← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အပိုင်း ( 490 )

တောင်ပိုင်း စစ်မြေပြင် ကျရှုံးသွားပြီလား။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အစီအစဥ်ကြီးတစ်ခု

“ ဝှစ် “

ကိုယ်ပွားတစ်ခုသည် ကမ္ဘာ့ကြယ်၏ နွားခေါင်းသားရဲတစ်ကောင်ကို လိုက်မှီသွားခဲ့ပြီး၊ ကြီးမားသော နတ်ဆိုးစွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှင့်ကာ ဧရာမလက်တစ်ဖက်ကို ဖွဲ့စည်း၍ နွားခေါင်းသားရဲကြီးကို တိုက်ခိုက်လာခဲ့သည်။

“ မူးးး “

နွားခေါင်းသားရဲကြီးမှာ ဟိန်း‌ဟောက်လာခဲ့သည် “ ကိုယ်ပွားလေးတစ်ခုနဲ့ ငါ့ကို သတ်ချင်နေတာလား “

၎င်းသည် နဂါးသားရဲကြီးက ကိုယ်ပွားနည်းစနစ် တစ်မျိုးမျိုးအား အသုံးပြုထားသည်ကို သတိထားမိခဲ့ပြီးပြီ ဖြစ်သည်။

ကမ္ဘာ့ကြယ်ပေါ်ရှိ တစ်ချို့သော အစွမ်းထက် မျိုးနွယ်စုများထံတွင်လည်း ထိုကဲ့သို့သော နည်းလမ်းများ ရှိနေခဲ့သည်။

နဂါးသားရဲကြီးက ကိုယ်ပွားအမြောက်အများကို တစ်ပြိုင်နက် ထုတ်လွှတ်ခဲ့ပြီး၊ ၎င်းတို့အများစုသည် မူလခန္ဓာကိုယ်၏ ခွန်အား၏ ဆယ်ပုံတစ်ပုံကိုသာ အသုံးပြုနိုင်ကြသည်။

နွားခေါင်းသားရဲကြီး၏ အတွေးထဲတွင် အတွေးပေါင်းများစွာ လှုပ်ခတ်သွားပြီး၊ ၎င်းသည် ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချလိုက်သည် “ ဒီကိုယ်ပွားကို အရင်ရှင်းတာပေါ့ကွာ “

“ ဝေါင်း “

၎င်းမှ ဟိန်းဟောက်လာခဲ့ရာ၊ ၎င်း၏ ချိုတစ်စုံသည် မီးပွားများ ပေါက်ထွက်လာသည့်အလား တကျွီကျွီ အော်မြည်၍ တုန်ခါလာခဲ့ပြီး၊ စွမ်းအင်လုံးတစ်လုံးအဖြစ် ဖွဲ့စည်းလာခဲ့သည်။

“ ဘုမ်း ဝုန်းးး ဘုမ်းးး “

စွမ်းအင်လုံးမှာ ဆယ်ပေသာရှိသော်လည်း၊ ၎င်းသည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်ရာရှိသည့် စွမ်းအင်လုံးအဖြစ် ပြောင်းလဲသွားကာ နဂါးသားရဲကြီးကို ဖုံးလွှမ်းလာခဲ့သည်။

၎င်းမှ ထုတ်လွှတ်လာသည့် လှိုင်းလုံးများမှာ အလယ်အလတ် ဆဌမအဆင့် သားရဲကောင်ကို သတိတကြီး ဖြစ်သွားစေလောက်သည်အထိ လွန်စွာပြင်းထန်နေခဲ့သည်။

သို့သော် စွမ်းအင်လုံး ပေါ်လာသည့် အချိန်၌ နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဟင်းလင်းပြင် အကာအရံများ ဖွဲ့စည်းလာခဲ့ပြီး၊ သူ့ကို အခိုင်အမာ ကာကွယ်ပေးနေခဲ့သည်။

ဟင်းလင်းပြင် ဒိုင်းကာ

စွမ်းအင်လုံးက အဆိုပါ အာကာသဒိုင်းကာနှင့် ဆုံတွေ့သွားသည့် အချိန်တွင် ၎င်းသည် ပင်လယ်ထဲသို့ ကျဆင်းသွားသည့် ကျောက်တုံးတစ်တုံကဲ့သို့ ဖြစ်နေခဲ့သည်။

နဂါးသားရဲကြီးသည် နွားခေါင်းသားရဲကြီးကို ငေးကြည့်လာခဲ့သည် “ ဒါပဲလား “

လက်ချောင်းကို လှုပ်လိုက်ရာ ဟင်းလင်းပြင် ဒိုင်းကာသည် ရုတ်တရက် ကြီးမားလာခဲ့သည်။

ဝှစ်

စွမ်းအင်လုံးသည် အကန်ခံလိုက်ရသည့် ဘောလုံးကဲ့သို့ အနောက်သို့ လွင့်ထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစွမ်းအင်လှိုင်းတစ်ခု ပွင့်ထွက်လာခဲ့ပြီး၊ ဧရာမ ဓားအလင်းတန်းကြီးတစ်ခု ပြောင်းလဲသွားကာ နွားခေါင်းသားရဲကြီးအပေါ်သို့ ကျဆင်းလာခဲ့သည်။

“ ဓားလား “

နွားခေါင်းသားရဲကြီးသည် အံ့ဩတကြီးဖြင့် အော်ပြောမိသွားခဲ့သည်၊ ဓားက လူသားတွေပဲ လေ့ကျင့်လို့ရတာ မဟုတ်ဘူးလား။

သားရဲတစ်ကောင်က ဓားရေးပြတာကို ဘယ်လိုလုပ် သိနေရတာလဲ

သို့သော် အချိန်မရတော့သောကြောင့် ၎င်းသည် ထပ်မံ၍ တွေးတောမနေတော့ဘဲ၊ နတ်ဆိုးစွမ်းအင်များကို ထပ်မံ၍ ထုတ်လွှတ်ကာ ကြီးမားသော ခေါင်းလောင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။

အဆိုပါ ခေါင်းလောင်းကြီး၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ကမ္ပည်းများ ရှိနေခဲ့ပြီး၊ ယခုနွားခေါင်းသားရဲကြီး၏ နတ်ဆိုးစွမ်းအင်နှင့် ပေါင်းစပ်လိုက်သည့် အချိန်တွင် ၎င်းတို့မှာ တလက်လက် တောက်ပလာခဲ့သည်။

“ ဒင် “

ခေါင်းလောင်းသံ အော်မြည်လာခဲ့ပြီး၊ ၎င်းသည် ကမ္ဘာအနှံ့အပြားသို့ ပဲ့တင်ထပ် ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကြီးမားသော ဓားအလင်းတန်းကြီးသည် လေထဲတွင် တစ်ခဏခန့် ရပ်တန့်သွားပုံရသည်။

နွားခေါင်းသားရဲကြီးမှာ တပြုံးပြုံး ဖြစ်သွားခဲ့သည်။

အဆိုပါ ခေါင်းလောင်းကြီးမှာ ကမ္ဘာ့ကြယ် နွားခေါင်းသားရဲမျိုးနွယ်စု၏ ရတနာတစ်ခုဖြစ်ပြီး၊ ၎င်းသည် ရန်သူ့၏ နတ်ဆိုးစွမ်းအင်ကို သိမ်းယူကာ ကိုယ်ကိုတိုင်အတွက်ပင် ပြန်လည်ပြောင်းလဲ အသုံးပြုနိုင်လေသည်။

