခုကို ခံစားသွားခဲ့ရသည်၊ ညီမလေးက ငါ့ကိုဂရုစိုက်သေးသားပဲ။
သူတို့ဘေးနားရှိ ကျန်းလန်ကမူ စိတ်ခံစားချက် အနည်းငယ် ပါဝင်နေသော အမူအရာဖြင့် ရှုကျိုးကိုကြည့်နေခဲ့သည်။
သူမတို့နှစ်ဦးစလုံးသည် ကျောင်းကျိုးမှ ဖြစ်သည်၊ သို့ရာတွင် သူမနှင့် ရှုကျိုးကြားရှိ ကွာဟချက်မှာ ပိုပို၍ ကြီးမားလာခဲ့ပြီး၊ အမှီလိုက်နိုင်ရန် မည်သည့်အခွင့်အရေးမှ မရရှိခဲ့ပေ။
ယခင်ကရှားဟောက်ချန်း ပြောထားခဲ့သကဲ့သို့ပင် အကယ်၍ သူတို့က အမှီလိုက်နိုင်ရန်အတွက် ရှုကျိုးက အချိန်ပေးခဲ့မည်ဆိုလျှင်တောင်မှ သူမတို့သည် သူ၏အရိပ်ကိုပင် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။
…
ချန်းရှင်သည် ဌာနဘက်သို့ တစ်ဦးတည်းလမ်းလျှောက်ပြန်နေလျက်ရှိသည်။
သူမသည် တစ်ကိုယ်တည်း နေရသည်ကို နေသားကျနေပြီးသားဖြစ်သောကြောင့် တစ်ခြားအဖွဲ့သားများနှင့်အတူ မပြန်ခဲ့ပေ။
“ ဂျူနီယာမောင်လေးက ဒီလောက်တောင် သန်မာနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “ ချန်းရှင်သည် တွေးတောစဥ်းစားနေရင်းဖြင့် ပြုံးမိသွားခဲ့သည်။
သူမသည် အတော်လေး စိုးရိမ်ပူပန်နေခဲ့သော်လည်း၊ ယခုကြည့်ရသလောက်သာဆိုပါက သူမသာလျှင် တွေးပူနေခြင်းဖြစ်ပုံရသည်။
ပထမအဆင့်နယ်ပယ်၏ အောင်ပွဲနှင့်အတူ လာမည့်ပြိုင်ပွဲများအတွက် သူမတို့၏ စိတ်ဓာတ်များသည် အတိုင်းအတာတစ်ခုအထိ တက်ကြွသွားပြီဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ချန်းရှင်၏ ခြေလှမ်းများ ပိုမိုပေါ့ပါးလာတော့လေသည်။
“ ဟမ်?? “
ရုတ်တရက်ဆိုသလိုပင် ချန်းရှင် ရပ်တန့်သွားခဲ့သည်၊ အရှေ့ဘက်ကို ငေးကြည့်နေတော့သည်။
အရှေ့ဘက်၌ အရပ်ရှည်ရှည် ပုံရိပ်အနည်းငယ်သည် ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် သူမကို ကြည့်နေလျက်ရှိသည်။
“ ဝမ်ခိုင်လား? “
ချန်းရှင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူမ၏လမ်းကို ပိတ်ထားသည့်လူများမှာ နတ်သိုင်းဌာန၏ ဒုတိယအဆင့်နယ်ပယ်မှ ပြိုင်ပွဲဝင်များပင် ဖြစ်သည်။
ခေါင်းဆောင်သည် ယန်တျန်ဒုံပြီးလျှင် ဒုတိယအားအကောင်းဆုံးဖြစ်သည့် ဝမ်ခိုင်ဖြစ်သည်။
သူသည် သွေးကြောမှတ် ၁၅၉ခုကို သုံးကြိမ်ခွဲတိတိ ပေါင်းစပ်ထားပြီး၊ သွေးကြောမှတ် ၁၅ခုအဖြစ် ပုံဖော်ထားသည်ဟု ဆိုကြသည်။
“ တစ်ခုခု လိုအပ်လို့လား? “ ချန်းရှင်မှ အေးအေးလူလူ စကားပြောလိုက်သည်။
ရွှေအိုရောင်ဆံပင်နှင့် ဝမ်ခိုင်သည် ဓားတိုတစ်ချောင်းကိုကိုင်ကာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ချန်းရှင်၊ ငါတို့ကို တိုက်ပါ၊ ဒါဆိုရင် နင့်ကို ဖြတ်သွားခွင့်ပေးမယ် “
ချန်းရှင်သည် ထိုလူများ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့သည်။
မနက်ဖြန်မှာ ငါပြိုင်ပွဲမဝင်နိုင်အောင် လုပ်ချင်နေကြတယ်ပေါ့?