( တစ်ခြားလူတစ်ယောက်ရဲ့ စွမ်းအားကို ကိုယ့်ရဲ့စွမ်းအားအဖြစ် ပြောင်းလဲပေးတာပါ “

၎င်းမှာ နွားခေါင်းသားရဲတို့၏ အထူးစွမ်းရည်တစ်ခုဖြစ်သည်။

ခေါင်းလောင်းအော်မြည်လာခဲ့သည့် အချိန်တွင် နဂါးသားရဲကြီးမှ ထုတ်လွှတ်လိုက်သည့် ဓားအလင်းတန်းသည် ၎င်း၏သခင်က နွားခေါင်းသားရဲကြီးဖြစ်ကြောင်းကို မှတ်မိသွားပုံရပြီး၊ ထို့နောက်တွင် ၎င်းသည် ပြောင်းပြန်လှန်သွားကာ နဂါးသားရဲကြီးဆီသို့ ပြေးဝင်လာခဲ့သည်။

“ ဟမ့် “

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအချိန်တွင် နဂါးသားရဲကြီးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့ပြီး၊ ၎င်း၏အတွင်းပိုင်း နတ်စွမ်းအင်စွမ်းအင်ကို ငြင်သာစွာ ထိန်းချုပ်လိုက်သည်။

သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည့် ဓားအလင်းတန်းသည် သူ၏ကိုယ်ပိုင် ပစ္စည်းတစ်ခုကဲ့သို့ သူ့ထံသို့ ချက်ချင်းပြန်ရောက်လာခဲ့သည်။

“ သွား “

နဂါးသားရဲကြီးမှ လက်ကိုမြှောက်၍ ဝေ့ယမ်းလာခဲ့ရာ၊ ဓားအလင်းတန်းသည် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် နွားခေါင်းသားရဲကြီးဆီသို့ ထပ်မံ၍ တိုးဝင်လာခဲ့သည်။

ကောင်းကင်ကို ထိုးဖောက်ထားသည့် သက်တံ့တစ်စင်းကဲ့သို့ ၎င်းသည် နွားခေါင်းသားရဲကြီး၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။

၎င်း၏မျက်လုံးများထဲတွင် ၎င်းက မည်ကဲ့သို့ ရှုံးနိမ့်သွားလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။

“ ငါ့ရဲ့ အသက်အရင်းအမြစ် တိုးတက်ပြောင်းလဲလာခဲ့ပြီးတဲ့နောက်မှာ၊ ငါ့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ်မှာ ရှိတဲ့ ထိန်းချုပ်နိုင်စွမ်းက အထွတ်အထိပ်အထိ ရောက်သွားတယ်။ ခေါင်းလောင်းက ငါ့ရဲ့ဓားစွမ်းအင်ကို ပြောင်းပြန်လှန်နိုင်ပင်မဲ့၊ ငါ့ရဲ့ အရင်းအမြစ်ကိုတော့ ဘာမှ မလုပ်ဘူး “

နဂါးသားရဲကြီးသည် ပေါ့ပေါ့ပါးပါး လှောင်ပြောင်ပြောဆိုနေတော့သည် “ အဲ့တာကြောင့် ဓားစွမ်းအင်ကို ပြန်ထိန်းချုပ်ဖို့အတွက် အတွေးတစ်ခုနဲ့တင် လုံလောက်တယ် “

“ ဒါပင်မဲ့ ခေါင်းဆောင်းဆီမှာ ပြိုင်ဘက်ရဲ့ နတ်ဆိုးစွမ်းအင်ကို ကိုယ်ကိုတိုင်ပြန်သုံးဖို့ ပြောင်းလဲနိုင်တဲ့ စွမ်းရည်ရှိနေတာကတော့ တော်တော်ကြီးကို ထူးဆန်းတယ် “

နဂါးသားရဲကြီးသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ နွားခေါင်းသားရဲကြီး၏ အလောင်းထံမှ ထုတ်ယူလိုက်သည်။

အဆိုပါ ခေါင်းလောင်းကြီးသည် ရွှေနက်ရောင်ကာလာကို ဆင်မြန်းထားပြီး၊ ၎င်း၏မျက်နှာပြင်ပေါ်တွင် ဂတ်ဂျ်ဟူသော ရွှေရောင်စာလုံးနှစ်လုံးကို ထွင်းထုထားခဲ့သည်။

၎င်းမှာ ကမ္ဘာ့ကြယ်ဘာသာစကား ဖြစ်သည်။

ကြယ်ပြာဂြိုဟ်စကားလုံးများဖြင့် ဘာသာပြန်ရမည်ဆိုပါက ၎င်းမှာ ကောင်းကင်ဘုံကို ဝါးမြိုခြင်း ဟုအဓိပ္ပါယ်ရသည်။

“ ကောင်းကင်ဘုံ ဝါးမြိုခြင်းခေါင်းလောင်းလား။ နာမည်ကောင်းတစ်ခုပဲ၊ အခုတော့ ဒီဟာက ငါ့ဖြစ်ပြီ “

နဂါးသားရဲကြီးသည် အသာအယာ ပြုံးနေကာ ခေါင်းလောင်းနှင့် နွားခေါင်းသားရဲကြီး၏ အလောင်းကို ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်ထားလိုက်သည်။

…

ထိုအချိန်တွင် တစ်ခြားသော ကိုယ်ပွားတို့မှာလည်း သူတို့၏ တာဝန်များကို အဆုံးသတ်နေကြသည်။

သူတို့က ကိုယ်ပွားများသာ ဖြစ်ကြသော်လည်း၊ သူတို့တစ်ဦးချင်းစီတိုင်းသည် မူလခန္ဓာကိုယ်၏ စွမ်းအားကို အနည်းဆုံးအနေဖြင့် ၅၀%အထိ ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့် ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းရာတွင် မည်သည့်အခက်အခဲမှ မရှိခဲ့ပေ။

တစ်ခဏအတွင်းမှာပင် နယ်မြေ ၃၃တွင် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုအားလုံး ရှင်းလင်းခံလိုက်ရသည်။

“ စုစည်း “

နဂါးသားရဲကြီးသည် ကိုယ်ပွားအားလုံးကို ပြန်ခေါ်လိုက်သည် “ ဒီရက်ပိုင်းအတွင်း လေ့ကျင့်နေပြီးတဲ့နောက်မှာ ငါ့ရဲ့ကိုယ်ပွားတစ်သောင်း နည်းစနစ်က ကိုယ်ပွား အခု၂၀ကျော်ကို တစ်ပြိုင်နက် ထုတ်သုံးနေနိုင်ပြီ “

“ ငါ့ခွန်အား ၅၀%ကို ပိုင်ဆိုင်ထားတဲ့ ကိုယ်ပွား အယောက် ၂၀ကျော်နဲ့ ငါ့ကိုယ်ငါပါ ပေါင်းလိုက်မယ်ဆိုရင်၊ အဆင့်၆ အထွတ်အထိပ် ပညာရှင်ကိုတောင် ယှဥ်ချလို့ရတယ် “

ဤတိုက်ပွဲကို ဆင်နွှဲခဲ့ပြီးသည့်နောက်တွင် နဂါးသားရဲကြီးသည် သူ၏စွမ်းအားက မည်မျှအားကောင်းလဲဆိုသည်ကို အသေအချာ နားလည်သွားခဲ့သည်။

ယခုတွင် သူ၏လူသား မူလခန္ဓာကိုယ်မှာလည်း လုံလုံလောက်လောက် သန်မာအားကောင်းနေခဲ့ပြီ ဖြစ်သည်။

သို့သော် အကယ်၍ လူသားမူလကိုယ်ကသာ သူနှင့်လက်ရည်ယှဥ်လာမည်ဆိုပါက နဂါးသားရဲကြီးသည် သူက သူ၏လူသားမူလကိုယ်ကို တစ်ကွက်တည်းဖြင့် ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။

၎င်းမှာ သူ၏ယခုလက်ရှိ စွမ်းအားပင် ဖြစ်သည်။

“ တစ်ခြားနယ်မြေတွေဆီ အလည်သွားကြည့်တာပေါ့ကွာ “

နဂါးသားရဲကြီးမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ တကယ်လို့ တစ်ခြားနယ်မြေတွေကလည်း ဒီလိုမျိုး ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက သိမ်းပိုက်တာကို ခံထားရမယ်ဆိုရင်တော့ သောက်ပြဿနာတက်ပြီ “

သူသည် အစောင့်ကို သတင်းပေးရန် မသွားခဲ့ပေ။

သူသည် ထိုအစောင့်က ကြယ်ပြာဂြိုဟ်အား သစ္စာဖောက်၊ မဖောက်ဆိုသည်ကို မသိသေးပေ။

နဂါးသားရဲကြီးသည် ဤနယ်မြေမှ ပစ္စည်းများကို စုစည်းသိမ်းဆည်းခဲ့ပြီးသည့်နောက်တွင် တွေဝေတုံ့ဆိုင်းမနေဘဲ၊ အဝေးသို့ ပျံသန်းသွားတော့သည်။

…

ကွမ်ဟန်တောင်ပိုင်းစစ်မြေပြင်၊ နယ်မြေ ၃၂

နယ်မြေ ၃၂ကမူ နယ်မြေ ၃၃ကဲ့သို့ မဟုတ်ဘဲ၊ ကြီးမားကျယ်ဝန်းသော စိမ့်မြေတစ်ခုဖြစ်သည်။

နဂါးသားရဲကြီးသည် ဤနေရာသို့ ယခုလေးတင် ရောက်ရှိလာခဲ့ပြီး၊ တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။

ယုတ္တိရှိရှိ ပြောရမည်ဆိုပါက စိမ့်မြေသည် သတ္တဝါတို့ဖြင့် ပြည့်နှက်နေသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်နေသင့်သည်။

သို့သော် ယခုတွင်ကား သူသည် ဤနေရာတွင် မည်သည့်လှုပ်ရှားမှုကို အာရုံမခံမိခဲ့ပေ။

နဂါးသားရဲကြီးသည် ဤနေရာတွင် ဆယ်မိနစ်မျှ ပျံဝဲသွားလာနေခဲ့ပြီး၊ အမူအရာ ပြောင်းလဲသွားတော့သည်။

“ ဟမ်။ အသက်ဓာတ်တစ်ခုက အခုလေးတင် ပေါ်လာပြီးတော့ ချက်ချင်းပြန်ပျောက်သွားတာလား “

ထူးဆန်းသော အဆိုပါပုံရိပ်သည် နဂါးသားရဲကြီးကို နိုးနိုးကြားကြား ရှိသွားစေခဲ့သည်။

သူသည် သူ၏စိတ်ဝိညာဥ် စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

စိတ်ဝိညာဥ် အရင်းအမြစ် ပြောင်းလဲသွားခဲ့ပြီးသည့်နောက်တွင် ယခုလက်ရှိ သူ၏ စိတ်ဝိညာဥ် စွမ်းအားသည် အဆင့်မြင့် သားရဲများနှင့်ပင် ယှဥ်နေနိုင်ပြီဖြစ်သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 491 )

တောင်ပိုင်း စစ်မြေပြင် ကျရှုံးသွားပြီလား။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အစီအစဥ်ကြီးတစ်ခု ၂

သို့သော် ယခင်က မည်သည့်လှုပ်ရှားမှု မရှိခဲ့သည့်အတွက် ၎င်းကိုယ်တိုင်ကပင် အတော်လေး ထူးဆန်းနေခဲ့သည်။

“ ဟမ့် “

နဂါးသားရဲကြီး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ ခိုးကြောင်ခိုးဝှက်နဲ့၊ မင်းဘယ်သူလဲဆိုတာကို ငါမြင်ချင်နေပြီ “

ယခုတွင် သူသည် ဤနယ်မြေ ၃၂က ကျဆုံးသွားခဲ့ပြီဆိုသည်ကို ၈၀%အထိ သေချာသွားခဲ့သည်။

သူသည် သူ၏အရှိန်အဝါကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။ အကယ်၍ နယ်မြေကသာ ကြယ်ပြာဂြိုဟ် သားရဲမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဦးမည်ဆိုပါက၊ သူတို့သည် အမှောင်ထဲတွင် ပုန်းအောင်းနေမည့်အစား သူ့ကို ထွက်တွေ့၍ နှုတ်ဆက်လာကြမည် ဖြစ်သည်။

“ ထွက်လာခဲ့ “

နဂါးသားရဲကြီးသည် ရုတ်တရက် ခြေဆောင့်ချလိုက်ကာ အရှိန်အဝါကို အကုန်အစင်ထုတ်လွှတ်လိုက်သည်။

ဝုန်းးးး

ချက်ချင်းဆိုသလိုပင် တောင်များ ပြိုကွဲသွားပြီး၊ မြေပြင်မှာလည်း ကွဲအက်သွားခဲ့သည်။

ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ပြီး၊ မှိုပုံစံတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။

ဤအချိန်တွင် နဂါးသားရဲကြီးသည် တောက်လောင်နေသည့် နေမင်းကဲ့သို့ အားကောင်းသော စွမ်းအင်နှင့် ဖိအားကို ထုတ်လွှတ်နေခဲ့သည်။

မိုင်တစ်ရာအတွင်းရှိ အရာအားလုံးသည် သူ၏ဖိအားပေးမှုအောက်တွင် ကိုယ့်ကိုကိုယ် ဖော်ထုတ်လာကြရသည်။

“ ဝှစ် ဝှစ် ဝှစ် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင် ပုံရိပ်များသည် လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။

သူတို့၏ မျက်နှာများမှာ မရှင်းမလင်း ဖြစ်နေခဲ့ပြီး၊ သူတို့၏ အသွင်သဏ္ဍာန်များမှာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ ထူးဆန်းသော အစိမ်းရောင် မျက်လုံးများကိုသာ ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်။

“ အရိပ်သားရဲမျိုးနွယ်စုလား “

နဂါးသားရဲကြီးသည် ၎င်းတို့၏ အထောက်အထားကို ချက်ချင်းမှတ်မိသွားခဲ့သည်။

ကမ္ဘာ့ကြယ်ပေါ်တွင် အရိပ်မျိုးနွယ်စုဟု အမည်ရသည့် အလွန်ထူးဆန်းသော မျိုးနွယ်စုတစ်ခု ရှိသည်။