ချန်းရှင်မှ အေးစက်စွာ ပြန်ပြောလိုက်သည် “ နင်တို့က ဒီပြိုင်ပွဲကနေ အထုတ်ခံရမှာကို မကြောက်ဘူးလား? “
“ အဲ့တာက ဘာလဲ? “ ဝမ်ခိုင်သည် သူ၏လက်များကို ဖြန့်ကာ လှောင်ပြောင်လာခဲ့သည် “ ငါတို့အားလုံးက ပြိုင်ပွဲဝင်တွေပဲလေ၊ အကြိုပွဲလေး လုပ်တာလောက်က ကိစ္စကြီးမှ မဟုတ်တာ “
“ ပြီးတော့ နင်ယန်တျန်ဒုံကို မနိုင်တာက သာမန်ပဲလေ။ ငါ့ကိုတောင် မတိုက်ရဲဘူးလား? “
သူသည် လှောင်ပြောင်နေသော အပြုံးဖြင့် ချန်းရှင်ကို ကြည့်လာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာက ဒုတိယအဆင့်နယ်ပယ်ရဲ့ အဖွဲ့ခေါင်းဆောင်က ဒီလောက်လေးပဲ သွေးရှိတာလား? “
ချန်းရှင်သည် သူ၏စော်ကားမှုကို လျစ်လျူရှုထားကာ အေးစက်စွာ ပြန်ပြောလိုက်သည် “ ဖယ်လိုက်၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကျောင်းအုပ်ကြီးဆီကို သတင်းပို့လိုက်မယ် “
ပြောနေရင်းဖြင့် သူမသည် သူမ၏ဖုန်းကို ထုတ်ယူလိုက်သည်။
ဝမ်ခိုင်၏ အမူအရာသည် ချက်ချင်းမည်းမှောင်သွားတော့သည်။
ထို့နောက်တွင် သူသည် ထပ်မံ၍ လှောင်ပြောင်လာခဲ့သည် “ ဆက်လုပ်လေ၊ ကျောင်းအုပ်ကြီးဆီကို သတင်းပို့လိုက်။ ပြိုင်ပွဲစည်းမျဥ်းတွေက ပြိုင်ပွဲဝင်တွေကြားက အကြိုတိုက်ပွဲတွေကို မတားမြစ်ထားဘူး “
ဝမ်ခိုင်မှ တစ်ခြားလူများကို လက်ဟန်ခြေဟန်ပြလိုက်ရာ၊ သူတို့သည် ရှေ့သို့ချက်ချင်းတက်လာကြသည်။
အကယ်၍ သူတို့က ထုတ်ပယ်ခံလိုက်ရမည်ဆိုလျှင်တောင်မှ နတ်သိုင်းဌာနတွင် သူတို့နေရာများကို အစားထိုးဝင်ရောက်လာမည့် လူအများအပြားရှိလေသည်။
သို့သော် အကယ်၍ ချန်းရှင်ကို လက်လွှတ်လိုက်ရမည်ဆိုပါက အစစ်အမှန် သိုင်းပညာဌာနဘက်တွင် သူမ၏နေရာကို အစားထိုးဝင်ရောက်နိုင်မည့် လူမရှိပေ။
ချန်းရှင်သည် အစစ်အမှန် သိုင်းပညာဌာန၏ ထောက်တိုင်တစ်ခုဖြစ်သည်၊ သူမသာမရှိဘူးဆိုပါက နတ်သိုင်းဌာနကသာ အောင်ပွဲဆင်ရမည်ဖြစ်သည်။
၎င်းမှာ ယန်တျန်ဒုံ၏ ရည်ရွယ်ချက်ဖြစ်သည်။
သူက သန်မာအားကောင်းသော်လည်း၊ ပြိုင်ပွဲ၏ ရလဒ်ကိုတော့ ဆုံးဖြတ်မပေးနိုင်ချေ။
နတ်သိုင်းဌာန၏ ပထမအဆင့်နယ်ပယ်က ရှုံးနိမ့်ထားခဲ့ပြီဖြစ်သည်၊ ထို့ကြောင့် သူတို့သည် ဒုတိယအဆင့်နယ်ပယ်ကိုပါ ထပ်မံ၍ အရှုံးခံလိမ့်မည် မဟုတ်ပေ။
ဝမ်ခိုင်၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်နေလျက်ရှိပြီး၊ ရှေ့တက်လာရန် ပြင်လိုက်သည်။
“ ဟေး၊ ကောင်မလေးကို နှောင့်ယှက်နေတယ်ဆိုတာက ဘယ်လိုအရည်အချင်းမျိုးလဲဟ? “
ရုတ်တရက်ဆိုသလိုပင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လူအုပ်ကြီးမှ လှည့်ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ဦးက ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့သွားကြသည်။
“ ဂျူနီယာမောင်လေးလား? “ချန်းရှင်မှင်သက်သွားတော့သည်။
“ စီနီယာအစ်မ၊ ငါနင့်ကို လိုက်ရှာနေတာ “ ရှုကျိုးမှ ပြောလာခဲ့သည် “ နင်က ဒီနေရာမှာ ကြွက်တစ်ချို့နဲ့ တွေ့နေရမယ်လို့ ငါမထင်ထားခဲ့မိဘူး “
“ မင်းက ကြွက်လို့ ဘယ်သူ့ကိုခေါ်နေတာလဲ? “ ဝမ်ခိုင်မှ အေးစက်စွာ ပြောဆိုလာခဲ့သည်။
ရှုကျိုးသည် သူ့ကိုကြည့်ကာ အေးအေးလူလူ ပြောလိုက်သည် “ စီနီယာ၊ ငါကမင်းကို စိန်ခေါ်တယ်ကွာ၊ မင်းငါနဲ့ တိုက်ရဲလား? “