အဆိုပါ မျိုးနွယ်စု၏ အထင်ရှားဆုံး အရာမှာ လေဟာနယ်အတွင်းသို့ ဝင်ရောက်နိုင်သည့် သူတို့၏စွမ်းရည်ပင် ဖြစ်သည်၊ တစ်ချို့သော သွေးမျိုးဆက် နည်းစနစ်များကို အသုံးပြုကာ သူတို့ကိုယ်သူတို့ ဖုံးထားနိုင်ပြီး၊ ရှာဖွေရခက်ခဲသွားစေခဲ့သည်။

သူတို့သည် အရိပ်များအဖြစ်သာ ပေါ်ထွက်လာလေ့ရှိသော်လည်း၊ သူတို့သည် သားရဲမျိုးနွယ်စု၏ တကယ့်အကိုင်းအခက်တစ်ခု ဖြစ်ပြီး၊ သူတို့က ဒဏ္ဍာရီလာ အမှောင်နယ်မြေနှင့် ဆက်စပ်နေသည့်အတွက် ထိုကဲ့သို့သော နည်းစနစ်များကို အသုံးပြုနိုင်ရခြင်း ဖြစ်သည်ဟု ကောလဟာလများ ရှိနေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အရိပ်မျိုးနွယ်စုက ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများကြားတွင် မြင့်မားသော အဆင့်အတန်းကို ရရှိထားသောကြောင့် ဖြစ်သည်။

အမှောင်နယ်မြေနှင့် ပတ်သက်ဆက်နွယ်နေသည့် အရာအရာတိုင်းသည် ကမ္ဘာ့ကြယ်ပေါ်တွင် တလေးတစား အဆက်ဆံခံကြရသည်။

“ အရိပ်သားရဲ ၁၂ကောင်၊ အစွမ်းဆုံးကောင်က အလယ်အလတ် အဆင့်၆၊ တစ်ခြားကောင်တွေက အစောပိုင်း အဆင့်၆နဲ့ အဆင့်၅ အထွတ်အထိပ်ကောင်တွေချည်းပဲ “

နဂါးသားရဲကြီးသည် ထိုသားရဲတစ်အုပ်ကို စစ်ဆေးကြည့်ရှုကာ ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချမှတ်လိုက်သည်။

တိုက်မယ်

“ ဝှစ် ဝှစ် … “

ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ထံမှ ကိုယ်ပွား အခု၂၀ ပေါ်ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဧရာမ ရွှေရောင်စည်းတံဆိပ်ကြီးသည် လေထုထဲတွင် ပေါ်လာခဲ့ပြီး၊ အစွမ်းအထက်ဆုံး အရိပ်သားရဲကောင်ကြီးဆီသို့ ပြေးဝင်သွားခဲ့သည်။

ဘိုးဘေးနဂါး ကောင်းကင်ဖြိုခွင်း စည်းတံဆိပ်

အဆိုပါ စည်းတံဆိပ်သည် ဘိုးဘေးနဂါး ဂူသင်္ချိုင်းမှ ရောက်ရှိလာပြီး၊ လူသားဧကရာဇ် စည်းတံဆိပ်ကဲ့သို့ အရာအားလုံးကို ဖိနှိပ်နိုင်သည့် ဘိုးဘေးနဂါး ဖိအားပါဝင်သော အရာဖြစ်သည်။

အဆိုပါ အရိပ်သားရဲ ၁၂ကောင်၏ ခွန်အားမှာ မနိမ့်လှပေ၊ ထို့ကြောင့် နဂါးသားရဲကြီးသည် မည်သည့်အရာကိုမှ မထိန်ချန်ထားဘဲ၊ အစွမ်းအထက်ဆုံး အကောင်ကို အရင်ဦးဆုံး ရှင်းလင်းရန် ကြံရွယ်လိုက်သည်၊ ကျန်သော အကောင်များမှာ ကိုင်တွယ်ရလွယ်ကူပေသည်။

“ ဘုမ်းးး “

ဘိုးဘေးနဂါး စည်းတံဆိပ် ဆင်းသက်လာခဲ့ပြီး၊ အလယ်အလတ် ဆဌမအဆင့် အရိပ်သားရဲကောင်မှာ နာကျင်စွာ အော်မြည်၍ ၎င်း၏ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ဖြစ်ပေါ်လာခဲ့သည်။

သို့ရာ ဆဌမအဆင့် သတ္တဝါတစ်ကောင်ဖြစ်သည့်အတွက် ၎င်းသည် ၎င်း၏ဒဏ်ရာများကို လျင်မြန်စွာ တည်ငြိမ်စေလိုက်သည်။

“ ဟမ့် “

၎င်း၏ခန္ဓာကိုယ်ထဲမှ အနက်ရောင် စွမ်းအင်များ အလျှံအပယ် ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် ဦးခေါင်းခွံကြီးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အရိပ်သားရဲကောင်၏ ဘေးပတ်ပတ်လည်တွင် ရာနှင့်ချီသော ဦးခေါင်းခွံများ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ဦးခေါင်းခွံများသည် အေးစိမ့်သော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားပြီး၊ အော်ဟစ်တွန်မြည်ကာ နဂါးသားရဲကြီးဆီသို့ ပြေးတက်လာကြသည်။

“ အစွမ်းထက် အရိပ်သားရဲမျိုးနွယ်စုကတော့ ထင်ထားတဲ့အတိုင်းပဲ၊ တော်တော်လေး ပြဿနာပေးတယ် “

ရှုကျိုး၏ အမြင်တွင် အမှောင်နယ်မြေနှင့် ဆက်စပ်နေသည့် အရာအားလုံးက ကိုင်တွယ်ဖြေရှင်းရ ခက်လေသည်။

နဂါးသားရဲကြီး၏ အကြည့်များ အေးစက်သွားပြီး၊ တောင်ပံများကို ဝေ့ယမ်းလိုက်ရာ သူ့အရှေ့တွင် ဧရာမ ခေါင်းလောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဒေါင် “

ခေါင်းလောင်းအော်မြည်သံသည် ပြေးဝင်လာကြသည့် ဦးခေါင်းခွံများကို ရပ်တန့်သွားစေပြီး၊ နဂါးသားရဲကြီး၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားစေကာ အရိပ်သားရဲထံသို့ ပြန်၍ပြေးဝင်သွားတော့သည်။

၎င်းသာလျှင် မဟုတ်ဘဲ နဂါးသားရဲကြီးသည် နတ်ဆိုးစွမ်းအင်များကို ဖွင့်ထုတ်လိုက်ပြီး၊ ဓားတစ်လက်အဖြစ် ဖန်တီးကာ အရိပ်သားရဲကြီးကို ခုတ်ပိုင်းလာခဲ့သည်။

“ ဘာကြီး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “

အရိပ်သားရဲကြီးသည် တအံ့တဩဖြစ်သွားခဲ့သည်၊ ၎င်းသည် ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းကို အသေအချာ မှတ်မိနေပုံရသည်။

အဆိုပါ ခေါင်းလောင်းသည် ပြိုင်ဘက်၏မှော်ပညာကို ကိုယ်ပိုင်မှော်ပညာအဖြစ် ပြောင်းလဲပေးနိုင်သည့် ကမ္ဘာ့ကြယ်၏ အလွန်တရာ ကျော်ကြားသော တည်ရှိမှုတစ်ခုဖြစ်သည်။ ထိုကဲ့သို့သော နည်းစနစ်မျိုးသည် အဆင့်မြင့် ပညာရှင်များကို ဒုက္ခပေးနိုင်လေသည်။

သို့ရာတွင် အဌမအဆင့်နှင့် ၎င်း၏အထက်မှ အဆင့်များအတွက်မူ ၎င်း၏ အကျိုးသက်ရောက်မှုက ဆုံးရှုံးသွားမည်ဖြစ်သည်။

၎င်းသည် အမြင့်ဆုံးအနေဖြင့် သတ္တမအဆင့် အထိသာ အသုံးဝင်ပေသည်။ ထို့ကြောင့် နွားခေါင်းမျိုးနွယ်စုမှာ သတ္တမအဆင့်တွင် အလွန်တရာကျော်ကြားလှပြီး၊ ၎င်း၏အထက်တွင် လူသိနည်းလွန်းနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု၌ ကောင်းကင်ဘုံ ဝါးမြိုခြင်း ခေါင်းလောင်းကို မြင်တွေ့လိုက်ရသောအခါတွင် အရိပ်သားရဲသည် အတော်အတန် စိတ်ညစ်သွားခဲ့သည်။

၎င်းသည် ဓမ္မစည်းတံဆိပ်တစ်ခုကို အလောတကြီး ရေးဆွဲကာ ခုခံရေး ဒိုင်းကာများ ဖန်းတီးလိုက်ပြီး၊ ပြေးဝင်လာသည့် ဦးခေါင်းခွံများကို တားဆီးရန်ပြင်လိုက်သည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဓားအလင်းတန်းတစ်ခု ဖောက်ထွက်လာခဲ့ပြီး၊ အဆိုပါ ဒိုင်းကာများကို လျင်မြန်စွာ ပိုင်းဖြတ်သွားခဲ့သည်။

“ ခရက် ခရက် ခရက် “

ရာနှင့်ချီသော ဦးခေါင်းခွံများသည် အဆိုပါ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ အရိပ်သားရဲကြီးဆီသို့ အရူးအမူး ပြေးဝင်လာကြသည်။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ၎င်း၏ အသွေးအသားများ ဝါးမြိုစားသောက်ခံလိုက်ရပြီး၊ အရိုးစုတစ်ခုသာ ကျန်နေခဲ့ကာ မြေပြင်ပေါ်သို့ လဲပြိုသွားသည်။

“ ကောင်းကင်ဝါးမြို ခေါင်းလောင်းရဲ့ စွမ်းအားက တကယ်ကို ကြောက်ဖို့ကောင်းတာပဲဟ “ နဂါးသားရဲကြီးမှာ ကျေနပ်အားရနေခဲ့သည်။

ရန်သူ၏ မှော်ပညာက ပိုမိုအားကောင်းလေလေ၊ တုံ့ပြန်မှုက ပိုမို ပြင်းထန်လေလေဖြစ်သည်။

အရိပ်သားရဲကြီး၏ ဖြစ်ရပ်ကဲ့သို့ပင်၊ ၎င်း၏ရာနှင့်ချီသော ဦးခေါင်းခွံများသည် ဆဌမအဆင့် အထွတ်အထိပ် သားရဲကောင်ကိုပင် စိန်ခေါ်နိုင်မည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ရှုကျိုးသည် ကောင်းကင်ဘုံ ဝါးမြိုခြင်း ‌ခေါင်းလောင်းကို ပိုင်ဆိုင်ထားခဲ့ပြီး၊ ပြိုင်ဘက်အား သူ၏ကိုယ်ပိုင် မှော်ပညာကို ပြန်လည်ခံစားသွားရစေခဲ့သည်။

“နယ်မြေ ၃၂က တိုက်ပွဲလည်း ပြီးတော့မှာပဲ “

နဂါးသားရဲကြီးသည် ပတ်ပတ်လည်ကို ငေးမောကြည့်ရှုနေတော့သည်။

သူက အစွမ်းဆုံး သားရဲကောင်ကို ကိုင်တွယ်နေသည့် အချိန်တွင် သူ၏ကိုယ်ပွားများကလည်း တစ်ခြားသော အရိပ်သားရဲများကို ရင်ဆိုင်နေခဲ့သည်။

တိုက်ပွဲ၏ အဆုံးသတ်မှာ နီးကပ်နေပြီ ဖြစ်သည်။

…

ဆယ်မိနစ်အကြာတွင်

နဂါးသားရဲကြီးမှာ ဤနေရာတွင် ရှိနေသည့် အရိပ်သားရဲ အကုန်လုံးကို ရှင်းလင်းခဲ့ပြီးပြီ ဖြစ်သည်။

“ နောက်ရက်တွေအတွက် ရိက္ခာဖူလုံသွားပြီ “

နဂါးသားရဲကြီးသည် မြေပြင်ပေါ်တွင် ရှိနေသည့် အလောင်းများကိုကြည့်ကာ လက်ဝေ့ရမ်းလိုက်ပြီး၊ ၎င်းတို့အားလုံးကို သူ၏ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက်တွင် သူသည် တလေးတနက်ဖြစ်နေသည့် အမူအရာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

“ နယ်မြေ ၃၃နဲ့ ၃၂နှစ်ခုလုံးကို ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက သိမ်းထားတယ်။ ကွမ်ဟန်တောင်ပိုင်း နယ်မြေမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ တောင်ပိုင်းနယ်မြေတစ်ခုလုံး ကျဆုံးသွားတာလား “

နဂါးသားရဲကြီး၏ စိတ်နှလုံးသား လေးလံသွားခဲ့သည်၊ အကယ်၍ ထိုကဲ့သို့ ဖြစ်နေမည်ဆိုပါက ကိစ္စကြီးတစ်ခုခု ဖြစ်လာနိုင်ပေသည်။

တောင်ပိုင်းနယ်မြေတစ်ခုလုံး ကျဆုံးသွားပြီး၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေမှာ ထိုကိစ္စကို မည်သည့်သတင်းမှ မရရှိခဲ့ပေ။

ထိုကဲ့သို့ပင် လူသားမျိုးနွယ်စုကလည်း မည်သည့်အချက်အလက်ကိုမှ မရရှိခဲ့ပေ။

ဤလမ်းတစ်လျှောက်လုံးတွင် သူမြင်ခဲ့၊ ကြားခဲ့ရသည့် အရာအားလုံးကို သုံးသပ်ကြည့်မည်ဆိုပါက

အဆိုပါ ကမ္ဘာ့ကြယ် သားရဲအကုန်ံလုံးမှာ ကောင်းစွာပုန်းအောင်းနေကြပြီး၊ မည်သို့မှ ရှာဖွေထောက်လှမ်း၍ မရဘဲ၊ အားကောင်းလွန်းလှသော သူ၏ စိတ်ဝိညာဥ်စွမ်းအားကြောင့်သာလျှင် ၎င်းတို့၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ အတော်ပင် ထူးဆန်းလွန်းလှသည်။

ဤနယ်မြေများကို သိမ်းပိုက်ထားခဲ့ပြီးပြီဖြစ်ပြီး၊ မည်သည့်အတွက် ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေရသနည်း

သူတို့၏ ရည်ရွယ်ချက်သည် ကြယ်ပြာဂြိုဟ်၏ အာရုံစိုက်မှုကို ရှောင်ရှားရန်အတွက် ဖြစ်နေနိုင်သည်။

“ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ကြောက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုခုကို ကြံစည်နေကြတာလား “

နဂါးသားရဲကြီးမှာ အတွေးနက်သွားခဲ့သည်။

တစ်ခဏအကြာတွင် ၎င်းသည် ကောင်းကင်ထက်သို့ ပျံတက်လာခဲ့ကာ တစ်ခြားနယ်မြေများဆီသို့ ဦးတည်သွားတော့သည်။

…

နေ့တစ်ဝက်ကြာခဲ့ပြီးသည့်နောက်၌

လူသူကင်းမဲ့သော တောင်တစ်တောင်တွင်

နဂါးသားရဲကြီးသည် အသာအယာ ဆင်းသက်လာခဲ့သည်၊ ၎င်း၏ရွှေနက်ရောင် ခန္ဓာကိုယ်ကြီးပေါ်တွင် သွေးစီးကြောင်းများ ဖုံးလွှမ်းနေသည့်အတွက် ၎င်းက ပြင်းထန်သော တိုက်ပွဲတစ်ခုအား ရင်ဆိုင်ခဲ့ရကြောင်းကို ပြသနေခဲ့သည်။

“ ဟူးးး “

နတ်ဆိုးလေတစ်ချက် တိုက်ခတ်လာခဲ့ပြီး၊ နဂါးသားရဲကြီး၏ သွေးစီးကြောင်းများကို ဆေးကြောသွားတော့သည်။

“ နေ့တစ်ဝက်အတွင်းမှာပဲ ငါက နယ်မြေ ၃၁၊ ၂၆၊ ၄၁နဲ့ တစ်ခြားနယ်မြေတွေကို ရောက်ခဲ့ပြီးပြီ၊ ဒါပင်မဲ့ ကြယ်ပြာဂြိုဟ်ရဲ့ သားရဲတွေကို လုံးဝမတွေ့ခဲ့ရဘူး “

“ ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်က လုံးဝကျရှုံးသွားပြီပဲ “

နဂါးသားရဲကြီး၏ အမူအရာမှာ လုံးဝလေးနက်သွားခဲ့သည်၊ ၎င်းမှာ ယခင်က သံသယအဆင့်တွင်သာ ရှိနေခဲ့သော်လည်း၊ ယခုတွင် အတည်ပြုခဲ့ပြီးသည့် အမှန်တရားတစ်ခု ဖြစ်နေခဲ့သည်။

ဒီကမ္ဘာ့ကြယ် သားရဲကောင်တွေက တစ်ခုခုကြံနေရတာပဲ ဖြစ်ရမယ်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ကြယ်ပြာဂြိုဟ်က မည်သည့်ဖြစ်ရပ်ကိုမှ သတိမပြုမိခြင်းမျိုး ဖြစ်နေခဲ့မည် မဟုတ်ပေ။

ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စု၏ လုပ်ရပ်များသည် တစ်စုံတစ်ခုကို ဖုံးကွယ်နေသည့်အလား ပုန်လျှိုးကွယ်လျှိုး ဖြစ်နေခဲ့သည်။

ယခင်က သူသည် အဆိုပါ သားရဲများကို စစ်ဆေးမေးမြန်းခဲ့သော်လည်း မည်သည့် အချက်အလက်မှ မရရှိခဲ့ပေ။

ကံဆိုးစွာဖြင့် နဂါးသားရဲကြီးသည် သူတို့၏ မှတ်ဉာဏ်များကို မရှာဖွေနိုင်ခဲ့ပေ၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက တစ်ခုခုကို သိနေခဲ့ပြီးပြီ ဖြစ်သည်။

“ဒီကိစ္စကို မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေဆီ သတင်းပို့မှ ဖြစ်မယ်၊ ကျန်တဲ့ ကိစ္စကတော့ ငါနဲ့ မဆိုင်တော့ဘူး “ နဂါးသားရဲကြီးမှ ဆုံးဖြတ်ချက်ချလိုက်သည်။

သူသည် ဤကိစ္စအတွက် အတော်လေး အချိန်ဖြုန်းခဲ့ပြီးပြီဖြစ်ပြီး၊ ၎င်းမှာ သူ၏အဓိက ရည်ရွယ်ချက် မဟုတ်ပေ။

သူ့အား ကြီးမားသော အစီအစဥ်ကြီးတစ်ခုက စောင့်ကြိုနေလေသည်။

နဂါးသားရဲကြီးသည် တောင်ပံများကို ခတ်ကာ ပို့ဆောင်ရေး အစီအရင်ရှိရာဘက်သို့ ပျံသန်းသွားတော့သည်။

…

ခန်းမအတွင်း၌ တူညီသော မီးခိုးရောင် ဝံပုလွေကပင် စောင့်ကြပ်နေစဲဖြစ်သည်။

နဂါးသားရဲကြီး ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် မီးခိုးရောင် ဝံပုလွေသည် သူ့ကြည့်ကာ အေးအေးလူလူ ပြောလာခဲ့သည် “ စစ်မြေပြင်ကို ရောက်လာတာနဲ့၊ စစ်ပွဲအမှတ် လုံလုံလောက်လောက် မရှိဘူးဆိုရင်၊ မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေဆီကို ပြန်သွားလို့မရဘူး “

နဂါးသားရဲကြီးသည် ထိုစကားကို မတုံ့ပြန်ဘဲ တိုက်ရိုက်မေးမြန်းလိုက်သည် “ ‌တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက သိမ်းသွားပြီလေ၊ အဲ့တာကို ခင်ဗျား မသိဘူးလား “

…………………………………………………………………………………………………………………………………………..

အပိုင်း ( 492 )

အမှောင်နယ်မြေ လမ်းကြောင်း၊ အံ့ဩဖွယ်ရာ လျှို့ဝှက်ချက်များ

“ တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ကမ္ဘာ့ကြယ်က သိမ်းသွားတာလား? “ မီခိုးရောင် ဝံပုလွေသည် သူ့ကိုကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “

၎င်းကို မြင်လိုက်ရသောအခါတွင် နဂါးသားရဲကြီးသည် သူ့ကို ထပ်၍ အာရုံစိုက်မနေတော့ပေ။

၎င်းသည် ၎င်း၏လက်ကို ဝေ့ယမ်းကာ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများ၏ အလောင်းများကို ထုတ်ပြလိုက်သည်။

“ နယ်မြေ ၃၃၊ ၃၂၊ ၃၁နဲ့ တစ်ခြား အဓိက နယ်မြေကိုးခု၊ အားလုံး ကျသွားပြီ “ အဲ့ဒီနေရာတွေက ကျွန်တော် ရောက်ခဲ့တဲ့ နေရာတွေပဲရှိသေးတယ်။ တစ်ခြားနယ်မြေတွေဆီ မရောက်ခဲ့ပင်မဲ့ သူတို့တွေကလည်း ကမ္ဘာ့ကြယ်သားရဲမျိုးနွယ်စုရဲ့ လက်ထဲကို ရောက်နေလောက်ပြီ “

နဂါးသားရဲကြီးသည် ဝံပုလွေအစောင့်ကို ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ စစ်မြေပြင်ရဲ့ အစောင့်အရှောက် လုပ်နေပြီးတော့ ဒါကိုတောင် သတိမထားမိဘူးလား “

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် မီးခိုးရောင် ဝံပုလွေမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ မင်း … မင်းက သူတို့အားလုံးကို သတ်လိုက်တာလား “

နဂါးသားရဲကြီးမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ အစောင့်အရှောက်ဖြစ်တဲ့ ဒီကောင်က နယ်မြေအားလုံးကျသွားပြီဆိုတာတောင် အထိတ်တလန့် မဖြစ်သွားဘဲ၊ ကမ္ဘာ့ကြယ်ကောင်တွေရဲ့ အလောင်းကို မြင်တော့မှ တအံ့တဩ ဖြစ်သွားတာလားဟ

ကံကောင်းထောက်မစွာဖြင့် သိပ်မကြာခင် အချိန်မှာပင် မီးခိုးရောင် ဝံပုလွေမှ စကားထပ်ပြောလာခဲ့သည် “ ဒီမှာစောင့်နေ၊ ငါသတင်းပို့လိုက်ဦးမယ် “

ထို့နောက်တွင် သူသည် ပို့ဆောင်ရေး အစီအရင်ဆီသို့ ဦးတည်သွားတော့သည်။

“ နေဦး၊ ငါက ဒီကမ္ဘာ့ကြယ်ကောင်တွေရဲ့ အစီအစဥ်တွေကို ရှာတွေ့ထားတယ် “

ထိုအချိန်တွင် နဂါးသားရဲကြီးမှ ရုတ်တရက် စကားပြောလိုက်သည်။

“ ဘာတွေ ပြောနေတာလဲ “

မီးခိုးရောင် ဝံပုလွေသည် ရုတ်တရက် ပြန်လှည့်ကြည့်လာခဲ့သည်။

နဂါးသားရဲကြီးသည် သူ့ကိုကြည့်ကာ ပြန်ပြောလိုက်သည် “ ဘာမှ မဟုတ်ပါဘူး၊ မြန်မြန် သတင်းပို့လိုက်ပါ။ ကိုယ့်ဟာကိုယ် အရင်ရှင်းလိုက်မယ် “

မီးခိုးရောင် ဝံပုလွေသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီလေ “

သူသည် ‌နောက်ပြန်လှည့်သွားကာ ပို့ဆောင်ရေး အစီအရင်ဆီသို့ ပြန်သွားရန် ပြင်လိုက်သည်။

ဝှစ်

ထိုအချိန်တွင် နဂါးသားရဲကြီးသည် နတ်ဆိုးစွမ်းအင်ကို ဖွင့်ထုတ်ကာ လှံတစ်ချောင်းကို ဖန်တီး၍ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် မီးခိုးရောင် ဝံပုလွေကို တိုက်ခိုက်လိုက်သည်။

“ ဒင် “

မီးခိုးရောင် ဝံပုလွေ၏ ငွေမှင်ရောင် အမြှီးသည် ရုတ်တရက် ထောင်မတ်လာခဲ့ပြီး၊ သူ့အနောက်တွင် နတ်ဆိုးစွမ်းအင် အကာအရံတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ လှံကို တားဆီးပိတ်ဆို့လာခဲ့သည်။

သူသည် နောက်လှည့်လာခဲ့ကာ ရှုကျိုးကို ဒေါသတကြီး စိုက်ကြည့်လာခဲ့သည် “ အငယ်လေး၊ မင်းဘာလုပ်တာလဲ “

နဂါးသားရဲကြီးသည် မေးခွန်းတစ်ခုဖြင့်သာ တုံ့ပြန်ပြောဆိုလိုက်သည် “ ကမ္ဘာ့ကြယ်က ဘာအကျိုးအမြတ်တွေပေးထားလို့ မင်းက ဒီလောက်တောင် သစ္စာရှိနေရတာလဲ “

မီးခိုးရောင် ဝံပုလွေကြီးသည် အံ့ဩတကြီးဖြစ်သွားခဲ့ကာ ဒေါသတကြီး ပြန်ပြောလာခဲ့သည် “ မင်းဘာတွေ ပြောနေတာလဲ “

“ ဒီမှာ ငါတို့နှစ်ယောက်တည်း ရှိတာလေ၊ ဟန်ဆောင်နေဖို့ မလိုပါဘူး “ နဂါးသားရဲကြီးမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ မင်းက သစ္စာဖောက်သွားပြီဆိုတာကို ငါသိတယ် “

“ မင်း ……. “

မီးခိုးရောင် ဝံပုလွေ၏ မျက်နှာတွင် ဒေါသ အရိပ်အငွေ့များ တည်ရှိနေခဲ့သည်၊ သို့သော် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏အမူအရာ မည်းမှောင်သွားခဲ့သည် “ မင်းသိနေပြီဆိုမှတော့၊ မင်းသေလို့ရပြီ။ အစောပိုင်း အဆင့်၆ သားရဲကောင်လေးကများ ငါ့ကို အာခံနေရဲတယ်ပေါ့ “

နဂါးသားရဲကြီး၏ မျက်လုံးများ ကျဥ်းမြောင်းသွားတော့သည်၊ ဒီအဘိုးကြီးက ရန်သူတွေနဲ့ တကယ်ကြီးကို ပူးပေါင်းထားတာပဲ

သူသည် ၎င်းကို ကမ္ဘာ့ကြယ် သားရဲများထံမှ သိရှိခဲ့ရခြင်း မဟုတ်ဘဲ၊ စမ်းသပ်ရုံ စမ်းသပ်ကြည့်လိုက်ခြင်းသာ ဖြစ်သည်။

အစောပိုင်း အချိန်က ကမ္ဘာ့ကြယ် သားရဲကောင်တို့၏ အစီအစဥ်များကို ရှာတွေ့ခဲ့ပြီဟု သူပြောခဲ့သည့် အချိန်တွင် သူသည် ဤဝံပုလွေ၏ စိတ်ခံစားချက်များက လှုပ်ခတ်သွားသည်ကို သတိပြုမိခဲ့သည်၊ ၎င်းက တစ်ခဏလေးသာ ဖြစ်သော်လည်း သူသည် ၎င်းကို ကောင်းစွာ ခံစားသိရှိခဲ့သည်။

မီးခိုးရောင် ဝံပုလွေက ကောင်းစွာ ဖုံးကွယ်နိုင်သည်ဟု ပြောရမည်ဖြစ်သည်။ အကယ်၍ နဂါးသားရဲကြီး၏ စိတ်စွမ်းအားက အလွန်တရာ အားကောင်းနေသောကြောင့်သာ မဟုတ်ဘူးဆိုပါက၊ သူသည် မူမမှန်သည့် လက္ခဏာများကို သတိပြုမိခဲ့မည် မဟုတ်ပေ။

“ ဘုမ်းးး “

အစွမ်းထက် အရှိန်အဝါတစ်ခုသည် မီးခိုးရောင် ဝံပုလွေ၏ ခန္ဓာကိုယ်ထဲမှ ပွင့်ထွက်လာခဲ့သည်။

သူသည် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည်။

ပို့ဆောင်ရေး အစီအရင်၏ အစောင့်အရှောက်တစ်ဦးအနေဖြင့် သူ၏စွမ်းအားသည် မည်သို့မျှ အားနည်းမနေခဲ့ဘဲ၊ အလယ်အလတ်အဆင့် နတ်သားရဲများကြား၌ ထိပ်တန်းဖြစ်နေခဲ့သည်။

ယခုတွင် သူ၏ကျင့်ကြံရေး နယ်ပယ်ကို ထုတ်လွှတ်လာခဲ့ရာ ကြောက်စရာကောင်းသည့် ဖိအားတစ်ခုမှာ နဂါးသားရဲကြီးကို ဖုံးလွှမ်းလာခဲ့သည်။

နဂါးသားရဲကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

မီးခိုးရောင် ဝံပုလွေမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ အစောပိုင်း အဆင့်၆ သားရဲကောင်းလေးကများ ……… ဒီနေ့ မင်းနဲ့ငါ့ကြားက ကွာဟမှုက ဘယ်လောင်တောင် ကြီးနေလဲဆိုတာကို ငါပြမယ် “

ဟိန်းဟောက်သံနှင့်အတူ သမုဒ္ဒရာ ရေစီးကြောင်းကဲ့သို့သော အားကောင်းသည့် နတ်ဆိုးစွမ်းအင်များ ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းသည် လှံရှည်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

အဆိုပါ လှံရှည်၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော အနက်ရောင် ပုံစံကွက်များ ရှိနေခဲ့ပြီး၊ ၎င်းတို့အားလုံး တောက်ပလာသည့် အချိန်တွင် လှံရှည်ထံမှ ကြောက်မက်ဖွယ်ရာ အမှောင်စွမ်းအင်များ ပေါက်ထွက်လာခဲ့သည်။

“ ယင်ကိုးပါး နတ်လှံ “

ဝုန်းးး

လှံတုန်ခါလာခဲ့ပြီး၊ ထို့နောက်တွင် ကံကြမ္မာလှံတံကဲ့သို့ ချိန်ရွယ်လာခဲ့ကာ မမြင်ရသော အားတစ်ခုက နဂါးသားရဲကြီးကို ချုပ်နှောင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် နဂါးသားရဲကြီးသည် သူ၏လှုပ်ရှားမှုများက အချည်အနှောင် ခံလိုက်ရသကဲ့သို့ ခံစားသွားခဲ့ရသည်။

“ လူသား တိုက်ခိုက်ရေး နည်းစနစ်တစ်ခုလား “

နဂါးသားရဲကြီးသည် လှံရှည်ကို စိုက်ကြည့်ကာ တအံ့တဩဖြစ်သွားတော့သည်။

ဤကဲ့သို့ ရှုပ်ထွေးပွေလီသော ပညာရပ်မျိုးသည် သားရဲမျိုးနွယ်စုများထံမှ ဆင်းသက်လာခြင်း မဟုတ်ဘဲ လူသားမျိုးနွယ်စုထံမှ ဆင်းသက်လာလေ့ရှိသော အရာများ ဖြစ်သည်။

သို့ရာတွင် ဤနည်းစနစ်မှ ထုတ်လွှတ်နေသည့် ဆိုးယုတ်သော စွမ်းအင်များသည် ကြယ်ပြာဂြိုဟ်ထံမှ ဟုတ်ပုံမရဘဲ ကမ္ဘာ့ကြယ်မှ စွမ်းအင်တစ်မျိုးမျိုးသာ ဖြစ်နေခဲ့သည်။

“ ခြသေ့်ကတောင်မှ ယုန်ကို တိုက်ခိုက်ဖို့အတွက် ခွန်အားကို အပြည့်အဝ သုံးရတယ်။ အငယ်လေး၊ မင်းရဲ့ သေခြင်းတရားကို လာတွေ့လိုက် “ ဝံပုလွေသားရဲကြီးမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။ သူသည် စကားကို ပေါ့ပေါ့တန်တန် ပြောဆိုခဲ့ဖူးသော်လည်း၊ လှုပ်ရှားရာတွင် မည်သို့မျှ ပေါ့ဆမနေခဲ့ပေ။

အစောပိုင်း အချိန်များအတွင်းက နဂါးသားရဲကြီးပြခဲ့သည့် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုဝင်များ၏ အလောင်းများထဲတွင် အလယ်အလတ် ဆဌမအဆင့် သားရဲများ ပါဝင်နေခဲ့သည်။

၎င်းတို့သည် ဝံပုလွေသားရဲကြီးအား ပြဿနာကို ဖြေရှင်းရာတွင် အားအကောင်းဆုံး တိုက်ကွက်အား အသုံးပြုသင့်သည်ဆိုသည်ကို နားလည်သွားစေခဲ့သည်။

“ ဝုန်းးးးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ယင်ကိုးပါး နတ်လှံကို ပစ်ခွင်းလာခဲ့သည်။

နဂါးသားရဲကြီးဆီသို့ ပြေးဝင်လာရာ လှံတံလမ်းကြောင်းပေါ်ရှိ ဟင်းလင်းပြင်နှင့် နဂါးသားရဲကြီး၏ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် ဟင်းလင်းပြင်တို့မှာ အေးခဲသွားပုံရပြီး၊ သူ့အား လှုပ်ရှား၍မရအောင် ချုပ်နှောင်လာခဲ့သည်။

၎င်းမှာ ယင်ကိုးပါး နတ်လှံ၏ အကျိုးသက်ရောက်မှုဖြစ်ပြီး၊ ၎င်းက ပစ်မှတ်ထားလာသည့် အရာရာတိုင်း၏ ပတ်ဝန်းကျင်တွင် ရှိနေသည့် အချိန်နှင့် ဟင်းလင်းပြင်တို့မှာ လှံဖြင့် အထိုးမခံရခင်အချိန်အထိ ပိတ်လှောင်ခံရမည် ဖြစ်သည်။

“ အဲ့တာက အဆင့်၆ အထွတ်အထိပ်လား။ အလယ်အလတ် အဆင့်၆ထပ် တကယ်ကို အများကြီး ပိုစွမ်းတာပဲ “

“ တကယ်လို့ ငါက အရင်တုန်းက အတိုင်းသာ ရှိနေဦးမယ်ဆိုရင်တော့၊ အဲ့တာကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး၊ ဒါပင်မဲ့ ဆင့်ကဲပြောင်းလဲမှုကို ခံခဲ့ရပြီးတဲ့ အခုအချိန်မှာဆိုရင်တော့ ………. “

ထိုအတွေးနှင့်အတူ နဂါးသားရဲကြီး၏ ချီ-သွေးစွမ်းအင်များ လှိုက်တက်မြင့်မားလာခဲ့သည်။

တစ်ခဏအကြာ၌ သူ့အရှေ့ရှိ လေထုထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

အဆိုပါ ရွှေရောင်အလင်းတန်းသည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးပုံသဏ္ဍာန် ဧရာမ စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဖောက်ဟူသော အသံနှင့်အတူ ဟင်းလင်းပြင် ချုပ်နှောင်မှုများ ကျိုးပဲ့ပျက်စီးသွားသည်။

“ သွား “

နဂါးသားရဲကြီးမှ လက်ညှိုးထိုး၍ ညွှန်ပြလာခဲ့ရာ၊ နဂါးစည်းတံဆိပ်ကြီးသည် ယင်ကိုးပါး နတ်လှံကို ချက်ချင်း ဖိနှိပ်လာခဲ့သည်။

ခရက်

အားနှစ်ခု တိုက်မိသွားကာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကို ထုတ်လွှင့်လာခဲ့ပြီး၊ ခန်းမတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။

အကယ်၍ တစ်စုံတစ်ဦးကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက အံ့ဩတကြီး ဖြစ်သွားလိမ့်မည် ဖြစ်သည်။ ပို့ဆောင်ရေး အစီအရင်ရှိရာ ဤခန်းမသည် အလွန်တရာ ခိုင်ခံလှပြီး၊ အဆင့်မြင့် ပညာရှင်တို့၏ တိုက်ပွဲအတွင်းမှ ပေါ်ထွက်လာသည့် စွမ်းအင်လှိုင်းတို့ကိုပင် တောင့်ခံနိုင်လေသည်။

All Chapters